← Chapters

အခန်း (၉၄၉-၉၅၀)

Vol. 95 Ch. 949-950

အခန်း (၉၄၉-၉၅၀)

Vol. 95 Ch. 949-950

​အခန်း (၉၄၉) အလောင်းသိမ်းခြင်း

​"ဖန့်... ဖန့်သခင်လေး..."

​အာရှန်ကုန်းမီရှန့်က ရုတ်တရက် ရှေ့တစ်လှမ်းတိုးလာပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ စကားပြောလိုက်ပါတယ်

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး အခွင့်အရေးလေး ပေးပါဦး၊ ကျွန်မတို့ ဂိုဏ်းချုပ်က သွေးဝိညာဉ်ဂိုဏ်းနဲ့ ဘာမှမပတ်သက်ပါဘူး..."

​"ညီမလေး... နင်က ဘာလို့ မတ်တပ်ရပ်နေသေးတာလဲ၊ မြန်မြန် ဒူးထောက်စမ်း"

​သူမရဲ့ စီနီယာအစ်ကိုကတော့ ဒူးထောက်နေတာ ကြာပါပြီ။

သူက အာရှန်ကုန်းမီရှန့်ရဲ့ အင်္ကျီစကို ဆွဲပြီး အတင်းဒူးထောက်ခိုင်းနေပါတယ်။

အခုအချိန်မှာ အသက်ရှင်ဖို့က ပထမမို့ သိက္ခာဆိုတာ ဂရုစိုက်နေလို့ မရတော့ပါဘူး။

​ရှေ့ကလူ ခေါ်လာတဲ့သူတွေက မသေမျိုးဘုရင်ကိုတောင် သတ်နိုင်တာလေ။

ဒီလို အဆင့်အတန်းမျိုးက စကားတစ်ခွန်း ပြောလိုက်ရုံနဲ့တင် ဝူချန်တောင်ကြီးတစ်ခုလုံး ပြာဖြစ်သွားနိုင်ပါတယ်။

​"ပြီးခဲ့တဲ့တစ်ခေါက် တွေ့ပြီးကတည်းကဆိုရင် နှစ်တွေ တော်တော်ကြာသွားပြီနော်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​အာရှန်ကုန်းမီရှန့် ကြောင်သွားပါတယ်။

တစ်ဖက်လူက သူမကို မှတ်မိနေတာပဲ။

သူမကတော့ သူက ပြီးခဲ့တဲ့ကိစ္စတွေကို မေ့သွားလောက်ပြီလို့ ထင်နေတာပါ။

​ဒါကို တွေးမိတော့ အာရှန်ကုန်းမီရှန့်က ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေတယ်

"နှစ်ပေါင်း ၅၀ ကျော်လောက် ရှိပါပြီ..."

​ကျန်တဲ့လူတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြပါတယ်။

ဒီလို အင်အားကြီးသူက ဘာလို့ အဆင့် ၃ အင်ပါယာက လာတဲ့ အညတရလေးတစ်ယောက်နဲ့ သိနေရတာလဲ သူငယ်ချင်းဟောင်းတွေလား

​အာရှန်ကုန်းမီရှန့်ရဲ့ စီနီယာအစ်ကိုကတော့ ဆွံ့အပြီး မယုံနိုင်အောင် ဖြစ်နေပါတယ်။

စိတ်ဝိညာဥ်ထွက်ခွာခြင်းနောက်ပိုင်းအဆင့် ရှိတဲ့ ဝူချန်တောင် ဂိုဏ်းချုပ်ကိုယ်တိုင်လည်း အံ့ဩသွားရပါတယ်။

​"ဒီမိန်းကလေးကို သိလို့လား"

ရှန်ကျီက အာရှန်ကုန်းမီရှန့်ကို အကဲခတ်တဲ့ အကြည့်နဲ့ ကြည့်ပြီး မေးပါတယ်။

​"သူမနဲ့ သိခဲ့တာက ချီသန့်စင်ခြင်းအဆင့် တုန်းကတည်းကပါ"

​ဖန့်ချန်က ပြုံးပြီး

"ပြီးခဲ့တဲ့တစ်ခေါက် သူမနဲ့ တွေ့တာက မဟာချန်း မှာလေ အဲဒီတုန်းကလည်း အခုလိုပဲ သွေးဝိညာဉ်ဂိုဏ်းသားတွေက မဟာချန်းမြို့တော်ကို ပိတ်ဆို့ပြီး မဟာချန်းနိုင်ငံနဲ့ ယိုရှန်းနိုင်ငံကြားမှာ စစ်ပွဲတွေဖြစ်အောင် ဖန်တီးဖို့ ကြိုးစားခဲ့ကြတာ"

​ပြောရင်းနဲ့ ဖန့်ချန်က အာရှန်ကုန်းမီရှန့်ကို တစ်ချက်ကြည့်လိုက်တယ်

"မင်းရဲ့ ကံကြမ္မာကလည်း တော်တော်ဆိုးတာပဲသွေးဝိညာဉ်ဂိုဏ်းရဲ့ အစီအစဉ် နှစ်ခုစလုံးနဲ့ တည့်တည့်တိုးနေတာပဲ"

​အာရှန်ကုန်းမီရှန့်က ခါးသီးစွာ ပြုံးလိုက်ပါတယ်။

​ကျန်တဲ့လူတွေကတော့ ရင်ထဲမှာ ထိတ်လန့်သွားကြပါတယ်။

ဒီဖန့်ဓားဦးဆောင်သူက လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကတည်းက သွေးဝိညာဉ်ဂိုဏ်းနဲ့ ရင်ဆိုင်နေခဲ့တာပေါ့။

