← Chapters

အခန်း (၁၀၆၅-၁၀၆၆)

Vol. 72 Ch. 1065-1066

အခန်း (၁၀၆၅-၁၀၆၆)

Vol. 72 Ch. 1065-1066

Ch 1065

(မင်းကမှ တကယ့် မကောင်းဆိုးဝါးပဲ)

ဘုန်း

လောထျန်း အစွမ်းကုန် အသက်သွင်းလိုက်သည်နှင့် အနက်ရောင် ချီစွမ်းအင်များက လောထျန်းရှိရာကို ဒလဟော ရောက်လာခဲ့သည်။

ကြွေ့ထျန်းလျို့ဝှက်နယ်မြေ တစ်ဖက်ခြမ်းတွင်

တားမြစ်နယ်မြေအရှင်သခင်နှင့် မသေမျိုးဧကရာဇ်တို့ နှစ်ယောက်သည်လည်း အစွမ်းကုန် တိုက်ခိုက်နေရင်း တစ်ဖက်လူ၏ စွမ်းအင်ကို စုပ်ယူကာ သတ်ဖြတ်နေကြလေ၏။

တိုက်ခိုက်နေရင်း တစ်ခြားအားနည်းသော သူများကိုပါ သတ်ဖြတ်ပြီး သူတို့ကိုယ်သူတို့ အင်အားဖြည့်တင်း ကြသေး၏။

လောထျန်း၏.လက်ထဲမှ ကပ်သီးလေး လွတ်မြောက်လာရသော ထိုသူတွေခဗျာ ထိုနှစ်ယောက်လက်ချက်ကြောင့် ပြန်လည်သေဆုံးသွားရှာသည်။

“ဟေ့ကောင်၊ မင်း.ဘယ်လိုပဲ အနက်ရောင်ချီစွမ်းအင်ကို စုပ်ယူထားပြီး မကောင်းဆိုးဝါး အသွင်ပြောင်းသွားရင်တောင်မှ မင်းရဲ့ကိုယ်ထဲမှာ စီးဆင်းနေတာက လူသားမျိုးနွယ်ရဲ့ သွေးတွေပဲ၊ မင်းဘယ်တော့မှ နတ်ဘုရားတောအုပ်ရဲ့ အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး”

တားမြစ်နယ်မြေအရှင်သခင်က လေသံမာနှင့် ပြောလိုက်သည်။

မသေမျိုးဧကရာဇ်ကလည်း ချက်ချင်း မျက်နှာကိုမဲ့လိုက်ပြီး ခွန်းတုံ့ပြန်လေ၏။

“အဲ့တော့ဘာဖြစ်သလဲ၊ နတ်ဘုရားတောအုပ်ကို ကျုပ်ဂရုစိုက်မယ်ထင်လား”

“ဟမ်၊ မင်းက နတ်ဘုရားတောအုပ်နဲ့ ပူးပေါင်းချင်တာ မဟုတ်ဘူးလား”

တားမြစ်နယ်မြေအရှင်သခင်က ရှုတ်ထွေးစွာမေးလိုက်သည်။

သို့သော်တစ်ဖက်သူက မောက်မာစွာ ပြောလာလေ၏။

“ကျုပ်က သန်မာချင်ရုံပဲ.. ကျုပ်လိုချင်တာ မသေမျိုးဘဝ၊ ဒီဘဝမှာ အင်အားကြီးလာဖို့ ဘာပဲကြိုးစားရကြိုးစားရ၊ ကျုပ်စမ်းကြည့်မှာပဲ။.အနက်ရောင်ချီကို ကျင့်ကြံတာကလဲ သန်မာအောင်လို့”

တားမြစ်နယ်မြေအရှင်သခင်က မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပြောလိုက်သည်။

“မင်းက တကယ်ကို မကောင်းတဲ့ကောင်ပဲ။ ဒီနေ့ ကျုပ်လက်ထဲမှာ မင်းသေရမယ်”

“ဘယ်သူသေမလဲ ကြည့်ရသေးတာပေါ့”

ဘုန်း

နှစ်ယောက်လုံး၏ ခန္ဓာကိုယ်မှ အနက်ရောင်ချီများ ပေါက်ထွက်လာပြီး အချင်းချင်း ရိုက်ခတ်သွားကြသည်။

ထိုအချိန်မှာပဲ..

