← Chapters

အခန်း (၉၀၇-၉၀၈)

Vol. 91 Ch. 907-908

အခန်း (၉၀၇-၉၀၈)

Vol. 91 Ch. 907-908

​အခန်း (၉၀၇) စည်းကမ်းသတ်မှတ်ခြင်း

​ဒီတိုက်ပွဲဟာ နာရီဝက်တောင်မပြည့်ခင်မှာတင် ပြီးဆုံးသွားခဲ့ပါတယ်။

ကျင့်ကြံသူတွေဟာ သေသူသေ၊ ဒဏ်ရာရသူရနဲ့ ဖြစ်ကုန်ကြပြီး အသက်ရှင်ကျန်ရစ်သူ နည်းနည်းပါးပါးဟာလည်း အပြင်းအထန် ဒဏ်ရာရရှိထားကြပါတယ်။

​မီးတောက်အင်ပါယာ ကျင့်ကြံသူတွေဟာ သူတို့ကို အရိုးထဲအထိ နာကျည်းနေကြတာကြောင့် လက်တွန့်နေမှာ မဟုတ်ပါဘူး။

​တကယ်လို့ ဒီနေ့ အခြေအနေသာ ပြောင်းပြန်မဖြစ်ခဲ့ရင် သေမယ့်သူတွေက သူတို့ကိုယ်တိုင် ဖြစ်နေမှာပါ။

​မီးတောက်အင်ပါယာ၊ နန်းတော်။

​ဒီနေရာမှာ စောင့်ကြပ်နေတဲ့ ကျင့်ကြံသူတွေ အများကြီး မရှိတော့ပါဘူး။

တော်ဝင်မိသားစု ကျင့်ကြံသူ အများစုဟာ ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီး မီးတောက်အင်ပါယာ ကနေ အရင်ဦးအောင် ဆုတ်ခွာသွားကြပါပြီ။

​သူတို့ဟာ အခုအချိန်အထိ မီးတောက်အင်ပါယာ တော်ဝင်ဘိုးဘေး သေဆုံးသွားတဲ့ သတင်းကို မသိကြသေးတာလည်း ဖြစ်နိုင်ပါတယ်။

​"ငါတို့ ဒီမှာ ဘယ်လောက်ကြာကြာ ထပ်စောင့်နေရဦးမှာလဲ လူတိုင်း ထွက်သွားကြပြီ ငါတို့အနည်းငယ်ပဲ ကျန်တော့တယ်"

​"မကြာတော့ပါဘူး စိတ်မလောပါနဲ့ အထက်က အမိန့်ကို စောင့်ရမှာပဲ တကယ်ပြောရရင် ဒီနေရာကနေ ထွက်သွားရမှာကို ငါ တကယ် နှမြောမိတယ်၊ နှမြောစရာပဲ"

​ချီသန့်စင်ခြင်းအဆင့် ၁၂ ရှိတဲ့ ကျင့်ကြံသူအနည်းငယ်ဟာ လူသူကင်းမဲ့နေတဲ့ နန်းတော်ထဲမှာ ရပ်ပြီး စကားပြောနေကြပါတယ်။

တစ်ခါတစ်ရံမှာတော့ ပတ်ဝန်းကျင် အခြေအနေကို သတိထားပြီး ကြည့်နေကြပါတယ်။

​ရုတ်တရက် တစ်ယောက်က မော့ကြည့်လိုက်ပြီး အံ့ဩတကြီး အော်ဟစ်လိုက်ပါတယ်။

​လူတိုင်း ညီတူညီမျှ လှမ်းကြည့်လိုက်ကြတဲ့အခါ နတ်ဘုရားလှေ တစ်စင်းဟာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ နန်းတော်အထက် ကောင်းကင်ယံမှာ ရပ်နားထားတာကို တွေ့လိုက်ရပါတယ်။

​ကျင့်ကြံသူအနည်းငယ်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ အဲဒီထဲက တစ်ယောက်က သတ္တိမွေးပြီး အော်ဟစ်မေးမြန်းလိုက်တယ်

​"ဒါက နန်းတော်ရဲ့ အထူးကန့်သတ်နယ်မြေပဲ ဘယ်သူက ဒီကို ကျူးကျော်ဝင်ရောက်ရဲတာလဲ၊ ဧကရာဇ်မင်းမြတ်က အပြစ်ပေးမှာကို မကြောက်ဘူးလား"

​"မင်းတို့လို ကလေးအုပ်စုလေးတွေပဲကိုး"

​အဖိုးအို ချန် က ခေါင်းပြူကြည့်လိုက်ပြီး မျက်နှာမှာ ရက်စက်တဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။ သူက ဖန့်ချန်ဘက် လှည့်ပြီး ပြောလိုက်တယ်

​"ဖန့်ဂိုဏ်းချုပ်... ဒါတွေက နန်းတော်ရဲ့ အကြွင်းအကျန်တွေပါ အဖိုးကြီး ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်"

​အောက်ဘက်က ချီသန့်စင်ခြင်းအဆင့် ၁၂ ကျင့်ကြံသူတွေဟာ အနည်းငယ် အံ့ဩသွားကြပါတယ်။

အဖိုးအို ချန် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိပါဘူး။

အဲဒီနောက်မှာတော့ အဖိုးအို ချန် ဟာ နတ်ဘုရားလှေပေါ်ကနေ သူတို့အနားကို ပျံဆင်းလာပါတယ်။

​တစ်ယောက်က ရှေ့တိုးပြီး ပြုံးကာ မေးလိုက်တယ်

"အဖိုးအို ချန်... ထျန်းဟန်းတံခါး ကိစ္စက ပြီးသွားပြီလား အဲဒီ အမြင်မရှိတဲ့ ကျင့်ကြံသူတွေ ဘယ်လောက်တောင် သေကြေပျက်စီးကုန်ပြီလဲ"

