← Chapters

အခန်း (၉၀၃-၉၀၄)

Vol. 91 Ch. 903-904

အခန်း (၉၀၃-၉၀၄)

Vol. 91 Ch. 903-904

​အခန်း (၉၀၃) နောင်တမရရင် အဆင်ပြေပါတယ်

​ယဲ့ဝမ်ရှုနဲ့ ကျန်တဲ့သူတွေဟာ ဖန့်ချန်ရဲ့ သစ်သားစွမ်းအား နဲ့ ဖန်တီးထားတဲ့ နတ်ဘုရားလှေ ပေါ်မှာ ရပ်နေကြရင်း၊ နတ်ဘုရားလှေရဲ့ အရှိန်က ဒီလောက်အထိ မြန်နိုင်လိမ့်မယ်လို့ ပထမဆုံးအကြိမ် သိလိုက်ရပါတယ်။

​အောက်ဘက်က တောင်တန်းနဲ့ မြစ်ချောင်းတွေဟာ လျှပ်စီးလို ဖြတ်ပြေးသွားကြပြီး ဒီအရှိန်နဲ့ဆိုရင် နာရီဝက် အတွင်း သီလရှင်ကျောင်း ကို ရောက်နိုင်ပါတယ်။

​တကယ်လို့ သူတို့သာ ကိုယ်တိုင်သွားမယ်ဆိုရင် တိမ်စီးတဲ့အတတ် ဒါမှမဟုတ် ပိုအဆင့်မြင့်တဲ့ အလင်းတန်းပြောင်းလဲခြင်းအတတ် တွေ သုံးရင်တောင် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ် ကျော် ကြာပါလိမ့်မယ်။

​"ဆရာ... ကျူးယွဲ သီလရှင်ကြီးက ဒီနှစ်တွေမှာ ချင်းကျိုး ဓားဂိုဏ်း ကို အကြိမ်အတော်များများ ကူညီပေးခဲ့ဖူးပါတယ် ဒါပေမဲ့ မီးတောက်အင်ပါယာ ရဲ့ အဲဒီမင်းသားငယ်လေး ခေါ်ထားတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက အစွမ်းပိုထက်တာကြောင့် သီလရှင်ကြီးဟာ ဒဏ်ရာအတော်များများ ရခဲ့ပြီး ဒီနှစ်တွေမှာ တံခါးပိတ် ဒဏ်ရာကုသနေခဲ့ရတာပါ"

​ယဲ့ဝမ်ရှုက သက်ပြင်းတစ်ချက်ချလိုက်တယ်

"သီလရှင်ကြီးက အကြိမ်ကြိမ် ကူညီခဲ့လို့ သီလရှင်ကျောင်း ဟာလည်း အငြိုးထား တိုက်ခိုက်တာ ခံခဲ့ရပါတယ် ကျွန်တော် သိသလောက်ဆိုရင် ဒီနှစ်တွေထဲမှာ သီလရှင်အတော်များများ အသက်ဆုံးရှုံးခဲ့ရတယ်..."

​မနီးမဝေးမှာ ရပ်နေတဲ့ အဖိုးအို ချန် ရဲ့ စိတ်ထဲမှာတော့ တုန်လှုပ်နေပါတယ်။

ဖုန်းဖေးယန်နဲ့ သူခေါ်လာတဲ့ လက်ပါးစေတွေ အကုန်သေကုန်ပြီဆိုတော့ အခုရှေ့က ဂိုဏ်းချုပ်ဖန့်ဟာ သဘောကောင်းလှတဲ့သူ မဟုတ်ဘူးဆိုတာ သူ သိလိုက်ပါပြီ။

သူ ဘယ်လို အဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ရမလဲ မသိတာကြောင့် ကံတရားကိုပဲ ပုံအပ်ထားရပါတော့တယ်။

​"သီလရှင်ကျောင်း ကို ရောက်ပြီ"

​ဖန့်ချန်က တိုးတိုးလေး ပြောလိုက်ပါတယ်။

​လူတိုင်း မှင်တက်သွားကြတယ်

"ဒီလောက်တောင် မြန်တာလား"

​သူတို့တွေ အောက်ကို လှမ်းကြည့်လိုက်တဲ့အခါ သီလရှင်ကျောင်းရဲ့ တည်နေရာကို တကယ်ပဲ မြင်လိုက်ရပါတယ်။

​အဲဒီအချိန်မှာ သီလရှင်ကျောင်းရဲ့ အပြင်ဘက်မှာ ကျင့်ကြံသူတွေ ဝိုင်းရံထားကြတာကို တွေ့ရပါတယ်။

​"ဒါ... မင်းသားငယ်လေးရဲ့ လူတွေပဲ "

​အဖိုးအို ချန်က အံ့အားသင့်သွားပြီး

"မင်းသားငယ်လေးက ဘာလို့ ကိုယ်တိုင် ဒီကို ရောက်နေရတာလဲ..."