ဘုန်း

အဝေးတစ်နေရာမှ အသံတစ်ခုကို ကြားလိုက်ရလေသည်။

“ဟမ်”

“ဘာကြီးလဲ”

သူတို့နှစ်ယောက်လုံး တိုက်ခိုက်တာရပ်သွားပြီး အသံလာရာကို ကြည့်လိုက်ကြသည်။

ချက်ချင်းပဲ နှစ်ယောက်လုံး၏ မျက်နှာထားများ ပြောင်းလဲသွားလေသည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အစောက ဟာကြီးက မပြီးသေးဘူးလား”

မသေမျိုးဧကရာဇ် အလန့်တကြား ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး၊ အပေါ်ကမ္ဘာမှာ.ဘယ်လိုလုပ် ဒီလိုအစွမ်းမျိုးရှိနေရတာလဲ။ ဒါဘယ်လို နက္ခတ်အစီအမံမျိုးလဲ”

တားမြစ်နယ်မြေအရှင်သခင်လည်း ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်၏။

“နက္ခတ်အစီအမံဟုတ်လား။ မင်းဘယ်လိုသိလဲ” မသေမျိုးဧကရာဇ်က အံ့သြစွာကြည့်လာရင်း .မေးခွန်းထုတ်လိုက်သည်။

တားမြစ်နယ်မြေအရှင်သခင်က မျက်နှာကို မဲ့လိုက်လေကာ

“ကြည့်လိုက်လေ၊ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ အစွမ်းက နက္ခတ်အစီအမံမဟုတ်ရင် ဘာဖြစ်မှာလဲ၊ ဒါမှမဟုတ် တစ်ယောက်ယောက် ကျင့်ကြံနေတာ ဖြစ်ရမှာလား”

မသေမျိုးဧကရာဇ် အနည်းငယ် တွေးဆဆ ဖြစ်သွားပြီးမှ ခေါင်းညိတ်ကာ ပြောလာသည်။

“အင်း၊ ဖြစ်နိုင်တယ်၊ ဒါဆို ကျုပ်တို့ အခု ဘာလုပ်ကြမလဲ”

“ဘာလုပ်ရမှာလဲ ပြေးရမှာပေါ့ဟ၊ ဒီလျို့ဝှက်နယ်မြေကနေ ဘယ်လိုထွက်ရမလဲ မင်းသိတယ်မလား” တားမြစ်နယ်မြေအရှင်သခင်က ပြောလိုက်သည်။

မသေမျိုးဧကရာဇ်၏.မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားလေ၏။

“သိတာကသိတယ်.. ဒါပေမဲ့ ဝင်ပေါက်က အဲ့နေရာကြီးမှာ”

ပြောပြီးသည်နှင့် သူက လောထျန်းရှိနေသော နေရာကို လက်ညိုးထိုးလိုက်လေသည်။

“ဘာ၊ ဒါဆို အခုဘယ်လိုလုပ်တော့မှာတုန်း”

တားမြစ်နယ်မြေအရှင်သခင်၏ မျက်လုံးထဲ၌ အကြောက်တရားတစ်ချို့ ဝင်လာပြီပင်။

“မတတ်နိုင်တော့ဘူး၊ ဒီလျို့ဝှက်နယ်မြေအဆုံးထိ ထွက်ပြေးကြမယ်ကွာ။ အဲ့ဒီနက္ခတ်အစီအမံရဲ့ အစောပိုင်းက အစွမ်းကို သုံးသပ်ရသလောက် ကျုပ်တို့လွတ်မြောက်နိုင်လောက်တယ်”

ပြောပြီးသည်နှင့် မသေမျိုးဧကရာဇ်က ဦးဆောင်ထွက်ပြေးလေသည်။

“ချီးပဲ၊ အဲ့ဒီနက္ခတ်အစီအမံကို ထွင်ခဲ့တာ ဘယ်သူတောင်းစားပဲ ဖြစ်ဖြစ်၊ သေသင့်တဲ့ကောင်ပဲ” တားမြစ်နယ်မြေအရှင်သခင်လည်း စိတ်ပျက်စွာ ကျိန်ဆဲပြီးသည်နှင့် အမှီလိုက်ရတော့သည်။

သို့သော် သူတို့နှစ်ယောက်လုံး အဝေးကို မရောက်ခင်မှာပဲ..

