အခန်း (၉၅၁-၉၅၂)
Vol. 96 Ch. 951-952
အခန်း (၉၅၁) တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဝမ်ချုံစန်း
ဖြူဖွေးတဲ့ မြူထုတွေ ဖုံးလွှမ်းနေတဲ့ မရဏလမ်း ပေါ်မှာ လူရိပ်ပေါင်း ရာနဲ့ချီ လျှောက်လှမ်းနေကြပါတယ်။
ကျိမသေမျိုးဘုရင် တို့တစ်စုကတော့ လောကအမြင်ရှိသူတွေမို့ သိသာတဲ့ တုန်လှုပ်မှု မရှိပေမဲ့၊ သွေးဝိညာဉ်ဂိုဏ်းသား အတော်များများကတော့ ဒါဟာ ပထမဆုံး အတွေ့အကြုံမို့ သူတို့ခြေထောက်အောက်က လမ်းဟာ ငရဲပြည်ကို သွားတဲ့လမ်းမှန်း သိလိုက်ရတဲ့အခါ တုန်လှုပ်နေကြပါတယ်။
သူတို့ ရှေ့ဆက် ဘာတွေနဲ့ ကြုံရမလဲ၊ ငရဲပြည်ရောက်ရင် ဘယ်လို ကံကြမ္မာမျိုး စောင့်ကြိုနေမလဲဆိုတာ မသိကြပါဘူး။
ဒီလိုမျိုး မရေရာမှုတွေကပဲ သူတို့ကို ထိတ်လန့်စေပါတယ်။
အရင်တုန်းက သွေးဝိညာဉ်ဂိုဏ်းသားတွေအနေနဲ့ သူတို့ကိုယ်သူတို့ အရာရာကို လုပ်နိုင်စွမ်းရှိပြီး သတ္တဝါအားလုံးထက် သာလွန်တယ်လို့ အထင်မှားခဲ့ကြတာပါ။
အခုတော့ အားလုံး အဖမ်းခံလိုက်ရပြီဖြစ်လို့ သူတို့ရဲ့ အခြေအနေဟာ ရှေ့ကလူရဲ့ စကားတစ်ခွန်းပေါ်မှာပဲ မူတည်နေမှန်း ကောင်းကောင်း နားလည်သွားကြပါပြီ။
"ညီလေး... ဒါက ယင်လောက ပေါ့ ဘာလို့ မရဏလမ်းပေါ်မှာ ဝိညာဉ်တွေက ဒီလောက်တောင် နည်းနေရတာလဲ ငါတို့အပြင်... တခြား ဝိညာဉ် သိပ်မရှိပါလား"
ချင်ဟော့ချန်း က ပတ်ဝန်းကျင်ကို ကြည့်ရင်း မေးလိုက်ပါတယ်။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ပြီး အေးအေးဆေးဆေး ပြန်ဖြေတယ်
"မရဏလမ်းကို ရှာတွေ့နိုင်တဲ့ ဝိညာဉ်ဆိုတာ သောင်းဂဏန်းမှာ တစ်ယောက်တောင် မရှိဘူး ဒါကြောင့် အစ်ကိုမြင်ရတဲ့ ဝိညာဉ်တွေက နည်းနေတာပေါ့ ဝိညာဉ် အတော်များများကတော့ သူတို့ရဲ့ ဝိညာဉ်သက်တမ်း ကုန်ဆုံးတဲ့အထိ လူ့လောကမှာပဲ လှည့်လည်နေကြရတာ"
"အဲဒီနောက်ရော"
"နောက်ထပ် ဘာမှမရှိတော့ဘူး ဝိညာဉ်သက်တမ်း ကုန်သွားရင်တော့ သဘာဝအတိုင်း ဝိညာဉ်ချုပ်ငြိမ်းသွားပြီး လူပြန်ဝင်စားဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားတာပေါ့"
ဖန့်ချန်က ပြောရင်းနဲ့ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သလို ချင်ဟော့ချန်းကိုလည်း ကြည့်လိုက်ပါတယ်။
