← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အပိုင်း (၉) ကောက်ညှင်းငချိတ် နှင့် တောဆန် (မြက်ဆန်)

ထိုဂျုံဖတ်ဟင်းရည်ကို သောက်ပြီးနောက် ကျိအာသည် သိသိသာသာ လန်းဆန်းလာလေသည်။ သူသည် ရှန်မြောင်လက်ထဲမှ သပွတ်အူ ပန်းကန်ဆေးဖတ်ကို အတင်းလုယူပြီး ပန်းကန်ဆေးရန် ပြင်လေသည်။ ရှန်မြောင်သည် မနေနိုင်တော့ဘဲ သူ့နဖူးကို စမ်းကြည့်လိုက်ရာ အဖျားကျသွားပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ထိုအခါ ရှန်မြောင်သည် ကျောက်ထိုက်ချန်ဆေးခန်းမှ ခြေဖဝါးကပ်ဆေးကပင် နတ်ဆေးတမျှ စွမ်းလွန်းသည်လား။ သို့တည်းမဟုတ် သူမ၏မောင်လေးသည် ရှန်မိသားစု ဦးကြီးအိမ်တွင် ငတ်ပြတ်နေ၍ ဤမျှဖြစ်ရသည်လားဟု ဝေခွဲမရ ဖြစ်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ အဖျားကျသွားခြင်းသည် ကောင်းသောကိစ္စပင်။ ရှန်မြောင်သည် ကျိအာကို မတားနိုင်တော့သဖြင့် သူ့ကိုသာ ပန်းကန်ဆေးခိုင်းလိုက်ရတော့သည်။ စုန့်ခေတ်တွင် ပန်းကန်ဆေးကြောရာ၌ ဆန်ဆေးရေ၊ ပြာ၊ လက်ဖက်စေ့မှုန့် သို့မဟုတ် ကရမက်ပြာတို့ကို အဓိကထား အသုံးပြုကြသည်။ နောက်ဆုံးနှစ်မျိုးကိုတော့ ချမ်းသာသော အိမ်များတွင်သာ အသုံးများကြသည်။ ရှန်မိသားစုအိမ်သည် မီးလောင်ထားသည်ဖြစ်ရာ နေရာတိုင်းတွင် ပြာများကို အလွယ်တကူ တွေ့နိုင်လေသည်။ ကျိအာသည် မီးလောင်ကျွမ်းထားသော နံရံခြေရင်းမှ ပြာတစ်ဆုပ်ကို ယူလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ကျွမ်းကျင်စွာဖြင့် ပန်းကန်များကို တိုက်ချွတ်ဆေးကြောလိုက်လေသည်။

ဆီအညစ်အကြေး သိပ်မရှိသဖြင့် ရေတစ်ခါလောင်းချလိုက်ရုံနှင့် စင်ကြယ်သွားတော့သည်။

ရှန်မြောင်သည် သူမနားမှ မခွာသော ရှန်းအာကိုခေါ်ပြီး အိုးထဲတွင် နွေးနေဆဲဖြစ်သော ဂျုံဖတ်ဟင်းရည်ကို မြေအိုးထဲသို့ထည့်ကာ ကုမိသားစုထံသို့ သွားပို့လေသည်။ ကုမိသားစု၏ နောက်ဖေးတံခါး ပွင့်နေသဖြင့် သူမ ခေါင်းပြုကြည့်လိုက်ရာ ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ကြီးတော်ကို နှစ်ခွန်းခန့် လှမ်းခေါ်လိုက်သော်လည်း ထူးသူမရှိသဖြင့် ပစ္စည်းများကို စားပွဲပေါ်တင်ထားခဲ့ကာ ပြန်လာခဲ့လိုက်သည်။

ပြန်ရောက်သောအခါ ကျိအာအတွက် ဆေးကို အရင်ဆုံး ကျိုထားလိုက်သည်။ ထို့နောက် ရှန်မြောင်သည် အခြေအနေကိုကြည့်ရှုရန် အိမ်ရှေ့ဘက်သို့ ထွက်လာခဲ့လေသည်။ ယခင်က ရှန်မိသားစု၏ ဆိုင်ခန်းကို သူများထံ ငှားရမ်း၍ စားသောက်ဆိုင်ဖွင့်စေခဲ့သဖြင့် အိမ်ရှေ့ခန်းမတွင် စားပွဲနှင့် ထိုင်ခုံ ၅၊ ၆ ဝိုင်းခန့်နှင့် ကောင်တာခုံတစ်ခု ရှိနေသေးသော်လည်း လက်ရှိတွင်မူ ရှုပ်ပွနေလေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် အပျက်အစီးမှာ နောက်ဖေးဆောင်လောက် မဆိုးရွားပေ။ ရှန်မြောင်သည် မီးခိုးမှိုင်းများကြောင့် ဝါညစ်မည်းသည်းနေသော နံရံကို ပွတ်ကြည့်လိုက်ရာ ခေါက်ကြည့်လျှင် ခိုင်ခံ့နေသေးသည်ကို တွေ့ရသည်။ ကျန်ရစ်သော စားပွဲနှင့် ကုလားထိုင်အများစုမှာ ပျက်စီးနေပြီဖြစ်သဖြင့် ရှန်မြောင်သည် အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ထိုသစ်သားကျိုးများကို ဆွဲယူကာ နောက်ဖေးခြံဝင်းထဲသို့ တစ်ခေါက်ပြီးတစ်ခေါက် သယ်ထုတ်လေသည်။ ရှန်းအာကလည်း သူမနောက်သို့လိုက်ကာ သစ်သားများကို ဝိုင်းကူသယ်ပေးလေသည်။

ကျိအာသည်လည်း ပန်းကန်ဆေးပြီးနောက် သန့်ရှင်းရေးလုပ်ငန်းတွင် ဝင်ရောက်ကူညီလေသည်။ ရှန်မြောင်သည် သူ့ကို မောင်းထုတ်မရသဖြင့် ရေဖျန်းခြင်း၊ တံမြက်စည်းလှည်းခြင်း စသည့် သက်သာသော အလုပ်များကိုသာ ခိုင်းစေပြီး ဖြည်းဖြည်းလုပ်ရန်နှင့် အနားယူရန် မှာကြားရလေသည်။

၁ နာရီကျော်ခန့် ကြာမြင့်စွာ လုပ်ကိုင်ပြီးနောက်တွင်မူ အကြမ်းဖျင်းအားဖြင့် ရှင်းလင်းသွားတော့သည်။ ရှန်မြောင်သည် တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေပြီး ဘာမှမရှိတော့ဘဲ ပြောင်ရှင်းသွားသော ဆိုင်ခန်းထဲတွင်ရပ်ကာ လက်ဖြင့် ယပ်ခတ်ရင်း အမောဖြေလိုက်လေသည်။

သို့သော် စိတ်ထဲတွင်တော့ အနားမရသေးပေ။ နောက်ဖေးဆောင်ကို ပြုပြင်မပြီးခင် ဤနေရာတွင် ယာယီကုတင်နှစ်လုံးခန့် ဆင်ထားပြီး စားပွဲတစ်စုံလောက် ဝယ်ထားလိုက်ပါက သူမနှင့် ကျိအာ၊ ရှန်းအာတို့ နေထိုင်နိုင်မည်ဖြစ်ပြီး မီးဖိုချောင်ထဲတွင် မိုးယိုခံကာ နေစရာမလိုတော့ကြောင်း တွေးတောနေမိသည်။

ပြန့်ကျင်းမြို့၏ အိမ်ဈေးနှုန်းမှာ အလွန်ကြီးမြင့်လှသည်။ ခေတ်သစ်မှ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးမြို့ကြီးများကဲ့သို့ပင်။ အိမ်တစ်လုံးလုံးကို ငှားရမ်းရန် မဆိုထားနှင့်၊ "အိမ်ရာအဆောက်အအုံလုပ်ငန်း" မှ ဖွင့်လှစ်ထားသော မြို့ပြင်ဘက်ရှိ ဝင်းကြီးများထဲမှ အခန်းတစ်ခန်း ငှားရမ်းလျှင်ပင် တစ်လလျှင် ငွေဝက်တစ်ခြမ်းခန့် ပေးရမည်ဖြစ်ရာ ဤမျှငွေကို မည်သို့ တတ်နိုင်ပါမည်နည်း။

ရှန်မြောင်တွင် ယခုအခါ ပိုင်ဆိုင်မှုဟူ၍ ငွေ ၂၀ ကွမ်းခန့်သာ ကျန်ရှိတော့သဖြင့် နေစရိတ် မတတ်နိုင်ပေ။

(ကွမ်း = ဝမ် ၁၀၀တစ်တွဲ)

သူမသည် မောင်လေးနှင့် ညီမလေးကို ခေါ်ပြီး ဦးကြီးအိမ်သို့လည်း ပြန်မသွားချင်ပေ။ ဟိုဘက်အိမ်ကလည်း သူတို့သုံးယောက်ကို လက်ခံချင်မှ လက်ခံလိမ့်မည်။ သူတစ်ပါးမျက်နှာကို ကြည့်ပြီး အသက်ရှင်ရသည်ထက် ကိုယ့်အိမ်ကိုယ့်ယာတွင်သာ ဖြစ်သလို နေထိုင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ကျိအာသည် ဖုန်များကို တစ်ပုံတည်း စုစည်းလိုက်ပြီး ဂေါ်ပြားဖြင့် ပုရွက်ဆိတ် အိမ်ပြောင်းသကဲ့သို့ နောက်ဖေးခြံဝင်းထောင့်သို့ သယ်ထုတ်သွားလေသည်။ သူ ပြန်ရောက်လာသောအခါ အစ်မဖြစ်သူ၏ မျက်လုံးများ တောက်ပနေသည်ကို တွေ့လိုက်ရပြီး မိမိပိုင်နက်နယ်မြေကို လှည့်လည်ကြည့်ရှုနေသည့် ကျားတစ်ကောင်နှင့် တူနေလေသည်။

မျက်နှာထား နူးညံ့သိမ်မွေ့သော အစ်မဖြစ်သူကို ကျားနှင့် နှိုင်းယှဉ်လိုက်ခြင်းက အနည်းငယ်တော့ အားနာစရာ ကောင်းလှပါသည်။

ရှန်မြောင် စိတ်ထဲတွင် တွေးတောထားသည်များမှာလည်း ပြီးသလောက် ရှိနေပြီ ဖြစ်သည်။

'ငါ အိမ်ပြင်ဖို့ ပိုက်ဆံ ကြိုးစားရှာမယ်။ တစ်နေ့ကျရင် ရှန်မိသားစု ခေါက်ဆွဲဆိုင်ကို ပြန်ဖွင့်နိုင်အောင် လုပ်ရမယ်။'

အလုပ်များနေစဉ် ကုထူစူးသည် လူတစ်ရပ်နီးပါး မြင့်မားသော ထင်းစည်းကြီးကို ကျောပိုးလျက် ဝင်လာလေသည်။ လက်ထဲတွင်လည်း ဆောင်းတွင်းဖရုံသီးကြီး တစ်လုံးကို ဆွဲထားပြီး အမောအပန်း ဖြေခြင်းမရှိဘဲ ခေါင်းလောင်းသံတမျှ ကျယ်လောင်သော အသံဖြင့် ပြောလိုက်လေသည်။

