အခန်း (၁၀၆၉-၁၀၇၀)
Vol. 72 Ch. 1069-1070
Ch 1069
(နမိတ်ဆိုးဆယ်ကောင်)
ထိုစကားကိုကြားသည်နှင့် ခေါင်းကိလုံးနမိတ်ဆိုး၏ ခေါင်းရှစ်လုံးက ချက်ချင်း အသံတိတ်သွားကာ အလယ်ထဲက တစ်လုံးကပဲ အေးစက်စက် ပြောလာခဲ့သည်။
“အကုန်လုံးရောက်လာမှ ပြောမယ်”
မျက်လုံးသုံးလုံးက ဘာမှမပြောတော့ဘဲ ကျိလိတောင် တစ်နေရာမှာ သွားထိုင်ကာ စောင့်နေလိုက်သည်။
မီးတောက်ပြာက တစ်ခုခု ပြောချင်သေးသော်လည်း ထိုင်နေသော မျက်လုံးသုံးလုံးကို ကြည့်မိသွား၍ အနေခက်စွာ ချောင်းဟန့်လိုက်ပြီးမှ တိတ်တဆိတ် အနောက်ဆုတ်လိုက်သည်။
သိပ်မကြာခင်မှာပဲ
ဒုန်း
မြေကြီးတစ်ခုလုံး ငလျင်လှုပ်သလို တုန်ယင်သွားကာ ကောင်းကင်ပေါ်ကနေ ဧရာမအကောင်ကြီးနောက်တစ်ကောင် ခုန်ဆင်းလာသည်။
ထိုကောင်ကြီးက ခြေလှမ်း ယိုင်တိုင်တိုင်ဖြင့် တောင်ထိပ်ထိ လျှောက်လာ၏။ ကြီးမားသော ခန္ဓာကိုယ်ကြောင့် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးက သိမ့်ခါသွားပြီး တောင်ကြီးတစ်တောင်လုံး ရွေ့နေသလို ခံစားရစေသည်။
ထိုကောင်ကြီးက တောင်ထိပ်ရောက်သည်နှင့် အကုန်လုံးကို တစ်ချက်ဝေ့ကြည့်ပြီး ဘာမှ မပြောတော့ဘဲ ထောင့်တစ်ထောင့်မှာ သွားထိုင်စောင့်နေလိုက်သည်။
ထိုကောင်ကြီး ထိုင်ချလိုက်သော အားကြောင့် ကျိလိတောင်ကြီးပင် အကြိမ်ရေတစ်ချို့ တုန်ခါသွားလေသည်။
“နတ်ဘုရားတောအုပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားမှာ အသန်မာဆုံးဆိုတဲ့ အတိုင်းပါလား”
မီးတောက်ပြာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ အသံက မကျယ်သော်လည်း လေးစားမှုများ ပြည့်နေလေ၏။
ထိုအချိန်မှာပဲ
ဘုန်း
အသံကြီးထပ်မံထွက်ပေါ်လာပြီး နမိတ်ဆိုးကြီးနှစ်ကောင်သည် တောင်ဘက်နှင့် မြောက်ဘက်မှ တစ်ဖက်တစ်ချက်ဆီ ခုန်ဆင်းလာကာ တောင်ပေါ်ကို အရှိန်ဖြင့် ပြေးတက်လာလေသည်။
ထိုနှစ်ကောင်လုံးက မျက်လုံးသုံးလုံးရှေ့မှာ ခဏရပ်ပြီး ခေါင်းညိတ်ပြကာ နှုတ်ဆက်ပြီးသည်နှင့် ဘာမှမဆိုတော့ဘဲ ဘေးမှာသွားထိုင်လိုက်ကြသည်။
ထိုနှစ်ကောင် ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကောင်းကင်ထက်ကနေ အလင်းတန်းတစ်ခု ကျလာခဲ့သည်။
ထိုအလင်းတန်းပျောက်ကွယ်သွားသည်နှင့် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
“ အိုး ငါနောက်ကျသွားတာလား” ထိုလူသားက လက်နှစ်ဖက်ယှက် အရိုအသေပေးရင်း ပြောလိုက်သည်။
ခေါင်းကိုးလုံးနမိတ်ဆိုးက ချက်ချင်း မျက်နှာကိုမဲ့လိုက်ကာ အေးစက်စက် ပြောလိုက်၏။
“ဒီလောက်နှစ်တွေ ကြာတာတောင် မင်းက ဒီပုံစံအတိုင်းပဲ”
ထိုလူသားက ပြုံးလိုက်ပြီး
“ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူးလေကွာ၊ ငါကတော့ လူသားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ကို ကြိုက်တယ်။ ဒီခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ဖို့ ငါအချိန်ဘယ်လောက် ပေးထားရလဲ မင်းသိလား”
ခေါင်းကိုးလုံးက မျက်နှာကို မဲ့လိုက်ပြီး ဘာမှမပြောတော့ပေ။
ထိုအချိန်မှာ မီးတောက်ပြာက စနောက်စွာ ပြောလိုက်သည်။
“ထျန်းချန်၊ မင်း ဒီလောက်အချိန်တွေအကြာကြီးကို ခန္ဓာကိုယ်ယဥ်ပါးအောင်.လုပ်ဖို့အတွက် အသုံးပြုခဲ့တာပဲ။ မင်းရဲ့သန်မာမှုက ငါတို့ထဲမှာ ထိပ်ဆုံးရောက်နေမှာတောင် စိုးရတယ်”
ထျန်းချန်က လက်တစ်ဖက် ယမ်းလိုက်လေကာ
“တော်..တော်၊ ငါ့ရည်ရွယ်ချက်က အဲ့တာမဟုတ်ဘူး။ အဆင့်တွေငါစိတ်မဝင်စားဘူး”
မီးတောက်ပြာ၏ နှုတ်ခမ်းက ချက်ချင်း တွန့်လိမ်သွားလေသည်။
“မင်း စိတ်မဝင်စားဘူးဆိုရင် လဲမလား”
ထျန်းချန် ပြုံးကာပြောလိုက်သည်။
“မင်းငါ့ကို နိုင်ရင် လဲလိုက်လေ”
“ငါလာပြီကွ” မီးတောက်ပြာက ကျယ်လောင်စွာ ရယ်မောရင်း အရှေ့တိုးလာခဲ့သည်။
ဒါကိုမြင်တော့ မျက်လုံးသုံးလုံးက တားဖို့ပြင်လိုက်၏။
ထိုအချိန်မှာပဲ..
ဘုန်း
ထျန်းချန် လက်တစ်ဖက်ယမ်းလိုက်ချိန်မှာ နတ်ဘုရားအလင်းတန်းတစ်ခု ကျရောက်လာကာ မီးတောက်ပြာကို ဖိနှိပ်လိုက်သည်။
အွတ်
မီးတောက်ပြာ၏ခန္ဓာကိုယ်ထဲက အနက်ရောင်ချီစွမ်းအင်တစ်ချို့ ပိတ်ဆို့သွားသည့်အတွက် ထိုကောင်ကြီး ချက်ချင်းပဲ မျက်နှာမသာမယာ ဖြစ်သွားသည်။
“ငါ မင်းကို အခွင့်အရေးပေးခဲ့တယ်နော်၊ မင်းကိုက သုံးစားမရတာ”
ထျန်းချန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။
မီးတောက်ပြာ၏ မျက်လုံးထဲ အကြောက်တရားတစ်ချို့ ဝင်လာပြီး တုန်ယင်စွာ ပြောလာ၏။
“မင်း..မင်း..က တကယ်တော့”
ဘေးက ကြည့်နေသော မျက်လုံးသုံးလုံးထံမှလည်း အံ့သြတကြီး အသံထွက်ပေါ်လာသည်။
“ထျန်းချန်၊ မင်း နတ်ဘုရားအစွမ်းကို ရသွားပြီလား”
ထျန်းချန်က ခေါင်းကိုခပ်ဖွဖွ ကုတ်ရင်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“နည်းနည်းပါ”
အနားမှာရှိနေသော နမိတ်ဆိုးများ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြ၏။
ထျန်းချန်က နည်းနည်းဆိုပေမဲ့ အခုပုံစံကြည့်ရသလောက် တော်တော် နီးစပ်နေပြီပင်။
မျက်လုံးသုံးလုံး အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းပြီးမှ ပြောလိုက်သည်။
“ထျန်းချန်၊ ကြည့်ရတာ မင်း မကြာခင်မှာပဲ လေးယောက်မြောက် ထာဝရတည်မြဲခြင်း ဖြစ်လာတော့မယ်နဲ့ တူတယ်”
ထိုစကားလုံးများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်က နမိတ်ဆိုးများအားလုံး ပင့်သက်ရှိုက်လိုက်ကြသည်။
နတ်ဘုရားတောအုပ်တွင် ထိပ်သီး နမိတ်ဆိုးဆယ်ကောင်ရှိပြီး သူတို့အားလုံးက နတ်ဘုရားတောအုပ်၏.အသန်မာဆုံးဟု ဆိုနိုင်ပါသည်။
တစ်ယောက်ချင်းဆီတိုင်းက ဒေသကိုးခုကို ဖျက်ဆီးနိုင်သော အစွမ်းရှိကြသည်။
ထို့ကြောင့်ပဲ ဒေသကိုးခုက လူတွေက သူတို့ကို နတ်ဘုရားတောအုပ်၏ အသန်မာဆုံးဟု ထင်မှတ်နေကြသည်။
တကယ့်လက်တွေ့မှာတော့ ထိုသို့မဟုတ်ပေ။
ထိုနမိတ်ဆိုးဆယ်ကောင်၏.ထိပ်၌ ထာဝရတည်မြဲခြင်းသုံးပါး ရှိသေးပြီး သူတို့၏ သန်မာမှုက မှန်းဆ၍ပင် မရနိုင်ပေ။
သူတို့ဆယ်ကောင်လုံး ပေါင်းတိုက်ရင်တောင်မှ
ထာဝရတည်မြဲခြင်းတစ်ပါးကိုပဲ တိုက်ခိုက်နိုင်လိမ့်မည်။
ထို့ကြောင့်ပဲ ထာဝရတည်မြဲခြင်းသုံးပါးက အများအားဖြင့် မလှုပ်မရှားရှိနေကြကာ အချိန်ပြည့်အိပ်စက်နေတတ်သည်။
သူတို့ထဲက ထျန်းချန်က ထိုသို့သော ဖြစ်တည်မှုကြီးဖြစ်လာဖို့ရန် အလားအလာ.ရှိနေသည့်အတွက် နမိတ်ဆိုးများအားလုံး ထိတ်လန့်သွားကြသည်။
သို့သော် ထျန်းချန်က ထိုစကားကိုကြားသည်နှင့် လက်တစ်ဖက်ကို အလျင်စလို ယမ်းလိုက်လေ၏။
“ငါမဖြစ်ချင်ဘူး၊ ငါ့ရဲ့လက်ရှိအခြေအနေကို ငါကျေနပ်တယ်၊ ငါ့ရဲ့တစ်ဘဝလုံး ငါအဆင့်ထပ်တက်မှာ မဟုတ်ဘူး”
မျက်လုံးသုံးလုံး အနည်းငယ် အံ့သြသင့်သွားသည်။
ထျန်းချန် ဘာလုပ်ချင်နေလဲ သူနားမလည်တော့ပေ။
ထိုအချိန်မှာပဲ ထျန်းချန်က ခေါင်းကိုးလုံးကို လှည့်ကြည့်ပြီး ပြောလိုက်လေ၏။
“ခေါင်းကိုးလုံး၊ မင်းငါတို့ကို ဘာလို့ခေါ်တာလဲ ပြောလို့ရပြီလား”
ခေါင်းကိုးလုံးနမိတ်ဆိုးက မီးတောက်ပြာကို အဖက်မလုပ်သလောက် ထျန်းချန်ကိုတော့ လေးစားစွာဖြင့် လေသံနိမ့်နှင့် ရှင်းပြလိုက်သည်။
“တကယ်ကို ပြောစရာရှိနေတာပါ.. ဒါပေမဲ့ အကုန်လုံးကိုစောင့်လိုက်တာ ပိုကောင်းမယ် ထင်တယ်”
ထျန်းချန် ပြုံးကာ ပြောလိုက်သည်။
“ရောက်နေပြီလေ”
ထျန်းချန်က လက်ညိုးထိုးပြလိုက်သည်။
ခေါင်းကိုးလုံးတို့ လှည့်ကြည့်လိုက်ချိန်မှာ သရဲတစ်ကောင်လို ရုတ်တရက် ရောက်လာသော ထိုသူကို တွေ့လိုက်ရ၏။
ထိုကောင်က မြေကြီးဆွဲအားမရှိသည့်အတိုင်းပဲ လေနှင့်အတူ.အရှေ့အနောက် ရွေ့လျားပြနေလေသည်။
“စောက်ပိုတွေလာလုပ်နေတယ်”
ခေါင်းကိုးလုံးက ကျိန်ဆဲပြီးသည်နှင့် မျက်မှောင်ကြုတ်ဖြင့် ထျန်းချန်ကို ပြောလိုက်သည်။
“ဒါပေမဲ့ ရှစ်ကောင်ပဲ ရှိသေးတယ်”
ထျန်းချန်က အပြုံးတစ်ခုဖြင့် မျက်စပစ်ပြလိုက်သည်။
ခေါင်းကိုးလုံး လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ပေါ်နေပြီး ထိုအထဲမှ ပုတ်သိုးနေသော မျက်နှာကြီးတစ်ခု ထွက်ပေါ်နေသည်။.
