အခန်း (၁၀၆၃-၁၀၆၄)
Vol. 72 Ch. 1063-1064
Ch 1063
(အဆင့်တက်မှုစတင်)
လောထျန်းအနည်းငယ် အံ့သြစွာ မေးလိုက်သည်။
“အဲ့လောက် ရိုးရှင်းတာလား”
ပင်မခန္ဓာကိုယ်ကို သတ်လိုက်ရင် အကုန် ပြီးသွားပြီပေါ့…
ကြည့်ရတာ သူ မလိုအပ်ပဲ အရမ်းစိတ်ပူမိခဲ့တာပဲ။
ထိုအချိန်မှာ ဒါလောင်မသေမျိုးဘုရင်ကြီးနှင့် သခင်ကြီးကုကတော့ ပြောစရာမရှိတော့ပေ။
ရိုးရှင်းသည်တဲ့…
ခေါင်းကိုးလုံးနမိတ်ဆိုး၏ ပင်မခန္ဓာကိုယ် မပြောနှင့်၊ လက်ကျန်ဝိညာဥ်လေး လွတ်မြောက်သွားခဲ့တာတောင်မှ အပေါ်ကမ္ဘာ၏ မရေမတွက်နိုင်သော အင်အားကြီးဂိုဏ်းများကို အချိန်အကြာကြီး ခုခံစေလိမ့်မည်။
ထို့ကြောင့်ပဲ မျိုးဆက်ပေါင်းများစွာ ဒီလျို့ဝှက်နယ်မြေကြီးကို လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ရတာ မဟုတ်ဘူးလား။
သို့သော် လောထျန်းက အခု ပင်မခန္ဓာကိုယ်ကို သတ်လို့လွယ်တယ်လို့ ပြောလိုက်တာလား..
သူတို့နှစ်ယောက်လုံးအတွက် လောထျန်း၏ စကားကို လက်ခံဖို့ရန် အချိန်အကြာကြီး ယူလိုက်ရလေ၏။
ပိုမို အံ့သြဖို့ကောင်းသည်မှာ အချိန်အကြာကြီး စဥ်းစားပြီးနောက်မှာ လောထျန်း၏ စကားက တကယ်ကို မှန်ကန်နေသော အချက်ကြောင့်ပင်။
ဒီကိစ္စက လောထျန်းအတွက် တကယ်ကို မခက်ခဲပေ။
ဒါကပဲ သူတို့နှစ်ယောက်လုံးကို ပိုမို အသိစိတ်လွတ်စေ၏။
ထိုအချိန်မှာပဲ လောထျန်းက လမ်းလျှောက်လာပြီး သခင်ကြီးကု၏ ပုခုံးတစ်ဖက်ကို ပုတ်ကာ ပြောလိုက်သည်။
“ဖြေရှင်းစရာနည်းလမ်း ရပြီဆိုတော့ ကျုပ်ခင်ဗျားကို မနှောက်ယှက်တော့ဘူး”
သခင်ကြီးကု နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချနိုင်လေပြီ။
လောထျန်းက အရှေ့ကလူအုပ်ကို ကြည့်ပြီးမှ ဆက်ပြော၏။
“အခု အကုန်လုံး ဒီလျို့ဝှက်နယ်မြေထဲက သွားကြ၊ ဒီထဲမှာ လူတစ်ယောက်တောင် ကျန်နေခွင့်မပြုဘူး”
“ဟမ် သခင်လေး ဘာလုပ်မလို့လဲ”
လောထျန်း၏ ရည်ရွယ်ချက်ကို နားမလည်သောကြောင့် ဒါလောင်မသေမျိုးဘုရင်ကြီး အံ့သြစွာ မေးလိုက်သည်။
လောထျန်းက အမှုမထားစွာ ဖြေပေးလိုက်ပါသည်။
“ ပြောပြီးပြီလေ၊ အဆင့်တက်မလို့ပါဆို”
ဒါလောင်မသေမျိုးဘုရင်ကြီး အနည်းငယ် ရှုတ်ထွေးစွာ.မျက်မှောင်ကြုတ် လိုက်သော်လည်း နာခံစွာဖြင့် လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပါ၏။
