← Chapters

ဆန်းပြားလှပသော ခုံတန်းရှည်

Vol. 5 Ch. 50

ဆန်းပြားလှပသော ခုံတန်းရှည်

Vol. 5 Ch. 50

သူမသည် ပက်ထရစ်၏ ဝမ်းဗိုက်ပေါ်တွင် "နာခံမှုရှိတဲ့ ပက်ထရစ်" ဟူသော စာလုံးများကို တည်ငြိမ်စွာ ရေးဆွဲလိုက်သည် ။

သူ နာကျင်စွာ တွန့်လိမ်နေသည်ကို မြင်ရသည်မှာ အိုင်ဗီအတွက် အပြုံးတစ်ခု ဖြစ်စေသည် ။ ထိုစာလုံးများကို ရေးပြီးသည့်တိုင် သူမ မရပ်တန့်ခဲ့ပေ ။ အင်္ကျီကို ပို၍ပင် မတင်လိုက်ပြီး 'ရာဂရူး' နှင့် 'ကာမရူး' ဟူသော စာလုံးများကိုပါ ဆက်လက် ရေးဆွဲတော့သည် ။

ဘာတတ်နိုင်မှာလဲ ။ သူမသည် အပြစ်ကင်းစင်သော သူတစ်ယောက် မဟုတ်သလို ၊ သူမကို နာကျင်အောင် လုပ်ခဲ့သူမှန်သမျှကို အဆပေါင်းများစွာ ပြန်ပေးဆပ်ရသည်ကို နှစ်သက်သူ ဖြစ်သည် ။

ပက်ထရစ်၏ မျက်ရည်များမှာ တားမရ ဆီးမရ စီးကျလာသည် ။ ခံရသည့်သူက ဒိအထိ နာကျင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ ။

အိုင်ဗီသည် သူမ၏ "လက်ရာ" ကို ကျေနပ်သွားပြီးနောက် ဂရုမစိုက်ဟန် လေသံဖြင့် မေးလိုက်သည် ။

" ပက်ထရစ်... နာကျင်မှုက အရမ်းပြင်းနေပြီလား "

အိုင်ဗီ နားမလည်မှာ စိုးသဖြင့် ပက်ထရစ်က ကြောက်လန့်တကြား ခေါင်းကို အမြန်ငြိတ်ပြသည် ။ " ဟုတ်တယ် ဟုတ်တယ် ကျေးဇူးပြုပြီး အခုပဲ ရပ်ပေးပါတော့ ဒီအတိုင်းဆိုရင် ငါ သေတော့မှာပဲ "

" ရှင် မသေပါဘူး " အိုင်ဗီက သူ့ကို အာမခံလိုက်သည် ။ သူမကိုယ်တိုင်လည်း မသေခဲ့သလို ၇ ရက်တိုင်တိုင် နှိပ်စက်မှုကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့သည် မဟုတ်လား သူလည်း ထိုနည်းတူ ခံနိုင်ရည်ရှိမှာ အသေအချာပင် ။

ဒါ့အပြင်... သူ့ကို အသက်ရှင်ခွင့် ပေးမယ်လို့ ဘယ်သူက ပြောခဲ့လို့လဲ ။

" ရှင့်မှာ စားနပ်ရိက္ခာတွေ အများကြီး ဝှက်ထားသေးတယ်ဆိုတာ ကျွန်မ သိရတယ် ။ အဲဒါတွေ ဘယ်မှာလဲဆိုတာ ပြောပြရင် ရှင့်ကို လွှတ်ပေးမယ် " အိုင်ဗီ၏ နူးညံ့သောအသံသည် သူ၏ ရင်ဘတ်ပေါ်မှ လောင်ကျွမ်းနေသော နာကျင်မှုနှင့် ဝမ်းဗိုက်မှ စီးကျနေသော သွေးများသာ မရှိလျှင် ပက်ထရစ်ကို လှည့်စားနိုင်လောက်သည် ။

သို့သော် အိုင်ဗီ၏ စကားကို ကြားသောအခါ သူ ကြောင်အသွားသည် ။ သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ရှိနေသည် ။

' သူ ဘယ်လိုလုပ် သိတာလဲ '

သူ၏ တုံ့ပြန်မှုက အိုင်ဗီ၏ သံသယကို အတည်ပြုပေးလိုက်သဖြင့် သူမ၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာသည် ။

