အိုလီဗာ၏ ရည်ရွယ်ချက်များ
Vol. 5 Ch. 44
" ဘာ " အိုင်ဗီ၏ စကားကြောင့် သုတေသီအားလုံး မှင်တက်သွားကြသည် ။
မာတင်၏ အကြည့်များက ထက်ရှလာပြီး သူ၏ မျက်လုံးများဖြင့် စွမ်းအားကို ရှာဖွေတွေ့ရှိနိုင်တော့မည့်အလား အေဗာရီကို စိုက်ကြည့်နေသည် ။
အိုင်ဗီသည် မြှင့်တင်ထားသော ဉာဏ်ရည်စွမ်းအား နိုးထထားသည်ကို သူတို့ သိရှိထားကြပြီး သူမအပေါ် စမ်းသပ်မှုများ ပြုလုပ်ချင်နေကြသော်လည်း သူမကို ထိရန်မှာ မဖြစ်နိုင်ပေ ။
ဖရီယာနှင့် ဆိုင်းလပ်စ်တို့က ဘယ်သောအခါမှ သဘောတူမည်မဟုတ်သလို အိုင်ဗီ၏ စောစောက တုံ့ပြန်မှုကလည်း သူတို့၏ စိုးရိမ်မှုကို သက်သေပြနေသည် ။ ထို့ကြောင့် သုတေသီ မည်သူကမျှ အိုင်ဗီကို စမ်းသပ်ရန် အဆိုမပြုခဲ့ကြပေ ။
ဒါပေမဲ့ အခုတော့ ။
' တကယ်လို့ အေဗာရီသာ မြှင့်တင်ထားတဲ့ ဉာဏ်ရည်စွမ်းအား နိုးထလာတာဆိုရင် ငါတို့အတွက် အရာအားလုံးက အများကြီး ပိုလွယ်ကူသွားလိမ့်မယ် '
အေဗာရီမှာ ခဏတာကြောင်အသွားပြီးနောက် စိတ်လှုပ်ရှားနေသော အသံဖြင့် မေးလိုက်သည် ။
" အိုင်ဗီ ၊ မင်းပြောတာ တကယ်ပဲလား "
အိုင်ဗီ ခေါင်းညိတ်ပြလိုက်သည် ။ အေဗာရီ စောစောက သူမကို ကြည့်ခဲ့သည့် အကြည့်ကို မုန်းတီးသော်လည်း အိုင်ဗီသည် ထိုအကြည့်မျိုးနှင့် အလွန် ရင်းနှီးပြီးသား ဖြစ်သည် ။
သူမ၏ အတိတ်ဘဝတွင် သူမကို စမ်းသပ်ခဲ့ကြသော သုတေသီ အများအပြားမှာလည်းယခုကဲ့သို့သော စူးရှသည့် အကြည့်မျိုး ရှိခဲ့ကြသည် ။
ယခုလေးတင် အေဗာရီသည် သတိမထားမိဘဲ ထိုစွမ်းအားများ သူမ၏ ဦးနှောက်သို့ ရောက်ရှိသွားချိန်တွင် သူမ၏ ထက်မြက်သော လေ့လာစောင့်ကြည့်မှုကို ထုတ်ပြလိုက်ခြင်း ဖြစ်သည် ။
အေဗာရီ၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေသည် ။
' လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးတင် ငါ သူ့ကို မနာလိုဖြစ်နေခဲ့တာ ၊ အခုတော့ ငါကိုယ်တိုင်လည်း မြှင့်တင်ထားတဲ့ ဉာဏ်ရည်စွမ်းအား ပိုင်ရှင် ဖြစ်နေပြီပဲ ။ အခုဆိုရင် ငါ့ကိုယ်ငါ စမ်းသပ်မှုတွေ လုပ်လို့ရပြီ '
အေဗာရီ၏ မျက်နှာပေါ်မှ အရူးအမူး ဖြစ်နေသော အမူအရာကို မြင်သောအခါ အိုင်ဗီမှာ စကားပင် မပြောနိုင်တော့ပေ ။
' ဒီသုတေသီအုပ်စုက တကယ်ပဲ ရူးနေကြတာပဲ '
ဖဲလစ်၏ လက်များ တုန်ယင်သွားပြီး သူ့ကို ခြောက်လှန့်နေသော မေးခွန်းကို ထုတ်မေးလိုက်သည် ။
" ဒါပေမဲ့ မင်းက ဘယ်လိုလုပ် သိတာလဲ "
အိုင်ဗီမှာမူ တည်ငြိမ်နေဆဲပင် ။ အေဗာရီကို အာရုံစိုက်မှုအောက်သို့ တွန်းပို့လိုက်ခြင်းအားဖြင့် သူမသည် ပြဿနာကင်းကင်းနှင့် ထွက်ခွာနိုင်မည် ဖြစ်သည် ။ ထို့အပြင် ရှားပါးသော်လည်း ဉာဏ်ရည်စွမ်းအား မြှင့်တင်ထားသော သူများကို စမ်းသပ်မှု ပြုလုပ်လေ့ မရှိကြပေ ။
