စိတ်ဒဏ်ရာ
Vol. 5 Ch. 47
အိုင်ဗီ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် စော်ကားနှိပ်စက်ပြီးသည့်တိုင် ပက်ထရစ်မှာ အားရကျေနပ်ခြင်း မရှိသေးပေ ။ အတိအကျဆိုရလျှင် သူ၏ ယုတ်ညံ့သော စိတ်ရိုင်းများက ပိုမိုနိုးကြွလာပြီး ဖြီးခြစ်ပြုံးလျက် ပြောသည် ။
" ဒီတစ်ခါတော့ မင်းကို သေချာလေး ဆုံးမပေးရမယ် ။ မဟုတ်ရင် မင်းက အရင်လို အတွေးမျိုးတွေ ထပ်ဝင်နေဦးမှာ "
ပက်ထရစ်သည် မတ်တပ်ရပ်ကာ ကြေမွသွားသည့် အရုပ်မလေးနှယ် ဖြစ်နေသော အိုင်ဗီကို စိုက်ကြည့်လိုက်သည် ။ ထို့နောက် သူ၏ အခန်းထဲသို့သွားကာ သစ်သားပြား တစ်ခုကို ယူလာခဲ့သည် ။
သူသည် အိုင်ဗီအနားသို့ လျှောက်သွားကာ သူမကို မှောက်လျက်အနေအထားသို့ ပြောင်းလိုက်ပြီးနောက် သူမ၏ နောက်ပိုင်းကို ထိုသစ်သားပြားဖြင့် အကြိမ်ကြိမ် စတင်ရိုက်နှက်တော့သည် ။
ပထမဆုံး ရိုက်ချက်မှာပင် အလွန်ပြင်းထန်လှသဖြင့် အိုင်ဗီ စတင်ငိုယိုမိသည် ။ လူမဆန်သော နှိပ်စက်မှုများကို ဖြတ်သန်းလာခဲ့ပြီးနောက် ဒီထက် ပိုဆိုးစရာ မရှိတော့ဟု သူမ ထင်ခဲ့သော်လည်း အခုတော့... ။
စူးရှသော နာကျင်မှုက အိုင်ဗီ၏ အရေပြားကို လောင်ကျွမ်းစေသကဲ့သို့ ခံစားရပြီး တစ်ဖက်တွင်လည်း အအေးဒဏ်ကြောင့် သူမ တုန်ရင်နေမိသည် ။ ဆေးဝါးများကြောင့် နာကျင်မှုမှာ ပိုမိုပြင်းထန်နေပြီး ထိုအချိန်၌ သတိလစ်သွားပါစေဟုသာ သူမ ဆုတောင်းနေမိသည် ။
သို့သော်လည်း သတိလစ်သွားနိုင်သည့် ကံမျိုး သူမထံသို့ ရောက်မလာခဲ့ပေ ။
အိုင်ဗီ၏ တင်ပါးပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများမှ သွေးများ စိမ့်ထွက်လာသည့် အခါမှသာ ပက်ထရစ်က ရပ်လိုက်သည် ။
သူသည် သစ်သားပြားကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောသည် ။
" နောက်တစ်ခါဆိုရင်တော့ ငါ ဒီလောက် သဘောကောင်းမှာ မဟုတ်ဘူး "
စတုတ္ထမြောက်နေ့တွင် လေးရက်တိုင်တိုင် အိပ်စက်ခွင့် မရခဲ့သော အိုင်ဗီသည် စတင်အန်တော့သည် ။ သို့သော် သူမ၏ ဝမ်းဗိုက်ထဲတွင် ဘာမှမရှိသဖြင့် ဘာမှထွက်မလာခဲ့ပေ ။
ပက်ထရစ်က အိုင်ဗီ ဟန်ဆောင်နေသည်ဟု ထင်ကာ သူမအပေါ် ပို၍ပင် ရက်စက်လာသည် ။ သူမအပေါ်သို့ ရေအေးများဖြင့် လောင်းချပြီး အဲကွန်းကိုလည်း အမြင့်ဆုံးဖွင့်ထားလိုက်သည် ။
ထို့နောက် အိုင်ဗီကို လက်တစ်ဖက်လျှင် ၅ ကီလိုဂရမ်စီရှိသော အလေးတုံးများကို ကိုင်ဆောင်ကာ နောက်ထပ် ၂ နာရီကြာ မတ်တပ်ရပ်နေရန် ခိုင်းစေသည် ။