" ကျွန်မ ဘယ်လိုသိလဲဆိုတာ ရှင် စဉ်းစားနေမှာပေါ့ ၊ ဟုတ်တယ်မလား ။ ကောင်းပါပြီ ၊ ကျွန်မမှာ ကိုယ်ပိုင် သတင်းအရင်းအမြစ် ရှိတယ်လေ" သူမက အေးအေးဆေးဆေးပင် ပြန်ဖြေသည် ။

" ငါ... ငါ့မှာ ဘာမှ ဝှက်ထားတာ မရှိပါဘူး ! ငါ ကျိန်ပြောရဲပါတယ် " ပက်ထရစ်က ကျိန်ဆိုသည် ။ သူသည် သူ၏ လက်သန်းလေးကို လက်ညှိုးဖြင့် ကွေးကာ တင်းမာနေသော ပုံစံဖြင့် ငြင်းဆိုသည် ။

" ရှင်က တကယ့် လူလိမ်ပဲ ပက်ထရစ် ။ ရှင့်ရဲ့ သိုလှောင်ခန်းထဲမှာ စားစရာတွေ ပြည့်နေတာကို ကျွန်မ သိမ်းလိုက်ပြီးပြီ ။ ရှင့်အပေါ် တကယ်ပဲ စိတ်ပျက်မိတယ် " အိုင်ဗီက ခေါင်းခါလိုက်သည် ။

" သိမ်းခဲ့ပြီးပြီ ဟုတ်လား " ပက်ထရစ် ထိတ်လန့်သွားသည် ။

အိုင်ဗီက အပြစ်ကင်းစင်သော အမူအရာဖြင့် ခေါင်းညိတ်ပြသည် ။

" ဟုတ်တယ် ။ အပြင်က အကူအညီအချို့ကို သုံးပြီး အဲဒီ ရိက္ခာတွေကို ယူသွားခိုင်းလိုက်ပြီ "

" နင် ငါ့ရိက္ခာတွေကို ပြန်ပေးစမ်း နင် ဘယ်လိုလုပ် ဒါမျိုး လုပ်ရဲတာလဲ ငါ့ရိက္ခာတွေကို အခုချက်ချင်း ပြန်ပေး ၊ မဟုတ်ရင် နင့်ကို ငါ တိုင်ပစ်မယ် " ပက်ထရစ်က အားကုန်ဟစ်အော်တော့သည် ။

အိုင်ဗီက တခစ်ခစ် ရယ်သည် ။

" အို ၊ တကယ်လား ။ ဒါဆိုရင် တိုင်လိုက်လေ ၊ ကျေးဇူးပြုပြီးတော့ ။ ရှင့်ကို ပြောပြရဦးမယ် ၊ ကျွန်မရဲ့ ရည်းစားက စစ်တပ်ထဲမှာ တကယ့်ကို အာဏာရှိတဲ့ ရာထူးတစ်ခုမှာ ရှိတာ ။ တကယ်လို့ သူသာ ရှင့်ရဲ့ ခြိမ်းခြောက်မှုကို သိသွားရင် ရှင့်ဆီကို သူကိုယ်တိုင် လာလည်ကောင်း လာလည်လိမ့်မယ် "

တကယ်တော့ သူမတွင် ရည်းစားမရှိသလို ဆိုင်းလပ်စ်အကြောင်းကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည် ။ သို့သော် ၇ ရက်အကြာတွင် ပက်ထရစ်သည် အမှန်တရားကို သိနိုင်လောက်အောင်အထိအသက်ရှင်နေတော့မည် မဟုတ်ပေ ။

" နင်က နင့်ရည်းစားနဲ့ ငါ့ကို ခြိမ်းခြောက်နေတာလား " ပက်ထရစ်က အော်ဟစ်သည် ။

" ငါ့မှာလည်း အဆက်အသွယ်တွေ ရှိတယ် ပြီးတော့ မင်းကပဲ အမှားလုပ်နေတာ မင်း ငါ့ရိက္ခာတွေကို ခိုးတာလေ"

အိုင်ဗီ ခေါင်းခါလိုက်ပြီး ပက်ထရစ်၏ ပါးကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်သည် ။

" အချက်နှစ်ချက် ရှိတယ် ပက်ထရစ် ။ ပထမအချက်က ကျွန်မ ရည်းစားရဲ့ အဓိက ဦးစားပေးက ကျွန်မပဲ ၊ သူက ကျွန်မကို အရူးအမူး ချစ်တာ ။ ကျွန်မ ဘဏ်ကိုပဲ ဓားပြတိုက်တိုက် သူ ဂရုစိုက်မှာ မဟုတ်ဘူး ၊ ကျွန်မ လက်တွေ နာနေလားဆိုတာကိုပဲ သူ ကြည့်မှာ ။ ဒုတိယအချက်ကတော့... " အိုင်ဗီ၏ မျက်နှာမှာ မှောင်ကျသွားပြီး ပက်ထရစ်၏ ပါးကို ညှစ်ကာ ပြောလိုက်သည် ။

