← Chapters

အခန်း (၁၀၇၁-၁၀၇၂)

Vol. 72 Ch. 1071-1072

အခန်း (၁၀၇၁-၁၀၇၂)

Vol. 72 Ch. 1071-1072

Ch 1071

(အစီအစဥ်)

“ငါးကောင်တောင် ဟုတ်လား၊ မင်းဟာက မလွန်လွန်းဘူးလား”

မီးတောက်ပြာက ချက်ချင်းပဲ ခနဲ့လာခဲ့သည်။

ကျန်တဲ့ကောင်တွေကလည်း ခေါင်းကိုးလုံးကို ရှုတ်ထွေးစွာ ကြည့်လာကြ၏။

တစ်ဖက်သူ၏ မျက်နှာကိုအဓိပ္ပါယ်ဖော်နိုင်ဖို့ ကြိုးစားလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပဲ ခေါင်းကိုးလုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါဘာလို့ လိမ်ရမှာလဲ။ အဲ့လိုလုပ်လို့ ငါဘာရမှာမလို့လဲ”

ခေါင်းကိုးလုံး၏.စိတ်လှုပ်ရှားနေသော ပုံစံကြောင့် ကျန်နမိတ်ဆိုးများ အော်ဟစ်တော့မည့် အချိန်မှာပဲ မျက်လုံးသုံးလုံး ပြောတာကို ကြားလိုက်ရလေ၏။

“ခေါင်းကိုးလုံး၊ လောထျန်းကို တိုက်ခိုက်ခဲ့တာ မင်းရဲ့တစ်စိတ်တစ်ပိုင်းပဲနော်၊ မင်း အစစ် မဟုတ်ဘူး.. မင်း သူ့ရဲ့သန်မာမှုကို အဓိပ္ပါယ်ကောက် လွဲခဲ့တာများလား”

စိတ်လှုပ်ရှားနေသော ခေါင်းကိုးလုံးက ပက်ခနဲ ပြန်ပြောလာသည်။

“အဲ့လိုအရာကို ငါမှားစရာလား”

သို့ပေမဲ့ သူ သက်သေပြဖို့ရန်အတွက် ဘယ်လိုမှ မစဥ်းစားနိုင်ခဲ့ပေ။

ထိုအချိန်မှာပဲ..

“သူပြောတာအမှန်ပဲ”

ဟင်းလင်းပြင် အက်ကွဲကြောင်းမှ အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟမ်”

အကုန်လုံး ချက်ချင်းပဲ လှည့်ကြည့်လိုက်ကြလေ၏။

“ကြမ္မာဆိုး၊ မင်း ဘယ်လိုလုပ်သိလဲ”

မီးတောက်ပြာက မကျေမနပ် မေးလိုက်သည်။

တစ်ခြားသူတွေလည်း စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်..

ထိုအချိန်မှာပဲ

ဘုန်း

ဟင်းလင်းပြင်အက်ကွဲကြောင်းက ပိုကျယ်သွားပြီး ကြမ္မာဆိုး အပြင်ထွက်လာခဲ့သည်။

ထိုကောင်ကြီး၏ ပင်မခန္ဓာကိုယ် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၏.အရာအားလုံး တိုက်စားခံလိုက်ရသည်။

ထိုအရောင်အဝါက ကြမ္မာဆိုး၏ ထူးကဲသော အရည်အချင်းဖြစ်သည်။

သို့သော်ကျန်တဲ့သူတွေဆီကနေ ရှောင်ရှားလိုသော ဟန်ပန်တွေ မရှိခဲ့ဘဲ သူတို့အားလုံးက ပြူးကျယ်နေသော မျက်လုံးများဖြင့် အထိတ်တလန့် ကြည့်နေကြလေ၏။

“ကြမ္မာဆိုး၊ မင်း ဘာဖြစ်ခဲ့တာလဲ”