ဘုန်း

အင်အားကြီးသော အစွမ်းတစ်ခုက သူတို့ကို ပိတ်လှောင်လိုက်၏။

ချက်ချင်းပဲ လေပြင်းတိုက်ခံရ၍ လွင့်စင်သွားသော ပြာမှုန့်များနှယ် သူတို့၏ ခန္ဓာကိုယ်မှ အစွမ်းများ ပြေးထွက်ကုန်လေသည်။

တစ်ခြားသူများကိုသတ်ပြီး ရယူထားသော အစွမ်းများအားလုံး ချက်ချင်း ကုန်ဆုံးသွားခဲ့သည်။

“ဘာ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” တားမြစ်နယ်မြေအရှင်သခင်က ထိတ်လန့်တကြား ပြောလိုက်သည်။

မသေမျိုးဧကရာဇ်၏ မျက်လုံးသည်လည်း အကြမ်းပတမ်း တုန်ယင်နေ၏။

သူက အနောက်ကိုလှည့်ကြည့်ပြီး ကတုန်ကယင် ဆိုလိုက်သည်။

“မဖြစ်နိုင်ဘူး.. အဲ့ဒီနက္ခတ်အစီအမံရဲ့ အစွမ်းက ဘာလို့တိုးလာရတာလဲ..အဲ့ဒါကလဲ ဆယ်ဆတောင်”

“ လခွေးတဲ့မှ.. အဲ့ဒီအစီအမံကို ဘယ်မအေဘေး ဖန်တီးခဲ့တာလဲကွ။ မင်းတို့ အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ်တွေ မရှိတော့ဘူး မဟုတ်ဘူးလား”

တားမြစ်နယ်မြေအရှင်သခင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျုပ်ဘယ်လိုလုပ် သိမှာလဲ၊ ကျုပ်..ကျုပ်”

မသေမျိုးဧကရာဇ် ဒေါသတကြီး ဆဲရေးချင်သော်လည်း လောထျန်းရှိရာကို လက်ညိုးထိုးနေရင်းမှာ သူ၏ အစွမ်းက ကုန်ဆုံးလုနီးနီး ဖြစ်လာခဲ့သည်။

ချက်ချင်းပဲ အရိုးခြောက်လို ခြောက်ကပ်သွားသော ခန္ဓာကိုယ်အဖြစ် ပြောင်းသွားပြီး နေရာမှာ ရပ်နေလေသည်။ သူ၏ မျက်လုံးက အမုန်းတရားများ ပြည့်နေကာ အခုလို မသေဆုံးချင်ဟန်ပဲ။

သူသည် သန်မာဖို့ရန်အတွက် အများကြီး ပေးဆပ်ခဲ့သည်.. သူ၏ ဂိုဏ်း၊ မိတ်ဆွေရောင်းရင်းများသာမက အပေါ်ကမ္ဘာတစ်ခုလုံးကိုပါ စတေးခဲ့၏။

သို့သော် နှစ်ပေါင်းများစွာ ပိတ်ခံလိုက်ရပြီး နည်းပါးသော အသက်စွမ်းအင်ကိုသာ အားပြုရင်း ဒီနေ့အထိ ရှင်သန်လာခဲ့ရသည်။

မကြာခင်က သူ၏လွတ်မြောက်မှုကို ရခဲ့လေ၏။

ပြောရလျှင် သူ့လိုလူတစ်ဦး လွတ်မြောက်လာပါက၊ ကျင့်ကြံမှုပိုင်း တိုးတက်ပြီး အောင်မြင်မှုကြီး ဆွတ်ခူးသင့်သည် မဟုတ်လော။

သို့သော် အရာအားလုံးက ကလေးတစ်ယောက်၏ မဖြစ်နိုင်သော ဆုတောင်းလေးလို ပျောက်ကွယ်သွားလေသည်။

သူ၏ မျက်လုံးထဲက နည်းပါးလှသော အသက်စွမ်းအင်က အင်အားကြီးအစွမ်း၏ စုပ်ယူမှုအောက်မှာ စုံးစုံးမြုပ်သွားခဲ့သည်။

ထိုသို့ဖြင့် ဂုဏ်သရေရှိ မသေမျိုးဧကရာဇ်တစ်ပါးသည် သနားစဖွယ် သေဆုံးသွားလေသည်။

“ချီး…ပဲ”

မကြာခင်အချိန်မှာပဲ တားမြစ်နယ်မြေအရှင်သခင်လည်း မိတ်ဆွေကို အဖော်ပြုကာ လိုက်ပါသွားလေသည်။

သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်ထဲက အနက်ရောင်ချီစွမ်းအင်များက လောထျန်းကြောင့် လျင်မြန်စွာ စုပ်ယူခံလိုက်ရသည်။

ဘုန်း

ထိုနှစ်ယောက်၏ ပေါင်းစည်းထားသော ချီစွမ်းအင်က လောထျန်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် အပြင်ဘက်ကို အင်အားကြီးစွမ်းအင်တစ်ခု ပေါက်ထွက်လာသည်။

ဗလာကျင်းနေသော ချီအသိစိတ်ပင်လယ်၌ စိတ်ဝိညာဥ်စွမ်းအင်များ သိသာစွာ တိုးလာခဲ့သည်။

“ဟမ်..အစွမ်းတွေ အများကြီးဝင်လာတာပါလား”

လောထျန်း ခဏ ရပ်သွားပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

“ထားလိုက်တော့၊ အဆင့်တက်ဖို့ ပိုအရေးကြီးတယ်”

ပြောပြီးသည်နှင့် ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်ကို ပြန်အသက်သွင်းလိုက်သည်။

စိတ်ဝိညာဥ်စွမ်းအင်၊ မသေမျိုးချီစွမ်းအင်၊ အနက်ရောင်ချီစွမ်းအင်.. အားလုံးက သူ၏.အသက်ရှုကျင့်စဥ်အောက်မှာ အားဖျော့သွားသည်။

ထိုသို့ဖြင့် အဆုံးမှာ မရှိတော့သလောက် နည်းပါးလာ၏။

“ဟမ်၊ အကုန်စုပ်ယူခံလိုက်ရပြီလား”

လောထျန်း ခေါင်းမော့ပြီး လှည့်ပတ်ကြည့်လိုက်သော်လည်း တကယ်ကို ထူးခြားသည့် ချီစွမ်းအင်တစ်ခုမှ မတွေ့တော့ပေ။

ထိုအချိန်မှာပဲ..

“မင်း..မင်း မကောင်းတဲ့ကောင်” အသံတစ်သံ ပဲ့တင်ထပ်လာလေ၏။

လောထျန်း အပြုံးတစ်ခုနှင့် အပေါ်မော့ကြည့်လိုက်သည်။

သူ၏ ဦးခေါင်းထက်၌ အနက်ရောင် ချီစွမ်းအင်များက နေလုံးငယ်တစ်ခုလိုမျိုး စုဝေးနေသည်။

ထိုစွမ်းအင်က ခေါင်းကိုးလုံးသားရဲ အသွင်ပြောင်းထားတာပဲ ဖြစ်သည်။

ထိုကောင်က လောထျန်း ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်ကို စကျင့်ထဲက သူ၏ ချီစွမ်းအင်တွေကို စုဝေးထားခဲ့တာပင်။

သူ၏ ခိုင်မာသော သန်မာမှုကြောင့် လောထျန်း၏ ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်ကို တောင့်ခံပြီး အခုချိန်အထိ ရှင်သန်နိုင်ခဲ့သည်။

သို့သော် အချိန်အကြာကြီး ခုခံခဲ့ရသည့်အတွက် မောပန်းနေဟန်ပင်။

“လောထျန်း၊ မင်းက ငါတို့ထက် ပိုယုတ်မာတယ်.. မင်း..မင်းကမှတကယ့် နမိတ်ဆိုးပဲကွ”

ခေါင်းကိုးလုံးသားရဲက လောထျန်းကို ငုံ့ကြည့်ပြီး ငိုချတော့မတတ် လေသံဖြင့် တုန်ယင်စွာ ပြောလာ၏။

အချိန်တိုလေးအတွင်းမှာပဲ..

ကြွေ့ထျန်းလျို့ဝှက်နယ်မြေထဲမှာ ပိတ်သိမ်းခံထားရသော သူအားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရသည် မဟုတ်လော။

ဒီအချိန်မှာ သူ၏နှလုံးသားထဲ ခံစားချက် တစ်ခုသာရှိပါတော့သည်…ထိုအရာက အကြီးအကျယ် စိတ်ပျက်ခြင်းပဲ။

….

