← Chapters

အခန်း (၉၃၅-၉၃၆)

Vol. 94 Ch. 935-936

အခန်း (၉၃၅-၉၃၆)

Vol. 94 Ch. 935-936

​အခန်း (၉၃၅) မျက်နှာချင်းဆိုင

​ကျူးလုနိုင်ငံ၊ နန်းတော်။

​ကိုင်ဟုန်ဟာ အိမ်ရှင်ပီပီ အားလုံးကို နေရာချပေးပြီးတာနဲ့ ဖန့်ချန်ကို မစောင့်နိုင်တော့ဘဲ လှမ်းကြည့်လိုက်ပြီး ရှင်းပြချက်တစ်ခုကို တောင်းဆိုလိုက်ပါတယ်။

​ဟုန်ဆန်းရှန်းကတော့ ဒီအချိန်မှာ ကိုင်ဟုန်ကို တိတ်တဆိတ် အကဲခတ်နေပြီး မျက်လုံးထဲမှာ စဉ်းစားဟန်တွေ ယှက်သန်းနေပါတယ်။

​ကိုင်ဟုန်ရဲ့ အသက်ဝိညာဉ်မီးအိမ်က ငြိမ်းသွားခဲ့ပြီဆိုတော့၊ ကျိုးကြောင်းအရဆိုရင် သူက လုံးဝသေဆုံးသွားခဲ့ပြီလေ။

အခု ဘယ်လိုမျိုး တိတ်တဆိတ် ပြန်ပေါ်လာနိုင်ရတာလဲ ဒါက သဘာဝလည်းမကျသလို ယုတ္တိလည်း မရှိပါဘူး။

​"မင်း တကယ်ပဲ သေသွားခဲ့တာပါ"

​ဖန့်ချန်က ကိုင်ဟုန်ရဲ့ မျှော်လင့်တကြီး ကြည့်နေတဲ့ အကြည့်တွေအောက်မှာပဲ၊ သူ့ကို စိတ်ပျက်သွားစေမယ့် စကားကို ပြောလိုက်ပါတယ်။

​"ဟုတ်ပါရဲ့... ငါ တကယ်ပဲ သေသွားခဲ့တာပါ ဒီအတောအတွင်းမှာ လေလွင့်ဝိညာဉ် အဖြစ်နဲ့ နေခဲ့ရမှ ဒီလောကမှာ ငရဲပြည် ဆိုတာ တကယ်ရှိမှန်း ငါသိလိုက်ရတယ် နှမြောစရာကောင်းတာက ငါတို့က အဲဒီနေရာကို ရှာမတွေ့ခဲ့သလို၊ လာခေါ်မယ့်သူလည်း မရှိခဲ့ဘူး"

ကိုင်ဟုန်က သက်ပြင်းသဲ့သဲ့ ချလိုက်ပါတယ်။

​"ဖန့်ချန်... သူ သေသွားပြီဆိုရင် အခု သူက ဘာလဲ တကယ်လို့ ဝိညာဉ် ဆိုရင်ရော ဘာလို့ လူကိုယ်တိုင် ပေါ်လာနိုင်ရတာလဲ"

​ရှန်ကျီက မျက်မှောင်ကြုတ်ပြီး မေးပါတယ်

"တကယ်လို့ လောကက ဝိညာဉ်တွေအားလုံးသာ လူကိုယ်တိုင် ပေါ်လာနိုင်မယ်ဆိုရင်၊ ငါ ကျင့်ကြံလာတဲ့ နှစ်တွေတစ်လျှောက် တစ်ခါမှ မမြင်ဖူးတာက မဖြစ်နိုင်ဘူးလေ"

​ဟုန်ဆန်းရှန်းလည်း ဖန့်ချန်ကို လှမ်းကြည့်လိုက်ပြီး အဖြေတစ်ခုကို သိချင်နေတာ ထင်ရှားပါတယ်။

​"လူ့လောကမှာ... မွေးရာပါ ယင်ယန်မျက်လုံး မရှိရင် ဝိညာဉ်တွေကို မြင်နိုင်မှာ မဟုတ်ဘူး မသေမျိုးဘုရင်ပဲဖြစ်ဖြစ်၊ ဂိုဏ်းချုပ်အဆင့် ပဲဖြစ်ဖြစ် အတူတူပါပဲ"

​ဖန့်ချန်က အေးအေးဆေးဆေး ပြုံးပြီး

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှေးဟောင်း တာအိုအတတ်တွေထဲမှာ ဝိညာဉ်တွေကို ခဏတဖြုတ် လူကိုယ်ထင်ပြနိုင်စေတဲ့ အတတ်တစ်ခု ရှိတယ်လေ"

​ရှေးဟောင်း တာအိုအတတ်

မွေးရာပါ ယင်ယန်မျက်လုံး

​သူတို့အားလုံး ဖန့်ချန်ရဲ့ မီးခိုးရောင် မျက်ဝန်းတွေကို ကြည့်လိုက်မိပြီး စိတ်ထဲမှာ ချက်ချင်း သဘောပေါက်သွားကြပါတယ်။

​"ဖန့်ဓားဦးဆောင်သူ... ငါ အခုလို အခြေအနေမျိုးနဲ့ ဘယ်လောက်ကြာကြာ နေလို့ရမှာလဲ ခဏနေရင် သူတို့ ငါ့ကို ပြန်မမြင်ရတော့မှာလား"