"မကြီး... ကျွန်တော် မင်းအတွက် ထင်းနည်းနည်း သယ်လာပေးတယ်။ လဝက်လောက်တော့ သုံးလို့ရလောက်မယ်။ ဒါနဲ့ ကျွန်တော့်အိမ်က ဟင်းရွက်စုံ ဂျုံဖတ်ဟင်းရည်အိုးက မင်း လာပို့ထားတာမလား။ အရသာက ရှယ်ပဲဗျို့။ ကျွန်တော့်အမေဆို ၃ ပန်းကန်လောက် သောက်ပြီးမှ တော်တော့တယ်”

သူသည် တံခါးဝမှ ခေါင်းပြုကြည့်လိုက်ရာ ရှန်မြောင်တို့ သုံးယောက် သန့်ရှင်းရေး လုပ်နေသည်ကို တွေ့လိုက်ရသဖြင့် ပြုံးကာ ဆက်ပြောလိုက်သည်။

"ကျွန်တော် ပစ္စည်းတွေချပြီးရင် မင်းကို လာကူမယ်”

ရှန်မြောင်သည် မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်လေသည်။

"ဒီလောက်များတာလား။ ရှင့်ကို ဒုက္ခပေးသလို ဖြစ်မနေဘူးလား”

ပြောရင်းဖြင့် ခါးကြားမှ ပိုက်ဆံအိတ်ကို ဖြည်ကာ ဝမ်ငွေစ ထုတ်ရန် ပြင်လိုက်သည်။

သို့သော် ကုထူစူးသည် ကျိအာလက်ထဲမှ တံမြက်စည်းကို လုယူလိုက်ပြီးပြီ ဖြစ်သည်။ သူသည် ဂရုမစိုက်သလိုဖြင့် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။

"ကျွန်တော် မြို့ပြင်ထွက်ပြီး ကိုယ်တိုင် ခုတ်လာတာပါ။ လက်ဖက်ရည် ၂ ပန်းကန်နဲ့ လုပ်အားပဲ စိုက်ရတာပါ။ တစ်ပြားမှ မကုန်ပါဘူး။ နောက်ဆို ကျွန်တော် မြို့ပြင်ထွက်ပြီး ထင်းခုတ်ရင် မင်းအတွက်ပါ ခုတ်ပေးမယ်”

ရှန်မြောင်မှာ အလွန်ကျေးဇူးတင်သွားပြီး အလျင်အမြန် ပြောလိုက်လေသည်။

"ကုအာ့ကောက အများကြီး ကူညီပေးတာပဲ။ နောက်နေ့ ကျွန်မ အခြေကျသွားရင် ဦးလေးကုနဲ့ ကြီးတော်တို့ကို ဒီမှာ လာပြီး စားသောက်ကြဖို့ ဖိတ်ပါရစေ။ မဟုတ်ရင် ကျွန်မ စိတ်မကောင်းဖြစ်ရပါလိမ့်မယ်”

"အိမ်နီးချင်းတွေပဲဟာ... ပြီးတော့ အတူတူ ကြီးပြင်းလာကြတာပဲ။ ဒီလောက်ကြီး အားနာမနေပါနဲ့ဗျာ”

ကုထူစူးသည် ပါးစပ်ဖြဲကာ ရယ်မောလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ အိမ်ပြန်ကာ သူ့အိမ်မှ လက်တွန်းလှည်းကို ယူလာလေသည်။ ထို့နောက် ရှန်မြောင်တို့၏ နောက်ဖေးခြံဝင်းထဲမှ အုတ်ကျိုးအုတ်ပဲ့များကို တစ်ခေါက်ပြီးတစ်ခေါက် သယ်ထုတ်ပေးလေသည်။ ရှန်မြောင်ကလည်း အနောက်မှလိုက်ကာ တွန်းလှည်းကို ဝိုင်းတွန်းပေးသည်။ ပြန်ရောက်လာချိန်တွင် ကျိအာနှင့် ရှန်းအာတို့သည် ကျန်ရစ်နေသော အမှိုက်သရိုက်များကို ကောက်ယူရှင်းလင်းပြီး ပေါင်းပင်များကို နှုတ်ကာ ခြံဝင်းထဲမှ မြေကြီးကို တံမြက်စည်းလှည်းထားပြီး ဖြစ်လေသည်။

လေးယောက်သားသည် နေဝင်ချိန်အထိ အလုပ်ရှုပ်နေလိုက်ကြသည်။ ကုထူစူးသည် ထင်းများကို ကူညီခွဲပေးနေရင်း ရှန်မြောင်က လမ်းမပေါ်မှ ထောင်ကျီ သစ်ပန်းပုဆိုင်တွင် စားပွဲနှင့် ကုလားထိုင် သွားဝယ်ချင်ကြောင်း ပြောသည်ကို ကြားလိုက်ရသဖြင့် အလျင်အမြန် ပြောလိုက်လေသည်။

"မင်းက ပြန့်ကျင်းမှာ မနေတာ ကြာတော့ မသိဘူး။ အဲဒီ ထောင်ကျီ သစ်ပန်းပုဆိုင်က လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လူတွေ လာပြီး ပြဿနာရှာထားတာ။ ရောင်းလိုက်တဲ့ ပရိဘောဂတွေက သစ်ဆွေးတွေနဲ့ လုပ်ထားတာတဲ့လေ။ ၂ ရက်လောက်ပဲ သုံးရသေးတယ်၊ စားပွဲတွေ ကုလားထိုင်တွေက ယိုင်နဲ့ကုန်ရော။ တကယ့်ကို အသုံးမကျတာ။ လက်သမားဆရာကြီးထောင် သေသွားပြီးတဲ့နောက် သူ့သား လက်သမားပေါက်စက အရက်စွဲသွားပြီး လက်တွေတုန်နေတာလေ။ လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ သူ့ဆိုင်ကို လုံးဝ မသွားနဲ့”

ရှန်မြောင်သည် ကုထူစူးကို အကြံဉာဏ်တောင်းရန် အလျင်အမြန်ပင် ပြောလိုက်ပြီး ဖုံးကွယ်မထားဘဲ ပြောပြလိုက်လေသည်။

"ကျွန်မက လက်ရာ ဘယ်လောက်ကောင်းရမယ်ဆိုတာမျိုး မရွေးပါဘူး။ ဈေးသက်သာပြီး ခိုင်ခံ့ရင် ပြီးတာပါပဲ။ အိမ်မှာ ပါးစပ်ပေါက် ၃ ပေါက် စားသောက်နေရတာဆိုတော့ ကျွန်မ ချွေတာမှ ဖြစ်မယ်လေ”

ကုထူစူးသည် ထင်းခွဲနေသော လက်ကို ခေတ္တရပ်တန့်လိုက်ပြီး ပုဆိန်ရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ထင်းတုံးတစ်တုံးကို ထပ်ခွဲလိုက်ပြီး မသိမသာ မေးလိုက်လေသည်။

"မကြီး... မင်း ကျင်းလင်ကို ပြန်မသွားတော့ဘူးလား”

ရှန်မြောင်တစ်ယောက်တည်း ပြန့်ကျင်းသို့ ပြန်ရောက်လာသည့်သတင်းမှာ လမ်းထိပ်မှ လမ်းဆုံးအထိ ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။ သူ့အမေဆိုလျှင် နေ့လယ်စာပင် မစားရသေးခင် အခြားအဒေါ်များက လာခေါ်သွားပြီး ရှန်အိမ်က အစ်မကြီးသည် မောင်နှမနှစ်ယောက်ကို ကျင်းလင်ကို ခေါ်ပြန်ဖို့လာတာလား သို့မဟုတ် ရုံမိသားစုမှာ ဘာပြဿနာဖြစ်လို့လဲဟု ဝိုင်းမေးနေကြခြင်း ဖြစ်သည်။

ကုထူစူးသည် မိန်းမသားများကဲ့သို့ အတင်းအဖျင်း မပြောချင်သော်လည်း စိတ်ထဲတွင်တော့ သိချင်စိတ် ပြင်းပြနေလေသည်။ သူသည် အပျော်သဘော ကြည့်ချင်ရုံ သက်သက်မဟုတ်ဘဲ ရှန်မြောင် ပြန့်ကျင်းတွင် ရက်မည်မျှကြာအောင် နေမည်ကို အမှန်တကယ် သိချင်နေခြင်း ဖြစ်သည်။

ရုံသာ့လန်သာ ကောင်းကင်ပေါ်မှ ရုတ်တရက် ကျမလာခဲ့လျှင် ကုထူစူးသည် ရှန်အိမ်က အစ်မကြီးနှင့် လက်ထပ်ရမည့်သူမှာ သူဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးလေသည်။

သူသည် ထင်းခွဲနေဆဲ ဖြစ်သော်လည်း နားစွင့်နေမိရာ စိတ်လှုပ်ရှားနေမိသည်။ မမျှော်လင့်ဘဲ ရှန်မြောင်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်လေသည်။

"မပြန်တော့ပါဘူး။ နောက်ဆို ကျွန်မတို့ မောင်နှမသုံးယောက်ပဲ အတူတူ ရုန်းကန်ကြတော့မှာပါ”

"အတူတူ ရုန်းကန်ကြတော့မှာ" ဟူသော စကားကို ကြားလိုက်ရသောအခါ ရှန်မြောင်အား ကျောပေးပြီး တံမြက်စည်းလှည်းနေသော ကျိအာ၏ နားရွက်ဖျားလေးများ လှုပ်ခါသွားသည်။ သို့သော် သူသည် လှည့်မကြည့်ဘဲ တံမြက်စည်းကိုသာ ပို၍ အားထည့် လှည်းကျင်းနေလိုက်သည်။

"မကြီး... မင်း..."

ကုထူစူးသည် အံ့ဩသွားပြီးနောက် အချိန်အခါမသင့်သော ပျော်ရွှင်မှုမျိုး ဖြစ်ပေါ်လာလေသည်။ ထို့နောက်မှ သတိပြန်ဝင်လာပြီး သူတစ်ပါး၏ အနာဟောင်းကို ဆွမိသကဲ့သို့ ပျာပျာသလဲ ဖြစ်သွားကာ မေးလိုက်မိလေသည်။

"ကျွန်... ကျွန်တော် စကားများမိသွားပြီ။ တမင် စပ်စုချင်လို့ မဟုတ်ပါဘူးဗျာ။ မင်း... မင်းရဲ့ ယောကျာ်းက သေ... သေသွားပြီလား”

ရှန်မြောင်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး မထိန်းနိုင်ဘဲ ခပ်ဟဟလေး ရယ်မောလိုက်လေသည်။

"သေတာနဲ့ မထူးပါဘူး။ ဟင်း... နောက်နေတာပါ။ တကယ်တော့ ကျွန်မတို့ ပြတ်စဲလိုက်ကြပြီ။ ရုံမိသားစုက ယောက္ခမကြီးက ကျွန်မကို ဥမဥနိုင်တဲ့ ကြက်မဆိုပြီး သဘောမကျဘူးလေ။ ကျွန်မကလည်း ရုံသာ့လန်ဆိုတဲ့ အသက် ၂၀ ကျော်တဲ့အထိ အမေနဲ့ အတူအိပ်တဲ့ ပျော့ညံ့ညံ့ကောင်မို့လို့ ဖြတ်လိုက်တာ။ အဲဒါနဲ့ပဲ လမ်းခွဲလိုက်ကြရော”

ကုထူစူးသည် မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဤစကားများထဲမှ တစ်ခွန်းချင်းစီသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ မည်သည့်အချက်ကို အရင်ဆုံး အံ့ဩရမည်မှန်းပင် မသိတော့ပေ။ မကြီးက ကွာရှင်းလိုက်ပြီတဲ့လား။ မကြီးက ကလေးမမွေးနိုင်ဘူးတဲ့လား။ ဘာ... မကြီးရဲ့ ယောကျာ်းဖြစ်တဲ့ စာသင်သားက အသက် ၂၀ ကျော်တဲ့အထိ အမေရင်းနဲ့ တစ်ခန်းတည်း အတူအိပ်တယ်တဲ့လား။ ဒါဆို မကြီးက ဘယ်မှာ အိပ်ရတာလဲ။ အလယ်မှာ အိပ်ရတာလား။

မဟုတ်သေးပါဘူး... မကြီးက ဘယ်လိုလုပ်ပြီး ဒီစကားတွေကို ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောထွက်ရတာလဲ။

"ဒါ... ဒါ... ဒါ..."