​"တကယ်ပဲ ပြီးသွားပါပြီ ဒါပေမဲ့ ရလဒ်ကတော့ မင်းတို့ ထင်ထားတာနဲ့ တခြားစီပဲ အဖိုးကြီးကို အပြစ်မတင်ပါနဲ့၊ အပြစ်တင်ချင်ရင် မင်းတို့ လူမှားနောက်လိုက်မိတာကိုပဲ အပြစ်တင်လိုက်ကြတော့"

​အဖိုးအို ချန် က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူတို့ တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ ဓားကို ထုတ်ပြီး နေရာမှာတင် သတ်ပစ်လိုက်ပါတော့တယ်။

​အဲဒီနောက် သူက နတ်ဘုရားလှေဘက်ကို လှည့်ပြီး လက်အုပ်ချီ ဂါရဝပြုလိုက်တယ်

​"ဖန့်ဂိုဏ်းချုပ်... အခု ဒီနေရာ သန့်ရှင်းသွားပါပြီ"

​ဖန့်ချန်က နတ်ဘုရားလှေကို ပြန်ရုပ်သိမ်းလိုက်ပြီး လူတိုင်းကို ခေါ်ကာ ရှေ့ဘက်က ခန်းမဆောင်ကြီးဆီကို လျှောက်လှမ်းသွားပါတယ်။

​လယ်သူမ တို့ဟာ အခုမှပဲ ဒီနတ်ဘုရားလှေဟာ ဝိညာဉ်စွမ်းအားတွေနဲ့ စုစည်းတည်ဆောက်ထားတာ ဖြစ်ကြောင်း သတိပြုမိသွားကြပါတယ်။

​သူတို့ရင်ထဲမှာ တိတ်တဆိတ် ထိတ်လန့်သွားကြပါတယ်။

ဝိညာဉ်စွမ်းအားကို နတ်ဘုရားလှေအဖြစ် ပြောင်းလဲစေပြီး ဒီလောက်အထိ မြန်ဆန်တဲ့ အရှိန်အဝါကို ထုတ်ဖော်နိုင်တာ၊ ထျန်းဟန်းတံခါး ကနေ မီးတောက်အင်ပါယာ နန်းတော်အထိ အချိန်တိုအတွင်း ရောက်လာနိုင်တာ... ဒါဟာ ဘယ်လောက်အထိ မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်မျိုး ရှိမှ လုပ်နိုင်မှာလဲ

​"ဒီဖန့်သခင်လေးက... ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် အများကြီး ပိုနိုင်လိမ့်မယ် သူက ဝိညာဥ်သန္ဓေသားအဆင့် ကိုတောင် ရောက်နေပြီလား မသိဘူး..."

​တာအိုဆရာယာ ဟာ ရင်ထဲမှာ တိတ်တဆိတ် ထိတ်လန့်နေပါတယ်။

အခြားသူတွေနဲ့ မတူဘဲ သူကတော့ မဟာချန်း မှာ ဒီလူက ဝိညာဥ်သန္ဓေသားအဆင့်ကို ဓားနဲ့ခုတ် ပြီး သူ့ရဲ့ အနည်းငယ်သော သက်တမ်းကို စတေးခဲ့တာကို ကိုယ်တိုင် မြင်ဖူးထားတာပါ။

​အဲဒီအချိန်တုန်းက ဒီလူဟာ သေဆုံးသွားပြီလို့ သူ ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မဟာချန်း ကို ဖြတ်သွားတဲ့အခါ ဒီလူ ပြန်ရှင်လာပြီလို့ ကြားခဲ့ရပါတယ်။

​အဲဒီအချိန်ကတည်းက ဒီလူဟာ နောင်တစ်ချိန်မှာ အံ့မခန်းဖြစ်လာမယ့် တည်ရှိမှုမျိုးလို့ သူ ယုံကြည်ခဲ့တာဖြစ်ပြီး၊ ဒီနေ့ မြင်ကွင်းကတော့ သူ့ရဲ့ ခန့်မှန်းချက်ကို သက်သေပြလိုက်တာပါပဲ။

​ကျင်းနန် တို့ဟာလည်း ရင်ထဲမှာ သက်ပြင်းချနေမိပါတယ်။

​ဆယ်စုနှစ်အနည်းငယ်တုန်းက သူတို့ဟာ ဝိညာဉ်ခြင်ဆီ ပေါ်ထွက်လာမှုကြောင့် မဟာရှ မှာ ပေါ်လာခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက သူတို့ရှေ့က ဒီလူရဲ့ ကျင့်ကြံမှုဟာ သူတို့ရဲ့ မျက်စိထဲ ထည့်စရာတောင် မလိုခဲ့ပါဘူး၊ သူ့ရဲ့ နောက်ခံက အင်မတန် တောင့်တင်းတာကြောင့်ပဲ ကြောက်ရွံ့ခဲ့ကြတာပါ။

​မထင်မှတ်ထားတာကတော့ တိုတောင်းလှတဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ဒီလူဟာ သူတို့ လက်လှမ်းမမီနိုင်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါပြီ။

​သူနဲ့ ယှဉ်လိုက်ရင် သူတို့ဟာ လောကထဲက လေလွင့်ကျင့်ကြံသူတွေလိုပဲ အရှိန်အဝါတွေ အားလုံး ဆုံးရှုံးသွားသလိုပါပဲ။

​နန်းတော်ခန်းမထဲမှာ ထိုင်မိကြတဲ့အခါ လူတိုင်းက ဒီအတောအတွင်း မီးတောက်အင်ပါယာ ရဲ့ ပြောင်းလဲမှုတွေကို တစ်ယောက်တစ်ပေါက် ပြောပြနေကြပါတယ်။

​အဲဒီအချိန်မှာပဲ တံခါးဝကနေ ရုတ်တရက် လှုပ်ရှားသံတစ်ခု ကြားလိုက်ရပြီး၊ အဲဒီနောက်မှာတော့ တောင်တစ်လုံးလို ခန့်ညားထည်ဝါတဲ့ ပုံရိပ်တစ်ခုက လူအနည်းငယ်ကို ခေါ်ပြီး ဝင်လာပါတယ်။