ကိုင်ဟုန်က မေးပါတယ်။

​"သုံးရက်ကနေ ငါးရက်လောက်ပါပဲ"

ဖန့်ချန်က စဉ်းစားရင်း ပြောလိုက်ပါတယ်။

​တကယ်တော့ ကိုင်ဟုန်ဟာ အခုဆိုရင် ငရဲမင်း ရဲ့ လက်အောက်ခံ နေ့ခင်းလှည့်ကင်းစောင့် စစ်သည် တစ်ယောက် ဖြစ်နေပါပြီ။

ရှီလုံတို့လိုပဲ လူ့လောကမှာ ပေါ်လာရင် လူသားတွေနဲ့ သိပ်မထူးခြားပါဘူး။

​"သုံးငါးရက်ဆိုရင်... လုံလောက်ပါပြီ"

​ကိုင်ဟုန်က ခေါင်းညိတ်လိုက်ပြီး၊ ဟုန်ဆန်းရှန်းကို ကြည့်ကာ မျက်နှာပျက်ပျက်နဲ့ ပြောပါတယ်

"အဘိုးကြီးဟုန်... ငါ အတိုပဲ ပြောမယ် ငါသေတာက ကျူးလုနဲ့ မပတ်သက်ဘူး ဒီနေရာကလူတွေကို ဒေါသပုံမချပါနဲ့တော့ ငါ သေသွားတာတောင် ငါ့ရဲ့ တိုင်းသူပြည်သားတွေကို ဒုက္ခရောက်အောင် မလုပ်ချင်ဘူး"

​"မင်းသားကြီး ပြောမှတော့ အဖိုးကြီးက နားထောင်ရမှာပေါ့ ဒါပေမဲ့ ကောင်းကင်ဘုရင်ကျန့် ရဲ့ ဒေါသက မပြေသေးဘူး မင်းသားကြီး ကိုယ်တိုင်ပဲ သူ့ကို ပြောပြလိုက်ပါ"

​ဟုန်ဆန်းရှန်းက မှန် တစ်ချပ်ကို ထုတ်လိုက်ပြီး ကိုင်ဟုန်ဆီကို ချိန်လိုက်ပါတယ်။

​မှန်ထဲမှာ ကိုင်ဟုန်တင်မကဘဲ ရှန်ကျီနဲ့ ဖန့်ချန်တို့ကိုပါ မြင်နေရပါတယ်။

မှန်ပြင်မှာ လှိုင်းလေးတွေ ထသွားပြီးနောက် ခဏအကြာမှာတော့ ခန့်ညားထည်ဝါတဲ့ လူလတ်ပိုင်းတစ်ယောက် ပေါ်လာပါတယ်။

​သူ ကိုင်ဟုန်ကို မြင်တဲ့အခါ အံ့ဩခြင်း မရှိဘဲ မျက်မှောင်ကြုတ်ကာ

"ဘာဖြစ်တာလဲ"

လို့ပဲ မေးပါတယ်။

သူ့ရဲ့ အကြည့်က ဖန့်ချန်နဲ့ ရှန်ကျီဆီမှာ တစ်စက္ကန့်တောင် မကြာဘဲ ဖြတ်သွားပါတယ်။

​"ကိုင်ဟွမ် "

ဖန့်ချန် စိတ်ထဲက ရေရွတ်လိုက်ပါတယ်။

​ဒီလူကတော့ ကောင်းကင်ဘုရင်ကျန့် ကိုင်ဟွမ် ပဲ ဖြစ်ရပါမယ်။

သူ့နာမည်ရင်းကို သိတဲ့သူ အများကြီး မရှိပေမဲ့ ဖန့်ချန်ကတော့ မှန်လေးဆီကနေ သိထားတာပါ။

​ကိုင်ဟုန်က အကြောင်းစုံကို ရှင်းပြပါတယ်။

ချင်ဟော့ချန်း အကြောင်းကို ပြောတဲ့အခါ ကိုင်ဟွမ်ရဲ့ မျက်မှောင်က ပိုပြီး ကြုတ်သွားပါတယ်။

​"နောက်ထပ် ဟင်လင်းပြင်ထာဝရာဓားဂိုဏ်း ပဲလားအရင်က ကိုင်ဝူ ရဲ့ ကိစ္စတုန်းက တစ်ခါ ပြဿနာတက်ဖူးပြီ အခု ငါ့ရဲ့ သားကြီးကိုပါ သတ်လိုက်ပြီဆိုတော့၊ ငါကိုယ်တိုင် သွားပြီး တရားမျှတမှု တောင်းရတော့မယ်"

​မှန်ထဲက ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်စပြုလာပါတယ်။

​ကိုင်ဟုန်က အလျင်အမြန် အော်ပြောတယ်

"နေပါဦး ချင်ဟော့ချန်းက သွေးဝိညာဉ်ဂိုဏ်းသား..."