ကုထူစူးသည် နောက်ဆုံးတွင် စကားတစ်ခွန်းသာ ထွက်လာနိုင်တော့သည်။

"အဲဒီ ရုံမိသားစုက တော်တော် အနိုင်ကျင့်တာပဲဗျ”

ရှန်မြောင်သည် ရုံမိသားစုအပေါ် မည်သည့်ခံစားချက်မှ မရှိတော့သဖြင့် ပခုံးတွန့်ကာ ပြောလိုက်လေသည်။

"စိတ်ပျက်စရာကောင်းတဲ့ အကြောင်းတွေ မပြောပါနဲ့တော့ရှင်။ မိုးချုပ်တော့မယ်။ တစ်နေ့လုံး ကျွန်မကို ကူညီပေးရတာ ရှင် ပင်ပန်းနေရောပေါ့။ မလုပ်ပါနဲ့တော့။ ကျွန်မဘာသာ ဆက်လုပ်လိုက်ပါ့မယ်။ ခဏနေကျရင် ကျွန်မ ညဈေးဘက် ထွက်ပြီး လျှောက်ကြည့်ဦးမလို့”

ဟုတ်ပါရဲ့။ သူသည် ရှန်အိမ်တွင် တစ်နေ့လုံး အချိန်ကုန်နေခဲ့သည်။ ရှန်မြောင်နှင့် ပတ်သက်ပြီး သူများတွေ အတင်းအဖျင်း ပြောစရာ မဖြစ်စေသင့်ပေ။ ထို့ကြောင့် ကုထူစူးသည် ပုဆိန်ကို ခါးကြားတွင် ထိုးလိုက်ပြီး ခွဲပြီးသားထင်းများကို မိုးမပက်မည့် စင်္ကြံအောက်တွင် ပုံထားပေးလိုက်သည်။ ထို့နောက် ရှန်မြောင်အား အသေးစိတ် မှာကြားလိုက်လေသည်။

"ကျင်းလျန်တံတား ဘယ်ဘက်ကမ်းနားမှာ အဝတ်အစား နွမ်းနွမ်းပါးပါးနဲ့ အဘိုးအိုတစ်ယောက် ရှိတယ်။ နေ့တိုင်း ခုံတန်းရှည်တွေ၊ အဝတ်လှန်းတိုင်တွေကို ထမ်းပြီး လာရောင်းတတ်တယ်။ တကယ်တော့ သူက ဝါရင့်လက်သမားကြီး တစ်ယောက်ပါ။ သူ့အိမ်က ကျင်းလျန်တံတားနားမှာပဲ ရှိတယ်။ အိမ်မှာ သစ်ပန်းပုပစ္စည်းတွေ အများကြီး ပုံပြီး ရောင်းတယ်။ တံခါးပေါက်တွေ၊ ပြတင်းပေါက်တွေ၊ ထုပ်တန်းတွေလည်း ပြင်ပေးတယ်။ သူသုံးတဲ့ သစ်သားတွေက အသားသေပြီးသား။ ကောင်းတယ်။ ဈေးနှုန်းလည်း မှန်တယ်။ မကြီးက ပန်းပုထွင်းတာမျိုး မလိုချင်ဘူးဆိုရင် သူ့ဆီမှာ သွားဝယ်လို့ ရတယ်”

ရှန်မြောင်သည် လူကို ပြန်ပို့ပြီးနောက် ဘောင်သာကျန်တော့သည့် နောက်ဖေးတံခါးဝတွင် ရပ်လျက် ရှန်မိသားစု ခြံဝင်းထဲသို့ လှမ်းမျှော်ကြည့်လိုက်လေသည်။ မနက်ခင်းက မြင်ခဲ့ရသော ကြမ်းပြင်ပြည့်နေသည့် အုတ်ကျိုးအုတ်ပဲ့များ၊ သစ်သားကျိုးများနှင့် ပေါင်းမြက်များသည် ယခုအခါ ရှင်းလင်းသွားပြီ။ နံရံက တစ်ဝက်ကျော် ပျက်စီးနေပြီး တံခါးမရှိတော့သော်လည်း ယခုအချိန် နေဝင်ဆည်းဆာ ရွှေရောင်အလင်းတန်းများက ခြံဝင်းတစ်ဝက်ကို လင်းလက်စေသည်။ ရှန်းအာသည် စင်္ကြံအောက်တွင် ထိုင်လျက် ခေါင်းလေးစောင်းကာ ပျံသန်းနေသော လိပ်ပြာတစ်ကောင်ကို ငေးမောကြည့်ရှုနေလေသည်။

ကျိအာကတော့ မီးဖိုချောင်ထဲမှ တစ်နေ့လည်ခင်းလုံး ကျိုထားသော ဆေးခွက်ကို ကိုင်လျက် ထွက်လာသည်။ သူသည် ပန်းကန်လုံးအပြည့် မည်းနက်နေသော ဆေးရည်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် သတ္တိမွေးကာ မော့သောက်လိုက်လေ၏။ သို့သော် ခါးသက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်တက်သွားပြီး မျက်နှာကို ရှုံ့မဲ့ထားလေသည်။

ရှန်မြောင်လည်း မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်မိလေသည်။

ဤသို့ ဟာလာဟင်းလင်း ဖြစ်နေသော နေရာလေးတွင် တဖြည်းဖြည်းနှင့် သက်ရှိဝိညာဉ်တို့ ကိန်းအောင်းလာသကဲ့သို့ပင်။

ရှန်မြောင်သည်လည်း အားအင်များ ပြည့်လာသဖြင့် အိမ်ထဲသို့ဝင်ကာ သူမ၏ ခရီးဆောင်သေတ္တာနှစ်လုံးကို ရှင်းလင်းလိုက်သည်။ သေတ္တာထဲတွင် ကောက်ညှင်းငချိတ်နှင့် တောဆန် အိတ်တစ်ဝက်ခန့် ကျန်နေသေးသည်ကို တွေ့ရသည်။ မီးဖိုပေါ်တွင်လည်း တောင်ကန်စွန်းဥ နည်းနည်းကျန်သေးသဖြင့် အလဟဿ မဖြစ်စေရန် ညစာအတွက် ကောက်ညှင်းငချိတ်၊ တောဆန်၊ တောင်ကန်စွန်းဥပေါက်စီ လုပ်စားရန် စိတ်ကူးလိုက်လေသည်။

ပစ္စည်းများ ရှင်းလင်းနေစဉ် ကျင်းလျန်တံတားသို့ စရောက်တုန်းက ဝယ်ထားခဲ့သော လေရဟတ်နှစ်ခုကို တွေ့လိုက်ရသည်။ တစ်နေ့လုံး အလုပ်များနေသဖြင့် မေ့နေခဲ့ခြင်းပင်။ သူမသည် လေရဟတ်များကို ထုတ်ယူကာ ကျိအာနှင့် ရှန်းအာတို့ကို ပေးလိုက်လေသည်။

ရှန်းအာတစ်ယောက် အလွန်ပျော်ရွှင်သွားပြီး လေရဟတ်ကို ကိုင်မြှောက်လျက် အိမ်ထဲတွင် ပတ်ပြေးနေတော့သည်။ ကျိအာကတော့ သုံးနှစ်သား ကလေးကစားစရာ လေရဟတ်ကို ကိုင်လျက် မျက်နှာထား တစ်မျိုးကြီးဖြင့် ကြည့်နေသည်။ ထို့နောက် လည်ပတ်နိုင်သော ဝါးရွက်ပြားလေးများကို မတတ်သာသည့်အလား လှည့်ကစားလိုက်လေသည်။ ရှန်မြောင်လည်း နေရခက်သွားတော့သည်။ ကျိအာက သည်လောက် ရင့်ကျက်နေမည်ဟု သူမ မသိခဲ့ပါချေ။

"မင်း ညီမလေးနဲ့ ခဏလောက် ကစားပေးဦးနော်။ မကြီး မန်ထိုသွားပေါင်းလိုက်ဦးမယ်”

ရှန်မြောင်သည် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် စိတ်ချရသော အိမ်ရှင်မတစ်ယောက် ဖြစ်သွားလေသည်။ သူမသည် တည်ငြိမ်အေးဆေးစွာဖြင့် တောင်ကန်စွန်းဥ အခွံနွှာ၊ ငချိတ်နှင့် တောဆန်တို့ကို သီးခြားစီ ရေစိမ်ထားလိုက်သည်။ အရင်ဆုံး ငချိတ်ကို ငရုတ်ဆုံထဲထည့်ကာ ထောင်းလိုက်ပြီး ဂျုံမှုန့်နှင့် ရောနယ်ကာ မုန့်သားပြုလုပ်ထားလိုက်သည်။ ထို့နောက် မုန့်သားကို ၁၅ မိနစ်ခန့် နှပ်ထားလိုက်လေသည်။

သူမသည် ဤအလုပ်များကို လုပ်ကိုင်ရာတွင် လက်သွက်ခြေသွက် ရှိလှသည်။ အစို့ထွက်လာသော တောဆန်နှင့် တောင်ကန်စွန်းဥတို့ကို ဆုံထဲထည့်ကာ ထောင်းလိုက်သည်။ ထို့နောက် ကြက်ဥတစ်လုံး ဖောက်ထည့်ကာ စေးပိုင်သွားသည်အထိ ထပ်ထောင်းလေသည်။ နှမ်းရှိပါက နှမ်းနည်းနည်း ထည့်လိုက်လျှင် ပိုမွှေးပျံ့သွားမည် ဖြစ်သော်လည်း ဒီနေ့တော့ ရှိတာလေးနှင့်ပင် ဖြစ်သလို လုပ်ရတော့မည်။

သကြားနည်းနည်းနှင့် ဝက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် ထည့်လိုက်လျှင် အစာသွပ်ရန် အဆာပလာ ရရှိပြီဖြစ်သည်။

