← Chapters

အခန်း (၉၃၉-၉၄၀)

Vol. 94 Ch. 939-940

အခန်း (၉၃၉-၉၄၀)

Vol. 94 Ch. 939-940

​အခန်း (၉၃၉) ယွီချင်းကျိအတွက် အမွှေးတိုင် လာထွန်းတာပ

​လူငယ်ဟာ ချောင်ရှန်းကုန်းမီရှန့် ကို ခေါ်ပြီး ကိုင်ဝူ ရှေ့ကို အမြန်တိုးဝင်သွားပါတယ်။

သူက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးတဲ့အခါမှာတော့ ဘေးကလူတွေအားလုံးရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်လာကြပါတယ်။

​"ဝူချန်းတောင် မကြားဖူးပါဘူး၊ ဘယ်ကဂိုဏ်းလဲ၊ အလယ်ပိုင်းဒေသက နတ်ဘုရားစံအိမ် လား"

​"ငါမှတ်မိသလောက်တော့ သူတို့က အဆင့် ၃ အင်ပါယာဖြစ်တဲ့ စန်းရှန်း နိုင်ငံကလူတွေနဲ့ အတူပါလာတာထင်တယ်"

​"အဆင့် ၃ အင်ပါယာ စန်းရှန်း လား"

​အားလုံးရဲ့ မျက်လုံးထဲမှာ အထင်အမြင်သေးတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။

​အဆင့် ၃ အင်ပါယာကလူတွေက ဘာလာလုပ်တာလဲ အသုဘ လာပို့ဖို့ အရည်အချင်း ပြည့်ရုံလေးပဲ ရှိတာကို။

​ဒါပေမဲ့... သူတို့က ချောင်ရှန်းကုန်းမီရှန့် ကိုတော့ စိတ်ဝင်စားသွားကြပါတယ်။

သူမရဲ့ ဝတ်စားဆင်ယင်မှုက သာမန်ကျင့်ကြံသူတွေနဲ့ မတူသလို၊ လှပတဲ့ မျက်နှာလေးအောက်မှာ လိမ္မာယဉ်ကျေးတဲ့ အရှိန်အဝါလေး ရှိနေတာပါ။

​ဒါက သာမန်အမျိုးသမီး ကျင့်ကြံသူတွေနဲ့ မတူဘဲ ကွဲပြားနေတာကြောင့် အခန်းထဲက လူငယ်တော်တော်များများ သူမကို ခဏခဏ ခိုးကြည့်နေကြပါတယ်။

​ကိုင်ဝူက အဲဒီလူငယ်ကို တစ်ချက်ကြည့်၊ ချောင်ရှန်းကုန်းမီရှန့် ကို တစ်ချက်ကြည့်နဲ့ သူတို့ဘာလာလုပ်တယ်ဆိုတာ ရိပ်မိသွားပုံရပါတယ်။

သူက ပြုံးလိုက်ပြီး သူတို့ကို မောင်းမထုတ်ဘဲ အတူတူ စကားပြောဖို့ ခွင့်ပြုလိုက်ပါတယ်။

​လူငယ်ဟာ ပိုပြီး စိတ်လှုပ်ရှားသွားပြီး စကားပြောတဲ့အခါမှာလည်း တစ်ခွန်းမှ မမှားအောင် သတိထားနေရပါတယ်။

ဒီကလူတွေကို ဒေါသထွက်အောင် လုပ်မိမှာ စိုးလို့လေ။

​ကိုင်ဝူနဲ့ မျက်မှန်းတန်းမိသွားရင်ပဲ လူကို သူ့အိပ်ရာပေါ် ပို့ပေးဖို့ အခွင့်အရေး ရပြီမဟုတ်လား

​"တောရိုင်းကျောင်းတော် တိုက်ခိုက်ရေးဌာနက ကျောက်ကျောင်လုံ ယွီအစ်ကို့ကို လာပို့တာပါ "

​"တောရိုင်းကျောင်းတော် အဆောင်ဌာနက ဟွာမြောင်ချင်၊ ယွီအစ်ကို့ကို လာပို့တာပါ!"

​"တောရိုင်းကျောင်းတော် ပညာဌာနက ဟန်ရှုရှန်း ၊ ယွီအစ်ကို့ကို လာပို့တာပါ!"

​ဘေးခန်းမက လူတွေ အံ့ဩသွားကြတယ်၊ တောရိုင်းကျောင်းတော်က တပည့်တွေ ရောက်လာတာလား သူတို့ဟာ စိတ်လှုပ်ရှားစွာနဲ့ တောရိုင်းကျောင်းတော် တပည့်တွေရဲ့ အရှိန်အဝါကို ကြည့်ဖို့ ရှေ့ကို တိုးသွားကြပါတယ်။

​တောရိုင်းကျောင်းတော်ထဲ ဝင်နိုင်တဲ့သူဆိုတာ ပါရမီရှင်တွေချည်းပါပဲ။

တောရိုင်းကျောင်းတော်ဆိုတာ ကျောထောက်နောက်ခံကြီး ဖြစ်ရုံတင်မကဘဲ သူတို့ရဲ့ နောက်ကွယ်က ပတ်သက်နေတဲ့ အင်အားစုတွေကလည်း သာမန်လူတွေ ခန့်မှန်းလို့ မရနိုင်လောက်အောင် ကြီးမားလှတာပါ။

​"တာအိုကျောင်းတော်က ဟန်လင်းချိုး ယွီအစ်ကို့ကို လာပို့တာပါ"