​လူတိုင်း အနည်းငယ် လန့်သွားကြပေမဲ့ ဖန့်ချန် ရှိနေတာကြောင့် ဒီရုတ်တရက် ပေါ်လာတဲ့ တည်ရှိမှုကို သိပ်ပြီး မကြောက်ကြပါဘူး။

အဲဒီအစား သူ့ဘေးမှာ ပါလာတဲ့ တာအိုမီးတိမ်တိုက် နဲ့ သူမရဲ့ အမျိုးသမီး တပည့်လေးကို မြင်လိုက်ရပါတယ်။

​"မင်း ဒီမှာ ငါ့ကို စောင့်နေမယ်ဆိုတာ ငါ ခန့်မှန်းမိသားပဲ"

​ရှရွှမ်ကျိက ဖန့်ချန်ကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်ပါတယ်။

​တာအိုမီးတိမ်တိုက် ကတော့ လယ်သူမ တို့ကို မျက်စိနဲ့ နှုတ်ဆက်ရင်း ရင်ထဲမှာတော့ အံ့ဩနေမိပါတယ်။

ဒီမဟာရှ ဧကရာဇ်ရဲ့ ခန့်မှန်းချက်က တကယ်ကို မှန်ကန်လွန်းလှပါတယ်။

​"မင်းလည်း ထျန်းဟန်းတံခါး ကိစ္စကို စောစောစီးစီး သိနေမယ်ဆိုတာ ငါ ခန့်မှန်းမိပါတယ်"

​ဖန့်ချန်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။

​"ချီကျန်း က ဆုတ်ခွာချင်နေတာ၊ ငါကတော့ ဝင်မရှုပ်ချင်ပါဘူး မင်းက ကြားဖြတ်ဝင်ပါလာလိမ့်မယ်လို့ မထင်ထားမိဘူး ဒါပေမဲ့လည်း ကောင်းပါတယ်လေ၊ ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ"

​ရှရွှမ်ကျိ က ဖန့်ချန်ဘေးမှာ လာထိုင်ပြီး ကျူးယွဲ တို့ကို အကဲခတ်ကြည့်လိုက်ပါတယ်။

​ကျူးယွဲ ဟာ အမူအရာ တည်တင်းနေပါတယ်။

သူမရဲ့ အကြည့်က ရှရွှမ်ကျိ နဲ့ ဆုံလိုက်တဲ့အခါ ကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေက စတင် လှုပ်ရှားလာပြီး အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါတယ်။

​အရင်တုန်းက သူမဟာ ဖန့်ချန်ရဲ့ ဖိတ်ခေါ်ချက်ကြောင့် ဒီလူကို နှစ်ယောက်သား ပေါင်းပြီး လုပ်ကြံခဲ့ဖူးပါတယ်။

မထင်မှတ်ဘဲ နှစ်အတော်ကြာပြီးနောက်မှာ ဒီလူက ထပ်မံ ပြန်ရောက်လာပြီး မဟာရှ ဧကရာဇ် ဖြစ်လာခဲ့ပြန်ပါတယ်။

​အဲဒီအချိန်တုန်းက သူမ စိုးရိမ်ခဲ့ဖူးပါတယ်။

ဒီနေ့ ဒီနေရာမှာ မြင်လိုက်ရတော့မှ ဒီလူဟာ အရင်တုန်းက အသတ်ခံရတဲ့သူ အစစ်အမှန်ဖြစ်ပြီး ပြန်ရှင်လာတာဖြစ်ကြောင်း သူမ အသေအချာ အတည်ပြုနိုင်လိုက်ပါတယ်။

​"မဟာရှ က လူတွေအားလုံးမှာ ဒီလို ထူးခြားတဲ့ စွမ်းရည်တွေ ရှိကြတာလား "

​ကျူးယွဲ သီလရှင်ကြီးရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပါတယ်။

​ဖန့်ချန်က အရင်တုန်းက အသက်ပေးပြီး သေသွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ရှင်လာခဲ့တယ်။

​အခု ရှရွှမ်ကျိ ကလည်း ထိုနည်းတူပါပဲ...

​"အားလုံးပဲ... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ ငါက ရှရွှမ်ကျိ အခု မဟာရှ ရဲ့ ဧကရာဇ်ပါ လူတိုင်းလည်း ငါ့ကို မစိမ်းကြဘူး ထင်ပါတယ်"

​ရှရွှမ်ကျိ က လူတိုင်းကို တစ်ချက် ဝှေ့ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​အဲဒီလူက မဟာရှ ဧကရာဇ်လား

​လူတိုင်းရဲ့ အမူအရာ ပြောင်းလဲသွားပြီး အသာတကြည်ပဲ ငြိမ်နေကြပါတယ်။

တစ်ဖက်လူက ဘာရည်ရွယ်ချက် ရှိသလဲဆိုတာကိုပဲ နားထောင်ချင်နေကြတာပါ။

​"အခု မီးတောက်အင်ပါယာ တော်ဝင်မိသားစုက ဆုတ်ခွာသွားပြီဆိုတော့၊ ဒီမီးတောက်အင်ပါယာ မှာလည်း အုပ်ချုပ်သူ မရှိလို့ မဖြစ်ဘူး ဒါကြောင့် ဒီနယ်မြေကို ငါ့ရဲ့ မဟာရှ ကပဲ တာဝန်ယူ အုပ်ချုပ်မယ်၊ အားလုံး သဘောတူကြရဲ့လား"

​ရှရွှမ်ကျိ က အေးအေးဆေးဆေး မေးလိုက်ပါတယ်။

​"ဒီကိစ္စက... ပြဿနာ မရှိပါဘူး ကျွန်တော်တို့ ကျင့်ကြံသူတွေက လောကီရေးရာတွေနဲ့ မပတ်သက်ပါဘူး ဘယ်သူ ဧကရာဇ်လုပ်လုပ် ကျွန်တော်တို့မှာ ဘာကန့်ကွက်ချက်မှ မရှိပါဘူး"