မုန့်သားလည်း နှပ်ထား၍ ရပြီဖြစ်ရာ မုန့်သားတစ်လုံးကို အပိုင်း ၉ ပိုင်း ပိုင်းလိုက်သည်။ အဆာပလာများကို အထဲထည့်ကာ ရေနွေးငွေ့ဖြင့် ပေါင်းလိုက်သောအခါ တစ်အိမ်လုံး ချိုမြသောရနံ့များ သင်းပျံ့သွားလေသည်။ အနံ့ရသည်နှင့် ရှန်းအာသည် လေရဟတ်ကို ကိုင်လျက် ပေါင်းအိုးဘေးတွင် လာထိုင်စောင့်လေတော့သည်။

သူမသည် လေရဟတ်ကို ပါးစပ်ဖြင့် မှုတ်ရင်း သင်းပျံ့သောရနံ့ကြောင့် တံတွေးများကို မျိုချနေလေ၏။

ရှန်မြောင်လည်း ဘာလုပ်ရမှန်း မသိတော့ပေ။ ဒီကလေးက ၃ နှစ်လောက် ငတ်ပြတ်နေတဲ့ ပုံစံမျိုး ဖြစ်နေပါရောလား။

ထို့ကြောင့် မီးဖိုခုံသုတ်ရန်နှင့် မီးထိုးရန် ဝင်လာသော ကျိအာကို သံသယဖြင့် မေးလိုက်လေသည်။

"ရှန်းအာက ငယ်ငယ်တုန်းက ဒီလောက် အစားမမက်ပါဘူး။ ဦးလေးအိမ်မှာတုန်းက ငတ်နေခဲ့ရတာလား”

ကျိအာသည် မီးဖိုခုံကို သုတ်ပြီးနောက် ရှန်မြောင်အတွက် မြေဇလုံကို ကူဆေးပေးရင်း ပြောလိုက်လေသည်။

"ရှန်းအာက ငယ်ငယ်ကတည်းက အဖေ့လက်ရာနဲ့ ယဉ်ပါးနေတာလေ။ နောက်တော့ အဖေ ဆုံးသွားပြီး ကျွန်တော်တို့ ဦးလေးအိမ် ရောက်သွားကြတယ်။ ကျွန်တော်တို့အိမ်က လယ်ခွန်တွေကို သူတို့ သိမ်းထားတာဆိုတော့ ကြီးတော်က ထမင်းဟင်းတော့ မငတ်ထားပါဘူး။ ဒါပေမဲ့ သူချက်တဲ့ ထမင်းဟင်းတွေက ဝက်စာလိုပဲ။ ဗိုက်ဝရုံပဲ စားလို့ရတာ၊ စားကောင်းတယ်လို့ ပြောလို့မရဘူး။ ကျွန်တော်နဲ့ ညီမလေးလည်း ဒီလို ထမင်းဟင်းမျိုး မစားရတာ ကြာပြီ”

ကျိအာသည် ခေါင်းမော့လာပြီး ရှန်မြောင်ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။

"မကြီး ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘူးလား။ မကြီးလက်ရာက အဖေ့လက်ရာနဲ့ တူတယ်ဗျ”

ရှန်းအာက ခေါင်းကို ပလုတ်တုတ်လေးလို ခါရမ်းကာ ဝင်ပြောလေသည်။

"ကိုကြီး ပြောတာ မှားတယ်။ ကြီးတော်ချက်တဲ့ ထမင်းကို ကြီးတော်မွေးထားတဲ့ ဝက်တောင် မစားချင်ဘူး။ မကြီးချက်တဲ့ ထမင်းကမှ အရမ်းစားလို့ ကောင်းတာ”

သူမသည် နေ့လယ်က သောက်ခဲ့သော ဂျုံဖတ်ဟင်းရည်အရသာကို ပြန်လည်တွေးတောမိရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေလေသည်။

ထိုအခါမှ ရှန်မြောင်သည် သဘောပေါက်သွားပြီး သူမ၏ လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်မိသည်။

သူမသည် ခန္ဓာကိုယ်ပိုင်ရှင်၏ ဘဝဇာတ်ကြောင်းတိုလေးကို ကျွမ်းကျင်ပိုင်နိုင်အောင် အလွတ်ကျက်မှတ်ထားခြင်းမှာ သူတစ်ပါး သံသယမဝင်စေရန်နှင့် ဤခေတ်ကြီးတွင် ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန် ဖြစ်လေသည်။ သို့သော် မှတ်ဉာဏ် မည်မျှကြည်လင်သည်ဖြစ်စေ ငယ်စဉ်က တမ်းတခဲ့သော အရသာကိုတော့ ကိုယ်တိုင် ခံစားနိုင်မည် မဟုတ်ပေ။

ရှန်မြောင်သည် ကျိအာနှင့် ရှန်းအာတို့ လွမ်းဆွတ်နေသော ဖခင်ဖြစ်သူ၏ လက်ရာ မည်သို့ရှိသည်ကို တကယ်မသိခဲ့ပေ။ သူမ၏ ဟင်းချက်လက်ရာများသည် သူမ၏ ယခင်ဘဝမှ မိဘအရင်းများနှင့် အဘိုးထံမှ လက်ဆင့်ကမ်း ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် နာမည်တူခြင်းအပြင် သူမနှင့် မူလခန္ဓာကိုယ်ပိုင်ရှင်တို့ကြားမှ ရေစက်တစ်ခု ဖြစ်နေသည်များလား။

စကားပြောနေရင်း မီးဖိုပေါ်မှ ငချိတ်တောဆန် တောင်ကန်စွန်းဥပေါက်စီများလည်း ကျက်သွားလေပြီ။

...........

တောဆန်သည် ခေတ်သစ်မှ ကွီနိုအာနှင့် တူညီပြီး အာဟာရဓာတ် မြင့်မားကာ ဆန်ပြုတ်ပြုတ်ရာတွင် အလွန်ကောင်းမွန်သည်။ ပေါက်စီလုပ်စားလျှင်လည်း မဆိုးလှပေ။

(ကွီနိုအာ- ရုက္ခဗေဒဆန်/ ဆန်တု - ဟင်းနုနွယ်နဲ့မျိုးနွယ်တူပင်ကရတဲ့ အစေ့အဆန်)

ယခင်ဘဝက ရှန်မြောင် ဝိတ်ချစဉ်တွင် ငချိတ်ကွီနိုအာ တောင်ကန်စွန်းဥပေါက်စီကို အလွန်ကြိုက်နှစ်သက်ခဲ့သည်။

ငချိတ်၏ မွှေးပျံ့မှု၊ တောဆန်၏ ဝါးလိုက်လျှင် ထိမိသော အိစက်မှုနှင့် တောင်ကန်စွန်းဥ၏ နူးညံ့မှုတို့ ပေါင်းစပ်လိုက်သောအခါ ပါးစပ်ထဲတွင် အရသာများ ကြွယ်ဝသွားစေသည်။ အလွန်လည်း မချို၊ အလွန်လည်း မအီဘဲ သဘာဝ အစားအစာများ၏ အရသာစစ်စစ်ကို ပေးစွမ်းနိုင်သည်။ ထို့ပြင် အဆီနည်းပြီး ဗိုက်လည်း ဝစေသည်။

ယခင်ဘဝတုန်းက ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ရင်း ဝလာသူဟူ၍ ရှန်မြောင်တစ်ယောက်သာ ရှိပေလိမ့်မည်။

ငချိတ်တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပြီး တောဆန်တွင် ပရိုတင်းဓာတ် ကြွယ်ဝသည်။ တောင်ကန်စွန်းဥသည် အစာအိမ်နှင့် သရက်ရွက်ကို အားဖြည့်ပေးသည်။ ဤသုံးမျိုး ပေါင်းစပ်လိုက်ခြင်းက ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်လေသည်။

ရှန်းအာက အစားမရွေးပေ။ ဘာကျွေးကျွေး မြိန်ရေရှက်ရေ စားတတ်သည်။ ရှန်မြောင်သည် သူမ၏ သန့်ရှင်းသော လက်ကိုင်ပုဝါဖြင့် ပူနေသော ပေါက်စီအောက်ပိုင်းကို ပတ်ပေးလိုက်သည်။ ရှန်းအာက မီးဖိုခုံဘေးတွင် ထိုင်ချလိုက်ပြီး မျက်နှာတစ်ပြင်စာ ရှိသော ပေါက်စီကြီးကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ တစ်ကိုက်ပြီးတစ်ကိုက် အရသာရှိစွာ စားသုံးလေသည်။ ပါးဖောင်းဖောင်းလေးများ ဖောင်းကားနေပုံမှာ ရှန်မြောင် အရင်က မွေးခဲ့ဖူးသော ရွှေရောင်ကြွက်ကလေးကို သွားသတိရစေသည်။

ကျိအာကတော့ ယဉ်ကျေးသိမ်မွေ့စွာ စားသုံးနေဆဲပင်။ ရှန်မြောင်သည် ကျောမတ်မတ်ထိုင်လျက် တူဖြင့် ပေါက်စီကို ဖြည်းဖြည်းချင်း စားနေသော သူ့ကိုကြည့်ရင်း မူလခန္ဓာကိုယ်ပိုင်ရှင် မထွက်သွားမီက သူသည် စာသင်ကျောင်းတွင် စာသင်ကြားနေပြီဖြစ်ကြောင်း သတိရသွားသည်။ ယခုကော စာသင်နေရသေးသလား မသိပေ။

ထိုအကြောင်း တွေးမိသဖြင့် ရှန်မြောင်က မေးလိုက်လေသည်။

သို့သော် ကျိအာသည် အပ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားပြီး တော်တော်ကြာမှ ပြောလိုက်လေသည်။

"ကျွန်တော်... ဆရာလျိုဆီမှာ ဟိုင်ကောကို ရိုက်မိလို့ ဆရာလျိုက ကျွန်တော့်ကို ကျောင်းမတက်ခိုင်းတော့ဘူး။ ကြီးတော်ကလည်း ကျွန်တော့်ကို ရိုက်ပြီး မောင်းထုတ်လိုက်တယ်”

ရှန်မြောင်က မျက်ခုံးပင့်လိုက်မိ၏။

'ဟိုင်ကောက ရှန်ဦးကြီးရဲ့ တစ်ဦးတည်းသောသားလေ။'

ကြီးတော်သည် သမီးလေးယောက် မွေးပြီးမှ ဤမျက်ရှုဆေး သားတစ်ယောက်ကို ရခဲ့ခြင်း ဖြစ်သည်။ ငယ်စဉ်ကတည်းက အလိုလိုက်ထားသဖြင့် ဆိုးသွမ်းပြီး အလွန်ဝဖြိုးနေအောင် ကျွေးထားလေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ထိုကလေးသည် ချစ်စရာကောင်းသော ကလေးမျိုး မဟုတ်ပေ။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်လေးသည် ခေါင်းမာသော စိတ်ဓာတ်ရှိသော်လည်း အမွှေအနှောက် ကလေးမျိုး မဟုတ်ကြောင်း ရှန်မြောင် သိထားသည်။ ဟိုင်ကောက တစ်ခုခု လုပ်လိုက်လို့၊ သို့မဟုတ် တစ်ခုခု ပြောလိုက်လို့သာ ကျိအာက ကိုယ်ထိလက်ရောက် ကျူးလွန်မိခြင်း ဖြစ်ပေလိမ့်မည်။