​"လင်ယွင်ဓားဂိုဏ်းက ဝမ်ယိ ယွီအစ်ကို့ကို လာပို့တာပါ"

​"ဆင်စိမ်းဂိုဏ်းက ရွှီဖုန်း ၊ ယွီအစ်ကို့ကို လာပို့တာပါ"

​"နတ်ဘီလူးဂိုဏ်းက စူလင်းကျူ ယွီစီနီယာအစ်ကို့ကို လာပို့တာပါ"

​"ဒါတွေက နတ်ဘုရားလမ်းစဉ်ဂိုဏ်း က တပည့်တွေပဲမဟုတ်လား"

​ဘေးခန်းမထဲမှာ အံ့ဩတုန်လှုပ်သံတွေ ထွက်ပေါ်လာပါတယ်။

​နတ်ဘုရားစံအိမ် က တပည့်တွေရဲ့ ကျောထောက်နောက်ခံက ကြီးမားတယ်ဆိုရင်၊ ဒီနတ်ဘုရားလမ်းစဉ်ဂိုဏ်းက တပည့်တွေရဲ့ ကျောထောက်နောက်ခံကတော့ တကယ့်ကို လောကရဲ့ ထိပ်သီးတွေပါပဲ

​အသုဘခန်းမရှေ့မှာတော့ အရပ်ရပ်က ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ တုန်လှုပ်ရိပ်တွေ ဖြတ်ပြေးသွားပါတယ်။

​ရှေ့က လူငယ်တွေဟာ တစ်ယောက်ချင်းစီ ကျောထောက်နောက်ခံ မသေးကြပါဘူး။

ဒါတင်မကဘဲ ဦးဆောင်လာတဲ့ ကျောက်ကျောင်လုံ ရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ အရှိန်အဝါက သူတို့ကိုတောင် ကြက်သီးထစေပါတယ်။

​"အားလုံး လာကြတာ ကျေးဇူးတင်ပါတယ်"

​ယွီချင်းကျိရဲ့ ဖခင်က ရှေ့ထွက်ပြီး အရိုအသေပေးကာ အမွှေးတိုင်ထွန်းဖို့နဲ့ နေရာယူဖို့ ဖိတ်ခေါ်ပါတယ်။

​အဲဒီအချိန်မှာ ကျောက်ကျောင်လုံက ချင်ဟော့ချန်းကို တွေ့သွားပြီး ချင်ဟော့ချန်းကလည်း သူ့ကို ပြုံးပြပါတယ်။

​"ဦးလေး... ယွီအစ်ကို သေတာက ထူးဆန်းနေတယ် သူ ယင်လောကသို့ သွားခြင်း လုပ်နေတုန်းမှာ တစ်ခုခု ထူးခြားတာ မြင်ခဲ့ရသေးလား"

​ကျောက်ကျောင်လုံက အမွှေးတိုင်ထွန်းပြီးနောက် အခုလက်ရှိ လီရှောင်ဘုရင်ဖြစ်တဲ့ ယွီချင်းကျိရဲ့ ဖခင်ကို မေးလိုက်ပါတယ်။

​လီရှောင်ဘုရင်က သူ့နောက်က အဖိုးအိုတစ်ယောက်ကို လှည့်ကြည့်လိုက်တယ်

"အဖေ... ချင်းကျိ ယင်လောကကို သွားနေတုန်းက တစ်ခုခု ထူးခြားတာ ရှိလား"

​အဖိုးအိုက ခေါင်းခါပြပြီး အသံအက်အက်နဲ့ ပြောတယ်

"ချင်းကျိ ယင်လောကကို သွားတုန်းက ငါကိုယ်တိုင် စောင့်ရှောက်ပေးနေတာပါ ဘာထူးခြားမှုမှ မတွေ့ရဘူး အခုကြည့်ရတာ သူက ငရဲပြည်မှာပဲ တစ်ခုခု ဖြစ်သွားတာ ထင်တယ်"

​ခေတ္တရပ်ပြီး

"တောရိုင်းကျောင်းတော်က ဆရာ က ဒီကိစ္စကို စုံစမ်းခိုင်းတာလား"

​ကျောက်ကျောင်လုံက စဉ်းစားဟန်နဲ့

"ကျောင်းတော်က ဆရာကလည်း ငရဲပြည်မှာ ဖြစ်တာလို့ ယူဆပါတယ် တကယ်လို့ ဟုတ်ခဲ့ရင် ယွီအစ်ကို ဘယ်လိုသေတယ်ဆိုတာ သိဖို့ ယင်လောကကို သွားပြီးမှ စုံစမ်းလို့ ရလိမ့်မယ် ဒါပေမဲ့ အခု ဒီအတတ်ကို တတ်တဲ့သူ သိပ်မရှိသေးတော့ အချိန်နည်းနည်း စောင့်ရဦးမယ်"

​"ရပါတယ်... ရပါတယ်... နောက်ပိုင်းမှာ ချင်းကျိ ဘယ်လိုသေတယ်ဆိုတာ သိရရင်ပဲ ကျွန်တော်တို့ စိတ်အေးရပါပြီ"

​သူတို့ရဲ့ စကားဝိုင်းမှာ ယင်လောကသို့ သွားခြင်း အကြောင်း ပါလာတာကြောင့် အနားက ကျင့်ကြံသူတွေ စိတ်ဝင်စားသွားကြပါတယ်။