​ကျင်းနန် က ချင့်ချိန်ပြီး ပြောလိုက်ပါတယ်။

ပြောနေရင်းနဲ့လည်း ဖန့်ချန်ရဲ့ အမူအရာကို အကဲခတ်ကြည့်လိုက်ရာ ဖန့်ချန်က တည်ငြိမ်နေတာကို တွေ့ရတဲ့အတွက် စိတ်အေးသွားပါတယ်။

​"မင်းတို့မှာ ကန့်ကွက်ချက် မရှိတာတော့ ကောင်းပါတယ် ဒါပေမဲ့ ငါ့ရဲ့ မဟာရှ မှာ စည်းကမ်းတစ်ခု ရှိတယ် အားလုံးပဲ နောင်ကျရင် လိုက်နာနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် တကယ်လို့ ဒီစည်းကမ်းကို ချိုးဖောက်ရင်တော့ ငါ့ကို မျက်နှာမထောက်ဘူးလို့ အပြစ်မတင်ပါနဲ့ ဖန့်ချန် တောင်မှ မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

​ရှရွှမ်ကျိ က ခပ်စူးစူး ပြုံးလိုက်ပြီး ဖန့်ချန်ဘက် လှည့်ကာ

"ဒါက အဖိုးကြီးရဲ့ သဘောထားပဲ"

လို့ ဖြည့်ပြောလိုက်ပါတယ်။

​ဖန့်ချန်က ခေါင်းအသာအယာ ညိတ်ပြပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

​လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထူးဆန်းတဲ့ အမူအရာတွေ ဖြစ်နေကြပါတယ်။

​လယ်သူမ ရင်ခွင်ထဲက ကြက်မကြီးက ရုတ်တရက် မေးလိုက်တယ်

"ဘာစည်းကမ်းလဲ"

​"ရိုးရှင်းပါတယ် နတ်ဘုရားနဲ့ လူသားကြားမှာ ခြားနားချက် ရှိရမယ် နောင်ကျရင် မဟာရှ နယ်မြေထဲက ကျင့်ကြံသူတွေ အားလုံး စည်းကမ်း (၃) ချက်ကို လိုက်နာရမယ် (၁) အလွယ်တကူ တောင်အောက်ဆင်းပြီး တပည့်မရွေးရ၊ (၂) ဂိုဏ်းဝင်ပေါက်တွေမှာ အစီအရင်တွေ ခင်းကျင်းထားပြီး သာမန်လူတွေနဲ့ သီးခြားခွဲထားရမယ်၊ (၃) လောကီရေးရာ ကိစ္စတွေမှာ ဝင်မစွက်ဖက်ရဘူး"

​"နောင်ကျရင် ဒီမီးတောက်အင်ပါယာ ကိုလည်း သာမန်လူသားတွေကပဲ အုပ်ချုပ်လိမ့်မယ် မင်းတို့တွေ ဒီနေရာကို အုပ်ချုပ်တဲ့ သာမန်လူသားတွေနဲ့ ဘယ်လို ပတ်သက်မှုမှ မရှိစေရဘူး"

​ရှရွှမ်ကျိ က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​လူတိုင်းရဲ့ အမူအရာက ထူးဆန်းနေပါတယ်။

ဒီစည်းကမ်းက တင်းကျပ်သလိုလိုနဲ့ မတင်းကျပ်သလို ခံစားရလို့ပါ။

ဘာလို့လဲဆိုတော့ သူတို့အပေါ်မှာ သိပ်ပြီး သက်ရောက်မှု မရှိလို့ပါပဲ၊ သူတို့ကို လောကီလူသားတွေနဲ့ အလှမ်းဝေးအောင် လုပ်လိုက်တာပဲ ရှိတာပါ။

​တကယ်တော့ အရင်ကလည်း သူတို့ ဒီလိုပဲ လုပ်ခဲ့ကြတာပါ၊ ဒါပေမဲ့ အခုလိုမျိုး တိကျတဲ့ စည်းခြားမှု မရှိခဲ့တာပဲ ရှိပါတယ်။

​"ဪ... ဒါနဲ့ ဒီစည်းကမ်းထဲမှာ နောက်ထပ် တစ်ချက် ပါသေးတယ် သာမန်လူတွေရှေ့မှာ ကိုယ့်ရဲ့ စွမ်းအားတွေကို အလွယ်တကူ မပြရဘူး တကယ်လို့ တိုက်ခိုက်မှုတွေကြောင့် လောကီနယ်ပယ်ကို ထိခိုက်စေခဲ့ရင်တော့... အသတ်ခံရမယ်"

​ရှရွှမ်ကျိ က ပြောလိုက်ပါတယ်။

​လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဒီစည်းကမ်းက သူတို့ကို သံကြိုးခတ်လိုက်သလိုပါပဲ၊ နောင်ကျရင် စိတ်တိုင်းကျ လုပ်လို့ မရတော့ဘူးလား

​"ဖန့်ချန်... ဒီစည်းကမ်းအနည်းငယ်က မင်းရဲ့ စိတ်တိုင်းကျ ဖြစ်ရဲ့လား "

​ရှရွှမ်ကျိ က ဖန့်ချန်ကို လှမ်းကြည့်လိုက်ပါတယ်။

​ဖန့်ချန်ရဲ့ အမူအရာက အနည်းငယ် ထူးဆန်းသွားပြီး ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်တယ်

"ဒါက... ငါ့စိတ်ကြိုက်ပါပဲ"

​သာမန်လူသားတွေရဲ့ အရာအားလုံးကို သာမန်လူသားတွေကပဲ စီမံတာက အသင့်တော်ဆုံးပါပဲ။

​ကျင့်ကြံသူတွေဟာ သာမန်လူသားတွေနဲ့ အမြဲတမ်း ကွာခြားချက်ကြီးမားပါတယ်။

တချို့သော ဆုံးဖြတ်ချက်တွေဟာ အောက်ခြေက သာမန်လူသားတွေအတွက် ထည့်သွင်းစဉ်းစားပေးမှာ မဟုတ်ပါဘူး။