ရှန်မြောင် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျိအာသည် အစ်မဖြစ်သူ စိတ်ဆိုးသွားသည်ဟု ထင်မှတ်လိုက်၏။ သူသည် ရှန်မြောင်၏ မျက်နှာထားကို အကြိမ်ကြိမ် ခိုးကြည့်လိုက်ပြီး လက်ထဲတွင် ကျန်နေသေးသော ပေါက်စီတစ်ဝက်ကိုပင် ဆက်မစားနိုင်တော့ပေ။ သို့သော် ဟိုင်ကောက သူ့ကို မိဘမဲ့မို့လို့၊ အစ်မအရင်းကတောင် မလိုချင်လို့ စွန့်ပစ်ထားတာပါဆိုပြီး ဦးဆောင်လှောင်ပြောင်ခဲ့သည့် စကားများကို ပြန်တွေးမိတိုင်း ဓားဖြင့် မွှန်းသကဲ့သို့ နာကျင်ရလေသည်။ သူသည် ရှင်းပြရန် စကားလုံးများ ရှာမတွေ့တော့ဘဲ တုန့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် စကားတစ်ခွန်းသာ ပြောထွက်တော့သည်။

"မကြီး တောင်းပန်ပါတယ်”

"ကိစ္စမရှိပါဘူး။ မင်းမှာ အကြောင်းအရင်းရှိမယ်ဆိုတာ မကြီး ယုံပါတယ်”

ရှန်မြောင်သည်လည်း သူ့နှင့်တပြိုင်နက် ပြောလိုက်လေသည်။

ကျိအာသည် ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လိုက်ရာ ရှန်မြောင်က သူ့ကို မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလိုက်ပြီး သူ့ခေါင်းကို ပွတ်သပ်ပေးကာ ပြောလိုက်လေသည်။

"မကြောက်ပါနဲ့။ နောက်ကျရင် တို့တွေ အခြေကျသွားရင် မကြီး မင်းကို တခြားကျောင်းမှာ စာသင်ခိုင်းမယ်”

ပြောပြီးသည်နှင့် ရှန်မြောင်သည် ထိုကိစ္စကို ဆက်မပြောတော့ပေ။

ကျိအာသည် ရွယ်တူကလေးများထက် ပိုမိုရင့်ကျက်ပြီး ခံစားလွယ်လေသည်။ ဤအရွယ် ကလေးများတွင်လည်း ကိုယ်ပိုင်မာန ရှိကြသည်ဖြစ်ရာ အတင်းအကျပ် မေးမြန်းနေစရာ မလိုပေ။ သူမသည် အပြင်ဘက်မှ မိုးချုပ်စပြုနေသော အခြေအနေကို လှည့်ကြည့်လိုက်ပြီး အစာကို သုံးလေးလုပ်ခန့်ဖြင့် အမြန်စားလိုက်ကာ မှာကြားလိုက်လေသည်။

"မကြီး ညဈေးဘက် သွားပြီး လိုတာတွေ သွားဝယ်လိုက်ဦးမယ်။ ကျိအာ... မင်း ဆေးသောက်ပြီးရင် ညီမလေးကို ခေါ်ပြီး အိပ်တော့နော်။ လိုက်မလာကြနဲ့”

ရှန်းအာသည် ကြားလိုက်သည်နှင့် တတွယ်တွယ် လုပ်နေတော့သည်။

"သမီး မကြီးနောက် လိုက်မယ်”

ရှန်မြောင်သည် မျက်နှာထား တင်းလိုက်ပြီး ပြောလိုက်သည်။

"မလိုက်ရဘူး။ မကြီးက ပစ္စည်းတွေ အများကြီး ဝယ်ရမှာမို့လို့ ညီမလေးကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အိမ်မှာ ကိုကြီးနဲ့ နေခဲ့။ သူ နေမကောင်းဘူးလေ။ သူ ဆေးသောက်တာရယ်၊ ခြေဖဝါးကပ်ဆေး ကပ်တာရယ်ကို စောင့်ကြည့်ပေးနော်။ လိမ္မာရမယ်”

ကျိအာကလည်း ဝင်ပြောသည်။

"မကြီးကို အလုပ်မရှုပ်စေနဲ့”

ရှန်းအာသည် ရှန်မြောင် အတည်ပြောနေမှန်း သိလိုက်သဖြင့် ဆက်မဂျီကျရဲတော့ဘဲ ရှန်မြောင်၏ အင်္ကျီလက်စကို ဆွဲကာ ပြောလိုက်လေသည်။

"ရှန်းအာ လိမ္မာပါ့မယ်။ အိမ်မှာ ကိုကြီးနဲ့ နေခဲ့ပါ့မယ်။ မကြီး သေချာပေါက် ပြန်လာရမယ်နော်”

ရှန်မြောင်သည် မျက်နှာထား လျှော့လိုက်ပြီး သူမကို ပွေ့ဖက်လိုက်လေသည်။

"မကြီး တကယ် ထွက်မသွားတော့ပါဘူး။ စိတ်ချပါ”

ထို့နောက် ကလေးများကို သေချာ ချော့မော့ပြီး ရှန်းအာကို ဆေးအိုးစောင့်ကြည့်ရန် တာဝန်ပေးလိုက်သည်။ ကျိအာကိုလည်း မီးဘေးသတိထားရန် မှာကြားပြီးနောက် လွယ်အိတ်လွယ်ကာ ထွက်လာခဲ့တော့သည်။

စုန့်ခေတ်မှ "လွယ်အိတ်" ဒီဇိုင်းများသည် တီဗီဇာတ်လမ်းတွဲများထဲမှကဲ့သို့ အဝတ်စဖြင့် ထုပ်ထားသော အထုပ်များ မဟုတ်ပေ။ ရှန်မြောင်သည် စုန့်ခေတ်သို့ ရောက်လာမှသာ ခေတ်သစ်မှ အကောင်းစား အိတ်ဒီဇိုင်း အများစုကို စုန့်ခေတ်လူများ နေ့စဉ်သုံး "အိတ်" များတွင် တွေ့နိုင်ကြောင်း သိလိုက်ရသည်။ ခါးတွင် ချိတ်သော ပိုက်ဆံအိတ်လေးများမှစ၍ ဘေးလွယ်အိတ်၊ ပခုံးလွယ်အိတ်၊ လက်ဆွဲအိတ်၊ ကျောပိုးအိတ် အကြီးများအထိ ရှိလေသည်။ သားရေဖြင့် ပြုလုပ်ထားသည်မှစ၍ အဝတ်အထည်အမျိုးမျိုးဖြင့် ပြုလုပ်ထားသည်အထိ ရှိပြီး ကျောက်စီခြင်း၊ ပန်းထိုးခြင်း စသည်ဖြင့် ဒီဇိုင်းစုံလင်လှသည်။ ရှေးခေတ်လူများသည် တကယ်တော့ ခေတ်မီလှပါသည်။

ရှန်မြောင် ယခု လွယ်ထားသော အိတ်သည် မူလခန္ဓာကိုယ်ပိုင်ရှင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားသော အိတ်ဖြစ်သည်။ ပခုံးကြိုး အတိုအရှည် ညှိနိုင်ပြီး ဘေးလွယ်၍ရသလို ပခုံးတွင်လည်း လွယ်၍ရသည်။ အောက်ခြေကို သားရေမာဖြင့် ပြုလုပ်ထားသဖြင့် အလေးချိန်ခံနိုင်ပြီး ပုံပျက်မသွားပေ။ အပေါ်ဘက်တွင် "သစ်ပင်တက်၍ နွေဦးကို သတင်းပို့နေသော သပိတ်လွယ်ငှက်" ပုံ ပန်းထိုးထားပြီး ပိုးသားအနားကွပ်ကာ ပန်းပွားလေးများ တပ်ဆင်ထားသည်။ အလွန်လက်ရာမြောက်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများက သူမအတွက် ပြင်ဆင်ပေးခဲ့သော မင်္ဂလာဆောင်ပစ္စည်းများထဲမှ တစ်ခု ဖြစ်လေသည်။

အိမ်မှထွက်လာသောအခါ ပြန့်ကျင်းညဈေးသည် နာမည်ကြီးသည့်အတိုင်း စည်ကားလှသည်။ တစ်ချိန်က ဘုရင်မင်းမြတ်၏ ယာဉ်တန်းပင် ဖြတ်သန်း၍ မရနိုင်လောက်အောင် စည်ကားခဲ့ဖူးသည်ဟု ကြားဖူးသည်။ နောက်ပိုင်းတွင် နန်းတော်မှ "လမ်းတံတားဦးစီးဌာန" ကို ဖွဲ့စည်းပေးခဲ့ပြီး အစိမ်းရောင် ဝတ်စုံဝတ်ထားသော "မြို့ထိန်းတပ်ဖွဲ့" များက ညရောက်သည်နှင့် လမ်းမပေါ်ထွက်ကာ စစ်ဆေးခြင်း၊ လမ်းရှင်းခြင်းများ ပြုလုပ်ပေးသဖြင့် အနည်းငယ် သက်သာသွားခြင်း ဖြစ်သည်။

ယနေ့တွင် ညရောက်လာသည်နှင့် မီးရောင်များ ထိန်ထိန်လင်းနေပြီး လူသံများ ဆူညံနေလေသည်။ လမ်းဘေးဈေးသည်လေးများသည်လည်း သက်ဝင်လှုပ်ရှားလာပြီး ကုန်သည်များက အိမ်ပေါက်စေ့ လိုက်လံရောင်းချနေကြသည်။ ဖျော်ဖြေရေးရုံများ ပေါများပြီး ဆိုင်ခန်းများ စီတန်းနေသော မာရှန်းလမ်းမကြီးတွင် တစ်ညလုံး မီးထွန်းထားသဖြင့် ခြင်တစ်ကောင်ပင် မမြင်ရအောင် လင်းထိန်နေလေသည်။

...

