← Chapters

ကောင်းကင်ယံတွင် နေမင်းများ ပိုမိုထွက်ပေါ်လာသောအခါ ကျွန်ုပ်၏ဇနီး ရောက်ရှိလာလိမ့်မည်

Vol. 26 Ch. 287

ကောင်းကင်ယံတွင် နေမင်းများ ပိုမိုထွက်ပေါ်လာသောအခါ ကျွန်ုပ်၏ဇနီး ရောက်ရှိလာလိမ့်မည်

Vol. 26 Ch. 287

ဝူချီသည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူကုံတန်များကြားတွင် ကျောပြင်ကိုလှပစွာဆန့်လျှက် ဒေါက်မြင့်ဖိနပ်သံ တဒေါက်ဒေါက်ဖြင့် ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းနေပြီး သူမ၏နှလုံးသားထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေ၏။

ကံမကောင်းစွာဖြင့် သူမ၏ဖုန်းမှာ အသိမ်းခံထားရသည်။

သို့မဟုတ်ပါက ဤကဲ့သို့သော သူဌေးသူကြွယ်အချို့နှင့် သီးသန့်ပါတီကို တက်ရောက်ရစဉ် ဓာတ်ပုံရိုက်ပြီး သူငယ်ချင်းများကို ကြွားလုံးထုတ်ကာ ၎င်းတို့၏ အားကျမှုကို ခံယူနိုင်ပေလိမ့်မည်။ ၎င်းမှာ ကျေနပ်စရာကောင်းမှာ သေချာ၏။

မကြာမီ၌ ခန်းမတံခါးကိုဖွင့်ကာ ခွမ်းဟွမ်သည် အားကျန်း၏ ခါးကိုဖက်ထားလျှက် ပြန်ဝင်လာလေသည် ။

သူက ကျိယွမ်အနီးသို့ သွားကာ လူကြီးလူကောင်းဆန်စွာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"မစ္စတာကျိ... ကျွန်တော်တို့ရဲ့ အရောင်းအဝယ် အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ခင်ဗျားအတွက် ဒီသီးသန့်ပါတီလေးကို အထူးစီစဉ်ထားတာပါ"

ကျိယွမ်၏ရှေ့မှောက်တွင် ခွမ်းဟွမ်သည် အပြင်ဘက်တွင်ပြုမူပုံနှင့် လုံးဝကွဲပြားခြားနားစွာ ယဉ်ကျေးပျူငှာသောအမူအယာနှင့် ပြောဆိုဆက်ဆံလေသည်။

ဝူချီကတော့ ဧည့်ခံပွဲခန်းမအတွင်းသို့ရောက်သည်နှင့် အတွင်းပိုင်း အပြင်အဆင်များကို ငေးမောနေမိသည်။

ရွှေချည်ထိုးထားသော သစ်သားစားပွဲပေါ်ရှိ အမျိုးမျိုးသောသေနတ်များနှင့် လက်နက်များကို မြင်သောအခါမှာတော့ သူမ၏မျက်လုံးများ ပြူးကျယ်သွားလေ၏။

အနုပညာရှင်တစ်ဦးအနေဖြင့် သူမသည် ဤကဲ့သို့သော လက်နက်အစစ်အမှန်များကို ထိတွေ့ဖူးခြင်းမရှိပါ။

ထို့အချိန်မှာပင် ခွမ်းဟွမ်၏ အလွန်ညင်သာနေသောအသံကိုကြားရသဖြင့် သူမသည် ဧည့်ခံပွဲခန်းမ၏ အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်မိ၏။

ထိုနေရာတွင် တစ်စုံတစ်ယောက်သည် အားလုံးကို ကျောခိုင်းထိုင်လျက် ငါးမျှားနေသည်။

ထိုကျောပြင်ပုံရိပ်မှာ တစ်နေရာရာတွင် မြင်ဖူးသလိုရှိနေသဖြင့် ဝူချီသည် ပို၍အာရုံစူးစိုက်ကာ ကြည့်မိ၏။

ကြည့်ရတာတော့ အသက်ငယ်သေးတဲ့ ပုံပဲ ။

ထိုအချိန်မှာပင် လူငယ်လေးမှာ ခန်းမဘက်သို့ လှည့်ကြည့်လိုက်ရာ တောက်ပကာခန့်ညားသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

ထိုမျက်နှာကို မြင်လိုက်ရသောအခါ ဝူချီမှာ မယုံနိုင်စွာဖြင့် သူမ၏ပါးစပ်ကိုပင် ပိတ်လိုက်မိ၏။

အဘယ်ကြောင့်ဆိုသော် ထိုသူမှာ သူမ၏ ကျောင်းနေဖက်ဂျူနီယာကျိယွမ် ဖြစ်နေသည် မဟုတ်ပါလား။

သူမ မျက်စိများမှားနေသလား သို့မဟုတ် လူချင်းတူနေခြင်းလားဟု တွေးတောမိသော်လည်း ဤကဲ့သို့ အလွန်ထင်ရှားနေအောင် ချောမောသောမျက်နှာမျိုးကို သူမ မည်သို့မှားနိုင်မည်နည်း။

တစ်ဆက်တည်းမှာပင် သူမတစ်ချိန်က အထင်အမြင်သေးခဲ့သော ဤဂျူနီယာလေးမှာ ယခုအခါ သူမအား စိတ်ကြိုက်ကစားနိုင်သည့် အဆင့်အတန်းမျိုးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်လည်သတိရသွား၏။

ရှင်းပြ၍မရသော ရှက်ရွံ့မှုနှင့် မခံချင်စိတ်လှိုင်းလုံးများကြောင့် သူမ၏ပါးပြင်များ နီမြန်းသွားသည့်အထိ စိတ်ခံစားချက်များ ရောထွေးသွားလေသည်။

ထို့နောက် ထူးဆန်းသော ရင်ခုန်စိတ်လှုပ်ရှားမှုများ တိုးဝင်လာပြီး ဝူချီ၏ စိတ်ခံစားချက်များက ရိုလာကိုစတာစီးနေရသကဲ့သို့ ရင်များပင်ဖိုလာ၏။

