← Chapters

ရှုပ်ထွေးပွေလီပြီး သန့်စင်ခြင်းမရှိသော သွေးမျိုးဆက်များ

Vol. 26 Ch. 295

ရှုပ်ထွေးပွေလီပြီး သန့်စင်ခြင်းမရှိသော သွေးမျိုးဆက်များ

Vol. 26 Ch. 295

"ဒါပေမဲ့ ဒီလက်သီးရဲ့ အားမာန်ကတော့... မဆိုးဘူးပဲ။"

ပေါက်ကွဲငှက်လက်သီး၏ စွမ်းအားက လုံလောက်မှုရှိသည်၊ ၄င်းက ငှက်တစ်ကောင်ကို တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်၏။

"တကယ်လို့ ငါ တခြားသိုင်းတွေကို အသုံးမပြုဘူးဆိုရင်တောင် ဒီလက်သီးတစ်ချက်တည်းနဲ့တင်... ကိုယ်အလေးချိန်တူတဲ့ လူတစ်ယောက်ကို သေလုနီးပါး ဖြစ်စေနိုင်တယ်‌။"

ကျိယွမ်သည် သူ၏မွေးရာပါသိုင်းစွမ်း ည်ကို သေသေချာချာသုံးသပ်နေ၏။

ထိုစွမ်းရည်မျိုးသည် သိုင်းပညာရှင်များကြားတွင်ပင် အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည် ။

ဥပမာအားဖြင့်ဆိုရလျှင် သ်ုင်းပညာရှင် လက်မှတ်ရထားသည့် ဝမ်ရှီချောင်၏သူငယ်ချင်း ရှင်းယွီပင်လျှင် သူမ၏ မွေးရာပါသိုင်းစွမ်းရည်ကို အသုံးပြုပြီး အဆင့်တူလူတစ်ယောက်ကို လက်သီးတစ်ချက်တည်းဖြင့် မသတ်နိုင်ပါ။

အချက်အချာကျသော နေရာကို မထိဘဲ လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခြင်းသည် ရှားပါးသော စွမ်းဆောင်ရည်တစ်ခုဟုပင် ဆိုရပေခြိမ့်မည်။

"ဒါပေမဲ့ သိုင်းပညာ သက်သက်ကိုပဲ အားကိုးမယ်ဆိုရင်တော့ ယင်ရှန်းနဲ့ ယှဉ်ရင် ကွာဟချက် တော်တော်ရှိနေသေးတယ်‌။"

သိုင်းစွမ်းရည်အရ ကျိယွမ်သည် ယင်ရှန်းထက် များစွာ သာလွန်၏ ။ သို့သော်လည်း ခွန်အား၊ ခံစစ်နှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင်မူ ယင်ရှန်းက ကျိယွမ်ကို သိသိသာသာ သာလွန်နေသည်ကိုတော့ ငြင်းမရပါ။

ဥပမာအားဖြင့် ကျိယွမ်သည် အချို့သော တိုက်ကွက်များကို မည်သို့ ခုခံရမည်ကို သေသေချာချာ သိနေသော်လည်း၊ သူ၏ ခန္ဓာကိုယ်က အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိခြင်းမျိုးဖြစ်သည်။

ထိုသ်ု့ဖြစ်ရခြင်းမှာ ကျိယွမ်၏ လက်ရှိ ခန္ဓာကိုယ် အခြေအနေကြောင့်ဖြစ်လေ၏။သူ၏ ခန္ဓာကိုယ်သည် ကျိန်စာသင့်နေသဖြင့် သာမန်လူထက်ပင် အားနည်းနေလေသည်။

သူသည် ကျင့်ကြံခြင်းကို စတင်နေပြီ ဖြစ်သော်လည်း သူ၏ ကိုယ်ခန္ဓာကတော့ သာမန်လူတစ်ယောက်နှင့်သာ နှိုင်းယှဉ်၍ ရနိုင်သေးပြီး ထိပ်တန်းသိုင်းပညာရှင်များနှင့် မယှဉ်နိုင်ချေ။

"အခု ငါ သတ္တမအဆင့်ကို ရောက်ပြီဆိုတော့ လျှို့ဝှက်ပစ္စည်းတွေကို အသုံးပြုဖို့ အချိန်တန်ပြီ။"

"ဒီနေ့တော့ ဒီလောက်ပဲ "

ဤသို့ဖြင့် နောက်တစ်နေ့သို့ရောက်သောအခါ။

ပြတင်းပေါက် လိုက်ကာများကြားမှ နေရောင်ခြည်အချို့ ဖြာကျပြီး ကြမ်းပြင်ပေါ်တွင် အရိပ်များပေါ်နေ၏။

ဧည့်ခန်းတွင် ထိုင်နေသော ကျိယွမ်နှင့် ဇီးရိုးဝမ်းတို့၏ အရိပ်များပင်ဖြစ်သည်။။

ကျိယွမ်က ဇီရိုးဝမ်းပြင်ဆင်ပေးထားသော မနက်စာကို စားသောက်နေ၏။

ဉာဏ်ရည်တုစက်ရုပ်တစ်ရုပ် ဖြစ်သည့်အတွက် ဇီးရိုးဝမ်းသည် ရိုးရှင်းသော မနက်စာများနှင့် အသင့်စား အစားအစာများကို ပြုလုပ်ပေးနိုင်သည်။

ကျိယွမ်စာနေသော အစားအစာများက အလွန်ရိုးရှင်းလှ၏။ ဆန်ပြုတ်တစ်ပန်းကန်၊ မုန်လာဥပေါက်စီ အနည်းငယ်နှင့် ဘဲဥငန်တစ်လုံးဖြစ်လေသည်။

"နောက်တစ်ခါကျရင် အသား ပိုထည့်ဦး၊ ငါက ကြီးထွားနေတုန်းပဲ။"

ကျိယွမ်က ဘဲဥကို စားရင်းမှ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အိမ်ထဲတွင် အမျိုးမျိုးသော ဆေးဖက်ဝင် အပင်များနှင့် ပင်လယ်မိစ္ဆာများ ပြည့်နှက်နေသော်လည်း၊ ထိုအရာများသည် ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များ ဖြစ်ပြီး၊ ၄င်းတို့ကို အလွန်အကျွံ စားသုံးခြင်းမှာ အရသာမရှိဘဲ ငြီးငွေ့စရာ ကောင်းလှ၏။

ကျိယွမ်သည် နေ့စဉ်နေ့တိုင်း သိုင်းပညာလေ့ကျင့်ရာတွင် စွမ်းအင် အမြောက်အမြားကို လောင်ကျွမ်းစေသဖြင့် အဟာရက သိသိသာသာလိုအပ်သည်။