အပိုင်း (၁၀) ညဈေးတန်းတွင် ဈေးဝယ်ထွက်ခြင်း

ရှန်မြောင်သည် လမ်းတစ်လျှောက် လျှောက်သွားရင်း ကြည့်ရှုလေသည်။ ဤနေရာမှ စုန့်ခေတ်သည် ပုံပျက်ပန်းပျက်ဖြစ်နေသည့် ချန်ကျူးအတွေးအခေါ်များ၏ လွှမ်းမိုးခြင်း မခံရသေးပေ။ ဂုဏ်သိက္ခာကျဆင်းစေသည့် နိုင်ငံရေးအမုန်းတရားများလည်း မရှိသေးချေ။ မိန်းကလေးများ၏ အဆင့်အတန်းသည် ထန်ခေတ်နှင့် သိပ်မကွာခြားလှပေ။ သူမကဲ့သို့ မြို့ပြဈေးထဲတွင် ရောနှောကာ အသက်မွေးဝမ်းကျောင်းပြုနေသည့် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် တစ်ယောက်တည်း အပြင်ထွက်နိုင်ရုံသာမက မျက်နှာဖုံးပုဝါပင် စည်းစရာမလိုပေ။

ရှန်မိသားစုအိမ်အနီးရှိ ကျင်းလျန်တံတားညဈေးတန်းသည် မာရှန်းလမ်းမကြီးလောက် စည်ကားခြင်းမရှိသော်လည်း ရှိသင့်သမျှ အကုန်ရှိလေသည်။ သူမသည် ကုထူစူး ပြောပြခဲ့ဖူးသည့် တံခါး၊ ပြတင်းပေါက်နှင့် စားပွဲကုလားထိုင်များ ပြုလုပ်သည့် ဦးကြီးယန်ကို အရင်ဆုံး ရှာဖွေလိုက်သည်။ ထို့နောက် သူမ လာရသည့် ရည်ရွယ်ချက်ကို ရှင်းပြပြီးနောက် သူ့အိမ်သို့ လိုက်သွားခဲ့လေသည်။

ဦးကြီးယန်သည် ဆယ်စုနှစ်ပေါင်းများစွာ လက်သမားလုပ်လာခဲ့သည့် ဝါရင့်လက်သမားကြီးတစ်ဦး ဖြစ်လေသည်။ အိမ်တွင် သူနှင့် တပည့်အချို့သာ ရှိသည်။ ခြံဝင်းထဲတွင် သစ်သားပုံစံမျိုးစုံကို ပုံထားပြီး အိမ်ထဲတွင်လည်း အချောထည်ပရိဘောဂပစ္စည်းများစွာ ပြည့်ကျပ်နေလေသည်။

ရှန်မြောင်သည် ဖယောင်းတိုင်ခွက်ကို ကိုင်ကာ ပစ္စည်းရွေးနေဟန်ဆောင်လိုက်သည်။ သစ်သားအမျိုးအစားကို အရင်မေးပြီး ဈေးနှုန်းကို မေးလေသည်။ ဦးကြီးယန်၏ စိတ်သဘောထားကို အကဲခတ်ရင်း အပေါ်မှ ထူထဲနေသည့် ဖုန်မှုန့်များကို မသိမသာ စမ်းကြည့်လိုက်လေသည်။

'ကြည့်ရတာ ဒီဦးကြီးယန်က ဈေးဦးမပေါက်တာ တော်တော်ကြာနေပြီ ထင်တယ်၊ ဒါကြောင့် ပစ္စည်းတွေ အဲဒီလောက်တောင် ပုံနေတာ' ဟု ရှန်မြောင် တွေးလိုက်မိသည်။

ထို့ကြောင့် ရှန်မြောင်သည် သူမ လိုချင်သည့် ပရိဘောဂများကို ရွေးချယ်ပြီးနောက် ချက်ချင်းပင် သူနှင့် အကြီးအကျယ် ဈေးဆစ်လေတော့သည်။ နောက်ဆုံးတွင် စုစုပေါင်းတန်ဖိုး ၅၈၀ ဝမ် ကျသင့်သည့် ပရိဘောဂများကို ၄၀၀ ဝမ်ဖြင့် ဈေးတည့်သွားခဲ့ပြီး ထိုင်ခုံပု ၃ လုံး၊ သစ်သားဇလုံ ၂ လုံးနှင့် သစ်သားပန်းကန် တစ်စုံတို့ကိုပါ အပိုလက်ဆောင်အဖြစ် ရလိုက်လေသည်။

သူမသည် ထိုနေရာတွင် ဈေးအသက်သာဆုံး ပေါ့ပလာသားကုတင် ၃ လုံး၊ သစ်ကြားသီးသား လေးထောင့်စားပွဲတစ်လုံးနှင့် ထိုသစ်သားဖြင့်ပြုလုပ်ထားသည့် ထိုင်ခုံရှည် ၄ လုံးတို့ကို မှာယူခဲ့သည်။ ထို့အပြင် အပေါ်အောက် နှစ်ထပ်ပါသည့် တံခါးနှစ်ချပ်တပ် ဗီရိုတစ်လုံး၊ စာရေးစားပွဲတစ်လုံးတို့ကိုလည်း မှာယူခဲ့လေသည်။ အားလုံးမှာ ပန်းပုထွင်းထားခြင်း မရှိဘဲ အရောင်တင်ဆီ သို့မဟုတ် ဆေးအနက်ရောင် သုတ်ထားရုံသာဖြစ်ပြီး ခိုင်ခံ့ပြီး ကြာရှည်အသုံးခံမည့်ပုံစံကိုသာ ဦးစားပေးထားလေသည်။

ရှန်မြောင်သည် သူနှင့်အတူ ကြားလူတစ်ယောက်ကို ရှာလိုက်ပြီး စာချုပ်စာတမ်း ရေးမှတ်ကာ ငွေတစ်ဝက်ကို ပေးချေလိုက်လေသည်။ စာချုပ်ပေါ်တွင် မနက်ဖြန်နံနက်စောစော အိမ်အရောက်ပို့ပေးရန်၊ တပ်ဆင်ပေးရန်နှင့် တစ်နှစ်အတွင်း အခမဲ့ ပြန်လည်ပြင်ဆင်ပေးရန် အာမခံချက်ပါ ထည့်သွင်းရေးသားထားလိုက်သည်။

ဦးကြီးယန်မှာ အရောင်းအဝယ်တစ်ခု ဖြစ်မြောက်သွားသော်လည်း ရင်ထဲတွင် သွေးစက်ကျနေရရှာသည်။ သစ်သားဖိုးများကို အကြွေးယူထားရခြင်းဖြစ်ပြီး ကုန်ပစ္စည်းများကို အမြန်မရောင်းထုတ်နိုင်ပါက ရှင်းကော်ဘုရားကျောင်းမှ အတိုးပေးစားသည့် ဘုန်းကြီးများက အကြွေးလာတောင်းကြတော့မည် ဖြစ်လေသည်။ ထားလိုက်ပါတော့လေ။ သည်ရှန်မိသားစုဝင်အမျိုးသမီးက အများကြီးဝယ်ယူသည့်အပြင် နောက်နောင်တွင်လည်း ဖောက်သည်များ မိတ်ဆက်ပေးမည်ဟု ကတိပေးထားသဖြင့် အမြတ်နည်းနည်းရလည်း ဖြစ်ပါသည်ဟု ဖြေသိမ့်လိုက်ရသည်။

သို့သော် လက်မှတ်ထိုးသည့်အချိန်တွင် ခေါင်းကိုခါယမ်းရင်း ရှန်မြောင်ကို ကြည့်ကာ ချီးကျူးလိုက်လေသည်။

"မိန်းကလေးရဲ့ ပါးစပ်ကတော့ တကယ်ကို မဟုတ်သေးပါဘူးကွယ်၊ စကားပြောကောင်းလွန်းလို့ သေလူကိုတောင် ပြန်ရှင်လာအောင် ပြောနိုင်မယ့်ပုံပဲ”

ကြားလူကလည်း စာချုပ်ကို လက်ညှိုးထိုးပြရင်း ရယ်မောကာ ပြောလိုက်လေသည်။

"ခင်ဗျားလို ကပ်စေးနည်းတဲ့လူကြီးက အပိုလက်ဆောင်တွေ အများကြီးထည့်ပေးပြီး တစ်နှစ် အာမခံချက် ပေးတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”

ထို့နောက် သူက ဦးကြီးယန်ကို ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက အကြံကောင်းတစ်ခုပဲဗျ၊ ဒီမိန်းကလေးက ဉာဏ်ကောင်းတယ်၊ ခင်ဗျားလည်း မျက်စိရှေ့က အကျိုးအမြတ်လောက်ကိုပဲ မကြည့်နဲ့လေ၊ နောက်ပိုင်း သစ်သားပစ္စည်းတွေ ရောင်းရင် ဒီအချက်ကို ထည့်သွင်းလိုက်၊ ခင်ဗျားပစ္စည်းကို ဝယ်မယ့်သူမရှိမှာ ပူစရာမလိုတော့ဘူး”

ရှန်မြောင်ကလည်း ပြုံးရင်း ပြောလိုက်လေသည်။ "ဟုတ်တာပေါ့၊ ဒီအကြံဉာဏ်အတွက် ရှင် ကျွန်မကို နောက်ထပ် ၂၀ ဝမ်လောက် လျှော့ပေးသင့်တယ်နော်”

ထိုစကားကြောင့် ဦးကြီးယန်မှာ လန့်ဖျပ်သွားပြီး ခုန်ဆွခုန်ဆွ ဖြစ်သွားကာ လက်ကာပြပြီး ပြောလိုက်လေသည်။ "မဖြစ်ဘူး၊ မဖြစ်ဘူး၊ ထပ်လျှော့လိုက်ရင်ဖြင့် ကျုပ်မိသားစုတစ်ခုလုံးရယ်၊ တပည့်သုံးယောက်ရယ်၊ ခွေးတစ်ကောင်ရယ် အားလုံး လေဟပ်ပြီး ဝမ်းဖြည့်နေရတော့မှာ”

ရှန်မြောင်နှင့် ကြားလူတို့ နှစ်ဦးစလုံး အသံထွက်အောင် ရယ်မောလိုက်ကြလေသည်။

ဤသို့ဖြင့် ကုတင်၊ ထမင်းစားပွဲနှင့် ထိုင်ခုံများ၊ ဗီရိုနှင့် ကျိအာ စာဖတ်ရန် စာကြည့်စားပွဲတို့ ရရှိသွားပြီဖြစ်လေသည်။ တစ်ခေါက်တည်းနှင့် ပရိဘောဂအများစု ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည့်အပြင် ဈေးလည်း အလွန်သက်သာလေသည်။ ရှန်မြောင်သည် ကျေနပ်စွာဖြင့် ထွက်ခွာလာခဲ့တော့သည်။

ထို့နောက်တွင် သူမသည် ကျင်းလျန်တံတားပေါ်သို့ သွားရောက်ကာ တစ်ပတ်လျှောက်ကြည့်လိုက်သည်။ "မွှေးပျံ့ဖျော်ရည်" ရောင်းသည့် ဝဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦးနှင့် စကားစမြည်ပြောရင်း ၂ ဝမ်တန် လက်ဖက်ရည်ဟင်းချိုတစ်ပန်းကန် ဝယ်သောက်လိုက်ကာ ဤတံတားဈေးကို မည်သို့ စီမံအုပ်ချုပ်သည်ကို မေးမြန်းစုံစမ်းလိုက်လေသည်။

ဤနေရာရှိ ဈေးဆိုင်ခန်းများသည် ဦးသူနေရာယူစတမ်း မဟုတ်ကြောင်း သိလိုက်ရလေသည်။ "လမ်းတံတားဦးစီးဌာန" သို့ သွားရောက်ပြီး မြို့တော်ထိန်းသိမ်းရေးအဖွဲ့ထံ အခွန်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ခွင့်ပြုချက်မရှိဘဲ လမ်းကို ကျူးကျော်ဈေးရောင်းပါက ဥပဒေအရ လမ်းကြားလမ်းမများကို ကျူးကျော်သူဟု သတ်မှတ်ကာ ကြိမ်ဒဏ် အချက် ၇၀ ရိုက်ခံရမည် ဖြစ်လေသည်။