Ch 1066

(အဆုံးအစမဲ့)

ဒါပေမဲ့ ဒီလိုမဖြစ်သင့်ပေ။

သူက နတ်ဘုရားတောအုပ်၏.ထိပ်သီးအဆင့် သားရဲတစ်ကောင်ဖြစ်ပြီး သူကပဲ တစ်ခြားသူကို စိတ်ဆင်းရဲအောင်.လုပ်ခဲ့သူ ဖြစ်သည်။

ဒီနေ့မှာ ဘာကြောင့် သူက စိတ်ပျက်နေရတာလဲ….

ခေါင်းကိုးလုံးသားရဲ အတွေးလွန်နေစဥ်မှာပဲ လောထျန်းက ခေါင်းပေါ်က အမဲရောင်နေလုံးငယ်ကို ပြုံးပြုံးကြီး ကြည့်လိုက်၏။

ထိုအပြုံးက နွေဦးလေပြေလို နွေးထွေးညင်သာသည်။

သို့ပေမဲ့ ခေါင်းကိုးလုံးသားရဲအတွက်တော့ လုံးဝကို မတူညီသော အဓိပ္ပါယ်ဖြစ်၏။

“မင်း…မင်းဘာလုပ်မလို့လဲ” သူ တုန်ယင်စွာ ဆိုလိုက်သည်။

လောထျန်းက လက်နှစ်ဖက်ကို ပွတ်သပ်နေရင်းမှ ပြောလိုက်လေ၏။

“ကဲ၊ အခုမင်းပဲ ကျန်တော့တာပေါ့။ မင်းကို စုပ်ယူနိုင်ရင် ငါအဆင့်တက်မှာပဲ”

ခေါင်းကိုးလုံးသားရဲ ချက်ချင်းပဲ အလွန်မဖြစ်နိုင်သလို ခံစားလိုက်ရသည်။

တစ်ဖက်သူက သူ့ကို စုပ်ယူချင်နေလေ၏။

ဘာလို့လဲ…

သူကမှ လူသားမျိုးနွယ်ကို တစ်နေ့မှာ ဖျက်ဆီးရမဲ့သူလေ…

“ဟမ့်၊ စောက်ပိုတွေလာမပြောနဲ့ကွ၊ မင်းသာ အရည်အချင်းရှိရင် စောစောထဲက ငါ မင်းဆီမှာ စုပ်ယူခံလိုက်ရမှာ မဟုတ်ဘူးလား။ ဒီလောက်အကြာကြီး မင်းအစွမ်းသုံးခဲ့တာတောင် ငါဘာဖြစ်လို့လဲ။ မင်းမှာ အခွင့်အရေးမရှိဘူးကွ”

ခေါင်းကိုးလုံးသားရဲ၏ နှလုံးသားထဲမှာ ယုံကြည်ချက်တို့ ပြန်မြင့်တက်လာသည်။

လောထျန်းသည် အစောပိုင်းက အရာအားလုံးကို စုပ်ယူခဲ့သည့်တိုင်အောင် သူ၏ ခုခံမှုကို ဖောက်ထွက်ပြီးတော့ သူ၏ အစွမ်းကို မစုပ်ယူနိုင်ခဲ့ဘူး။

လောထျန်းက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးဟု ခေါင်းကိုးလုံးသားရဲ ယူဆလိုက်သည်။

ထိုအချိန်မှာပဲ လောထျန်းက ပြောလိုက်လေ၏။

“အော်ဒါလား၊ ငါက အရသာအရှိဆုံးကို နောက်ဆုံးမှစားဖို့ ချန်ထားတာလေ”

“ဟမ်” ခေါင်းကိုးလုံးသားရဲ ခေါင်းကျိမ်းသွားသည်။

ချက်ချင်းပဲ လောထျန်း၏ ခေါင်းထက်မှာ အသိစိတ်ပင်လယ် စုဝေးသွားပြီး သူ၏ အရောင်အဝါက များစွာတိုးတက်လာ၏။

“ကောင်းကင်ဘုံတာအိုအသက်ရှုကျင့်စဥ်”

လောထျန်း ခပ်တိုးတိုး ပြောလိုက်သည်။

“သောက်ကျိုးနည်း..” ခေါင်းကိုးလုံးသားရဲ ထိုတစ်လုံးသာ ရေရွတ်နိုင်တော့၏။

နောက်တစ်စက္ကန့်မှာပဲ…

ဘုန်း

အနက်ရောင်နေလုံးက လောထျန်းဆီမှာ တစ်ချက်ထဲနှင့် ဝါးမြိုခံလိုက်ရလေသည်။

ဝမ်းဗိုက်အတွင်း ရောက်သွားသည်နှင့် အသိစိတ်ပင်လယ်ထဲ ဗြောင်းဆန်စွာ ဝင်ရောက်လာသော စိတ်ဝိညာဥ်စွမ်းအင်ကို လောထျန်း ခံစားလိုက်ရ၏။

စက္ကန့်အနည်းကြာအပြီးတွင်..