၃ မိနစ်ခန့်အကြာတွင် အိုင်ဗီ မခံနိုင်တော့ဘဲ သတိလစ်သွားသည် ။ ပက်ထရစ်က အိုင်ဗီကို ကန်ကျောက်လိုက်သော်လည်း သူမက ဘယ်လိုမှတုံ့ပြန်ခြင်း မရှိသဖြင့် သူ ဒေါသထွက်သွားသည် ။ သူ၏ ခါးပတ်ကို ချွတ်ကာ သူမကို အကြိမ်ကြိမ် ရိုက်နှက်တော့သည် ။
သို့သော် ဤတစ်ကြိမ်တွင် အိုင်ဗီ မငိုခဲ့ပေ ။ သူမ သတိပင် မရတော့သောကြောင့် ဖြစ်သည် ။
ပက်ထရစ်က သူမ၏ ကိုယ်အပူချိန်ကို စမ်းကြည့်လိုက်မှ သူမ အဖျားတက်နေကြောင်း သိလိုက်ရသည် ။
အိုင်ဗီသည် သတိတဝက် ဖြစ်နေသည့် ကြားမှပင် ပက်ထရစ်၏ တိုးညင်းသော ရေရွတ်သံကို ကြားနေရသည် ။
" ကံဆိုးလိုက်တာ ။ သူ့မိဘတွေနဲ့ မောင်နှမတွေက သူ့ကို အမြဲနှိပ်စက်နေတာဆိုတော့ သူက ခံနိုင်ရည်ရှိမယ် ထင်နေတာ ။ အခုတော့ သူ့အတွက် ပိုက်ဆံကုန်ရဦးမယ်... တောက်စ်"
ညနေစောင်းတွင် အိုင်ဗီ၏ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပြီး ပက်ထရစ်က သူမကို ဆက်လက်နှိပ်စက်ပြန်သည် ။
" သူ့ကို ပြန်ခေါ်သွားဖို့က ၂ ရက်ပဲ လိုတော့တာ ။ ဒီအချိန်အတွင်း သူ့ကို အပြည့်အဝ အသုံးချရမယ် "
ထိုအချိန်တွင် အိုင်ဗီကတော့ ထို ၂ ရက်တာကို အမြန်ဆုံး ကုန်ဆုံးသွားပါစေဟုသာ ဆုတောင်းနေမိသည် ။
၂ ရက်ကြာပြီးနောက် ရာဗင်ခရော့ဖ် မိသားစုက သူမကို ပြန်ခေါ်ရန် ရောက်လာသည့်အခါ အိုင်ဗီသည် အလွန်ဝမ်းသာသွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လက်ညှိုးထိုးပြကာ ပက်ထရစ်ကို တိုင်တန်းတော့သည် ။
ပက်ထရစ်က အိုင်ဗီကို လက်ရှည်အင်္ကျီများဖြင့် ဖုံးအုပ်ဝတ်ဆင်ပေးထားသော်လည်း ပါးရိုက်ခံထားရသည့် ဒဏ်ရာနှင့် လက်သီးချက်များမှာ အိုင်ဗီ၏ မျက်နှာပေါ်တွင် ထင်ကျန်နေဆဲ ဖြစ်သည် ။
သူတို့က ပက်ထရစ်ကို အပြစ်ပေးလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သော်လည်း သူတို့၏ စကားများက အိုင်ဗီ၏ နှလုံးသားကို အပိုင်းပိုင်း ကြေမွသွားစေသည် ။
အိုင်စလာက ပထမဆုံး စကားစသည် ။
" သူ အပျိုစင်ဘဝ ဆုံးရှုံးသွားပြီလား ။ တကယ်လို့ ဆုံးရှုံးသွားပြီဆိုရင်တော့ ရှင့်ဘက်က အပိုပေးရလိမ့်မယ် "
ရာဗင်ခရော့ဖ် မိသားစုဝင် တစ်ဦးတစ်ယောက်ကမျှ ပြဿနာမရှာသည်ကို မြင်သောအခါ ပက်ထရစ် စိတ်သက်သာရာရသွားပြီး ပြောသည် ။
" မဟုတ်ပါဘူး ။ ငါ အဲဒီလို မလုပ်ပါဘူး ။ ငါ ဒဏ်ရာတွေပဲ ပေးခဲ့တာပါ "
အိုင်စလာက စိတ်ပျက်သွားသည့် အမူအရာ ပြသသည် ။
ဒေမီယန်က တဟားဟား ရယ်မောရင်း ခေါင်းခါကာ ပြောသည် ။
" ဘာထူးမှာလဲ ။ ကြည့်ရတာ ကြေမွနေတဲ့ အတိုင်းပဲ ။ ဘယ်သူက သူ့ကို လက်ခံမှာလဲ ။ ပြီးတော့ သူ့မျက်နှာပေါ်က ရွံစရာကောင်းတဲ့ အမာရွတ်တွေကရော ။ အဲဒါတွေက ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး ။ သူကတော့ လူမွဲတစ်ယောက် ဖြစ်ဖို့ ကံပါလာတာပဲ "