"ဟိုက တိုင်လေးတိုင်ကို မြင်လား၊ အဲဒီတိုင်တွေရဲ့ အတွင်းဘက်မှာမှ ဈေးခင်းခွင့်၊ ဆိုင်ဖွင့်ခွင့်ရှိတာ၊ တံတားပေါ်မှာလည်း နယ်နိမိတ်တွေနဲ့ ဆိုင်ခန်းနံပါတ်တွေ ရှိတယ်၊ အဲဒါကို မလိုက်နာရင် တုတ်နဲ့ အချက် ၇၀ ရိုက်ခံရမှာ” ထိုဝဝဖိုင့်ဖိုင့်အမျိုးသမီးက စိုးရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။ "နောက်ပြီးတော့ ဈေးခင်းတဲ့နေရာမှာ အမှိုက်သရိုက်တွေ ကျန်ခဲ့ရင်လည်း တုတ်နဲ့ အချက် ၆၀ ရိုက်ခံရဦးမှာ”

ထို့နောက် တံတားပေါ်ရှိ ဈေးဆိုင်ခန်းလခအကြောင်း ဆက်ပြောဖြစ်ကြသည်။ ဈေးက သက်သာလေသည်။ လက်တွန်းလှည်းတစ်စီး သို့မဟုတ် ခြင်းတောင်းအချို့သာ ချရောင်းသည့် နေရာယူနည်းသော ဆိုင်အသေးစားဆိုလျှင် တစ်လမှ ၁၀ ဝမ်သာ ပေးရသည်။ အကယ်၍ တဲထိုးပြီး တိုင်ထူရမည့် ဆိုင်အကြီးစားဆိုလျှင် တစ်လလျှင် ၃၀ ဝမ် ပေးရလေသည်။

နားထောင်ရသည်မှာ မနည်းလှဟု ထင်ရသော်လည်း စုန့်ခေတ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လေသည်။ ဤကဲ့သို့ ဈေးဆိုင်အသေးစားလေးများ ခင်းရောင်းခြင်းသည် အခွန်ဆောင်ပြီးသည်နှင့် ထပ်မံပေးဆောင်စရာ မလိုတော့ပေ။ ဆိုင်ဖွင့်လျှင် ပေးရသည့် စီးပွားရေးအခွန်မှာလည်း သက်သာလေသည်။ ပုံမှန်အားဖြင့် "အဝင်အခွန်" ၂ ရာခိုင်နှုန်းနှင့် "အရောင်းအဝယ်အခွန်" ၃ ရာခိုင်နှုန်း၊ စုစုပေါင်း ၅ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရသည်။ အကယ်၍ သဘာဝဘေးအန္တရာယ်ကျရောက်သည့် နှစ်များဆိုလျှင် ဆန်စပါး၊ သံဖြင့်ပြုလုပ်ထားသည့် လယ်ယာသုံးကိရိယာများနှင့် တိရစ္ဆာန်များကို အခွန်ကင်းလွတ်ခွင့် ပေးထားလေသည်။

သို့သော် ဆားနှင့် သံလုပ်ငန်းကိုတော့ အစိုးရက ချုပ်ကိုင်ထားပြီး သာမန်ပြည်သူများ ရောင်းချခွင့် မရှိပေ။

ယခင်က စာအုပ်တစ်အုပ်တွင် ဖတ်ဖူးသည်ကို ရှန်မြောင် သတိရသွားသည်။ စုန့်ခေတ် ရန်ကျုံးဧကရာဇ်လက်ထက်တွင် စီးပွားရေးအခွန်သည် နိုင်ငံတော်အခွန်ဘဏ္ဍာ၏ ၁၂ ရာခိုင်နှုန်းသာ ရှိသော်လည်း ၎င်းမှ ကွမ်ငွေ ၁၉ သန်းကျော် ကောက်ခံရရှိခဲ့ဖူးသည်။ ၎င်းစီးပွားရေးအခွန်တစ်ခုတည်းကပင် မင်ခေတ်နှင့် ချင်းခေတ် နှစ်ခေတ်ပေါင်း၏ အကောင်းဆုံးနှစ်များတွင် ရရှိသည့် နိုင်ငံတော်အခွန်ဘဏ္ဍာစုစုပေါင်းထက် ပိုများလေသည်။

ထိုအရာက သမိုင်းတစ်လျှောက် စစ်နိုင်သည်ဖြစ်စေ၊ စစ်ရှုံးသည်ဖြစ်စေ လျော်ကြေးငွေအမြောက်အမြား ပေးဆောင်ခဲ့ရသည့် စုန့်ခေတ်ဖြစ်နေ၍ပင်။

ယခု ရှန်မြောင် ရောက်ရှိနေသည့် စုန့်ခေတ်ကမူ ပြည်တွင်းပြည်ပ တည်ငြိမ်အေးချမ်းရုံသာမက ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့် လျော်ကြေးငွေပေးဆောင်ရခြင်းမျိုး မရှိသည့်အပြင် ပြည်သူများကလည်း ပိုချမ်းသာကြလေသည်။

ရှန်မြောင်သည် အခြေအနေကို နားလည်သွားပြီးနောက် ထိုဝဝဖိုင့်ဖိုင့်အမျိုးသမီးကို ကျေးဇူးတင်စကားပြောကာ နှုတ်ဆက်လိုက်ပြီး တံတားကို ဖြတ်ကူးလာခဲ့လေသည်။

သူမသည် တံတားတစ်ဖက်ခြမ်းရှိ ဝါဂွမ်းဆိုင်တွင် ဂွမ်းစောင် ၃ ထည်နှင့် ချည်ကြမ်းစောင်အစွပ် ၃ စုံကို ဝယ်ယူခဲ့သည်။ မနက်ဖြန် ဂွမ်းဖတ်ရိုက်ပြီးမှ လာယူမည်ဟု ဂွမ်းဖတ်ရိုက်သမားနှင့် ပြောဆိုထားလိုက်သည်။ ကုမိသားစုမှ ပေးလိုက်သည့် အိပ်ရာခင်းများကို မနက်ဖြန် လျှော်ဖွပ်ပြီး ပြန်ပို့ပေးရန် သူမ ပြင်ဆင်ထားလိုက်သည်။ သူများမေတ္တာကို အမြဲတမ်း အခွင့်ကောင်းယူနေ၍ မဖြစ်ပေ။

ထို့နောက် အထည်ဆိုင်တွင် အထည်ကြမ်း နှစ်အုပ်ကို ဖြတ်ပိုင်းဝယ်ယူခဲ့သည်။ တစ်အုပ်မှာ အပြာရောင် ရေလှိုင်းပုံစံဖြစ်ပြီး နောက်တစ်အုပ်မှာ ငန်းဝါရောင် ပန်းပွင့်ပုံစံ ဖြစ်လေသည်။ အပ်နှင့်အပ်ချည်ကြိုး အနည်းငယ်ကိုလည်း ဝယ်ယူခဲ့ပြီး ကျိအာနှင့် ရှန်းအာတို့အတွက် အဝတ်အစား နှစ်စုံချုပ်ပေးရန် စီစဉ်လိုက်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်သည် မိဘများ၏ တယုတယ ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ လေးလံသည့်အလုပ်များကို တစ်ခါမှ မလုပ်ခဲ့ဖူးဘဲ ဆိုင်အလုပ်များသည့်အချိန်တွင် ဝင်ကူလုပ်ပေးရုံနှင့် ကျန်သည့်အချိန်များတွင် ပန်းထိုးခြင်းဖြင့်သာ အချိန်ကုန်ဆုံးလေ့ရှိသည်။

ရှန်မြောင်သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ပန်းထိုးလက်ရာကို ဆက်ခံနိုင်ခြင်း ရှိမရှိ မသိသော်လည်း ခေါင်းထဲတွင် ပန်းမည်သို့ထိုးရမည်၊ အင်္ကျီ၊ ဝတ်ရုံရှည်၊ ဖိနပ်၊ ခြေအိတ်နှင့် ဦးထုပ်များကို မည်သို့ချုပ်လုပ်ရမည် ဆိုသည့် မှတ်ဉာဏ်များ ရှိနေသဖြင့် စမ်းသပ်ချုပ်လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အဓိကအချက်မှာ သူမသည် ယနေ့တစ်နေကုန် ရှန်မိသားစုအိမ်ကို ရှင်းလင်းခဲ့သော်လည်း ကျိအာနှင့် ရှန်းအာတို့၏ အဝတ်အစားနှင့် ခရီးဆောင်အိတ်များကို မတွေ့ရခြင်းပင်။ ထိုကလေးနှစ်ယောက်သည် အဝတ်အစားလဲလှယ်ခဲ့ပုံမရဘဲ ကိုယ်ပေါ်တွင် အနံ့အသက်များပင် ထွက်နေပြီ ဖြစ်လေသည်။

'သူတို့တွေ လက်ဗလာနဲ့ အိမ်က အမောင်းထုတ်ခံလိုက်ရတာ ဖြစ်လောက်တယ်'

ထိုအကြောင်းကို တွေးမိပြီး ရှန်မြောင်သည် ဒေါသအနည်းငယ် ထွက်သွားလေသည်။

'မနက်ဖြန် အိမ်မှုကိစ္စတွေ နေရာတကျဖြစ်သွားတာနဲ့ မြို့ပြင်ဘက်ကို လှည်းစီးပြီးသွားမယ်၊ ရှန်ဦးကြီးရဲ့အိမ်ကို သွားပြီး ဒေါသသွားဖြေမှ ဖြစ်မယ်'

ထိုအကြောင်းကို တွေးပြီးနောက် ရှန်မြောင်သည် မြေအိုးဆိုင်သို့ သွားရောက်ကာ ရေစည်ပိုင်းကြီး ၂ လုံး၊ မြေမီးဖိုအငယ် ၂ လုံး၊ ပေါင်မုန့်ဖုတ်သည့် ဒယ်ပြား ၂ ချပ်၊ အဝကျယ်ပြီး ဗိုက်ပူသည့် အကင်မီးဖို ၁ လုံးတို့ကို မှာယူခဲ့ပြီး ဈေးအသက်သာဆုံး မြေထည် ပန်ကန်းလုံး အထပ်လိုက်ကိုလည်း မှာယူခဲ့လေသည်။

နောက်ဆုံးအနေနှင့် အရေးအကြီးဆုံးမှာ "လက်တွန်းလှည်း" တစ်စီး ဝယ်ရန်ပင် ဖြစ်သည်။ ယနေ့ ကုအာ့လန်(ကုအိမ်က ဒုတိယသား)က သူမအတွက် ပစ္စည်းများ သယ်ပို့ပေးစဉ်က ဘီးတစ်လုံးတပ် လက်တွန်းလှည်းကို အသုံးပြုခဲ့သည်။ လက်ဖြင့် တွန်းနိုင်သလို နောက်ပိုင်းတွင် တိရစ္ဆာန်များနှင့် ချိတ်ဆက်ကာ အသုံးပြုနိုင်သည်။ လူစီး၍ရသလို ပစ္စည်းလည်း တင်နိုင်သည်။ တောင်ပေါ်လမ်း၊ လမ်းကြား သို့မဟုတ် လယ်ကန်သင်းရိုးမရွေး သွားလာနိုင်ပြီး အလွန်အဆင်ပြေလေသည်။