ခွမ်းဟွမ်က လေးစားသောမျက်နှာနှင့် ရှင်းပြနေသည်။

"ဒါတွေက... ခင်ဗျားကို စိတ်ကျေနပ်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျိယွမ်ကလည်း ခွမ်းဟွမ်ကို အနည်းငယ်အနေခက်စွာဖြင့် အလေးအနက် ပြန်ကြည့်နေ၏။

"မင်းက ပါတီတစ်ခုလုပ်ပြီး... ငါ့ကို ဖိတ်တာလား"

သာမန်လူဆိုလျှင် 'တောက်... မင်း ပါတီလုပ်တာ ငါ့ကိုတောင် မဖိတ်ဘူးလား' ဟု ပြောရမည် မဟုတ်ပါလော။

သို့သော် သူကိုယ်တိုင် အဖိတ်ခံရသည့်အခါ မည်သို့ တုံ့ပြန်ရမှန်းမသိဖြစ်နေ၏။

ကျိယွမ်၏ တုံ့ပြန်မှုကို မြင်သောအခါမှ ခွမ်းဟွမ်သည် သက်ပြင်းတစ်ချက်ကြိတ်ကာ ချမိသည်။

ကျိယွမ်က အရာရာကို လျစ်လျူရှုထားမည်ကို သူ စိုးရိမ်နေခဲ့ခြင်းပင်။

ကျိယွမ်၏ ယခုတုံ့ပြန်မှုအရ သူသည် ခွမ်းဟွမ်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ထင်ရှားလေသည်။

ထို့နောက် ခွမ်းဟွမ်က အခြားသူများနှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒီက အမျိုးသမီးတွေကတော့ နာမည်ကြီး အနုပညာရှင်တွေပါ... ပြီးတော့ ဒီတစ်ယောက်ကတော့..."

သူသည် ဝူချီကို ညွှန်ပြလိုက်၏။

"သူက ထျန်းယွဲ့မြို့ကပါ... မစ္စတာကျိရဲ့ အထက်တန်းကျောင်းက အတန်းဖော်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်"

ဝူချီသည် ကျိယွမ်နှင့် အတိတ်တွင် ပတ်သက်မှုရှိခဲ့နိုင်သည်ဟု ယူဆပြီး သူမမှာ အတန်းဖော်ဟောင်းဖြစ်သော ဝူချီကို က တမင်ခေါ်ဆောင်လာခဲ့ခြင်းပင်။

ဤကဲ့သို့သော ပတ်သက်မှုမျိုးက ကျိယွမ်၏ အာရုံကို ပိုမိုဆွဲဆောင်နိုင်ပေလိမ့်မည်။

သို့မဟုတ်ပါက ဝူချီကဲ့သို့သော အဆင့်အနည်းငယ်သာရှိသည့် အနုပညာရှင်တစ်ဦးမှာ သူတို့၏သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီမည် မဟုတ်ပါ။

"အော်... ဒီလောက်တောင် တိုက်ဆိုင်တာလား"

ကျိယွမ်သည် ဝူချီကို ကြည့်လိုက်စဥ်မှာပင် သူ၏မူလမျိုးစေ့ဘဝမှ အမှတ်တရများ ပြန်လည်ဝင်ရောက်လာ၏။

"ငါ အခု သတိရပြီ... ကန်စွန်းဥ သုံးဥကို တစ်ပြိုင်နက်တည်း စားခဲ့တဲ့ စီနီယာက တကယ်ပဲ ကြယ်ပွင့်တစ်ယောက် ဖြစ်လာတာလား"

ကျိယွမ်သည် မှတ်ဉာဏ်ကောင်းသူ ဖြစ်ရာ သူ ပြန်လည်စဉ်းစားလိုက်သည်နှင့် အတိတ်မှ မှတ်ဉာဏ်များမှာ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ဝူချီသည် ထိုစကားကို ကြားသောအခါ ရှက်သွေးဖြာသွားပြီး ကျိယွမ်ကို ကြည့်ကာ ရဲတင်းစွာပြောလိုက်၏။

"ဂျူနီယာ... နင်က နင့်စီနီယာကို မှတ်မိနေသေးတာပဲ"

ကျိယွမ်ကဲ့သို့ သြဇာအာဏာရှိသူတစ်ဦး၏အမှတ်ရခြင်းကို ခံရခြင်းမှာ ကန်စွန်းဥ သုံးဥစားခဲ့သည့် ကိစ္စဖြင့် ဖြစ်နေစေကာမူ ဝူချီအတွက် ကျေနပ်စရာပင် ဖြစ်သည်။

"ငါ့မှတ်ဉာဏ်က အမြဲတမ်း ကောင်းမွန်ပြီး မေ့မရနိုင်အောင် ရှိနေတာပါ"

ချီယွမ်က ထိုသို့ပြောလိုက်ပြီး ခွမ်းဟွမ်ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်၏။

"ပစ္စည်းတွေ ပါလာရဲ့လား"

ပစ္စည်းများဆိုသည်မှာ ယွဲ့လန်နိုင်ငံ၌သာရှိသော ရှားပါးကျင့်ကြံခြင်း ဆိုင်ရာဆေးဖက်ဝင်အပင်များကို ဆိုလိုခြင်းပင်။

ခွမ်းဟွမ်က ခေါင်းညိတ်ပြလိုက်သည် ။

"အရေးတကြီးဖြစ်နေတာကြောင့် ဒီပစ္စည်းတွေကို မပြန်ခင် စုဆောင်းနိုင်ဖို့ ဗိုလ်ချုပ်မူရဲ့ အကူအညီကို ကျွန်တော် ယူခဲ့ရပါတယ်"

ထိုစကားကို ကြားသောအခါ ဝူချီသည် ကျိယွမ်မှာ သူမထင်သည်ထက် ပိုမိုလျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလိုက်ရ၏။

သာမန်ပုံစံရှိသော်လည်း အလွန်ချောမောသော သူမ၏ ဂျူနီယာလေးတွင် ဤကဲ့သို့ နောက်ခံနှင့် အဆက်အသွယ်များ ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ။

