← Chapters

အခန်း (၉၀၉-၉၁၀)

Vol. 91 Ch. 909-910

အခန်း (၉၀၉-၉၁၀)

Vol. 91 Ch. 909-910

​အခန်း (၉၀၉) မင်းကို ယင်လောကဆီ ခေါ်သွားမယ

​"ဘာလို့ စကားမပြောတော့တာလဲ ငါ့ကို အရက်တိုက်မယ်ဆို"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​"မင်း... မင်း ငါတို့ကို မြင်နေရတာလား"

​ချီကျန်းရဲ့ အကြည့်တွေက မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားပါတယ်။

​သူတို့တွေ စောစောက နတ်ဘုရားလှေကို စီးပြီး လိုက်လာခဲ့တုန်းက တစ်လမ်းလုံး ဖန့်ချန်က သူတို့ကို မြင်နေရတယ်ဆိုတာမျိုး အရိပ်အယောင်တောင် မပြခဲ့တာကြောင့် ရင်ထဲမှာ ဒေါသတွေ ထွက်လာမိပါတယ်။

​တစ်ဖက်လူက သူတို့ကို လူအသလိုမျိုး တစ်ချိန်လုံး လှည့်စားနေခဲ့တာလား

​"အရက်ကော"

​ဖန့်ချန်က ပြုံးပြီး မေးပါတယ်။

​ချီကျန်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်တယ်

"မြင်နေရတော့ရော ဘာဖြစ်လဲ၊ မင်းမှာ မွေးရာပါ ယင်ယန်မျက်လုံး ရှိတယ်လို့ပဲ ပြောလို့ရမှာပေါ့ မြင်ရတာက တစ်ကိစ္စ၊ ထိတွေ့ကိုင်တွယ်လို့ မရတာက နောက်တစ်ကိစ္စပဲ"

"​တကယ်လို့ မင်းမှာ ငါတို့ကို အန္တရာယ်ပြုနိုင်တဲ့ နည်းလမ်းရှိရင် ငါတို့ကို ဝိညာဉ်လွင့်စင်အောင် စောစောစီးစီး လုပ်ခဲ့မှာပေါ့ ငါတို့ကို မမြင်ချင်ယောင်ဆောင်ပြီး ဟန်ဆောင်နေစရာ အကြောင်းမရှိဘူး"

​ကျန်ကျောက်မင်းသား တို့လည်း စိတ်သက်သာရာ ရသွားကြပါတယ်။

​ချီကျန်း ရဲ့ စကားက သူတို့ကို သတိပေးလိုက်သလိုပါပဲ။

​တကယ်လို့ တစ်ဖက်လူမှာ သူတို့ကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းသာ ရှိခဲ့ရင် တစ်လမ်းလုံး သူတို့ ရှေ့မှာ ဟိုဟိုဒီဒီ သွားနေတာကို ကြည့်နေမှာ မဟုတ်ဘဲ အစောကြီးကတည်းက လက်စသတ်ခဲ့မှာပါ။

​"ကြည့်ရတာ ဒါက ယင်နဲ့ ယန် ခြားနားခြင်း ပဲ၊ ကျင့်ကြံသူ ဖြစ်နေရင်တောင် လေလွင့်ဝိညာဉ်တွေကို သက်ရောက်မှု မရှိနိုင်ဘူးပေါ့"

​ချီကျန်းက သက်ပြင်းချသလိုနဲ့ ပြောလိုက်တယ်

"ဒါကလည်း ကောင်းတာပါပဲ အဲဒီမိန်းကလေးကို ပါးခိုင်းနေစရာ မလိုတော့ဘူး စောစောက စကားအတိုင်းပဲ၊ မင်း အောက်ကို ဆင်းလာတဲ့အခါ ငါ မင်းကို အရက်တိုက်မယ်"

​"ဖန့်သခင်လေး... အခု ဒီလို အထီးကျန်ဝိညာဉ်၊ သရဲတစ္ဆေတွေကို မြင်နေရတာလား "

​ချင်းဟဲ သီလရှင်လေးက ဖန့်ချန်ရဲ့ ဘေးကို တိုးကပ်လာပြီး စပ်စုချင်စိတ်နဲ့ မေးလိုက်ပါတယ်။

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။

​ချင်းဟဲ သီလရှင်လေးက နည်းနည်းတော့ ဝမ်းသာသွားပြီးမှ တိုးတိုးလေး ဖျောင်းဖျလိုက်တယ်

"မြင်နေရလည်း ကိစ္စမရှိပါဘူး မမြင်ချင်ယောင်ပဲ ဆောင်ထားလိုက်ပါ သူတို့ပြောတာတွေကိုလည်း ထည့်မတွက်ပါနဲ့ ဘာပဲဖြစ်ဖြစ် သူတို့က လူ့လောကကို ဘာမှ မလုပ်နိုင်တော့ဘူးလေ သူတို့ရဲ့ စကားတွေကြောင့် စိတ်မဆိုးပါနဲ့"

​"ကြည့်ရတာ လေလွင့်ဝိညာဉ် တော်တော်များများက မင်းအပေါ် မယဉ်ကျေးကြဘူး ထင်တယ် သူတို့ ဆဲတာ ခံဖူးလို့လား"

​ဖန့်ချန်က ရယ်မောပြီး မေးလိုက်ပါတယ်။

​ချင်းဟဲ သီလရှင်လေးက ခေါင်းညိတ်ပြတယ်

"တချို့ လေလွင့်ဝိညာဉ်တွေက သေပြီးနောက်မှာ မကျေနပ်ချက်တွေ ရှိနေကြတယ် သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ကျွန်မက မဖြည့်ဆည်းပေးနိုင်တဲ့အခါ သူတို့က စိတ်တိုပြီး ဆဲကြတာပေါ့ ဒါပေမဲ့ ကျွန်မကတော့ ဘယ်တုန်းကမှ စိတ်ထဲ မထားပါဘူး ဂရုမစိုက်ပါနဲ့"