​"မင်းသားကြီး... သူ ထွက်သွားပါပြီ"

​ဟုန်ဆန်းရှန်းက မှန်ကို သိမ်းလိုက်ပါတယ်။

ဖန့်ချန်နဲ့ ရှန်ကျီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာပေးက ထူးဆန်းနေပါတယ်။

​ကောင်းကင်ဘုရင်ကျန့်ဟာ အကြောင်းစုံကို နားလည်သွားပုံရပေမဲ့၊ အခုတော့ မသိချင်ယောင်ဆောင်ပြီး ဟင်လင်းပြင်ထာဝရာဓားဂိုဏ်းကိုပဲ ပြဿနာရှာဖို့ လုပ်နေပါတယ်။

ဒါက သွေးဝိညာဉ်ဂိုဏ်းရဲ့ အတွင်းရေးတိုက်ပွဲထဲမှာ သူ ဝင်မပါချင်လို့လား

​"အဘိုးကြီးဟုန်... အဖေ့ဆီ ပြန်သွားပြီး ဒီအကြောင်းကို ရှင်းပြပေးပါဦး ချင်ဟော့ချန်း ငါ့ကို လုပ်ကြံတာက သွေးဝိညာဉ်ဂိုဏ်းရဲ့ ခိုင်းစေချက်ကြောင့်ပါ "

ကိုင်ဟုန်က အလေးအနက် ပြောပါတယ်။

​ဟုန်ဆန်းရှန်းက ခေါင်းကို ခပ်ဖွဖွခါလိုက်တယ်

"ဒီကိစ္စက သွေးဝိညာဉ်ဂိုဏ်းနဲ့ မဆိုင်ဘူး သူက ဟင်လင်းပြင်ထာဝရာဓားဂိုဏ်းလို့ ပြောရင် ဒါဟာ ဟင်လင်းပြင်ထာဝရာဓားဂိုဏ်းပဲ ဖြစ်ရမယ်"

"သူက မင်းသားကြီးအတွက် တရားမျှတမှုကို ရှာပေးပါလိမ့်မယ် ဒါပေမဲ့ အားလုံးလည်း စိတ်ချပါတောရိုင်းကျောင်းတော် က အလယ်ပိုင်းဒေသ ပြည်တွင်းစစ်ဖြစ်တာကို ကြည့်နေမှာ မဟုတ်ဘူး သူတို့ ဝင်ပါပြီး ကောင်းမွန်တဲ့ ရလဒ်တစ်ခု ထွက်လာအောင် လုပ်ပေးပါလိမ့်မယ်"

​"တကယ်လို့ ကျွန်တော်တို့ဂိုဏ်းက အဘိုးကြီးဓားနတ်ဘုရား သာ အသက်ရှိနေသေးရင် ခင်ဗျားတို့ ဘုရင်ကျန့်က ဒီအပြစ်ကို ဟင်လင်းပြင်ထာဝရာဓားဂိုဏ်း ခေါင်းပေါ် ပုံချရဲပါ့မလား"

ဖန့်ချန်က ရုတ်တရက် ရယ်ပြီး မေးလိုက်ပါတယ်။

​ဟုန်ဆန်းရှန်းက မျက်မှောင်ကြုတ်သွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောပါတယ် -

​"ဖန့်ဓားဦးဆောင်သူက ပါရမီထူးချွန်ပြီး အချိန်တိုအတွင်းမှာ အလယ်ပိုင်းဒေသမှာ နာမည်ကြီးလာတာ၊ တောရိုင်းကျောင်းတော်နဲ့ ဓားဂိုဏ်းရဲ့ အားကိုးမှုကို ရထားတာကိုတော့ ငါလေးစား ပါတယ်"

"ဒါပေမဲ့... ဖန့်ဓားဦးဆောင်သူ စဉ်းစားဖူးလား၊ ငါကလည်း လွတ်လပ်သောမသေမျိုး တစ်ယောက်ပဲ အတောင်မစုံသေးတဲ့ နောက်ပေါက်တစ်ယောက်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေဖို့ မလိုဘူး"

"ဖန့်ဓားဦးဆောင်သူ အနေနဲ့ စကားကို ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြဿနာ မရှာမိဖို့ မျှော်လင့်ပါတယ် ဒီလောကမှာ ဖန့်ဓားဦးဆောင်သူ မမြင်ဖူးသေးတဲ့၊ မတွေးမိသေးတဲ့ ကိစ္စတွေ အများကြီး ရှိပါသေးတယ်"

​ကိုင်ဟုန်ရဲ့ မျက်နှာပေး ပြောင်းလဲသွားပြီး ဖန့်ချန်ကို မျက်ရိပ်ပြကာ စိတ်ချင်းဆက်သွယ်ပြီး သတိပေးပါတယ်

"သူက လူသတ်သမားဗျ သူ့ကို သွားမဆွနဲ့ သူ ရူးသွားရင် ဘယ်သူ့မျက်နှာမှ မကြည့်ဘူး"

​"ဘယ်သူ့မျက်နှာမှ မကြည့်ဘူး ဟုတ်လား အဲဒီလောက်လည်း မဟုတ်ပါဘူး"

​ဖန့်ချန်က ပြုံးလိုက်ပြီး နန်းတော်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်

"ပန်ဆန်း မင်း လာပြီးတော့ ဒီလွတ်လပ်သောမသေမျိုးရဲ့ ပညာကို နည်းနည်းလောက် စမ်းကြည့်ပေးပါလား "

​"အမိန့်တော်အတိုင်းပါ"

​အားလုံးက မသိစိတ်နဲ့ လှည့်ကြည့်လိုက်တဲ့အခါ၊ နန်းတော်အပြင်ဘက်က အရိပ်ထဲမှာ ထွားကျိုင်းတဲ့ စစ်သူကြီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရပါတယ်။

​အဲဒီလူက နဂါးအကြေးခွံဝတ်စုံကို ဝတ်ထားပြီး လက်ထဲမှာ လှံရှည် ကို ကိုင်ထားပါတယ်။

သူ နန်းတော်ထဲကို တစ်လှမ်း လှမ်းဝင်လိုက်တာနဲ့ ဖန့်ချန်ကလွဲလို့ ဟုန်ဆန်းရှန်း အပါအဝင် အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပုရွက်ဆိတ်လေးတစ်ကောင်လို ခံစားလိုက်ရပါတယ်။