မျက်လုံးသုံးလုံးက အံ့သြစွာမေးလိုက်သည်။

ကြမ္မာဆိုး၏ လက်တစ်ဖက် မရှိတော့သည့်အပြင် ခန္ဓာကိုယ်အနှံ့မှာလည်း ဒဏ်ရာတွေပြည့်နေပြီး ထိုမှသွေးတွေ တဆက်ဆက် စီးကျနေသောကြောင့် သူ၏ ပုံစံက အလွန်စိတ်ပျက်ဖွယ်ကောင်းနေသည်။

ထို့အပြင် ဒဏ်ရာတွေမှတစ်ဆင့် အင်အားကြီး အရောင်အဝါတစ်ချို့ ကပ်ညှိနေသေးပြီး ထိုအရာက အလိုအလျောက်ကုသခြင်းကို တားမြစ်နေဟန်ပင်။

အကုန်လုံး မှင်သက်သွားသည်။

ကြမ္မာဆိုးက သူတို့ထဲမှာ အားနည်းသူ မဟုတ်ပါချေ။

သို့သော် ဤအခြေအနေထိ ထိခိုက်အောင် ဘယ်သူလုပ်ခဲ့တာလဲ။

ထိုအချိန်မှာပဲ ကြမ္မာဆိုးက အေးစက်စွာ ပြောလိုက်သည်။

“လောထျန်း လုပ်ခဲ့တာပဲ”

သူသည် အစောပိုင်းက အဖြစ်အပျက်များကို အကြမ်းဖျဥ်းရှင်းပြပေးလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်သွားလေ၏။

အကြာကြီးနေပြီးနောက်မှသာ မီးတောက်ပြာက ပြောလိုက်သည်။

“လောထျန်းက အဲ့လောက် အင်အားကြီးတယ်လား။ သူက လက်ဗလာနဲ့ မင်းရဲ့လက်ကို ဆွဲဖြုတ်ခဲ့တာပေါ့”

သူက ပြောပြီးသည်နှင့် ရုပ်ပိုင်းဆိုင်ရာ သန်မာမှုအားအကောင်းဆုံး ကောင်ကြီးကို လှည့်ကြည့်လိုက်ပါသည်။

ထို့နောက် ထိုကောင်ကြီး၏ ပြောသံကိုပါ ကြားလိုက်ရသည်။

“တကယ် သန်မာတာပဲ”

အကုန်လုံး၏ မျက်နှာက တည်ငြိမ်သွားသည်။

ထိုအချိန်မှာ မျက်လုံးသုံးလုံးက ပြောလာသည်။

“ကြမ္မာဆိုး၊ မင်းက ပင်မခန္ဓာကိုယ်နဲ့ လောထျန်းကို တိုက်ခိုက်ဖူးတဲ့သူပဲ။ မင်းရဲ့အမြင်အရဆိုရင် ငါတို့လောထျန်းကို ဘယ်လိုသတ်လို့ရနိုင်လဲ”

ကြမ္မာဆိုးက လောထျန်း၏ ကောင်းကင်ဘုံတာအိုလက်ဝါးကို မနေနိုင်စွာ ပြန်စဥ်းစားလိုက်ပြီး အချိန်အကြာကြီး တွေးပြီးနောက်မှသာ ပြောလိုက်သည်။

“ငါးကောင်ထဲနဲ့ မလောက်ဘူး.. အနည်းဆုံး ခုနှစ်ကောင်လောက် သွားရမယ်။ မဟုတ်ရင် အခွင့်အရေးမရှိဘူး”

“ဘာ၊ ခုနှစ်ကောင်တောင်”.

အကုန်လုံးရှုတ်ထွေးစွာ ကြည့်လိုက်ကြပါသည်။

ခုနှစ်ကောင်မှ မဟုတ်လျှင် အခွင့်အရေး မရှိဘူးတဲ့လား..

