အခန်း (၁၀၇၃-၁၀၇၄)
Vol. 72 Ch. 1073-1074
Ch 1073
(စိတ်ဝိညာဉ်စွမ်းအင်)
ဘေးဘက်က ဒါလောင်မသေမျိုးဘုရင်ကြီးလဲ ထိတ်လန့်သွားခဲ့သည်။
“ဒါ…ကြွေ့ထျန်းလျို့ဝှယ်နယ်မြေ.. ဘာဖြစ်သွားတာလဲ”
ဝင်ပေါက်ကိုကြည့်နေရင်း သူ အလွန် အံ့အားသင့်လာတော့သည်။
ဝင်ပေါက်ကိုဖိနှိပ်ပြီးသည့်တိုင်အောင် အထဲမှာ ဗွက်ထနေသော ဟင်းလင်းပြင်မုန်တိုင်းများက သူ့ကို မှင်သက်စေ၏။
သူတို့၏နေရာက ပြဿနာမရှိပါချေ.. ဤနေရာက တကယ်ကို ကြွေ့ထျန်းလျို့ဝှက်နယ်မြေ ဝင်ပေါက်ဖြစ်လေသည်။
သို့သော် ကြွေ့ထျန်းလျို့ဝှက်နယ်မြေက အဘယ်ကြောင့် ဟင်းလင်းပြင် ဖျက်ဆီးမှုကို ကြုံတွေ့နေရသနည်း။
သခင်ကြီးလုံတစ်ယောက်သာ အနည်းငယ် အံ့သြပြီးသည်နှင့် အကြောင်းအရင်းကို အမြန်ဆုံးနားလည်ခဲ့လေသည်။
“သခင်ကြီးတို့ သံသယဝင်ဖို့မလိုပါဘူး.. အဲ့ဒါ
ကြွေ့ထျန်းလျို့ဝှက်နယ်မြေ ပဲ”
သူပြောလိုက်သည်။
“ဟမ်”
ထိုစကားကိုကြားသောအခါ သခင်ကြီးကုနှင့် ဒါလောင်မသေမျိုးဘုရင်ကြီးတို့ အလွန်နားမလည်နိုင်သော မျက်နှာဖြင့် လှည့်ကြည့်လာလေ၏။
“ဒါက ကြွေ့ထျန်းလျို့ဝှက်နယ်မြေ မှန်တယ်ဆိုရင် ဘာကြောင့်အခုလို ဖြစ်သွားတာလဲ ပြောပြနိုင်မလား”
သခင်ကြီးကု စိတ်အားထက်သန်စွာ မေးလိုက်သည်။
ကြွေ့ထျန်းလျို့ဝှက်နယ်မြေသည် အလွန်အရေးပါသော နေရာတစ်ခုဖြစ်ပြီး သူ နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့လေသည်။ သူ၏ အမှားတစ်ခုကြောင့် ကပ်ဘေးကြီး ဖြစ်ပေါ်လုနီးနီး ဖြစ်သွားရသည့်အတွက် ကြွေ့ထျန်းလျို့ဝှက်နယ်မြေကို ဘာပြဿနာမှ ထပ်မတက်စေလိုတော့ပေ။
ထိုအချိန်မှာ သခင်ကြီးလုံ တစ်ယောက် ကောင်းကင်ဘုံကိုးဆင့်ညီလာခံ၌ လောထျန်း အဆင့်တက်ခဲ့သည့်မြင်ကွင်းကို ပြန်မြင်ယောင်မိသွား၏။
အချိန်အကြာကြီး ကြာပြီးနောက်တွင် သူပြောလိုက်သည်။
“ ကျုပ်မှန်းတာမမှားရင်.. ကြွေ့ထျန်းလျို့ဝှက်နယ်မြေက သခင်လေး လောထျန်းဆီမှာ ဘာမှမကျန်တော့တဲ့အထိ စုပ်ယူခံလိုက်ရတာပဲ”
&ဘာ”
ထိုစကားများထွက်လာသည်နှင့် အနီးရှိ လူအားလုံး မှင်သက်သွားလေသည်။
သို့သော် အရာအားလုံးအတွက် တာဝန်ရှိသော လောထျန်းကတော့ ထျန့်ကျီတောင်ကို ပြန်သွားပြီဖြစ်သည်။