​"ခုနက ဒူးထောက်ပြီး သွေးဝိညာဉ်ဂိုဏ်းဘက် ပြောင်းချင်တဲ့သူတွေ ရှိခဲ့တာကပဲ... သူတို့ဟာ သွေးဝိညာဉ်ဂိုဏ်းသားတွေ မဟုတ်ဘူးဆိုတာကို သက်သေပြနေတာပါပဲ"

ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​လူတိုင်း ရင်ထဲက ဝန်ထုပ်ကြီး ကျသွားသလို ခံစားလိုက်ရပေမဲ့ လုံးဝတော့ စိတ်မချရသေးပါဘူး။

​"မင်းတို့ထဲမှာ အချို့က အဆင့် ၂ အင်ပါယာ၊ အချို့က အဆင့် ၃ အင်ပါယာက လာကြတာပဲ အခု မင်းတို့နိုင်ငံတွေမှာ စစ်ပွဲတွေ ဖြစ်နေကြလား"

​"ဖြစ်... ဖြစ်နေပါတယ်..."

လူအတော်များများက ထစ်ထစ်ငေါ့ငေါ့ ဖြေကြပါတယ်။

​"ပြန်သွားကြတော့၊ စစ်ပွဲတွေကို ငြိမ်းအေးအောင်လုပ်ပါ တကယ်လို့ နောက်ထပ် ပြဿနာတွေ ထပ်တက်လာရင်တော့... မင်းတို့အားလုံးက သွေးဝိညာဉ်ဂိုဏ်းသားတွေပဲလို့ ငါသတ်မှတ်မယ် အဲဒီအခါကျရင် ငါကိုယ်တိုင် မင်းတို့ဆီ လိုက်လာခဲ့မယ်၊ တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး"

ဖန့်ချန်က ပြောပါတယ်။

​လူတိုင်း လုံးဝ စိတ်အေးသွားကြပြီး ကတိတွေ အသီးသီး ပေးကြပါတယ်။

​ရှန်ကျီက ခဏစဉ်းစားကြည့်ပြီး ဒီလိုစီရင်တာက ပိုကောင်းတယ်လို့ ယူဆပါတယ်။

သူတို့ကို သတ်လိုက်တာထက် အရှင်ထားတာက ပိုအသုံးဝင်ပါတယ်။

ဒေသခံတွေအနေနဲ့ စစ်ပွဲငြိမ်းအေးအောင် လုပ်တာက ဝိညာဥ်သုတ်သင်ခြင်းဌာနက လူတွေ လိုက်လုပ်တာထက် ပိုထိရောက်မှာပါ။

​သူမက လီရှောင်ဘုရင်တို့ကို ကြည့်ပြီး မေးလိုက်တယ်

"ဒါဆို သူတို့ကိုရော"

​"ငါ့ဆီမှာ စာရင်းတစ်ခု ရှိတယ်၊ အဲဒါ ယွီချင်းကျိ ငါ့ကို ပေးထားတာ ယွီမိသားစုထဲက သွေးဝိညာဉ်ဂိုဏ်းသားတွေရဲ့ အချက်အလက်တွေ အကုန်ပါတယ်"

​ဖန့်ချန်က ရှန်ကျီဆီကို ကျောက်စိမ်းပေလွှာ တစ်ခု ကမ်းပေးလိုက်တယ်

"ငါ ခုနက ကြည့်ပြီးပြီ၊ အများစုက ဒီနေ့ ခန်းမထဲမှာ ရှိနေတယ် ကျန်တဲ့လူတွေအတွက်တော့ စတုတ္ထမင်းသမီး နောက်ထပ်တစ်ခေါက် လိုက်ရှင်းပေးဖို့ အကူအညီ တောင်းရပါလိမ့်မယ်"

​ရှန်ကျီက ပေလွှာထဲက အကြောင်းအရာကို ကြည့်လိုက်ပြီး မျက်လုံးတွေ အေးစက်သွားပါတယ်။

​လီရှောင်ဘုရင်တို့ကတော့ ထိတ်လန့်နေကြပါပြီ။

ယွီချင်းကျိ ပေးတဲ့စာရင်းလား သူက ဘယ်လိုလုပ် သွေးဝိညာဉ်ဂိုဏ်းသား စာရင်းကို သိနေရတာလဲ

​ကျောက်ကျောင်လုံက လေးနက်တဲ့ ပုံစံနဲ့ လက်အုပ်ချီကာ မေးတယ်

"ဖန့်... ဓားဦးဆောင်သူ၊ ခုနက ဒီစာရင်းကို ညီအစ်ကိုယွီ ပေးတာလို့ ပြောတာလား သူကလည်း သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်နေတာလား"

​"တကယ်လို့ ယွီချင်းကျိသာ သူ့ရဲ့အမှတ်အသားကို မပြခဲ့ရင်... လီရှောင်ဘိုးဘေးက သွေးဝိညာဉ်ဆေး ကို သုံးပြီး မသေမျိုးဘုရင်အဆင့် တက်ဖို့ ကြိုးစားနေတာကို ငါတို့ အချိန်တိုအတွင်း သိနိုင်မှာ မဟုတ်ဘူး"

​"ပြောရရင် သူနဲ့ ငါကလည်း ရေစက် တော်တော်ပါတာပဲ အရင်က မဟာချန်း ကိစ္စမှာလည်း သူပါတယ် အဲဒီနောက် ကျုံးကျိုးက ချန်းတောက်ဖူ မှာ ချင်မျိုးနွယ်စုနဲ့ လန်ယာ မျိုးနွယ်စုတို့ ပြဿနာတက်တုန်းကလည်း သူပါတယ်"

​"ဒီ နေမင်းဝိညာဉ်ရှင် က တော်တော်လေး အလုပ်များတာပဲ"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်