"နားလည်ပါပြီ။"

ဇီးရိုးဝမ်းသည် အမိန့်အသစ်ကို လက်ခံရယူပြီး မှတ်သားထားလိုက်၏။

ဆယ်မိနစ်ခန့်အကြာတွင် စားပွဲကို စက်ရုပ်က သိမ်းဆည်းပေးလေသည်။

ကျိယွမ်က နေရာမှမထသေးဘဲ စက်ရုပ်အားကြည့်ကာ ပြုံးလိုက်၏။

"တကယ်တော့ ဒီလိုစက်ရုပ်မျိုးက တော်တော် စိတ်ဝင်စားဖို့တော့ ကောင်းသား။ ရုပ်သေးရုပ်တစ်ရုပ်နီးပါး ကောင်းမွန်တာပဲ။"

ကန်းလန်နယ်မြေ တွင် ရုပ်သေးရုပ်များ ပြုလုပ်ရန် အသုံးပြုသော ရုပ်သေးနည်းစနစ်များ ရှိပြီး ရုပ်သေးများသည် ဇီးရိုးဝမ်းထက် ပိုမို ဉာဏ်ရည်ထက်မြက်ကြသည်။ အချို့သော အဆင့်မြင့် ဝိညာဉ်လက်နက်များသည် ဝိညာဉ်များ နိုးထလာနိုင်ပြီး အသိစိတ်များပင် ဖွံ့ဖြိုးလာနိုင်၏။

ဥပမာအားဖြင့်...ကျိယွမ်၏ သမီးလေးကျိကျန့်ကျွင်းကိုပင် မှော်လက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

"ငါ ဇီးရိုးဝမ်းကို အဆင့်မြှင့်ဖို့ စဉ်းစားသင့်သလား ၊ အခုတော့ သူက နည်းနည်းလေး ထုံထိုင်းနေပြီး သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကလည်း သုညနီးပါးပဲ။"

ကျိယွမ်က သူ၏စက်ရုပ်အကြောင်းကို ယနေ့မှစိတ်ဝင်တစား စဉ်းစားနေမိသည်။

"ငါသာ ရုပ်သေးရုပ် တစ်ထောင်လောက် လုပ်ပြီး၊ အီလက်ထရွန်းနစ် စက်ရုံက လူသားအလုပ်သမားတွေလို ဟန်ဆောင်ခိုင်းထားရင်၊ ငါ တစ်လကို လစာသန်းချီပြီး မရနိုင်ဘူးလား"

ကျိယွမ်၏ မျက်လုံးများတောက်ပသွား၏။ သို့သော် ခနအတွင်း ပြန်မှိန်သွားလေသည်။

၄င်းမှာ လက်တွေ့မကျပေ။

ရုပ်သေးရုပ် တစ်ထောင် ပြုလုပ်ရန်အတွက် သူသည် ကုန်ကြမ်းအမြောက်အမြား လိုအပ်မည် ဖြစ်ပြီး၊ သူသည် ရုပ်သေးဆရာတစ်ယောက် ဖြစ်လာရန်လည်း စိတ်မဝင်စားသောကြောင့်ပင်။

သူ၏အကြည့်က ဇီးရိုးဝမ်းအပေါ်သို့ ပြန်ရောက်သွားပြန်သည်။

"ဒါပေမဲ့ ဇီးရိုးဝမ်းကို အဆင့်မြှင့်တင်ရုံကတော့ လုပ်နိုင်လောက်ပါတယ်။ သူ့ကို တိုက်ခိုက်ရေး စွမ်းရည်နည်းနည်းပေးထားရင် ငါ အိမ်မှာ မရှိတဲ့အချိန် အိမ်စောင့်ဖို့ အထောက်အကူ ဖြစ်နိုင်တယ်လေ။"

ခွမ်းဟွမ်ပေးထားသောအိမ်သည် အသုံးဝင်သောဆေးပင်များနှင့် ပင်လယ်မိစ္ဆာများဖြင့် ပြည့်နှက်နေ၏။ ကျိယွမ်သည် သူ၏ လက်ရှိ နိမ့်ပါးသော ကျင့်ကြံမှု အဆင့်ကြောင့် သိုလှောင်အိတ်တစ်ခုကိုပင် မဖန်တီးနိုင်သေးပါ။

"တင်းတောင်...တင်းတောင်..."

ကျိယွမ် စဉ်းစားနေစဉ်မှာပင် ရုတ်တရက် အိမ်ရှေ့မှ ခေါင်းလောင်းသံ မြည်လာ၏။

"ဘယ်သူပါလိမ့်.."

ကျိယွမ်မျက်မှောင်ကုပ်သွားပြီးမှ အသံပေးလိုက်သည်။

"ဝင်ခဲ့ပါ။"

တံခါးပွင့်လာပြီး အနက်ရောင် ဂျာကင်အင်္ကျီကိုဝတ်ထားသော ခွမ်းဟွမ် အခန်းထဲသို့ ဝင်လာလေသည်။

သူ၏ မျက်နှာသည် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေပြီး လက်ထဲတွင် လည်း သေတ္တာကြီးတစ်လုံးကို ကိုင်ဆောင်ထားလေ၏။

"မစ္စတာကျိ၊ ခင်ဗျား တောင်းထားတဲ့ လျှို့ဝှက်ပစ္စည်းတွေကို ကျွန်တော် ယူလာပေးပါတယ်။ ဒါတွေက လုံလောက်ပါ့မလား"

ကျိယွမ်နှင့် ရင်ဆိုင်ရချိန်တွင် ခွမ်းဟွမ်သည် မည်သည့် မောက်မာမှုကိုမျှ မပြသရဲပါ။

ကျောက်ရန်ကျိကို ကျိယွမ်သတ်ဖြတ်ခဲ့သည့် ပုံစံမှာ ထူးဆန်းအံ့ဩဖွယ် ကောင်းလှပြီး မည်မျှစွမ်းအားကြီးမှန်း သိသာ၏။ စုံစမ်းစစ်ဆေးပြီးနောက်တွင် ခွမ်းဟွမ်သည် သာမန်နည်းလမ်းများဖြင့် ထိုကဲ့သို့ မလုပ်ဆောင်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။

နောက်တစ်ချက်ကတော့ ကျိယွမ်၏ လမ်းညွှန်မှုဖြင့် သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုသည် မကြာသေးမီက တိုးတက်မှုများ ပြသလာသောကြောင့်ဖြစ်သည်။