​"ဒီလူတွေအားလုံးက အဲဒီမင်းသားငယ်လေးရဲ့ လူတွေဆိုတာ မင်း သေချာလား"

ဖန့်ချန်က အေးစက်စွာ မေးလိုက်ပါတယ်။

​အဖိုးအို ချန်က အသည်းအသန် ခေါင်းညိတ်ပြတယ်

"ဒီကျင့်ကြံသူတွေရဲ့ နောက်ခံက မတူကြပါဘူးတချို့က ဂိုဏ်းတွေက လာတာ၊ တချို့ကတော့ လေလွင့်ကျင့်ကြံသူ တွေပါ ကျွန်တော့်လိုပဲ မင်းသားငယ်လေးက ခေါ်ထားတဲ့ ကျင့်ကြံသူ တွေ ဖြစ်ပြီး သူ့နောက်မှာ နေလာတာ နှစ်အတော်ကြာပါပြီ"

​ဖန့်ချန်က ပြုံးလိုက်တယ်

"သီလရှင်ကျောင်း ကလည်း တစ်ခုခုကို ရိပ်မိပုံရတယ် အခု ဒီကျောင်းတိုက်ကြီးထဲမှာ ကျူးယွဲ သီလရှင်ကြီး တစ်ယောက်တည်းပဲ ကျန်တော့တယ်"

​ယဲ့ဝမ်ရှုက မှင်တက်သွားပြီး ခါးသီးစွာ ပြုံးလိုက်ပါတယ်။

သူ့ရဲ့ သတင်းအချက်အလက်တွေက တော်တော်လေး နောက်ကျနေခဲ့တာပါ။

ရန်သူ တံခါးဝရောက်မှ သိရတဲ့ သူ့အခြေအနေက သတင်းကြိုရတဲ့ သီလရှင်ကျောင်းလောက်တောင် မစွမ်းဘူး ဖြစ်နေပါတယ်။

​............

​ကျယ်ပြောလှတဲ့ သီလရှင်ကျောင်း ထဲမှာတော့ သီလရှင်တစ်ပါးတည်းသာ ဘုရားရုပ်ပွားတော်ရှေ့မှာ တရားစာတွေကို တိုးတိုးလေး ရွတ်ဖတ်နေပါတယ်။

​သီလရှင်ကြီးရဲ့ နောက်မှာတော့ လူငယ်တစ်ယောက် ရပ်နေပါတယ်။

သူက ဝတ်စုံရိုးရိုးလေးကို ဝတ်ထားပြီး သေသေချာချာ မကြည့်ရင် သာမန်စာသင်သား တစ်ယောက်နဲ့ တူပါတယ်။

​ဒါပေမဲ့ သူ့နောက် ပေအနည်းငယ်အကွာမှာတော့ အခြေခံတည်ဆောက်ခြင်းအဆင့် (အစောပိုင်း) ကျင့်ကြံသူ နှစ်ယောက် လိုက်ပါလာပါတယ်။

​"ကျူးယွဲ သီလရှင်ကြီး... ဘယ်လို ဆုံးဖြတ်လိုက်ပြီလဲ ဒီမှာပဲ ဆက်နေမယ်ဆိုရင်တော့ ဘေးဒုက္ခတွေနဲ့ ကြုံတွေ့ရဖို့ သေချာနေပြီနော်"

​လူငယ်က ရှေ့က အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်ပါတယ်။

ဝတ်ရုံပွပွအောက်မှာ ရှိနေပေမဲ့လည်း သီလရှင်ကြီးရဲ့ နွဲ့နှောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်မထားနိုင်ပါဘူး။

ကံမကောင်းတာက အသက်အရွယ် နည်းနည်း ကြီးသွားတာပါပဲ။

​"သီလရှင်ကျောင်း ကို ဒီနေရာမှာ တည်ထောင်ခဲ့တာ နှစ်အတော်ကြာပါပြီ တခြားကို မပြောင်းချင်ဘူး မင်းသားငယ် ဘာလိုချင်သလဲ ယူနိုင်သလောက် ယူသွားပါ ကျွန်မ မတားပါဘူး"

ကျူးယွဲ သီလရှင်ကြီးက အေးဆေးစွာ ပြောပါတယ်။

​"တကယ်တော့ ကျွန်တော်က ဝိညာဉ်ကျောက်တုံးတွေကို မမက်မောပါဘူး ဒါပေမဲ့ သီလရှင်ကြီးရဲ့ တပည့်တွေထဲမှာ ပါရမီထူးတဲ့ သီလရှင်ငယ်လေး နှစ်ယောက် ရှိတယ်လို့ ကြားတယ် တစ်ယောက်က ချင်းဟဲ၊ နောက်တစ်ယောက်က ဖန်ချင်းယောင် တဲ့"

" ဒီနေ့ သူတို့ နှစ်ယောက်ကို မီးတောက်အင်ပါယာ ကနေ ခေါ်သွားချင်တယ် သီလရှင်ကြီး စိတ်ချပါ သူတို့ ကျွန်တော့်နောက် လိုက်ခဲ့ရင် အနာဂတ်က တောက်ပနေမှာပါ သူတို့ရဲ့ ပါရမီတွေကို အလဟဿ အဖြစ်မခံပါဘူး"

လူငယ်က ပြုံးပြီး ပြောပါတယ်။

​ဒီဆယ်စုနှစ်တွေအတွင်းမှာ မီးတောက်အင်ပါယာ ထဲက နာမည်ကြီး တောင်ပိုင်းကောင်းကင်ဂိုဏ်း နဲ့ ဝိညာဥ်သားရဲတောင်ကြားဂိုဏ်း တွေမှာ ပါရမီရှင်တွေ ထွက်မလာခဲ့ပါဘူး။

​ဒါပေမဲ့ နာမည်မရှိတဲ့ သီလရှင်ကျောင်း ထဲမှာတော့ ပါရမီထူးတဲ့ အမျိုးသမီး ကျင့်ကြံသူ နှစ်ယောက် ထွက်ပေါ်လာပါတယ်။

​သတင်းတွေအရ ပထမတစ်ယောက်က ကွယ်လွန်သူ ဝိညာဉ်တွေနဲ့ စကားပြောနိုင်တယ်လို့ ဆိုပါတယ်။

ဒီစွမ်းရည်က အသုံးချတတ်ရင် ကျင့်ကြံသူတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