​လူတိုင်းရဲ့ မျက်နှာထားတွေ ထူးဆန်းသွားပါတယ်။

ဒါဆို သူတို့တွေက သွေးဝိညာဉ်ဂိုဏ်းက ဝိညာဉ်ရှင် တစ်ယောက်ရဲ့ ဈာပနကို မသိဘဲ တက်ရောက်ခဲ့ကြတာပေါ့

​"ဖန့်ဓားဦးဆောင်သူ... ကျွန်တော့်ရဲ့ ယွီမိသားစုထဲမှာ... တခြား ဘယ်သူတွေက သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်နေသေးလဲ တစ်ယောက်ချင်းစီ ပြောပြပေးပါ... ကျွန်တော်ကိုယ်တိုင်ပဲ မိသားစု သစ္စာဖောက်တွေကို ရှင်းလိုက်ပါ့မယ်"

​လီရှောင်ဘုရင်ဟာ အားအင်ကုန်ခမ်းနေတဲ့ ပုံစံနဲ့ မျက်လုံးတွေ ဝေဝါးနေပါတယ်။

​ဖန့်ချန်က ခေါင်းညိတ်ပြပြီး နာမည် ဆယ်ကျော်လောက်ကို ဆက်တိုက် ရွတ်ပြလိုက်ပါတယ်။

အကုန်လုံးက ယွီမိသားစုရဲ့ အလတ်တန်းစားနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေချည်းပါပဲ။

​သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အလယ်ပိုင်းအဆင့် တွေ ဖြစ်ကြပြီး သွေးဝိညာဉ်ဂိုဏ်းရဲ့ ဝိညာဉ်ရှင် တွေ ဖြစ်ကြပါတယ်။

​သူတို့ နာမည် အခေါ်ခံရတာနဲ့ ခန်းမထဲကနေ ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ လီရှောင်ဘုရင်က တစ်ယောက်ချင်းစီကို တားဆီးပြီး ဘာမှမမေးဘဲ လက်ဝါးနဲ့ တစ်ချက်ချင်းစီ ရိုက်သတ်လိုက်ပါတယ်။

​ဒါပေမဲ့ ဖန့်ချန်က နောက်ဆုံးနာမည်ကို ရွတ်လိုက်တဲ့အခါမှာတော့ လီရှောင်ဘုရင် ကြောင်သွားပါတယ်။

​ခန်းမထဲက လူတွေအားလုံးလည်း ဆွံ့အကုန်ကြပါတယ်။

​အဲဒီနောက်ဆုံး နာမည်ကတော့ လီရှောင်နိုင်ငံရဲ့ အငြိမ်းစားဘုရင် ပါ။

သူက လီရှောင်ဘုရင်ရဲ့ အဖေ ဖြစ်သလို၊ ယွီချင်းကျိရဲ့ အဖိုးလည်း ဖြစ်ပါတယ်။

​"မင်းက ဒီစာရင်းကို ချင်းကျိ ပေးတာလို့ ပြောတယ်၊ ဒီစာရင်းက အစစ်အမှန် ဟုတ်မဟုတ် ဘယ်လို သက်သေပြမလဲ"

အငြိမ်းစားဘုရင်ကြီးက တည်တည်ငြိမ်ငြိမ်ပဲ မေးလိုက်ပါတယ်။

​ဖန့်ချန်က ပြုံးပြီး

"ကျုပ်မှာ ဒီစာရင်း အစစ်အမှန် ဟုတ်မဟုတ် သက်သေပြစရာ လိုလို့လား "

​အငြိမ်းစားဘုရင်ကြီး ကြောင်သွားပြီး မျက်နှာ ပျက်သွားပါတယ်။

တစ်ဖက်လူက သက်သေပြစရာ တကယ်မလိုပါဘူး။

ဒီနေ့ အခြေအနေအရ လီရှောင်တော်ဝင်မိသားစု တစ်ခုလုံးကို ရှင်းပစ်ရင်တောင် ဘယ်သူမှ ကန့်ကွက်ရဲမှာ မဟုတ်ပါဘူး။

​လီရှောင်ဘိုးဘေးဟာ သွေးဝိညာဉ်ဂိုဏ်းရဲ့ မသေမျိုး ဖြစ်တယ်ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရား ဖြစ်သွားပါပြီ။

မကြာခင်မှာ ဒီသတင်းက နေရာအနှံ့ ပျံ့သွားတော့မှာပါ။

​"ထားလိုက်ပါတော့... ကိုယ်လုပ်တာ ကိုယ်ခံရမှာပဲ ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ ဝိညာဥ်အရှင်တွေထဲက တစ်ယောက်ဆိုတာ မှန်ပါတယ် ငါ့သားကတော့ အစကနေ အဆုံးထိ ဘာမှမသိခဲ့ပါဘူး ဖန့်ဓားဦးဆောင်သူအနေနဲ့ တရားမျှတစွာ ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ပါတယ်၊ အပြစ်မရှိသူတွေကိုတော့ မပတ်သက်ပါစေနဲ့"

​အငြိမ်းစားဘုရင်ကြီးက သက်ပြင်းချလိုက်ပြီး သူ့သားကို ကြည့်ပြောတယ်

"ငါ သေပြီးရင် ဖန့်ဓားဦးဆောင်သူကို ကူညီပြီး နိုင်ငံအတွင်းက စစ်ပွဲတွေကို ငြိမ်းအေးအောင်လုပ်ပါ နောင်ကျရင် မိသားစုဝင်တွေကို လမ်းမှန်ပေါ် ခေါ်သွားပါ၊ ငါတို့လို၊ ဘိုးဘေးတို့လို မဖြစ်ပါစေနဲ့"

​"အဖေ..."