ထိုကောင်ကြီးက ဒီနေရာကိုလာရမှာ သေလောက်အောင် ပျင်းနေဟန်ပဲ။
“ဒီကောင်က ထျန့်ကျိတောင်က ကောင်မလား..”
ခဏကြာပြီးနောက်တွင် ခေါင်းကိုးလုံးက မျက်မှောင်ကြုတ်ဖြင့် ပြောလိုက်ပြန်သည်။
“ဒါပေမဲ့ ပထမအဆင့်ဘယ်မှာလဲ”
ဒီတစ်ခေါက်တော့ မျက်လုံးသုံးလုံးက အေးစက်စက် ဝင်ပြောလာခဲ့သည်။
“သူက ရောက်နေတာကြာပြီ၊ ငါ့ထက်တောင် စောသေးတယ်”
“ဟမ်”
အကုန်လုံး ထိတ်လန့်စွာ လှည့်ကြည့်လိုက်ကြသော်လည်း ဘာကိုမှ မမြင်ရပေ။
ထိုအချိန်မှာ ထျန်းချန်က အပြာရောင်ကျောက်တုံးတစ်ခုကို လက်ညိုးထိုးကာ ပြောလိုက်သည်။
“အဲ့မှာလေ”
ထိုမှသာ အကုန်လုံးလှည့်ကြည့်လိုက်ကြသည်။ ကျောက်တုံးပေါ်တွင် မေးထောက်ကာ ကြည့်နေသော အလွန်သေးငယ်သည့် အကောင်တစ်ကောင်ကို တွေ့လိုက်ရလေ၏။
“သူ..အိပ်နေပြန်ပြီလား” ခေါင်းကိုးလုံး ထိတ်လန့်စွာ ပြောလိုက်သည်။
ထျန်းချန် ခေါင်းညိတ်ပြလိုက်ရင်း
“ဟုတ်တယ်၊ ငါအရင်တစ်ခေါက် သွားတွေ့တုန်းကလဲ အိပ်နေရာက မထပဲ အခုလို ပုံရိပ်ယောင်နဲ့လာတွေ့တာ။ မင်းပြောစရာရှိတာ ပြောလိုက်ပါ၊ လိုအပ်ရင် သူ ထလာလိမ့်မယ်”
ထိုမှသာ ခေါင်းကိုးလုံးက စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး စကားလုံးများကို ရွေးချယ်ရင်း ပြောလိုက်လေသည်။
“အကုန်လုံးပဲ..ငါဒီတစ်ခေါက် ပြောချင်တာက မကောင်းဆိုးဝါး တစ်ကောင်အကြောင်းပဲ။ အဲ့ကောင်ရဲ့နာမည်က လောထျန်း”
……
Ch 1070
(မကောင်းဆိုးဝါးလောထျန်း)
“မကောင်းဆိုးဝါးဟုတ်လား၊ ဘာမကောင်းဆိုးဝါးလဲ၊ ရှေးနတ်ဘုရားတစ်ပါး နိုးထလာလို့လား”
မီးတောက်ပြာက စပ်စုစွာ မေးလိုက်သည်။
ကျန်တဲ့သူတွေလည်း ခေါင်းကိုးလုံးကို ကြည့်လိုက်ကြ၏။
သို့သော် ပြောရခက်နေဟန်ဖြင့် တွန့်လိမ်နေသော ခေါင်းကိုးလုံးသားရဲ၏ ပါးစပ်ကိုသာ တွေ့လိုက်ရသည်။
“မဟုတ်ဘူး…သူက ဒေသကိုးခုက လူသားတစ်ယောက်ပဲ”
ထိုစကားသံဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားသည်။
“ဟေ့ကောင်၊ မင်းမဟုတ်တာ လာမပြောနဲ့။ လူသားတစ်ယောက်က မကောင်းဆိုးဝါးလို့ ခေါ်ဖို့အထိ လိုအပ်မှာလား”