“ဟုတ်ကဲ့၊ ကျုပ်တို့အခုပဲ သွားလိုက်ပါ့မယ်”
ပြောပြီးသည်နှင့် သခင်ကြီးကုကိုပါ အတူခေါ်ပြီး လျို့ဝှက်နယ်မြေ ဝင်ပေါက်အထိ သွားလိုက်ကြသည်။
လမ်းတစ်လျှောက်မှာ အကုန်လုံးကို အသိပေးခဲ့၍ အထဲကိုရောက်နေကြသော နတ်ဘုရားသားတော်များလည်း အပေါက်ဝမှာ တစ်စုတစ်စည်းထဲ စုဝေးလာခဲ့သည်။
“သခင်လေးလောထျန်း၊ အကုန်ရောက်ပါပြီ”
ထိုမှသာ သခင်ကြီးကုက ပြောလိုက်သည်။
“တစ်ယောက်မှ မကျန်ခဲ့တာ သေချာလား”
လောထျန်း မေးလိုက်၏။
“ သေချာပါတယ်”
သခင်ကြီးကု၏ အဖြေကို ကြားမှသာ လောထျန်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဟုတ်ပြီ၊ ဒါဆိုဝင်ပေါက်ဖွင့်ပြီး အကုန်အပြင်ထွက်ကြတော့”
“ဟုတ်ကဲ့” သခင်ကြီးကု ဘာမှမမေးရဲပဲ ချက်ချင်း ဝင်ပေါက်ကို အသက်သွင်းလိုက်လေ၏။
ဘိ
နောက်တစ်စက္ကန့်မှာ ဝင်ပေါက်ပွင့်လာခဲ့သည်။
“သခင်လေးလောထျန်းလား” ထိုအချိန်မှာပဲ ရင်းနီးသော အသံတစ်ခုကို လောထျန်းကြားလိုက်ရ၏။
ကောင်းကင်ဘုံကိုးဆင့်ညီလာခံက သခင်ကြီးလုံ ပင်။
“သခင်လေးလောထျန်း၊ သခင်ကြီးဟောင် ပြောတဲ့အတိုင်း လိုတဲ့ပစ္စည်းတွေ ကျုပ်ယူလာခဲ့ပြီ”
သခင်ကြီးလုံက ပြောပြီးသည်နှင့် ဟင်းလင်းပြင်လက်စွပ်ကို လက်နှစ်ဖက်ဖြင့် တရိုတသေ ကမ်းပေးလိုက်သည်။
လောထျန်း လှမ်းယူလိုက်ပြီး.. အကြမ်းဖျဥ်းစစ်ဆေးလိုက်သည်။ ပစ္စည်းတွေ မှန်သောကြောင့် ခပ်ဖွဖွ ခေါင်းညိတ်ပြီးမှ ပြောလိုက်၏။
“ဟုတ်ပြီ၊ ကျေးဇူးပဲသခင်ကြီးလုံ၊ ကျုပ်အဆင့်တက်ဖို့ အထဲကိုပြန်ဝင်တော့မယ်၊ အကုန်လုံးအပြင်က စောင့်ကြပါ”
“ဟုတ်ကဲ့”
ဒါလောင်မသေမျိုးဘုရင်ကြီးက ဦးဆောင်ပြီး လောရှောင်ရှောင်းပါမကျန် အကုန်လုံးကို ခေါ်သွားလိုက်လေသည်။
“ကျုပ် သတင်းစကား မပြောမချင်း ဝင်ပေါက်ကို လုံးဝမဖွင့်ပါနဲ့”
လောထျန်းက မမေ့မလျော့ မှာကြားလိုက်သည်။
“သခင်လေးလောထျန်း၊ စိတ်ချပါဗျ”
ဒါလောင်မသေမျိုးဘုရင်ကြီးကလည်း ချက်ချင်း ပြန်ဖြေလိုက်၏။
လောထျန်း အထဲကို ပြန်ဝင်ပြီးသည်နှင့် ဒါလောင်မသေမျိုးဘုရင်ကြီးက ဝင်ပေါက်ကို ပြန်ပိတ်လိုက်တော့သည်။
ထို့နောက်မှ သူက သက်ပြင်းအသာချလိုက်ပြီး ပြောလာခဲ့သည်။
“ကြည့်ရတာ သခင်လေးလောထျန်းက ကျုပ်တို့ကို မယုံကြည်သေးတဲ့ပုံပဲ၊ မဟုတ်ရင် အကုန်လုံးကို အခုလိုအပြင်ထွက်ခိုင်းမှာ မဟုတ်ဘူး”