​လယ်သူမ တို့ဟာ သူတို့နှစ်ယောက် ပြောနေတာကို ကြည့်ပြီး အခြေအနေကို ရိပ်မိလာကြပါတယ်။

​ဒီချင်းဟဲ သီလရှင်လေးက မွေးရာပါ ယင်ယန်မျက်လုံး ရှိပြီး လေလွင့်ဝိညာဉ်တွေကို မြင်နိုင်သလို စကားပြောနိုင်တယ်ဆိုတဲ့ ကောလာဟလက အမှန်ပဲကိုး။

အခုတော့ သူမတင်မကဘဲ ဖန့်သခင်လေးကပါ လေလွင့်ဝိညာဉ်တွေကို မြင်နေရတာပဲ။

​"ပါရမီ ထူးချွန်တဲ့သူတွေ ထူးခြားတဲ့သူတွေမှာ သာမန်ကျင့်ကြံသူတွေ မရှိတဲ့ တန်ခိုးအာဏာတွေ တစ်မျိုးမဟုတ် တစ်မျိုး ရှိတတ်ကြတာပဲ နတ်ဘုရားနဲ့ သရဲတွေကို မြင်နိုင်တာကလည်း အဲဒီအထဲက တစ်မျိုး ဖြစ်လိမ့်မယ်"

​လူတိုင်းက ရင်ထဲမှာ တိတ်တဆိတ် ခန့်မှန်းနေကြပါတယ်။

​"ဒီမိန်းကလေး ပြောတာ မှန်တယ် မင်းလည်း ငါတို့ကို ဘာမှ မလုပ်နိုင်မှတော့ မမြင်ချင်ယောင် မကြားချင်ယောင် ဆောင်ထားတာကပဲ စိတ်အနှောင့်အယှက် မဖြစ်ရအောင် အကောင်းဆုံးပဲ"

​ချီကျန်း က ပြုံးပြီး ပြောလိုက်ပါတယ်။

​ချင်းဟဲ ရဲ့ မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေ ဖြတ်သန်းသွားပါတယ်။

ဖန့်သခင်လေးက လေလွင့်ဝိညာဉ်တွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ မသိသေးဘဲ သူတို့စကားကို တကယ် စိတ်ထဲထားမိပြီး ဒေါသကို မဖြေဖျောက်နိုင်ရင် ကျင့်ကြံမှု အခြေအနေ ကို ထိခိုက်မှာ စိုးရိမ်နေတာပါ။

​ဖန့်ချန်က ချင်းဟဲ ရဲ့ စိုးရိမ်မှုကို ခံစားမိတာကြောင့် မနေနိုင်ဘဲ ပြုံးလိုက်ပြီး မြေကြီးကို ခြေတစ်ချက် ခပ်ဖွဖွ ဆောင့်လိုက်ပါတယ်။

​"လီပါးတောက်... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

​လီပါးတောင်း ပေါ်လာတာနဲ့ ချက်ချင်းပဲ ဖန့်ချန်ကို ဦးညွှတ် ဂါရဝပြုပါတယ်။

ဒီတစ်ခါမှာတော့ သူက အဝတ်အစား သေသေသပ်သပ်နဲ့ အားလုံး ပြင်ဆင်ပြီးသား ပုံစံမျိုးပါ။

​"ဒါက..."

​ချင်းဟဲ ရဲ့ အမူအရာက ပြောင်းလဲသွားပါတယ်။

ရုတ်တရက် ပေါ်လာတဲ့ ဒီလေလွင့်ဝိညာဉ်က သူမကို ထူးဆန်းတဲ့ ခံစားချက်မျိုး ပေးနေပါတယ်။

သာမန် ဝိညာဉ်တွေနဲ့ မတူဘဲ တစ်ဖက်လူရဲ့ ကိုယ်ပေါ်က ယင်စွမ်းအားတွေက သိသိသာသာကို ထူထပ်လွန်းနေလို့ပါ။

​ချီကျန်း ရဲ့ မျက်နှာလည်း ပျက်သွားပါတယ်။

သူက ဖန့်ချန်ဆီကနေ ဘယ်လို ခြိမ်းခြောက်မှုကိုမှ မခံစားရပေမဲ့ လီပါးတောင်း ဆီကနေတော့ အရိုးထဲအထိ စိမ့်ဝင်သွားတဲ့ အေးစိမ့်မှုကို ခံစားနေရပြီး ကြက်သီးမွေးညင်းတွေတောင် ထကုန်သလိုပါပဲ။

​"ထပါ၊ အားနာနေစရာ မလိုဘူး"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​လီပါးတောင်း ကတော့ ရင်ထဲမှာ စိတ်လှုပ်ရှားနေပါတယ်။

ဒီအရှင်က သူ့ကို တစ်ခုပြီးတစ်ခု အလုပ်တွေ ခိုင်းနေတာဟာ သူ့ကို ယုံကြည်ရတဲ့ လက်ရုံး တစ်ယောက်လို သဘောထားနေတာပဲ မဟုတ်လား

​ဒါကို တွေးမိတော့ လီပါးတောင်း က ဝှေ့ကြည့်လိုက်ရာမှာ ချီကျန်း တို့ကို မြင်သွားပြီး ချက်ချင်းပဲ ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တယ်

​"မင်းတို့လို လေလွင့်ဝိညာဉ် သရဲတစ္ဆေတွေက အရှင်မင်းကြီးကို မြင်တာတောင် မဒူးထောက်ဘဲ ဘာလို့ ရပ်နေကြတာလဲ"

​"မင်းက... ဘယ်သူလဲ..."