ဘုန်း

လောထျန်း သူ၏ခန္ဓာကိုယ်ထဲက တစ်စုံတစ်ခု ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။

သူ၏ကျင့်ကြံမှုနယ်ပယ်ကလဲ သိသာစွာ ကျယ်ပြန့်လာသည်။

ဝူး

လောထျန်းတစ်ယောက် သူ့ကိုယ်သူ စိတ်ဝိညာဥ်ပင်လယ်ထဲ လက်ပစ်ကူးခတ်နေသလို ခံစားလိုက်ရ၍ ကိုယ့်ကိုယ်ပင် အံံ့သြမိသွား၏။

သူ၏လက်ကို ပေါ့ပါးစွာဝေ့ယမ်းကြည့် လိုက်သည်။

ဒုန်း..

စိတ်ဝိညာဥ်စွမ်းအင်ကြောင့် သူ၏ခြေထောက်အောက်က မြေကြီးပင် ပွင့်ထွက်သွားလေ၏။

လောထျန်းဆီက စုပ်ယူခံရသည့်အတွက် ကြွေ့ထျန်းလျို့ဝှက်နယ်မြေကြီးတစ်ခုလုံး ခြောက်ကပ်ကုန်လေသည်။

မြေကြီးအနက်ပိုင်းမှ ဝေဝါးသော ညည်းသံတစ်ခုအပြီးမှာ ထိုအက်ကွဲကြောင်းကြီးမှတစ်ဆင့် လျို့ဝှက်နယ်မြေကြီးတစ်ခုလုံး စတင် တုန်ယင်လာခဲ့သည်။

“မကောင်းတော့ဘူး”

လောထျန်းသတိကပ်သွားပြီး ဝင်ပေါက်ရှိရာကို ချက်ချင်းပြေးလိုက်၏။

လေဟာနယ်ရှင်းလင်းခြင်းထဲ ပါသွားခဲ့လျှင် သူ မသေနိုင်ဘူးဆိုလျှင်တောင်မှ ဘယ်နေရာရောက်သွားပြီး ထိုနေရာကနေ ဘယ်နှစ်လ၊ ဘယ်နှစ်နှစ်နေမှ ပြန်ထွက်နိုင်မလဲ မသေချာပေ။

လောထျန်း လျင်မြန်စွာပဲ ဝင်ပေါက်အရှေ့ကို ရောက်လာခဲ့၏။

ဒုန်း

ပြိုကျနေသော မြေကြီးအက်ကွဲကြောင်းက လောထျန်း၏ အနောက်ကို အသည်းအသန် လိုက်လာနေပြီ…

“ဒါက..”

လောထျန်းတစ်ယောက် အပေါက်ဝက သူ့လူတွေကို သတင်းစကားပို့ချင်ခဲ့သော်လည်း နောက်ကျသွားလေပြီ။

သူ အလိုအလျောက် ကောင်းကင်ဘုံတာအိုလှုပ်ရှားမှုသိုင်းကို အသက်သွင်းလိုက်မိသည်။

တည်နေရာပြောင်းရွှေ့ခြင်း

ဝူး

လောထျန်း ချက်ချင်းပဲ လျို့ဝှက်နယ်မြေ အပြင်ဘက်ကို ရောက်လာခဲ့သည်။

ထိုအချိန်တွင် အပေါက်ဝ၌ အသံလွှင့်အဆောင်ကျောက်ပြားကြီးကို စိုက်ကြည့်နေသော ဒါလောင်မသေမျိုးဘုရင်ကြီး ရှိနေသည်။

လောထျန်း၏ အချက်ပြမှုကိုရသည်နှင့် သူက ဝင်ပေါက်ကို ချက်ချင်းဖွင့်လိုက်မှာ ဖြစ်သည်။

သို့သော် အကြာကြီးစောင့်ပြီးသည့်တိုင်အောင် လှုပ်ရှားမှုမရှိသေးသော အသံလွှင့်အဆောင်ကျောက်ပြားကြောင့် သူမနေနိုင်စွာ ဝင်ပေါက်ကို မော့ကြည့်လိုက်၏။