ဒေမီယန်၏ စကားကို ကြားပြီး အိုင်စလာက တခစ်ခစ် ရယ်သည် ။
ဆာဖီနာက ပို၍ပင် အေးစက်လှသည် ။ " ရှင့်အနေနဲ့ အလိုရှိတယ်ဆိုရင် ဒီကောင်မလေးကို နောက်တစ်ပတ် ထပ်ထားလို့ရပါတယ် ၊ ငါတို့ကို စားစရာအချို့ အပိုပေးရင် ရပြီ "
အိုင်ဗီ၏ မျက်လုံးများမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ဝိုင်းစက်သွားပြီး ခေါင်းကိုသာ ခါနေမိသည် ။ သူမသည် ဆာဖီနာ၏ လက်ကို ဆုပ်ကိုင်ရန် ကြိုးစားသော်လည်း မက်ဂနပ်စ်က သူမကို ရွံရှာစွာဖြင့် တွန်းထုတ်လိုက်သည် ။
" ငါတို့နဲ့ ဝေးဝေးနေစမ်း ၊ မင်းက ရေတောင် သေချာချိုးထားတာ မဟုတ်ဘူး "
ပက်ထရစ်၏ မျက်လုံးများ ဝင်းလက်သွားပြီး သူက သဘောတူရန် ပြင်လိုက်စဉ်မှာပင် လှေကားထောင့်နားမှ ဆိုင်းလပ်စ်၏ အသံကို ကြားလိုက်ရသည် ။
ဆာဖီနာနှင့် မက်ဂနပ်စ်တို့၏ မျက်လုံးများ ပြူးသွားပြီး တိုးတိုးလေး ရေရွတ်ကြသည် ။
" သူ ဘာလို့ အခု ပြန်ရောက်နေတာလဲ ။ သူက နောက် ၂ လလောက်မှ ပြန်လာရမှာ မဟုတ်ဘူးလား "
" အိုင်ဗီကို တွေ့မိလား ။ သူ ဘာလို့ အိမ်မှာ မရှိတာလဲ " ဆိုင်းလပ်စ်၏ အသံက ဟိန်းထွက်လာပြီး အိုင်ဗီကို ဤကဲ့သို့ အခြေအနေမျိုးဖြင့် တွေ့သွားမည်ကို စိုးရိမ်သဖြင့် ဆာဖီနာနှင့် မက်ဂနပ်စ်တို့ ချက်ချင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြသည် ။
အိုင်စလာနှင့် ဒေမီယန်တို့ပင် မျက်နှာပျက်သွားကြပြီး အိုင်ဗီကို ထူမပေးလိုက်ကာ ပက်ထရစ်ကို စူးစူးဝါးဝါး စိုက်ကြည့်ကြတော့သည် ။
" ခင်ဗျားအနေနဲ့ ငါတို့ ညီမလေးအပေါ် ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ "
" ဟုတ်တယ် ၊ မင်းအနေနဲ့ ငါ့သမီးကို ဘာလို့ ဒီလို နှိပ်စက်ရတာလဲ ။ မင်းကို ငါ တရားစွဲမယ် ။ စောင့်နေလိုက် ။ မင်းကို ငါ နောက်မှ ရှင်းမယ် " ဟု မက်ဂနပ်စ်က အော်ဟစ်ပြောဆိုသည် ။
ထိုအချိန်က အိုင်ဗီသည် သူတို့က သူမကို တကယ်ချစ်မြတ်နိုးသဖြင့် သူမဘက်က ကာကွယ်ပေးသည်ဟု ထင်မှတ်ခဲ့သည် ။
သို့သော် အူကြောင်ကြောင်နိုင်ပြီး နုနယ်လွန်းသော အိုင်ဗီသည် သူမကို ကယ်တင်လိုက်သည်မှာ ဆိုင်းလပ်စ်၏ ရှိနေမှုကြောင့်သာ ဖြစ်သည်ဟု တစ်ခါမျှ မတွေးမိခဲ့ပေ ။
ရာဗင်ခရော့ဖ် မိသားစုက သူမကိုယ်စား ကလဲ့စားချေပေးလိမ့်မည်ဟု အိုင်ဗီ ထင်ခဲ့သည် ။
အထူးသဖြင့် ရာဗင်ခရော့ဖ် မိသားစုက သူမကို ဂရုစိုက်ပြသည့် ပုံစံကြောင့် ဖြစ်သည် ။ သူမသည် သူတို့၏ ကြောက်ရွံ့မှုကို စေတနာဟု မှားယွင်း အထင်ရောက်ခဲ့ခြင်း ဖြစ်သည် ။
.....