ပေပေါင်း သောင်းချီမြင့်တဲ့ နှင်းတောင်ကြီးအောက်မှာ ရပ်ပြီး အနန္တဟင်းလင်းပြင်ကြီးကို လှမ်းကြည့်နေရသလိုပါပဲ။

​"စီနီယာဟုန်က ဗဟုသုတ ကြွယ်ဝတယ်ဆိုတော့... ပန်ဆန်း ကို မြင်ဖူးသလား သိချင်မိတယ်"

ဖန့်ချန်က ဟုန်ဆန်းရှန်းကို ကြည့်ပြီး ပြုံးပြပါတယ်။

​ဟုန်ဆန်းရှန်းရဲ့ မျက်လုံးတွေထဲမှာ သွေးရောင်တွေ ယှက်သန်းသွားပြီး ချက်ချင်းပဲ အရှိန်အဝါတွေ ပြောင်းလဲသွားပါတယ်။

အေးစက်စက် အဘိုးကြီးဘဝကနေ ရူးသွပ်နေတဲ့ ဝံပုလွေတစ်ကောင်လို ဖြစ်သွားတာပါ။

​ပန်ဆန်းရဲ့ မျက်လုံးထဲမှာတော့ အထင်သေးရိပ်လေး ဖြတ်ပြေးသွားပြီး၊ ခြေတစ်လှမ်း လှမ်းလိုက်ရုံနဲ့ ဟုန်ဆန်းရှန်းရဲ့ ရှေ့ကို ရောက်သွားကာ လက်ထဲက လှံရှည်နဲ့ တစ်ချက် ရိုက်ချလိုက်ပါတယ်။

​ဘုန်း

​ဟုန်ဆန်းရှန်းဟာ ကြမ်းပြင်ပေါ်မှာ မှောက်ရက် ကျသွားပါတယ်။

သူ့မျက်လုံးထဲက သွေးရောင်တွေလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး ပြန်လည် သတိဝင်လာပါတယ်။

မတူတာကတော့ သူ့ကျောပေါ်မှာ ခြေထောက်တစ်ဖက် ရောက်နေပြီး၊ လှံရှည်ရဲ့ အဖျားက သူ့ရဲ့ ဦးခေါင်းခွံနောက်ကို ထောက်ထားတာပါပဲ။

​ဟုန်ဆန်းရှန်း တစ်ကိုယ်လုံး အေးစိမ့်သွားပြီး တုန်လှုပ်မှုကလွဲလို့ ဘာမှ မရှိတော့ပါဘူး။

ဒီလူရဲ့ ကျင့်ကြံမှုက သူ့ထက် အဝေးကြီး သာပါတယ်။ အနည်းဆုံးတော့ မသေမျိုးဧကရာဇ် တစ်ယောက်ပဲ ဖြစ်ရမယ်

​သူ အံ့ဩနေတာက သူ တစ်ခါမှ မမြင်ဖူးတဲ့ ဒီမသေမျိုးဧကရာဇ်ကြောင့် မဟုတ်ဘဲ၊ ရှေ့က ဖန့်ဓားဦးဆောင်သူဆိုတဲ့ နောက်ပေါက်လေးက မသေမျိုးဧကရာဇ်တစ်ပါးကို ခိုင်းစေနိုင်နေတာကြောင့်ပါ။

ဒီနောက်ကွယ်က အကြောင်းအရင်းကို သူ ဘယ်လိုမှ တွေးမရဲပါဘူး

​ရှန်ကျီကတော့ စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပေမဲ့လည်း မျက်လုံးထဲမှာ တုန်လှုပ်မှုကို မဖုံးနိုင်ပါဘူး။

မင်္ဂလာဝေါယာဉ်နီ၊ အရိုးစုနဂါး၊ အခုလည်း ဒီပုဂ္ဂိုလ်...။

သူမ ဖန့်ချန်ကို မသိစိတ်နဲ့ လှမ်းကြည့်လိုက်မိတယ်

'ဒီလူ့လက်ထဲမှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေသေးတာလဲ'

​ကိုင်ဟုန်ရဲ့ မျက်နှာပေးကလည်း အမျိုးမျိုး ပြောင်းလဲနေပါတယ်။

သူက ဖန့်ချန်ကို ကြည့်လိုက် ပန်ဆန်းကို ကြည့်လိုက်၊ နောက်တော့ ဟုန်ဆန်းရှန်းကို ကြည့်လိုက်နဲ့ ပါးစပ်က ဟစိဟစိ ဖြစ်နေပေမဲ့ နောက်ဆုံးတော့ စကားတစ်ခွန်းမှ ထွက်မလာပါဘူး။

စကားလုံးတွေ အကုန်လုံး လည်ချောင်းထဲမှာ တစ်နေသလိုပါပဲ။

​"စီနီယာဟုန်...မှန်ကို ပြန်ထုတ်ပေးပါ ကျွန်တော် ကောင်းကင်ဘုရင်ကျန့်နဲ့ တွေ့ချင်လို့ပါ"

