← Chapters

နတ်ရုပ်သွင်ကောင်းကင်စိတ်ဆန္ဒ

Vol. 8 Ch. 754

နတ်ရုပ်သွင်ကောင်းကင်စိတ်ဆန္ဒ

Vol. 8 Ch. 754

လက်ရှိ ပိုင်ရှောင်ချန်းကို တိုက်ခိုက်နေသော နတ်အဆင့်ကျင့်ကြံသူသည် ချန်ရှုံး၏ မျိုးနွယ်စုမှ ဝါရင့်အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူကား ဗဟိုဧကရာဇ်မြို့တော်၏ ကောင်းကင်နယ်စား ဆယ်ဦးအနက် တစ်ယောက်ဖြစ်သော ချန်ဟောင်စုန့်ပင်။

ကောင်းကင်နယ်စားဆယ်ယောက်လုံးက နတ်အဆင့်သို့ ရောက်ရှိနေကြပြီး သာမန် နတ်အဆင့်ကျင့်ကြံသူများ မဟုတ်ကြဘဲ မဟာစက်ဝန်းသို့ ရောက်ရှိနေကြသူများဖြစ်သည်။

ထိုနယ်စားများသည် သရဲကြီးမြို့တော်၏ ခေါင်းဆောင်ကြီးသုံးဦးနှင့် နယ်စားသေမင်းေအာ်သံထက် များစွာ စွမ်းအားပိုကြီးပြီး ဗဟိုဧကရာဇ်မြို့တော်အတွက် အရေးကြီးသော လျှို့ဝှက်အင်အားစုဖြစ်သည်။ သခင်မလေးဟုန်ချိန်ပင်လျှင် ကျင့်ကြံခြင်းအခြေခံအရ သူတို့အတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။

အမှန်တကယ်တော့ သခင်မလေးဟုန်ချိန်သည် သရဲကြီးဘုရင်၏ သမီးတော် ဖြစ်ရာ ယင်းက သူမကို ယုံကြည်မှုရှိစေသည်။ ထိုမျှသာမက သူမ၌ နတ်အဆင့်၏ မဟာစက်ဝန်းအထိ အဆင့်မြှင့်တင်ပေးနိုင်သော အဖိုးတန်ရတနာတစ်ပါးအပါအဝင် သူမ ဖခင်ပေးထားသော တခြားလက်ဆောင်များလည်း ရှိသည်။

သို့သော် ထိုအဖိုးတန်ရတနာသည် မဟာစက်ဝန်းရှိ အခြားကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် သူမအတွက်သာ အသုံးပြုနိုင်သည်။ ထိုရတနာကို အခြားလူတစ်ယောက်အား ကာကွယ်ပေးရန်အတွက် သူမက အသုံးပြု၍ မရပေ။ ထို့ကြောင့် ချန်ဟောင်စုန့်က သူ၏ တိုက်ကွက်ကို ထုတ်လွှတ်လိုက်စဥ် သခင်မလေးဟုန်ချိန်မှာ ဝင်ရောက်တားဆီးလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ချန်ဟောင်စုန့်မှာမူ အတန်ငယ် မျက်မှောင်ကြုတ်သွား၏။ သူက သခင်မလေးဟုန်ချိန်ကို ယခင်က အကူအညီပေးရန် အကြွေးတင်နေသော်လည်း ထိုအကြွေးကို ချေပြီးသွားလေပြီ။ သို့သော် သူမက ဤနေရာသို့ ပိုင်ဟောက်ကို ကာကွယ်ရန် လာသည့်တိုင် သူမစိတ်ဆန္ဒကြောင့်မဟုတ်ဘဲ သရဲကြီးဘုရင်၏ အမိန့်ကြောင့်ဖြစ်ကြောင်း သူသိသည်။

" လူတစ်ယောက် အသတ်ခံလိုက်ရလို့ သရဲကြီးဘုရင်များ ကိုယ်တိုင် ရောက်ချလာမလား ငါသိချင်လိုက်တာ “