ဘေးမှာရှိနေသော သခင်ကြီးကုကလည်း ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဟုတ်တယ်.. တကယ်တော့ သခင်လေးလောထျန်း အခုလို အင်အားကြီးတဲ့အထိ ဘယ်လိုကျင့်ကြံပြီး အဆင့်တက်လဲဆိုတာ ကျုပ်သိချင်မိတယ်။ ဒါပေမဲ့ အခွင့်အရေးမရှိဘူးနဲ့ တူပါတယ်ဗျာ”
ထိုအချိန်မှာပဲ ဘေးမှာရပ်နေသော သခင်ကြီးလုံက ရုတ်တရက်ပြောလိုက်သည်။
“သခင်ကြီးတို့ အတွေးလွန်နေပြီ”
“ဟမ်” ထိုနှစ်ယောက်လုံးက သခင်ကြီးလုံကို ရှုတ်ထွေးစွာ ကြည့်လာကြလေ၏။
သခင်ကြီးလုံ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“သခင်လေးလောထျန်းက ကြည့်ခွင့်မပေးတာ ခင်ဗျားတို့အတွက်ပဲ”
ပြောပြီးသည်နှင့် သူ့ကိုတစ်လလုံး ခြောက်လန့်နေခဲ့သော လွန်ခဲ့သည့်လက မြင်ကွင်းကို သခင်ကြီးလုံ ပြန်မြင်ယောင်မိလိုက်လေသည်။
ထိုနေ့က လောထျန်း အဆင့်တက်ချိန်တွင် သူတို့သည် ဟိုးအဝေးကြီးမှာ ရှိနေခဲ့သော်လည်း မသေမျိုးချီစွမ်းအင်တွေ ကုန်ဆုံးပြီး သေခါနီးဆဲဆဲ ဖြစ်သွားရတာ မှတ်မိပါသေး၏။
ထိုအတွေ့အကြုံမျိုးကို သူတစ်ဘဝလုံးမှာ လုံးဝ ပြန်မလိုချင်တော့ပေ။
“ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ” ဒါလောင်မသေမျိုးဘုရင်ကြီးတစ်ယောက် ပိုမိုရှုတ်ထွေးလာဟန်ပဲ။
ထိုအချိန်တွင် ကြွေ့ထျန်းလျို့ဝှက်နယ်မြေ အတွင်း၌..
ဝင်ပေါက် ပိတ်သွားကြောင်း အတည်ပြုပြီးနောက် လောထျန်းသည် လျို့ဝှက်နယ်မြေအတွင်းထဲ ဝင်သွားလိုက်သည်။
“ဟမ်းး ဒီနေရာကမဆိုးဘူးပဲ၊ မသေမျိုးသွေးကြောတွေ များပြီး အပြင်ကမ္ဘာနဲဲ့လဲ သီးခြားဖြစ်တယ်။.ပြီးနတ်ဘုရားတောအုပ်ရဲ့ သန့်စင်တဲ့ချီစွမ်းအင်လဲ ရှိနေသေးတယ်.. အဲ့အစွမ်းကို အဆင့်တက်ဖို့ သုံးလို့ရမရတော့ သေချာမသိပေမဲ့ပေါ့”
လောထျန်း ခပ်တိုးတိုး ပြောလိုက်သည်။
“ဟမ့်၊ ဟေ့ကောင်၊ မင်းဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါပြောလိုက်မယ်၊ မင်းဘာပဲလုပ်လုပ် အသုံးမဝင်ဘူးပဲ”
ထိုအချိန်မှာပဲ လေထဲမှ ခေါင်းကိုးလုံးသားရဲ၏ အသံကို ကြားလိုက်ရသည်။
ထိုကောင်က ကိုယ့်ကိုယ်ကို ဖျက်ဆီးပြီးနောက် ကြွေ့ထျန်းလျို့ဝှက်နယ်မြေတစ်ခုလုံးမှာ ပျံ့သွားပြီး မထိတွေ့နိုင်တော့ဟန်ပဲ။
ထို့ကြောင့်ပဲ လောထျန်းက သူ့ကိုဘယ်လိုမှ ထိခိုက်အောင် မလုပ်နိုင်တော့မှန်း သေချာသွား၍ ယုံကြည်ချက်ရှိစွာ ရန်စလာလေသည်။