​သက်တမ်းရင့်ပြီး ဗဟုသုတများတဲ့ ကျင့်ကြံသူတစ်ချို့ကတော့ ယင်လောကသို့ သွားခြင်း အကြောင်းကို ကြားဖူးကြပါတယ်။

တစ်ချို့ကတော့ သတင်းတွေကတစ်ဆင့် ဒီအတတ် ပြန်ပေါ်လာပြီဆိုတာကို သိထားကြပါတယ်။

​အခုလည်း နားစွင့်ပြီး သတင်းထပ်ရမလားလို့ စောင့်နေကြပေမဲ့၊ လီရှောင်ဘုရင်က ကျောက်ကျောင်လုံတို့ကို နေရာချပေးလိုက်တာကြောင့် စကားစပြတ်သွားပါတယ်။

​အဲဒီအချိန်မှာပဲ နောက်ထပ် ပုံရိပ်အချို့ လျှောက်လာပါတယ်။

​ရှေ့ဆုံးက လျှောက်လာတာကတော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး၊ သူတို့နောက်မှာ အစေခံအိုကြီးတစ်ယောက် ပါလာပါတယ်။

​"နတ်ဘုရားလမ်းစဉ်ဂိုဏ်း က ရွှင်ရှီးယင်း ယွီချင်းကျိကို လာပို့တာပါ"

​"နတ်ဘုရားလမ်းစဉ်ဂိုဏ်း... မျိုးရိုးက ရွှင် တဲ့လား"

​အားလုံး တုန်လှုပ်စွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။

​ခုနက တာအိုကျောင်းတော်၊ ဆင်စိမ်းဂိုဏ်း၊ နတ်ဘီလူးဂိုဏ်း၊ လင်ယွင်ဓားဂိုဏ်းက လေးယောက်စလုံးက နတ်ဘုရားလမ်းစဉ်ဂိုဏ်းကပါပဲ။

​ဒါပေမဲ့ သူတို့က သာမန်တပည့်တွေဖြစ်လို့ ကိုယ့်ဂိုဏ်းနာမည်ကိုပဲ အဓိက သုံးကြတာပါ။

တကယ့် တိုက်ရိုက်မျိုးဆက်တွေ ဖြစ်တဲ့ ရှန်ကျီ တို့လိုလူတွေမှသာ အပြင်မှာ "နတ်ဘုရားလမ်းစဉ်ဂိုဏ်း" ဆိုတဲ့ နာမည်ကို တိုက်ရိုက် သုံးစွဲရဲတာပါ။

​ဒါတင်မကဘဲ သူမရဲ့ မျိုးရိုးက ရွှင် ဖြစ်နေပါတယ်။

ဒါက အလယ်ပိုင်းဒေသ တော်ဝင်မျိုးနွယ်ရဲ့ မျိုးရိုးကြီးပါ။

အားလုံးက ချက်ချင်းပဲ ဒီအမျိုးသမီးဟာ အလယ်ပိုင်းဒေသရဲ့ မင်းသမီး တစ်ပါးဆိုတာ သေချာသွားကြပါတယ်။

​နေရာယူပြီးသားဖြစ်တဲ့ ဟန်လင်းချိုး တို့ လေးယောက်စလုံးဟာ မသိစိတ်ကနေ ထရပ်လိုက်ကြပြီး ရှန်ကျီကို ငေးကြည့်နေကြပါတယ်။

သူမ ဒီနေ့ ဒီကို လာလိမ့်မယ်လို့ ထင်မထားကြဘူးလေ။

​ဘေးခန်းမမှာလည်း အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်၊ တစ်ယောက်က အံ့ဩတကြီးနဲ့

"ဦးလေးက နတ်ဘုရားလမ်းစဉ်ဂိုဏ်းက ရှန်ကျီနဲ့လည်း ခင်တာလား"

​"ဦးလေးက တောရိုင်းကျောင်းတော် ဆေးဖော်စပ်ခြင်းဌာနက တပည့်ပဲ၊ ရှန်ကျီနဲ့ ခင်တာက သဘာဝကျပါတယ်"

တစ်ယောက်က ပြန်ပြောပါတယ်။

​"ညီမလေး... နတ်ဘုရားလမ်းစဉ်ဂိုဏ်းအကြောင်း သိလား ခုနက ဂိုဏ်းကြီး ၄ ခုစလုံးက အဲဒီဂိုဏ်းအောက်မှာပဲ ရှိတာ ဒီဂိုဏ်းမှာ ဂိုဏ်းချုပ် ကိုယ်တိုင် ရှိတာ၊ အရမ်း ကြောက်စရာကောင်းတယ်"

လူငယ်က ချောင်ရှန်းကုန်းမီရှန့် ကို တိတ်တဆိတ် ပြောလိုက်ပါတယ်။

​သူက ရှန်ကျီကို ကြည့်တဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုရော၊ အားကျမှုရော ရောယှက်နေပါတယ်။

တကယ်လို့ ဒီလိုအမျိုးသမီးမျိုးနဲ့သာ အဖော်ဖြစ်ရမယ်ဆိုရင်၊ ရှေးလူကြီးတွေ ပြောသလို တစ်ယောက်တည်း နတ်ရွာရောက်ပေမဲ့ တစ်ဆွေမျိုးလုံး ကောင်းစားမှာပါ။

​ချောင်ရှန်းကုန်းမီရှန့် ကတော့ သူမအစ်ကို ပြောတာကို သေချာမကြားပါဘူး။

သူမက ဖန့်ချန်ကိုပဲ ကြောင်ကြည့်နေမိတာပါ။

​ရှေ့ကလူရဲ့ ရုပ်ရည်ဟာ နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ သူမ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

​ဟိုတုန်းက မဟာချန်း နိုင်ငံမှာ ဓားတစ်လက်တည်းနဲ့ ရန်သူတွေကို သုတ်သင်ခဲ့တဲ့သူ သူသာ မရှိခဲ့ရင် သူမ ဒီနေ့ ဒီနေရာမှာ အသက်ရှင်လျက် ရပ်နေနိုင်မှာ မဟုတ်ဘူး...