မီးတောက်ပြာက မျက်လုံးများကျဥ်းမြောင်းလိုက်သည်။
မျက်လုံးသုံးလုံးကလည်း
“ဒါဆို ဒေသကိုးခုမှာ နောက်ထပ် အရှုတ်အထွေးမသေမျိုးဧကရာဇ် ပေါ်လာလို့လား”
“အရှုတ်အထွေးမသေမျိုးဧကရာဇ်”
မီးတောက်ပြာ၏.မျက်နှာထားက အနည်းငယ် ပြောင်းသွားသော်လည်း မျက်နှာကို အေးစက်စွာမဲ့ပြီး ဆက်ပြောလာသည်။
“အရှုတ်အထွေးမသေမျိုးဧကရာဇ် ဖြစ်နေရင်တောင်မှ အဲ့ကောင်ကိုသတ်ရတာ ငါ့ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ရတာထက်တောင် လွယ်သေးတယ်။ ဘာတွေ လာဖြစ်ပြနေတာလဲ”
ထိုစကားဆုံးသည်နှင့် ခေါင်းကိုးလုံးက ချက်ချင်းပဲ မခံချင်စွာ တုံ့ပြန်လိုက်၏။
“စောက်ပိုတွေ ပြောမနေနဲ့ကွ၊ အရှုတ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက်က အင်အားမပြည့်သေးရင်တောင်မှ မင်းကို ခွေးတစ်ကောင်လို ရိုက်ပေးလိုက်လို့ ရတယ်”
“မင်းဘာပြောလိုက်တယ်” မီးတောက်ပြာက တိုက်ခိုက်ဖို့ ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ထျန်းချန်က ရုတ်တရက် ဝင်ပြောလိုက်၏။
“အရှုတ်အထွေးမသေမျိုးဧကရာဇ်က တကယ် သန်မာတယ်.. အဲ့ဒီတုန်းက ထာဝရတည်မြဲခြင်းသုံးပါးသာ အရိုးတံခါးကို အသုံးပြုပြီး သူ့ကို အချိန်ဆွဲခဲ့လို့မဟုတ်ရင် ပြဿနာ တက်ကုန်မှာ”
မီးတောက်ပြာက အဖက်မလုပ်စွာ ပြောလိုက်ပြန်သည်။
“ပြဿနာတက်တော့ရော ဘာဖြစ်သလဲ။ အဲ့ကောင်က ငါတို့နတ်ဘုရားတောအုပ်ထိ တက်လာနိုင်မှာ မလို့လား”
ထျန်းချန်က ခေါင်းညိတ်ကာ ဆက်ရှင်းပြလိုက်သည်။
“ငါမှန်းရသလောက်တော့.. သူ့ရဲ့ အရှုတ်အထွေးခန္ဓာကိုယ်သာ ပိုအားကောင်းလာရင် ထာဝရတည်မြဲခြင်းသုံးပါးလည်း သူ့ကို တားနိုင်တော့မလား မသိဘူး”
မီးတောက်ပြာက ပြန်ပြောချင်သော်လည်း မတတ်နိုင်တော့၍ မျက်နှာကိုမဲ့လိုက်ပြီး မကျေမနပ်သာ.ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အရေးမပါတဲ့လူသားမျိုးနွယ်ကို မြှောက်ပင့်နေတယ်”
ထိုအချိန်မှာပဲ မျက်လုံးသုံးလုံးက လက်တစ်ဖက်ယမ်းပြီး ပြောလိုက်လေသည်။
“ခေါင်းကိုးလုံး၊ ဆက်ပြောပါ”
ခေါင်းကိုးလုံးက သက်ပြင်းတစ်ချက်ချပြီးမှ ပြောလာသည်။