လက်ရှိဘဝ
မပြီးပြတ်သေးသော ရန်ကြွေးအချို့ကို ဤဘဝတွင် အပြီးသတ် ရှင်းလင်းရန် လိုအပ်သည် ။
" အဲဒီလိုလား ။ ဒါပေမဲ့ မင်းမိဘတွေက မင်းက လာဖို့ အဆင်မသင့်သေးဘူးလို့ ပြောထားကြတယ်လေ " ဟု ပက်ထရစ်က သံသယအပြည့်ဖြင့် မေးလိုက်သည် ။
အိုင်ဗီက တခစ်ခစ် ရယ်လိုက်သည် ။
' ဒီကောင်က အရင်လိုပဲ သံသယ တော်တော်များတာပဲ ။ စိတ်မကောင်းစရာပဲ ပက်ထရစ် ။ မင်းကတော့ ဒီနေ့ သေဖို့ ကံပါလာပြီ '
သူမ ခေါင်းကို မော့လိုက်ပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပက်ထရစ်ကို ကြည့်ကာ ပြုံးပြလိုက်သည် ။
" တကယ်လား ။ ထူးဆန်းလိုက်တာ... သူတို့က ရှင့်အိမ်ကို သွားဖို့ ပြောလိုက်တာပါ... ကျွန်မက သူတို့ကို အံ့အားသင့်သွားအောင် ရှင့်ဆီကို အရင်လာလိုက်တာ... သူတို့ ဆုံးဖြတ်ချက် ပြောင်းသွားတာလား ။ ကောင်းပြီလေ... ဒါဆိုရင်လည်း ကျွန်မ ပြန်လိုက်ပါ့မယ် "
ထိုသို့ပြောပြီး သူမ ထွက်သွားရန် ပြင်လိုက်သော်လည်း သူမ၏ စကားကို ကြားသောအခါ ပက်ထရစ်၏ မျက်လုံးများမှာ ဝင်းလက်သွားသည် ။
' ဒါဆို သူက သူ့ဘာသာသူ လာတာပေါ့ ၊ သူ့မိဘတွေလည်း မသိဘူးပေါ့ ။ တကယ်လို့ သူ့ကို ငါ့အိမ်ထဲ ခေါ်ထားလိုက်ရင် သူ့မိဘတွေ သိမှာမဟုတ်ဘူး ၊ ငါ စိတ်ကြိုက် လုပ်လို့ရတာပေါ့ '
သူသည် သဘောကောင်းဟန်ဖြင့် ပြုံးပြလိုက်ပြီး သူမကို တားလိုက်သည် ။
" အိုင်ဗီ ၊ နေဦး ။ သမီးလေး ၊ သမီး နားလည်မှု လွဲသွားပြီ ။ သမီးက မိဘတွေကို အံ့အားသင့်အောင် လုပ်ချင်တာဆိုတော့ ဧည့်ခန်းထဲမှာ ခဏ ထိုင်နေလေ ၊ ဦးလေးက သမီးမိဘတွေကို ဆက်သွယ်ပေးမယ် "
အိုင်ဗီက တွန့်ဆုတ်နေသည့် အမူအရာ ပြသည် ။ " ဒါပေမဲ့... အဲဒါက အဆင်မပြေလောက်ဘူး ထင်တယ်... ကျွန်မ မိဘတွေကို အရင် အကြောင်းကြားလိုက်ပါ့မယ် "
ပက်ထရစ်က လက်ကာပြကာ တားလိုက်ပြီး ပြောသည် ။
" မသွားပါနဲ့ ။ ဦးလေး... ဦးလေး သမီးမိဘတွေကို ဆက်သွယ်ပေးပါ့မယ် ။ အထဲကို အရင်ဝင်ပါဦး ။ သမီးလည်း တော်တော် ပင်ပန်းနေမှာပေါ့ ။ သမီးက ဦးလေးအတွက်တော့ ကလေးတစ်ယောက်လိုပါပဲ "
အိုင်ဗီက ခေါင်းညိတ်ပြပြီး နောက်ကနေ လိုက်ဝင်သွားတော့သည် ။