​ဒုတိယတစ်ယောက်ကတော့ ကောင်းကင်ဘုံက ကောင်းချီးပေးထားသလိုပါပဲ။

ဘာဝိညာဉ်ကျောက်တုံး၊ ဘာဆေးလုံးမှ မသုံးဘဲနဲ့ ကျင့်ကြံမှုက တစ်နေ့ထက်တစ်နေ့ တိုးတက်နေတာပါ။

ကျင့်ကြံတာ နှစ် (၃၀) ပဲ ရှိသေးပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်သွားခဲ့ပြီး အခုဆိုရင် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ကိုတောင် ခြေတစ်ဖက် လှမ်းထားနိုင်ပါပြီ။

​ဒီနှစ်ယောက်ကိုသာ သူ့ဘေးနားမှာ ခေါ်ထားနိုင်ရင် နောင်တစ်ချိန်မှာ မီးတောက်အင်ပါယာ တော်ဝင်မိသားစု ပြန်လည်အင်အားကြီးလာဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်

​"မင်းသားငယ်... မင်းတို့ တော်ဝင်မိသားစုက တော်တော်လေး လောဘကြီးလွန်းတာပဲ အပြင်ပန်း ပစ္စည်းတွေနဲ့ မတင်းတိမ်နိုင်ဘဲ ငါတို့ ဂိုဏ်းအသီးသီးရဲ့ ဆက်ခံသူတွေကိုပါ လက်ဝါးကြီးအုပ်ချင်နေတာလား"

ကျူယွဲ သီလရှင်ကြီးက အေးစက်စွာ ပြောပါတယ်။

​"သီလရှင်ကြီးက သတင်းတော်တော် နားစွင့်ထားတာပဲ ဘိုးဘေး က မှာထားတာပါ ဒီတစ်ခါ ထွက်ခွာတဲ့အခါမှာ လုံလောက်တဲ့ ဆေးလုံးတွေ ဝိညာဉ်ကျောက်တုံးတွေတင်မကဘဲ ဂိုဏ်းအသီးသီးရဲ့ ပါရမီရှင်တွေကိုပါ ခေါ်သွားရမယ်တဲ့"

"သီလရှင်ကြီးအနေနဲ့ ဘိုးဘေးရဲ့ စိတ်ကူးကို နားလည်ပေးသင့်ပါတယ် မင်းတို့ မီးတောက်အင်ပါယာ မှာ ကျန်နေခဲ့ရင် နောက်ပိုင်းမှာ မဟာရှ ကျင့်ကြံသူတွေ ဖြစ်သွားကြမှာ ကျွန်တော်တို့ ပြန်လာတဲ့အခါကျရင် ရန်သူတွေ ဖြစ်ကုန်မှာကို ဘိုးဘေးက မလိုလားဘူးလေ"

လူငယ်က ရယ်မောရင်း ပြောပါတယ်။

​"မင်းသားငယ် ပြန်ပါတော့ သူတို့ ဘယ်ရောက်သွားသလဲဆိုတာ ကျွန်မ မသိဘူး အခု သီလရှင်ကျောင်း ထဲမှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတော့တယ်"

ကျူးယွဲ သီလရှင်ကြီးက ပြောပြီးတာနဲ့ မင်းသားငယ် ဘာပြောပြော ပြန်မဖြေတော့ဘဲ တရားစာတွေကိုသာ ဆက်ပြီး ရွတ်ဖတ်နေပါတော့တယ်။

​မင်းသားငယ်ရဲ့ နောက်က အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်က ရှေ့တိုးလာပါတယ်

​"ကျူးယွဲ... အခြေအနေကို နားလည်တဲ့သူက ပညာရှိပဲ မင်းက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီအမှန်တရားကို သိသင့်ပါတယ်"

​"မင်းတို့ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

ကျူးယွဲ သီလရှင်ကြီးရဲ့ အသံက အေးစက်နေပါတယ်။

​"တကယ်လို့ သီလရှင်ကြီး ဒဏ်ရာမရထားဘူးဆိုရင်တော့ အခြေခံတည်ဆောက်ခြင်း အစောပိုင်း နှစ်ယောက်က သီလရှင်ကြီးရဲ့ ပြိုင်ဘက် မဟုတ်တာ မှန်ပါတယ် ဒါပေမဲ့ ဒီနှစ်တွေမှာ သီလရှင်ကြီးက အကြိမ်ကြိမ် တိုက်ပွဲများခဲ့တော့ ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာဟောင်းတွေ အမြစ်တွယ်နေပြီ မဟုတ်လား ငါ ထင်တာ မှန်တယ်မလား"

​လူငယ်က ပြုံးပြီး ဆက်ပြောတယ်

"ဒီဒဏ်ရာဟောင်းတွေသာ မရှိရင် သီလရှင်ကြီးရဲ့ ပါရမီနဲ့ဆိုရင် အခုလောက်ဆို အခြေခံတည်ဆောက်ခြင်း အဆင့်မြင့် ကိုတောင် ရောက်နေလောက်ပြီ"

​"မင်းတို့ စမ်းကြည့်ချင်ရင် စမ်းကြည့်နိုင်ပါတယ် စကားတွေ အများကြီး ပြောမနေနဲ့တော့"

ကျူးယွဲ သီလရှင်ကြီးက မငြင်းသလို ဝန်လည်းမခံပါဘူး။

​ဒါပေမဲ့ သူမရဲ့ အမူအရာက ဒီလို တည်ငြိမ်နေလေ၊ လူငယ်ရဲ့ မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေ ပိုပြီး ထင်ရှားလာလေပါပဲ။

​ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူက လက်ကို ဝှေ့ယမ်းပြီး အခြေခံတည်ဆောက်ခြင်း နှစ်ယောက်ကို တိုက်ခိုက်ဖို့ အချက်ပြလိုက်ကာ သူကိုယ်တိုင်ကတော့ တံခါးအပြင်ဘက်ကို ထွက်ဖို့ ပြင်လိုက်ပါတယ်။