“အဲ့ဒီတုန်းက ငါဘယ်သူ့စကားမှ နားမထောင်ဘဲ ဒေသကိုးခုထဲ ခုန်ဆင်းပြီး တိုက်ခဲ့ရာကနေ ငါ့ဝိညာဥ်တစ်စိတ်တစ်ပိုင်း ပိတ်မိနေခဲ့တာ မင်းတို့သိတယ်မလား”
အကုန်လုံးခေါင်းညိတ်လိုက်ကြသည်။
ထိုကိစ္စက လျို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ပေ။ ထိုအစား ခေါင်းကိုးလုံးနှင့် မတည့်သော မီးတောက်ပြာနှင့် တစ်ခြားကောင်များအတွက် လှောင်စရာတစ်ခုပင် ဖြစ်ခဲ့သေး၏။
ထိုအချိန်မှာပဲ ခေါင်းကိုးလုံးက ဆက်ပြောလိုက်သည်။
“ငါ့ရဲ့ အဲ့ဒီဝိညာဥ် လုံးဝပျက်ဆီးသွားပြီ”
“ဘာ”
မီးတောက်ပြာမှလွဲ၍ အကုန်လုံး အံ့သြသွားကြသည်။
ပထမအဆင့်၏ ပုံရိပ်ယောင်ပင် ခေါင်းကိုးလုံးကို လှည့်ကြည့်လာသည်။
“မဖြစ်နိုင်တာ..မင်းက မသေနိုင်တဲ့တာအိုကို လေ့ကျင့်ခဲ့တဲ့သူလေ၊ မင်းကို အပိုင်းပိုင်းခုတ်ရင်တောင် သတ်လို့ရမှာ မဟုတ်ဘူး။ ဘယ်လိုလုပ် ဖျက်ဆီးခံလိုက်ရတာလဲ”
“အေးလေ၊ အရှုတ်အထွေးမသေမျိုးဧကရာဇ် ဖြစ်နေရင်တောင်မှ လုပ်လို့ရမှာမဟုတ်ဘူး”
တစ်ယောက်တစ်ပေါက် အသံများကို နားထောင်ရင်း ခေါင်းကိုးလုံး၏ မျက်နှာက မဲမှောင်လာတော့သည်။
အကုန်လုံးငြိမ်သွားမှ သူဆက်ပြောလိုက်လေ၏။
“ငါလဲမယုံချင်ဘူး။ ဒါပေမဲ့ ငါ့ဝိညာဥ်ဖျက်ဆီးခံလိုက်ရပြီး မှတ်ဉာဏ်တွေ ရောက်လာခဲ့တယ်။ ငါ့ရဲ့ပင်မခန္ဓာကိုယ်လဲ အားနည်းသွားတယ်၊ အဲ့ဒါတွေအကုန်လုံးက အမှန်တရားတွေပဲ”
မျက်လုံးသုံးလုံးက ခပ်ဖြည်းဖြည်း ဝင်ပြောလိုက်၏။
“ဒါဆို မင်းကို ဖျက်ဆီးခဲ့တဲ့သူက လောထျန်းလား”
ခေါင်းကိုးလုံးက အတောင့်လိုက် ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောသည်။
“ဟုတ်တယ်၊ ဒီနှစ်တွေမှာငါ့ရဲ့ဝိညာဥ်ကို ပြန်ယူဖို့ ငါတောက်လျှောက် ကြိုးစားနေခဲ့တာပဲ။ ကမ္ဘာကြားက အကာအကွယ်စည်းရှိနေတော့ ငါ့ရဲ့ပင်မခန္ဓာကိုယ်က ဒေသကိုးခုထဲ မသွားနိုင်ဘူး။ ဒါကြောင့်တိတ်တဆိတ် လှုပ်ရှားနေခဲ့တယ်”
“ဒါပေမဲ့ မကြာခင်က အကာအကွယ်က နဲနဲ အားနည်းသွားတာကို အာရုံခံမိလိုက်တဲ့အချိန်မှာ ငါ့ရဲ့အစွမ်းတစ်ချို့ကို ဒေသကိုးခုဆီ ပို့ခဲ့လိုက်တယ်။ ဒေသကိုးခုထဲက ငါ့ဝိညာဥ်ကို လွတ်မြောက်အောင်လုပ်ပြီးတာနဲ့ ပင်မခန္ဓာကိုယ်ကိုပါ ဒေသကိုးခုထဲ သွားနိုင်ဖို့ ငါကြံရွယ်ထားခဲ့တာ”