" ရှင့်ရဲ့ အသက်က ကျွန်မလက်ထဲမှာ ။ ကျွန်မ ပြောတဲ့အတိုင်း မလုပ်ရင် ရှင် သေရလိမ့်မယ် "

အိုင်ဗီ၏ မျက်လုံးထဲမှ လူသတ်လိုသော အရောင်အဝါကို မြင်သောအခါ ပက်ထရစ်မှာ ခဏမျှ မှင်တက်သွားပြီး မျက်လုံးများကို မှိတ်လိုက်တော့သည် ။

အပြစ်ကင်းပုံရသော သိုးသူငယ်လေးတစ်ကောင်ကို အိမ်ထဲသို့ ပေးဝင်မိခြင်းက ဒီ‌ လောက်အထိ ကြီးမားသော အန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ ။

ပက်ထရစ် နာခံသွားသည်ကို မြင်ရသဖြင့် အိုင်ဗီ ပြုံးကာ မတ်တပ်ရပ်လိုက်သည် ။

နောက်ရက်အနည်းငယ်တွင် အိုင်ဗီသည် ပက်ထရစ်၏ အိမ်တွင်သာ နေထိုင်သည် ။ သူမ၏ အဓိက အလုပ်မှာ နေ့တိုင်း ပက်ထရစ်ကို နှိပ်စက်ရန်သာ ဖြစ်သည် ။

ပထမနေ့တွင် သူမသည် သူ့ကို သတိမေ့သွားသည်အထိ ကန်ကျောက် ရိုက်နှက်ခဲ့သည် ။ သို့သော် ဆေးရှိန်ကြောင့် သူသည် သတိမေ့မရဘဲ နိုးကြားနေခဲ့ရသည် ။

ဒုတိယနေ့တွင် မေးခိုင်ကာကွယ်ဆေး ထိုးပြီးနောက် ပက်ထရစ်မှာ အိပ်ငိုက်ကာ မူးဝေနေသော်လည်း အိုင်ဗီက မရပ်တန့်ခဲ့ပေ ။ သူ သူမကို လုပ်ခဲ့သလိုမျိုး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို သူမ ပြန်လည် လှီးဖြတ်ခဲ့သည် ။

ညနေစောင်းတွင် သူသည် အစာတောင်းခံသော်လည်း အိုင်ဗီက လျစ်လျူရှုထားပြီး မေးခွန်းတစ်ခုသာ မေးသည် ။

" ရိက္ခာတွေ ဘယ်မှာလဲ ။ ရှင် ပြောပြသရွေ့ ရှင့်ကို လွှတ်ပေးမယ့်အပြင် ဘုရင်တစ်ပါးလို စားသောက်ခိုင်းမယ် "

သူမသည် ပက်ထရစ်၏ ကုတင်ပေါ်တွင် မအိပ်ပေ ။ ၎င်းက သူမကို ရွံရှာစေပြီး ပျို့အန်ချင်စိတ် ဖြစ်စေသည် ။

ထို့ကြောင့် သူမသည် ဟင်းလင်းပြင်ထဲသို့ ဝင်လိုက်ပြီး မေးလိုက်သည် ။

" ကျွန်မအတွက် အိမ်တစ်လုံး ဆောက်ပေးလို့ ရမလား "

[ ပစ္စည်း ကိရိယာ မလုံလောက်သဖြင့် တည်ဆောက်၍ မရနိုင်ပါ ။ ]

" ဒါဆို ခုံတန်းရှည် တစ်ခုရော " အိုင်ဗီက အကြံပြုသည် ။

[ ရပါသည် ။ ၎င်းအတွက် ၁ KB လိုအပ်ပါသည် ။ ]

" ယူလိုက်တော့ " အိုင်ဗီ သက်ပြင်းချလိုက်သည် ။

[ ခုံတန်းရှည် တည်ဆောက်နေသည်... လုပ်ငန်းစဉ် ပြီးဆုံးပါပြီ ။ လက်ရှိ လက်ကျန်မှာ ၄၆.၇ KB ဖြစ်ပါသည် ။ ]

ခုံတန်းရှည်ကို မြင်လိုက်ရသောအခါ အိုင်ဗီ စကားပင် မပြောနိုင်တော့ပေ... ၎င်းကို ခုံတန်းရှည်ဟု ခေါ်ရန်မှာ အလွန်ပင် ခမ်းနားလွန်းနေသည် ။