သူက တွေးသည်။

ဤသည်မှာ သူ့အတွက် ပိုင်ဟောက်ကို လူချင်း တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သော်လည်း အချိန်အတော်ကြာကတည်းက မုန်းတီးစက်ဆုပ်နေခဲ့သည်။ ဝိညာဥ်ဆေးလုံး ရှစ်ကုဋေဆိုသော အကြွေးက သူ့ကို တစိမ့်စိမ့်နာကျည်းစေသော အရာဖြစ်သည်။

သခင်မလေးဟုန်ချိန်ကို လျစ်လျူရှုရင်း သူက သူ၏ လက်ချောင်းကို ပြန်မရုတ်လိုက်သည်သာမက ပိုင်ရှောင်ချန်းထံသို့ စောစောကထက်ပိုမြင့်မားေသာ အရှိန်ဖြင့် ထိုးစိုက်လိုက်သည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ ခေါင်းတစ်ခုလုံးချာချာလည်သွားတော့သည်။ စောစောက ချန်ဟောင်စုန့် မလှုပ်ရှားခင်မှာပင် ပိုင်ရှောင်ချန်းသည် သူက အသက်ပိုကြီးသော နတ်အဆင့်ကျင့်ကြံသူထက် အနည်းငယ်ပို၍ စွမ်းအားကြီးကြောင်း အာရုံရခဲ့သည်။ သို့သော် ယခုတွင် သူ၏တိုက်ကွက်က သူ့ကို မျက်နှာပျက်သွားစေသည်။

သူပြောနိုင်သည်မှာ ဤသည်က သူကြုံတွေ့ခဲ့ဖူးသည့်နတ်အဆင့်ကျင့်ကြံသူများအနက် စွမ်းအားအကြီးဆုံး ဖြစ်ပေသည်။ သူ၏လက်ချောင်းဝှေ့ယမ်းခြင်းသည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို ဆင့်ခေါ်လိုက်ဟန်မတူသော်လည်း ထိုတိုက်ကွက်ကို မည်သည့်နည်းနှင့်မှ ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်း သေချာသိလိုက်သည်။

ယင်းမှာ ထိုနတ်အဆင့်ကျင့်ကြံသူ၏ စိတ်ဆန္ဒက ကောင်းကင်ဘုံနှင့် တစ်သားတည်း ကျနေသည့်အလား။

၎င်းသည်ကား နတ်အဆင့် အထွတ်အထိပ်သို့ ရောက်နေသူတစ်ယောက်၏ နတ်ရုပ်သွင်ကောင်းကင်စိတ်ဆန္ဒပင် ဖြစ်ချေသည်။

ပိုင်ရှောင်ချန်းမှာ အခြေအနေကို တွေးတောကြံဆနေရန်သော်လည်းကောင်း၊ ကောင်းကင်မြို့စားကိုးဦးအတွက် အာရုံစိုက်ရန်သော်လည်းကောင်း အချိန်မရှိပေ။ သူသည် ထိုကြောက်မခန်းလိလိ အံသြတုန်လှုပ်ဖွယ်ကောင်းသော လက်ချောင်းတိုက်ကွက်အပေါ်သာ အာရုံစူးစိုက်နိုင်သည်။

သူ့အတွက် တစ်လောကလုံးတွင် ထိုလက်ချောင်းမှ လွဲ၍ မည်သည့်အရာမှ မရှိတော့ပေ။ ၄င်းက သူ့အပေါ်သို့ ကောင်းကင်နှင့် မြေကြီးကို ဖျက်စီးနိုင်သော စွမ်းအားကြီးဖြင့် ဦးတည်လာသည့်အတွက် သူ၏ ဝိညာဥ်ပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်တော့မည့်အလား ခံစားနေရတော့သည်။