မနေ့ညကဆိုလျှင် သူသည် သူ၏ လက်ချောင်းများဖြင့် သေးငယ်သော မီးတောက်တစ်ခုကိုပင် ဖန်တီးနိုင်ခဲ့၏။ ထိုမီးတောက်မှာ မီးခြစ်တစ်ခုထက်ပင် သေးငယ်ပြီး လေတစ်ချက်မှုတ်ရုံဖြင့် ငြိမ်းသွားနိုင်သော်လည်း အံသြဘနမ်းဖြစ်ရပ်ပင် မဟုတ်ပါလား။ ကုံရှင်းပေါ်တွင် မည်သူက လက်ချောင်းများမှ မီးတောက်လာအောင် လုပ်နိုင်သနည်း ။ သူ ခွမ်းဟွမ်က ပထမဆုံးပင်။

"ဒါတွေက လျှို့ဝှက်ပစ္စည်းတွေလား"

ကျိယွမ်က သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အသားခြောက်များနှင့် တူသော အရာများ ထည့်ထားသည့် ဖန်ဘူးများကို အစီအရီ တွေ့လိုက်ရသည်။

"ဒါက... ပင်လယ်မိစ္ဆာ အသားတွေလား"

ကျိယွမ်သည် လျှို့ဝှက်ပစ္စည်းများတွင် ပါဝင်သော အဓိက အစိတ်အပိုင်းမှာ ပင်လယ်မိစ္ဆာ အသားများဖြစ်ကြောင်း ချက်ချင်းသိလေ၏။

သိုင်းပညာ လေ့ကျင့်ခြင်းမှာ အဘယ်ကြောင့် ဤမျှ ကုန်ကျစရိတ် များပြားရသနည်းဆိုသည်မှာ မဆန်းတော့ပါ။

ရှင်းယွီသည် လျှို့ဝှက်ပစ္စည်းများအတွက် တစ်လလျှင် သိန်းနှင့်ချီ၍ အသုံးပြုနေသည်။ အကယ်၍ ၄င်းတို့ကို ပင်လယ်မိစ္ဆာအသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါက စျေးကြီးမည်မှာ သဘာဝပင်။

"မစ္စတာကျိက အမြင်စူးရှတာပဲ။ ကျွန်တော် မကြာသေးခင်က လျှို့ဝှက်ပစ္စည်းတွေအကြောင်း လေ့လာကြည့်တော့၊ အဲဒါတွေရဲ့ အဓိက ပါဝင်ပစ္စည်းက ပင်လယ်မိစ္ဆာ အသား ဖြစ်နေတာကို တွေ့ရတယ်။"

ခွမ်းဟွမ်သည် ယခင်က သိုင်းပညာ အကြောင်း အနည်းငယ် သိရှိခဲ့သော်လည်း ထဲထဲဝင်ဝင်မရှိပါ။ သူသည် ကျိယွမ်၏ ခိုင်းစေချက်ကြောင့်သာ လျှို့ဝှက်ပစ္စည်းများအကြောင်းကို စုံစမ်းခဲ့ခြင်း ဖြစ်၏။

သို့သော် သူတွေ့ရှိခဲ့သည့် အရာမှာ အံ့ဩစရာ ကောင်းလှသည်။ သိုင်းပညာလောကတွင် အသုံးပြုနေသော လျှို့ဝှက်ပစ္စည်းများသည် အမှန်တကယ်တွင် တားမြစ်ထားသော ပင်လယ်မိစ္ဆာများ ဖြစ်နေသည် မဟုတ်ပါလား။

ဤတွေ့ရှိချက်သည် ခွမ်းဟွမ်၏ သံသယများကို ရှင်းလင်းသွားစေခဲ့သည်။

ချင်းယွမ်နိုင်ငံ၌ သိုင်းပညာရှင် အများစုမှာ အင်တာနက်ပေါ်တွင် နာမည်ကြီးသူများ ဖြစ်လာကြသည် သို့မဟုတ် အစိုးရယန္တရားအတွင်းသို့ ဝင်ရောက်နိုင်ကြသည်။

အစိုးရယန္တရားအတွင်းရောက်သည်နှင့် သိုင်းပညာရှင် အများစုမှာ ရေတပ်သို့ ရောက်ရှိသွားကြ၏။ ထို့ကြောင့်တားမြစ်ထားသော အရာဖြစ်သည့် ပင်လယ်မိစ္ဆာအသားကို လျှို့ဝှက်ပစ္စည်းအဖြစ် အသုံးပြုနေခြင်းအား အာဏာပိုင်များက သိရှိနေသော်လည်း မသိကျိုးဟန်ပြုပေးထားကြလေသည်။

ယေဘုယျအားဖြင့် သိုင်းပညာ လေ့ကျင့်သူများသည် ချမ်းသာကြွယ်ဝသော မိသားစုများမှ လာကြသူများ ဖြစ်သည်။ ၄င်းတို့၏ ငွေကြေးများကို ကိုယ်ခံပညာ လေ့ကျင့်မှုတွင် အသုံးပြုစေခြင်းမှာ နိုင်ငံငွေကြေးလည်ပတ်မှုအတွက် အကျိုးရှိသည်ဟု ရှုမြင်ကြလေသည်။

ထို့အပြင် တားမြစ်ပစ္စည်း ဖြစ်သော လျှို့ဝှက်ပစ္စည်းလုပ်ငန်း၏ အကြီးမားဆုံး ထုတ်လုပ်သူမှာ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်နေနိုင်ခြေလည်းရှိသည်။

ပြောရလျှင် ချင်းယွမ်နိုင်ငံတွင် လျှို့ဝှက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းမှ မည်မျှအထိ ငွေရနိုင်သနည်း။

ထိုပမာဏမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ များပြားလှမှာကတော့ အသေအချာပင်။

"ဒါဆို သိုင်းပညာတွေက ပင်လယ်မိစ္ဆာတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတာပေါ့။"

ကျိယွမ်သည် ပင်လယ်မိစ္ဆာ အသားခြောက် တစ်ဖဲ့ကို ယူကာ ပါးစပ်ထဲ ထည့်ပြီး ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။ ၄င်း၏ အရသာမှာ သစ်သီးခြောက်နှင့် ခပ်ဆင်ဆင် တူပြီး ချိုချိုဆိမ့်ဆိမ့် အရသာ ရှိ၏။

လျှို့ဝှက်ပစ္စည်းကို ပင်လယ်မိစ္ဆာ အသားသက်သက်ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ၊ အခြားသော ပါဝင်ပစ္စည်းများစွာကို ထည့်သွင်းထားကြောင်း ထင်ရှားလှသည်။