နန်းတော်ထဲမှ ဆန်းပြားသော ထိုင်ခုံတစ်ခုနှင့် ပိုတူသည် ။ သစ်သားမှာ အရောင်တောက်နေသော အနက်ရောင်ဖြစ်ပြီး ဖန်သားအနက်ရောင်ကဲ့သို့ပင် ။

ဘေးဘက်များတွင် နွယ်ပင်များနှင့် ငှက်မွေးပုံစံများဖြင့် အလွန် လက်ရာမြောက်စွာ ထွင်းထုထားသဖြင့် သူမ လက်ဖြင့်ပင် ထိကြည့်ချင်လာသည် ။

မှီစရာနေရာမှာ မြင့်မားပြီး လူတစ်ယောက်ကို တောင့်တောင့်ကြီး ဖြစ်မနေစေဘဲ မတ်မတ်ထိုင်နိုင်ရန် ကွေးညွှတ်ထားသည် ။

နီရဲနေသော ထူထဲသည့် ကူရှင်များက ထိုင်ခုံကို အလွန်သက်သောင့်သက်သာရှိစေပုံရပြီး ဘေးဘက်များတွင် ရွှေရောင် ကြယ်သီးများဖြင့် အလှဆင်ထားသည် ။

ခုံ၏ ခြေထောက်များကိုမူ စူးရှသော မျက်လုံးများနှင့် အကြေးခွံငယ်များပါရှိသည့် နဂါးခေါင်းပုံစံများ ထွင်းထုထားသည် ။ အိုင်ဗီအတွက်မူ ၎င်းက ပုံပြင်ထဲက ပစ္စည်းတစ်ခုခိုဖြစ်သည်

" ၁ KBနဲ့ ဆိုရင်တော့ တကယ့်ကို တန်တာပဲ " ဟု အိုင်ဗီ တွေးလိုက်သည် ။ သူမ ထိုနေရာတွင် လဲလျောင်းလိုက်ရာ မကြာမီမှာပင် စောင်တစ်ထည်က သူမအပေါ်သို့ အလိုအလျောက် လွှမ်းခြုံလာသည် ။

ဟင်းလင်းပြင်အတွင်းရှိ လေထုမှာ အေးမြပြီး စိတ်အပန်းပြေစေသည် ။ မကြာမီမှာပင် အိုင်ဗီ အိပ်ပျော်သွားတော့သည် ။ ထိုနေရာမှာ သူမ၏ အိပ်ရာ ဖြစ်လာခဲ့သည် ။

တတိယမြောက်နေ့ မနက်တွင် အိုင်ဗီ ဟင်းလင်းပြင်ထဲမှ ထွက်လာသောအခါ ပက်ထရစ်၏ အကူအညီတောင်းသော ညည်းတွားသံကို ကြားလိုက်ရသည် ။

" ကူညီကြပါ... ကူညီကြပါ ငါ... ပြောပါ့မယ်... ငါ့ကို တစ်ခုခု စားခွင့်ပေးပါ... ငါ သေတော့မယ်... "

အိုင်ဗီက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ထိုလူအိုကြီးကို ပြုံးကာ နှိုးလိုက်သည် ။

" တကယ်လား ။ ဒါဆိုရင် အဲဒီနေရာက ဘယ်မှာလဲ ၊ ဖွင့်ရမယ့် သော့ကရော ဘယ်မှာလဲဆိုတာ စပြီး ပြောပြလေ "

အိုင်ဗီကို မြင်လိုက်ရသောအခါ ပက်ထရစ်၏ မျက်လုံးများ ဝင်းလက်သွားသည် ။ သူ၏ ခန္ဓာကိုယ်ထဲမှ အသက်ဓာတ်များ တဖြည်းဖြည်း ကုန်ခမ်းနေသည်ကို သူ ခံစားနေရသည် ၊ တကယ်လို့ သူ တစ်ခုခု မပြောဘူးဆိုရင် သူ တကယ် သေသွားနိုင်သည် ။

" ငါ ပြောမယ် အဲဒါက မီးဖိုချောင်ထဲမှာ ရှိတာ ။ ဘယ်ဘက်ကနေ ရေတွက်ရင် တတိယမြောက် ကြွေပြားကို ခေါက်ကြည့်လိုက် ၊ အဲဒီနေရာက အခေါင်းပေါက် ဖြစ်နေလိမ့်မယ် "

All Chapters