​"ရုပ်ချင်း ဆင်တာပဲ ဖြစ်မှာပါ... အဲဒီလူက သေသွားတာ ကြာပြီပဲ..."

ချောင်ရှန်းကုန်းမီရှန့် တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

​ဒါပေမဲ့ သူမနားကနေ လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပါတယ်။

​"ဖန့်ချန် လည်း ရောက်လာတာပဲ ဘယ်နေရာ စည်စည် သူကတော့ အမြဲ ပါတာပဲ"

​ချောင်ရှန်းကုန်းမီရှန့် အံ့ဩတကြီးနဲ့ လှည့်ကြည့်လိုက်တော့၊ ကိုင်ဝူက အသုဘခန်းမဘက်ကို လှောင်ပြုံးနဲ့ ကြည့်နေတာကို တွေ့ရပါတယ်။

​ဖန့်ချန်...

​ရုပ်ချင်းက ထပ်တူကျနေတာ၊ နာမည်လည်း တူနေဦးမှာလား လောကမှာ ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်ရှိမှာလဲ...

​"ဝမ်းကွဲအစ်ကို... အစ်ကို ပြောတာက... အဲဒီလူက ဟင်လင်းပြင်ထာဝရာဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ ဖန့်ချန် လား ဟိုတုန်းက ယွီနတ်သမီး ကို ကာကွယ်ပေးခဲ့တဲ့သူလား..."

အားလုံးရဲ့ မျက်နှာတွေ ပြောင်းလဲသွားပြီး သံသယတွေ ဖြစ်ကုန်ကြပါတယ်။

​ဒီလူက လီရှောင်နိုင်ငံကို လာရဲသေးတာလား

​ဒီနေ့ သူက ပြဿနာလာရှာတာလား၊ ဒါမှမဟုတ် တကယ်ပဲ အသုဘ လာပို့တာလား

​ဟိုတုန်းက ကိစ္စက သိပ်ပြီး ဂယက်မကြီးခဲ့ပေမဲ့ကောင်းကင်ဘုရင်ကျန့်စံအိမ်နဲ့ ဓားဂိုဏ်းကိုတော့ ရန်သူဖြစ်စေခဲ့တာလေ။

​လီရှောင်နိုင်ငံကလည်း ကောင်းကင်ဘုရင်ကျန့်စံအိမ်နဲ့ ဆက်ဆံရေးကောင်းသလို၊ ယွီချင်းမေ နဲ့ ကိုင်ဝူ တို့လည်း ရှိနေတော့ ဓားဂိုဏ်းနဲ့က ဆန့်ကျင်ဘက်ပါပဲ။

​ချင်ဟော့ချန်း လာတာကတော့ ထားပါတော့၊ သူက အဲဒီကိစ္စမှာ ကိုယ်တိုင် မပါခဲ့ဘူးလေ။

ဒါပေမဲ့ ဒီဖန့်ချန်ကတော့ ယွီနတ်သမီးနဲ့ ရှိတဲ့ ပတ်သက်မှုအရ အသုဘ လာပို့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

​အဲဒီအချိန်မှာပဲ ချင်ဟော့ချန်းက ထရပ်လိုက်ပါတယ်။

သူက ရှန်ကျီကို တစ်ချက်ကြည့်၊ ဖန့်ချန်ကို တစ်ချက်ကြည့်နဲ့ မရယ်ဘဲ မနေနိုင်တော့ပါဘူး

​"ညီလေး... မင်းလည်း ဘာလို့ ရောက်လာတာလဲ"

​"ဒီလူက ချင်ဟော့ချန်းရဲ့ ညီ လား သူကလည်း ဓားဂိုဏ်းက ဓားကျင့်ကြံသူလား"

အားလုံးက ရှန်ကျီဆီကနေ ဖန့်ချန်ဆီကို အာရုံပြောင်းသွားပြီး စပ်စုနေကြပါတယ်။

​"ကျွန်တော် ယွီချင်းကျိ အတွက် အမွှေးတိုင် လာထွန်းတာပါ"

ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​ယွီချင်းမေ ရဲ့ မျက်နှာကတော့ အစောကြီးကတည်းက ပျက်နေပါပြီ။

ဒီစကားကို ကြားလိုက်ရတဲ့အခါ သူမ ချက်ချင်း ထရပ်ပြီး ဒေါသတကြီး အော်လိုက်တယ်

​"နင် ငါ့အစ်ကို့ကို အမွှေးတိုင်ထွန်းဖို့ အရည်အချင်း မရှိဘူး အသုဘခန်းမထဲကနေ အခုချက်ချင်း ထွက်သွား မဟုတ်ရင် ဒီနေ့ ငါတို့ လီရှောင်က ဓားဂိုဏ်းကို မျက်နှာမထောက်ဘဲ နင့်ကို ခြေထောက်နဲ့ လမ်းလျှောက်ဝင်လာစေပြီး ထမ်းစင်နဲ့ ပြန်ထွက်သွားအောင် လုပ်ပစ်မယ်"