​ဘုန်း

​အငြိမ်းစားဘုရင်ကြီးက သူ့ရဲ့ ဦးခေါင်းကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ်။

ဒီလက်ဝါးချက်က ပြင်းထန်လွန်းတာကြောင့် သူ့ရဲ့ ဝိညာဉ်စွမ်းအင် ပါ ကြေမွသွားပြီး ချက်ချင်း သေဆုံးသွားပါတော့တယ်။

​လူတိုင်း ရင်ထဲမှာတော့ လေးစားမိသွားကြပါတယ်။

ဒီအငြိမ်းစားဘုရင်ကြီးက တော်တော်လေး ပြတ်သားပြီး ရက်စက်ပါတယ်။

သူ ခုနက ပြောသွားတဲ့ စကားနဲ့ အခုလုပ်ရပ်က ယွီမိသားစု တစ်နွယ်လုံး အသတ်မခံရအောင် လမ်းစရှာပေးသွားတာပါ။

​ယွီမိသားစုဝင် အတော်များများကတော့ တွေဝေငေးမောနေကြပါတယ်။

အရင်ဆုံး မသေမျိုး တစ်ပါး သေတယ်၊ အခုတော့ တာအိုပေါင်းစပ်ခြင်းအဆင့် တစ်ယောက် ထပ်သေပြန်ပြီ။

ယွီမိသားစုရဲ့ အင်အားက မျက်စိရှေ့မှာတင် နှစ်ပေါင်း ရာနဲ့ချီ နောက်ဆုတ်သွားသလိုပါပဲ..

​အဲဒီအချိန်မှာပဲ လူတစ်ယောက် အပြေးအလွှား ရောက်လာပါတယ်။

​"ဘုရင်ကျန့် ရဲ့ ကိုယ်ရံတော် ဟုန်ဆန်းရှန်း ရောက်ပါပြီ သခင်လေး ကိုင်ဝူ ရှိပါသလား"

​ဟုန်ဆန်းရှန်းက ခန်းမထဲကို တည်တည်ငြိမ်ငြိမ်ပဲ ဝင်လာပါတယ်၊ ဒါပေမဲ့ ခန်းမထဲက အခြေအနေကို မြင်လိုက်ရတဲ့အခါမှာတော့ မျက်နှာ ချက်ချင်း ပျက်သွားပါတယ်။

​"ဘုရင်ကျန့်ရဲ့ လူသတ်သမား ရောက်လာပြီ..."

အားလုံးက ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။

​သူတို့က နှစ်ဖက် တိုက်ပွဲဖြစ်ဦးမလားလို့ ထင်နေချိန်မှာပဲ၊ ဟုန်ဆန်းရှန်းက ဖန့်ချန်ကို ရိုရိုသေသေ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်

​"ဖန့်သခင်လေး..."

​"မင်း လာတာ အတော်ပဲ၊ ကိုင်ဝူ အတွက် အလောင်းသိမ်းသွားလိုက်တော့ ဘုရင်ကျန့်ကိုလည်း သိပ်ဝမ်းမနည်းဖို့ ပြောလိုက်ပါ ကိုင်ဝူ သေသွားပေမဲ့ ဒါက ကိုင်ဟုန် အတွက် ကလဲ့စားချေပေးလိုက်တာပဲလေ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ကိုင်ဝူ သေပြီလား

​ဟုန်ဆန်းရှန်း ရင်ထဲမှာ တုန်လှုပ်သွားပြီး ကိုင်ဝူရဲ့ အလောင်းကို တွေ့လိုက်ရတဲ့အခါ ကြောင်သွားပါတယ်။

​ခဏအကြာမှာတော့ သူက အတင်းပြုံးပြီး

"ဖန့်သခင်လေး... ခုနက စကားက..."

​"ဒါက ချင်ဟော့ချန်း ရဲ့ အလောင်းပဲ ကိုင်ဟုန် သေတာက ကိုင်ဝူနဲ့ မပတ်သက်ဘူးလို့ ပြောလို့မရဘူး အခု သူတို့နှစ်ယောက်လုံး သေသွားပြီဆိုတော့ ကလဲ့စားချေပြီးပြီလို့ ပြောလို့ရတာပေါ့"

​ဖန့်ချန်က ချင်ဟော့ချန်းရဲ့ အလောင်းကို ညွှန်ပြပြီး ပြောပါတယ်။

​ဟုန်ဆန်းရှန်း ခဏလောက် တိတ်ဆိတ်သွားပြီးမှ အတင်းပြုံးကာ ခေါင်းညိတ်ပြတယ်

"ကလဲ့စားချေပြီးပြီလို့ပဲ သတ်မှတ်ရမှာပေါ့ ဒါဆို ကျွန်တော်မျိုး ကိုင်ဝူရဲ့ အလောင်းကို အရင် ပြန်သယ်သွားပါ့မယ်"

​"ယွီချင်းမေ ရဲ့ အလောင်းကိုပါ တစ်ခါတည်း ယူသွားလိုက်ပါ ဒီနေ့ကိစ္စတွေကို ဘုရင်ကျန့်က အသေးစိတ် သိချင်တယ်ဆိုရင် ငါ့ဆီ အချိန်မရွေး လာမေးလို့ ရတယ်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ယွီချင်းမေလည်း သေပြီလား

​ဟုန်ဆန်းရှန်းဟာ နောက်ထပ် အံ့ဩမနေတော့ဘဲ တိတ်ဆိတ်စွာနဲ့ပဲ ဖန့်ချန်ကို နှုတ်ဆက်ပြီး အလောင်းနှစ်ခုလုံးကို သယ်ကာ မြန်မြန် ထွက်သွားပါတော့တယ်။