အကုန်လုံး၏ မျက်နှာက မည်းမှောင်သွားကြသည်။

ဒေသကိုးခုက သူတို့ကို အခုလိုဖိအားမျိုး တစ်ခါမှ မပေးနိုင်ခဲ့ဖူးချေ။

ထိုအချိန်မှာ ကြမ္မာဆိုးက ရုတ်တရက်ပြောလိုက်သည်။

“ငါ့အထင် ထာဝရတည်မြဲခြင်းသုံးပါးကို.နှိုးလိုက်တာ အလုံခြုံဆုံးပဲ”

ထာဝရတည်မြဲခြင်းသုံးပါးကို နှိုးရမည်တဲ့လား…

အကုန်လုံး၏ မျက်နှာက မထိန်းနိုင်အောင် တည်တံ့သွားကြသည်။

အချိန်အကြာကြီးနေပြီးနောက်မှသာ မျက်လုံးသုံးလုံးက ခေါင်းယမ်းကာ ပြောလာခဲ့၏။

“မဖြစ်ဘူး..သူတို့က သန်မာတာမှန်ပေမဲ့ နှိုးချင်တိုင်းနှိုးလို့ရတဲ့ သူတွေ မဟုတ်ဘူး”

မီးတောက်ပြာလဲ နဖူးပေါ်က ချွေးကိုသုတ်လိုက်ပြီး ပြောလာသည်။

“ဟုတ်တယ်..သူတို့ကိုနှိုးရင် လောထျန်းကို သတ်တာက အလွယ်လေးဖြစ်သွားမှာ မှန်ပေမဲ့ သူတို့ရဲ့ ဒေါသကို မင်းတို့လဲ သိတာပဲ။ ငါတို့တွေကိုပါ ရှင်းပစ်ရင်.ဘယ်လိုလုပ်မလဲ”

ကျန်တဲ့သူတွေလည်း ခေါင်းငြိမ့်လိုက်ကြသည်။

ထာဝရတည်မြဲခြင်းသုံးပါးက ဒေသကိုးခုအတွက်သာမက သူတို့အတွက်ပါ အလွန်အန္တရာယ်များသော တည်ရှိမှုဖြစ်သည်။

ဒါကိုမြင်တော့ ကြမ္မာဆိုးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုငါတို့တွေ လှုပ်ရှားကြရအောင်”

ထိုအချိန်မှာ တစ်လျှောက်လုံးတိတ်ဆိတ်နေသော ပထမအဆင့်၏ ပုံရိပ်ယောင်က ဝင်ပြောလိုက်သည်။

“ငါသဘောတူတယ်.. ဒါက ဒေသကိုးခုက ပြဿနာသေးသေးလေး တစ်ခုပဲကို၊ ထာဝရတည်မြဲခြင်းသုံးပါးကို မလိုဘူး။ ငါတို့ဘာငါတို့ ဖြေရှင်းမယ်”

မီးတောက်ပြာက မျက်မှောင်ကြုတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

“ဒါဆို ဘယ်သူသွားသတ်မှာလဲ”

ဒေသကိုးခုအတွင်း သွားသတ်ရမည့်အကြောင်း ကြားသည်နှင့် အကုန်လုံး၏ မျက်လုံးက မီးတောက်သွားကြသည်။

ဒေသကိုးခုတွင် သက်ရှိများစွာ ရှိလေရာ၊ သူတို့အတွက် ဖရီးဘူဖေး စားရသလိုမျိုး အာဟာရအပြည့်ဖြစ်သည်။

ထိုနေရာထဲကသက်ရှိတွေကို သတ်ဖြတ်ရလျှင် သူတို့အတွက်လည်း အကျိုးအများကြီး ရပေမည်။

“ငါသွားမယ်”

ကြမ္မာဆိုးက ဦးစွာပြောလိုက်သည်။

မီးတောက်ပြာနှင့် တစ်ခြားကောင်တွေ တစ်ခုခု ပြောချင်ခဲ့ပေမဲ့ ကြမ္မာဆိုး၏.သနားစရာ အခြေအနေကိုကြည့်ပြီး ဘာမှမပြောလိုက်တော့ပေ။

လောထျန်းနှင့်တိုက်ခိုက်ခဲ့ရတာ သူဖြစ်ပြီး ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရတာလည်း သူဖြစ်သည်။ အကျိုးအကြောင်းအရရော၊ ခံစားချက်ပိုင်းအရရော ကြည့်ရလျှင် ကြမ္မာဆိုးကို ဖယ်ထား၍ မရပါချေ။