"အမှန်ပဲ... ဒါက သွေးပဲ။"

လျှို့ဝှက်ပစ္စည်းကို စားသုံးပြီးနောက် ချီယွမ် ခံစားလိုက်ရသည့် အကြီးမားဆုံး အပြောင်းအလဲမှာ သူ၏ သွေးများ အနည်းငယ် ပူနွေးလာခြင်းပင်။

ဤကမ္ဘာရှိ သိုင်းပညာရှင်များကတော့ ထိုကဲ့သို့ သိမ်မွေ့သော အပူတိုးလာမှုကို သတိပြုမိမည် မဟုတ်ပါ။

ကျိယွမ်သည် ဤကမ္ဘာ၏ သိုင်းပညာအကြောင်းအား ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။

"ဒါပေမဲ့... လူတိုင်းရဲ့ သွေးမျိုးဆက် ဇစ်မြစ်က မတူကြဘူးလေ။ သာမန် လျှို့ဝှက်ပစ္စည်းတွေက မတူညီတဲ့ သွေးမျိုးဆက်တွေကို ရောနှောပြီး ဖြည့်တင်းပေးတာပဲ... ဒါက သိုင်းပညာကို တိုးတက်စေနိုင်တာ မှန်ပေမဲ့ တစ်ယောက်ယောက်ရဲ့ စွမ်းရည်ကိုလည်း ပိတ်ဆို့သွားစေနိုင်တယ် ၊ ညစ်ညမ်းသွားစေလိမ့်မယ်။"

ရှေးယခင်ခေတ်များက အစွမ်းထက်သော သိုင်းပညာရှင်များသည် မွေးရာပါသိုင်းစွမ်းရည်များသာမက မွေးရာပါ သတ်ဖြတ်ကွက်များပါ ရှိခဲ့ကြောင်း ယင်ရှန်းက ပြောပြဖူးသည်ကို ကျိယွမ် သတိရသွား၏။

သို့သော်လည်း သာမန်လူများသည် လျှို့ဝှက်ပစ္စည်း အမျိုးမျိုးကို စားသုံးခြင်းဖြင့် ၄င်းတို့၏ ခန္ဓာကိုယ်အတွင်း မတူညီသော သွေးမျိုးဆက်များကို ရောနှောသွားစေပြီး၊ ၄င်းမှာ ရှုပ်ထွေးပွေလီပြီး မသန့်စင်သော သွေးမျိုးဆက်များကို ဖြစ်ပေါ်လာစေကာ၊ ၄င်းတို့၏ကိုယ်ပိုင် မွေးရာပါ သတ်ဖြတ်ကွက်များကို ဖန်တီးနိုင်စွမ်း မရှိအောင် တားဆီးထားသလို ဖြစ်သွား၏။

လျှို့ဝှက်ပစ္စည်းများအား ခွဲခြမ်းစိတ်ဖြာကြည့်ရာမှ ကျိယွမ်သည် ဤကမ္ဘာရှိ မွေးရာပါသတ်ဖြတ်ကွက်အဆင့်အောက်ရှိ သိုင်းပညာ လမ်းစဉ်ကို လုံးဝနီးပါး ကောက်ချက်ချနိုင်သွားခဲ့သည်။

ခွမ်းဟွမ်းသည် ဂရုတစိုက် နားထောင်နေသော်လည်း သိပ်နားမလည်ပါ ။ သူက သိုင်းပညာအား သိပ်မလေ့လာသဖြင့် မွေးရာပါစွမ်းရည်များနှင့်သတ်ဖြတ်ကွက်များကို ကြားပင်မကြားဖူးချေ။

"အရသာက မဆိုးပါဘူး၊ အာဟာရလည်း တော်တော် ဖြစ်တယ်။"

လျှို့ဝှက်ပစ္စည်းများက သွေးမျိုးဆက်များ ရောနှောနေသော်လည်း ကျိယွမ်သည် ၄င်းတို့ကို ဆက်လက် စားသုံးနေသည်။

သိုင်းပညာ ကျင့်ကြံခြင်းသည် လျှို့ဝှက်ပစ္စည်းများနှင့် ခွဲခြား၍ မရနိုင်ကြောင်း သူသဘောပေါက်သွား၏။ သွေးမျိုးဆက်ကို အားမဖြည့်ဘဲ ကျင့်ကြံမှု တိုးတက်ရန် အလွန် ခက်ခဲမည် ဖြစ်ပြီး၊ သိုင်းပညာ အဆင့်တက်ရန်မှာ ပို၍ပင် ခက်ခဲလာမည်ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်က မိမိ၏ သွေးမျိုးဆက်ကို သန့်စင်အောင် ထားရှိလိုပါက၊ တစ်ခုတည်းသော ရွေးချယ်ရန်မှာ မိမိနှင့် ကိုက်ညီသော သွေးမျိုးဆက်ရှိသည့် ပင်လယ်မိစ္ဆာတစ်မျိုးတည်းကို အမြဲတမ်း ရှာဖွေစားသုံးရမည်ဖြစ်၏။

ကံမကောင်းစွာဖြင့် ပင်လယ်မိစ္ဆာများမှာ ရှားပါးပြီး ရှာဖွေရန် ခက်ခဲသည်။ အကြိမ်တိုင်း တူညီသောအမျိုးအစားတစ်ခုတည်းကို စားရန်မှာမဖြစ်နိုင်ပါ ။ မိမိသွေးမျိုးဆက်နှင့်တူသော သတ္တဝါတစ်မျိုးတည်ကို စားရန်ဆိုလျှင် ပို၍ပင်မဖြစ်နိုင်ချေ။

ထို့ကြောင့် ကျိယွမ်သည် သူ၏ သိုင်းပညာ အထွတ်အထိပ် ရောက်သည့် အချိန်မှသာ သွေးမျိုးဆက် သန့်စင်မှုကို ထည့်သွင်းစဉ်းစားရန် ဆုံးဖြတ်လိုက်ရသည်။

ကံကောင်းသည်မှာ လျှို့ဝှက်ပစ္စည်းများကို စားသုံးခြင်းက သွေးမျိုးဆက်ကို ရှုပ်ထွေးသွားစေနိုင်သော်လည်း ကျိယွမ်တွင် ဝါးမျိုခြင်းခန္ဓာကိုယ်ရှိနေသောကြောင့် သူ၏ သွေးသည် အမှန်တကယ် ရှုပ်ထွေးသွားမည် မဟုတ်ပါ။

"ဒါနဲ့ မင်းရဲ့ ကျင့်ကြံမှုရောဘယ်လိုနေလဲ"