ဖန့်ချန်က အေးအေးဆေးဆေး ပြုံးပြီး ပြောပါတယ်။

​ဟုန်ဆန်းရှန်းက ဖန့်ချန်ကို နက်နက်နဲနဲ စိုက်ကြည့်ပြီး၊ စကားတစ်ခွန်းမှ မပြောဘဲ မှန်ကို ထုတ်ကာ ဖန့်ချန်ဆီ ချိန်ပေးလိုက်ပါတယ်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ ကိုင်ဟွမာ မှန်ထဲမှာ တစ်ကျော့ပြန် ပေါ်လာပါတယ်။

အရင်တစ်ခေါက်နဲ့ မတူတာကတော့၊ ဒီတစ်ခါမှာတော့ သူဟာ ဖန့်ချန်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံနေရတာပါပဲ။

​အခန်း (၉၃၆) ဖန့်ဓားဦးဆောင်သူ စိတ်တိုင်းကျသာ လုပ်ပ

​"အရှင် ဖန့်ဓားဦးဆောင်သူက အရှင်နဲ့ စကားပြောချင်လို့ပါ"

​ဟုန်ဆန်းရှန်းရဲ့ အသံ ထွက်ပေါ်လာပါတယ်။

​ကောင်းကင်ဘုရင်ကျန့်ရဲ့ မျက်ဝန်းတွေ လှုပ်ရှားသွားပြီး မျက်နှာမှာ အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာတယ်

"ဖန့်ဓားဦးဆောင်သူ... မင်းရဲ့ နာမည်ကျော်ကြားမှုကို ငါ ကြားဖူးတာ ကြာပါပြီ အခုလို မှန်ထဲမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး ငါနဲ့ ဘာတွေ ဆွေးနွေးချင်လို့လဲ"

​"စကားကို အတိုပဲ ပြောကြရအောင်"

​ဖန့်ချန်က ပြုံးပြီး

"ကိုင်ဟုန် အခုလို သေဆုံးသွားရတာက ဟင်လင်းပြင်ထာဝရာဓားဂိုဏ်း နဲ့ မသက်ဆိုင်ဘူး ချင်ဟော့ချန်းရဲ့ နောက်ကွယ်မှာ သွေးဝိညာဉ်ဂိုဏ်း ရှိတယ် ကောင်းကင်ဘုရင်ကျန့် အနေနဲ့ ဒီကိစ္စမှာ ဝင်မပါချင်ဘူးဆိုရင်လည်း ဓားဂိုဏ်းကို လာပြီး ပြဿနာမရှာပါနဲ့"

"ကျွန်တော် ကိုယ်တိုင်လည်း ချင်ဟော့ချန်းက သွေးဝိညာဉ်ဂိုဏ်းသားမှန်း ကြိုသိနေခဲ့ပေမဲ့ ကိုင်ဟုန်ကို အချိန်မီ သတိမပေးနိုင်ခဲ့တာက ကျွန်တော့်အမှားပါ အခု ကိုင်ဟုန် သေသွားပြီဆိုပေမဲ့ ကျွန်တော့်မှာ ပြန်ပေးဆပ်နိုင်မယ့် နည်းလမ်း ရှိပါတယ်"

​"အိုး မင်းက ဓားဂိုဏ်းကို ပြဿနာမရှာနဲ့ဆိုရုံနဲ့ ငါက မရှာတော့ရမှာလား "

​ကောင်းကင်ဘုရင်ကျန့်ရဲ့ မျက်နှာက တဖြည်းဖြည်း အေးစက်လာတယ်

"မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါ့ကို ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်း မပြည့်သေးဘူး ထင်တယ်"

​ဖန့်ချန်က စကားအများကြီး ဆက်မပြောတော့ဘဲ ထရပ်ကာ မှန်ကို ယူလိုက်ပြီး ဟုန်ဆန်းရှန်းနဲ့ ပန်ဆန်း တို့ဆီကို ချိန်လိုက်ပါတယ်

​"တကယ်လို့ ကောင်းကင်ဘုရင်ကျန့်က ဓားဂိုဏ်းကိုပဲ မရမက ပြဿနာရှာမယ်ဆိုရင်တော့၊ ကျွန်တော်ကိုယ်တိုင်ပဲ စီနီယာဟုန်ရဲ့ ခေါင်းကို ကောင်းကင်ဘုရင်ကျန့်စံအိမ် ဆီ လာပို့ပေးပါ့မယ်"

​မှန်ပြင်ထဲမှာတော့ ဟုန်ဆန်းရှန်းဟာ မြေပြင်ပေါ်မှာ မှောက်ရက်နဲ့ သနားစဖွယ် ဖြစ်နေပြီး၊ ပန်ဆန်းက သူ့ကို ခြေထောက်နဲ့ နင်းထားရင်း မှန်ထဲကို စိုက်ကြည့်နေပါတယ်။

သူ့ရဲ့ အကြည့်ဟာ ကောင်းကင်ဘုရင်ကျန့်ရဲ့ အကြည့်နဲ့ ခဏတာ ဆုံသွားပါတယ်။

​အဲဒီ ခဏတာဟာ တကယ်ကို တိုတောင်းလွန်းပါတယ်။

ကောင်းကင်ဘုရင်ကျန့်ဟာ ပန်ဆန်းကို တစ်ချက်ပဲ ကြည့်လိုက်ပြီး တိတ်တဆိတ် အကြည့်လွှဲသွားကာ အသံထွက်လာပါတယ်

​"ဖန့်ဓားဦးဆောင်သူ... အားတဲ့အခါ ကောင်းကင်ဘုရင်ကျန့်စံအိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့... ဖန့်ဓားဦးဆောင်သူ စိတ်တိုင်းကျသာ လုပ်ပါတော့"