​ချီကျန်း ကြောင်သွားပါတယ်။

​လီပါးတောင်း က ဘာမှ မတွေးဘဲ ချီကျန်း ရဲ့ ရှေ့ကို ချက်ချင်း ရောက်သွားပြီး ပါးကို ရိုက်ချလိုက်ပါတော့တယ်။

​ဖျန်း

​ချီကျန်း ရဲ့ ယင်စွမ်းအားတွေ လွင့်စင်သွားပြီး ဝိညာဉ်တောင် လွင့်စင်တော့မတတ် ခံစားလိုက်ရပါတယ်။

​ကျန်ကျောက်မင်းသား တို့လို ဝိညာဉ်တွေဟာ လီပါးတောက် ရဲ့ လက်ချက်ထဲကနေ သူတို့ မယှဉ်နိုင်တဲ့ ကြောက်မက်ဖွယ် ယင်စွမ်းအားတွေကို ခံစားလိုက်ရတာကြောင့် ထိတ်လန့်တကြားနဲ့ နောက်ကို ဆုတ်သွားကြပါတယ်။

​"ဒူးထောက်စမ်း"

​လီပါးတောက် က အေးစက်စွာ ပြောလိုက်တယ်

"ငါ ဒုတိယအကြိမ် ထပ်မပြောဘူး"

​ချီကျန်း တစ်ယောက် သတိပြန်ဝင်လာတဲ့အခါ ဝိညာဉ်လွင့်စင်သွားမယ့် အန္တရာယ်ကို ကြုံနေရတာကြောင့် အံကြိတ်ပြီး ဒူးထောက်လိုက်ရပါတော့တယ်။

​သိပ်မကြာခင်မှာပဲ ဝိညာဉ်တစ်အုပ်လုံး ဖန့်ချန်ရဲ့ ရှေ့မှာ သေသေသပ်သပ် ဒူးထောက်နေကြပြီး ခေါင်းငုံ့ကာ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။

​"အရှင်... ဒီဝိညာဉ်အုပ်စုကို ဘယ်လို စီရင်ရမလဲ အရင်တစ်ခေါက်က ဖမ်းသွားတဲ့ တစ်ကောင်ကိုတော့ အခုထိ နှိပ်စက်စစ်ဆေးနေတုန်းပါပဲ"

​လီပါးတောက် က လက်အုပ်ချီ မေးလိုက်ပါတယ်။

​ဖမ်းသွားတယ်... အရှင်...

​ချီကျန်း တို့ဟာ ငရဲပြည် နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေကို မတွေးဘဲ မနေနိုင်တော့ပါဘူး။

သူတို့ရှေ့က ဒီလူက ငရဲပြည်က အရာရှိကြီး တစ်ယောက်လား

​ဖန့်ချန်က ချင်းဟဲ ကို တစ်ချက်ကြည့်ပြီး ပြုံးကာ မေးလိုက်တယ်

"မင်း ဒီနှစ်တွေမှာ လေလွင့်ဝိညာဉ်တွေကို အများကြီး မြင်ခဲ့ဖူးတယ် ယင်လောက ရဲ့ အလှတရားတွေကို မြင်ဖူးဖို့ မရဏလမ်း ထဲကို ဝင်ဖူးလား"

​"မဝင်ဖူးပါဘူး..."

​ချင်းဟဲ က အလိုအလျောက် ခေါင်းခါပြပြီးမှ အံ့ဩတကြီး မေးလိုက်တယ်

"သခင်လေး... ဒီလောကမှာ တကယ်ပဲ ယင်လောက ရှိတာလား "

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြတယ်

"နေကောင်းတဲ့နေ့ကို ရွေးနေတာထက် အခုပဲ သွားလိုက်တာ ပိုကောင်းပါတယ် ငါ မင်းကို ယင်လောကဆီ ခေါ်သွားမယ် မင်းရဲ့ ယင်ယန်မျက်လုံးက လူ့လောကမှာတော့ ထူးခြားမှု သိပ်မရှိဘူး ထင်ရပေမဲ့ ယင်လောကကို သွားမယ်ဆိုရင်တော့ မင်းအတွက် အကျိုးကျေးဇူး အများကြီး ရှိလိမ့်မယ်"

​ချင်းဟဲ ရဲ့ ယင်ယန်မျက်လုံးက ဖန့်ချန်ရဲ့ ရှေးဦးနတ်ဘုရားမျက်လုံး နဲ့ ဆင်တူပြီး ယင်လောကနဲ့ နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိနေပါတယ်။

​ဖန့်ချန်က ယင်လောကမှာ ကျင့်ကြံတာက လူ့လောကထက် အဆပေါင်းများစွာ မြန်ပါတယ်။

ထိုနည်းတူပဲ ချင်းဟဲ ကသာ ယင်လောကကို ရောက်သွားရင် သူမရဲ့ ယင်ယန်မျက်လုံးရဲ့ ထူးခြားတဲ့ စွမ်းအားတွေကို ဖော်ထုတ်နိုင်လိမ့်မှာပါ။

​"ယင်လောကကို သွားကြည့်ရမယ်ဆိုရင်တော့ တကယ်ကို ကောင်းတာပေါ့ "

​ချင်းဟဲ က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။

​သူတို့နှစ်ယောက် ပြောနေတာကို ကြားတဲ့ လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