“ငါလဲသွားမယ်..ငါလက်စားချေချင်တယ်”

ခေါင်းကိုးလုံးက ဒုတိယပြောလိုက်သည်။

ဘယ်သူမှ မငြင်းကြပေ.. မီးတောက်ပြာတောင်မှ တိတ်ဆိတ်နေခဲ့၏။

ခေါင်းကိုးလုံးနမိတ်ဆိုးပြောတာ မှန်ပါသည်။ သူနှင့်လောထျန်းက ပြဿနာတက်ထားသူများပင်။

ထို့အပြင်.ခေါင်းကိုးလုံးက ဤဆွေးနွေးပွဲကို စခဲ့သူဖြစ်သောကြောင့် သူ့မှာ အခွင့်အရေးအပြည့်ရှိလေသည်။

ကျန်သော နေရာလွတ်ကိုတော့ ဘယ်သူကမှ အလွတ်မပေးချင်ခဲ့ပေ။

သို့သော် ဘယ်သူမှ မယှဥ်ပြိုင်ရသေးခင်မှာပဲ ပထမအဆင့်ပြောတာ ကြားလိုက်ရသည်။

“ငြင်းမနေနဲ့တော့..လောထျန်းကို ငါတို့အားလုံး သွားတိုက်မယ်”

“ဘာ”

အကုန်လုံး မှင်သက်သွားလေသည်။

“အဖိုးကြီး.. မင်းနောက်နေတာလား။ လူသားတွေနဲ့ ရင်ဆိုင်ဖို့ ငါတို့ဆယ်ယောက်လုံး သွားရမှာလားဟ”

နမိတ်ဆိုးတစ်ကောင်က အံ့သြစွာပြောလိုက်သည်။

ထိုသို့သောကိစ္စမျိုးက တစ်ခါမှ မရှိဖူးခဲ့ပေ။

အမြဲလိုလို တည်ငြိမ်ကာ အကုန်လုံးကို ညှိပေးတတ်သော မျက်လုံးသုံးလုံးပင် မသင့်လျော်သလို ခံစားရ၍ ခပ်ဖြည်းဖြည်း ခေါင်းယမ်းလိုက်လေသည်။

သို့သော် ပထမအဆင့်က အေးစက်စက် ပြောလာ၏..

“ဒါက နဲနဲမလိုသလိုဖြစ်သွားတာ ငါသိတယ်.. ဒါပေမဲ့ အဲ့ကောင်က ပြီးပြည့်စုံတဲ့ အရှုတ်အထွေးခန္ဓာကိုယ်.ပိုင်ရှင်ပဲ”

“ငါတို့သူ့ကို အခုမသတ်နိုင်လို့ သူနောက်ပိုင်း မသေမျိုးဧကရာဇ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီကျမှ ငါတို့တွေပေါင်းတိုက်လို့ မနိုင်တော့ရင်.ဘယ်လိုလုပ်မလဲ။ ဒီကောင်အားနည်းနေတုန်း ဖိထားမှရမယ်.. သူ့ကို သန်မာခွင့်ပေးလို့မရဘူး”

….

Ch 1072

(တားမြစ်နယ်မြေ၏ အချက်အလက်များ)

ထိုမှသာ အကုန်လုံးသဘောပေါက်သွားကြသည်။

“ပထမအဆင့်ပြောတာမှန်တယ်… ငါတို့ အဲ့ကောင်ကို အခွင့်အရေးပေးလို့မရဘူး”

ထျန်းချန် ပြောလိုက်သည်။

“ငါသဘောတူတယ်”

နောက်တစ်ကောင်လည်း သဘောတူလာခဲ့သည်။

“ဒါပေမဲ့ဒေသကိုးခုကို ငါတို့ ဘယ်လိုသွားကြမလဲ။ ကောင်းကင်မြေကြီးစည်းမျဥ်းက ငါတို့ကို အမြဲတမ်းတားဆီးထားလို့ ငါတို့ သွားလို့ မရဘူးလေ”