ဝူချီသည် ဗိုလ်ချုပ်၏အကူအညီဖြင့် မည်သည့် အဖိုးတန်ပစ္စည်းများ ပါလာသည်ကို မြင်နိုင်ရန် ကြိုးစားကြည့်သည်။

အနက်ရောင်ဝတ်ကြေးစားစစ်သားများက သေတ္တာများကို ဖွင့်လိုက်ရာ အမျိုးမျိုးသော ထူးဆန်းသည့် အပင်များကို တွေ့လိုက်ရ၏။

ထိုအပင်များအားလုံးကို လေလုံအိတ်များဖြင့် ပိတ်ထားလေသည်။ ထိုပစ္စည်းများကြောင့် ဝူချီ၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်ဟန်များ ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာများထဲမှ အချို့အပင်များမှာ သူမ သိကျွမ်းသည့် သာမန်ပေါင်းမြက်ပင်များ ဖြစ်နေသောကြောင့်ပင်။

ဒါတွေက အမှိုက်တွေလေ ၊ သူက ဘာလုပ်ဖို့လဲ။

"မဆိုးပါဘူး... ဒီလောက်ဆိုရင် ငါ့အတွက် ခဏတော့ ခံမှာပါ"

ကျိယွမ်က ကျေနပ်သည့်အမူအရာဖြင့် သေတ္တာများကို ကြည့်ကာ ပြောလိုက်သည် ။

ခွမ်းဟွမ်က နှိမ့်ချစွာ ပြုံးလိုက်၏။

"မစ္စတာကျိ စိတ်ကျေနပ်နေသရွေ့ အဆင်ပြေပါတယ်"

"ငါတို့ ပူးပေါင်းဆောင်ရွက်ကြရင်ရော ဘယ်လိုလဲ... မင်း ငါ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရှာပေး၊ ... ငါက မင်းကို ထိုက်တန်တဲ့ ပမာဏတစ်ခု ပေးမယ်... ဒါမှမဟုတ် ငါ့စိတ်ကြိုက်ပေါ်မူတည်ပြီး ဖော်စပ်ထားပြီးသားပစ္စည်းအချို့ ပေးရင်လည်း ပေးမယ် ၊ စဥ်းစားပေါ့"

ကျိယွမ်သည် ထိုသို့ပြောပြီးနောက် ပင်လယ်ပြင်ဆီကို ပြန်လှည့်သွားပြီး လူအုပ်ကိုကျောပေးလျက် ငါးမျှားခြင်းကိုသာ တဖန် အာရုံပြန်စိုက်နေ၏။

သို့သော် သူ၏အသံမှာ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည် ။

မိန်းမလှများမှာ ထူးခြားမှုကို သတိမထားမိသော်လည်း ခွမ်းဟွမ်ကမူ သတိထားမိ၏။

သူ၏ စိတ်ထဲတွင် ချီယွမ်အပေါ် အကဲဖြတ်မှုမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားတော့သည်။

"ကျွန်တော် ဖော်စပ်ပြီးသား ပစ္စည်းတွေကိုပဲ လိုချင်ပါတယ်"

ထိုကိစ္စက ရွေးချယ်နေစရာပင် မလိုအပ်ပါ။

ဖော်စပ်ပြီးသားပစ္စည်းများဆိုသည်မှာ ဆေးလုံးများကဲ့သို့သော အရာများ ဖြစ်လိမ့်မည်ဟု သူ သေချာပေါက် ခန့်မှန်းမိ၏။

ဘေးပတ်ဝန်းကျင်ရှိ မိန်းမလှလေးများများကတော့ ခွမ်းဟွမ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး သိချင်စိတ်များ ဖြစ်ပေါ်နေကြသည် ။

ဤအရောင်းအဝယ်မှာ ဘာအကြောင်းဖြစ်သည် သို့မဟုတ် ဘာကို ကိုယ်စားပြုသည်ကို မသိသော်လည်း အလွန်အရေးကြီးမှာ သေချာ၏။

"ကောင်းပြီ... ဒီပစ္စည်းတွေကို ငါ့အိမ်ကို ပို့ပေးလိုက်... ငါ လိုအပ်တဲ့ တခြား ပစ္စည်းအချက်အလက်တွေကို မင်းဆီ ပို့ပေးမယ်... မင်း ငွေပြတ်တာပဲဖြစ်ဖြစ်၊ အန္တရာယ်နဲ့ တွေ့တာပဲဖြစ်ဖြစ် ငါ့ကို ဆက်သွယ်လိုက်ပါ"

ကျိယွမ် လိုအပ်သော ပစ္စည်းများမှာ အလွန်များပြားပြီး စုံလင်လှသည် ။

အချို့မှာ အလွန်ရှားပါးပြီး တော်ရုံမတွေ့ရတတ်သော အရာများပင် ပါဝင်နေ၏။

၎င်းတို့ကို စုဆောင်းရန် လူအင်အားနှင့် အရင်းအမြစ်များစွာ လိုအပ်ပေလိမ့်မည်။ အချို့အရာများကိုလည်း ဈေးကွက်တွင် ဝယ်ယူ၍ မရနိုင်ပါချေ။

ထို့ကြောင့် ကျိယွမ်သည် အင်အားရှိသော ခွမ်းဟွမ်ကဲ့သို့သော သူနှင့် ပူးပေါင်းရန် စဉ်းစားခဲ့ခြင်းပင်။

ခွမ်းဟွမ်သည် ဝမ်းသာအားရဖြင့်...