သူမက ဖဲလစ်ကို ပြန်ဖြေလိုက်သည် ။
" အလိုလို သိမြင်တဲ့ စိတ်တစ်ခုပါပဲ "
သူမ၏ ထိုစကားတစ်ခွန်းက သူမထံသို့ ကျရောက်လာတော့မည့် မေးခွန်းပေါင်းများစွာကို ဟန့်တားလိုက်သကဲ့သို့ ဖြစ်သွားသည် ။
ကုတင်ပေါ်တွင် တင်းကျပ်စွာ ချည်နှောင်ခံထားရသော အိုလီဗာကလည်း အားတက်သရော မေးလိုက်သည် ။
" မစ္စအိုင်ဗီ ၊ ကျေးဇူးပြုပြီး ဒီကို လာပါဦး ။ ကျွန်တော့်ကို ကြည့်ပေးပါဦး ။ ကျွန်တော့်ကို ကြည့်ပြီး ကျွန်တော့်မှာ ဘယ်လို စွမ်းအားတွေ နိုးထနေလဲဆိုတာ ပြောပြပေးပါဦး "
' တကယ်လို့ ငါသာ ရှားပါးတဲ့ စွမ်းအားတစ်ခုခု နိုးထလာခဲ့ရင် အိုင်ဗီကို ပိုးပန်းဖို့ အခွင့်အရေး ရနိုင်တယ် '
သူမ ဝင်လာသည့် အချိန်ကတည်းက သူ သူမကို သဘောကျခဲ့ခြင်း ဖြစ်သည် ။
အနည်းငယ် ထူးဆန်းသော်လည်း သူမက ဉာဏ်ကောင်းပြီး အလွန်လှပသည် ။ ကောင်းကင်ဘုံက ဆင်းသက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ပင် ။
သူမ ဝတ်ဆင်ထားသော အနက်ရောင် ဂါဝန်နှင့် သူမ၏ ပန်းရောင် ဆံပင်များမှာ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ကြည့်ရသည်မှာ အလွန်ပင် လိုက်ဖက်လှပသည် ။
' အား ၊ ငါ သူမရဲ့ ဆံပင်တွေကြားထဲ ငါ့လက်တွေကို ထည့်ပြီးတော့ '
သူ၏ စိတ်ကူးယဉ်မှုများမှာ ဆိုင်းလပ်စ်က အိုင်ဗီ၏ ရှေ့တွင် ကာရပ်ကာ သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ချိန်တွင် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည် ။
အိုလီဗာကတော့ သူ၏ ဖြူဖွေးသော သွားများကို ထုတ်ပြကာ ပြုံးပြလိုက်ရုံသာ တတ်နိုင်သည် ။
သုတေသီများမှာ တစ်ယောက်ပြီး တစ်ယောက် အိုင်ဗီ၏ အနားသို့ တိုးဝှေ့လာကြပြီး သူတို့၏ အောင်းနေသော စွမ်းအားများအကြောင်း သိရှိရန် ကြိုးစားကြသည် ။
" မစ္စအိုင်ဗီ ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြည့်ပေးပါဦး ၊ ကျွန်တော့်မှာ စွမ်းအားတစ်ခုခု နိုးထနေသလားဆိုတာ ပြောပြပေးပါ "
" မစ္စအိုင်ဗီ ၊ ကျွန်တော့်ရဲ့ အနာဂတ် ရည်းစားနဲ့ ပတ်သက်ပြီး မြင်နိုင်သလား "
" မစ္စအိုင်ဗီ ၊ ကျွန်တော့်ကို ကြည့်လိုက်ရင် တစ်ခုခု အလိုလို သိမြင်တာမျိုး ရှိလား "
' မစ္စအိုင်ဗီ ' ဟု ထပ်ခါတလဲလဲ ခေါ်ဆိုနေသံများကြောင့် အိုင်ဗီ၏ နားများပင် အောင့်လာရသည် ။
ဆိုင်းလပ်စ်က သူ၏ လက်ကို မြှောက်ကာ လူအုပ်ကို တိတ်စေလိုက်သည် ။
" ကျွန်တော့်ရဲ့ ဇနီး... မဟုတ်ဘူး ၊ သူငယ်ချင်းက ပင်ပန်းနေပါပြီ ၊ ကျေးဇူးပြုပြီး မေးခွန်းတွေ ထပ်မမေးကြပါနဲ့တော့ "
အခြားသူများ ။ <အို> ဟင် ၊ ခုနက မင်းက ဇနီးလို့ ခေါ်လိုက်တာလား ။