မီးတောက်ပြာ၏ မေးခွန်းကို ပထမအဆင့်က အေးစက်စက် အဖြေပေးလိုက်၏။

“မင်းတို့အားလုံးမှာ ယာယီဆင်းနိုင်တဲ့ လမ်းကြောင်းတွေ ရှိတယ်မဟုတ်ဘူးလား”

ထိုအချိန်မှာပဲ မျက်လုံးသုံးလုံးက မျက်မှောင်ကြုတ်ဖြင့် ဝင်ပြောလာသည်။

“အဖိုးကြီး.. အဲ့ဒါက ငါတို့ရဲ့အရန်အစီအစဥ်လေ.. အဲ့ဒါက မပြည့်စုံသေးဘူး။.အခုဇွတ်ဆင်းလိုက်ရင် ငါတို့မှာ နာရီဝက်ပဲ အချိန်ရလိမ့်မယ်”

မီးတောက်ပြာကလည်း မျက်နှာကိုမဲ့လိုက်ပြီး ဝင်ပြောလာသည်။

“နာရီဝက်ဟုတ်လား.. ငါကနာရီဝက်တောင် အချိန်မရဘူး။ အပေါ်ကမ္ဘာမှာ မသေမျိုးဧကရာဇ် မရှိပေမဲ့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေရှိတယ်။ သူတို့က ငါ့လမ်းကို တောက်လျှောက်ပိတ်ဆို့ထားတာ”

တစ်ခြားတစ်ကောင်ကလည်း ပြောလာသည်။

“ဟုတ်တယ်..ငါရောပဲ၊ ငါလဲ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ရမှာ။ ပြီး ထပ်သုံးချင်ရင်လဲ နှစ်သောင်းချီပြန်စောင့်ရအုံးမယ်”

ထိုအချိန်မှာပဲ ကြမ္မာဆိုးက အေးစက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ထျန့်ကျိတောင်က ပျက်ဆီးသွားပြီ၊ ငါက ယာယီတောင်မှ သုံးမရတော့ဘူး”

ထိုစကားကြောင့် တစ်ခြားနမိတ်ဆိုးများက သနားသောအကြည့်များ ပေးလာကြ၏။

ထိုအချိန်မှာ ပထမအဆင့်၏.ပေါ့ပေါ့ပါးပါး ပြောသံကိုကြားလိုက်ရသည်။

“ရတယ်..မင်းငါနဲ့လိုက်ခဲ့လေ၊ ငါတို့နှစ်ယောက်ပေါင်း နာရီဝက်လောက် အချိန်ရတာပေါ့”

ကြမ္မာဆိုးက ခေါင်းညိတ်လိုက်သည်။

“ရတယ်လေ”

ထို့နောက်မှာ ပထမအဆင့်က အနောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။

“မင်းတို့တွေက ငါတို့အစီအစဥ်ကို ပြီးပြည့်စုံတဲ့အထိ စောင့်ပြီးမှ အပေါ်ကမ္ဘာကို အကန့်အသတ်မရှိ ဆင်းချင်ကြတာ ငါသိတယ်..ဒါကြောင့် မင်းတို့တွေ တွန့်ဆုတ်နေတာ နားလည်တယ်။ ဒါပေမဲ့ မင်းတို့မသိသေးတာ တစ်ခုရှိသေးတယ်”

အကုန်လုံးက လှည့်ကြည့်လာကြ၏။

ပထမအဆင့်က အေးစက်စွာ ဆက်ပြောလိုက်သည်။

“ ဒီလောထျန်းက ငါတို့နတ်ဘုရားတောအုပ်ကို ကပ်ဘေးကြီးဖြစ်အောင် လုပ်နိုင်တဲ့ အလားအလာရှိတဲ့သူပဲ။ ငါတို့သူ့ကို လွှတ်ပေးလို့မရဘူး”

အကုန်လုံး တိတ်ဆိတ်သွားကြသည်။

“ဒါဆို အဖိုးကြီး၊ ငါတို့ဘယ်လိုလှုပ်ရှားကြမလဲ”