လျှို့ဝှက်ပစ္စည်းများကို စားသုံးပြီးနောက် ကျိယွမ်က ခွမ်းဟွမ်ကို မေးလိုက်သည်။

"အခု ကျွန်တော်... မီးတောက်သေးသေးလေးတစ်ခု ထုတ်နိုင်နေပြီ"

သူ၏ အောင်မြင်မှုကို မျှဝေနိုင်မည့်သူ ရှိလာသည့်အတွက် ခွမ်းဟွမ် အလွန် စိတ်လှုပ်ရှားနေ၏။ သူက အာရုံစူးစိုက်လိုက်သည်နှင့် သူ၏ လက်ထဲတွင် အားနည်းသော မီးတောက်သေးသေးလေး တစ်ခု ပေါ်လာသည်။

သို့သော်လည်း ၄င်းမှာ သေးငယ်လွန်းပြီး အားနည်းလွန်းလှသဖြင့် မည်သည့်နေရာတွင်မှ အသုံးမပြုနိင်ပါ ။ မီးမွှေးရန်ပင် အဆင်မပြေနိုင်ပေ။

"မဆိုးဘူး၊ နောက်ဆုံးတော့ မင်း အရည်အချင်းတစ်ခု ရလာပြီပဲ။ တကယ်လို့ မင်းရဲ့ မိသားစု စီးပွားပျက်သွားရင်တောင်၊ မင်း မျက်လှည့်ဆရာ လုပ်ပြီး ငွေ တော်တော် ရှာနိုင်မှာပဲ။"

ကျိယွမ်က ချီးကျူးလိုက်၏။

သူ၏နောက်သို့လိုက်သူများသည် အမြဲတမ်း တောက်ပသော အနာဂတ် ရှိကြ၏။ ယခု ခွမ်းဟွမ်ကိုပင်ကြည့်ပါ ၊ သူ အလုပ်ပြုတ်သွားလျှင်ပင် မျက်လှည့်ဆရာအဖြစ် အသက်မွေးနိုင်သေးသည် မဟုတ်ပါလား။

"ငါ မင်းရဲ့ နည်းစနစ်ကို နည်းနည်း ပြုပြင်ပေးထားတယ်‌၊ မင်း အခြေခံတည်အဆင့်ရောက်ဖို့ ပြဿနာ ရှိမှာ မဟုတ်တော့ဘူး။ ငါ မကြာခင် ပစ္စည်းတချို့ လိုလိမ့်မယ်‌၊ အဲဒါတွေကို စုဆောင်းပေးဖို့ မင်းကို လိုအပ်တယ်။"

ကျိယွမ်သည် သူမွမ်းမံထားသော

စူပါပေါက်ကွဲကျင့်စဥ်ကို ခွမ်းဟွမ်အားပေးလိုက်ပြီး သူလိုအပ်သော ပစ္စည်းများကိုပါ တစ်ခါတည်း စာရင်းလုပ်ပေးလိုက်သည်။

လိုအပ်သော ပစ္စည်းများတွင် ကျင့်ကြံခြင်း အရင်းအမြစ်များသာမက ရုပ်သေးများ ပြုလုပ်ရန် အစိတ်အပိုင်းများနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအတွက် လိုအပ်သော အရာများလည်း ပါဝင်၏။

ဤကမ္ဘာတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအတွက် လိုအပ်သော အရာများမရှိသဖြင့် ကျိယွမ်သည် ၄င်းတို့ကို ကိုယ်တိုင် ဖန်တီးရန် စီစဉ်နေရသည် ။

အချိန်ကို ခန့်မှန်းကြည့်လျှင် နောက်တစ်လခန့်တွင် သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို စတင်နိုင်မည်ဖြစ်ပြီး ခြောက်လအတွင်း အမြုတေအဆင့်သို့ ရောက်ရှိမည်ဟု တွက်ချက်ထားသည် ။

ထိုအချိန်သို့ရောက်လျှင် သူသည် နင်းထောင်ကို ခေါ်ဆောင်နိုင်ပေတော့မည် ။

"ကောင်းပါပြီ၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်။"

သို့သော် ခွမ်းဟွမ်သည် ပြန်မလိုပြင်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အလေးအနက် ပြောလိုက်သည်။

"မစ္စတာကျိ ကျွန်တော် ခဏလောက်တော့ ပစ္စည်းတွေကို ကိုယ်တိုင် လာပို့ပေးနိုင်မှာ မဟုတ်ဘူး။ မကြာသေးခင်က ဝူကွေနဲ့ ယွဲ့လန်တို့ ပြန်ပြီး စစ်ဖြစ်နေကြတယ်‌၊ ကျွန်တော် ယွဲ့လန်ကို ကူညီဖို့ လက်နက်တချို့ သွားပို့ပေးရမှာမို့ပါ။"

ကွမ်းဟွမ်၏ လုပ်ငန်းမှာ လက်နက်ပွဲစားဖြစ်၏။

စစ်ဖြစ်နေချိန်က သူ့အတွက် လက်ဖျားငွေသီးသည့်အချိန်ပင်။ သူ၏အလုပ်က ဆရာဝန်များနှင့် အခေါင်းရောင်းသူများကဲသို့ပင် လူများကပ်တိုက်လေလေ သူတို့က ပိုကြိုက်လေပင်။တစ်ခါတစ်ရံ စစ်မဖြစ်ဘဲ အရောင်းအဝယ်ပါးနေလျှင် သက်ဆိုင်ရာများနှင့်ပေါင်းကာ နိုင်ငံငယ်လေးများကို ရန်တိုက်ပေးပြီး ငွေရှာရသည့် အချိန်များပင်ရှိ၏။

ထို့အပြင် သူသည် စစ်တပ်နှင့် ပူးပေါင်းကာ လက်နက်အဟောင်းအချို့ကိုလည်း ရောင်းချပေးနေခြင်း ဖြစ်သည်။ လက်ရှိတွင် ယွဲ့လန်သည် ချင်းယွမ်က ထောက်ပံ့ပေးထားသော နိုင်ငံလေးဖြစ်ပြီး ၄င်းတို့သည် ဝူကွေနှင့် စစ်ဖြစ်နေလေပြီ။

အထက်မှ ပေးအပ်သော ဤတာဝန်ကြောင့် ခွမ်းဟွမ်သည် ယွဲ့လန်တွင် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ်ကြာအောင်ပင် နေထိုင်ရနိုင်သည်။

"ကောင်းပြီ၊ ငါလိုအပ်တဲ့ ပစ္စည်းတွေ မပြတ်လပ်ဖို့ပဲ သေချာအောင် လုပ်ပါ။"