​အခြေခံတည်ဆောက်ခြင်း နှစ်ယောက် မတိုက်ခိုက်ရသေးခင်မှာပဲ လူငယ်က လှည့်လိုက်တဲ့အခါ လူအုပ်ကြီး တစ်အုပ်က ကျောင်းတိုက်ထဲကို တိုးဝင်လာပြီး သူ့ကို မျက်နှာချင်းဆိုင် တိုးမိပါတော့တယ်။

​လူငယ်ရဲ့ မျက်နှာက ပျက်သွားပြီး အဖိုးအို ချန် ကို တွေ့လိုက်ရတော့မှ နည်းနည်း ပြေလျော့သွားပါတယ်။

ဒါပေမဲ့ ယဲ့ဝမ်ရှုနဲ့ လျိုမုတို့ကိုပါ တွေ့လိုက်ရတဲ့အခါမှာတော့ မျက်မှောင်ကြုတ်သွားပြီး

​"အဖိုးအို ချန်... မင်းကို အခြေခံတည်ဆောက်ခြင်း ဆေးလုံး သွားယူခိုင်းတာကို ဘာလို့ သူတို့ကို ခေါ်လာတာလဲ ဖုန်းဖေးယန် က မင်းနဲ့အတူ တောင်ပေါ်ကို လိုက်မလာဘူးလား "

​အဲဒီ အခြေခံတည်ဆောက်ခြင်း နှစ်ယောက်ကလည်း အဖိုးအို ချန် ရောက်လာတာကို မြင်တော့ ဝမ်းသာသွားကြပြီး တစ်ယောက်က ပြောလိုက်တယ်

​"အဖိုးအို ချန်... မင်း ရောက်လာတာ အတော်ပဲ၊ ငါတို့နဲ့ ပေါင်းပြီး ကျူးယွဲ ကို ဖမ်းကြစို့"

​"မင်း ပါးစပ်ပိတ်ထားစမ်း ကျူးယွဲ သီလရှင်ကြီးက မင်း ဖမ်းချင်တိုင်း ဖမ်းလို့ရတဲ့သူ မဟုတ်ဘူး မင်းက ဘာကောင်မို့လို့လဲ"

​အဖိုးအို ချန်က အဲဒီလူရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး ဒေါသတကြီး ဆဲဆိုလိုက်ပါတယ်

"ဘေးဖယ်နေစမ်း"

​အဲဒီ အခြေခံတည်ဆောက်ခြင်း နှစ်ယောက် မှင်တက်သွားသလို၊ မင်းသားငယ်လည်း ကြောင်အသွားပါတယ်။

​ကျူးယွဲ သီလရှင်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ ဖန့်ချန်ကို တွေ့လိုက်ရပါတယ်။

ခဏလောက် တိတ်ဆိတ်သွားပြီးမှ သူမက နူးညံ့စွာ ပြုံးလိုက်ပြီး နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။

​အဖိုးအို ချန်က မင်းသားငယ်ကို လက်ညှိုးထိုးပြပြီး ဖန့်ချန်ကို ရိုရိုသေသေ ပြောလိုက်တယ်

"ဂိုဏ်းချုပ်ဖန့်... ဒီလူကတော့ မီးတောက်အင်ပါယာ ရဲ့ အဲဒီမင်းသားငယ်လေးပါပဲ"

​ဂိုဏ်းချုပ်ဖန့်

​မင်းသားငယ်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို သိလိုက်ပုံရပါတယ်။

သူက အမူအရာမပျက်ဘဲ ရှေ့တိုးလာပြီး လက်အုပ်ချီကာ ပြုံးပြီး နှုတ်ဆက်လိုက်တယ်

​"မျိုးဆက်သစ်က စီနီယာဖန့် ကို ဂါရဝပြုပါတယ် စီနီယာဖန့် မီးတောက်အင်ပါယာ ကနေ ထွက်ခွာသွားတာ နှစ်အတော်ကြာပါပြီ ဒီနေ့ စီနီယာရဲ့ မျက်နှာကို ကိုယ်တိုင် မြင်တွေ့ရတာ ကျွန်တော့် ဘဝအတွက် နောင်တမရတော့ပါဘူး "

​"နောင်တမရရင် အဆင်ပြေပါတယ်"

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပြီး လက်နဲ့ လှမ်းဖမ်းလိုက်တဲ့အခါ မင်းသားငယ်ရဲ့ ခန္ဓာကိုယ်က ထိန်းမရဘဲ ဖန့်ချန်ရဲ့ ရှေ့ကို ရောက်လာပါတယ်။

အဲဒီနောက် ဖန့်ချန်က သူ့ရဲ့ ဦးခေါင်းထိပ် ကို အသာအယာ ပုတ်လိုက်ပါတယ်။

​ဖွပ် ခနဲ အသံနဲ့အတူ...

​မင်းသားငယ်ရဲ့ ခေါင်းဟာ မြေတွင်းအောင်းကြွက်လေးတစ်ကောင်လိုပဲ သူ့ရဲ့ ရင်ဘတ်ထဲကို ချက်ချင်း ငုပ်လျှိုးဝင်သွားပြီး ပျောက်ကွယ်သွားပါတော့တယ်။

​သူခေါ်လာတဲ့ အခြေခံတည်ဆောက်ခြင်း အဆောင်တော်ကျင့်ကြံသူ နှစ်ယောက်ဟာ ဒါကို မြင်လိုက်ရတဲ့အခါ အသက်ရှူမှားမတတ် ထိတ်လန့်သွားကြပေမဲ့ ဘာတုံ့ပြန်မှုမှ မလုပ်ရဲကြပါဘူး။

​ချင်းကျိုး ဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ဖန့်... သတင်းတွေအရ ဒီလူက ကျင့်ကြံမှုတင် မကဘဲ သူ့ရဲ့ နောက်ခံ နောက်ကြောင်းကလည်း... တကယ့်ကို ကြောက်စရာ ကောင်းလှတာပါပဲ

​အခန်း (၉၀၄) တကယ်တော့... ဒီလောကမှာ တကယ်ပဲ သရဲရှိတာပဲ

​"တကယ်တော့... ဒီလောကမှာ တကယ်ပဲ သရဲရှိတာပဲ၊ ချင်းဟဲ သီလရှင်လေးက သရဲတွေ၊ နတ်ဘုရားတွေနဲ့ စကားပြောနိုင်တယ်ဆိုတာ ကောလာဟလ မဟုတ်ခဲ့ဘူးပဲ..."