“ဘယ်ဘက်ကိုနဲနဲ.. ညာဘက်ကိုနဲနဲ..ဟုတ်ပြီ”
လောယုံနှင့် ကျန်တဲ့သူများက ထျန့်ကျီတောင်အရှေ့မှာ ရပ်ပြီး အော်ဟစ်နေကြသည်။
ထိုအချိန်တွင် လောထျန်းက အရှုတ်အထွေးမြို့တော်ကြီးကို မထားပြီး နေရာချနေလေ၏။
အတည်ပြုသံကိုကြားရသောကြောင့် ကိုင်ထားသော သူ့လက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။
ဘုန်း
ထျန့်ကျီတောင်ကြီးပင် အနည်းငယ် တုန်ခါသွားလေသည်။
အရှုတ်အထွေးမြို့တော်က တောင်ထိပ်တည့်တည့်မှာ နေရာယူလိုက်သည်။
ချက်ချင်းပဲ မသေမျိုးချီများ ဝန်းရံသွားပြီး အရှုတ်အထွေးနတ်ဘုရားအလင်းများ တောက်ပလာသည်။
ထျန့်ကျီတောင်က နံပါတ်တစ် ကောင်းချီးပေးခံရသော နေရာတစ်ခု.ဖြစ်လာလေပြီ။
“ဟမ်း မဆိုးပါဘူးလေ၊ အိမ်ဟောင်းဖျက်ခံရမှတော့ အိမ်သစ်နဲ့ ဇိမ်ကျကျ နေရမှာပေါ့”
လောထျန်းသည် အရှေ့က အရှုတ်အထွေးမြို့တော်ကြီးကို ကြည့်ရင်း ကျေနပ်စွာပြောလိုက်သည်။
ဘယ်လိုပင်ဆိုဆို၊ အရှုတ်အထွေးမြို့တော်က ဖျက်ဆီးခံလိုက်ရသော သူ့အိမ်အဟောင်းထက် အများကြီးသာသည်လေ။
“အကိုကြီး၊ ကျုပ်တို့အားလုံး အဲ့မှာနေလို့ရပြီလားဗျ”
အရှုတ်အထွေးမြို့တော်ကြီးကို ကြည့်ရင်း.လောယုံက စိတ်လှုပ်ရှားစွာ မေးလိုက်၏။
သူ့ထံတွင် အရှုတ်အထွေးခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီးဖြစ်သည်။
အရင် အရှုတ်အထွေးနိုင်ငံတော်မှာ ရှိနေစဉ်က အရှုတ်အထွေးမြို့တော် အတွင်းတွင် ကျင့်ကြံစရာမလိုပဲ သူ၏ အရှုတ်အထွေးခန္ဓာကိုယ်က အလိုအလျောက် အားပြည့်လာကြောင်း ခံစားမိခဲ့သည်။
နတ်ဘုရားထွင်းစွာနှင့် ကောင်းချီပေးခြင်း ခံရသော မူလအဆင့်မသေမျိုး အရှုတ်အထွေးလက်နက်ကိုပါ ထည့်ပေါင်းလိုက်လျှင်
သူ၏ တိုးတက်မှုက အများကြီး မြင့်မားလာတော့မည်ဟု ခံစားနေရ၏။
ထို့အပြင် လောယုံသည် အရှုတ်အထွေးမဟာတာအိုရသည်အထိ ကျင့်ကြံနိုင်မည်ဟု ဝေဝါးသော.ယုံကြည်ချက် တစ်ချို့ပါ ရှိနေသည်။
ထိုအချိန်မှာပဲ လောထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အင်း၊ ငါတို့မိသားစုဝင်တွေ အရှုတ်အထွေးမြို့တော်ထဲ လာနေလို့ရပြီ”
လောထျန်း၏ စကားကြောင့် အားလုံး အောင်ပွဲခံလိုက်ကြတော့သည်။
ဒါက အရှုတ်အထွေးမြို့တော်လေ..