“ဒါပေမဲ့ လောထျန်းနဲ့ တွေ့ပြီးနောက်မှာ ငါ့ရဲ့အစီအစဥ်လဲ ကျရှုံးသွားသလို ဝိညာဥ်လဲ ဖျက်ဆီးခံလိုက်ရတယ်”
ဒီကိစ္စက သူ့အတွက် ကြီးမားသော အရှက်ရမှုတစ်ခု ဖြစ်လေရာ၊ ခေါင်းကိုးလုံး၏ မျက်လုံးထဲ အမုန်းတရားများ ပြည့်လျှံလာတော့သည်။
ထိုအချိန်မှာ မျက်လုံးသုံးလုံးက မေးခွန်းထုတ်လာသည်။
“လောထျန်းက ဘာကိုကျင့်ကြံတာလဲ.. အရှုတ်အထွေးခန္ဓာကိုယ်ပဲလား”
အကုန်လုံး မျက်မှောင်ကြုတ်ဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။
အရှုတ်အထွေးခန္ဓာကိုယ်ဆိုသော စကားလုံးက သူတို့အတွက် သည်းမခံနိုင်စရာပင်။
အရှုတ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက်ထဲနှင့် သူတို့၏နတ်ဘုရားတောအုပ်ကို ဖျက်ဆီးခဲ့ကြောင်း တွေးမိတိုင်း ဒေါသထွက်ရသည်။
ထို့ကြောင့်ပဲ သူတို့က ဒေသကိုးခုမှာ တားမြစ်နယ်မြေကတစ်ဆင့် အရှုတ်အထွေးခန္ဓာကိုယ် ပိုင်ရှင်ကို စောင့်ကြည့်နေကြသည်။
အရှုတ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ပေါ်လာသည်နှင့် သတ်လျှင်သတ်၊ မသတ်လျှင် ရအောင် ဖျက်ဆီးကြလေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအရင်က ဒုတိယမြောက်
အရှုတ်အထွေးမသေမျိုးဧကရာဇ် တစ်ပါး ထပ်ပေါ်လာခဲ့သေးသည်။ သို့သော် ထိုသူကို သူတို့ဘက်ပါလာအောင် သိမ်သွင်းနိုင်ခဲ့လေသည်။
သို့ပေမဲ့ ထိုသူက ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် သေသလား၊ ရှင်သလားပင် မသိရတော့ချေ။
အခု တတိယမြောက် အရှုတ်အထွေးမသေမျိုးဧကရာဇ် ပေါ်လာတာများလား။
ထိုအချိန်မှာပဲ ခေါင်းကိုးလုံးက ပြောရခက်နေသော မျက်နှာဖြင့် ဆက်ရှင်းပြလာသည်။
“အဲ့ဒီကောင်မှာ အရှုတ်အထွေးခန္ဓာကိုယ် ရှိတယ်.. ပိုဆိုးတာက ပြီးပြည့်စုံပြီးသား အရှုတ်အထွေးခန္ဓာကိုယ် ရှိနေတာပဲ”
အကုန်လုံးထိတ်လန့်သွားကြသည်။
“ ဘာ၊ ပြီးပြည့်စုံပြီးသား အရှုတ်အထွေးခန္ဓာကိုယ် ဟုတ်လား”.