​တစ်ချိန်တည်းမှာပဲ လူတိုင်းဟာ ခုနက သတင်းတွေကို ပြန်လည် စဉ်းစားနေကြပါတယ်။

​ကိုင်ဟုန်... သေသွားပြီလား

​သူတို့ရဲ့ မျက်နှာထားတွေ ပိုပြီး ထူးဆန်းလာပါတယ်။

ဒီတစ်ခေါက် ကိစ္စမှာ လီရှောင်နိုင်ငံတင် အထိနာတာ မဟုတ်ဘဲ ဘုရင်ကျန့်ရဲ့ စံအိမ်ကလည်း... အထိနာတာ မသေးဘူးပဲ။

​အခန်း (၉၅၀) ဒီလောက်ဆို လုံလောက်ပါပြီ

​ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ လီရှောင်နိုင်ငံအတွင်းက သတင်းအချက်အလက်တွေဟာ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။

ရှန်ကျီဟာ အရပ်ရပ်က ဝိညာဥ်သုတ်သင်ခြင်းဌာန ကျင့်ကြံသူတွေဆီကတစ်ဆင့် ဒေသအသီးသီးရဲ့ အခြေအနေတွေဟာ တဖြည်းဖြည်း တည်ငြိမ်လာပြီဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။

​"ဖန့်ချန်... နောက်ထပ် နှစ်ပတ်လောက်ဆိုရင် အခြေအနေအားလုံးကို အခြေခံအားဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်"

​ရှန်ကျီက ဖန့်ချန်ကို ကြည့်ပြီး ပြောလိုက်တယ်

"ငါ ကျုံးကျိုးဘက်ကနေ လူအင်အားတချို့ ထပ်လွှတ်ဖို့ ပြောထားပြီးပြီ သွေးဝိညာဉ်ဂိုဏ်းသားတွေထဲက လက်မလျှော့တဲ့သူတွေ ကျန်နေဦးမယ်ဆိုရင်တောင် ဘာမှ ထူးထူးခြားခြား လုပ်နိုင်မှာ မဟုတ်တော့ပါဘူး"

​"ဒါဆိုရင်တော့ ကျွန်တော်လည်း ထွက်ခွာသင့်ပြီ ဒီဘက်ကိစ္စတွေကိုတော့... စတုတ္ထမင်းသမီးပဲ အသေအချာ စောင့်ရှောက်ပေးပါဦး ပြာပုံထဲက မီးခဲလို ပြန်မထလာအောင်ပေါ့"

ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​"ဒါက ငါ့ရဲ့ တာဝန်ဝတ္တရားပဲလေ"

ရှန်ကျီက ခေါင်းညိတ်ပြပြီး လီရှောင်ဘုရင်ကို ကြည့်လိုက်ပါတယ်။

လီရှောင်ဘုရင်ကလည်း အခြေအနေကို သိတာကြောင့် ချက်ချင်း ရှေ့တက်လာပြီး ရိုရိုသေသေ လျှောက်တင်လိုက်တယ်

"စတုတ္ထမင်းသမီး မိန့်ကြားပါ"

​"နောင်ကျရင် ဒီလီရှောင်နိုင်ငံကို မင်းတစ်ယောက်တည်းပဲ အုပ်ချုပ်ရမယ် အခုလိုမျိုး ကိစ္စတွေ နောက်ထပ် မမြင်ချင်တော့ဘူး မဟုတ်ရင် ယွီမိသားစု တစ်နွယ်လုံး မျိုးဖြုတ်သုတ်သင်ခံရလိမ့်မယ်၊ သိရဲ့လား"

ရှန်ကျီက အေးစက်စက် ပြောလိုက်ပါတယ်။

​"ကျွန်တော်မျိုး နားလည်ပါပြီ"

လီရှောင်ဘုရင်က လေးနက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်လိုက်ပါတယ်။

​ခန်းမအပြင်ဘက်မှာတော့ ကျောက်ကျောင်လုံတို့တစ်စုဟာ ဖန့်ချန် ထွက်လာတာကို မြင်တာနဲ့ ချက်ချင်း ရှေ့ကို တိုးလာကြပါတယ်။

​"အားလုံးပဲ... ဘာကိစ္စ ရှိသေးလို့လဲ"

ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ကျောက်ကျောင်လုံတို့ သုံးယောက်တင် မကဘဲ၊ ဟန်လင်းချိုးတို့ လေးယောက်လည်း ထွက်မသွားကြသေးပါဘူး။

​"ဖန့်ညီလေး... ကျိမသေမျိုးဘုရင် ရဲ့ အလောင်းကို... ငါတို့ ပြန်သယ်သွားလို့ ရမလား"

ကျောက်ကျောင်လုံက လေးနက်တဲ့ ပုံစံနဲ့ မေးပါတယ်။

​"ကျွန်တော် ကိုယ်တိုင် ပြန်ပို့ပေးပါ့မယ်"

ဖန့်ချန်က ပြောလိုက်ပါတယ်။

​ကျောက်ကျောင်လုံတို့ သုံးယောက် ရင်ထဲက ဝန်ထုပ်ကြီး ကျသွားပါတယ်။

ကျိမသေမျိုးဘုရင်ရဲ့ အလောင်းအတွက် နေရာတစ်ခု ရှိသွားပြီဆိုတော့ သူတို့လည်း စိတ်အေးသွားရတာပေါ့။

သူက သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်နေပါစေဦး၊ တစ်ချိန်က တောရိုင်းကျောင်းတော်ရဲ့ ဆရာ တစ်ယောက် ဖြစ်ခဲ့တာမို့ သူ့အလောင်းသာ တောထဲမှာ ဒီအတိုင်း ပစ်ထားခံရမယ်ဆိုရင် သူတို့လည်း စိတ်မကောင်း ဖြစ်ကြမှာပါ။