သို့သော် ရှန်မြောင်သည် ဘီးနှစ်လုံးတပ်၊ ရွက်ဖျင်လေးပါကာ နေကာထီးပါသည့် ပုံစံမျိုးကို လိုချင်လေသည်။ ဘီးတစ်လုံးတပ်လှည်းက အားစိုက်ထုတ်ရလွန်းသည်။ ဘီးနှစ်လုံးတပ်က ဟန်ချက်ထိန်းရ လွယ်ကူသည်။ သို့သော် လှည်းလုပ်သည့် ဆိုင်အချို့ကို မေးမြန်းကြည့်ရာ ဈေးနှုန်းများက အလွန်ကြီးမြင့်နေလေသည်။

ရှန်မြောင်သည် ဟိုဟိုဒီဒီ လျှောက်သွားရင်း အစောပိုင်းက ပရိဘောဂမှာခဲ့သည့် ဦးကြီးယန်၏ အိမ်သို့ ပြန်ရောက်သွားလေသည်။

ဦးကြီးယန်သည် အိမ်တံခါးဝတွင် ထိုင်ကာ သစ်သားသစ်ကို အရောင်တင်နေပြီး ကြမ်းပြင်ပေါ်တွင် သစ်သားဖတ်များ ပြန့်ကျဲနေလေသည်။ မော့ကြည့်လိုက်ရာ စောစောက စကားပြောကောင်းသည့် မိန်းကလေးသည် မီးအိမ်အောက်တွင် ရပ်နေပြီး သူ့ကို ပြုံးစစဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

မီးရောင်က မှိန်ဖျော့ဖျော့ လင်းနေပြီး ရှန်မြောင်၏ မျက်နှာကို ပို၍ နူးညံ့သွားစေကာ ညလေညင်းထဲတွင် ယိမ်းနွဲ့နေသည့် ကြာပန်းတစ်ပွင့်နှင့် တူနေစေသည်။

သို့သော် သူ့လက်ထဲတွင် ရွေပေါ်ကို ကိုင်ထားရင်း အကြောင်းရင်းမရှိဘဲ တုန်လှုပ်သွားမိလေ၏။

......

တစ်ညလုံး "ငွေကို ရေလိုသုံး" ပြီးနောက် ရှန်မြောင်သည် ရှန်အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ကလေးနှစ်ယောက်မှာ အိပ်ငိုက်နေကြပြီ ဖြစ်သည်။ ဆီကုန်မည်စိုးသဖြင့် မီးမထွန်းရက်ကြဘဲ အမှောင်ထဲတွင် သူမ ပြန်လာမည်ကို တိတ်ဆိတ်စွာ စောင့်နေကြလေသည်။

ရှန်မြောင် တံခါးဝသို့ ရောက်သည်နှင့် ရှန်းအာသည် ခြေသံကို ကြားလိုက်ရလေသည်။

"ဒီတစ်ခါတော့ မကြီး ပြန်လာတာ သေချာပြီ”

ထိုသို့ ပျော်ရွှင်စွာ အော်ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် ရှန်မြောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

ညပိုင်းတွင် သူမသည် ကျိအာ၊ ရှန်းအာတို့နှင့်အတူ ထိုင်ခုံရှည်အချို့ကို ဆက်ထားသည့် ကုတင်ပေါ်တွင် အတူတူ ပြွတ်သိပ်အိပ်လိုက်ကြသည်။ သုံးယောက်သား ကန့်လန့်ဖြတ် အိပ်လိုက်ကြရာ ရှန်မြောင်၏ ခြေထောက်များသည် လေပေါ်တွင် တွဲလောင်းကျနေပြီး ထိုညကို ခက်ခက်ခဲခဲဖြင့် ကုန်ဆုံးလိုက်ရလေသည်။

သို့သော် မနေ့က တစ်နေကုန် အလုပ်ရှုပ်ထားသဖြင့် ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေပြီး နောက်တစ်နေ့တွင် အိပ်ရာထ နောက်ကျသွားခဲ့သည်။ နိုးလာချိန်တွင် နေမြင့်နေပြီဖြစ်ပြီး မီးဖိုချောင်ထဲမှ ပေါက်စီနံ့ကြောင့်သာ နိုးလာရခြင်း ဖြစ်လေသည်။

သူမသည် မျက်လုံးကို ပွတ်သပ်ရင်း ထထိုင်လိုက်သည်။ ရှန်းအာက သူမ၏ လက်မောင်းကို ဖက်ကာ အိပ်မောကျနေဆဲ။ ကျိအာကမူ မီးဖိုရှေ့တွင် ထိုင်ကာ မီးညှပ်ဖြင့် ထင်းများကို ထိုးဆွနေသည်။ သူသည် တိတ်တဆိတ် ထလိုက်ပြီး မနေ့က စားမကုန်သည့် ပေါက်စီများကို ပေါင်းအိုးထဲထည့်ကာ ပြန်နွှေးနေခြင်းဖြစ်ကြောင်း သိသာလှပေသည်။

မနက်စာ စားသောက်ပြီးသည်နှင့် ဦးကြီးယန်သည် တပည့်အချို့ကို ခေါ်ဆောင်ကာ လှည်းမောင်းပြီး ပစ္စည်းလာပို့လေသည်။

ထုံးစံအရဆိုလျှင် ကုတင်နေရာချရန် ရက်ရွေးရမည် ဖြစ်သော်လည်း ရှန်အိမ်တွင် ဘာမှမရှိသဖြင့် မစောင့်နိုင်တော့ပေ။

ရှန်အိမ်သည် မည်မျှပျက်စီးနေသနည်းဆိုလျှင် ဦးကြီးယန်သည် သူမပေးထားသည့် လိပ်စာအတိုင်း လိုက်ရှာလာခဲ့သော်လည်း မျက်စိရှေ့မှ မီးလောင်ထားပြီး ပြိုကျနေသည့် အိမ်ပျက်ကြီးကို မြင်လိုက်ရသောအခါ အထဲသို့ မဝင်ရဲဖြစ်နေခဲ့သည်။ တံခါးဝတွင် အချိန်ကြာမြင့်စွာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီးမှ ခေါင်းကိုပြူကာ မေးလိုက်လေသည်။

"ဒါ... ဒါ ရှန်မိန်းကလေးရဲ့ အိမ် ဟုတ်ပါသလား”

ရှန်မြောင် ထွက်ကြိုလိုက်ချိန်တွင် ဦးကြီးယန်နှင့် သူ့တပည့်များ၏ မျက်လုံးထဲ၌ သနားဂရုဏာသက်သည့် အရိပ်အယောင်များ ယှက်သန်းနေသည်ကို တွေ့လိုက်ရ၏။

သူမသည် မမြင်ချင်ယောင်ဆောင်လိုက်ပြီး ခေါင်မိုးလုံခြုံသေးသည့် အိမ်ရှေ့ဆိုင်ခန်းထဲတွင် ကုတင်သုံးလုံးကို နေရာချရန် ဦးကြီးယန်ကို တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။ ကုတင်ခေါင်းရင်းကို နံရံကပ်ထားလိုက်သည်။ နောင်တွင် ကျိအာကို အတွင်းဘက်အကျဆုံး ကုတင်တွင် အိပ်စေမည်။ အလယ်ကုတင်တွင် ရှန်းအာကို အိပ်စေပြီး သူမက အပြင်ဘက်ဆုံးတွင် အိပ်မည် ဖြစ်သည်။ ကျိအာ့ဘက်ကို ခန်းဆီးတစ်ခု ကာရံပေးထားလိုက်မည်။

စာရေးစားပွဲကိုလည်း ကျိအာ၏ ကုတင်ဘေးတွင် ထားလိုက်ပြီး နောင်တွင် သူစာရေးရန် အဆင်ပြေအောင် လုပ်ထားပေးလိုက်သည်။

ထမင်းစားပွဲ၊ ထိုင်ခုံရှည်နှင့် ဗီရိုကို မီးဖိုချောင်ထဲတွင် ထားလိုက်သည်။

လောလောဆယ်တော့ သည်လိုပဲ အဆင်ပြေသလို နေရဦးမည်။ နောက်ပိုင်း ငွေရှာနိုင်သည့်အခါ မီးလောင်သွားသည့် အိမ်နောက်ဘက် အခန်းများကို ပြန်ဆောက်ပြီး အခန်းခွဲအိပ်ကြမည်။ ထိုအချိန်ရောက်လျှင် သည်လို ကျပ်ကျပ်တည်းတည်း နေစရာလိုတော့မည် မဟုတ်ပေ။

တော်သေးသည်က ကျိအာ၏ အသက်မှာ သိပ်မကြီးသေးခြင်းပင်။ ရှန်မြောင်၏ ယခင်ဘဝတုန်းကလည်း အိမ်တွင် ဝမ်းကွဲမောင်နှမများ များပြားလှသည်။ နှစ်သစ်ကူးပွဲတော်ရက်များတွင် ဇာတိအိမ်သို့ ပြန်ရောက်သည့်အခါ အခန်းမလောက်သဖြင့် အဘိုးက ကုတင်များကို ဆက်ပြီး ကွပ်ပျစ်ကြီးတစ်ခုသဖွယ် လုပ်ပေးကာ အားလုံးကို အတူတူသိပ်လေ့ရှိသည်။ ထိုအချိန်များတွင် မောင်နှမတစ်သိုက် တစ်ညလုံး အိပ်ကြသည်မရှိပေ။ အောက်ထပ်သို့ဆင်းကာ အဘွားပေါင်းထားသည့် ဘဲခြေထောက်များကို ခိုးစားကြလိုက်၊ စောင်ပုံထဲတွင် တိုးဝှေ့ကာ ဖဲကစားလိုက်၊ ဂိမ်းကစားလိုက်နှင့် မိုးလင်းသည့်အထိ ဆူညံနေတတ်ကြသည်။

လာပို့သည့် ကုတင်၊ စားပွဲနှင့် ထိုင်ခုံများကို စစ်ဆေးပြီးနောက် ရှန်မြောင်သည် ဦးကြီးယန်ကို ငွေရှင်းပေးလိုက်၏။ သူတို့ပြန်ခါနီးတွင် ပြုံးစစဖြင့် မေးလိုက်လေသည်။

"မနေ့က ဦးကြီးကို ပြောပြထားတဲ့ လှည်းလုပ်တဲ့ကိစ္စလေ၊ ဦးကြီး စဉ်းစားပြီးပြီလား၊ လုပ်ပေးနိုင်မလား”

ဦးကြီးယန်က ပါးစပ်ကို စုပ်သပ်လိုက်ပြီး ပြောလိုက်လေသည်။

"၃၀၀ ဝမ် ပေးရင် မိန်းကလေးအတွက် လုပ်ပေးမယ်”

ရှန်မြောင်က မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်သည်။

"၂၀၀ ဝမ်၊ နေကာထီးကို ကျွန်မဘာသာ ဝယ်မယ်”

ဦးကြီးယန်က လက်ချောင်း ၅ ချောင်း ထောင်ပြလိုက်ပြီး ပြောလိုက်သည်။

"၂၈၀ ဝမ်၊ ထီးတစ်ချောင်း အပါအဝင်ပဲ၊ ထပ်လျှော့လို့ မရတော့ဘူး”

"တစ်ယောက်တစ်လှမ်း ဆုတ်ကြတာပေါ့၊ ၂၃၀ ဝမ်”

...

All Chapters