သို့သော် လောထျန်းက အဖက်ကို မလုပ်ပေ။ ထိုအစား ကြာပန်းပုံထိုင်ချလိုက်ကာ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပစ္စည်းများကို တစ်ခုချင်းထုတ်ပြီး အရှေ့မှာချထားလိုက်သည်။
“ဟမ်၊ မင်းဘာလုပ်နေတာလဲ။ ငါ့ကိုတိုက်ခိုက်ဖို့ ဆေးဖော်မလို့လား.. အမလေး မင်းကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတယ် မထင်ဘူးလား”
ခေါင်းကိုးလုံးသားရဲ၏ လှောင်ပြောင်သံက လေထုထဲမှာ ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။
သို့သော် အကန်းတစ်ယောက်လို ထိုင်နေသော လောထျန်းက လက်တစ်ဖက်သာ ပေါ့ပေါ့ပါးပါး ယမ်းလိုက်သည်။
ဘုန်း
ပစ္စည်းတွေအားလုံး လေပေါ်ဝဲပျံလာလေ၏။
နောက်တစ်စက္ကန့်မှာ သူ့ခန္ဓာကိုယ်ကနေ စိတ်ဝိညာဥ်စွမ်းအင်များ လျှံထွက်လာပြီး ပစ္စည်းများကို အမှုန့်အဖြစ် ချေပစ်ရင်း စွမ်းအင်နှင့် ရောထွေးစေလိုက်သည်။
“ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်”
လောထျန်း ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
“ဟမ်၊ မင်းဘာလုပ်နေတာလဲ”
ခေါင်းကိုးလုံးသားရဲက အနည်းငယ် အံ့သြနေဟန်ပဲ။
လောထျန်း.ဘာလုပ်နေလဲ သူ မသိတော့ပေ။
ထိုအချိန်မှာပဲ
ဘုန်း
ကြွေ့ထျန်းလျို့ဝှက်နယ်မြေကြီးတစ်ခုလုံး စတင်တုန်လှုပ်လာခဲ့သည်။
“ဟမ်၊ ဘာတွေဖြစ်နေတာလဲ”
ကြည့်ရင်းကြည့်ရင်းဖြင့် ခေါင်းကိုးလုံးသားရဲ လန့်လာတော့သည်။
ထိုအချိန်မှာပဲ ပတ်ဝန်းကျင်က မသေမျိုးချီများ ပြိုကွဲသွားပြီး တစ်နေရာထဲကို စုဝေးသွားမှန်း တွေ့လိုက်ရ၏။
“ဟမ်” ခေါင်းကိုးလုံးသားရဲ တစ်ယောက် စိတ်ရှုတ်လာလေပြီ။
ထိုစွမ်းအင်များက လောထျန်းရှိရာမှာ စုဝေးနေမှန်း သူ တွေ့နေရသည်။
“ဒီကောင် ဘာလုပ်မလို့လဲ”
ခေါင်းကိုးလုံးသားရဲ တစ်စုံတစ်ခုကို တွေးမိသွားခဲ့သော်လည်း လက်မခံနိုင်ခဲ့ပေ။
သူ၏ တစ်ဘဝလုံးမှာ ဘယ်သူမှ ဒီလိုလုပ်တာ မတွေ့ဖူးဘူး။
လောထျန်းက မသေမျိုးချီများကို စုပ်ယူနေရင်း တည်ငြိမ်နေသော သူ၏ ကျင့်ကြံဆင့်၏ လှုပ်ရှားမှုကို နောက်ဆုံးတော့ ခံစားလာရသည်။
ကျင့်ကြံမှုနှင့်အတူ ကမ္ဘာကြီး၏ ရင်းမြစ်တစ်ခုလိုမျိုး သူ၏ခန္ဓာကိုယ်မှ အရောင်အဝါများ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အဆုံးအစမဲ့ အနေအထားကို ရောက်လာလေသည်။
…..