ယင်လောကဆီ ခေါ်သွားမယ် ယင်လောကကို သွားကြည့်မယ်

​ဒီလောကမှာ တကယ်ပဲ ဒီလိုနည်းလမ်းတွေ ရှိတာလား

​ဖန့်ချန်က လူတိုင်းကို တစ်ချက်ကြည့်ပြီး ဆီမီးတိုင်အချို့ကို ထုတ်ယူကာ ရွှေစွမ်းအားတွေနဲ့ ပေါင်းစပ်ပြီး ဆီမီးအိမ်တွေအဖြစ် ပြောင်းလဲကာ တစ်ယောက်ကို တစ်လုံးစီ ဝေပေးလိုက်ပါတယ်။

​လူတိုင်းက သူတို့ရှေ့က ဆီမီးအိမ်တွေကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြပါတယ်။

​"ဒါက ဝိညာဉ်ခေါ်မီးအိမ် ပဲ ယင်လောကဆီ သွားတဲ့ပညာ က အခု အလယ်ပိုင်းဒေသ မှာ တဖြည်းဖြည်း ခေတ်စားလာပြီ ဒါပေမဲ့ မင်းတို့က ဝေးလံတဲ့အရပ်မှာ ရှိနေတာဆိုတော့ ဒါတွေကို သိဖို့ဆိုရင် နှစ်ပေါင်းများစွာ စောင့်ရလိမ့်မယ်၊ သေတဲ့အထိတောင် သိရမှာ မဟုတ်ဘူး"

"ငါတို့က ရေစက်ရှိတယ်ဆိုတော့ မင်းတို့ကို ယင်လောကဆီ သွားတဲ့နည်းလမ်းကို တိုက်ရိုက် သင်ပေးမယ် စိတ်ဝင်စားတယ်ဆိုရင် ဒီတစ်ခါ ငါနဲ့အတူ ယင်လောကဆီ လိုက်ခဲ့လို့ရတယ်"

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ်။

​လမင်းပုန်းကွယ်ကျောင်းက သီလရှင်တွေဟာ အသက်ကြီးကြီး ငယ်ငယ် အကုန်လုံး တစ်ယောက်တစ်ပေါက် တိုးတိုးလေး ပြောနေကြပြီး မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပါတယ်။

သူတို့လည်း ယင်လောကဆီ လိုက်လို့ရတာလား ဒါဆိုရင် လေလွင့်ဝိညာဉ်တွေက ဘယ်လိုပုံစံလဲဆိုတာ မြင်ရတော့မှာပေါ့

​အရင်ကတော့ ချင်းဟဲ ပြောပြတာပဲ ကြားဖူးတာ၊ ကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။

​တည်ငြိမ်တဲ့ ကျူးယွဲ သီလရှင်ကြီး တောင်မှ အနည်းငယ် စပ်စုချင်စိတ် ပေါ်လာပြီး စိတ်ဝင်စားသွားပါတယ်။

​"သခင်လေး... ကျွန်မလည်း ယင်လောကဆီ လိုက်လို့ရလား "

​လယ်သူမ ရင်ခွင်ထဲက ကြက်မကြီးက စပ်စုပြီး မေးလိုက်ပါတယ်။

​ဒါက ဝိညာဉ်သတ္တဝါ ဖြစ်တာကြောင့် လူသားတွေနဲ့ မတူတာမို့လို့ပါ။

​"စမ်းကြည့်လို့ ရပါတယ်"

​ဖန့်ချန်က တစ်ချက် စဉ်းစားကြည့်လိုက်ပါတယ်။

သူ ယင်လောကငယ် မှာ ဝိညာဉ်သတ္တဝါ ကျင့်ကြံသူတွေကို တစ်ခါမှ မတွေ့ဖူးသေးပါဘူး၊ ဒါပေမဲ့ ယင်လောကကြီး မှာတော့ မတူပါဘူး။

​ထိုက်ယင်နဂါးဘုရင် ကလည်း ဝိညာဉ်သတ္တဝါ မျိုးနွယ်ပဲ မဟုတ်လား။

​ကြည့်ရတာ ဝိညာဉ်သတ္တဝါတွေ သေပြီးနောက်မှာ နတ်ဘုရားတွေလိုပဲ ယင်လောကကြီးဆီကို သွားကြတာ ဖြစ်နိုင်ပြီး ယင်လောကငယ်ဆီကိုတော့ မလာကြတာ ဖြစ်လိမ့်မယ်။

​"ဒါဆိုရင် လူ့လောကကနေ ယင်လောကကြီးဆီကို တိုက်ရိုက်သွားတဲ့ မရဏလမ်း တစ်ခု ရှိရမယ် ဒါမှမဟုတ် အထက်ဘုံလောက ကနေ ယင်လောကကြီးဆီ သွားတဲ့လမ်း တစ်ခု ရှိရမယ်..."

​ဖန့်ချန်က ရင်ထဲမှာ တိတ်တဆိတ် တွေးတောနေပါတယ်။

​သူကတော့ ဒီလမ်းနှစ်ခုလုံးကို မတွေ့သေးပါဘူး။

ဒါဟာ သူ ကရဲမင်းအမိန့် ကို အပြည့်အဝ မပိုင်စိုးနိုင်သေးတာကြောင့် ဖြစ်နိုင်သလို၊ ကျင့်ကြံမှုအဆင့် နိမ့်နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

​အခန်း (၉၁၀) ရုတ်တရက် တိုက်ခိုက်ခံရခြင်

​ဝိညာဥ်လောကဆီ သွားတဲ့ပညာ က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။

ရိုးရှင်းလွန်းလို့ သာမန်လူသားတစ်ယောက်ဟာ ဒီပညာကို ရရှိပြီး အချိန်အတန်ကြာ တရားထိုင်မယ်၊ ပြီးတော့ ယင်လောကသွားဖို့ ကြားခံပစ္စည်း ရှိမယ်ဆိုရင် သူလည်းပဲ ယင်လောကဆီ သွားနိုင်ပါတယ်။