ကျိယွမ်က ထိုကိစ္စများကို သိပ်ဂရုမစိုက်ပါ။လက်နက်ပွဲစားက လက်နက်ရောင်းခြင်းသည် သဘာဝပင်။

ယွဲ့လန်နှင့် ဝူကွေကြားမှ စစ်ပွဲကတော့ မမျှော်လင့်ထားသည့် အရာလည်း မဟုတ်ပါ ။ မကြာသေးမီက သတင်းခေါင်းကြီးပိုင်းများတွင် ဝူကွေက ကျူးလွန်ခဲ့သော လူမဆန်သည့် လုပ်ရပ်များစွာကို ဖော်ပြနေပြီး ဝူကွေနှင့် ယွဲ့လန်ကြားမှ တင်းမာမှုမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီးသားပင်။

အကယ်၍ ထိုနှစ်နိုင်ငံက မတိုက်ခိုက်ချင်စေကာမူ ချင်းယွမ်နှင့် ကုဝူတို့က အေးအေးချမ်းချမ်းနေခွင့်ပြုမည် မဟုတ်ပါ။သေချာပေါက် နှစ်ဖက်ညှပ်ကာ ရန်တိုက်ပေးခြင်းအပြင် သံတမန်ရေး ဖိအားများပါ ပေးကြမည်ဖြစ်၏။

"စိတ်မပူပါနဲ့ မစ္စတာကျိ။ ခင်ဗျား လိုအပ်တဲ့ ပစ္စည်းအားလုံးကို ကျွန်တော် စီစဉ်ပေးထားပါ့မယ်"

ခွမ်းဟွမ်က ထိုကိစ္စကို လေးနက်စွာကတိပြုလိုက်သည်။

"ငါက မိစ္ဆာကျင့်ကြံသူ မဟုတ်တာ နှမြောစရာပဲ၊ ငါ့မှာ ဝိညာဉ်တစ်သောင်းအလံလည်း မရှိဘူး။ မဟုတ်ရင် စစ်မြေပြင်မှာ ကျန်ရစ်တဲ့ ဝိညာဉ်တွေ အများကြီး စုဆောင်းလို့ ရမှာ"

ကျိယွမ်က ထိုသို့တွေးကာ သက်ပြင်းချလိုက်သည် ။

သာမန်လူသားများတွင် စစ်မှန်သော ကမ္ဘာဦးဝိညာဥ်များ မရှိကြချေ၊ ၄င်းတို့ သေဆုံးသောအခါ ရိုးရိုးရှင်းရှင်းပင် သေဆုံးသွားကြပြီး ထူးထူးခြားခြား အသုံးမဝင်ပါ။

သို့သော်လည်း ကျင့်ကြံသူများသည် သေဆုံးသူများထံမှ ကျန်ရစ်သော ဝိညာဉ်များကို ထုတ်ယူ သန့်စင်နိုင်ပြီး၊ ၄င်းတို့ကို ဝိညာဉ်တစ်သောင်းအလံအတွင်း ထည့်သွင်းကာ မှော်လက်နက်အဖြစ် အသုံးပြုနိုင်၏။

"ဝိညာဉ်တစ်သောင်းအလံ... အဲဒါက ဘာလဲ"

ခွမ်းဟွမ်က ဇဝေဇဝါဖြင့် မေးလိုက်သည် ။ သူက ထိုစကားလုံးမျိုးကို မကြားဖူးပါ။

"အင်း... ဝိညာဉ်တစ်သောင်းအလံကို သုံးတဲ့သူတိုင်းဟာ အများအားဖြင့် မိစ္ဆာကျင့်ကြံသူတွေပဲ။ မင်း အဲဒါကို တွေ့ရင် ဝေးဝေးကနေသာ ပြေးတော့။"

မိမိကိုယ်ကိုယ် ဥပဒေကို လေးစားပြီး စိတ်နှလုံး ကောင်းမွန်သူ (ဥပဒေကို အမြဲ လိုက်နာပြီး အများပြည်သူသုံး ယာဉ်များပေါ်တွင် လူကြီးများကို နေရာဖယ်ပေးသူ) အဖြစ် သတ်မှတ်ထားသော ကျိယွမ်သည် မိစ္ဆာကျင့်ကြံသူများကို ရွံရှာ၏။

"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားပါ့မယ်။"

ကျိယွမ်၏ လမ်းညွှန်ချက်ကို ခွမ်းဟွမ်က မည်သို့ မမှတ်သားဘဲ နေရဲမည်နည်း။

သူ့အတွက် ကျိယွမ်သည် ဒဏ္ဍာရီလာ မသေမျိုးကျင့်ကြံသူကြီး မဟုတ်ပါလား။

ဤသို့ဖြင့် အချိန်တစ်လကြာမြင့်သွားခဲ့သည်။

မင်ဝူသင်တန်းကျောင်းတွင် ကျိယွမ် လေ့ကျင့်နေဆဲပင်။

ယခုအချိန်တွင် သူသည် မင်ဝူလက်သီးသိုင်း၏ နဝမအဆင့်သို့ ရောက်ရှိနေလေပြီ ။ သင်တန်းကျောင်းသို့ စတင်ဝင်ရောက်စဉ်နှင့် နှိုင်းယှဉ်ပါက၊ ယခုအခါ သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ များစွာ ကောင်းမွန်နေပြီဖြစ်သည်။

သူ လက်သီးတစ်ချက်ထိုးလိုက်ချိန်တိုင်းတွင် လှုပ်ရှားမှုများသည် ပြင်းထန်ပြီး အားမာန်နှင့် ပြည့်နှက်နေ၏။

သူလေ့ကျင့်နေသော အနီးအနားတွင်တော့ မင်ဝူသင်တန်းကျောင်းမှ ကျောင်းသားများသည် ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး စကားပြောနေကြသည် ။

ဝမ်ရှီချောင်သည် ခြေချိတ်ထိုင်ကာ အမျိုးသမီးသုံး စီးကရက်တစ်လိပ်ကို သောက်နေပြီး သူမ၏ ပုံရိပ်ကို လုံးဝကို မထီမဲ့မြင်နိုင်၏။

"သူဌေးမလေးရှင်း၊ ငါ့ကို ပိုက်ဆံခဏလောက် ချေးပါဦးလား ၊ ဒီတစ်ခါ နင် သန်း ၁၇၀လောက် ရတယ်လို့ ငါ ကြားတယ်"