​"မင်းတို့ လေးယောက်ကရော"

ဖန့်ချန်က ဟန်လင်းချိုးတို့ လေးယောက်ကို ကြည့်ပြီး မေးပါတယ်။

​"ဖန့်စီနီယာ... စီနီယာလည်း ကျုံးကျိုးကို ပြန်မှာမလား ကျွန်တော်တို့ စီနီယာနဲ့အတူ တစ်လမ်းတည်း လိုက်ခဲ့ချင်လို့ပါ အဆင်ပြေမလား"

ဝမ်ရိက လက်အုပ်ချီ မေးလိုက်ပါတယ်။

​"ငါနဲ့ အတူတူ လိုက်မလို့လား ဘာလို့လဲ "

ဖန့်ချန် မျက်မှောင်ကြုတ်သွားပါတယ်။

​"ကျွန်တော်တို့က..."

ဟန်လင်းချိုးက စကားပြောဖို့ ပြင်ပြီးမှ တုံ့ဆိုင်းသွားပါတယ်။

​ဟန်ရှုရှန်းက ဒါကို မြင်တော့ ထူးဆန်းနေပါတယ်။

သူ့အစ်ကိုဟာ သူတို့အဖေရဲ့ အားကိုးရဆုံးသား ဖြစ်တာကြောင့် အမြဲတမ်း ယုံကြည်မှု ရှိတတ်သူပါ။

ဒီလိုမျိုး စကားပြောဖို့ တုံ့ဆိုင်းနေတာမျိုး ခဲယဉ်းပါတယ်။

​"တကယ်တော့ ကျွန်မတို့ လီရှောင်ကို မလာခင်မှာ နေရာတစ်ခုမှာ ဘေးဒုက္ခကြီးတစ်ခု ဖြစ်နေတယ်လို့ ကြားခဲ့ရတယ် အခုကြည့်ရတာ... အဲဒီဘေးဒုက္ခဆိုတာ သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေနိုင်တယ် ဖန့်စီနီယာ အဲဒီကို သွားဖို့ စိတ်ဝင်စားလား"

စူလင်းကျူးက မေးလိုက်ပါတယ်။

​ဟန်ရှုရှန်း မျက်နှာ ပျက်သွားပါတယ်။

ဟန်လင်းချိုး ဘာလို့ တုံ့ဆိုင်းနေလဲဆိုတာ သူ အခုမှ နားလည်သွားပြီး

"အစ်ကိုကြီး... အဖေက အရင်တုန်းက မှာထားတယ်လေ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စတွေထဲ ဝင်မပါနဲ့ဆိုပြီး..."

​"မူလကတော့... ငါတို့လည်း စိတ်မဝင်စားပါဘူး ဒါပေမဲ့ ဒီတစ်ခေါက် သွေးဝိညာဉ်ဂိုဏ်းရဲ့ လုပ်ရပ်တွေကို မြင်လိုက်ရတော့ ဒါက ကျုံးကျိုးနယ်မြေ ဖြစ်နေပြီ ဒီလို မိစ္ဆာလမ်းစဉ်တွေ အရှိန်အဟုန် ကောင်းလာတာကို ကြည့်မနေနိုင်တော့ဘူး"

ဟန်လင်းချိုးက ပြောပါတယ်။

​"သွေးဝိညာဉ်ဂိုဏ်းက ဒီတစ်ခေါက် ငါ့ကို အရှက်ခွဲခဲ့တယ်၊ ငါလည်း သူတို့ကို ပညာပြန်ပြရမယ်"

ရွှီဖုန်းက အေးစက်စွာ ပြုံးလိုက်ပါတယ်။

​ဝမ်ရိကလည်း

"သူတို့က ငါတို့လို ဓားကျင့်ကြံသူတွေကို လက်လှမ်းမလာသင့်ဘူး ငါကသာ ဒါကို မမြင်ချင်ယောင်ဆောင်နေရင် ဓားကို ကိုင်ထားဖို့ မထိုက်တန်တော့ဘူး"

​"ဖန့်ချန်... သူတို့လေးယောက်ကို ခေါ်သွားလိုက်ပါ သူတို့ကိုယ်တိုင်က ဒီကိစ္စမှာ ပါဝင်ချင်နေမှတော့ သူတို့အလိုအတိုင်း လွှတ်ထားလိုက်ပါ"

ရှန်ကျီ ခန်းမထဲက ထွက်လာပြီး သူတို့ လေးယောက်ကို ကြည့်လိုက်တယ်

"မင်းတို့က ငါ့ရဲ့ နတ်ဘုရားလမ်းစဥ်ဂိုဏ်း ရဲ့ မျိုးဆက်သစ်တွေပဲ ငါတို့ဂိုဏ်းရဲ့ မျက်နှာကို မညှိုးနွမ်းစေနဲ့ဆုံးဖြတ်ချက် ချပြီးပြီဆိုရင်လည်း နောင်တမရနဲ့"

​"မင်းသမီး စိတ်ချပါ"

လေးယောက်လုံး ညီညီညာညာ လက်အုပ်ချီ နှုတ်ဆက်ကြပါတယ်။

​သူတို့ ခုလို ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်တာက သွေးဝိညာဉ်ဂိုဏ်းလက်ထဲမှာ သေလုနီးပါး ဖြစ်ခဲ့တာအပြင် ရှန်ကျီကြောင့်လည်း ပါပါတယ်။

ဒီနတ်ဘုရားသမီးတော်ဟာ တော်ဝင်မျိုးနွယ်က ဆင်းသက်လာပြီး ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းထက် သာလွန်တဲ့ အနေအထားမှာ ရှိနေတာပါ။