​အလောင်းထဲကနေ ထွက်လာပြီးနောက် မင်းသားငယ်လေးရဲ့ အကြည့်က ပထမတော့ ဝေဝါးနေပေမဲ့၊ မကြာခင်မှာပဲ ဖန့်ချန်ကို ကြည့်လိုက်ပြီး မျက်လုံးထဲမှာ ရန်ငြိုးတွေ ပြည့်နှက်သွားပါတယ်။

​"မင်း ဒီနေ့ ငါ့ကို သတ်လိုက်ပေမဲ့ လောကမှာ တကယ်ပဲ ငရဲပြည် ရှိတယ်ဆိုတာ မင်း မထင်ထားဘူးမလား ငါ သရဲဖြစ်သွားရင်တောင် ကျင့်ကြံဖို့ အခွင့်အရေး ရှိသေးတယ် တစ်နေ့ကျရင် မင်း ငါ့လက်ထဲမှာ သေရမှာပါ"

​သူက ဖန့်ချန်ရဲ့ နားနားကို ကပ်ပြီး အမုန်းတရားတွေ ပြည့်နှက်နေတဲ့ အသံနဲ့ တိုးတိုးလေး ပြောလိုက်ပါတယ်။

​"သရဲဖြစ်သွားပြီဆိုတာနဲ့ ငါ့ကို ကြောက်စရာမလိုတော့ဘူးလို့ တကယ်ထင်နေတာလား "

​ဖန့်ချန်က ခေါင်းကို လှည့်ပြီး မင်းသားငယ်လေးကို ကြည့်လိုက်ပါတယ်။

​"ဟင်"

​မင်းသားငယ်လေးဟာ လန့်သွားပြီး နောက်ကို ခြေလှမ်းအတော်များများ ဆုတ်သွားပါတယ်။

သူက ဖန့်ချန်ကို မယုံနိုင်စရာ မျက်လုံးတွေနဲ့ ကြည့်ပြီး

​"မင်း... မင်း ငါ့ကို မြင်နေရတာလား "

​တစ်ဖက်လူကလည်း... မွေးရာပါ ယင်ယန်မျက်စိ ပိုင်ရှင်လား

​ကျန်တဲ့လူတွေကတော့ မင်းသားငယ်လေးကို မမြင်ရပေမဲ့ ဖန့်ချန် ပြောလိုက်တဲ့ စကားကြောင့် မျက်နှာတွေမှာ အံ့အားသင့်မှုတွေ ဖြစ်ကုန်ပါတယ်။

​ကျူးယွဲ သီလရှင်ကြီး တစ်ယောက်ပဲ တစ်ခုခုကို စဉ်းစားနေပုံရပါတယ်။

​ဒီလို မြင်ကွင်းမျိုးကို ချင်းဟဲ ရဲ့ အနားမှာ သူမ ခဏခဏ မြင်ဖူးပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ဒီဖန့်ချန် ကလည်း ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားရှိလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။

​"သူ့ရဲ့ ဒီမျက်ဝန်းတွေကြောင့်လား..."

ကျူးယွဲ သီလရှင်ကြီးက တိတ်တဆိတ် ခန့်မှန်းနေမိပါတယ်။

​"မင်း ငါ့ကို မြင်ရတော့ကော ဘာဖြစ်လဲ အခု မင်းနဲ့ငါက အရှင်နဲ့အသေ ခြားသွားပြီ မင်း ငါ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး"

​မင်းသားငယ်လေးက ချက်ချင်း သတိပြန်ဝင်လာပြီး ဖန့်ချန်ကို အေးစက်စွာ ပြုံးကြည့်လိုက်တယ်

​"မင်းမှာ ဘယ်လိုနောက်ခံပဲရှိရှိ ငါ့စကားကို မှတ်ထားလိုက် ငါ မင်းကို အမြဲတမ်း ခြောက်လှန့်နေမယ် အချိန်တိုင်း မင်းအကြောင်းပဲ တွေးနေမယ်"

"မင်း နောက်ဆို အိပ်ရင်တောင် မျက်စိတစ်ဖက် မှိတ် တစ်ဖက် ဖွင့်ပြီး အိပ်ရလိမ့်မယ် ဘာလို့လဲဆိုတော့ မင်းရဲ့ ကုတင်ခြေရင်းမှာ ငါ့ကို မြင်နေရမှာမို့လို့ပဲ မင်းကို ငါ အမြဲကပ်နေပြီး မင်း ကျင့်ကြံလို့မရအောင် ငါ နှောင့်ယှက်မယ်..."