အရှုတ်အထွေးမြို့တော်ဆိုတာ ချင်းယွမ်ဒေသရဲ့ နံပါတ်တစ် လျို့ဝှက်နယ်မြေ တစ်ခုပဲ။
သာမာန်သူတစ်ဦးအတွက် ထိုမြို့ထဲလမ်းလျှောက်နိုင်လျှင်ကို မဟာအခွင့်အရေးကြီးဖြစ်သည်။
သူတို့က အခုနေထိုင်လို့ပါရပြီ ဆိုတော့..
ဒါဘယ်လိုကံကောင်းမှုကြီးလဲ။
“သခင်လေးကို.အများကြီး ကျေးဇူးတင်ပါတယ်”
အကုန်လုံး သံပြိုင်ပြောလိုက်ကြလေသည်။
လောထျန်း.ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ပေါ်ကို တိုက်ရိုက် ခုန်တက်လိုက်သည်။
ဝူး
လေထဲကနေ အောက်ကိုငုံ့ကြည့်ရင်း သူမနေနိုင်စွာ မျက်မှောင်ကြုတ်လိုက်၏။
“ငါကြိုးစားပမ်းစား လုပ်ထားတဲ့ နက္ခတ်အစီအမံတွေကို အဲ့ကောင်ဖျက်ဆီးသွားတာ စိတ်တိုစရာပဲ”
နတ်ဘုရားတောအုပ်၏.လက်မည်းကြီးကို စဉ်းစားမိသည်နှင့် လောထျန်း၏ မျက်နှာက မည်းမှောင်သွားသည်။
“ချီးပဲ.. ငါမကြာခင် မင်းတို့နဲ့ စာရင်းရှင်းအုံးမယ်”
သူ ကျိန်ဆဲပြီးသည်နှင့် နက္ခတ်အစီအမံကို ပြန်ရေးဆွဲလိုက်တော့သည်။
ဤနေရာ က.. လောမိသားစု၊ ပျောင်ပိုင်မြို့နှင့် ထျန်းယွမ်ကမ္ဘာသားတို့အတွက် အခြေစိုက် စခန်းတစ်ခု ဖြစ်လာပြီ.. ထို့ကြောင့် သေချာ ဖန်တီးဖို့ လိုအပ်သည်။
နတ်ဘုရားတောအုပ်၏ တိုက်ခိုက်မှုအပြီးမှာ လောထျန်း၏ သတိထားမှုက ပိုမိုမြင့်တက်လာ၏။
လောထျန်း၏ စိတ်ဝိညာဉ်စွမ်းအင် ချက်ချင်းပဲ အပြင်ကို လျှံထွက်လာပြီး စက္ကန့်ပိုင်းအတွင်း မူလအဆင့် မသေမျိုးအစီအမံတစ်ခုကို ရေးဆွဲလိုက်သည်။
“အစီအမံတည်ဆောက်တဲ့ အရှိန်က နှေးလှချည်လား”
လောထျန်း အနည်းငယ်.မကျေမနပ် ဖြစ်သွားသည်။
“ဒါပေမဲ့ ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က အကန့်အသတ်ရောက်နေပြီ..”
လောထျန်း မနေနိုင်စွာ ခေါင်းယမ်းလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်မှာပဲ သူ အတွေးပေါက်သွားသောကြောင့် ကိုယ့်ပေါင်ကိုယ် ဖြန်းခနဲ ရိုက်ချလိုက်လေကာ
“ငါနှယ့်..တုံးလိုက်တာ၊ ဘယ်လိုလုပ် အဲ့ဒါကို မေ့သွားရတာလဲ”
သူ ချက်ချင်းပဲ လေထဲမှာ ကြာပန်းပုံ ထိုင်လိုက်လေသည်။
“ငါ့မှာ အဆုံးအစမဲ့ကျင့်ကြံဆင့်အတွက် ကောင်းကင်ဘုံတာအိုအာရုံပြုနည်းစနစ်ကို မလေ့ကျင့်ရသေးဘူးလေ.. အခုမှ မကျင့်ရင် ဘယ်အချိန်သွားကျင့်မှာတုန်း”
ထိုအတွေးကြောင့် လောထျန်း ချက်ချင်းပဲ စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံပြုကာ စတင် ကျင့်ကြံလိုက်သည်။
ထိုအချိန်တွင် အရှုတ်အထွေးမြို့တော် အတွင်း၌..