မျက်လုံးသုံးလုံးက မေးလိုက်လေ၏။

ပထမအဆင့်က အေးစက်စက် ဖြေပေးလိုက်သည်။

“ငါ့ပင်မခန္ဓာကိုယ်က အချိန်လိုသေးတယ်..ပြီး ပြင်ဆင်စရာတွေလဲ ရှိသေးတော့ နောက်လဝက်နေရင် ငါတို့သွားကြမယ်”

“လဝက်လား.. ကောင်းတယ်။ နောက်လဝက်နေရင် လောထျန်းသေရမဲ့နေ့ပဲ”

“လောထျန်း၊ မင်းသေပြီသာမှတ်”

သူတို့တွေ တစ်ယောက်တစ်ပေါက် ကြိမ်းဝါးလိုက်ကြသည်။

ထိုအချိန်တွင် ချင်းယွမ်ဒေသ၏ တစ်နေရာ၌..

“ဟက်ချိုး” လောထျန်း.နှာချေလိုက်လေသည်။

“ဟမ်၊ သခင်လေးလောထျန်း ဘာဖြစ်လို့လဲ”

ဘေးက ဒါလောင်မသေမျိုးဘုရင်ကြီးက အံ့သြစွာမေးလာသည်။

လောထျန်းက အခုမှအဆင့်တက်လာတာကို အအေးမိသွားတာ.မဖြစ်နိုင်ဘူးလေ။

လောထျန်းက လက်တစ်ဖက်သာ ယမ်းပြပြီး ပြောလိုက်၏။

“ရတယ်..ဘာမှမဖြစ်ဘူး။ ဒီတိုင်းနှာချင်.ချင်လို့ပါ”

“အင်း၊ ဒါနဲ့ သခင်လေးလောထျန်း အခုဘာဆက် လုပ်မှာပါလဲ”

ဒါလောင်မသေမျိုးဘုရင်ကြီးက ခေါင်းညိတ်လိုက်ပြီး လေသံနိမ့်ဖြင့် မေးလာသည်။

လောထျန်း ခဏမျှတွေးပြီးသည်နှင့် ရုတ်တရက် မေးခွန်းထုတ်လိုက်၏။

“ချင်းယွမ်ဒေသနဲ့ အနီးစပ်ဆုံးကဘာလဲ သိလား”

ဒါလောင်မသေမျိုးဘုရင်ကြီး အံ့သြသွားသော်လည်း ချက်ချင်းဖြေပေးလိုက်ပါသည်။

“ချင်းယွမ်ဒေသရဲ့ဘေးမှာက ကျိလန်ဒေသ ရှိတာပါ… ဒါပေမဲ့ တည်နေရာပြောင်းရွှေ့ အစီအမံက ပျက်ဆီးနေတော့ ကမ္ဘာ့အကာအကွယ်စည်းကြောင့် ဖြတ်သွားလို့ မရသေးပါဘူး။ ဇွတ်အတင်းသွားမယ်ဆိုရင် ဟင်းလင်းပြင်တိုက်စားခြင်းနဲ့ ကြုံရပြီး အချိန်ပိုကြာသွားလိမ့်မယ်”

လောထျန်း၏.မျက်လုံးက ချက်ချင်း တောက်ပသွားလေသည်။

“ကမ္ဘာ့အကာအကွယ်စည်းဟုတ်လား။ အဲ့ဒါကို ဖြတ်နိုင်ရင် ငါချင်းယွမ်ဒေသက ထွက်နိုင်ပြီလို့ ပြောချင်တာလား”

လောထျန်း မေးလိုက်၏။

ဒါလောင်မသေမျိုးဘုရင်ကြီး တစ်ယောက် မနေနိုင်စွာ လောထျန်းကို.ကြည့်လိုက်လေသည်။

“ဟုတ်..ပါတယ်”

ဤနေရာတွင် သူနည်းနည်း ပြောချင်လာသည်… ကမ္ဘာ့အကာအကွယ်စည်းက ဖြတ်သန်းရ လွယ်ကူသော အရာတစ်ခုလား။

သို့သော် တစ်ခါထဲ အစီအစဥ်ချပြီးသော လောထျန်းက ပါးစပ်ဖွင့်ကာ.နောက်ထပ် မေးလိုက်သည်။

“ဒါဆို ကျိလန်ဒေသမှာ တားမြစ်နယ်မြေရှိလား”