"မစ္စတာကျိအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော့်ရဲ့ ဂုဏ်ယူမှုပါပဲ"

သူက အလေးအနက် ပြောလိုက်သည်။

သူဝယ်ခဲ့သော ကျင့်ကြံခြင်းနည်းစနစ်မှာ အစစ်အမှန်ဖြစ်ပါက မစ္စတာကျိသည် ဒဏ္ဍာရီလာ မသေမျိုးတစ်ဦး ဖြစ်ရမည်ဟု သူ ယုံကြည်နေ၏။

မသေမျိုးတစ်ဦးအား အလုပ်အကျွေး ပြုရခြင်းမှာ သူ၏ ဂုဏ်ယူမှုပင် မဟုတ်ပါလား။

"နင်တို့ အမျိုးသမီးတွေ... မစ္စတာကျိရဲ့ ဘေးမှာ သွားပြီး အဖော်လုပ်ပေးလိုက်ကြ"

ခွမ်းဟွမ်သည် အနူပညာကြယ်ပွင့်မိန်းမလှလေးများကို အမြန် အချက်ပြလိုက်သည် ။

ဝူချီနှင့် အခြားသူများသည် ထိုစကားကို ကြားသည်နှင့် ငါးမြှားနေသော ကျိယွမ်ရှိရာသို့ နွဲ့နှောင်းသော အမူအရာများဖြင့် အမြန် လျှောက်သွားကြ၏။

အထူးသဖြင့် ဝူချီသည် သူမ၏ လှပသောဖွဲ့ထွားသောကိုယ်လုံးကိုယ်ပေါက်ကို ပို၍ထင်ပေါ်စေရန် အလှပဆုံးကောက်ကြောင်းများကို ထင်ရှားစေရန် ကြိုးစားနေသည်။

ထိုအချိန်၌ ဟိုင်ရှင်းယာသင်္ဘောကြီးပေါ်၌ ဟိုမှာ ဒီမှာ တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာ၏။

"မင်း ကြားပြီးပြီလား... ဗစ်ကောင့် ခွမ်းဟွမ်က လူလိမ်တစ်ယောက်ကို မသေမျိုးလို့သတ်မှတ်ပြီး ကျင့်ကြံခြင်း နည်းစနစ်ဝယ်ဖို့ ငွေတွေ အများကြီး သုံးနေတယ်တဲ့... ဒါ ရယ်စရာကြီး မဟုတ်ဘူးလား"

"မသေမျိုးကျင့်စဥ် ဟုတ်လား... ကြေးစားစစ်သား ခွမ်းဟွမ်က ဘယ်အချိန် ခေါင်းထိသွားတာလဲ "

"အဆိုးဆုံးကတော့ အဲဒီရောင်းတဲ့သူကို အွန်လိုင်းက ဗီဒီယိုတစ်ခုကနေ ရှာတွေ့ခဲ့တာတဲ့... ရောင်းတဲ့သူက တကယ်တော့ စိတ်ကျန်းမာရေး မကောင်းတဲ့သူလို့ ပြောကြတယ်... ဒီဘက်ခေတ်မှာ စိတ်မနှံ့တဲ့သူကတောင် လူလိမ်လို့ ရနေပြီ၊ တချို့ကလည်း ယုံနေကြတုန်းပဲ... ဒါ ငါတို့ မျိုးနွယ်တွေအတွက် တကယ့်ကို အရှက်ရစရာပါကွာ"

"အခု သူက အဲဒီလူကို မသေမျိုးလို ဆက်ဆံပြီး နာမည်ကြီးတွေနဲ့ သီးသန့်ပါတီ လုပ်ပေးနေတာနော်... ငါတို့ အထဲဝင်ပြီး ဒါက လိမ်ညာမှုကြီးဆိုတာကို ဖွင့်ချသင့်လား"

"မင်း ရူးနေလား... တကယ်လို့ ဒါက အတုဆိုရင်တောင် ဖွင့်ချလိုက်တာက ခွမ်းဟွမ်ကို အရှက်ရစေရုံပဲ ရှိမယ်... ခွမ်းဟွမ်ကို ရန်စလို့ ဘာအကျိုးရှိမှာလဲ"

"အတုဆိုရင်တော့ ခွမ်းဟွမ်ကို ရန်စမိရုံပဲပေါ့... ဒါပေမဲ့ ဒါက အစစ်အမှန်ဆိုရင်တော့ မင်းက မသေမျိုးတစ်ယောက်ကို ရန်စမိတာ ဖြစ်သွားမှာနော်"

အတင်းပြောနေသော လူများသည် ထိုကိစ္စကို ဟာသတစ်ခုအား ဆွေးနွေးနေသကဲ့သို့ ရယ်မောနေကြပြီး မကြာမီ စကားဝိုင်းမှာ အခြားအကြောင်းအရာသို့ ပြောင်းသွားသည်။

ခွမ်းဟွမ်၏ သီးသန့်ပါတီသို့ သွားရောက်ပြီး ဖွင့်ချရန် ဆိုသည်မှာ လူမိုက် သို့မဟုတ် အချိန်ပိုနေသူများသာ လုပ်မည့် အရာပင်။ အသိဉာဏ်ရှိသူမှန်သမျှက လက်နက်မှောင်ခိုသမား ဖြစ်သော ဗစ်ကောင့်တစ်ယောက်နှင့် ရန်ငြှိုးမဖွဲ့ချင်ပါ။

ခွမ်းဟွမ်၏ သီးသန့်ပါတီပွဲကတော့ မျှော်လင့်ထားသကဲ့သို့ ပွေရှုပ်မှုများဖြစ်ပေါ်မလာခဲ့ပေ။

ခွမ်းဟွမ်က ဝူချီနှင့်အခြားမိန်းမလှလေးများကို ကျိယွမ်၏ ဘေးတွင် ထားပေးထားသော်လည်း ကျိယွမ်က သူသည် စေ့စပ်ထားသူရှိသည့် အမျိုးသားတစ်ဦး ဖြစ်သဖြင့် သူ၏ စင်ကြယ်မှုကို ထိန်းသိမ်းလိုကြောင်း အပြတ်ပြောခဲ့သည်။

သို့သော် သူသည် မိန်းမလှလေးများကို ပြန်မလွှတ်ဘဲ ငါးမျှားရာတွင် အသုံးချလေ၏။

ဝူချီသည် ကျိယွမ်အလိုကျ ငါးမျှားနေသော်လည်း သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေဆဲပင်။