​အခန်း (၉၄၀) ပါးရိုက်ခြင်း

​အရင်ရောက်နေတဲ့ ကျင့်ကြံသူတွေရော၊ နောက်မှရောက်လာတဲ့ ကျောက်ကျောင်လုံ၊ ဟန်လင်းချိုးတို့ပါ ယွီချင်းမေရဲ့ စကားကြောင့် ခေတ္တမျှ ကြောင်အသွားကြပါတယ်။

​ဟင်လင်းပြင်ထာဝရာဓားဂိုဏ်း နဲ့ နှိုင်းယှဉ်ရင် လီရှောင်နိုင်ငံက အဆပေါင်းများစွာ အားနည်းပေမဲ့၊ ယွီချင်းမေက ကောင်းကင်ဘုရင်ကျန့်စံအိမ် ကို ကိုယ်စားပြုနေတာပါ။

ဒီလိုဆိုတော့ အခုလက်ရှိ ဓားဂိုဏ်းထက်တောင် ပိုပြီး အင်အားကြီးသလို ဖြစ်နေပါတယ်။

​"ချင်းမေ... နင် စိတ်အေးအေးထားစမ်း"

​လီရှောင်ဘုရင်ရဲ့ မျက်နှာ ပျက်သွားပြီးနောက်၊ ဖန့်ချန်ဘက်ကို လှည့်ပြီး အတင်းပြုံးကာ ပြောလိုက်တယ်

"ဒီလူကြီးမင်းနဲ့ ကျွန်တော့်သမီးကြားမှာ အထင်လွဲတာလေးတွေ ရှိနေလို့ပါ အမြန်ပဲ အမွှေးတိုင်ထွန်းပြီး ထွက်သွားပေးပါ"

​"ခမည်းတော်... ဟိုတုန်းက ဝူအာ ဓားဂိုဏ်းမှာ ကိစ္စဖြစ်တုန်းက အဲဒီမိစ္ဆာမကြောင့် သေလုမတတ် ခံခဲ့ရတာ ဒီလူကပဲ ရှေ့ထွက်ပြီး အဲဒီမိစ္ဆာမဘက်ကနေ စံအိမ်က စစ်သည်တွေကို သတ်ခဲ့တာလေ ဒါကို အထင်လွဲတာလေးလို့ ခေါ်မလား"

​ယွီချင်းမေက အေးစက်စွာ ပြောတယ်

"သူက ငါ့အစ်ကို့ကို အမွှေးတိုင်ထွန်းချင်တယ်ဟုတ်လား၊ အိမ်မက်မက်နေတာပဲ သူက အဲဒီလောက် အဆင့်အတန်း ရှိလို့လား"

​အားလုံးက ဟိုတုန်းက ကိစ္စကို အနည်းနဲ့အများ ကြားဖူးထားကြတာမို့ စိတ်ထဲမှာ ထိတ်လန့်သွားကြပါတယ်။

ဒါဆို နှစ်ဖက်စလုံးက အခုထိ အာဃာတ မရှင်းရသေးဘူးပေါ့

ဒီလိုဆိုရင် ကောင်းကင်ဘုရင်ကျန့်စံအိမ်နဲ့ ဓားဂိုဏ်းက အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တာပဲ။

​ဟန်လင်းချိုးတို့တစ်စုလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်နှာပေးတွေ ထူးဆန်းနေကြပါတယ်။

သူတို့လည်း ဖန့်ချန်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားသလို၊ ပိုထူးဆန်းတာက ဖန့်ချန်ဟာ သူတို့ နတ်ဘုရားလမ်းစဉ်ဂိုဏ်း ရဲ့ ရှန်ကျီ နဲ့ အတူတူ ပေါ်လာတာပါ။

​ဒီနှစ်ယောက်က အစကတည်းက အတူတူ ရှိနေကြတာလား

သူတို့စိတ်ထဲမှာ မယုံကြည်နိုင်စရာ ခန့်မှန်းချက်တွေ ပေါ်လာပြီး မျက်နှာပေးတွေ ပိုလို့တောင် ထူးဆန်းလာပါတော့တယ်။

​လီရှောင်ဘုရင်က ထပ်ပြီး ဖျောင်းဖျဖို့ ကြိုးစားပေမဲ့ ယွီချင်းမေက ကြိုပြောလိုက်တယ်

"ခမည်းတော်... ဒီနေ့ ကျွန်မက ကောင်းကင်ဘုရင်ကျန့်စံအိမ်ကိုလည်း ကိုယ်စားပြုနေတာပါ"

​ဒီစကားကြောင့် လီရှောင်ဘုရင် ချက်ချင်း ပါးစပ်ပိတ်သွားပါတယ်။

လီရှောင်နိုင်ငံရဲ့ ကိစ္စဆိုရင် သူ ပြောနိုင်သေးပေမဲ့၊ ကောင်းကင်ဘုရင်ကျန့်စံအိမ်နဲ့ ပတ်သက်လာရင်တော့ သူ ဝင်ပြောဖို့ အရည်အချင်း မရှိတော့ပါဘူး။

​"ကျွန်တော့်ညီလေးက အမွှေးတိုင် တစ်တိုင်ပဲ လာထွန်းတာပါ သခင်မက ဒီလောက်အထိ ဖိအားပေးဖို့ မလိုပါဘူး မဟုတ်လား"