​ဥပမာအားဖြင့် အရင်တုန်းက ချင်မျိုးနွယ်နဲ့ လန်ယာ မျိုးနွယ်တို့ရဲ့ တိုက်ပွဲတုန်းကလိုပေါ့။

​တကယ်တော့ နှစ်ဖက်လုံးက အောက်ခြေက သာမန်လူသားတွေ ဒီတိုက်ပွဲကြားမှာ ဘယ်လို အခြေအနေမျိုး ကြုံတွေ့ရမလဲဆိုတာကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ကြပါဘူး။

​အခန်း (၉၀၈) သရဲမြင်ရခြင်း

​လူတိုင်း ခဏကြာ ဆွေးနွေးကြပြီးနောက် ကျင်းနန် တို့ဟာ ရှရွှမ်ကျိ ရဲ့ ရည်ရွယ်ချက်ကို တဖြည်းဖြည်း နားလည်လာကြပြီး ယင်းရဲ့ အကျိုးအပြစ်ကို ငြိမ်သက်စွာ စဉ်းစားနေကြပါတယ်။

​တကယ်တမ်း နတ်ဘုရားနဲ့ လူသား သီးခြားခွဲခြားဖို့ဆိုတာ မခက်ခဲပါဘူး။

တပည့်တွေကို ထိန်းချုပ်မယ်၊ ဂိုဏ်းအနီးအနားမှာ အစီအရင်တစ်ခု လုပ်ထားမယ်ဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။

​ဒါပေမဲ့... ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာအတွက်လဲ

​လောကီကံကြမ္မာ အကျိုးအပေး တွေနဲ့ မပတ်သက်အောင်လား ဒါပေမဲ့ ဒီအမှန်တရားကို ကျင့်ကြံသူအများစုက နားလည်ထားကြပြီးသားပါ။

ဘေးဒုက္ခတွေကို ကျော်ဖြတ်ရခက်မှာစိုးလို့ သူတို့ကိုယ်တိုင်လည်း ဒီကံကြမ္မာတွေနဲ့ အလွယ်တကူ မပတ်သက်အောင် နေကြတာပါပဲ။

​"စီနီယာရှ... စီနီယာရဲ့ ဒီအချက်တွေကို ကျွန်တော်တို့ သဘောတူနိုင်ပါတယ် ဒါပေမဲ့ ကျွန်တော် သိချင်တာက ဒီလိုမျိုး ထည့်သွင်းစဉ်းစားရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာပါပဲ"

​ကျင်းနန် က လက်အုပ်ချီ ဂါရဝပြုပြီး မေးလိုက်ပါတယ်။

​"ငါ့ကို မမေးနဲ့၊ ငါကလည်း အမိန့်အတိုင်း လုပ်ဆောင်နေတာပဲ မင်းတို့လည်း ငါ့လိုပဲ စီစဉ်ထားတဲ့အတိုင်း နာခံလိုက်ကြရုံပဲ တကယ်လို့ လက်မခံနိုင်ရင် ဒီနေရာကနေ ထွက်သွားလို့ရတယ် ဒါပေမဲ့ မဟာရှ ရဲ့ နယ်မြေက မီးတောက်အင်ပါယာ မှာတင် ရပ်တန့်သွားမှာ မဟုတ်ဘူး"

​ရှရွှမ်ကျိ က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

တကယ်လို့ မထွက်သွားလို့ ရရင်တော့ သူတို့လည်း ထွက်မသွားချင်ကြပါဘူး။

အခြေခံတွေအားလုံးက ဒီမှာပဲ ရှိတာလေ၊ ထွက်သွားရင် အစကနေ ပြန်စရတော့မှာ မဟုတ်လား။

​ဒါကို တွေးမိတော့ လူတိုင်းလည်း အခြေအမြစ်အထိ ထပ်ပြီး မမေးမြန်းတော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

​မကြာခင်မှာပဲ ရင်းနှီးတဲ့သူအချို့ကလွဲလို့ ကျင်းနန် တို့လို ကျင့်ကြံသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားကြပါတယ်။

သူတို့လည်း ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ လုပ်ရဦးမှာပါ။

ဒီတစ်ခါ မီးတောက်အင်ပါယာ တော်ဝင်ဘိုးဘေးရဲ့ လုပ်ရပ်ကြောင့် ဂိုဏ်းအသီးသီးမှာ တုံ့ပြန်မှုတွေ လုပ်ထားခဲ့ရတာဖြစ်လို့ အခုတော့ အရင်အတိုင်း ပြန်ဖြစ်အောင် လုပ်ရပါဦးမယ်။

​"ဖန့်ချန်... မင်းက ဒီနှစ်ပိုင်းတွေမှာ အရိပ်အယောင်တောင် မမြင်ရဘူး ဒီတစ်ခါရော ဘယ်လောက်ကြာကြာ နေမှာလဲ"

​ရှရွှမ်ကျိ က ခပ်ပေါ့ပေါ့ပဲ မေးလိုက်ပါတယ်။

​"သိပ်မကြာပါဘူး"

​ဖန့်ချန်က ရှရွှမ်ကျိ ကို တစ်ချက်ကြည့်လိုက်ပြီး

"တစ်စုံတစ်ယောက်က အလယ်ပိုင်းဒေသ ကို အစားထိုး သိမ်းပိုက်ချင်နေတာလား"

​"မင်း ဒီသတင်းကို ဘယ်က ကြားတာလဲ"

​ရှရွှမ်ကျိ ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။

​"ဒါကိုတော့ မင်း မမေးပါနဲ့ ဘယ်သူလဲ"

​ဖန့်ချန်က မေးပါတယ်။

​ခန်းမထဲမှာ ကျန်နေသေးတဲ့ ကျူးယွဲ သီလရှင်ကြီး၊ တာအိုမီးတိမ်တိုက် နဲ့ လယ်သူမ တို့ရဲ့ အမူအရာတွေက ထူးဆန်းနေပါတယ်။