သူမသည် ကျိယွမ်နှင့် ယခုမှ ပြန်တွေ့ရခြင်းကို နောင်တရမိ၏။

အထက်တန်းကျောင်းတုန်းကသာ ကျိယွမ်၏ နောက်ခံကို သိခဲ့မည်ဆိုပါက သူမ၏ နည်းလမ်းများဖြင့် စီနီယာတစ်ဦးအနေဖြင့် ဂျူနီယာတစ်ယောက်ကို သိမ်းသွင်းရန် လွယ်ကူလိမ့်မည် မဟုတ်ပါလား။

သို့သော် ယခု ကျိယွမ်နှင့် ရင်ဆိုင်ရသည့်အခါ သူမသည် အလိုလိုအောက်ကျနောက်ကျဖြစ်နေသကဲ့သို့ ခံစားရပြီး သူမ၏ အပြုအမူနှင့် စကားလုံးများကို အလွန်သတိထားနေရသည်။

ထိုအရာကား အဆင့်အတန်း ကွာခြားမှုပင် မဟုတ်ပါလား။

အာဏာ၊ ငွေကြေးနှင့် ခွန်အားတို့သည် လူတစ်ယောက်ကို ယုံကြည်မှု ပေးနိုင်၏။

မိမိထက် ပိုမိုသန်မာသော သတ္တဝါနှင့် ရင်ဆိုင်ရသည့်အခါ စည်းမျဉ်းများကို လိုက်နာရသည့် သတ္တဝါသည် အမြဲတမ်း မိမိကိုယ်ကိုယ် နိမ့်ကျသည်ဟု ခံစားရသည်မှာ သဘာဝပင်။

"စိတ်ကူးယဉ်မနေနဲ့၊ ပိုပြီး အာရုံစိုက်ဦး"

ကျိယွမ်က ဝူချီကို ဘေးတိုက်တစ်ချက်စောင်းကြည့်ကာ ပြောလိုက်သည်။

ငါးမျှားတံကိုင်ကာ ငေးနေသော ဝူချီသည် ပျာပျာသလဲ ပြုံးလိုက်ပြီး ချက်ချင်းပြန်ဖြေ၏။

"ကြည့်နေပါတယ်"

သူမသည် ငါးမျှားခြင်းတွင် မကျွမ်းကျင်သဖြင့် ထိုအလုပ်ကို အတော်လေး ရုန်းကန်နေရသည်။

နောက်ဆုံးတွင် အနီးနားရှိ အခြားအမျိုးသမီးကြယ်ပွင့်တစ်ဦး၏ အကူအညီဖြင့် သူမသည် ငါးတစ်ကောင်ကို ဆွဲတင်နိုင်ခဲ့ပြီး ပုံးထဲသို့ ထည့်နိုင်ခဲ့၏။

ခွမ်းဟွမ်က သဘောကျစွာ ရယ်မောလိုက်ပြီး ကျိယွမ်အားမြှောက်ပင့်လေသည်။

"မစ္စတာကျိက လူကြီးလူကောင်း ပီသပြီး စည်းမျဉ်းတွေကို လိုက်နာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

အကယ်၍ ကျိယွမ်သာ လူလိမ်ဖြစ်ပါက သူသည် ယခုအခွင့်အရေးမျိုးကို သေချာပေါက် အငမ်းမရ ယူပေလိမ့်မည်။

သို့သော် သူသည် လူလိမ်မဟုတ်ဘဲ မသေမျိုးတစ်ဦးဆိုလျှင်တော့ ယခုမိန်းမလှလေးများဖြင့် ရံဖန်ရံခါ အပန်းဖြေခြင်းမှာ သူ့အတွက် သာမန်ကိစ္စဟု သဘောထားမည်မှာ သဘာဝကျပါသည်။

"ငါက မင်းလို မိန်းမ မရှိတဲ့သူနဲ့ မတူဘူး... ငါ့ဇနီးက အရမ်းလှတာ"

ကျိယွမ်က ငါးမျှားတံကို ကြည့်နေရင်းမှ ဂုဏ်ယူစွာ ပြောလိုက်၏။

သို့သော် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကျိယွမ်က မျက်မှောင်ကြုံ့ကာ ခွမ်းဟွမ်အား မေးလိုက်သည်။

"ချင်းယွမ်မှာ မယားအများကြီးယူတာကို တားမြစ်တဲ့ ဥပဒေတွေ ရှိလား"

"ရှိပါတယ်"

ခွမ်းဟွမ်က အမှန်အတိုင်း ဖြေ၏။ သူသည် ကျိယွမ်၏ ဆိုလိုရင်းကို နားလည်သွားဟန်ဖြင့် ဝူချီကို တစ်ချက်ကြည့်လိုက်ကာ ဆက်ရှင်းပြသည်။

"ဒါပေမဲ့ ဘေးမှာ လူတစ်ယောက် ထားထားလို့ ရပါတယ်... ဒါက တရားမဝင်တာ မဟုတ်သလို ပြစ်မှုလည်း မဟုတ်ပါဘူး... တရားမဝင် ကလေးတွေမှာတောင် အမွေဆက်ခံပိုင်ခွင့် ရှိပါတယ်"

"ဒါပေမဲ့ သက်သေခံလက်မှတ်မရှိဘဲ ဒါမျိုးကို ဘယ်လိုလုပ်ပြီး အိမ်ထောင်ပြုတယ်လို့ ခေါ်မှာလဲ"

ကျိယွမ်က လက်မခံသလိုကန့်ကွက်လေသည်။

သူသည် သူ၏ ဇနီးတိုင်းကို အိမ်ထောင်စုတစ်ခု ပေးချင်သည်။တရားမဝင်မိန်းမဟူသော ဂုဏ်ငယ်မှုမျိုးကို သူကမပေးချင်ပါ။ အားလုံးက အတူတူသာ ဖြစ်ရမည်။

"သိပ်မကြာခင် ငါ့ဇနီး ဆင်းလာလိမ့်မယ်... အဲဒီအချိန်ကျရင် ငါက ဇနီးနှစ်ယောက်ကို တစ်ပြိုင်နက် လက်ထပ်ချင်တာ... ငါ့ကို စာရွက်စာတမ်းတွေ လုပ်ပေးနိုင်မလား"