သေရေးရှင်ရေးအခြေအနေတွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသာ ထိုလက်ချောင်းကို ပြန်မတိုက်ခိုက်နိုင်လျှင်...... သူအသတ်ခံရမည်မှာ သံသယဝင်စရာပင် မလိုကြောင်း သူသိသည်။

တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက သရဲကြီးဘုရင် သူ့ကို ပေးခဲ့သည့် ဆယ့်ခြောက်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော အနက်ရောင်လှံကြီးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ခွန်အားအပြည့်ဖြင့် ပစ်လွှတ်လိုက်ရာ ချန်ဟောင်စုန့်၏ လက်ချောင်းတိုက်ကွက်ဆီသို့ အနက်ရောင်လျှပ်စီးတန်းသဖွယ် ဦးတည်သွားလေသည်။

သို့သော် နောက်ထပ်ရှိသေးသည်။ သူက နောက်ကိုဆုတ်ရင်း ထာဝရထီးနက်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆွဲ၍ တစ်ဖက်က ကျိုးဟုန်ကို ဆွဲလိုက်သည်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ် ကြာလိုက်သော်လည်း ထိုအခြင်းအရာများအားလုံးသည် မျက်တောင်တစ်ချက်ခတ်အချိန်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ သူ ကျိုးဟုန်ကို ဆွဲလိုက်သည့် အခိုက်အတန့်နှင့် တစ်ထပ်တည်းမှာပင် ပြင်းထန်သော နားကွဲလုမတတ် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွား၏။

ထိုသည်မှာ အနက်ရောင်လှံကြီးက ချန်ဟောင်စုန့်၏ လက်ချောင်းတိုက်ကွက်နှင့် ထိသွား၍ ဖြစ်သည်။

ဝုန်းးးးး ဖျစ်၊

အနက်ရောင်လှံကြီးသည် သာမန်နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖျက်စီးနိုင်မည်မဟုတ်သည့် အဖိုးတန်ရတနာတစ်ပါးဖြစ်သည်။ ကံဆိုးစွာပင် ချန်ဟောင်စုန့်သည် နတ်အဆင့်၏ မဟာစက်ဝန်းတွင် ရှိပြီး သာမန်နတ်အဆင့်ကျင့်ကြံသူများထက် သာလွန်သော စွမ်းအားဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ လှံကြီးမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး လက်ချောင်းမှာမူ မပျက်စီးသွားသည့်တိုင် များစွာ အားနည်းသွားလေသည်။

လှံကြီးကြေမွသွားစဥ် အားနည်းသွားသော လက်ချောင်းတိုက်ကွက်က ရှေ့သို့ဆက်လာနေပြီးနောက် ထာဝရထီးနက်ကို ဝင်တိုက်လိုက်သည်။

ထာဝရထီးနက်၏ ခုခံစွမ်းအားက တခဏတာ တောင့်ခံနေသည့်အတွက် ပြင်းထန်သော ထစ်ခြုန်းသံများ လေထဲတွင် ပြည့်နှက်နေသည်။ သို့တော် ထီးနက်၏ အရွက်များ အပိုင်းပိုင်း စုတ်ပြဲလာသည်။ မျက်နှာဖုံး၏ စွမ်းအားများက ဖုံးကွယ်ပေးထားသည့် နားလည်ရခက်စွာ ပြုံးနေသော သရဲမျက်နှာကြီးသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ကာ တစစီပျက်စီးနေသောထီးရွက်မှ အလိုအလျောက် ထွက်လာ၍ မြွေတစ်ကောင်ကဲ့သို့ လက်ချောင်းကို ကိုက်ချလိုက်သည်။

ထို့နောက် သရဲမျက်နှာကြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး ထီးနက်၏ အရွက် ပျက်စီးသွားလေသည်။ ကံကောင်းထောက်မစွာ ထီးအရိုးက ပစ္စည်းတစ်ခုခုမှ ပြုလုပ်ထားခဲ့ခြင်းဖြစ်၍ ကျန်ရစ်ခဲ့လေသည်။