“ သခင်လေးလောထျန်းရဲ့ အဆင့်တက်မှုက ဘယ်လိုမျိုးများလဲ”

သူ သိချင်နေမိသည်။

ထိုအချိန်မှာပဲ ဘေးမှာရှိနေသော သခင်ကြီးလုံက ချွေးသုတ်ရင်း ပြောလာသည်။

“ဒါလောင်မသေမျိုးဘုရင်ကြီး၊ ကျုပ်အတည်ပြောတာ.. မသိချင်နဲ့၊ အဲ့ဒါကြီးက ကြည့်ချင်စရာမရှိဘူး”

ဒါလောင်မသေမျိုးဘုရင်ကြီး အနေခက်စွာ ရယ်သွေးလိုက်ပြီးမှ တစ်ခုခုပြောဖို့ ပြင်လိုက်သည်။

ထိုအချိန်မှာပဲ အနောက်ဘက်က လှုပ်ရှားမှုကို အာရုံခံမိလိုက်လေ၏။

“ဟမ်” ခေါင်းလှည့်ကြည့်လိုက်သည်နှင့် အပြင်ရောက်နေသော လောထျန်းကို မြင်လိုက်ရသည်။

“သခင်လေးလောထျန်း၊ အပြင်ကို ဘယ်လို ထွက်လာတာလဲ” ဒါလောင်မသေမျိုးဘုရင်ကြီး အံ့သြသွားလေ၏။

လျို့ဝှက်နယ်မြေဝင်ပေါက်ကို သေချာပေါက် မဖွင့်ရသေးဘူးလေ.. ဒါဆို လောထျန်းက အပြင်ကို ဘယ်လိုထွက်လာတာလဲ။

သို့သော် လောထျန်းကိုယ်တိုင်လည်း ရှုတ်ထွေးနေခဲ့သည်။

“ဟုတ်တယ်၊ ကျုပ်ဘယ်လိုထွက်လာတာလဲ”

သူ စိတ်ရှုတ်စွာ အနောက်လှည့်ကြည့်လိုက်ပါသည်။

သူ စိတ်ရှုတ်လာ၍ ခေါင်းကုတ်ဖို့ရန် လက်တစ်ဖက် မြှောက်လိုက်သည်။

သို့သော် ထိုအချိန်မှာပဲ

ဒုန်း

သူ၏ လက်တစ်ဖက်လှုပ်ရှားလိုက်သည်နှင့် လှိုင်းတစ်ခု ထွက်လာ၏။

မြေအောက်နန်းတော်နှင့်အတူ.အနားမှာ ရှိနေသော လူတိုင်း အဝေးကို လွင့်စင်သွားခဲ့သည်။

“ဟမ်၊ ဘာတွေဖြစ်နေတာလဲ။ ဒီလူတွေ ဘာကိစ္စ ထပျံကုန်တာလဲဟ”

လောထျန်း အံ့သြစွာပြောလိုက်သည်။

ထွီ

ထိုထဲမှ အသန်မာဆုံးသော ဒါလောင်မသေမျိုးဘုရင်ကြီးက အရင်ဆုံး ကိုယ့်ကိုယ်ကို ထိန်းနိုင်ခဲ့သည်။.သွေးတစ်ပွက် အန်ထုတ်ပြီးသည်နှင့် တုန်ယင်နေသော အသံဖြင့် လောထျန်းကို မေးခွန်းထုတ်လာခဲ့သည်။

“သခင်လေးလောထျန်း၊ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအင်က…”

“ဟမ်” ထိုမှသာ လောထျန်း ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ်ကနေ စိတ်ဝိညာဥ်စွမ်းအင်တွေက အပြင်ဘက် မိုင်တစ်ထောင်ပတ်ပတ်လည်အထိ ဝန်းရံထားတာကို မြင်လိုက်ရ၍ လောထျန်း တစ်ယောက် အံ့သြသွားသည်။

လောထျန်း.နောက်ဆုံးတော့ သဘောပေါက်သွားသည်။

“ဒါဆို.. ငါအစောပိုင်းက စိတ်ဝိညာဥ်စွမ်းအင် ပင်လယ်ထဲ ရောက်နေသလို ခံစားရတာ တကယ်ပေါ့”

.သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုအချိန်မှာပဲ ဒါလောင်မသေမျိုးဘုရင်ကြီးက ကတုန်ကယင် ပြောလာခဲ့သည်။