“ဟမ်..စိတ်ဝိညာဉ်စွမ်းအင်လား.. ဘာတွေ ဖြစ်နေတာလဲ”
မူလအဆင့်သဘာဝ ဝိညာဉ်သည် အရှုတ်အထွေးမြို့တော် အတွင်း၌ နားနေခဲ့တာပင်။
သို့သော် စိတ်ဝိညာဉ်စွမ်းအင်၏ ဖိအားကို ရုတ်တရက် ခံစားလိုက်ရသည်။
“ဒါက..ရန်သူတိုက်ခိုက်တာလား.. အဲ့ဒါဘယ်လို ဘီလူးမျိုးလဲ.. သူ့ရဲ့ အင်အားက လောထျန်းထက် သန်မာနေပါ့လား”
သူအနည်းငယ် ကြောက်ရွံ့သွားသည်။
“ချီးပဲ.. ငါလောထျန်းနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တာ မကြာသေးဘူး.. ဒီလိုဘီလူးမျိုးနဲ့ တွေ့ရတယ်တဲ့လား။ ဘာတွေ ဖြစ်နေတာလဲကွာ”
သူ၏နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့ပြီး အပြင်ကို ဂရုတစိုက် ပျံသန်းခဲ့လိုက်သည်။
လောထျန်းထက် သန်မာတာ ဘယ်လိုဘီလူမျိုးလဲ သူသိချင်မိသည်။
သို့သော် အပြင်ထွက်လိုက်သည်နှင့် သူ့ကို ကျောပေးထားသော လောထျန်းကိုသာ မြင်လိုက်ရလေ၏။
“ဟမ်..မဖြစ်နိုင်တာ အဲ့ဒါလောထျန်းလား။ ဒါပေမဲ့ ဘာလို့အရမ်းအားကောင်း နေရတာလဲ”
ထိုအချိန်မှာပဲ..
“ပြီးပြီ” လောထျန်း မျက်လုံးပွင့်လာခဲ့သည်။
ဝူး
သူ၏ ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်စွမ်းအင်များက အပြင်ဘက်ကို ပျံ့နှံ့သွားသည်။
သဘာဝဝိညာဉ်တစ်ယောက် မေ့လဲတော့မတတ် ဖြစ်သွားလေသည်။
“သန်မာလိုက်တာ”
သူတုန်ယင်စွာ ဆိုလိုက်သည်။
“အိုး.. ကောင်းကင်ဘုံစာအုပ်က ကောင်းကင်ဘုံ စာအုပ်ပါလား။ အဆသုံးဆယ်လောက် တိုးသွားတာပဲ”
လောထျန်းလဲ မနေနိုင်စွာ ပြောလိုက်သည်။
ထိုအချိန်မှာ အသိစိတ်ပြန်ကပ်သွားသော သဘာဝဝိညာဥ်က လောထျန်းကို သတိကြီးစွာ ကြည့်လိုက်ပြီး
“မင်း..မင်းက လောထျန်းလား”
ထိုကောင်လေး၏ ပုံစံက လောထျန်းနှင့် တူပေမဲ့ စိတ်ဝိညာဥ်စွမ်းအင်က အရမ်းကို အားကောင်းလွန်းနေသည်။
သူ့အတွက် မှတ်မိဖို့ မလွယ်ကူခဲ့ပေ။
“ဘယ်ကလာ.. ကျုပ် မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာတုန်း”
လောထျန်း မျက်မှောင်ကြုတ်ဖြင့် ပြောလိုက်လေ၏။
“မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအင်က..” သဘာဝဝိညာဥ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
လောထျန်းက ကောင်းကင်ဘုံပစ္စည်းနှင့် ကမ္ဘာ့ရတနာတွေ စုပ်ယူထား၍ ဤမျှသန်မာလာတာပဲဟု သူ.ယူဆလိုက်တော့သည်။
“ကောင်းကင်ဘုံပစ္စည်းနဲ့ ကမ္ဘာ့ရတနာက ဒီလောက်ကောင်းတာ ငါလဲစားရမယ်”.