​ဖန့်ချန်က မြေပြင်ကို ခြေထောက်နဲ့ အသာအယာ တစ်ချက် နင်းလိုက်တဲ့အခါ၊ ဝေဝါးနေတဲ့ ပုံရိပ်တစ်ခုက မင်းသားငယ်လေးရဲ့ ရှေ့မှာ ပေါ်လာပါတယ်။

​လီပါ့တောင်း ဟာ ကိုယ်အပေါ်ပိုင်း ဗလာကျင်းနဲ့ ဖြစ်နေပြီး ကိုယ်ပေါ်မှာ သိသာထင်ရှားတဲ့ နှုတ်ခမ်းနီရာတွေတောင် ရှိနေပါတယ်။

သူ့မျက်လုံးတွေကလည်း အရက်မူးနေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။

​သူက ဒီတစ်ခါတော့ တုံ့ပြန်မှု တော်တော်မြန်ပါတယ်။

လျှပ်စီးလက်သလို အချိန်အတွင်းမှာပဲ ခေါင်းလှည့်ပြီး ဖန့်ချန်ကို မြင်တာနဲ့ ဝပ်တွား ဦးချလိုက်ပါတယ်

​"အောက်ခြေဝန်ထမ်း လီပါ့တောင်း က လူကြီးမင်းကို ဂါရဝပြုပါတယ်"

​"သူ... သူက ဘယ်သူလဲ..."

​မင်းသားငယ်လေးဟာ လီပါ့တောင်းကို ကြောင်ကြည့်နေပါတယ်။

တစ်ဖက်လူရဲ့ ကိုယ်ပေါ်က ယင်အငွေ့အသက် တွေက အရမ်းထူထပ်လွန်းပါတယ်။

စောစောက ဖန့်ချန်ကို ရင်ဆိုင်ရတုန်းက ဘာခြိမ်းခြောက်မှုမှ မခံစားရပေမဲ့၊ အခုရှေ့ကလူ ပေါ်လာတာနဲ့တင် သူဟာ ကျောရိုးထဲအထိ စိမ့်အောင် ကြောက်လန့်သွားရပါတယ်။

သာမန်လူသားတစ်ယောက်က ဗိုက်ဆာနေတဲ့ သားရဲကြီးတစ်ကောင်နဲ့ ရင်ဆိုင်နေရသလိုမျိုးပါပဲ...

​"မင်း ဘာတွေ ထပ်လုပ်နေတာလဲ..."

ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်ပါတယ်။

​ဒီကောင် လီပါ့တောင်းကို ခေါ်လိုက်တိုင်း တစ်ခုခုတော့ ဖြစ်နေတာပါပဲ။

ဒီကောင် ယင်လောက မှာ ၂၄ နာရီလုံး ပျော်ပါးနေတာလား

​"လူ... လူကြီးမင်းခင်ဗျာ၊ ကျွန်တော်မျိုးက ဝမ်ဟွားမျှော်စင် မှာ လုပ်ဖော်ကိုင်ဖက်တချို့ကို သီချင်းနားထောင်ဖို့ ဖိတ်ကျွေးနေတာပါ အဓိကကတော့ အဲဒီလူတွေရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ပါ သူတို့တွေ ရာထူးက အထုတ်ခံလိုက်ရတဲ့ နေလှည့်ကင်းနတ်ဘုရား နဲ့ ပတ်သက်မှု ရှိ၊ မရှိ သိချင်လို့ပါ..."

လီပါ့တောင်းက အတင်းအကျပ် ရှင်းပြနေပါတယ်။

​"ဝမ်ဟွားမျှော်စင် က ဘာနေရာလဲ"

​"အဲဒါက... ပျော်ပါးတဲ့နေရာ ပါ... သီချင်းနားထောင်တဲ့ နေရာပါ..."

လီပါ့တောင်းက မဝံ့မရဲ ပြုံးလိုက်ပါတယ်။

​ဖန့်ချန်က ခေါင်းညိတ်လိုက်တယ်

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး ဒီလူကို ယင်လောကကို ခေါ်သွားပြီး သေချာ စီရင်လိုက် ဒါက မင်းအတွက် အလုပ်တစ်ခု ပေးတာပဲ တစ်နေကုန် ပျော်ပါးတဲ့နေရာတွေပဲ သွားမနေနဲ့ ကာမဂုဏ်ဆိုတာ အရိုးအထိ စားတတ်တယ်"

​"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ လူကြီးမင်း ဆုံးမတာ မှန်ပါတယ် ကျွန်တော်မျိုး နောင်ကျရင် သေချာပြင်ပါ့မယ် သေချာပြင်ပါ့မယ် "

​လီပါ့တောင်းက ခေါင်းကို တရစပ် ညိတ်ပြပြီးနောက် မင်းသားငယ်လေးကို ဆွဲပြီး တံခါးအပြင်ဘက်ကို တရွတ်တိုက် ဆွဲသွားပါတော့တယ်။

​မင်းသားငယ်လေးကတော့ အသည်းအသန် ရုန်းကန်ပြီး စူးစူးဝါးဝါး အော်ဟစ်နေပေမဲ့၊ လီပါ့တောင်းက သူ့ကို ပါးတစ်ချက် ရမ်းရိုက်လိုက်တာနဲ့တင် သူ့ကိုယ်ပေါ်က ဝိညာဉ်အရှိန်အဝါတွေ ပျက်ပြယ်လုနီးပါး ဖြစ်သွားတာကြောင့် ချက်ချင်းပဲ ပါးစပ်ပိတ်သွားပါတော့တယ်...