ကျိယွမ်က လိုရင်းကိုတိုက်ရိုက်မေးလိုက်သည် ။သူသာ အမြုတေအဆင့်သို့ ရောက်ရှိပါက ကြယ်တာရာအမြုတေ၏ ပုံရိပ်ယောင်ကို ဤစကြဝဠာထဲသို့ ဆွဲသွင်းနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် နင်းထောင်ကိုလည်း ကျိယွမ်က ဆင့်ခေါ်ရန်စဥ်းစားထားလေ၏။

သူ၏ကိုယ်ပိုင်ဘဝတွင် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့၌ ဝိညာဉ်စွမ်းအားများစွာ ရှိနေလေပြီ။

ယခုအကြိမ် နင်းထောင်ကို ဆင့်ခေါ်ရာ၌ သူမ၏ပုံရိပ်ယောင်မှာ အမြုတေထဲသို့ မဖြစ်မနေပြန်သွားရန် စိုးရိမ်စရာမလိုဘဲ နေထိုင်နိုင်တော့မည်ဖြစ်၏။

အခြားဇနီးတစ်ဦးမှာမူ သူ၏သတို့သမီးလေးဖြစ်၏။

သူတို့နှစ်ယောက် တစ်ပြိုင်နက် ပေါ်လာချိန်၌ နှစ်ယောက်လုံးကို တစ်ပြိုင်နက် လက်ထပ်နိုင်ပြီး ထိုသို့လုပ်ခြင်းက အခမ်းအနားနှစ်ခါမလုပ်ရသဖြင့်ငွေကုန်ကြေးကျလည်း သက်သာမည် မဟုတ်ပါလား။

"ဒါက... ဖြစ်နိုင်ပါတယ်"

ခွမ်းဟွမ်သည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် သဘောတူလိုက်သည်။

"အော်... ဒါနဲ့ ငါ့ဇနီးနှစ်ယောက်လုံးမှာ မှတ်ပုံတင် မရှိဘူး... အဲဒါ ပြဿနာရှိလား"

"ပြဿနာမရှိပါဘူး..."

ခွမ်းဟွမ်၏ မျက်နှာမှာ အနည်းငယ်ထူးဆန်းနေပြီးသူက သတိထားကာ မေးလိုက်သည် ။

"မစ္စတာကျိ သူတို့က အခု ဘယ်မှာမို့လို့လဲ"

မှတ်ပုံတင်ပင်မရှိသူများဖြစ်သောကြောင့် ချင်းယွမ်နိုင်ငံသားမဟုတ်တာသေချာ၏။သို့သော် အခြားနိုင်ငံသားဖြစ်နေလျှင်ပင် ထိုနိုင်ငံ၏မှတ်ပုံတင် ရှိရမည်မဟုတ်ပါလား။

"ကောင်းကင်ပေါ်မှာ"

ကျိယွမ်က ငါးမျှားတံကို တစ်ချက်နှစ်ချက်လှုပ်ပေးရင် ပေါ့ပေါ့ပါးပါးဖြေလိုက်၏။

အနီးတွင်ရှိနေသော ဝူချီမှာတော့ သူတို့၏ စကားဝိုင်းကို လုံးဝနားမလည်နိုင်ပါ ။ သူမသည် လက်ကငါးမျှားနေရသော်လည်း စိတ်ကစကားဝိုင်းသို့ရောက်ကာ အလွန်ရှုပ်ထွေးနေ၏။

ကောင်းကင်ပေါ်မှာလား။ ကျိယွမ် ဘာကို ဆိုလိုတာလဲ.။

သူမသည် သူတို့နှစ်ဦး ပြောသမျှ စကားလုံးတိုင်းကို နားလည်သော်လည်း ပေါင်းစပ်လိုက်သည့်အခါ မှာတော့ အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်နေ၏။

ဝူချီနှင့်မတူဘဲ ခွမ်းဟွမ်၏ နှလုံးခုန်သံကတော့ တစ်ချက် မြန်သွားခဲ့သည်။

"သူတို့ ဘယ်တော့ ရောက်မလဲ"

"နောက် လအနည်းငယ်လောက်နေရင် ရောက်မယ်လို့ ထင်တယ်"

ကျိယွမ်က တိုးတိုးလေး ပြောလိုက်ပြီး သူကိုယ်တိုင်လည်း အတိအကျမသိဖြစ်နေ၏။

အရင်းအမြစ်များ လုံလောက်နေသရွေ့၊ အခြေတည်အုတ်မြစ်ချခြင်း နှင့် အမြုတေဖွဲ့စည်းခြင်းဆိုင်ရာ လိုအပ်ချက်များ မတင်းကျပ်လျှင် ကျိယွမ်သည် လအနည်းငယ်အတွင်းအမြုတေအဆင့်သို့ ရောက်နိုင်သည်။

သို့သော် ယင်နတ်ဘုရားနှင့်ယန်နတ်ဘုရားအဆင့်များအတွက်မူ သိသိသာသာ ကြာနိုင်ပြီး နှစ်နှင့်ချီ၍ပင် တိုင်းတာရနိုင်၏။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာတွင် ကျိယွမ်သည် မိစ္ဆာများ၊ နတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံမှတ်ရယူနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးသောကြောင့် ဖြစ်သည်။

ဝမ်ယုတိုက်ကြီးတွင် အတွေ့အကြုံရမှတ်များရရန် သတ်ဖြတ်နိုင်သော မကောင်းဆိုးရွားများရှိပြီး၊ ဖန်ထုန်နယ်မြေတွင်လည်း သတ်ဖြတ်ရမည့် ခေတ်သစ်နတ်ဘုရားများ ရှိလေ၏။

ဤကမ္ဘာတွင်မူ အဓိက ဗီလိန် သို့မဟုတ် ရန်သူဟူ၍ မရှိသေးပါချေ။

ထို့ကြောင့် ၎င်းမှာ သူ၏ ဇနီးများနှင့်အတူ ဟန်းနီးမွန်းထွက်ရန် သင့်တော်သော ကမ္ဘာတစ်ခုပင် မဟုတ်ပါလား။