သူမဟာ ဘာမှမလုပ်ဘဲ နေရင်တောင် ဒီဘဝမှာ ထိပ်ဆုံးမှာ ရှိနေမယ့်သူပါ။

ဒါပေမဲ့ သူမက ဒီလောက်အထိ ကြိုးစားအားထုတ်နေတာကို တွေ့ရတော့ သူတို့လေးယောက်လည်း တစ်ခုခုကို သဘောပေါက်သွားကြတာပါ။

​ဘာပဲဖြစ်ဖြစ်... ကျင့်ကြံခြင်း ဆိုတာ ထာဝရအသက်ရှည်ဖို့ တစ်ခုတည်းအတွက် မဟုတ်နိုင်ပါဘူး။

​"ကောင်းပြီလေ... မင်းတို့ ငါနဲ့အတူ လိုက်ခဲ့လို့ ရပါတယ်"

ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

​လေးယောက်လုံး စိတ်အေးသွားကြပါတယ်။

ဖန့်ချန်က ငြင်းလိုက်မှာကို သူတို့ ကြောက်နေခဲ့တာပါ။

တကယ်လို့ အငြင်းခံရရင် အရှက်ကွဲရုံတင်မကဘဲ သူတို့ ခဲခဲယဉ်ယဉ် ချထားတဲ့ ဆုံးဖြတ်ချက်ပါ ပျောက်ကွယ်သွားနိုင်လို့ပါ။

​"ဝိညာဥ်သုတ်သင်ခြင်းဌာန ထဲကို ဝင်ဖို့ဆိုတာ... လွယ်တဲ့လမ်းတော့ မဟုတ်ဘူးနော်"

အိုမင်းတဲ့ အသံတစ်ခု သူတို့ဘေးမှာ ထွက်ပေါ်လာပါတယ်။

​ကျောက်ကျောင်လုံတို့ အံ့ဩသွားပြီး ရောက်လာတဲ့သူကို မြင်လိုက်ရတဲ့အခါမှာတော့ ထိတ်လန့်တုန်လှုပ်စွာနဲ့ လက်အုပ်ချီ နှုတ်ဆက်ကြပါတယ်

"ကျောင်းအုပ်ကြီး ကို ဂါရဝပြုပါတယ်"

​တောရိုင်းကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးလားဟန်လင်းချိုးတို့ လေးယောက် လန့်သွားပြီး ချက်ချင်း ဂါရဝပြုလိုက်ကြပါတယ်။

​ရှန်ကျီလည်း ချက်ချင်းပဲ ရွှင်အဖိုးအိုဆီ လျှောက်သွားပြီး ရိုသေသေ နှုတ်ဆက်တယ်

"ဘိုးဘေး"

​"အရိုအသေ ပေးမနေပါနဲ့ နောက်နှစ်အနည်းငယ် ကြာရင် ဒီလောကကြီးကို မင်းတို့လို လူငယ်တွေပဲ အုပ်ချုပ်သွားရတော့မှာ"

ရွှင်အဖိုးအိုက ပြုံးပြီး လက်ကာပြလိုက်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။

​အဲဒီမှာတော့ ရှီလုံနဲ့ မယ်တော်ကျိတို့ ရှိနေပြီး ကျိမသေမျိုးဘုရင်ရဲ့ အလောင်းဟာ သူတို့ခြေရင်းမှာ ရှိနေပါတယ်။

ရွှင်အဖိုးအိုက အဲဒီဘက်ကို လျှောက်သွားပြီး သူတို့နှစ်ယောက်ရှေ့မှာတင် ကျိမသေမျိုးဘုရင်ရဲ့ အလောင်းကို မလိုက်ပါတယ်။

ဘာစကားမှ မပြောဘဲ ဖန့်ချန်ဘက်ကို ပြန်လှည့်လာပါတယ်။

​"ရွှင်အဖိုးအို... ကျိမသေမျိုးဘုရင် ရဲ့ ကိစ္စက..."

​"ငါ သိပြီးသားပါ သူက လမ်းမှားကို ရွေးခဲ့တာဆိုတော့ ဒီဘေးဒုက္ခနဲ့ ကြုံရတာ သူ့ကံပေါ့ ဒါပေမဲ့ သူသေသွားတဲ့နောက်မှာတော့... ငါ့မျက်နှာကို ထောက်ထားပြီး သူ့ကို မစော်ကားပါနဲ့လို့ပဲ ငါ မျှော်လင့်ပါတယ်"

​ရွှင်အဖိုးအိုက ပြုံးပြီး ပြောလိုက်ပြီးနောက် လူတိုင်းရဲ့ မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားပါတယ်။

သူနဲ့အတူ ကျောက်ကျောင်လုံ၊ ဟွားမြောင်ချင်နဲ့ ဟန်ရှုရှန်းတို့လည်း ပျောက်ကွယ်သွားကြပါတယ်။

​"ကြည့်ရတာ... ဘိုးဘေးက တောရိုင်းကျောင်းတော်ကို သွေးဝိညာဉ်ဂိုဏ်းကိစ္စမှာ ဆက်မပတ်သက်စေချင်တော့တဲ့ ပုံပဲ ဒါပေမဲ့ သူ မင်းကိုတော့ မတားခဲ့ပါဘူး"

ရှန်ကျီက တိုးတိုးလေး ပြောပါတယ်။

​"ဒီလောက်ဆို လုံလောက်ပါပြီ"

ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။

​ရွှင်အဖိုးအို ခုနက ပြောသွားတဲ့ စကားတွေအရ သူဟာ ယင်လောက အကြောင်းကိုလည်း အတော်အသင့် သိထားပုံရပါတယ်။

​"စတုတ္ထမင်းသမီး... ကျွန်တော် နှုတ်ဆက်ခဲ့ပါတယ်"

ဖန့်ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

​"နေဦး..."