​ပြောပြီးတာနဲ့ သူက မှန်ထဲက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပါတော့တယ်။

​ဖန့်ချန်က မှန်ကို ဟုန်ဆန်းရှန်းဆီ ပြန်ပေးလိုက်ပြီး၊ ပန်ဆန်းကလည်း အချက်ပြမှုကို နားလည်စွာနဲ့ လှံရှည်ကို ကိုင်ပြီး ဖန့်ချန်ရဲ့ နောက်မှာ သွားရပ်လိုက်ပါတယ်။

​ဟုန်ဆန်းရှန်းက ထရပ်ပြီး လက်အုပ်ချီ နှုတ်ဆက်တယ်

"ဖန့်ဓားဦးဆောင်သူ... ငါ ဘာလုပ်ရမလဲဆိုတာ သိပါပြီ"

​သူ့ကြည့်ရတာ တည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ တဒိတ်ဒိတ် ခုန်နေပါတယ်။

သူ သိသလောက်ဆိုရင် ကောင်းကင်ဘုရင်ကျန့်ဟာ ဘယ်မသေမျိုးဧကရာဇ် ကိုမှ အလွယ်တကူ အလျှော့ပေးတတ်သူ မဟုတ်ပါဘူး။

အခုလို ချက်ချင်း ဆုံးဖြတ်ချက်ချသွားတာက ရှေ့က ပုဂ္ဂိုလ်ဟာ ဂိုဏ်းချုပ်အဆင့် ကလွဲလို့ တခြားမဖြစ်နိုင်ပါဘူး။

​ဒီလူငယ်လေးဟာ... ဂိုဏ်းချုပ်အဆင့် တစ်ပါး ဖြစ်နိုင်ခြေ ရှိနေတယ်

​ဟုန်ဆန်းရှန်းဟာ သူကိုယ်တိုင် ကြောက်စရာကောင်းတဲ့ ကိစ္စကြီးတစ်ခုထဲမှာ ပတ်သက်မိတော့မလို ဖြစ်သွားတာကို ခံစားမိပြီး၊ ဒီနေရာကနေ ချက်ချင်း ထွက်သွားချင်နေပါပြီ။

​"ကောင်းပြီ... သွားတော့"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပါတယ်။

​ဟုန်ဆန်းရှန်းဟာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလိုမျိုး အရိုအသေပြုပြီးနောက် လှည့်ပြီး အမြန် ထွက်ခွာသွားပါတော့တယ်။

​ကိုင်ဟုန်က ဖန့်ချန်ကို ကြောင်ကြည့်နေပြီး

"ဖန့်ဓားဦးဆောင်သူ... ဒါတွေက ဘာတွေလဲဗျာ"

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာက လေးနက်လာတယ်

"ကျွန်တော် ရှင်းပြချက်တစ်ခု လိုချင်တယ်"

​"ခုနက မင်းကို တစ်ခု ညာလိုက်မိတယ်"

ဖန့်ချန်က ရယ်ပြီး ပြောပါတယ်။

​ကိုင်ဟုန် ကြောင်သွားတယ်

"ဘာကိုလဲ"

​"မင်း အခု သေသွားပြီဆိုပေမဲ့ နောက်ပိုင်းမှာ မင်း လူ့လောကကို လာချင်တဲ့အခါ သာမန်လူတစ်ယောက်လို လာလို့ရမှာပါ။ ဒါပေမဲ့..."

ဖန့်ချန်က ခေတ္တရပ်ပြီး

"မင်းက အခု ဝိညာဉ် ပဲ ရှိတော့တာဆိုတော့ အကုန်လုံးကို အစကနေ ပြန်စရမယ် လူ့လောကမှာ ရှိခဲ့တဲ့ ကျင့်ကြံမှုတွေလည်း မရှိတော့ဘူး မင်းအနေနဲ့ ဝိညာဉ်နတ်ဘုရားလမ်းစဉ် ကို လျှောက်လှမ်းရလိမ့်မယ်"

​ကိုင်ဟုန်ဟာ ခဏလောက် အချိန်ယူပြီး စဉ်းစားပြီးမှ ဒီအချက်ကို နားလည်သွားပြီး ဝမ်းသာအားရ ဖြစ်သွားပါတယ်။

​ရှန်ကျီကတော့ တစ်ခုခုကို တွေးတောနေပုံရတယ်

"ဖန့်ချန်.. မင်း ဝိညာဉ်လောကသို့ သွားခြင်း လုပ်တာ အတော်များနေပြီလား"

​သူမက ဖန့်ချန်ဟာ ငရဲပြည်မှာ နာမည်ရနေရုံတင်မကဘဲ နောက်ကွယ်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိနေမယ်လို့ သံသယဝင်နေပါတယ်။

ရှေ့က ပန်ဆန်း၊ အရင်က တွေ့ခဲ့တဲ့ မင်္ဂလာဝေါယာဉ်၊ ပြီးတော့ အရိုးစုနဂါး... ဒါတွေအားလုံးက အရှိန်အဝါချင်း ကိုင်ဟုန်နဲ့ နည်းနည်းစီ ဆင်တူနေတာကိုး။