သူ တိတ်တဆိတ် တွေးထားလိုက်၏။
သို့သော် လောထျန်း၏ တုံးတိပြောလိုက်သံကို ကြားလိုက်ရချိန်မှာ သူ အံ့သြရလေပြီ။
“ဘယ်လိုတိုးတက်လာတာလဲ ဟုတ်လား၊ ကျင့်ကြံလိုက်လို့လေဗျာ”
“ဟမ်..ကျင့်ကြံလိုက်လို့..”
“ကောင်းကင်ဘုံပစ္စည်းနဲ့ ကမ္ဘာ့ရတနာတွေ စားလိုက်တာ မဟုတ်ဘူးလား”
လောထျန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျင့်ကြံတာ..ကျင့်ကြံတာဟေ့။ ကျုပ် အသက်ဆယ်ခါရှုတဲ့အထိ ကျင့်ကြံခဲ့တယ်”
………
Ch 1074
(တာအိုအစွမ်း)
ထိုသူက လောထျန်းကို အလွန်ထူးဆန်းစွာ ကြည့်လိုက်လေသည်
တစ်ဖက်သူကို အနိုင်မယူနိုင်၍ မဟုတ်လျှင် တိုက်ခိုက်ပြီးနေပြီဖြစ်သည်။
တစ်ဖက်က လောထျန်းကတော့ ထျန့်ကျီတောင်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။
“ကောင်းတယ်.. ဒီတိုးလာတဲ့အစွမ်းနဲ့ဆိုရင် အစီအမံက ဘယ်လောက်မြန်သွားမလဲ ကြည့်ရမယ်”
ပြောပြီးသည်နှင့် သူက စိတ်ဝိညာဥ်စွမ်းအင်ကို အသက်သွင်းပြီး ထွင်းစာရေးလိုက်သည်။
ဘုန်း
ချက်ချင်းဆိုသလိုပင် မူလအဆင့်မသေမျိုးအစီအမံတစ်ခု ထွက်ပေါ်လာလေသည်။
“အင်း.. အရှိန်က တော်တော် မြန်လာတာပဲ”
လောထျန်း အလွန်ကျေနပ်သွားသည်။
ဒီပုံစံအတိုင်းဆိုလျှင် မကြာမီမှာပဲ အစီအမံအားလုံး ပြီးသွားတော့မည်။
ထို့အပြင် ဒီတစ်ခေါက် အစီအမံက မတူညီပေ။
မူလအဆင့်မသေမျိုးအစီအမံကို ရေးဆွဲထားသောကြောင့် နတ်ဘုရားတောအုပ်၏ လက်မည်းကြီး ရောက်လာလျှင်တောင်မှ ဖျက်ဆီးနိုင်မည် မဟုတ်တော့ပေ။
အနည်းဆုံးတော့ အရင်ကလောက် အခြေအနေ မဆိုးတော့ဘူး။
ထိုအချိန်တွင် ဘေးမှာရပ်ကြည့်နေသော သဘာဝဝိညာဥ်က ပြောလိုက်သည်။
“သခင်လေးလောထျန်း၊ ဘာလို့ပိုကောင်းတဲ့ အစီအမံမချရတာလဲ”
“ပိုအားကောင်းတာ.. ဒီလောကမှာ မူလအဆင့်မသေမျိုးအစီအမံထက် ပိုအားကောင်းတာ ရှိသေးတယ်လား”
လောထျန်း သိချင်စွာ မေးလိုက်သည်။
ထိုသူက ခေါင်းညိတ်ပြပြီး ရှင်းပြလာ၏။
“ဒေသကိုးခုမှာတော့ မဟုတ်ဘူး.. ဒါပေမဲ့ ဒဏ္ဍာရီလာဝိညာဥ်နယ်မြေမှာတော့ရှိတယ်။ အဲ့ဒီနေရာက သဘာဝဝိညာဥ်တွေရဲ့ ရှေးဟောင်းနေရာတစ်ခုပဲ.. ဒဏ္ဍာရီလာဝိညာဥ်နယ်မြေမှာ စိတ်ဝိညာဥ်သိုင်းပညာတွေက အားကောင်းသလို အစီအမံကလည်း ထိပ်တန်းပဲ”