Ch 1064
(ကျရှုံးသွားသော မသေမျိုးဧကရာဇ်နဲ့ တားမြစ်နယ်မြေ အရှင်သခင်)
မရေမတွက်နိုင်သော မသေမျိုးချီစွမ်းအင်ကို စုပ်ယူနေရင်း ထိုစွမ်းအင်များက ခန္ဓာကိုယ်တစ်လျှောက် ဆေးကြော သန့်စင်ပေးသွားကာ ပါဝင်ပစ္စည်းများ အကူအညီနှင့် သူ၏ အကန့်အသတ်ကို ချိုးဖျက်ဖို့ ကြိုးစားနေမှန်း လောထျန်းခံစားလိုက်ရသည်။
သို့သော် ထိုဖြစ်စဥ်က အနည်းငယ် နှေးကွေးနေခဲ့သည်။
လောထျန်း အလျင်မလိုပဲ ကောင်းကင်ဘုံအသက်ရှုကျင့်စဥ်ကိုသာ ဆက်လက် ကျင့်ကြံနေလိုက်သည်။
ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ် အသက်ဝင်လာသည်နှင့်အမျှ ပတ်ဝန်းကျင်က အရာအားလုံးက ထိန်းချုပ်မှုလွတ်လာခဲ့သည်။
မူလက ကမ္ဘာမြေအောက်ရှိ မသေမျိုးသွေးကြောထဲမှ မသေမျိုးချီစွမ်းအင် များပဲ လောထျန်းရှိရာကို စုဝေးပြီး စုပ်ယူခံခဲ့ရသည်။
အခုတော့ လောထျန်း၏ အနီးက အုတ်ဂူကို ပိတ်ထားသော အစွမ်းများအားလုံးလည်း တိုက်စားခံရ၍ ပျက်ဆီးကုန်လေသည်။
တစ်ချိန်ထဲမှာပဲ
ဘန်း
နှစ်ပေါင်းသိန်းချီ ပိတ်လှောင်ထားသော အကာအကွယ်အစီအမံ၏ အစွမ်းက တဖြည်းဖြည်း ကုန်ဆုံးရင်း ပြိုကွဲသွားခဲ့သည်။
“ဟဟ၊ ငါလွတ်ပြီဟေ့”
အုတ်ဂူပွင့်သွားသည်နှင့် အထဲမှ စူးရှရှ အသံတစ်ခုထွက်ပေါ်လာပြီး ချီစွမ်းအင်တွေ ဝန်းရံထားသော မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာ၏။
သခင်ကြီးကုနှင့် ဒါလောင်မသေမျိုးဘုရင်ကြီးသာ အနားရှိလျှင် ထိုသူကို ချက်ချင်းမှတ်မိသွားမှာပင်။
ထိုသူက ရှေးအချိန်က သက်ရှိတားမြစ်နယ်မြေ၏ အရှင်သခင် ဖြစ်သည်… တစ်ခြားတားမြစ်နယ်မြေ၏ အရှင်သခင်များနှင့် မတူပဲ၊ ထိုသူ၏ သန်မာမှုက ကြောက်ဖို့ကောင်းကာ ထူးချွန်သည့်အရည်အချင်း ရှိသည်။
ထိုသူက အပေါ်ကမ္ဘာ၏ အင်အားကြီးဂိုဏ်းများကို အစုလိုက်သတ်ပစ်ခဲ့ပြီး များစွာသော စစ်ပွဲကြီးများနှင့် ကပ်ဘေးများစွာကို ဖန်တီးခဲ့လေ၏။
ထိုစစ်ပွဲများအတွင်းမှ အသက်စွမ်းအင်နှင့် အမုန်းတရားများကို တိတ်တဆိတ် စောင့်ကြည့်ပြီး ထိုအသက်စွမ်းအင်နှင့် အမုန်းတရားကို ဝါးမြိုရင်း ကိုယ့်ကိုယ်ကို သန်မာအောင် ပြုလုပ်သည်။
အပေါ်ကမ္ဘာ၏ အထင်ကရပုဂ္ဂိုလ်ကျော်ကြီးများ သတိထားမိချိန်မှာတော့ သူ၏ အစွမ်းက နတ်ဘုရားတောအုပ်၏ နမိတ်ဆိုးများနီးနီး သန်မာနေခဲ့ပြီ။