​သူတို့က... ငရဲပြည်က လာတာလည်း ဖြစ်နိုင်တယ်

​ရှန်ကျီ စိတ်ထဲမှာ ချက်ချင်း သဘောပေါက်သွားပါတယ်။

ဒါဆိုရင် ကိစ္စတော်တော်များများကို ရှင်းပြလို့ ရသွားပါပြီ။

ဒါပေမဲ့ သူမ မထင်ထားတာက ဒဏ္ဍာရီထဲက ငရဲပြည်ဟာ ဒီလိုမျိုး ဖြစ်နေလိမ့်မယ်ဆိုတာပါပဲ။

အရမ်း အစွမ်းထက်တဲ့ ဝိညာဉ်နတ်ဘုရားတွေ ရှိနေသလို လူ့လောကကိုတောင် ဆင်းလာနိုင်နေတာကိုး။

ဘာလို့ အရင်က သူမ တစ်ခါမှ မမြင်ဖူးခဲ့ရတာလဲ

​ဖန့်ချန်က ရှန်ကျီကို ကြည့်ပြီး ခေါင်းညိတ်ပြတယ်

"ငရဲပြည်ကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပါတယ် သာမန်လူပဲဖြစ်ဖြစ်၊ ကျင့်ကြံသူပဲဖြစ်ဖြစ် သေပြီးရင် ဝိညာဉ်ဖြစ်သွားကြတာပါပဲ ဒါပေမဲ့ ငရဲပြည်ကို တကယ်သွားဖို့ဆိုတာ မလွယ်ကူပါဘူး"

"မင်းသမီးကသာ ဝိညာဉ်လောကကို သွားချင်တယ်ဆိုရင်၊ တောရိုင်းကျောင်းတော် က ဆရာတစ်ယောက်က ဒီအတတ်ကို သင်ပေးပါလိမ့်မယ်ဒါပေမဲ့ တာအိုသုံးထောင်ဂိုဏ်း မှာ နာမည်သွင်းထားဖို့တော့ လိုလိမ့်မယ်"

​"ငါက နတ်ဘုရားလမ်းစဉ်ဂိုဏ်း က ရှန်ကျီလေ တောရိုင်းကျောင်းတော်ကို သွားလို့မရဘူး"

ရှန်ကျီက သက်ပြင်းချပါတယ်။

​အလယ်ပိုင်းဒေသက သူမလို မင်းသား မင်းသမီးတွေဟာ တစ်ချို့က နတ်ဘုရားလမ်းစဉ်ဂိုဏ်း ထဲ ဝင်ကြသလို၊ တစ်ချို့က တောရိုင်းဂိုဏ်း ထဲ ဝင်ကြပါတယ်။

ဒါက အထက်က လူကြီးတွေ သတ်မှတ်ပေးထားတဲ့ ကိစ္စတွေပါ။

အင်အားကြီးဂိုဏ်းတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ထားတဲ့ ပေါင်းကူးတံတားတွေပေါ့။

အချိန်တော်တော်များများမှာ သူမဟာ ကိုယ့်စိတ်ကြိုက် လုပ်ပိုင်ခွင့် မရှိပါဘူး။

​"ရပါတယ်၊ ကျွန်တော်လည်း ဒီအတတ်ကို တတ်တယ် လီရှောင်ကိစ္စပြီးရင် ကျွန်တော် သင်ပေးမယ်"

ဖန့်ချန်က ဆိုပါတယ်။

​ပြောပြီးတာနဲ့ သူက ခြေတစ်ချက် ဆောင့်လိုက်ရာ၊ လီပါ့တောင်း ထပ်မံ ပေါ်လာပါတယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ လီပါ့တောင်း က ကိုင်ဟုန်ဟာ သာမန်ဝိညာဉ်တွေနဲ့ မတူတာကို ချက်ချင်း သတိထားမိသွားပါတယ်။

ဒါတင်မကဘဲ ဖန့်ချန်ရဲ့ နောက်က ပန်ဆန်းကို မြင်လိုက်တဲ့အခါ သူ့ရဲ့ မျက်နှာဟာ ချက်ချင်း ထိတ်လန့်သွားပါတယ်။

​ဖူထူလောက က ယင်မိစ္ဆာ တွေနဲ့ ငရဲပြည်က ဝိညာဉ်တွေဟာ အခြေခံအားဖြင့် မတူပေမဲ့၊ အရှိန်အဝါကို သေချာခံစားကြည့်ရင်တော့ ကွဲပြားချက် ရှိပါတယ်။

ယင်မိစ္ဆာတွေရဲ့ အရှိန်အဝါက ပိုပြီး ခိုင်မာပါတယ်။

ဘာလို့လဲဆိုတော့ ငရဲပြည်မှာ ယင်ဒင်္ဂါးတွေကို ကုန်သွယ်မှုကနေ ရတတ်ပေမဲ့ ဖူထူလောကမှာတော့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ပြီး ရယူကြတာ များတာကြောင့် အရှိန်အဝါက ပိုပြီး အေးစက်စက်နဲ့ သတ်ဖြတ်လိုစိတ် ပြင်းပြနေတတ်ပါတယ်။

​ဒါက ယင်မိစ္ဆာလား မဖြစ်နိုင်တာ... ယင်မိစ္ဆာက ဘယ်လိုလုပ် သခင်ကြီးရဲ့ ဘေးမှာ ရပ်နေနိုင်မှာလဲ ဒါပေမဲ့ ယင်မိစ္ဆာ မဟုတ်ရင်ရော... လီပါ့တောင်း စိတ်ထဲမှာ အမျိုးမျိုး တွေးတောနေပါတယ်။