​ဖန့်ချန် စကားပြောတာ ရပ်သွားတဲ့အခါ ကျောင်းတိုက်ထဲမှာ တိတ်ဆိတ်သွားပါတယ်။

လူတိုင်းရဲ့ ကိုယ်ထဲမှာ သွေးလည်ပတ်နေတဲ့ အသံကိုတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတာပါ။

​"ကျူးယွဲ သီလရှင်ကြီး၊ မတွေ့တာ ကြာပြီနော်"

​ဖန့်ချန်က ကျူးယွဲကို ကြည့်ပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​"ဖန့်စီနီယာ အခု မီးတောက်အင်ပါယာ မှာ အပြောင်းအလဲကြီး ဖြစ်နေတယ် ဒီကိစ္စရဲ့ နောက်ကွယ်မှာ သွေးဝိညာဥ်ဂိုဏ်း က မြှောက်ပင့်ပေးနေတာလား"

ကျူးယွဲ သီလရှင်ကြီးက မေးလိုက်ပါတယ်။

​"အောက်ခြေက သာမန်လူတွေကို ထိခိုက်မှု မရှိဘူးဆိုရင်တော့ သွေးဝိညာဥ်ဂိုဏ်း ရဲ့ လက်ချက် ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး"

ဖန့်ချန်က ဖြေပါတယ်။

​"ဒါဆိုရင်တော့ တော်သေးတာပေါ့"

​ကျူးယွဲ သီလရှင်ကြီးက ခေါင်းညိတ်လိုက်ပြီး မင်းသားငယ်လေး ခေါ်လာတဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ နှစ်ယောက်ကို ကြည့်လိုက်တယ်

​"ဖန့်စီနီယာ မီးတောက်အင်ပါယာ တော်ဝင်မိသားစုက ဒေသခံ ကျင့်ကြံသူတွေကို လက်စဖျောက်ဖို့ ကြိုးစားနေတယ် စီနီယာအနေနဲ့ သူတို့ကို ကူညီပေးလို့ ရမလား"

​ဘုန်း ခနဲ အသံနဲ့အတူ

​အခြေခံတည်ဆောက်ခြင်း နှစ်ယောက်လုံး မြေပြင်မှာ ဒူးထောက်လိုက်ကြတယ်

"ကျွန်တော်မျိုးတို့ အမှောင်ထဲကနေ အလင်းကို ပြောင်းပါ့မယ် ဂိုဏ်းချုပ်ဖန့် အတွက် လမ်းပြပေးပါ့မယ်"

​အဖိုးအို ချန် ကတော့ ဒီကောင်တွေ သူ့အလုပ်ကို လုဖို့ ကြိုးစားနေတာ မြင်တော့ သူတို့ကို သတ်ပစ်ချင်စိတ် ပေါက်သွားပါတယ်။

သူက ဘာမှမပြောဘဲ ဖန့်ချန်ကို လက်အုပ်ချီပြီး ပြောလိုက်တယ်

​"ဂိုဏ်းချုပ်ဖန့်... ဒီနှစ်ယောက်က သီလရှင်ကျောင်း ရဲ့ တပည့်တွေကို ကိုယ်တိုင် သတ်ခဲ့တဲ့သူတွေပါ သူတို့က မင်းသားငယ်ရဲ့ ရင်ဘတ်ထဲက လူတွေပဲကျွန်တော်နဲ့ မတူပါဘူး ကျွန်တော်ကတော့ ဝိညာဉ်ကျောက်တုံးလေး နည်းနည်းရဖို့ ခိုင်းတာ လုပ်ရတာပါ၊ လုပ်တဲ့အခါမှာလည်း အမြဲတမ်း အခွင့်အရေး ချန်ထားပေးလေ့ ရှိပါတယ်"

​ပြောပြီးတာနဲ့ သူက လျိုမုကို ကြည့်လိုက်တယ်

"လျိုညီကို... စောစောက ချင်းကျိုး ဓားဂိုဏ်း မှာတုန်းက ကျွန်တော်က တိုက်ရိုက် လက်ပါလို့ ရပေမဲ့လည်း စကားကောင်းနဲ့ပဲ ပြောခဲ့တာပါ ကျွန်တော့်ရဲ့ စိတ်ရင်းကို လျိုညီက်ု လည်း ခံစားမိမှာပါ"

​"ချန်အိုကောင် မင်း ဘယ်လိုများ ငါတို့ကို မဟုတ်မမှန် စွပ်စွဲရဲတာလဲ"

​အဲဒီ အခြေခံတည်ဆောက်ခြင်း နှစ်ယောက်ဟာ လန့်သွားကြပြီး အဖိုးအို ချန် ကို ဒေါသတကြီး ကြည့်လိုက်ကြပါတယ်။

​ဖန့်ချန်က အဖိုးအို ချန်ကို တစ်ချက်ကြည့်၊ အဲဒီနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ကျူးယွဲ သီလရှင်ကြီးကို ပြုံးပြီး ပြောလိုက်တယ်

​"သီလရှင်ကြီး... စီရင်လိုက်ပါတော့"

​ကျူးယွဲ သီလရှင်ကြီးက ခေါင်းညိတ်လိုက်ပြီး လက်ချောင်းလေးနဲ့ အသာအယာ ဝှေ့ယမ်းလိုက်တဲ့အခါ ဓားအလင်းတန်း နှစ်ခုက အဲဒီ အခြေခံတည်ဆောက်ခြင်း နှစ်ယောက်ရဲ့ မျက်ခုံးအလယ်ကို ပျံသန်းသွားပါတယ်။

​မူလကတော့ သူတို့မှာ ပြန်တိုက်နိုင်စွမ်း ရှိပေမဲ့၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေက လှုပ်လို့မရတော့တာကို ထိတ်လန့်တကြား သိလိုက်ရပါတယ်။

ဓားအလင်းတန်းက သူတို့ရဲ့ မျက်ခုံးထဲကို တိုးဝင်သွားတာကိုပဲ မျက်တောင်မခတ်တမ်း ကြည့်နေရပါတော့တယ်။

​အဲဒီနောက်မှာတော့ သူတို့ ဘာမှ မသိတော့ပါဘူး။

​......

​......