​အလယ်ပိုင်းဒေသ အဆင့် (၁) အင်ပါယာ ဖြစ်တဲ့ အလယ်ပိုင်းအင်ပါယာ ကို ပြောတာလား

​ဒီလူနှစ်ယောက်က ဘာလို့ အဆင့် (၁) အင်ပါယာ အကြောင်းကို ပြောနေကြတာလဲ ဒါက တောက သူတောင်းစားတွေက နန်းတွင်းရေးရာတွေကို ဆွေးနွေးနေသလိုမျိုး ဖြစ်နေလို့ သူတို့အတွက်တော့ ရယ်စရာကောင်းနေပါတယ်။

​"ဘယ်သူရှိဦးမှာလဲ"

​ရှရွှမ်ကျိ က အေးအေးဆေးဆေး ပြောလိုက်တယ်

"ငါ့ရဲ့ အဲဒီ ဝိညာဉ်ခွဲ ပေါ့ သူ မသိတာက ငါက တစ်ခါတလေ သူ့ရဲ့ အတွေးတွေကို ချောင်းကြည့်လို့ ရတယ်ဆိုတာပဲ ဘာပဲဖြစ်ဖြစ် ငါကသာ မူရင်းကိုယ်ထည် လေ"

​"နဂါးစားဘုရင် သူက အလယ်ပိုင်းဒေသကို အစားထိုး သိမ်းပိုက်ချင်နေတာလား"

​ဖန့်ချန်ရဲ့ အမူအရာက လှုပ်ရှားသွားပါတယ်။

​ရှရွှမ်ကျိ ပြောတဲ့စကားက အမှန်လား၊ အမှားလားဆိုတာ လောလောဆယ် အတည်မပြုနိုင်သေးပါဘူး။

တကယ်လို့သာ အမှန်ဆိုရင် နဂါးစားဘုရင် ရဲ့ နောက်ကွယ်မှာ ရှိနေတာက သွေးဝိညာဥ်ဂိုဏ်း ရဲ့ အဲဒီ ဝိညာဥ်နတ်ဘုရား ပဲ။

သူက ဒီဝိညာဥ်နတ်ဘုရားကို အားကိုးပြီး အလယ်ပိုင်းဒေသရဲ့ အရှင်သခင်နေရာကို ထိုင်ချင်နေတာလား

​ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပါတယ်။

ဒီသုံးသပ်ချက်က မှားနေနိုင်ပါတယ်။

​အရင်တုန်းက သူထင်ခဲ့တာက သွေးဝိညာဥ်ဂိုဏ်း ရဲ့ နောက်ကွယ်က ဂိုဏ်းချုပ်ရဲ့ စွမ်းအားဟာ အလယ်ပိုင်းဒေသက တခြားဂိုဏ်းချုပ်တွေလောက် မရှိဘူးလို့ပါ။

ဒီအထင်က အခုပြန်ကြည့်ရင်တော့ တော်တော်လေး အပေါ်ယံ ဆန်လွန်းနေပါပြီ။

​သွေးဝိညာဥ်ဂိုဏ်း ရဲ့ အင်အားက နယ်ပယ်အသီးသီးမှာ ပျံ့နှံ့နေတာပဲ၊ ဘယ်လိုကြည့်ကြည့် တောရိုင်းကျောင်းတော် တာအိုဂိုဏ်း တို့ထက် အများကြီး ပိုတောင့်တင်းပါတယ်။

​ဒီဝိညာဥ်နတ်ဘုရား ရဲ့ နည်းလမ်းတွေက လီချန်စန်း ထက်တောင် ပိုကောင်းနိုင်သလို၊ သွေးဝိညာဥ်ဂိုဏ်း ရဲ့ နောက်ကွယ်မှာ တခြားဂိုဏ်းချုပ်တွေလည်း ရှိနေနိုင်ပါသေးတယ်။

​တကယ်လို့သာ အဲဒီလိုဆိုရင် နဂါးစားဘုရင် အားကိုးနေတာက ဝိညာဥ်နတ်ဘုရား တစ်ယောက်တည်းတင် မဟုတ်တော့ပါဘူး...

​"မင်း ဒါတွေကို ဘာလို့ စဉ်းစားနေတာလဲ ဒီကိစ္စတွေက မင်းနဲ့ ဘာဆိုင်လို့လဲ ဒီဘက်မှာ စိတ်နှစ်နေမယ့်အစား မင်းရဲ့ ကျင့်ကြံမှုကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာပဲ စဉ်းစားစမ်းပါ"

​"ကျင့်ကြံလာတာ နှစ်ပေါင်း (၅၀) ကျော်ပြီ အခုထိ အောက်ခြေအဆင့် ၄ ဆင့် မှာပဲ ရှိနေသေးတယ် ဒီနှုန်းက သာမန်ကျင့်ကြံသူတွေထက် အများကြီး ပိုမြန်နေတာ မှန်ပေမဲ့ အားကြီးတဲ့သူတွေရဲ့ မျက်လုံးထဲမှာတော့ ပိုးကောင်လေး တစ်ကောင်ပါပဲ မင်း သူတို့ကိုယ်ပေါ် တက်သွားရင်တောင် သူတို့က သိပ်ဂရုစိုက်မှာ မဟုတ်ဘူး"

​ရှရွှမ်ကျိ က လှောင်ပြောင်လိုက်ပါတယ်။

​ဖန့်ချန်က ပြုံးလိုက်ပြီး

"ငါ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ကို ရောက်နေပြီ"

​"မင်း စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့်ကို ရောက်သွားပြီ"

​ရှရွှမ်ကျိ က ခဏတာ မှင်တက်သွားပါတယ်။

​တာအိုမီးတိမ်တိုက် တို့ရဲ့ ရင်ထဲမှာတော့ လှိုင်းလုံးကြီးတွေ ရိုက်ခတ်သွားပါတော့တယ်။

စောစောက သူတို့ ခန့်မှန်းထားကြတာက ရွှေအမြုတေအဆင့် ဒါမှမဟုတ် ဝိညာဥ်သန္ဓေသားအဆင့် လောက်ပဲ ရှိလိမ့်မယ်လို့ပါ။

အလယ်အဆင့် ၃ ဆင့် ဘက်ကို လုံးဝ မတွေးမိခဲ့ကြပါဘူး။

​ရွှေအမြုတေအဆင့် ဆိုတာ အဆင့် (၅) အင်ပါယာကို တာဝန်ယူနိုင်ပြီ၊ ဝိညာဥ်သန္ဓေသားအဆင့် ဆိုတာ အဆင့် (၄) အင်ပါယာကို တာဝန်ယူနိုင်ပြီ။

စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ ဆိုတာကတော့...