သူ့ကို တိုက်ခိုက်ပြီး ဒီနေရာမှာ ပိတ်ထားနိုင်ဖို့ အတွက် အပေါ်ကမ္ဘာက အများကြီးစတေးခဲ့ရသည်.. ထိုသူ၏ သန်မာမှုက အပေါ်ကမ္ဘာ၏ ထိပ်သီးငါးယောက်အတွင်း ဝင်သည်ဟု ပြောနိုင်လေသည်။
“သတ်သတ်သတ်..ဟီးဟီး၊ လူသားတွေ မင်းတို့ငါ့ကို နှစ်ပေါင်းများစွာ ပိတ်ထားခဲ့တယ်၊ ဒီအကြွေးကို အဆတစ်သိန်း ငါပြန်တောင်းမယ်.. ငါအားလုံးကို သတ်ပစ်မယ်ကွ”
ထိုသူက အုတ်ဂူရှေ့မှာ ရပ်ရင်း အော်ဟစ်ကြိမ်းဝါးလိုက်သည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ တစ်ခုခု မှားယွင်းနေမှန်း ခံစားလိုက်ရလေ၏။
“ဟမ်၊ ဘာဖြစ်နေတာလဲ၊ ဘာလို့ ငါ့အစွမ်းတွေ လျော့နေရတာလဲ” ထိုအချိန်မှသာ သတိဝင်ပြီး ကိုယ့်ကိုယ်ကို.စစ်ဆေးလေတော့သည်။
သို့သော် သူ မှင်သက်သွားလေသည်… သူ၏ ခန္ဓာကိုယ်အတွင်းက အနက်ရောင်စွမ်းအင်များက လွတ်မြောက်သွားသည့်နှယ် အပြင်ကို စိမ့်ထွက်နေသည်။
အဖုတ်ခံထားရတဲ့ မီးသွေးတုန်းလိုမျိုး အမဲရောင်အခိုးအငွေ့တွေက အဆတ်မပြတ် ထွက်နေလေရာ၊ သူဘယ်လိုမှ မထိန်းနိုင်တော့ပေ။
“မဖြစ်ဘူး.. ငါ့အစွမ်းတွေ၊ ငါ့အစွမ်းတွေ ပြန်လာစမ်း”
သူ အော်ဟစ်ပြီး အသည်းအသန် ကြိုးစားထိန်းချုပ်ပါသော်လည်း အသုံးမဝင်ခဲ့ဘူး။
ဘုန်း
ထိုအချိန်မှာ သူ့အနီး နောက်တစ်နေရာက အုတ်ဂူတစ်လုံး ပွင့်သွားပြန်သည်။
ဆင်တူသောအင်အားကြီး အရောင်အဝါတို့နှင့်အတူ လူသားခန္ဓာရှိပြီး ကြောက်စရာမျက်နှာကြီး ပိုင်ဆိုင်ထားသော မကောင်းဆိုးဝါးတစ်ကောင် ထွက်လာပြန်၏။
“မင်းလား၊ ငါ့အစွမ်းတွေ မင်းယူနေတာလား”
တားမြစ်နယ်မြေအရှင်သခင်က စူးရဲစွာ အော်ဟစ်လိုက်သည်။
ထိုသူကို သူမှတ်မိပါသည်.. ထိုသူက တစ်ချိန်က အပေါ်ကမ္ဘာ၏ မသေမျိုးဧကရာဇ်တစ်ပါးဖြစ်သည်။
သို့သော် လမ်းမှားကိုရွေးချယ်ခဲ့သည့် ထိုမသေမျိုးဧကရာဇ်က မကောင်းသောလမ်းစဥ်ကို ကျင့်ကြံရင်း မကောင်းဆိုးဝါးနီးနီး ဖြစ်လာခဲ့သည်။
နောက်ဆုံးအချိန်မှာ တစ်ခြားသူများက အချိန်မှီ ရှာတွေ့သွားသည့်အတွက် အလျင်စလို တိုက်ခိုက်ခဲ့ပြီး ဒီနေရာမှာ ပိတ်ထားခဲ့ကြတာပင်။
သူနှင့် ထိုမသေမျိုးဧကရာဇ်သည် နှစ်ပေါင်းများစွာ အိမ်နီးချင်းဖြစ်ခဲ့သည်။
ဤကြွေ့ထျန်းလျို့ဝှက်နယ်မြေအတွင်း၌ ချီစွမ်းအင်ကို ပိတ်သိမ်းထားခဲ့၍ အလွန်ကို နည်းပါးခဲ့လေရာ၊ သူတို့တွေအတွက် အလွန်ခက်ခဲခဲ့သည်။
တစ်ခြားသူ၏ ချီစွမ်းအင်ကို မစုပ်ယူလျှင် အုတ်ဂူအတွင်း၌ အရိုးစွေးပြီး တကယ် သေဆုံးရလိမ့်မည်။