စကားနှင့်အတူ ဝမ်ရှီချောင်က ရှင်းယွီကို မနာလိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လွန်ခဲ့သော လဝက်ခန့်က ရှင်းယွီ၏ အသက် ခုနစ်ဆယ်အရွယ် ခင်ပွန်းသည် ကွယ်လွန်သွားခဲ့ပြီး အမွေများကို ခွဲဝေလိုက်ရာ ရှင်းယွီသည် သန်း ၁၇၀ ရရှိခဲ့သည်။

ကျောင်းသားများအတွက် သန်း ၁၇၀ ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပါ။ ရွှီထဲ့ဟွာ မှလွဲ၍ မည်သူမျှ လက်ငင်းငွေသား သန်း ၁၇၀ ကို မထုတ်ပေးနိုင်ကြပေ။

လက်ရှိကျောင်းသားများထဲတွင် ရှင်းယွီကို တော်တော်လေး ချမ်းသာသူအဖြစ် သတ်မှတ်နိုင်၏။

"ငါ့ပိုက်ဆံကို လာမကြည့်နဲ့။ ငါက ငါ့ဇာတိမြို့မှာ ကျောင်းတစ်ကျောင်း လှူဖို့ စီစဉ်ထားပြီးသား။"

ရှင်းယွီ၏ မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်များ ပြည့်နေသည်။

သူမသည် မိသားစု နောက်ခံ အခြေအနေ ဆင်းရဲသော မြို့ငယ်လေးတစ်မြို့မှ လာသူ ဖြစ်လေသည်။ သူမ၏ မြို့ငယ်လေးမှာ အမှန်တကယ်ပြောရလျှင် ၂၁ရာစုကမ္ဘာပေါ်ရှိ ရွာတစ်ရွာထက်ပင် လူဦးရေ နည်းပါးလေ၏။

ထိုနေရာရှိ ကျောင်းအဆောက်အအုံများမှာ အလွန်ပင် ဟောင်းနွမ်းနေပြီး ပညာသင်ကြားရန် လုံးဝခက်ခဲနေခဲ့သည်မှာ ကြာလေပြီ။

ရှင်းယွီ ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ တက်ခွင့်ရရှိစဉ်က မြို့တစ်မြို့လုံးရှိ လူများက သူမထံ လက်ဆောင်များ ပေးပို့ခဲ့ကြသည်။ အမှန်စင်စစ် သူမ၏ တက္ကသိုလ် ကျောင်းလခအတွက် ငွေအများစုမှာ မြို့သူမြို့သားများထံမှ ရရှိခဲ့ခြင်းဟုပင် ဆိုနိုင်၏။

ချင်းယွမ်နိုင်ငံရှိ တက္ကသိုလ်များ၊ အထူးသဖြင့် ထိပ်တန်း တက္ကသိုလ်များ၏ ကျောင်းလခမှာ မြင့်မားလှပြီး တစ်နှစ်လျှင် သိန်းနှင့်ချီ၍ ကုန်ကျသည် ။ ထိပ်တန်း တက္ကသိုလ်များသို့ တက်ခွင့်ရသော်လည်း တက်ရောက်ရန် ငွေကြေးမရှိသော ဆင်းရဲသည့် ကလေးအများအပြားမှာ အတိုးနှုန်းမြင့်မားသော ကျောင်းသားချေးငွေများကို ရယူကြရသည် ။

ရှင်းယွီ၏ နယ်မြို့လေးမှလူများသည် အလွန် ကြင်နာတတ်ကြပြီး သူမအတွက် ကျောင်းလခများ စုဆောင်းပေးခဲ့ကြသဖြင့် သူမအနေဖြင့် တက္ကသိုလ် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည် ။

ထို့ကြောင့် သူမသည် ၄င်းတို့ကို အလွန် ကျေးဇူးတင်၏။ ထို့ကြောင့် သူမ အဆင်ပြေလာသောအခါ သူမ၏ ဇာတိမြို့ကို ပြန်လည် ထောက်ပံ့ရန် မမေ့လျော့ပါ။

သူမ ရရှိထားသော အမွေများဖြင့် သူမ၏ ဇာတိမြို့တွင် ကျောင်းတစ်ကျောင်း တည်ဆောက်ရန် စီစဉ်ထားပြီး၊ သူမ၏ မြို့သူမြို့သားများကို ကူညီရန်အတွက် ထျန်းယွဲ့မှ အရင်းအမြစ်များကို အသုံးချမည့် ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ရန် စီစဉ်ထားလေသည်။

"နင်က သန်း ၁၇၀ ပဲ ရသေးတာကို အဲဒီလောက် ဖြုန်းနေတာလား ၊ သတိထားဦး၊ မဟုတ်ရင် နောက် ၂နှစ် ၃ နှစ်အတွင်းမှာ အကုန် ကုန်သွားလိမ့်မယ်။"

ဝမ်ရှီချောင်က မနေနိုင်စွာ မှတ်ချက်

ပေးမိသည်။

"စိတ်မပူပါနဲ့၊ ငါ သန်း ၂၀ ကိုတော့ မထိဘဲ သိမ်းထားပါတယ်။ တကယ်လို့ ငါ ရှုံးနိမ့်သွားရင်တောင် အဆိုးဆုံးကတော့ သာမန်လူတစ်ယောက်လို ပြန်နေထိုင်သွားရုံပေါ့။ငါ မကြောက်ပါဘူး "

ရှင်းယွီက ပေါ့ပါးစွာ ရယ်မောလိုက်သည်။

ကွယ်လွန်သွားသောခင်ပွန်း၏ သားများအတွက်မူ သူမသည် ရှက်ရွံ့မှုမရှိသော ငွေမက်သူတစ်ဦးဟု ထင်ရနိုင်သော်လည်း၊ သူမ၏ ဇာတိမြို့မှ လူများအတွက်မူ သူမသည် အမှန်တကယ်ပင် အောင်မြင်ပြီး ကျေးဇူးသိတတ်သူတစ်ဦးပင်။

တစ်ခါတစ်ရံ၌ တစ်ဖက်ကိုကောင်းပေးချင်လျှင် တစ်ဖက်အပေါ် ဆိုးသွမ်းရသည်က လောကသဘာဝတစ်မျိုးဖြစ်ပြီး သူမအနေဖြင့် ရှောင်လွှဲမရပါ ။

"ဒီနေ့ခေတ် နိုင်ငံတကာ အခြေအနေနဲ့ဆိုရင် သန်း ၂၀ က မလုံလောက်ဘူး။ ယွဲ့လန်နဲ့ ဝူကွေတို့ စစ်ပြန်ဖြစ်နေကြပြီ၊ ပြီးတော့ အဲဒီ အောက်တန်းကျတဲ့ ကွေ့ရန် လူမျိုးတွေ၊ သူတို့က အမြဲတမ်း ပြဿနာ ရှာနေတာပဲ"