သူတို့ မေးခွန်းတွေ ထပ်မေးချင်ကြသော်လည်း ဆိုင်းလပ်စ်၏ ပြင်းထန်သော အရှိန်အဝါကြောင့် ငုံးလေးများကဲ့သို့ ငြိမ်သက်သွားကြရသည် ။
" အမေ ၊ ကျွန်တော်တို့ သွားတော့မယ် " ဟု ဆိုင်းလပ်စ်က ပြောလိုက်သည် ။ သူ၏ တည်ငြိမ်သော အမူအရာမှာပင် အက်ကြောင်း ထလာသလို ခံစားရသည် ။
' သွားရအောင် ၊ ငါတို့ ဒီကနေ ထွက်သွားသင့်ပြီ ။ ဒီမှာ ဝံပုလွေတွေ အများကြီးပဲ ။ ငါ့ဇနီးလောင်းကို သူတို့ လုသွားကြလိမ့်မယ် '
ဖရီယာကလည်း ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်သည် ။ သူမ ခေါင်းညိတ်ပြသည် ။
" ကောင်းပြီလေ ။ မင်းတို့ သွားကြတော့ "
" ဟေး ၊ ကျွန်မမှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ် ၊ မသွားခင် အဲဒါလေး ဖြေပေးပါဦး " အသက် ၃၀ ကျော်အရွယ်ရှိ ရူဘီသည် သူမ၏ အသက်ထက် ပိုအိုစာနေပုံရသည် ။ သူမသည် ဖရီယာ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သဖြင့် အိုင်ဗီက ခေါင်းညိတ်ပြလိုက်သည် ။
" ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့ သူတွေကရော ဘယ်လိုလဲ ။ သူတို့ရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းလို့ ဘာမှ မခုခံနိုင်ဘဲ ဖုတ်ကောင် ဖြစ်သွားကြတာလား "
အိုင်ဗီသည် ထိုမေးခွန်းကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည် ။ ထို့နောက် ဝန်လေးစွာဖြင့် ခေါင်းခါပြလိုက်သည် ။
" ကျွန်မ မသိပါဘူး "
ရူဘီ စိတ်ပျက်သွားသော်လည်း ဘာမှ မတတ်နိုင်ပေ ။
" ကောင်းပါပြီ ။ ဂရုစိုက်သွားကြပါဦး "
ဆိုင်းလပ်စ်နှင့် အိုင်ဗီတို့ ခေါင်းညိတ်ပြကာ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် မာတင်က ပြောလိုက်သည် ။
" အိုင်ဗီ ၊ မင်းရဲ့ စကားတွေကြောင့် ငါတို့ရဲ့ သုတေသနက အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်တယ် ။ စမ်းသပ်မှုတွေ ပြီးသွားတဲ့အခါ မင်းရဲ့ အကူအညီအတွက် ငါတို့ ဆုလာဘ် တစ်ခုခု ပေးပါ့မယ် "
အိုင်ဗီက လက်ကာပြလိုက်သည် ။ " မလိုပါဘူး "
သူမ၏ အတိတ်ဘဝတွင် ဘယ်သူကမျှ သူမ၏ သဘောထားကို မမေးခဲ့ကြသလို သူမ၏ သီအိုရီများကို ဝေမျှရန် အခွင့်အရေးလည်း မရခဲ့ဖူးပါ။
အပြင်ဘက်သို့ ရောက်သောအခါ ဆိုင်းလပ်စ်သည် အိုင်ဗီကို ဘေးအခန်းသို့ ခေါ်သွားသည် ။ ထိုနေရာတွင် သူတို့အတွက် ပူပူနွေးနွေး ခေါက်ဆွဲများ ပြင်ဆင်ထားသည် ။
အစားအသောက်များ၏ မွှေးရနံ့ကြောင့် အိုင်ဗီ၏ စိတ်အခြေအနေမှာ ပြန်လည် ကောင်းမွန်လာသည် ။ စားသောက်ပြီးနောက် ဆိုင်းလပ်စ်က ပန်းကန်များကို သိမ်းဆည်းသည် ။ အိုင်ဗီက ကူညီရန် ကြိုးစားသော်လည်း ဆိုင်းလပ်စ်က သူမ၏ လက်ကို ရှောင်လိုက်သည် ။
ဆိုင်းလပ်စ်က စားပွဲကို ရှင်းလင်းပြီး သူမ၏ အနားသို့ ပြန်ရောက်လာသည်ကို အိုင်ဗီ အကူအမဲ့မဲ့ ကြည့်နေမိသည် ။