ချင်ဟော့ချန်းက ယွီချင်းမေကို ကြည့်ပြီး ပြုံးပြုံးလေး ပြောပါတယ်။

​ယွီချင်းမေရဲ့ မျက်လုံးတွေက အေးစက်သွားတယ်

"ငါက ဖိအားပေးတာလား နင်တို့ ဓားဂိုဏ်းက ငါ့အစ်ကို့ကို လာအနိုင်ကျင့်တာလို့ ငါမြင်တယ် သူက ငါ့အစ်ကိုနဲ့ ဘာခင်မင်မှု ရှိလို့လဲ ဘယ်လိုလုပ် သူက အမွှေးတိုင် ထွန်းခွင့်ရမှာလဲ"

​"အဲဒီစကားကတော့ မမှန်ဘူး"

​ဖန့်ချန်က ပြုံးပြီး ခေါင်းခါလိုက်ပါတယ်။

ပြီးနောက် ကျောက်ကျောင်လုံတို့ကို တစ်ချက်ဝှေ့ကြည့်ပြီး

"ကျောက်စီနီယာအစ်ကိုတို့ ဟွာစီနီယာအစ်မတို့ သက်သေခံနိုင်ပါတယ် ကျုပ် တောရိုင်းကျောင်းတော်မှာ ရှိတုန်းက ယွီစီနီယာအစ်ကိုနဲ့ ခင်မင်မှုက မဆိုးပါဘူး"

​တောရိုင်းကျောင်းတော်

အားလုံးက ချက်ချင်း သဘောပေါက်သွားကြပါတယ်။

ဒီနှစ်ယောက်က တောရိုင်းကျောင်းတော်မှာ ခင်ခဲ့ကြတာကိုး၊ ဒါဆိုရင်တော့ သဘာဝကျပါတယ်။

​"ဖန့်ဂျူနီယာညီလေးနဲ့ ယွီအစ်ကိုက တကယ်ပဲ ခင်မင်မှု ရှိကြပါတယ်"

ကျောက်ကျောင်လုံက ခေါင်းညိတ်ပြပါတယ်။

​ဖန့်ချန်က ပြုံးလိုက်ပြီး ယွီချင်းမေ စကားမပြောနိုင်ခင်မှာပဲ ဆက်ပြောတယ်

​"ဒါတင်မကသေးဘူး ဟိုတုန်းက ကိစ္စက မင်းသား ကိုင်ဝူ သွေးဝိညာဉ်ဂိုဏ်းရဲ့ အသုံးချခံရလို့ ပြဿနာတက်ခဲ့တာ မဟုတ်လား"

"သူ အဲဒီလို ဖြစ်ခဲ့တာကလည်း သူကိုယ်တိုင် ရှာခဲ့တဲ့ သင်ခန်းစာပဲ အခုထိ အသက်ရှင်နေတာကိုက ကောင်းကင်ဘုရင်ဆီကနေ သက်တမ်း ခိုးယူထားရသလိုပဲ ငါ့အမြင်မှာတော့ ကိုင်ဝူက အဲဒီတုန်းကတည်းက သေသင့်တာ"

​ဖန့်ချန်က ပြောရင်းနဲ့ အမွှေးတိုင်တစ်တိုင်ကို မီးညှိလိုက်ပါတယ်။

ယွီချင်းကျိရဲ့ နာမည်ပြားရှေ့မှာ စိုက်ရင်း ပြုံးပြီး ဆက်ပြောတယ်

​"သခင်မ... ကိုင်ဝူ အခုထိ အသက်ရှင်နေတာကိုက မင်းတို့ အမြတ်ထွက်နေတာပဲ အမြတ်ရနေတာကို ဘာလို့ ဒီလောက်တောင် လူဆိုးလုပ်နေရတာလဲ"

​ဒီစကားကြောင့် လီရှောင်နိုင်ငံနဲ့ ရင်းနှီးတဲ့ ကျင့်ကြံသူတွေ အကုန် မျက်နှာပျက်ကုန်သလို၊ လီရှောင်ဘုရင်ရဲ့ မျက်နှာကလည်း မည်းမှောင်သွားပါတယ်။

ဒါပေမဲ့ သူကတော့ စိတ်ကို ထိန်းထားနိုင်သေးတယ်။ တိုက်ရိုက် ရန်မပြုဘဲ ရှန်ကျီ ကို ကြည့်ပြီး

​"စတုတ္ထမင်းသမီး... ဒီနေ့ မင်းသမီးတို့နှစ်ယောက် လာတာက တကယ်ပဲ အမွှေးတိုင် လာထွန်းတာလား"

"တကယ်လို့ ဒီနေ့မှာ ပြဿနာလာရှာဖို့ ရွေးချယ်တယ်ဆိုရင်တော့၊ ကျွန်တော်တို့ လီရှောင်ကလည်း အခြေအနေကို မငဲ့ဘဲ ဘယ်သူမှ မမြင်ချင်တဲ့ ကိစ္စမျိုးတွေ လုပ်မိပါလိမ့်မယ်"

​"ကျွန်မတို့ ဒီကိုလာတာက အမွှေးတိုင်ထွန်းရုံတင်မကဘူး တကယ်ပဲ လုပ်စရာ ကိစ္စအချို့ ရှိပါသေးတယ် အဲဒီအချိန်ကျရင် လီရှောင်ဘုရင်က နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ရှန်ကျီက ခေါင်းညိတ်ပြီး ပြောပါတယ်။