​ထျန်းဟန်းတံခါး

​ဒီတံခါးကနေ ထွက်သွားလိုက်တာနဲ့ ခဏအတွင်းမှာပဲ မီးတောက်အင်ပါယာ လိုမျိုး အဆင့် ၆ ရှိတဲ့ တခြားအင်ပါယာတစ်ခုကို ရောက်ရှိနိုင်ပါတယ်။

​မီးတောက်အင်ပါယာ ရဲ့ ဒေသခံ ကျင့်ကြံသူတွေဟာ ထျန်းဟန်းတံခါး ဆီကို တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပေမဲ့ သူတို့ရဲ့ လမ်းကို တစ်စုံတစ်ယောက်က ပိတ်ဆို့ထားပါတယ်။

လူရိပ်တစ်ခုက ဓားတစ်လက်ကို ကိုင်ပြီး တံခါးဝမှာ လူအုပ်ကို ကျောပေးပြီး ရပ်နေပါတယ်။

သူ့ရဲ့ အရှိန်အဝါက အေးဆေးတည်ငြိမ်နေပုံရပေမဲ့ ဘယ်သူမှ တံခါးကို ဖြတ်ဖို့ မဝံ့ကြပါဘူး။

​ဒီကို ရောက်လာကြတဲ့ ကျင့်ကြံသူတွေရဲ့ စိတ်ထဲမှာတော့ ခံစားချက်တွေ ရှုပ်ထွေးနေပြီး ဒေါသနဲ့ အားကိုးရာမဲ့မှုတွေ ပြည့်နှက်နေပါတယ်။

​မီးတောက်အင်ပါယာ က အခြေအနေတွေ ပြောင်းလဲလာတဲ့အခါမှာ သူတို့ကို ပထမဆုံး စတင်တိုက်ခိုက်တဲ့သူက တော်ဝင်သားစု ဖြစ်လိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

​ဒါက ဘာနဲ့တူသလဲဆိုတော့ ဒီနှစ်တွေမှာ တော်ဝင်မိသားစုက သူတို့ကို ဝက်တွေလို မွေးထားတာနဲ့ တူပါတယ်။

အခု ဝက်ခြံကို တခြားလူလက်ထဲ ပေးရတော့မယ်ဆိုတော့ သူတို့ မွေးထားတဲ့ ဝက်တွေကို သူများလက်ထဲ အလကား မပါသွားစေချင်လို့ ကိုယ်တိုင်ပဲ ပြန်သိမ်းပစ်ဖို့ ကြိုးစားနေတာပါ။

​"အစ်မ... ကျွန်မတို့ကို ဝိုင်းထားပြီ ထင်တယ် ကျွန်မက အခြေခံတည်ဆောက်ခြင်းအဆင့်မို့လို့ အစ်မတို့အတွက် ကာကွယ်ပေးနိုင်ပါတယ် တကယ်လို့ မရတော့ဘူးဆိုရင် မဟာရှ ဆီကို သွားကြတာပေါ့"

​သီလရှင်တစ်အုပ်ဟာ မသိသာတဲ့ နေရာတစ်ခုမှာ ရပ်နေကြပါတယ်။

ဖန်ချင်းယောင် က ဓားကိုင်ထားတဲ့ ကျောပြင်ကို တစ်ချက်ကြည့်ပြီး ချင်းဟဲ သီလရှင်လေးကို တိုးတိုးလေး ပြောလိုက်ပါတယ်။

​"မဟာရှ ရဲ့ ဧကရာဇ်က သွေးဝိညာဥ်ဂိုဏ်း က လာတာ ဖြစ်နိုင်တယ် အဲဒီကို သွားရင်လည်း ဘေးအန္တရာယ်က ခန့်မှန်းရ ခက်ဦးမှာပဲ အခု ငါတို့အတွက် ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတယ် ထျန်းဟန်းတံခါး ကို ဖြတ်ကျော်ဖို့ပဲ"

​ချင်းဟဲ သီလရှင်လေးက သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

​သီလရှင်ကြီးအချို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးတွေက တည်တင်းနေပါတယ်။

သူတို့ထဲက တစ်ယောက်က ရုတ်တရက် ပြောလိုက်တယ်

​"တောင်ပိုင်းကောင်းကင်ဂိုဏ်း နဲ့ ဝိညာဥ်သားရဲတောင်ကြားဂိုဏ်း က ကျင့်ကြံသူတွေလည်း ရောက်လာပြီ သူတို့နဲ့ ပေါင်းပြီး ထျန်းဟန်းတံခါးကနေ ထွက်ဖို့ ကြိုးစားကြည့်ရင် ရနိုင်ကောင်းရဲ့"

​တောင်ပိုင်းကောင်းကင်ဂိုဏ်း ရဲ့ ဘိုးဘေး ပျောက်ဆုံးနေတာ နှစ်အတော်ကြာပြီဖြစ်လို့ အခုဆိုရင် အရင်ကလောက် အားမကောင်းတော့ပါဘူး။

ဒါပေမဲ့လည်း သူတို့ရဲ့ အခြေခံက ခိုင်မာနေဆဲဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ အတော်များများ ရှိပါသေးတယ်။

​ဝိညာဥ်သားရဲတောင်ကြားဂိုဏ်း မှာတော့ အခြေခံတည်ဆောက်ခြင်း အထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတာကြောင့် တံခါးကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက် ရှိနိုင်ပါတယ်။

​ဖန်ချင်းယောင် နဲ့ ချင်းဟဲ တို့ဟာ လှမ်းကြည့်လိုက်တဲ့အခါ ဝိညာဥ်သားရဲတောင်ကြားဂိုဏ်း ရဲ့ ကျင့်ကြံသူတွေ တကယ်ပဲ ရောက်လာတာကို မြင်လိုက်ရပါတော့တယ်...။

All Chapters