ရှန်ကျီက စိတ်ထဲမှာ တစ်ခုခုကို သတိရသွားသလိုနဲ့ သာမန်ကာလျှံကာပဲ မေးလိုက်တယ်

"မင်းရဲ့ မိသားစု ဘိုးဘေးဖြစ်တဲ့ ဖန့်ထင်ယွမ် ကို တွေ့ဖူးလား?"

​"မတွေ့ဖူးပါဘူး..."

ဖန့်ချန်က ထူးဆန်းတဲ့ အမူအရာနဲ့ ခေါင်းခါပြလိုက်ပါတယ်။

​သူဟာ အခုဆိုရင် ဖန့်ထင်ယွမ်ရဲ့ အမှတ်အသားအပေါ် သံသယအနည်းငယ် ရှိနေပါပြီ။

ဒီလူနဲ့ သူ့ရဲ့ အဘိုးဟာ လူတစ်ယောက်တည်း ဖြစ်နေမလားဆိုတာ သူလည်း မသေချာပါဘူး။

​ရှန်ကျီရဲ့ မျက်လုံးထဲမှာ စိတ်ပျက်သွားတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားပေမဲ့ သူမက ကောင်းကောင်း ဖုံးကွယ်ထားပြီး ပြုံးကာ လက်ပြလိုက်တယ်

"ဒါဆိုလည်း မလိုက်ပို့တော့ဘူးနော်"

​ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ ဟန်လင်းချိုးတို့ဟာ သူတို့မျက်စိရှေ့က မြင်ကွင်းတွေ ချက်ချင်း ပြောင်းလဲသွားတာကို ခံစားလိုက်ရပါတယ်။

သူတို့ သတိဝင်လာတဲ့ အချိန်မှာတော့ နဂါးဦးခေါင်းကြီး တစ်ခုပေါ်မှာ ရောက်နေပါပြီ။

​ဒါပေမဲ့ ဒီနဂါးခေါင်းက အရေပြားနဲ့ အသားမရှိဘဲ အရိုးစုကြီးလို ဖြစ်နေတာပါ။

​ရှူးးး

​လေးယောက်လုံး အေးစက်စက် လေကို ပြိုင်တူ ရှူသွင်းလိုက်မိကြပါတယ်။

မိစ္ဆာကျင့်ကြံသူ ဖြစ်တဲ့ ရွှီဖုန်းဆိုရင် ဒီနဂါးခေါင်းဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါကြောင့် ခြေထောက်တွေ တုန်နေပြီး ဆီးတောင် ထွက်မတတ် ဖြစ်သွားရပါတယ်။

​ဖန့်ချန်က သူတို့ဆီကနေ တည်နေရာကို မေးမြန်းပြီးနောက် ထိုက်ယင်နဂါးမင်းကို သူတို့ကို သယ်သွားခိုင်းပြီး အောင်မြင်ခြင်းဗုဒ္ဓ တို့နဲ့ သွားကြိုခိုင်းလိုက်ပါတယ်။

ပြီးရင် နေရာတစ်ခုမှာ ပြန်ဆုံဖို့ ချိန်းလိုက်ပါတယ်။

​"ဖန့်... ဖန့်စီနီယာ၊ ဒါက ဘာကြီးလဲ..."

ရွှီဖုန်းက ကြောက်ကြောက်လန့်လန့်နဲ့ မေးပါတယ်။

​"မင်းတို့ မိစ္ဆာမျိုးနွယ်ရဲ့ စီနီယာပေါ့"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်

"မင်းတို့ အရင်သွားနှင့်ကြပါ ငါ ခဏနေရင် လိုက်လာခဲ့မယ်"

​ရွှီဖုန်းတို့ စကားထပ်မပြောနိုင်ခင်မှာပဲ ထိုက်ယင်နဂါးမင်းဟာ သူတို့ကို သယ်ဆောင်ပြီး မိုးကုပ်စက်ဝိုင်းဆီ ပျောက်ကွယ်သွားပါတော့တယ်။

​ဘေးကင်းစေဖို့အတွက် ပန်ဆန်းကိုလည်း လိုက်သွားခိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်က လှုပ်ရှားခဲ့တဲ့ ကျောင်းတော်အရှင် ဆိုသူက အမှောင်ထဲမှာ ချောင်းမြောင်းနေဦးမလားဆိုတာ ဘယ်သူမှ မပြောနိုင်လို့ပါ။

​"မင်းတို့ နှစ်ယောက် ငါနဲ့အတူ ယင်လောကငယ် ကို တစ်ခေါက် လိုက်ခဲ့ပေးဦး"

​ဖန့်ချန်က ရှီလုံနဲ့ မယ်တော်စီ ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

​ကျိမသေမျိုးဘုရင်တို့ရဲ့ ဝိညာဉ်တွေကို ယင်လောကငယ်ထဲကို ခေါ်သွားပြီး ကိုယ်တိုင် စီစဉ်ပေးဖို့ လိုအပ်သလို၊ သူကိုယ်တိုင်လည်း ဒီအခွင့်အရေးကို သုံးပြီး ယင်လောကငယ်ရဲ့ ရှန်ကျန်းမြို့တော် ကို တစ်ခေါက် ထပ်သွားချင်နေတာပါ။

​ဒီရေနောက်နောက်တွေထဲမှာ ဘာတွေ ပုန်းကွယ်နေလဲဆိုတာကို သူ တစ်ချက်လောက် မွှေနှောက်ကြည့်ဖို့ အချိန်တန်ပါပြီ။

All Chapters