​လီရှောင်ဘုရင် ဆွံ့အသွားပါတယ်။

သူက အခြေအနေကို ထိန်းဖို့ ပြောလိုက်တာကို တစ်ဖက်လူက အံ့ဩစရာ အဖြေတစ်ခု ပေးလိုက်လို့ပါ။

​အားလုံးရဲ့ မျက်နှာထားတွေကလည်း အမျိုးမျိုး ပြောင်းလဲနေပါတယ်။

ဒီနတ်ဘုရားလမ်းစဉ်ဂိုဏ်းက ရှန်ကျီက ဖန့်ချန်ဘက်ကနေ ရှေ့ထွက်ပေးတာလား

တကယ်သာ ဆိုရင်တော့ ကောင်းကင်ဘုရင်ကျန့်စံအိမ်နဲ့ နတ်ဘုရားလမ်းစဉ်ဂိုဏ်းတို့ကြားက အငြိုးအတေး ဖြစ်သွားပါလိမ့်မယ်။

နတ်ဘုရားလမ်းစဉ်ဂိုဏ်းရဲ့ အင်အားနဲ့ဆိုရင် ဟိုဘက်ကလည်း ရှောင်ရမှာပဲ

​အခြေအနေက တင်းမာနေတုန်းမှာပဲ ကိုင်ဝူက ဘေးခန်းမကနေ ထွက်လာပါတယ်။

သူ့နောက်မှာလည်း တခြားလူငယ်တွေ ပါလာပြီး ကိုင်ဝူဘက်ကနေ ဝိုင်းဝန်းအားပေးတဲ့ ပုံစံမျိုး လုပ်နေကြပါတယ်။

​"မေမေ... ဖန့်ဓားဦးဆောင်သူက ဦးလေးကို အမွှေးတိုင်ထွန်းချင်တယ်ဆိုရင်လည်း ထွန်းပါစေလေ"

ကိုင်ဝူက ပြုံးပြီး ပြောပါတယ်။

​"ဝူအာ... ဒီလူက စိတ်ရင်းနဲ့ အမွှေးတိုင်လာထွန်းတာဆိုရင် မေမေ မတားပါဘူး ဒါပေမဲ့ သူ့စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ မေမေ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ"

​ယွီချင်းမေက နှာခေါင်းရှုံ့လိုက်ပြီး ရှန်ကျီဘက်ကို လှည့်လိုက်တယ်

"စတုတ္ထမင်းသမီး... ရှင်နဲ့ ကျွန်မ မြို့တော်မှာ ခဏခဏ ဆုံဖူးတယ် ရှင့်အနေနဲ့ ကျွန်မသားနဲ့ ဒီလူကြားက အငြိုးကို သိသင့်ပါတယ်"

"ရှင်က ဒီနေ့ သူ့ကို လီရှောင်အထိ ခေါ်လာတာ ဘာအဓိပ္ပာယ်လဲ အလယ်ပိုင်းဒေသက ကောင်းကင်ဘုရင်ကျန့်စံအိမ်ကို မျက်စိထဲ မထည့်တော့တာလား"

"ကျွန်မ ခင်ပွန်းက ရှင့်မျက်စိထဲမှာ ဘာမှမဟုတ်တဲ့သူလား တကယ်လို့ သူ တကယ် ဒေါသထွက်လာရင် ရှင့်ရဲ့ ရွှင်မျိုးနွယ်စုကလည်း ဂရုမစိုက်တော့ဘူးလား"

​ဒါက အလယ်ပိုင်းဒေသ တော်ဝင်မျိုးနွယ်ကို တိုက်ရိုက် စိန်ခေါ်လိုက်တာပဲ

အားလုံး မျက်နှာတွေ ထူးဆန်းသွားပြီး ကြက်သီးထသွားကြပါတယ်။

ပုံမှန်ဆိုရင်တော့ သူတို့ ပြဿနာမတက်ခင် အစောကြီးကတည်းက ထွက်ပြေးကြမှာပါ။

ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့ သွားလို့မရဘူး။ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် တစ်ဖက်ဖက်ကို သေချာပေါက် ဆော်ကားမိမှာလေ။ သူတို့က ဘယ်ဖက်ကိုမှ မဆော်ကားရဲဘူး

​"သခင်မ... နင်က ကိစ္စကို အကြီးကြီး လုပ်နေပြီ ဒါက ကောင်းကင်ဘုရင်ကျန့်နဲ့ ဘာမှ မဆိုင်သေးဘူး"

ရှန်ကျီက ပြုံးပြီး ပြောပါတယ်။

​"စတုတ္ထမင်းသမီး... ဒီနေ့က ယွီအစ်ကို့ရဲ့ ဈာပနပါ၊ ပြဿနာ မရှာတာ ကောင်းမယ် ရှန်ကျီနဲ့ ဖန့်ညီလေးတို့ အရင် ပြန်သွားကြတာက ပိုကောင်းပါလိမ့်မယ်"

ကျောက်ကျောင်လုံက ရုတ်တရက် ဝင်ပြောပါတယ်။

​"ရှန်ကျီ... ဒီနေ့ ဒီပွဲက တကယ်ပဲ မသင့်တော်ဘူး..."