“သခင်လေးလောထျန်း၊ အဆုံးအစမဲ့ကျင့်ကြံဆင့်က မသေမျိုးဖြစ်ဖို့ နောက်ဆုံးအဆင့်ပဲ၊ အဲ့ဒီအဆင့်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေ အရမ်းများနေရင် ဒီလိုမျိုး အပြင်ထွက်ကုန်လိမ့်မယ်”

ဒါလောင်မသေမျိုးဘုရင်ကြီး တစ်ယောက် ပြောပြီးသည်နှင့် အပြစ်ရှိစိတ် ခံစားလိုက်ရသည်။

အဆုံးအစမဲ့ကျင့်ကြံဆင့်တွင် အခုလိုမျိုး စိတ်ဝိညာဥ်စွမ်းအင် အလွန်များသွားပြီး အပြင်ကို လျှံထွက်လာကာ ထိခိုက်အောင်.လုပ်မိသူများ တကယ်ရှိကြပါသည်။

သို့ပေမဲ့ ဘယ်သူက အခုလောက် များပြားတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေ စိမ့်ထွက်စေမှာလဲ။

ထို့အပြင် ဘယ်သူကများ.လက်တစ်ဖက် မြှောက်ရုံဖြင့် မသေမျိုးဘုရင်တစ်ယောက်ကို လွင့်ထွက်စေပြီး သွေးအန်စေမှာလဲ။

“အော်..အဲ့လိုလား။ ဒါဆို ကျုပ်ဘာလုပ်ရမလဲ”

လောထျန်း လှမ်းမေးလိုက်သည်။

ဒါလောင်မသေမျိုးဘုရင်ကြီး မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်ပြီးမှ ပြောလိုက်၏။

“ ဒီစွမ်းအင်တွေကို အသိစိတ်ပင်လယ်ထဲကို ပြန်စုပ်ယူကြည့်ပါ့လား”

လောထျန်း ခေါင်းညိတ်ပြလိုက်ပြီး ဒါလောင်မသေမျိုးဘုရင်ကြီး ညွှန်ကြားသလို လုပ်လိုက်သည်။

ဝူး

အတွေးတစ်ချက်အပြီးမှာပဲ ပတ်ဝန်းကျင်ထဲ ပျံ့နှံ့နေသော စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရလေ၏။

“ဟမ်၊ ဒါအရမ်းရိုးရှင်းတာပဲ” လောထျန်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

တစ်ဖက်က ဒါလောင်မသေမျိုးဘုရင်ကြီး တစ်ယောက် လုံးဝ.ကြောင်အနေတာကိုတော့ လောထျန်း မသိခဲ့ပေ။

အဆုံးအစမဲ့ကျင့်ကြံဆင့် ကျင့်ကြံသူတစ်ဦးအတွက် လျှံထွက်နေသော စိတ်ဝိညာဥ်စွမ်းအင်ကို ပြန်စုပ်ယူရသည့် ဖြစ်စဥ်သည် အလွန်နှေးကွေးပြီး.အာရုံအပြည့် စိုက်ထားရသောကြောင့် ခက်ခဲသော ဖြစ်စဥ်ဟု ဆိုနိုင်ပါသည်။

သူ့တုန်းကဆိုလျှင် လပေါင်းများစွာ အချိန်ယူခဲ့ရသည်။

လောထျန်းအနေနဲ့ဆို အများကြီးမှ အများကြီး ပိုခက်ခဲသင့်တာ မဟုတ်ဘူးလား။

သို့ပေမဲ့ လောထျန်းက စက္ကန့်ပိုင်းအတွင်း အကုန် ပြန်စုပ်ယူလိုက်လေသည်…

ဒါဘယ်လို ဘီလူးမျိုးလဲ။

လောထျန်းသည် စိတ်ဝိညာဥ်စွမ်းအင်များကို ပြန်စုပ်ယူပြီးနောက်တွင် ဝင်ပေါက်အနောက်ကို လှည့်ကြည့်လိုက်လေ၏။

“ငါက တည်နေရာပြောင်းရွှေ့ခြင်းကို အသက်သွင်းလိုက်ပေမဲ့ ဝင်ပေါက်က မဖွင့်ရသေးဘူး… ဒါဆို ဖြစ်နိုင်တာ”

လောထျန်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။

All Chapters