"အထူးသဖြင့် ဝူကွေရဲ့ ခေါင်းဆောင်ပေါ့။ မနေ့ကတင် သူက ချင်းယွမ်ကို လက်စားချေမယ်လို့ ခြိမ်းခြောက်နေသေးတယ်။ ကုဝူနိုင်ငံရဲ့ မွေးစားခွေးတစ်ကောင် ဖြစ်နေလို့ သူက အဲဒီလောက်အထိ ရဲတင်းနေတာ"

ဝမ်ရှီချောင်သည် ပြောရင်းဒေါသထွက်လာပြီး စီးကရက်ကိုပင် ထိုးချေပစ်လေ၏။

မနေ့ညက သူမသည် အင်တာနက်ပေါ်တွင် ကွေ့ရန်လူမျိုး တစ်ယောက်နှင့်တွေ့ကာ ကွန့်မန်ပေါင်း ဒါဇင်နှင့်ချီ၍ အငြင်းပွားခဲ့သည်။ ၄င်းက သူမကို အလွန် ဒေါသထွက်စေသဖြင့် သူမသည် စစ်တပ်ထဲဝင်ပြီး ယွဲ့လန်ကို တိုက်ရိုက် သွားရောက် ကူညီချင်စိတ်ပင် ပေါက်နေ၏။

သို့သော် ၄င်းမှာ ဒေါသအတွေးတစ်ခုသာ ဖြစ်ပြီး စစ်တပ်ထဲဝင်ရန်မှာ သူမအတွက် အမှန်တကယ် ဖြစ်နိုင်သော ရွေးချယ်မှု မဟုတ်ချေ။

"နင် အင်တာနက်ပေါ်က လူတွေနဲ့ ရန်ဖြစ်တာကို ရပ်သင့်ပြီ။ နင် ဘယ်တော့မှလည်း မနိုင်ဘဲနဲ့။"

ရှင်းယွီက ရယ်မောရင်း ဝမ်ရှီချောင်ကို စနောက်လိုက်သည်။

သူမက ဝမ်ရှီချောင်၏ အခန်းဖော်ဖြစ်သောကြောင့် သူငယ်ချင်းဖြစ်သူ၏ စရိုက်ကို ကောင်းစွာ သိလေ၏။

ယခုလေသံအရ မနေ့ညက အင်တာနက်ပေါ်တွင် ရန်ဖြစ်နေခဲ့ကြောင်းမှာ ထင်ရှားလှသည်။

"ငါက သူ့ကို ပြန်ပြောချင်ရုံတင်ပါ။ အဲဒီလူက တော်တော် ရွံဖို့ကောင်းတာ ၊ သူက ဝူကွေစစ်သားတစ်ယောက် ဖြစ်နေပြီးတော့ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာကို ကြွားလုံးထုတ်နေတာလေ ၊ သူက ရှက်ရမယ့်အစား ဂုဏ်ယူစရာလို့ ထင်နေပြီးတော့ ကြွားဖို့ ဗီဒီယိုတွေတောင် တင်ထားသေးတယ်"

"သူတို့လည်း လူသားတွေပဲ၊ ဘယ်လိုဖြစ်လို့ အဲဒီလောက်တောင် ရွံစရာကောင်းနေရတာလဲ"

"သူတို့က သာမန်လူသားတွေ မဟုတ်ဘူး။ သူတို့ခေါင်းဆောင်က ကွေ့ရန်လူမျိုးတွေဟာ ရှေးဟောင်း သွေးမျိုးဆက်ရဲ့ အနွယ်ဝင်တွေလို့ ကြေညာထားတာ မဟုတ်လား ၊ သူတို့က သူတို့ရဲ့ သွေးက မြင့်မြတ်တယ်လို့ ထင်နေကြပြီး ငါတို့ကို သူတို့နဲ့ တန်းတူလို့ မသတ်မှတ်ကြဘူး။"

သင်တန်းကျောင်းသားများသည် ယွဲ့လန်နှင့် ဝူကွေကြားမှ ပဋိပက္ခအကြောင်းကို မိမိတို့အုပ်စုအလိုက်ဆွေးနွေးနေကြပြီး အားလုံးက ဝူကွေများအား မျက်မုန်းကျိုးနေကြသူများချည်းပင်။

ထိုအချိန်တွင် ကျိယွမ်က လေ့ကျင့်မှုကို ရပ်နားလိုက်ပြီး ဝမ်ရှီချောင်အား ကြည့်လိုက်၏။

"ဝမ်ရှီချောင်၊ နင်ကအစွမ်းမရှိဘူး ထင်တယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ငါ့ကို အင်တာနက်ပေါ်မှာ ဆဲကြည့်ပါလား ၊ ငါ အဲဒီလိုင်းနောက်ကို လိုက်ပြီး သူ့ကို သေအောင် ရိုက်သတ်မှာပဲ"

နဂိုကတည်းက ဒေါသထွက်နေသော ဝမ်ရှီချောင်က ကျိယွမ်အား စိန်ခေါ်သလိုကြည့်လေသည်။

" နင်က တော်တော် မိုက်တာပေါ့။ ဒါဆို မနေ့ညက ငါ့ကို ဆဲတဲ့လူကို သွားရိုက်သတ်ပေးပါလား"

ဝမ်ရှီချောင်သည် ဒေါသထွက်ထွက်နှင့် ရွဲ့ပြော၏။ သူမက ထိုသို့မလုပ်နိုင်၍ အူပွနေချိန်တွင် ကျိယွမ်က တမင်လာစနေသည် မဟုတ်ပါလား။

ငါသာအဲလိုလုပ်လို့ရရင် အဲဒီကောင် ခုချိန် အသက်တောင်ရှိမှာ မဟုတ်တော့ဘူး။

"ငါက ဘာလို့ လုပ်ပေးရမှာလဲ ၊ သူက ငါ့ကို ဆဲတာမှ မဟုတ်တာ။"

ကျိယွမ်က ပုခုံးတွန့်ပြလိုက်၏။

"နငိ့ကိုဆဲလည်း နင်မလုပ်နိုင်ပါဘူး ၊ တကယ်လို့ နင် သူ့ခေါင်းကို ယူလာပေးနိုင်ရင် ငါ နင့်ကို ယွမ်တစ်သန်းတောင် ပေးလိုက်ဦးမယ်"

All Chapters