ဟန်လင်းချိုးကလည်း ခါးသီးစွာ ပြုံးပြီး လက်အုပ်ချီပြောပါတယ်။

​စူလင်းကျူက တိုးတိုးလေး ပြောတယ်

"ရှန်ကျီ... ရှင်က အလယ်ပိုင်းဒေသ တော်ဝင်မျိုးနွယ် ဖြစ်ပေမဲ့ နတ်ဘုရားလမ်းစဉ်ဂိုဏ်းကိုလည်း ကိုယ်စားပြုနေတာပါ ပြင်ပလူတစ်ယောက်အတွက်နဲ့ နတ်ဘုရားလမ်းစဉ်ဂိုဏ်းကို ရန်သူအင်အားကြီးတွေ မဖန်တီးပေးပါနဲ့၊ ဒါက ဂိုဏ်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါတယ်..."

​ယွီချင်းမေရဲ့ နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခု ပေါ်လာပြီး ရှန်ကျီကို လက်ညှိုးထိုးကာ

​"စတုတ္ထမင်းသမီး... ကြားလား သူတို့အားလုံးက ရှင့်ရဲ့ လုပ်ရပ်က မသင့်တော်ဘူးလို့ ထင်ကြတယ် ရှင်သာ နားမထောင်ဘူးဆိုရင် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး"

​ပြီးနောက် သူမက ဖန့်ချန်ကို ကြည့်ပြီး အေးစက်စွာ ပြောတယ်

"ထွက်သွား ငါ ဒုတိယအကြိမ် ထပ်မပြောဘူး"

​အခြေအနေက တကယ့်ကို စိုးရိမ်စရာ ဖြစ်လာပါပြီ။

ကျင့်ကြံသူတွေရဲ့ အမြင်မှာတော့ တကယ်လို့ ဖန့်ချန်နဲ့ ရှန်ကျီတို့ အခု မသွားဘူးဆိုရင် ကိစ္စက ပြန်ပြင်လို့ မရတော့တဲ့အထိ ဖြစ်သွားမှာပါ။

ဓားဂိုဏ်းရဲ့ ဓားအိုကြီး ကလည်း ဆုံးပါးသွားပြီဆိုတော့ အရင်လို မဟုတ်တော့ဘူး။

ကောင်းကင်ဘုရင်ကျန့်က အလယ်ပိုင်းဒေသမှာ လူသိများသလို မင်းကြီး ၄ ပါးထဲက တစ်ပါးလည်း ဖြစ်ပါတယ်။

ဓားအိုကြီး ရှိတုန်းကတောင် ဓားဂိုဏ်းနဲ့ ယှဉ်ရဲတာ၊ အခုဆိုရင် ပြောနေစရာတောင် မလိုတော့ပါဘူး။

​"ရှီလုံ ငါ့ ကိုယ်စား ပါးရိုက်လိုက်"

​"ဟုတ်ကဲ့"

​အားလုံးရဲ့ မျက်စိရှေ့မှာတင် ခဏလေးအတွင်းမှာပဲ ယွီချင်းမေဟာ မူလနေရာကနေ ပျောက်သွားပြီး၊ အဖိုးအိုတစ်ယောက်ရဲ့ လည်ပင်းကို အကိုင်ခံထားရကာ ပါးရိုက်တာ ၁၀ ချက်ကျော်လောက် ခံလိုက်ရပါတယ်။

​သူမရဲ့ ဝတ်စုံတွေ ဖရိုဖရဲ ဖြစ်သွားသလို၊ မျက်နှာလေးကလည်း နီမြန်းပြီး ရောင်ကိုင်းသွားပါတယ်။

​ဒီနေရာမှာ ရှိနေတဲ့သူ တစ်ယောက်မှ မမှီလိုက်ပါဘူး။

သူတို့ သတိပြန်ဝင်လာတဲ့အခါမှာတော့ ခုနက ဝင့်ကြွားနေတဲ့ ယွီချင်းမေဟာ ကြောင်အအနဲ့ မျက်လုံးတွေ ပြာဝေကာ ဘာဖြစ်သွားမှန်း မသိတဲ့ ပုံစံ ဖြစ်နေပါပြီ။

​ခဏအတွင်းမှာပဲ ကျောက်ကျောင်လုံတို့လို ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေ အကုန်လုံး မျက်နှာတွေ လေးနက်သွားကြပါတယ်။

​ဒီအဖိုးအိုရဲ့ အစွမ်းက... မရိုးရှင်းဘူးပဲ။

​ကိုင်ဝူရဲ့ မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲနေပြီး ယွီချင်းမေဆီကနေ အကြည့်ကို လွှဲကာ ဖန့်ချန်ကို စိုက်ကြည့်လိုက်တယ်

​"ဖန့်ချန်... မင်း ငါ့အမေ ကို လူပုံအလယ်မှာ စော်ကားရဲတယ်ပေါ့ ငါ မင်းရဲ့ မျိုးနွယ် ၉ ဆက်လုံးကို သတ်ပစ်မယ်"

​ပြောပြီးတာနဲ့ သူက ကောင်းကင်လျှိုဝှက်မှန် ကို ထုတ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်တယ်

"ဟုန်ဘိုးဘေးကြီး... လီရှောင်ကို အခုချက်ချင်း လာခဲ့ပါဦး ကိစ္စ... ဖြစ်... ပြီ"

​ဟုန်ဘိုးဘေးကြီး ကောင်းကင်ဘုရင်ကျန့်စံအိမ်ရဲ့ အဲဒီလူသတ်နတ်ဘုရား လား

​အားလုံး တုန်လှုပ်သွားကြပါတယ်။

​ကိစ္စတော့ ဖြစ်ပြီ

All Chapters