​ဘာပဲဖြစ်ဖြစ် သာမန်လူသားတွေမှာလည်း မွေးရာပါ ဝိညာဉ်သုံးပါးနဲ စိတ်ဝိညာဉ်ခုနစ်ခု ရှိကြတာပဲလေ။

​လူတိုင်းဟာ ယင်လောကဆီသွားတဲ့ပညာကို တိတ်တဆိတ် စမ်းသပ်နေကြပါပြီ။

ဖန့်ချန်က ချန်အဆောင်တော်ထိန်းကို ခန်းမထဲကနေ မောင်းထုတ်ပြီးနောက်မှာတော့ ရွှေစွမ်းအား ကို အသုံးပြုပြီး ခန်းမဆောင်ကြီးကို အလွှာတစ်ခုနဲ့ ထပ်မံခိုင်ခံ့အောင် လုပ်လိုက်ပါတယ်။

​သိပ်မကြာခင်မှာပဲ ချင်းဟဲ သီလရှင်လေးက အရင်ဆုံး အောင်မြင်သွားပါတယ်။

သူမရဲ့ ဝိညာဉ်ဟာ ရုပ်ကလာပ်ထဲကနေ ထွက်လာပြီး သူမရဲ့ ရုပ်အလောင်းကို ပြန်ကြည့်လိုက်၊ အခုရှိနေတဲ့ သူမရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်နဲ့ မျက်နှာမှာ အံ့ဩတကြီး ဖြစ်နေပါတယ်။

​ဒါဟာ သူမအတွက်တော့ ဝိညာဉ်တစ်ခု ဖြစ်သွားရတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ ပထမဆုံးအကြိမ် ခံစားရခြင်းပါပဲ။

ပေါ့ပါးနေပြီး လေနဲ့အတူ လွင့်ပါသွားချင်စရာ ခံစားချက်မျိုးပါ။

​လူတိုင်းရဲ့ ရှေ့မှာ ဝိညာဉ်ခေါ်မီးအိမ် တွေ ရှိနေကြပေမဲ့ ချင်းဟဲ ရဲ့ ရှေ့မှာတော့ ဘာမှ မရှိပါဘူး။

ဒါဟာ ယင်ယန်မျက်လုံး ရှိတဲ့ ချင်းဟဲ အနေနဲ့ ဝိညာဉ်ခေါ်မီးအိမ်လို ကြားခံပစ္စည်းမျိုး လိုအပ်သလားဆိုတာကို ဖန့်ချန်က စမ်းသပ်ချင်လို့ပါ။

​အခုတော့ သူမအနေနဲ့ ဘာကြားခံပစ္စည်းမှ မလိုဘဲ ယင်လောကဆီ သွားနိုင်တယ်ဆိုတာ သက်သေပြလိုက်ပါပြီ။

ဒါဟာ သူမရဲ့ ယင်ယန်မျက်လုံးဟာ ယင်လောကသွားတဲ့နေရာမှာ ရှေးဦးနတ်ဘုရားမျက်လုံး ရဲ့ လုပ်ဆောင်ချက်နဲ့ ဆင်တူပြီး သူမကိုယ်တိုင်က ယင်လောကသွားဖို့ ကြားခံပစ္စည်းတစ်ခု ဖြစ်နေတာကို ဖော်ပြနေတာပါ။

​"ယင်လောကဆီ သွားတဲ့ပညာ..."

​ချီကျန်း တို့ဟာ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။

သူတို့တွေ ထပ်ပြီး ကြည့်ချင်သေးပေမဲ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားပါတယ်။

ဒါဟာ လီပါးတောင်း က သူတို့ကို စိုက်ကြည့်နေလို့ပါ။

ဒါကြောင့် လူတိုင်း ချက်ချင်းပဲ ခေါင်းငုံ့လိုက်ကြပြီး မြေကြီးကို ကြည့်ကာ ဘာမှ မလှုပ်ရှားရဲတော့ပါဘူး။

​"သခင်လေး... သူတို့ကျတော့ ဝိညာဉ်ခေါ်မီးအိမ် လိုပြီး ကျွန်မကျတော့ ဘာလို့ မလိုတာလဲ"

​ချင်းဟဲ က အခြားသူတွေကို ကြည့်ပြီး ဇဝေဇဝါနဲ့ မေးလိုက်ပါတယ်။

​"မိန်းကလေး... မင်းမှာက မွေးရာပါ ယင်ယန်မျက်လုံး ရှိတာလေ ဒါက အကောင်းဆုံး ကြားခံပစ္စည်းပဲ ဝိညာဉ်ခေါ်မီးအိမ်လို အပြင်ပစ္စည်းတွေရဲ့ အကူအညီ မလိုပါဘူး"

​လီပါးတောင်း က မျက်နှာချိုသွေးပြီး ပြောလိုက်ပါတယ်။

​သူ ရိပ်မိသွားပါပြီ။

ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ ကျင့်ကြံသူတွေဟာ ကျင့်ကြံမှုအဆင့် နိမ့်ပေမဲ့ ဒီအရှင်နဲ့တော့ အင်မတန် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသူတွေပဲ။

​အဲဒီလိုသာ မဟုတ်ရင် ဒီအရှင်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ဆင်းလာပြီး သူတို့ကို ယင်လောကဆီ ခေါ်သွားဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

​"ဪ... ကျွန်မရဲ့ ဒီမျက်လုံးတွေက ဒီလိုအသုံးဝင်တာကိုး"

​ချင်းဟဲ က တိုးတိုးလေး ရေရွတ်လိုက်ပြီးမှ သတိဝင်လာကာ လီပါးတောင်း ကို အမြန်ပြန်ပြောလိုက်တယ်