​"ဒီလူက ကျူးလုဧကရာဇ် ကိုင်ဟုန် ပဲ သူ့ကို ရွှမ်ယဲ့မြို့တော် ကို ခေါ်သွားပြီး လစ်လပ်နေတဲ့ နေ့ခင်းလှည့်ကင်းစောင့် စစ်သည် ရာထူးတစ်ခု ပေးလိုက်ပါ"

ဖန့်ချန်က အမိန့်ပေးပါတယ်။

​ရှန်ကျီက လီပါ့တောင်း ကို မမြင်ရပါဘူး။

ဖန့်ချန် ဒီလိုပြောလိုက်တာကို ကြားတော့ သူမက ကိုင်ဟုန်ကို ထူးဆန်းသလို ကြည့်လိုက်ရာ ကိုင်ဟုန်ကလည်း တစ်နေရာရာကို စိုက်ကြည့်နေတာကို တွေ့ရပါတယ်။

ရှန်ကျီက သူမရဲ့ ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်ပေမဲ့လည်း ဘာမှ မမြင်ရပါဘူး။

​"ဒါက ငရဲပြည်က အရာရှိလား"

ကိုင်ဟုန်က လီပါ့တောင်း ကို ထူးဆန်းသလို ကြည့်ပြီး မေးပါတယ်။

​"ရွှမ်ယဲ့မြို့တော် နေ့ခင်းလှည့်ကင်းစောင့် စစ်သူကြီး လီပါ့တောင်း ပါ ကိုင်အစ်ကိုကို တွေ့ရတာ ဝမ်းသာပါတယ်"

လီပါ့တောင်း က ယဉ်ကျေးစွာ လက်အုပ်ချီ နှုတ်ဆက်ပါတယ်။

​"လီအစ်ကို... အားနာလိုက်တာဗျာ"

ကိုင်ဟုန်ကလည်း ပြန်ပြီး နှုတ်ဆက်ပါတယ်။

​"မင်းရဲ့ လူတွေကို ခေါ်ပြီး သူ့နောက်ကို လိုက်သွားလိုက်ပါ သူ မင်းကို အဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မယ် ကြာလာရင် မင်းလည်း ငရဲပြည်အကြောင်း သိလာမှာပါ"

ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​"ကောင်းပါပြီ။ ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဒီတစ်ခေါက် စီစဉ်မှုက..."

ကိုင်ဟုန်က စကားတစ်ဝက်နဲ့ ရပ်သွားပြီး ပန်ဆန်းကို တစ်ချက် ကြည့်လိုက်ပါတယ်။

သွေးဝိညာဉ်ဂိုဏ်းရဲ့ စီစဉ်မှုတွေကတော့ အခု တိုင်ပတ်တော့မှာ အသေအချာပါပဲ။

သွေးဝိညာဉ်ဂိုဏ်းတင်မကဘဲ ဝိညာဥ်သုတ်သင်ခြင်းဌာန တောင်မှ ဒီလို အပြောင်းအလဲမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ပါဘူး။

သူတို့ ဘယ်လောက်ပဲ အကွက်စေ့စေ့ စီစဉ်ထားပါစေ၊ တားဆီးလို့ မရတဲ့ အင်အားတစ်ခု ပေါ်လာတဲ့အခါမှာတော့ အကုန်လုံးဟာ ပြားပြားဝပ်သွားရမှာပါပဲ။

​"ဒါနဲ့... ငရဲပြည်မှာလည်း သွေးဝိညာဉ်ဂိုဏ်း ရှိတယ်ဗျ ဒါပေမဲ့ အဲဒီမှာတော့ သူတို့ကို ဝိညာဥ်နတ်ဘုရားဂိုဏ်း လို့ ခေါ်ကြတယ် ကိုင်အစ်ကို သတိထားပါဦး"

ဖန့်ချန်က သတိပေးလိုက်ပါတယ်။

​"ငရဲပြည်မှာလည်း သွေးဝိညာဉ်ဂိုဏ်း ရှိတယ် ဟုတ်လား သူတို့က ငရဲပြည်အထိတောင် လက်လှမ်းနေကြတာလား"

ကိုင်ဟုန် အံ့ဩသွားပါတယ်။

​"ရောက်ရင် သိပါလိမ့်မယ် သွေးဝိညာဉ်ဂိုဏ်းက မင်းထင်ထားတာထက် ပိုပြီး ရင်ဆိုင်ရ ခက်ခဲတယ်"

​"ကောင်းပါပြီ ဒါဆို ကျွန်တော် အရင်သွားနှင့်ပါ့မယ် ဖန့်ဓားဦးဆောင်သူ အားရင် ငရဲပြည်ကို ဆင်းလာပြီး ကျွန်တော့်ဆီ လာလည်ပါဦး"

ကိုင်ဟုန်က လက်အုပ်ချီ နှုတ်ဆက်ပြီးနောက်၊ နန်းတော်အပြင်က သူ့အမတ် ဝိညာဉ်တွေကို ခေါ်ကာ လီပါ့တောင်း နဲ့အတူ ငရဲလမ်း ထဲကို ဝင်သွားပါတော့တယ်။

​ဒီနေရာက ကိစ္စတွေ ပြီးဆုံးသွားတာနဲ့ ဖန့်ချန်နဲ့ ရှန်ကျီတို့ဟာ လီရှောင်နိုင်ငံဘက်ကို ဦးတည်ပြီး ခရီးဆက်ကြပါတော့တယ်။

All Chapters