လောထျန်းက စပ်စုစွာ ချက်ချင်း မေးလိုက်လေ၏။
“ ဘယ်လောက်တောင် သန်မာတာလဲ”
လောထျန်း၏.မေးခွန်းကြောင့် သဘာဝဝိညာဥ်၏ နှလုံးသားထဲ ဂုဏ်ယူမှုတစ်ချို့ ဝင်ရောက်လာခဲ့သည်။
သူက ချောင်းဟန့်လိုက်ပြီးမှ ဆက်ရှင်းပြလိုက်သည်။
“ဒေသကိုးခုမှာ သာမာန်အစီအမံက အရင်ဆုံးလာတယ်.. ပြီးရင် မသေမျိုးအစီအမံ၊ မသေမျိုးအစီအမံရဲ့ အဆင့်ကိုးဆင့် ပြီးရင် မူလအဆင့်မသေမျိုးအစီအမံ လာတယ်မလား။ ဒါပေမဲ့ လောထျန်း၊ မူလအဆင့်မသေမျိုးအစီအမံက ဘာလို့ အင်အားကောင်းတာလဲ သိလား”
လောထျန်း အနည်းငယ် အံ့သြစွာပြောလိုက်သည်။
“ကျုပ်အဲ့မေးခွန်းကို မတွေးဖူးဘူး”
ထိုစကားကြောင့် သဘာဝဝိညာဥ်က ပိုယုံကြည်ချက်ရှိသွားကာ ပြောလိုက်လေသည်။
“မူလအဆင့်မသေမျိုးအစီအမံနဲ့ အဆင့်ကိုး မသေမျိုးအစီအမံကြားမှာ အကြီးဆုံး ကွာခြားချက်က တာအိုအစွမ်းပါဝင်ခြင်းပဲ”
“တာအိုအစွမ်း ဟုတ်လား”
လောထျန်း ပထမဆုံးကြားဖူးခြင်း ဖြစ်သောကြောင့် စိတ်ဝင်စားသွားခဲ့သည်။
“အင်း..တာအိုအစွမ်းက မသေမျိုးအစွမ်းထက် ပိုမြင့်တယ်၊ သူက နတ်ဘုရားအစွမ်းနဲ့ ညီရင်ညီ၊ မညီရင်ပိုတောင်မြင့်အုံးမှာ။ နတ်ဘုရားစွမ်းအင်က သဘာဝစွမ်းအင်တစ်ခု ဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးနဲ့အတူ မွေးဖွားလာတယ်.. သူက လျော့သွားတာလဲ မရှိသလို တိုးလာတာလဲ မရှိဘူး။ အပြင်လူတွေအနေနဲ့ နတ်ဘုရားအစွမ်းကို မဖန်တီးနိုင်ဘူး… စုပ်ယူလို့ပဲရတယ်။ ဒါပေမဲ့ တာအိုအစွမ်းက ဆန့်ကျင်ဘက်ပဲ။ သူက နားလည်မှုနဲ့ ကျင့်ကြံယူရတာ”
လောထျန်း မျက်မှောင်ကြုတ်သွားကာ
“တာအိုအစွမ်းက စည်းမျဥ်းတွေရဲ့ အစွမ်းလား”
ထိုသူက ခေါင်းညိတ်ပြလာ၏။
“မှန်တော့မှန်တယ်..ဒါပေမဲ့ အလုံးစုံ မဟုတ်ဘူး”
လောထျန်းက ကြည့်နေသောကြောင့် ထိုသူက အချိန်မဆွဲတော့ဘဲ ဆက်ရှင်းပြလာခဲ့သည်။
“သာမာန်မသေမျိုးအစီအမံတစ်ခုကို ဖန်တီးရင်တောင်မှ ထွင်းစွာရေးရပြီး ကောင်းကင်နဲ့မြေကြီးရဲ့စည်းမျဥ်းကို လိုက်နာလာအောင်.လုပ်ရတယ်.. အဲ့အချိန်ကျမှ အစီအမံ အသက်ဝင်တာ မလား”