"စီနီယာ... ဒီလောက်ကြီး အားနာစရာ မလိုပါဘူးကျွန်မက သာမန်ကျင့်ကြံသူ တစ်ယောက်ပါပဲ"

​"အားနာရမှာပေါ့၊ အားနာရမှာပေါ့ မင်းက ဘယ်လိုလုပ် သာမန်ဖြစ်မှာလဲ"

​လီပါးတောင်း က ဖြီးပြလိုက်ပါတယ်။

ချင်းဟဲ ဆီကနေ စီနီယာ လို့ အခေါ်ခံရတာကို သူ တော်တော်လေး သဘောကျနေပြီး အကြည့်တွေကလည်း ပိုပြီး နူးညံ့သွားပါတယ်။

​အဲဒီအချိန်မှာပဲ ကျူးယွဲ သီလရှင်ကြီး ကလည်း သူမရဲ့ ရုပ်ခန္ဓာထဲကနေ ထွက်လာပါတယ်။

သူမရဲ့ မျက်နှာမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပေမဲ့ ခဏအတွင်းမှာတင် စိတ်ကို ပြန်ထိန်းလိုက်ပြီး အခုရှိနေတဲ့ ဝိညာဉ်ခန္ဓာကိုယ်နဲ့ အသားကျသွားပါတယ်။

​အဲဒီနောက်မှာတော့ ယဲ့ဝမ်ရှု၊ လျိုမု၊ လယ်သူမ၊ ကျန်းရှောင်ခဲ၊ ယန်ရုယွဲ တို့ တစ်ယောက်ပြီးတစ်ယောက် အောင်မြင်သွားကြပါတယ်။

​လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ယင်လောကဆီ အောင်မြင်စွာ ရောက်လာကြပြီး ကြက်မကြီးတောင်မှ ဝိညာဉ်ထွက်လာတဲ့အခါ ဖီးနစ် ပုံသဏ္ဌာန် ဖြစ်နေပါတယ်။

​သူတို့တွေ လေလွင့်ဝိညာဉ် ဖြစ်ရတဲ့ ခံစားချက်ကို သေသေချာချာ မခံစားရသေးခင်မှာပဲ ခန်းမထဲမှာ သေသေသပ်သပ် ဒူးထောက်နေတဲ့ လူတစ်အုပ်ကို တွေ့လိုက်ရပါတယ်။

​"ဒါ... မီးတောက်အင်ပါယာ တော်ဝင်ဘိုးဘေး မဟုတ်လား... ကြည့်ရတာ စောစောက ဖန့်ဂိုဏ်းချုပ်က သူနဲ့ စကားပြောနေတာပဲ..."

​ချင်းကျိုးဓားဂိုဏ်းက တပည့်တစ်ယောက်က အမူအရာ ထူးဆန်းစွာနဲ့ ပြောလိုက်ပါတယ်။

​လူတိုင်းရဲ့ အကြည့်တွေက ချီကျန်း တို့အပေါ် ကျရောက်သွားပြီး စိတ်ထဲမှာ အမျိုးမျိုး ခံစားလိုက်ရပါတယ်။

တစ်ချိန်က မြင့်မြတ်လှတဲ့ နိုင်ငံတစ်ခုရဲ့ အရှင်သခင်ဟာ အခုတော့ အထီးကျန်ဝိညာဉ် ဖြစ်သွားရုံတင်မကဘဲ ဒီမှာ ဒူးထောက်ပြီး ပြစ်ဒဏ်ပေးခံနေရတာကိုး။

​ဒါက ကျားကုန်းပြင်ဆင်း ရုံတင် မကတော့ပါဘူး၊ ကျား ချောက်ကမ်းပါးထဲ ပြုတ်ကျပြီး လုံးဝ အသုံးမကျတော့တဲ့ အခြေအနေမျိုးပါ။

​ချီကျန်း ရဲ့ မျက်နှာက ပိုပြီး ပျက်သွားပါတယ်။

တစ်ချိန်က သူ ပိုးကောင်လေးတွေလို သဘောထားခဲ့တဲ့သူတွေက အခုလို အကြည့်မျိုးနဲ့ ကြည့်တာကို ခံရတာဟာ သူ့ကို သတ်လိုက်တာထက်တောင် ပိုပြီး ခံရခက်ပါတယ်။

​ဖန့်ချန်က လူတိုင်း အောင်မြင်သွားတာကို မြင်တော့ ပြုံးလိုက်ပြီး သူကိုယ်တိုင်လည်း မူလဝိညာဉ်အဖြစ် ထွက်လာပါတယ်။

လူတိုင်းကို မလန့်သွားစေဖို့အတွက် သူ့ကိုယ်ပေါ်က ခေါင်းကိုးလုံးရှိ ရွှမ်ဖျင့်ပုံရိပ် ကို တမင် ဖျောက်ထားလိုက်တာကြောင့် သာမန်လူတွေနဲ့ မခြားပါဘူး။

​"သွားကြစို့"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​လူတိုင်းဟာ မျက်စိရှေ့က မြင်ကွင်းတွေ ပြောင်းလဲသွားပြီး မြူထုတွေ ထွက်ပေါ်လာတာကို ခံစားလိုက်ရပါတယ်။

မသိလိုက်ဘဲနဲ့ သူတို့ရှေ့မှာ ဖြူလွှလွှ လမ်းမကြီးတစ်ခု ပေါ်လာပါတော့တယ်

​"သခင်လေး... ဒါက မရဏလမ်း လား"

​ချင်းဟဲ က အံ့ဩတကြီး မေးလိုက်ပါတယ်။

​ချီကျန်း တို့လည်း လက်ရှိ အခြေအနေကို ခေတ္တမေ့သွားပြီး ဒီလမ်းမကြီးကို ဇဝေဇဝါနဲ့ ကြည့်နေကြပါတယ်။