​သူတို့တစ်သက်မှာ တစ်ခါမှတောင် မမြင်ဖူးပါဘူး။

အဲဒါတွေက အဆင့် (၃) အင်ပါယာက အကြီးအကဲကြီးတွေလေ။

သူတို့ အခုထိ ရောက်ဖူးသမျှ အဝေးဆုံးနေရာက မဟာချန်း တို့လို နေရာမျိုးတွေပါပဲ။

​ယွင်ချန်း နဲ့ ယိုရှန်း လို အဆင့် (၄) အင်ပါယာ နှစ်ခုကိုတောင် တစ်ခါမှ မရောက်ဖူးကြပါဘူး...

​နှစ်ပေါင်း (၅၀) ကျော်... သူတို့ရဲ့ စွဲမြဲနေတဲ့ အတွေးအခေါ်ထဲမှာ ဒီလောက်အချိန်တိုလေးအတွင်းမှာ ကျင့်ကြံသူတစ်ယောက်က ချီသန့်စင်ခြင်းအဆင့် (၁) ကနေ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ဆိုတာတောင် ပါရမီ အင်မတန် ထူးချွန်ပြီး အရင်းအမြစ်တွေ အများကြီး သုံးနိုင်မှ ဖြစ်နိုင်တာမျိုးပါ။

​ပါရမီရှင် အယောက် (၁၀၀) မှာတောင် တစ်ယောက် ပေါ်ဖို့ မလွယ်ပါဘူး...

​သူတို့ ဒီလောက် တုန်လှုပ်သွားရတာက ဖန့်ချန် ကျင့်ကြံမှု နိမ့်ပါးစဉ်ကတည်းက သူတို့နဲ့ ထိတွေ့မှု ရှိခဲ့ဖူးလို့ပါပဲ။

​ယဲ့ဝမ်ရှု တို့ကတော့ ဘာမှ မအံ့ဩကြပါဘူး၊ သူတို့အတွက်ကတော့ ဒါက ရိုသေလေးစားစရာ ကောင်းပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလို့ပဲ ယူဆထားကြတာပါ။

​"စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့်လား ဟဲဟဲ... ထွက်ခွာခြင်းအဆင့် ဆိုတာ အလယ်အဆင့် ၃ ဆင့် ရဲ့ ပထမဆုံး ခြေလှမ်းပဲ ရှိသေးတာ နောက်မှာ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ပေါင်းစပ်ခြင်းအဆင့် တွေ ရှိသေးတယ် မင်း အထက်အဆင့် ၃ ဆင့် ကို ရောက်မှပဲ ဒီကိစ္စတွေကို ဝင်စွက်ဖက်ဖို့ တော်ကာကျမယ်"

​ရှရွှမ်ကျိ က ပြောပြောဆိုဆိုနဲ့ မတ်တပ်ရပ်ပြီး အပြင်ကို ထွက်သွားပါတယ်။

တာအိုမီးတိမ်တိုက် နဲ့ မင်းသမီး (၆) တို့ကလည်း အမြန်ပဲ နောက်က လိုက်သွားကြပါတယ်။

​"ငါ လုပ်စရာတွေ ရှိသေးတယ်၊ အရင် နှုတ်ဆက်လိုက်ပါရစေ"

​နန်းတော်ကနေ ထွက်လာတဲ့အခါမှာတော့ ရှရွှမ်ကျိ ရဲ့ အမူအရာက ပြောင်းလဲသွားပါတယ်

​"ငါ လူပျိုတုန်းကတောင် ဒီလောက်မြန်တဲ့ ကျင့်ကြံမှုနှုန်း မရှိခဲ့ပါဘူး သူက ဘာနတ်ဆေးတွေ စားထားလို့လဲ...

​"ငါ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်တုန်းက ဘယ်အဆင့်မှာ ရှိနေတာလဲ အခြေခံတည်ဆောက်ခြင်းလား ရွှေအမြုတေအဆင့်လား "

​တာအိုမီးတိမ်တိုက် နဲ့ မင်းသမီး (၆) တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အမူအရာတွေက ထူးဆန်းနေပါတယ်။

​............

​ရှရွှမ်ကျိ ထွက်သွားပြီးနောက်မှာ ဖန့်ချန်က ချင်းဟဲ သီလရှင်လေး ဆီကို ကြည့်လိုက်ပါတယ်။

သူမက အခု နန်းတော်ရဲ့ ထောင့်တစ်နေရာကို စိုက်ကြည့်နေပါတယ်။

​ကျူးယွဲ သီလရှင်ကြီးကလည်း တစ်ခုခုကို သတိပြုမိသွားပါတယ်။

ချင်းဟဲ ရဲ့ ဒီလိုပုံစံကတော့ လေလွင့်ဝိညာဉ် တွေကို မြင်နေရတာ သေချာပါတယ်။

​"ဘိုးဘေး... ဒီကောင်တွေရဲ့ နောက်ခံက သိပ်မရိုးရှင်းဘူး"

​ကျန်ကျောက်မင်းသား က ရှရွှမ်ကျိ ဆီကနေ အကြည့်လွှဲပြီး ဖန့်ချန်ကို တစ်ချက် ကြည့်လိုက်ရာမှာ အမူအရာက လေးနက်နေပါတယ်။