“သူက အရှုတ်အထွေးမသေမျိုးဧကရာဇ် ထက်တောင် သန်မာနေတယ်… ဒါဆို ဒုက္ခတော့များပြီ”
“ဒီလိုပြိုင်ဘက်မျိုးက ငါတို့ကိုင်တွယ်နိုင်တဲ့ အဆင့်မှာမဟုတ်ဘူး။.ငါတို့တွေ ထာဝရတည်မြဲခြင်းသုံးပါးကို.နှိုးလိုက် ကြမလား”
တစ်ကောင်က အကြံပြုလိုက်သည်။
ခေါင်းကိုးလုံးက လက်တစ်ဖက် ယမ်းရင်း ပြောလာ၏။
“နေအုံး၊ ငါပြောလို့မပြီးသေးဘူး”
အကုန်လုံးတိတ်ဆိတ်သွားတော့မှ သူက ဆက်ပြောလိုက်သည်။
“အဲ့ဒီကောင်က ပြီးပြည့်စုံပြီးသား အရှုတ်အထွေးခန္ဓာကိုယ် ရှိပေမဲ့ ကျင့်ကြံမှုက မသေမျိုးဧကရာဇ်အဆင့်ကို မရောက်သေးဘူး”
အကုန်လုံးစိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
မျက်လုံးသုံးလုံးက ဆက်ပြောလိုက်သည်။
“ဒါဆို မသေမျိုးဘုရင်ပေါ့လေ.. ဒီလိုဆိုရင် အခွင့်အရေးတော့ ရှိလောက်ပါတယ်”
အကုန်လုံး ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။
သူတို့အနေနှင့် မသေမျိုးဧကရာဇ်ကို သတ်ဖို့ရန် ယုံကြည်ချက်မရှိလျှင်တောင်မှ မသေမျိုးဘုရင်ကတော့ ခက်ခဲမည်မဟုတ်ပေ။
သို့သော် ခေါင်းကိုးလုံးက ခေါင်းရမ်းရင်း ဆက်ပြောလာသည်။
“သူက မသေမျိုးဘုရင်လဲ မဟုတ်ဘူး”
“မသေမျိုးဘုရင်လဲမဟုတ်ရင် ဒါဆို မသေမျိုးသခင်ကြီးလား”
ခေါင်းကိုးလုံးက ခေါင်းရမ်းလိုက်ပြန်ကာ
“ငါ အချိန်ဆွဲမနေတော့ဘူး၊ ငါနောက်ဆုံးတစ်ခေါက် သူ့ကိုတွေ့တာ နီဗားနာ အဆင့်မှာပဲ”
“ဘာ”
အကုန်လုံးအံ့သြသွားကြသည်။
နောက်တစ်စက္ကန့်မှာ ကျယ်လောင်သော ရယ်သံများ ထွက်ပေါ်လာလေသည်။
“ချီး…ငါက ဆရာကြီးများလာလို့၊ ဘယ်နှယ့် နီဗာနားနယ်ပယ် ငစနူလေးကိုများ”
“အေးလေ၊ မင်းက ဘာတွေကြောက်နေတာလဲ”
တစ်ခြားနမိတ်ဆိုးတွေက လှောင်ပြောင်လိုက်ကြသည်။
ထိုအချိန်မှာပဲ မျက်လုံးသုံးလုံးက ပြောလိုက်၏။
“အကုန်လုံး ခဏနေအုံး.. ပြီးပြည့်စုံပြီးသား အရှုတ်အထွေးခန္ဓာကိုယ်ပိုင်ရှင်က နီဗားနား နယ်ပယ်ဆိုရင်တောင်မှ ငါတို့အာရုံစိုက်ဖို့ ထိုက်တန်တယ်”
တစ်ခြားတစ်ကောင်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ တားမြစ်နယ်မြေတွေကနေ တစ်ဆင့် အဲ့ဒီကောင်ကို ခြေရာခံကျပါ။ တားမြစ်နယ်မြေတွေ ပျက်ဆီးသွားရင်တောင် ကိစ္စမရှိဘူး။ အဲ့ဒီကောင်ကို မသန်မာစေမှ ဖြစ်မယ်”
တစ်ခြားသူတွေလည်း ခေါင်းညိတ်ထောက်ခံကြသည်။
ထိုအချိန်မှာ ခေါင်းကိုးလုံးက အံကြိတ်ကာ ပြောလိုက်လေသည်။
“ငါပြောမယ်.. တားမြစ်နယ်မြေတွေ ဖျက်ဆီးခံလိုက်ရရင်တောင်မှ အဲ့ဒီကောင်ကို နဲနဲမှ ထိခိုက်အောင်.လုပ်နိုင်မှာ မဟုတ်ဘူး”
“ဟမ်၊ မင်းဘာပြောလိုက်တယ်”
အကုန်လုံး အံ့အားသင့်စွာ ကြည့်လာကြလေ၏။
သို့သော် ခေါင်းကိုးလုံးက မျက်နှာထားတစ်ချက် မပြောင်းဘဲ ဆက်ပြောလာသည်။
“အဲ့ဒီကောင်က ဘာကောင်ကြီးမှန်း ငါလဲ သေချာမသိဘူး။ သူက နီဗားနားနယ်ပယ်ပဲ ရှိသေးတာတောင်မှ ငါတို့ရဲ့ပင်မခန္ဓာကိုယ်တွေပါ ခေါ်ပြီး အနည်းဆုံး ငါးကောင်လောက် အပေါ်ကမ္ဘာထဲ မဆင်းဘူးဆိုရင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”