တဖြည်းဖြည်း အားနည်းလာသော အကာအကွယ်အစီအမံကို အခွင့်ကောင်းယူပြီး သူနှင့် ထိုမသေမျိုးဧကရာဇ်သည် အခွင့်အရေးရသည်နှင့် အချင်းချင်း၏ ချီစွမ်းအင်ကို ခိုးယူကြသည်။
အခုလဲ ထိုသူ၏ လက်ချက်ပဲ ဖြစ်ရမည်ဟု တားမြစ်နယ်မြေအရှင်သခင်က တထစ်ချ မှတ်ယူလိုက်လေတော့၏။
သို့သော်
“မင်း..” မသေမျိုးဧကရာဇ်က ဒေါသတကြီး အနောက်လှည့်ပြီး ရန်တွေ့မလို့ရှိသေးသည်၊ သူ၏ အစွမ်းတွေလည်း လျော့နည်းကုန်မှန်း ခံစားလိုက်ရလေ၏။
သူတို့နှစ်ယောက်လုံးထံမှ အစွမ်းတွေက တူညီသော အရှိန်ဖြင့် စိမ့်ထွက်နေကြသည်။
“ဘာ..ဘာတွေဖြစ်နေတာလဲ” သူတို့နှစ်ယောက်လုံး ကြောက်လန့်လာတော့သည်။
ဘုန်း ဘုန်း ဘုန်း
ထိုအချိန်မှာပဲ နောက်ထပ်အုတ်ဂူများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။
သို့သော် ထိုသူတွေက သူတို့နှစ်ယောက်လောက် အင်အားမကောင်းကြပေ။
တစ်ချို့ဆိုလျှင် စွမ်းအင်စုပ်ယူခံရ၍ စက္ကန့်ပိုင်းအတွင်းမှာပဲ ခြောက်သွေ့ကာ ပြန်သေဆုံးသွားလေသည်။
“ဒါက…”
ရှေ့က မြင်ကွင်းကြောင့် သူတို့နှစ်ယောက်လုံး မျက်နှာ အကြီးအကျယ် ပျက်လာလေ၏။
ထိုသေဆုံးမှုက မကြာခင်သူတို့၏ ကံကြမ္မာအဖြစ် ရောက်လာတော့မည်မှန်း သူတို့ ကောင်းစွာ သိနေသည်လေ။
သူတို့နှစ်ယောက် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး ဆန့်ကျင်ဘက်အရပ်ကို သုတ်ခြေတင်ကာ ထွက်ပြေးကြလေတော့သည်။
ဘာတွေဖြစ်နေလဲ မသိပေမဲ့ သူတို့တွေ အဝေးဆုံးကို ပြေးနိုင်မှ ဖြစ်မည်..
လောထျန်း၏ နေရာ၌
ကောင်းကင်ဘုံအသက်ရှုကျင့်စဥ် တစ်ခါ လည်ပတ်ပြီးတိုင်း များစွာသော စွမ်းအင်များက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည်။
မူလက သူသည် အုတ်ဂူများကို ပိတ်သိမ်းရာ၌ အသုံးပြုခဲ့သော ကမ္ဘာမြေကြီး၏ မသေမျိုးချီစွမ်းအင်ကိုသာ စုပ်ယူခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုအစွမ်းက ကုန်ဆုံးသွားပြီး မည်းနက်နေသော စွမ်းအင်များပါ ဝင်ရောက်လာတော့၏။
“ ဒီစွမ်းအင်တွေကို သန့်စင်လို့ရမလား.. ငါသေချာ မသိဘူး၊ ထားလိုက်တော့ မရရင်လဲ ဒီလောက်နဲ့ရပ်လိုက်ပြီး လျို့ဝှက်နယ်မြေ အပြင်ရောက်မှ ပြန်အဆင့်တက်လို့ရတယ်”
လောထျန်း စိတ်ထဲက ပြောနေချိန်မှာပဲ အမည်းရောင်ချီစွမ်းအင်လုံးက သူ့ခန္ဓာကိုယ်အတွင်း ပထမဆုံးဝင်ရောက်လာတာကို ခံစားလိုက်ရသည်။