ပိုင်ရှောင်ချန်းက ထာဝရထီးနက်၏ အခြေအနေကြောင့် ကြေကွဲသွားရင်း ထည့်သိမ်းလိုက်ကာ တစ်ဆက်တည်းမှာပင် တိုက်ကွက်၏ အားကို အသုံးချ၍ နောက်ဆုတ်လိုက်သည်။ လက်ချောင်းတိုက်ကွက်သည် တစ်ခါတည်းနှင့် နှစ်ကြိမ် အားနည်းသွားပြီး ယခုတွင် ပျောက်ကွယ်သလောက် ဖြစ်နေလေပြီ။ ထိုအချိန်တွင် ကျိုးဟုန်မှာ ပိုင်ရှောင်ချန်းက သူ့ကို ရှေ့ပို့လိုက်သဖြင့် ကြောက်ကြောက်လန့်လန့် အော်ဟစ်လိုက်လေသည်။

" ခင်ဗျား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ရဲ့ သားကို သတ်ရဲလိမ့်မယ်လို့ ကျုပ် မယုံဘူး " ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။ သူ၏ စကားလုံးများ ပဲ့တင်ထပ်သွားချိန်တွင် သူက နောက်ထပ်ကောင်းကင်ကြမ္မာဆေးလုံးကို ထုတ်လိုက်သည်။

ချန်ဟောင်စုန့်သည် ပိုင်ရှောင်ချန်းက ကျိုးဟုန်ကို ဒိုင်းအဖြစ် အသုံးပြုနေသည်ကို မြင်သေါအခါ သူ၏ မျက်နှာပေါ်တွင် အောက်သိုးသိုးအမူအရာတစ်ခု ပေါ်သွားလေသည်။ လျှပ်စီးကဲ့သို့ မျက်လုံးများ တဖျပ်ဖျပ်လက်သွားရင်း လက်ချောင်းတိုက်ကွက်နှင့် သူ၏ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ရာ လက်ချောင်းပုံရိပ်သည် ကျိုးဟုန်ထံ မရောက်မီ များစွာ မှေးမှိန်သွားလေသည်။

သို့ထိတိုင် မည်သည့်အတွက်ကြောင့်မသိ လက်ချောင်းသည် ကျိုးဟုန်ကို နည်းနည်းလေးပင် မထိခိုက်စေဘဲ တန်းတန်းမတ်မတ်ဖြတ်၍ .... ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။

နောက်ဆုံးတွင် လက်ချောင်းတိုက်ကွက်က ဝင်ဆောင့်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက သူ့ပါးစပ်ထဲသို့ ကောင်းကင်ကြမ္မာဆေးလုံးကို ပစ်ထည့်လိုက်ပြီးနောက် သူ၏ ဘယ်လက်ကိုသုံး၍ လာနေသော လက်ချောင်းကြီးထံ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

လေထဲတွင် နားကွဲမတတ်ပေါက်ကွဲသံကြီး ပြည့်နှက်သွား၏။ ပိုင်ရှောင်ချန်းထံမှ အက်ကွဲသံများ ပေါ်ထွက်လာပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားက နောက်သို့ လွင့်ထွက်သွားတော့သည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်ကြမ္မာဆေးလုံး၏ စွမ်းအားများ ပေါ်ထွက်လာပြီး သူ၏ ဒဏ်ရာများထံ ဦးတည်သွားလေသည်။ မီတာသုံးရာလွန်မှ နောက်ဆုံးတွင် သူ မတ်တတ်ရပ်နိုင်သွားပြီး သူမော့ကြည့်လိုက်သောအခါ ဖြူဆုပ်နေသောမျက်နှာနှင့် ဟောဟဲလှိုက်နေသော်လည်း ဒဏ်ရာများအားလုံး လုံးဝပျောက်ကင်းသွားလေသည်။