လောထျန်းသည် နမိတ်ဆိုးကို.ဝါးမြိုလိုက်ရသည့် ခံစားချက်ကို အခုထိ မမေ့နိုင်သေးပေ။

ထိုအရာက အရမ်းသန်မာလွန်းသည်။

လောထျန်း၏ မေးခွန်းကြောင့် ဒါလောင်မသေမျိုးဘုရင်ကြီး တုန်ယင်သွားလေ၏။

“ သခင်လေးလောထျန်း.. တားမြစ်နယ်မြေကို ထပ်တိုက်ခိုက်မလို့လား”

သူ၏ အသံကပါ မထိန်းနိုင်စွာ တုန်ယင်နေခဲ့သည်။

သူ၏ တစ်ဘဝလုံးကို တားမြစ်နယ်မြေနှင့် တိုက်ခိုက်ခဲ့ရပြီး ကုန်ဆုံးခဲ့ရသည်.. သို့သော် မလုံလောက်သော အင်အားကြောင့် ထျန့်ကျီတောင်ကို အနိုင်မယူနိုင်ခဲ့ဘူး။

ဤအပေါ်ကမ္ဘာတွင် ဆယ်ဘွဲ့ရမသေမျိုးဘုရင်များ ရှိကြသော်လည်း အကုန်လုံးသည် အတွေးကိုယ်စီရှိကြသူများ ဖြစ်သည့်အတွက် တားမြစ်နယ်မြေတွေကို သူ့လိုမျိုး စိတ်နှစ်ပြီးတိုက်ခိုက်ခဲ့သူ မရှိပေ။

ထိုအချက်က ဒါလောင်မသေမျိုးဘုရင်ကြီး၏ နှလုံးသားထဲ အစိုင်အခဲတစ်ခု.ဖြစ်စေခဲ့လေသည်။

လောထျန်း၏ မေးခွန်းကြောင့် သူ၏.မျက်နှာထားက တင်းကျပ်သွားခဲ့သည်။

“အင်း၊ တားမြစ်နယ်မြေတွေကို ကျုပ်တို့တိုက်ခိုက်ရမယ်” လောထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

လောထျန်းသည် တားမြစ်နယ်မြေတွေကို တိုက်ခိုက်ပြီး အနက်ရောင်စွမ်းအင်ကို စားသုံးရင်း အဆင့်တက်ဖို့ ကြံရွယ်ထားသည်။

သို့သော် သူ၏ စကားလုံးများက ဒါလောင်မသေမျိုးဘုရင်ကြီးအတွက် မတူညီသော အဓိပ္ပါယ်ဖြစ်လေသည်။

“တကယ်ကို သခင်လေးလောထျန်းက ပုဂ္ဂိုလ်ထူးပါလား.. လူသားမျိုးနွယ်ကို စဥ်းစားပေးပြီး တားမြစ်နယ်မြေတွေကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်တယ်.. ကျုပ် လေးစားရပါတယ်ဗျာ”

ဒါလောင်မသေမျိုးဘုရင်ကြီးက လောထျန်းကို မတူညီစွာ.ကြည့်လိုက်သည်။

လောထျန်း၏ သန်မာမှုကို သူနားလည်ပါ၏။

လောထျန်းသာ.အလိုရှိလျှင် တားမြစ်နယ်မြေတွေအားလုံးကို တကယ်ပဲ ဖျက်ဆီးပစ်လိမ့်မည်။

ဒေသကိုးခု နှစ်သောင်းချီ ငြိမ်းချမ်းရပေတော့မည်။

ထိုအတွေးကြောင့် ဒါလောင်မသေမျိုးဘုရင်ကြီးက သူ့အင်္ကျီအတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ယူလိုက်ပြီး လောထျန်းကို လက်နစ်ဖက်ဖြင့် တရိုတသေ ကမ်းပေးလိုက်သည်။