ထိုစွမ်းအင်က သူ၏ သွေးကြောအတွင်း လည်ပတ်ပြီးသည်နှင့် အသိစိတ်ပင်လယ်ထဲကို ပေါင်းစည်းဝင်ရောက်သွားသည်။
ဘိ
ကောင်းကင်ဘုံတာအို၏ သန့်စင်မှုအပြီးမှာ ထိုအမည်းရောင်ချီက ပိုအားကောင်းသော စွမ်းအင်အဖြစ် ပြောင်းလဲသွားလေ၏။
“ဟမ်.. ထင်တဲ့အတိုင်း ပြဿနာမရှိဘူးပဲ။ ပြီးတော့ ဒီအနက်ရောင်ချီက မသေမျိုးချီထက်တောင် ပိုအားကောင်း နေသေးတယ်။ ဒါကြောင့် နတ်ဘုရားသစ်တောထဲက ကောင်တွေက မသေမျိုးဧကရာဇ်တွေကို လွယ်လွယ် အနိုင်ယူနိုင်တာ မဆန်းပါဘူး”
ဒီနေရာမှာ အဆင့်တက်လို့ရကြောင်း အတည်ပြုနိုင်သွားသည့်အတွက်
လောထျန်း အပျော်လွန်သွားသည်။
ဝူး
ထိုအချိန်မှာ လောထျန်းက ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်ကို ရပ်တန့်လိုက်သည်။
ကြွေ့ထျန်းလျို့ဝှက်နယ်မြေကြီးတစ်ခုလုံး ပြန်တည်ငြိမ်လာလေ၏။
ကျန်နေသော နမိတ်ဆိုးများခဗျာ ကပ်ဘေးမှ လွတ်မြောက်သွားသည့်အတွက် သက်ပြင်းချလိုက်ကြသည်။
အရိုးစုအပုံတွေကြားထဲပြေးလွှားနေသော သေဆုံးသွားသည့် မသေမျိုးဧကရာဇ်ကြီးလည်း ပြေးနေတာ ရပ်လိုက်သည်။
“ဒါဘယ်လို သိုင်းပညာမျိုးလဲ” သူ ထိတ်လန့်စွာ ရေရွတ်လိုက်သည်။
“ဟမ့်၊ လူသားတွေ ရှောက်လုပ်ထားတဲ့ နောက်ထပ်သိုင်းတစ်မျိုး နေမှာပေါ့၊ ဒါပေမဲ့ ဒီလောက်နဲ့ ငါ့ကိုသတ်လို့မရပါဘူး။.ငါ့လို အမုန်းတရားတွေကနေ ဖန်တီးထားတဲ့သူက မင်းတို့လူသားတွေ အနိုင်ယူနိုင်တဲ့သူ မဟုတ်ဘူးကွ”
တားမြစ်နယ်မြေအရှင်သခင်က အနှောင့်အသွား မလွတ်စွာ ပြန်ပြောလိုက်လေ၏။
ဒုန်း
မသေမျိုးဧကရာဇ်၏ ခန္ဓာကိုယ်ကနေ ချက်ချင်းပဲ လူသတ်အရိပ်အငွေ့များ ထွက်ပေါ်လာသည်။
“သောက်အဘိုးကြီး၊ ငါ့ရဲ့စွမ်းအင်တွေ အများကြီး ဆုံးရှုံးခဲ့တာဆိုတော့ ပြန်ယူဖို့ အချိန်ကျပြီ”
မသေမျိုးဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
“ဟီးဟီး..ငါလဲ အဲ့ဒါတွေးနေတာ” တားမြစ်နယ်မြေအရှင်သခင်၏.မျက်လုံးထဲ၌ ကြောက်စရာအလင်းများ ဝင်ရောက်လာတော့သည်။
ဘုန်း
ချက်ချင်းပဲ သူတို့နှစ်ယောက်ကြားမှာ တိုက်ပွဲတစ်ခု စတင်လာလေ၏။
ထိုအချိန်တွင် လောထျန်း၏ နေရာ၌
“ငါအစောက စမ်းသပ်ချင်လို့ ငါ့အစွမ်းရဲ့ ဆယ်ပုံတစ်ပုံပဲ သုံးခဲ့လိုက်တာ။ အခု အပြည့်သုံးလို့ရပြီပဲ”
“ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ် အစွမ်းကုန် စုပ်ယူမယ်”