သူက အခြေအနေကောင်းသည်ဟု ထင်ရသည့်တိုင် သူ၏စိတ်မှာ တည်ငြိမ်မနေပေ။ ဤအချိန်တွင် သူ၏ နတ်များအပေါ် နားလည်ထားခြင်းသည် အမြဲ မပြည့်စုံခဲ့ကြောင်း သဘောပေါက်လိုက်သည်။ နတ်အဆင့်ကျင့်ကြံသူများအကြားတွင် အဆင့်တစ်ခုအထိ အလွန်ကွာဟသော ခြားနားချက်တစ်ခု ရှိနေသည်။

" ဒီလူ ချန်ဟောင်စုန့်က နတ်အဆင့်ရဲ့မဟာစက်ဝန်းမှာ ဖြစ်ရမယ်။ စောစောက တိုက်ကွက်က ကောင်းကင်ဘုံက အားကြီးအတိုင်းပဲ။ ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။ "

သူက ချန်ဟောင်စုန့်ကို မော့ကြည့်လိုက်သည်တွင် သူ့နှလုံးသားမှာ မွန်းကြပ်သော ခံစားချက်ဖြင့် တဒိန်းဒိန်းခုန်လာတော့သည်။

" ကိုယ့်ထက်အဆင့်နိမ့်တဲ့လူတွေကို အနိုင်ကျင့်ရတာ သိပ်ကြိုက်နေတာပေါ့လေ " သူက တွေးလိုက်သည်။

" ခင်ဗျား ကျုပ် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်တဲ့ အထိတော့ နေနှင့်ဦးပေါ့ ။ ကျုပ်က ခင်ဗျားရဲ့ အထက်လူဖြစ်သွားရင် ခင်ဗျားကို အနိုင်ကျင့်ပြမယ် "

ထိုအချိန်တွင် ကျိုုးဟုန်မှာ ကြောက်လန့်တုန်ရီနေပြီး ဖြူဆုတ်နေသော မျက်နှာဖြင့်သာ စိုက်ကြည့်နေနိုင်တော့သည်။ သူ့ထံသို့ နတ်အဆင့်လက်ချောင်းတိုက်ကွက်ကြီး ဦးတည်လာသည်ကို သူမြင်လိုက်ရစဥ်က သူ အသတ်ခံရတော့မည်ဟု တထစ်ချ တွက်မိလိုက်သည်။ သူ့ကိုယ်ထဲတွင် ကြောက်ရွံ့စိတ်များ တည်ရှိနေဆဲဖြစ်ပြီး တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းကို ယခင်ကထက်ပို၍ သူ ကြောက်လန့်သွားတော့သည်။ ပိုင်ရှောင်ချန်းကား ရူးသွပ်နေသော မိစ္ဆာတစ်ကောင်မျှသာ။

ထိုအချိန်တွင် အတန်ငယ်ဝေးသောနေရာမှ ခပ်ဝါးဝါးအနီရောင်အလင်းတစ်ခုက ပိုင်ရှောင်ချန်းထံ ပြေးလာပြီးနောက် သခင်မလေးဟုန်ချိန်၏ရုပ်သွင်က သူ့ရှေ့တည့်တည့်တွင် ပေါ်လာလေသည်။

သူမသည် ထိုလက်ချောင်းတိုက်ကွက်အား သူ တစ်ယောက်တည်း ရင်ဆိုင်နေရသည်ကို မလှမ်းကမ်းမှသာ ကြည့်နေနိုင်ပြီး ၄င်းက သူမကို အတော်လေးတုန်လှုပ်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူမမှာ..... ထိုလူပိုင်ဟောက်အကြောင်း များစွာ မသိသေးသည်ကို သဘောပေါက်လိုက်သည်။