"မင်း ကောင်းကင်ကို မော့ကြည့်တဲ့အခါ နေမင်းတွေ ပိုပြီး ထွက်ပေါ်လာတာကို မြင်ရရင်... အဲဒီအချိန်ဟာ ငါ့ဇနီး ရောက်လာမယ့် အချိန်ပဲ"

ကျိယွမ်သည် ငါးမျှားနေရင်းမှ ကောင်းကင်ယံကို မော့ကြည့်ကာ ပြောလိုက်သည်။

ကောင်းကင်ယံ၌ နေတစ်စင်းနှင့်ကြယ်အချို့သာရှိနေပြီး ဟိုတစ်စု ဒီတစ်စု ကျဲကျဲပါးပါး တောက်ပနေ၏။

အနားရှိ မိန်းမလှလေးများသည် ကျိယွမ်၏ စကားကြောင့် ခဏမျှ မှင်တက်သွားပြီးနောက် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ကြသည်။

သူက ရုပ်လေးချောပြီး အဆင့်အတန်းမြင့်မားပေမဲ့ စကားပြောတာက ဘာလို့ ပေါက်ကရတွေဖြစ်နေတာလဲ ။

ဝူချီက နားမလည်သဖြင့် အရဲစွန့်ကာ ထပ်မေးလိုက်မိ၏။

"ကောင်းကင်မှာ နေတွေ အပိုထွက်လာမယ်၊ ဟုတ်လား"

ခွမ်းဟွမ်မှာ ဇဝေဇဝါ ဖြစ်နေပြီး ကျိယွမ်၏စကားမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းသည်ဟု သူခံစားရသည်။

ကောင်းကင်တွင် နေမင်းများ ပိုမိုထွက်ပေါ်လာမည်ဆိုပါက ဘာဖြစ်မည်နည်း...။

ကုံရှင်းတစ်ခုလုံး ပျက်စီးသွားနိုင်သည် မဟုတ်ပါလော။

ခေတ်မီနည်းပညာများ တိုးတက်နေပြီး အစွမ်းထက်သော လက်နက်များ ရှိနေသော်လည်း နေတစ်စင်းတည်းကိုပင် ရင်ဆိုင်ရန် ဤကမ္ဘာမှနိုင်ငံများ ဘာမှမတတ်နိုင်ကြပါ။

ယခု နောက်ထပ်နေများပိုလာမည်ဟု ဆိုသောအခါ ...။

ခွမ်းဟွမ်၏ စိုးရိမ်မှုကို ရိပ်မိသဖြင့် ကျိယွမ်က ရယ်မောကာ နှစ်သိမ့်ပေးလိုက်သည်။

"ဒါက နေရဲ့ ပုံရိပ်ယောင်သက်သက်ပဲ... ကုံရှင်းရဲ့ ဂေဟစနစ်ကို မထိခိုက်ပါဘူး... ကောင်းကင်မှာ ပန်းချီကား အချို့ ပိုရှိနေသလိုမျိုးပဲလို့ သဘောထားလိုက်"

ခွမ်းဟွမ်သည် စိတ်ထဲတွင် မသက်မသာ ဖြစ်နေဆဲပင်။

အမှန်အတိုင်း ပြောရလျှင် ဤစကားမှာ ကျိယွမ်သည် ကျင့်ကြံသူဖြစ်သည်ဟူသော အချက်ထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။

ကျိယွမ်က ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံခြင်း နည်းစနစ်အစစ်တစ်ခု မတော်တဆရရှိခဲ့သည်ဆိုလျှင် ၎င်းမှာ နားလည်ပေးနိုင်သေးသည်။

သို့သော် ကောင်းကင်တွင် နေအများအပြား ရှိနေမည်ဆိုသည်မှာ... ၎င်းမှာ ကျင့်ကြံခြင်းသက်သက် မဟုတ်တော့ပါချေ။

ကျင့်ကြံခြင်းမဟုတ်တော့ရင် အဲဒါက ဘာလဲ ။ သူ မသိပါ ။

"ဟားဟား..ဟားဟားဟား "

ခွမ်းဟွမ်သည် ကြံရာမရသည့်အဆုံးထိုစကားကို ဟာသတစ်ခုကဲ့သို့ သဘောထားကာ အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်မိတော့သည်။

အကယ်၍ ကျိယွမ်သည် ထိုမျှလောက်ကြီးအထိ အစွမ်းထက်သူဖြစ်ပါက အဘယ်ကြောင့် သူနှင့်အတူ ငါးမျှားနေမည်နည်း...။

အဘယ်ကြောင့် အရောင်းအဝယ် လုပ်ကာ ငွေရှာနေမည်နည်း... ၎င်းမှာ ယုတ္တိမရှိပါချေ။

"ကျိကတော် ရောက်လာတဲ့အခါ ခင်ဗျားတို့ရဲ့ အိမ်ထောင်ရေး လက်မှတ်တွေကို ရဖို့ ကျွန်တော်ကိုယ်တိုင် မြို့ပြစီမံကိန်းရုံးကို သွားပေးပါ့မယ်"

ခွမ်းဟွမ်က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။

"စိတ်ချပါ... နောက် လအနည်းငယ်ပါပဲ... မင်း အကြာကြီး စောင့်ရမှာ မဟုတ်ဘူး"

ကျိယွမ်က အခိုင်အမာပြောလိုက်ပြီး ငါးမျှားခြင်းကို အာရုံပြန်စိုက်နေ၏။

ဘာပဲပြောပြော သူသည် နင်းထောင် ရောက်ရှိလာမည့်အချိန်ကို အလွန်မျှော်လင့်နေမိသည်ကိုတော့ ဝန်ခံပါသည်။

လျူဖုန်းလောကတွင် နင်းထောင်သည် အနက်ရောင် ပိုးသားဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိပြီး အဖြူရောင်ကို မဝတ်ဖူးသဖြင့် ၎င်းမှာ အတော်လေး နှမြောစရာကောင်းလေ၏။