​"မရဏလမ်း လို့ ပြောလို့ရပါတယ် ယင်လောကရဲ့ မရဏလမ်းက တစ်ခုတည်း ရှိတာ မဟုတ်ဘူး အခု မြင်နေရတာက အဲဒီထဲက တစ်ခုပဲ"

​ဖန့်ချန်က လီပါးတောင်း ကို တစ်ချက် ကြည့်လိုက်ပါတယ်။

​လီပါးတောင်း က ချက်ချင်း နားလည်သွားပြီး လက်ကို ခါလိုက်ရာ ယင်စွမ်းအားတွေနဲ့ လုပ်ထားတဲ့ သံကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး ချီကျန်း တို့ရဲ့ ညှပ်ရိုး တွေကို ဖောက်ထွက်သွားပါတော့တယ်။

​"အားးးးး"

​ပြင်းထန်လှတဲ့ နာကျင်မှုကြောင့် ချီကျန်း တို့ဟာ အသည်းအသန် အော်ဟစ်လိုက်ကြပါတယ်။

ဒီနာကျင်မှုဟာ ရုပ်ခန္ဓာကိုယ် အပိုင်းပိုင်း ခုတ်ထစ်ခံရတာထက် အဆပေါင်းများစွာ ပိုပြင်းထန်ပြီး စိတ်ဝိညာဉ်ရဲ့ အတွင်းပိုင်းအထိ တိုက်ရိုက် ရောက်သွားတာပါ။

​သူတို့တွေ နာလွန်းလို့ တစ်ကိုယ်လုံး တုန်ရီနေကြပေမဲ့ အင်မတန်ကြီးမားတဲ့ လှုပ်ရှားမှုမျိုး မလုပ်ရဲကြပါဘူး။

နည်းနည်းလေး လှုပ်လိုက်တာနဲ့ ညှပ်ရိုးက သံကြိုးကို ဆွဲမိပြီး နာကျင်မှုက ပိုဆိုးလာလို့ပါ။

​စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူတို့ကိုယ်ပေါ်က ယင်စွမ်းအားတွေဟာ ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်အထိ ပျောက်ကွယ်သွားပါပြီ။

​ဒါကို မြင်တဲ့ လူတိုင်း ရင်ထဲမှာ တိတ်တဆိတ် တုန်လှုပ်သွားကြပါတယ်။

​ဒီဖန့်ဂိုဏ်းချုပ်ကို သွားပတ်သက်မိရင်... သရဲဖြစ်ရင်တောင် အေးအေးဆေးဆေး မနေရပါလား...

​"သေချင်ယောင်ဆောင်မနေနဲ့၊ အကုန်ထစမ်း"

​လီပါးတောင်း က အေးစက်စွာ ပြောလိုက်ပါတယ်။

​ချီကျန်း ရဲ့ မျက်နှာက ဖြူလျော်နေပြီး သူက အရင်ဦးဆုံး ထရပ်လိုက်ရပါတယ်။

အဲဒီနောက်မှာတော့ လီပါးတောင်း ရဲ့ ဆွဲခေါ်ရာနောက်ကို လိုက်သွားရပါတယ်။

​"အရှင်... အရှင် အရင်ကြွပါ"

​လီပါးတောင်း ရဲ့ ပုံစံက အင်မတန် ရိုသေကိုင်းရှိုင်းနေပါတယ်။

​လူတိုင်းရဲ့ ရင်ထဲမှာ ပိုပြီး စပ်စုချင်စိတ်တွေ ဖြစ်လာပါတယ်။

လီပါးတောင်း က ယင်လောကက အကြီးအကဲ တစ်ယောက်ဆိုတာ သိသာပါတယ်၊ သူ့ရဲ့ နည်းလမ်းတွေကလည်း အင်မတန် ကြောက်စရာကောင်းပါတယ်။

​ဒီလို အကြီးအကဲမျိုးက ဖန့်ချန်ကို ဒီလောက်အထိ ရိုသေပြီး အရှင် လို့ ခေါ်နေတယ်ဆိုတော့... ဖန့်ချန်ဟာ ယင်လောကမှာ ဘယ်လိုမျိုး တည်ရှိမှုမျိုး ဖြစ်နေလို့လဲ

​သိပ်မကြာခင်မှာပဲ လူတိုင်းဟာ ဖန့်ချန်နဲ့အတူ မရဏလမ်းထဲကို ဝင်လာကြပါတယ်။

တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လေလွင့်ဝိညာဉ်တွေ အများကြီး ရှိနေတာကို သတိပြုမိလာကြပါတယ်။

​ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အစုံပါပဲ။

​တချို့ ဝိညာဉ်တွေက မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေပြီး စွမ်းအားတစ်ခုခုက တွန်းပို့နေသလို ရှေ့ကို လျှောက်နေကြပါတယ်။

တချို့ကတော့ သတိရှိနေကြပြီး မျက်နှာမှာ ထိတ်လန့်စိုးရိမ်မှုတွေနဲ့ ရှေ့မဆက်ရဲ ဖြစ်နေကြပါတယ်။

​တချို့က ငိုရင်း လျှောက်နေကြသလို၊ တချို့ကတော့ ဆဲဆိုရင်း လျှောက်နေကြပါတယ်။

​နောက်ပြီး စက္ကူရုပ် တွေ အခြံအရံနဲ့ ဝန်းရံခံထားရတဲ့ ဝိညာဉ်တွေလည်း ရှိပါတယ်။

​ဒါပေမဲ့ ဒီဝိညာဉ်တွေ အားလုံးဟာ ဖန့်ချန် တို့ အုပ်စုကို မြင်လိုက်တာနဲ့ အဝေးကို ရှောင်ထွက်သွားကြပြီး အနားမကပ်ရဲကြပါဘူး။