သူမကိုယ်တိုင်သည်လည်း အမှန်တကယ်တော့ ထိုအခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေသည်။ ပိုင်ဟောက်ထံမှ အကြည့်လွှဲလိုက်ပြီး စောစောက အဖြစ်အပျက်မှ အံအားသင့်နေမှုများကို ထိန်းချုပ်လိုက်ပြီးနောက် သူမက ချန်ဟောင်စုန့်ကို ကြည့်ကာ ပြောသည်။

" ချန်ဟောင်စုန့်၊ ကျမ ဒီနေရာကို အဖေ့ကိုယ်စား ပိုင်ဟောက်ကို ကာကွယ်ဖို့ လာတာ "

တိတ်ဆိတ်ငြိမ်သက်မှုများ လွှမ်းမိုးသွား၏။ ပိုင်ရှောင်ချန်းက ကောင်းကင်နယ်စားတစ်ယောက်၏ တိုက်ကွက်ကို အားလျော့စေရန် အသုံးပြုခဲ့သည့် အံသြတုန်လှုပ်ဖွယ်နည်းလမ်းများကြောင့် ကောင်းကင်မြို့စားကိုးဦးမှာ လုံးဝမှင်သက်နေတော့သည်။

သူအသုံးပြုခဲ့သည့် လှုပ်ရှားမှုတိုင်းသည် သမာရိုးကျ ဖြစ်သော်လည်း ထိုသို့ အလိုအလျောက် ပြုလုပ်ခဲ့သည့်အချက်မှာ သာမန်လူအများစု စွမ်းဆောင်နိုင်မည့်အရာ မဟုတ်ပေ။ ၄င်းက ကြံဖန်နိုင်စွမ်းလိုသည်သာမက ဖြတ်ထိုးဉာဏ်လည်း ကောင်းရမည် ဖြစ်သည်။

ထိုမျှသာမက ၄င်းက တိုက်ပွဲ အတွေ့အကြုံများစွာ ရှိကြောင်း သက်သေပြနေသည်။

ပိုင်ရှောင်ချန်း၏အလိုအလျောက်တုံ့ပြန်နိုင်သော အချက်သည် ရှိသမျှလူတိုင်းအတွက် လုံးဝအံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်နေသည်။

ချန်ဟောင်စုန့်၏ မျက်ခုံးပင်လျှင် ပိုင်ရှောင်ချန်း၏ ခွန်အားကြောင့် အနည်းငယ် တွန့်ကွေးသွားသည်။ သူ့အဆင့်အတန်းအရ သူ့အတွက် လက်ရှိအခြေအနေတွင် တစ်ကြိမ်သာ တိုက်ခိုက်ရန် သင့်တော်မည်ဖြစ်သည်။ ထိုမျှသာမက သူက ဆက်လက် တိုက်ခိုက်ချင်နေသည့်တိုင် သခင်မလေးဟုန်ချိန်ကို ရင်ဆိုင်ရန် ရှိပြီး သူမနောက်တွင် သရဲကြီးဘုရင်ရှိသည်။ ထို့ကြောင့် အလွန်တင်းမာခက်ထန်သော အမူအရာဖြင့် ချန်ဟောင်စုန့်က သခင်မလေးဟုန်ချိန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။

" မင်း သူ့ကို ကာကွယ်နေစရာ မလိုပါဘူး "

သခင်မလေးဟုန်ချိန်၏ မျက်ဝန်းကလေးများထဲတွင် အလွန်လေးနက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမစကားပြောလိုက်စဥ်တွင် သူမ၏ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်သွားတော့သည်။

" ကျမ အဖေက ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး မဟာကောင်းကင်သခင်ခန်းမကို ဆက်သွယ်ပြီးသွားပြီ။ မဟာကောင်းကင်သခင်ရဲ့ နောက်ထပ်ဘာဆက်လုပ်ရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှုမရှိသေးဘဲ ကျမ ဘာမှမလုပ်ဘူး။ ရှင်လဲ နောက်ထပ် မလှုပ်ရှားရဘူး ချန်ဟောင်စုန့် "

All Chapters