" အိုင်ဗီ ၊ ငါ တစ်ခုခု မေးရင် မင်း ရိုးရိုးသားသား ဖြေမှာလား " ဆိုင်းလပ်စ်က မေးလိုက်သည် ။
အိုင်ဗီ၏ မျက်နှာပေါ်တွင် ဝေခွဲမရသော အမူအရာ တစ်ခု ပေါ်လာပြီးနောက် ပုံမှန်အတိုင်း ပြန်ပြင်လိုက်ကာ ဖြေသည် ။
" ကျွန်မ ပြောပြရတာ အဆင်ပြေမယ့် ကိစ္စမျိုးဆိုရင်တော့ ဖြေမှာပါ "
ဆိုင်းလပ်စ်သည် သူ၏ ရင်ထဲတွင် တိုးလာနေသော စိုးရိမ်စိတ်များကို နှိမ်နင်းလိုက်ပြီး လေသံကို လျှော့ကာ မေးသည် ။
" မင်း ဘာလို့ သွေးမျက်ရည်တွေ ကျခဲ့တာလဲဆိုတာ မင်း သိလား "
အိုင်ဗီ ခေါင်းခါပြသည် ။ သူမ အရင်က အိပ်မက်ဆိုးများ မက်ဖူးသော်လည်း သွေးမျက်ရည် ကျသည်အထိတော့ မဖြစ်ဖူးပေ ။
" မင်း တကယ်ပဲ မြှင့်တင်ထားတဲ့ ဉာဏ်ရည်စွမ်းအား နိုးထနေတာလား " ဆိုင်းလပ်စ်က ဆက်မေးသည် ။
အိုင်ဗီက ထပ်မံ ခေါင်းခါပြပြန်သည် ။
" ဒါဆို ရူဘီ မေးခဲ့တဲ့ မေးခွန်းကရော ။ ဖုတ်ကောင်ဖြစ်သွားတဲ့ လူသားတိုင်းက စိတ်ဓာတ် အားနည်းတဲ့သူတွေလား "
" မဟုတ်ဘူး " ကြာမြင့်လှသော အချိန်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုင်ဗီက ပြန်ဖြေလိုက်သည် ။ သူမ၏ မျက်နှာ အမူအရာမှာ ပျက်ယွင်းသွားပြီး အသံမှာလည်း တိုးဝင်သွားသည် ။ " တကယ်တော့ သူတို့ထဲက ၉၀ ရာခိုင်နှုန်းဟာ စွမ်းအား နိုးထဖို့ ပျက်ကွက်ခဲ့တဲ့ လူသားတွေပဲ ။ အနာဂတ်မှာ ဒီဖုတ်ကောင်တွေဆီမှာ ဖုတ်ကောင်ပုံဆောင်ခဲတွေ ရှိလာလိမ့်မယ် ။ အဲဒီ ပုံဆောင်ခဲဟာ သူတို့ နိုးထသင့်တဲ့ စွမ်းအားတွေပဲ ၊ ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ကြဘူး "
ဆိုင်းလပ်စ် ထိုအချက်အလက်များကို စဉ်းစားနေမိသည် ။
သူ၏ စနစ် ပင် မဖြေနိုင်ခဲ့သော အဖြေကို အိုင်ဗီက ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ ။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မေးလိုက်သည် ။
" နောက်ဆုံး မေးခွန်းပါ ။ မင်း ရိုနန်နဲ့ သူ့ရဲ့ လူယုံနှစ်ယောက်ကို ဘယ်တော့ သတ်ချင်တာလဲ "
" မနက်ဖြန် " အိုင်ဗီ၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ မရှိပေ ။ မုန်တိုင်းမလာခင် ငြိမ်သက်နေသည့် ပင်လယ်ပြင်လိုပဲ ။
" ကောင်းပြီလေ ။ ငါ အားလုံး စီစဉ်ထားလိုက်မယ် ။ အခုတော့ မင်းရဲ့ အစီအစဉ်က ဘာလဲ " ဆိုင်းလပ်စ် စကားမဆုံးခင်မှာပင် အိုင်ဗီ၏ မျက်လုံးများက အသက်မဲ့သလို ဖြစ်သွားသည်ကို တွေ့လိုက်ရသည် ။
ထို့နောက် ရင်းနှီးနေသော ဆွဲဆောင်မှုရှိသည့် အမူအရာ ပေါ်လာပြန်ရာ ဆိုင်းလပ်စ်မှာ သူ၏ ဘောင်းဘီထဲတွင် တင်းကျပ်နေသော 'ဆိုင်းလပ်စ်လေး' အတွက် စိတ်မကောင်း ဖြစ်သွားရသည် ။
' သွားပါပြီ ၊ ငါတော့ ဒုက္ခရောက်တော့မှာပဲ '