“ဒါပေမဲ့ မသေမျိုးအစီအမံတွေ လိုအပ်တဲ့ စည်းမျဥ်းအစွမ်းက ကောင်းကင်နဲ့မြေကြီးကြားမှာ ရှိတဲ့ အရာအတွက်ပဲ.. မသေမျိိုးအစီအမံတွေက ကောင်းကင်နဲ့မြေကြီးကြားက စည်းမျဥ်းတစ်ချို့ကို သန်မာစေလိုက်၊ အားနည်းစေလိုက် အနေအထားနဲ့ အစီအမံကို ဖန်တီးကြပြီး အဲ့ဒီထက် ပိုမြင့်တဲ့ကောင်းကင်နဲ့ မြေကြီးကို ထိတွေ့ဖို့ မစဥ်းစားကြဘူး”
ထို့နောက် သဘာဝဝိညာဥ်က လောထျန်း ဖန်တီးထားသော မူလအဆင့်မသေမျိုးအစီအမံကို လက်ညိုးထိုးပြီး ဆက်ရှင်းပြသည်။
“မူလအဆင့်မသေမျိုးအစီအမံကတော့ မတူဘူး.. သူ့ကိုဖန်တီးချိန်မှာ ကောင်းကင်နဲ့မြေကြီးကြားမှာ တည်ရှိတဲ့စည်းမျဥ်း မဟုတ်ဘဲ အဖိုးတန်စည်းမျဥ်းတစ်ချို့ ပါဝင်စေတယ်။ အဲ့ဒါက တာအိုအစွမ်းပဲ”
လောထျန်း အနည်းငယ်အံ့သြသွားကာ သူဖန်တီးထားသော မူလအဆင့်မသေမျိုးအစီအမံကို လေ့လာလိုက်သည်။ တစ်ချို့ကွဲပြားသော စည်းမျဥ်းများကို.အာရုံခံမိလိုက်၏။
သို့သော် သူချက်ချင်းပဲ မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။
“စည်းမျဥ်းအစွမ်းတစ်ချို့ ပေါင်းထည့်ရုံနဲ့ ကွာခြားချက်က အဲ့လောက်ကြီးသွားတယ်လား”
မူလအဆင့်မသေမျိုးအစီအမံနှင့် အဆင့်ကိုး မသေမျိုးအစီအမံကြားက ကွာခြားချက်ကို သူကောင်းစွာ နားလည်ပါသည်.. အဲ့ဒါက ကမ္ဘာတစ်ခုလိုမျိုးပင်။
ထိုသို့မှမဟုတ်လျှင် မူလအဆင့်မသေမျိုးအစီအမံကို ဖန်တီးနိုင်သော ကျွမ်းကျင်သူများက ဒေသကိုးခုမှာ အခုလိုရှားပါးနေစရာလား။
ထိုအချိန်မှာပဲ သဘာဝဝိညာဥ်က ခေါင်းညိတ်ကာ ပြောလာသည်။
“အဲ့ဒါသဘာဝပဲ”
လောထျန်းက ကြည့်နေဆဲ ဖြစ်သောကြောင့် သူ စိတ်ရှည်ရှည် ရှင်းပြပေးလိုက်၏။
“နှစ်မျိုးလုံးက စည်းမျဥ်းဆီကနေ အကူအညီယူရတာ ဆိုပေမဲ့ မင်းက အထက်ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းကို ဖမ်းဆုတ်ရုံပဲ လုပ်နိုင်ခဲ့တာ။ မင်းက အမြဲတမ်း အောက်မှာရှိနေမှာပဲ။ စည်းမျဥ်းတွေရဲ့ အစွမ်းကို.တိုက်ရိုက် မထုတ်နိုင်ဘူး”
“ဒါပေမဲ့ တာအိုအစွမ်းကို ဖွင့်နိုင်တာနဲ့ အဲ့ဒီအစွမ်းက မင်းနဲ့လုံးဝ သက်ဆိုင်သွားပြီ။ အစွမ်းအပြည့်ကို ထုတ်သုံးနိုင်လိမ့်မယ်”