ခွမ်းဟွမ်က ရယ်မောလိုက်ပြီး ထိုကိစ္စကို ဆက်မပြောတော့ပါ။

နောက်လအနည်းငယ်ကြာသည့်အခါ ၎င်းမှာ ဟာသတစ်ခုလား သို့မဟုတ် အမှန်တရားလားဆိုသည်ကို အလိုလို သိရမည်ဖြစ်သည်။ ကြိုတွေးပြီး ခေါင်းစားနေရန် မလိုအပ်ပါ။

ထိုအချိန်တွင် ဝူချီ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး

ရုတ်တရက်ထရပ်လိုက်ကာ ဝမ်းသာအားရ အော်လေသည်။

"ကျွန်မ ငါးတစ်ကောင် မိပြီ"

သို့သော် ဝူချီသည် ငါးမျှားတံကို အူကြောင်ကြောင်ဖြင့် ကိုင်တွယ်နေပြီး သူမ၏ မကျွမ်းကျင်မှုကြောင့် ငါးကို ဆွဲတင်ရန် အတော်လေး အချိန်ယူလိုက်ရသည်။

အခြားအမျိုးသမီး ကြယ်ပွင့်တစ်ဦး၏ အကူအညီဖြင့် သူမသည် နောက်ဆုံးတွင် ငါးကိုဆွဲတင်နိုင်သွားပြီး ပုံးထဲသို့ ထည့်လိုက်ပြန်သည်။

ခွမ်းဟွမ်က သဘောကျစွာ ခေါင်းညိတ်ပြလိုက်၏။

"မဆိုးဘူး... အဲဒါက ရွှေရောင် ငါးကြင်းပဲ... ဒီငါးက ယွမ်နှစ်ထောင်လောက် တန်တယ်၊ မဆိုးပါဘူး"

ဝူချီသည် အလွန်ဝမ်းသာသွားပြီး ချီးကျူးမှုကို စောင့်မျှော်နေသော ကြောင်လေးတစ်ကောင်ကဲ့သို့ ကျိယွမ်ကို လှမ်းကြည့်လိုက်၏။

ကံမကောင်းစွာဖြင့် ကျိယွမ်သည် သူမကို လှည့်ပင်မကြည့်ပါချေ။ ထိုအစား သူသည် ငါးကိုသာ ကြည့်နေပြီး ခေါင်းယမ်း၏။

"နှမြောစရာပဲ... အဲဒါက ချစ်စရာလေး မဟုတ်ဘူး"

"ချစ်စရာလေး ဟုတ်လား"

ဝူချီသည် ဇဝေဇဝါ ဖြစ်သွားပြီး ပုံးထဲက ငါးကိုကြည့်မိလေသည်။

သူမ မိထားသော ငါးမှာ ရွှေရောင်တောက်ပပြီး ချစ်စရာကောင်းသည်ဟု သူမကတော့ ယုံကြည်သည်။

ခွမ်းဟွမ်သည် အံ့အားသင့်သွားသော်လည်း သဘောပေါက်သွားကာချက်ချင်းပင် မေးလိုက်၏။

"မစ္စတာချီ... ခင်ဗျားမှာ ရည်ရွယ်ထားတဲ့ ပစ်မှတ်ရှိလို့လား"

ကျင့်ကြံခြင်း ပစ္စည်းအတွက် ကျိယွမ် လိုအပ်နေသော ငါးတစ်မျိုးမျိုး ပင်လယ်ထဲတွင် ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်ခြင်းပင်။

"ဟုတ်တယ်... ချစ်စရာလေးတစ်ကောင် ရှိတယ်၊ ဒါပေမဲ့ အဲဒါကို ဘာခေါ်လဲဆိုတာတော့ ငါ မသိဘူး။

ကိစ္စမရှိပါဘူး... ဆက်ပြီး မျှားနေပါဦး၊ နောက်ဆုံးတော့ သူ ပေါ်လာမှာပါ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း ငါးမျှားကြိုးကို ဝေးဝေးသို့ပစ်လိုက်၏။

အစောပိုင်းက သူ ငါးမျှားနေစဉ် ထိုချစ်စရာလေးကို သတိထားမိခဲ့သည်။

သူ၏ ထက်မြက်သော အမြင်အာရုံက ထိုငါးတွင် ထူးခြားချက်ရှိနေသည်ကို ဖော်ပြခဲ့သဖြင့် သူသတိထားမိသွားခြင်းပင်။

ကံမကောင်းစွာဖြင့် ကျိယွမ်၏ လက်ရှိအင်အားမှာ အလွန်အားနည်းနေပြီး ကျိန်စာလည်း တိုက်ခံထားရ၏။

တိတိကျကျမသိရသော ငါးလေးတစ်ကောင်အတွက်နှင့် ပင်လယ်ထဲ ခုန်ဆင်းရန်မှာ မထိုက်တန်ပါချေ။

ထို့ကြောင့် သူသည် ဤအမျိုးသမီး ကြယ်ပွင့်အချို့ကို အသုံးချပြီး ငါးမျှားခိုင်းထားခြင်းဖြစ်သည်။

"ရှားပါးပြီး ချစ်စရာကောင်းတဲ့ ပင်လယ်ငါးလား"

ခွမ်းဟွမ်က စဉ်းစားလိုက်သည်။

"ငါလည်း စမ်းကြည့်ဦးမယ်... ဒီနေ့ ဘယ်သူ အဲဒါကို မိမလဲ ကြည့်ရအောင်"

"ရွှေရောင်ငါးကြင်းထက် ပိုချစ်စရာကောင်းတဲ့ ငါးလား"

အခြား ကြယ်ပွင့်မိန်းမလှလေးများမှာလည်း စိတ်အားထက်သန်စွာဖြင့် စမ်းသပ်ကြည့်ချင်သွားပြီး ပို၍စိတ်ပါလက်ပါ ငါးမျှားကြတော့သည်။

ငါးမိရင် ငါတို့ကို ဆုကြီးကြီးချမှာ သေချာတယ်။

ဒီငါးက ငါ့အတွက်ဖြစ်စေရမယ်။

All Chapters