​သူနဲ့ ချီကျန်း ရဲ့ ဘေးနားမှာတော့ ထျန်းဟန်းတံခါး မှာ သေဆုံးသွားခဲ့တဲ့ နန်းတော်ကျင့်ကြံသူ အများကြီး ရှိနေပါတယ်။

သူတို့ဟာ သေပြီးနောက် လေလွင့်ဝိညာဉ် ဖြစ်သွားတာကို သိလိုက်ကတည်းက ဖန့်ချန်ရဲ့ နတ်ဘုရားလှေကို ကပ်လိုက်ပြီး ဒီနေရာကို ရောက်လာကြတာပါ။

​အဓိကကတော့ ဖန့်ချန်ရဲ့ နောက်ခံက ဘာလဲဆိုတာကို သိချင်လို့ပါ၊ အခု သူနဲ့ ရှရွှမ်ကျိ တို့ရဲ့ စကားဝိုင်းကို ကြားလိုက်ရတဲ့အခါမှာတော့ ရင်ထဲမှာ ထိတ်လန့်သလို၊ ဇဝေဇဝါလည်း ဖြစ်သွားကြပါတယ်။

​ချီကျန်း က ဖန့်ချန်ကို အေးစက်စွာ ကြည့်ရင်း တိုးတိုးလေး ပြောလိုက်တယ်

"ဒီကောင် ဘယ်သူပဲဖြစ်ဖြစ်၊ သူ ငါ့ကို သတ်ခဲ့တာ မကြာခင်မှာ သူလည်း ငါတို့ဆီကို ဆင်းလာပြီး အဖော်လုပ်ရမှာပဲ"

​ကျန်ကျောက်မင်းသား က တစ်ခုခုကို စဉ်းစားမိသလို ခေါင်းညိတ်လိုက်ပြီး ချင်းဟဲ ဆီကို ကြည့်လိုက်တယ်

"ဒီမိန်းမက ငါတို့ကို မြင်နေရတာပဲ ကောလာဟလတွေက အမှန်ပဲ၊ သူမမှာ မွေးရာပါ ယင်ယန်မျက်လုံး ပါတာပဲ"

​"မင်းနာမည်က ချင်းဟဲ မဟုတ်လား"

​ချီကျန်း က ချင်းဟဲ ကို ကြည့်လိုကယ်

"ဒီဖန့်ချန်ကို ငါ့ကိုယ်စား စကားတစ်ခွန်း ပါးပေးစမ်းပါ ငါ ချီကျန်း က အောက်မှာ သူ့ကို စောင့်နေမယ်လို့ သူ ရောက်လာတဲ့အခါ ငါ အရက်တိုက်ပြီး ဧည့်ခံမယ်လို့ ပြောလိုက်ပါ"

​ကျန်ကျောက်မင်းသား နဲ့ နန်းတော်ကျင့်ကြံသူတွေဟာ ရက်စက်တဲ့ အပြုံးတွေကို ပြုံးလိုက်ကြပြီး မျက်လုံးထဲမှာတော့ အမုန်းတရားတွေ ပြည့်နှက်နေပါတယ်။

​မူလက သူတို့မှာ ကောင်းမွန်တဲ့ အနာဂတ်တွေ ရှိနေတာပါ၊ အခုတော့ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အထီးကျန်ဝိညာဉ်တွေ ဖြစ်သွားရပါပြီ။

ဒါတွေအားလုံးက ဒီဖန့်ချန်ကြောင့်ပါပဲ။

​တစ်ဖက်လူ သေသွားတဲ့အခါ သူတို့တွေ ကောင်းကောင်းကြီး ဧည့်ခံ ပေးဖို့ စောင့်နေကြပါတယ်။

​ကျူးယွဲ သီလရှင်ကြီးက တိုးတိုးလေး မေးလိုက်တယ်

"ချင်းဟဲ... ဘာတွေ မြင်နေရပြန်ပြီလဲ"

​ချင်းဟဲ က ပြောရခက်နေပြီး ဖန့်ချန်ကို ကြည့်ကာ ဝေခွဲမရ ဖြစ်နေပါတယ်။

​ဖန့်ချန်က ပြုံးလိုက်ပြီး ချီကျန်း ကို ကြည့်ကာ

"သူမကို ပါးခိုင်းနေစရာ မလိုပါဘူး၊ ငါ ကြားပြီးသားပါ"

​ကျူးယွဲ သီလရှင်ကြီးရဲ့ အမူအရာက လေးနက်သွားပါတယ်။

ကြည့်ရတာ ဒီခန်းမထဲမှာ တကယ်ပဲ လေလွင့်ဝိညာဉ်တွေ ရှိနေတာ သေချာပါပြီ၊ အဲဒါ ထျန်းဟန်းတံခါး မှာ သေသွားတဲ့ ချီကျန်း တို့ ဖြစ်ဖို့ များပါတယ်။

​ချင်းဟဲ က အံ့ဩတကြီးနဲ့ ဖန့်ချန်ကို ကြည့်နေမိပါတယ်။

​ယဲ့ဝမ်ရှု တို့ကတော့ ဖန့်ချန် လေထဲကို စကားပြောနေတာ မြင်ဖူးထားတာကြောင့် အနည်းငယ် ထူးဆန်းနေပေမဲ့ သိပ်တော့ မအံ့ဩပါဘူး။

​လယ်သူမ နဲ့ သူမ ရင်ခွင်ထဲက ကြက်မကြီးကတော့ ဖန့်ချန် ကြည့်နေတဲ့ နေရာကို လှမ်းကြည့်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်နေကြပါတယ်။

​ဒါက... တကယ်ပဲ သရဲမြင်ရတာလား

​ချီကျန်း တို့လို လေလွင့်ဝိညာဉ်တွေဟာလည်း သရဲမြင်ရသလို အမူအရာမျိုးနဲ့ ဖန့်ချန်ကို ကြောင်ကြည့်နေကြပြီး အချိန်အတော်ကြာတဲ့အထိ သတိမဝင်နိုင်ကြပါဘူး။

All Chapters