“မင်း ဖွင့်နိုင်တဲ့ တာအိုအစွမ်းက အထက်ကောင်းကင်နဲ့မြေကြီးကြားက စည်းမျဥ်းအစွမ်းထက် အများကြီး နိမ့်နေရင်တောင်မှ အဆင်ပြေတယ်.. ဒီလောကက ဘယ်သူကမှ အပြည့်အဝ အသုံးမပြုနိုင်ဖူးဘူး”
“မင်းပဲ တွေးကြည့်ကွာ… ကိုယ့်အပိုင်ဖြစ်မဲ့ အရာနဲ့ သူများမျက်နှာကြည့်ပြီး ငှားရမဲ့အရာမှာ ဘယ်ဟာက ပိုအင်အားကြီးလဲ”
လောထျန်း ချက်ချင်း သဘောပေါက်သွားသည်။
“ကျုပ်သိပြီ၊ အထက်ကောင်းကင်နဲ့မြေကြီးကြားက စည်းမျဥ်းအစွမ်းကို ငှားသုံးရတာက မိဘဆီက ပိုက်ဆံလိုပဲ.. တောင်းလို့ရပေမဲ့ သူတို့က နဲနဲပဲ ပေးကြမှာ”
“ဒါပေမဲ့ တာအိုအစွမ်းကကျ ကိုယ်ကိုယ်တိုင် ရှာထားတဲ့ပိုက်ဆံ၊ အဲ့ဒီပိုက်ဆံက မိဘတွေရဲ့ ပိုက်ဆံလောက်မများရင်တောင် ကိုယ့်အပိုင်ပဲ။ ကိုယ်က အများကြီးရှာနိုင်ရင် မိဘတွေရဲ့ ပိုက်ဆံကို ကျော်သွားမှာပဲ၊ ဟုတ်တယ်မလား”
လောထျန်း၏ ရှင်းပြမှုကြောင့် ဘဘာဝဝိညာဥ်အချိန်အကြာကြီး မှင်သက်သွားကာ နောက်ဆုံးမှ ခေါင်းကို တဗြင်းဗြင်းကုတ်ပြီး ပြောလာလေသည်။
“အမှန်ပဲ၊ နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုးကလဲ သူ့ခန္ဓာကိုယ်မှာ တာအိုအစွမ်းကို ပိုင်ထားတယ်။ သူတို့က အဲ့ဒါကြောင့် ဒေသကိုးခုထက် သာနေကြတာ”
လောထျန်း ချက်ချင်းပဲ အံ့သြသွားတော့သည်။
“ဒါကြောင့်ကိုး”
ထိုမှသာ နတ်ဘုရားတောအုပ်ထဲက နမိတ်ဆိုးတွေက မသေမျိုးဧကရာဇ် နီးပါးလောက်ပဲ အရောင်အဝါရှိကြပေမဲ့ ဘာကြောင့် အလွန်သန်မာနေမှန်း လောထျန်း သဘောပေါက်သွားတော့သည်။
သဘာဝဝိညာဥ်က ဆက်ပြောလာ၏။
“ဒါဆိုဆက်ပြောရရင် မူလအဆင့်မသေမျိုးအစီအမံမှာ တာအိုအစွမ်းပါပေမဲ့ အရမ်းအားနည်းတယ်.. ဒါကြောင့် အစွမ်းက အရမ်းသန်မာပေမဲ့ ကန့်သတ်ခံထားရတာပေါ့ကွာ”
“အကယ်လို့ တစ်စုံတစ်ယောက်ကသာ မူလအဆင့်မသေမျိုးအစီအမံမှာ တာအိုအစွမ်းကို အပြည့်အဝ ထိန်းနိုင်ရင် တာအိုအစီအမံတစ်ခု ဖြစ်လာလိမ့်မယ်”
“တာအိုအစီအမံ ဟုတ်လား”
လောထျန်း မော့ကြည့်လိုက်လေ၏။
“ဟုတ်တယ် တာအိုအစီအမံ.. သူက မူလအဆင့်မသေမျိုးအစီအမံထက် တစ်ဆင့် ပိုမြင့်တယ်။ ကြည့်လိုက်ရင် တစ်ဆင့်ထဲ ဆိုပေမဲ့ အနိမ့်ဆုံးတာအိုအစီအမံကတောင်မှ
မူလအဆင့်မသေမျိုးအစီအမံထက် ဆယ့်နှစ်ဆလောက်.ပိုသန်မာတယ်”