“သခင်လေးလောထျန်း၊ ဒေသကိုးခုရဲ့ တားမြစ်နယ်မြေဆယ်ခုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေအကုန် ဒီထဲမှာ ပါပါတယ်။ သူတို့ရဲ့နေရာတွေနဲ့ နောက်က အကောင်ကြီးတွေရဲ့ အကြောင်းကိုပါ ကျုပ် အတတ်နိုင်ဆုံး မှတ်သားထားတာပါ”

လောထျန်း၏ မျက်လုံးကချက်ချင်း တောက်ပသွားပြီး

“ ကျေးဇူးတင်တာပေါ့ဗျာ”

“ကျုပ် လုပ်သင့်တာပါ”

ဒါလောင်မသေမျိုးဘုရင်ကြီးက မျက်ရည်စို့နေသော မျက်လုံးဖြင့် ပြန်ပြောလာ၏။

သူက အလင်းရောင်များ တလက်လက်ယိုဖိတ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လာလေသည်။

“ဟမ်..ဘာကြီးလဲ”

လောထျန်းတစ်ယောက် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားသည်။

ဒီလူက ဘာတွေဖြစ်နေတာလဲ..

သူက ဆယ်ဘွဲ့ရမသေမျိုးဘုရင်ကော ဟုတ်သေးရဲ့လား..

ဘယ်လိုဖြစ်လို့ ဒီလိုကြီးလာကြည့်နေရတာလဲ..

သူ့ကိုကြိုက်နေတာများလား..

လောထျန်း တစ်ယောက် ချက်ချင်းပဲ ရွံရှာသွားလေ၏။

ဒါလောင်မသေမျိုးဘုရင်ကြီး၏ လက်ထဲက ကျောက်စိမ်းပြားကို.ဆွဲယူလိုက်ပြီး လောရှောင်ရှောင်းကို လှည့်ပြောလိုက်တော့သည်။

“ ရှောင်ရှောင်း၊ သွားကြစို့။.ထျန့်ကျိီတောင်မှာ လုပ်စရာရှိသေးတယ်”

ပြောပြီးသည်နှင့် လောရှောင်ရှောင်းကို တစ်ခါထဲ ဆွဲခေါ်လိုက်ပြီး တည်နေရာပြောင်းရွှေ့ကာ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။

“သခင်လေးလောထျန်းက.. အံ့သြဖို့ကောင်းလိုက်တာ”

ဒါလောင်မသေမျိုးဘုရင်ကြီးက လောထျန်း ထွက်သွားသော နေရာကိုကြည့်နေရင်းမှ သက်ပြင်းချလိုက်လေသည်။

ထိုအချိန်မှာပဲ သခင်ကြီးကုက ရုတ်တရက် အသိဝင်သွားကာ ပြောလိုက်၏။

“အိုး မေ့နေတာပဲ၊ ကျုပ်ရဲ့ပစ္စည်းတွေ ကြွေ့ထျန်းလျို့ဝှက်နယ်မြေထဲမှာ ကျန်နေသေးတယ်”

ပြောပြီးသည်နှင့် သခင်ကြီးကုက သွားယူဖို့ရန် ဝင်ပေါက်ကိုဖွင့်လိုက်သည်။

သို့သော်

ဘုန်း

ဝင်ပေါက်ကိုဖွင့်လိုက်သည်နှင့် ကြောက်စရာ ဟင်းလင်းပြင် စီးကြောင်းက အပြင်ကို လျှံထွက်လာပြီး သူ့ကိုပါ ထိခိုက်တော့မတတ် ဖြစ်လာလေ၏။

“ဘာလား”

မြင်လိုက်ရသော မြင်ကွင်းကြောင့် သခင်ကြီးကု အထိတ်တလန့် ရှောင်လိုက်ရလေသည်။

သခင်ကြီးကုတစ်ယောက် ဝင်ပေါက်ကို အကြိမ်ကြိမ် ပြန်ကြည့်လိုက်ပြီးမှ ရှုတ်ထွေးစွာ မေးလိုက်တော့သည်။

“ကျုပ်.. မမှားပါဘူးနော့၊ ဒါက ကြွေ့ထျန်း လျို့ဝှက်နယ်မြေမလားဟင်”

All Chapters