ဒါဟာ သူတို့အုပ်စုရဲ့ နောက်က လီပါးတောင်း ကို မြင်လိုက်လို့ပါ။

​လီပါးတောင်း က ဘယ်သူလဲဆိုတာ သူတို့ မသိကြရင်တောင် သူ့ကိုယ်ပေါ်က ယင်စွမ်းအားတွေက ကြောက်စရာကောင်းနေတာကိုတော့ ခံစားမိကြပါတယ်။

အဲဒီအပြင် သံကြိုးနဲ့ တွဲချည်ခံထားရတဲ့ ချီကျန်း တို့ အုပ်စုကိုလည်း မြင်နေရတာကိုး။

​"ချင်း... ချင်းဟဲ သီလရှင်လား မင်းလည်း သေသွားပြီလား မင်းလို လူကောင်းတစ်ယောက်က ဘာလို့ သေသွားရတာလဲ၊ ကောင်းကင်ကြီးက မျက်စိမပါဘူးပဲ "

​ရုတ်တရက် စာပေပညာရှိတစ်ယောက်က ပြေးလာပြီး ချင်းဟဲ ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပါတယ်။

​လူတိုင်း ခြေလှမ်းတန့်သွားပြီး အဲဒီစာပေပညာရှိကို ကြည့်လိုက်၊ ချင်းဟဲ ကို ကြည့်လိုက် လုပ်နေကြပါတယ်။

​ချင်းဟဲ က ဇဝေဇဝါနဲ့ ကြည့်ပြီး

"နင်က..."

​"ကျွန်တော့်ကို မမှတ်မိတော့ဘူးလား လွန်ခဲ့တဲ့ ၁၆ နှစ်က ကျွန်တော် တောဘုရားကျောင်းတစ်ခုကို ဖြတ်သွားတုန်းက လူယုတ်မာတွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရပြီး အလောင်းဖျောက်ခံခဲ့ရတာလေ အဲဒီတုန်းက ချင်းဟဲ သီလရှင်သာ မဖြတ်လာခဲ့ရင် ကျွန်တော့်အိမ်က အမေအိုဟာ ကျွန်တော့်အလောင်းကို တစ်သက်လုံး ရှာတွေ့မှာ မဟုတ်တော့ဘူး"

​စာပေပညာရှိက စိတ်လှုပ်ရှားစွာ ပြောတယ်

"ဒါပေမဲ့ မင်းလည်း ဘာလို့ သေသွားရတာလဲ မင်းက နတ်ဘုရားလို လူမျိုးပဲလေ ဘယ်လိုလုပ် သေနိုင်မှာလဲ..."

​ချင်းဟဲ သီလရှင်လေး မှတ်မိသွားပုံရပါတယ်၊ သူမက ခါးသက်သက် ပြုံးရင်း ရှင်းပြလိုက်ပါတယ်။

စာပေပညာရှိက ချင်းဟဲ မသေဘဲ ယင်လောကဆီ ခေတ္တလာတာ ဆိုတာ သိသွားတဲ့အခါမှာတော့ မျက်နှာမှာ ဇဝေဇဝါ ဖြစ်သွားပါတယ်။

​"ဒါနဲ့ နင်ကရော ဘာလို့ ဒီမှာ ရှိနေတာလဲ"

​ချင်းဟဲ က စပ်စုပြီး မေးလိုက်ပါတယ်။

​"ကျုပ်လား မင်းက ကျုပ်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးပြီးကတည်းက ဒီမရဏလမ်းကို အသည်းအသန် ရှာနေခဲ့တာ ဒီနေ့မှပဲ ရှာတွေ့တာပါ"

​စာပေပညာရှိ က ပြောပါတယ်။

​"မရဏလမ်းကို ရှာနေတာ ၁၆ နှစ်တောင် ကြာတယ်လား"

​ချင်းဟဲ အံ့ဩသွားပါတယ်။

​လူတိုင်းလည်း ဇဝေဇဝါ ဖြစ်သွားကြပါတယ်။

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်

"ဒီလောကက လေလွင့်ဝိညာဉ်တွေထဲမှာ မရဏလမ်းကို ရှာတွေ့နိုင်တဲ့သူဆိုတာ သောင်းဂဏန်းမှာ တစ်ယောက်တောင် မရှိပါဘူး ရှာတွေ့ရင်တောင် ဝမ်ချွမ်မြစ် ကို ဖြတ်နိုင်ဖို့က မသေချာသေးဘူး"

​"ဩော်... သေသွားရင်တောင် ဒီယင်လောကဆီ ရောက်ဖို့က မလွယ်ပါလား..."

​လူတိုင်း ရင်ထဲမှာ သက်ပြင်းချမိကြပါတယ်။

​သူတို့တွေ ကျင့်ကြံသူတွေ ဖြစ်နေရင်တောင် ယင်လောကအကြောင်းကို ဘာလို့ ဒီလောက် နည်းနည်းပဲ သိကြသလဲဆိုတာ အခုမှ နားလည်သွားပါတယ်။

​အဲဒီအချိန်မှာပဲ ရုတ်တရက် စိမ်းပြာရောင် အလင်းတန်းတစ်ခု ရောက်လာပြီး စာပေပညာရှိကို ဝိညာဉ်လွင့်စင်အောင် ရိုက်ချလိုက်ပါတော့တယ်။

အဲဒီနောက်မှာတော့ အဲဒီစိမ်းပြာရောင် အလင်းတန်းဟာ ဖန့်ချန် ဆီကို တိုက်ရိုက် ဦးတည်ပြီး လာပါတော့တယ်

All Chapters