ဒီလူအုပ်ထဲမှာ အားလုံးက ဝိညာဉ်သက်တမ်း ရှည်ကြာမယ့်သူတွေချည်းပါပဲ၊ ချင်ဟော့ချန်း တစ်ယောက်ပဲ ဝိညာဉ်သက်တမ်းက တိုတောင်းနေပုံ ရပါတယ်။
သူပြောခဲ့သလိုပဲ သွေးဝိညာဉ်ဆေးလုံး ကို သူ မစားခဲ့တာ သေချာသွားပါပြီ။
"ဝိညာဉ်ချုပ်ငြိမ်းသွားတာလား... အဲဒါလည်း ကောင်းတာပါပဲ"
ချင်ဟော့ချန်းက ပြုံးပြီး
"နောက်ထပ် ဘဝတစ်ခု အသက်ရှင်လိုက်ရသလိုပဲပေါ့"
"သာမန်ဝိညာဉ်တွေ လူ့လောကမှာ ရှိနေရင် မြင်ရတယ် ကြားရတယ် ဒါပေမဲ့ ဘာကိုမှ ထိတွေ့လို့မရဘူး အရိပ်မရှိ ပုံသဏ္ဌာန်မရှိဘဲ ဒြပ်မဲ့ ဖြစ်နေတာ တခြားတစ်ဖက်က ကြည့်ရင် အဲဒါက သေမင်းအကျဉ်းထောင်ထဲမှာ ပိတ်မိနေတာနဲ့ ပိုတူတယ်"
ဖန့်ချန်က ပြောပါတယ်။
"ဆရာဖန့် ဒီလူကြီးမင်းနှစ်ယောက်ကတော့... ခင်ဗျားပြောတဲ့ သာမန်မဟုတ်တဲ့ ဝိညာဉ်တွေပေါ့လေ သူတို့ရဲ့ အစွမ်းက လူ့လောကက ဂိုဏ်းချုပ်တွေနဲ့ အဆင့်တူပဲ ကျွန်တော် တော်တော် သိချင်မိတယ်၊ ယွင်ဟယ်က မင်းကို ဘယ်လို အမွေအနှစ်တွေ ပေးခဲ့လို့ မင်းက ယင်လောကမှာ ဒီလို အဆင့်အတန်းမျိုး ရှိနေပြီး ဂိုဏ်းချုပ်အဆင့်တွေကိုတောင် ခိုင်းစေနိုင်ရတာလဲ"
ကျိမသေမျိုးဘုရင်က ရုတ်တရက် ပြုံးပြီး မေးလိုက်ပါတယ်။
သူ စကားပြောလိုက်တာနဲ့ လီရှောင်ဘိုးဘေးတို့တစ်စုလုံး နားစွင့်လိုက်ကြပြီး ရင်ထဲက တုန်လှုပ်မှုကို ဖိနှိပ်ထားကြပါတယ်။
သူတို့လည်း အရင်ကတည်းက ခန့်မှန်းထားတာပါ။
အခု ကျိမသေမျိုးဘုရင်ရဲ့ စကားက သူတို့ရဲ့ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သလိုပါပဲ။
တကယ်လို့ ဒီနှစ်ယောက်က ယင်လောကရဲ့ ဂိုဏ်းချုပ်အဆင့်တွေဆိုရင်... ခုနက သူတို့ကို သတ်ဖြတ်ခဲ့တဲ့သူဟာလည်း ဂိုဏ်းချုပ်အဆင့်ပဲ ဖြစ်ရပါလိမ့်မယ်။
ဂိုဏ်းချုပ်အဆင့် သုံးယောက်က ဘေးကနေ ကိုယ်ရံတော်လို လိုက်ပါပေးနေတာ... ဒါက ဘယ်လို အင်အားကြီးသူမျိုးမှ ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးလဲ
လူတိုင်း တွေးလေ တွေးလေ ပိုပြီး ထိတ်လန့်လေပါပဲ။
သူတို့ ဒီတစ်ခေါက် ရှုံးနိမ့်သွားတာဟာ မထူးဆန်းတော့ဘူးလို့ ခံစားလိုက်ရပါတယ်။
တစ်ဖက်လူက ဂိုဏ်းချုပ်အဆင့် သုံးယောက်တောင် ခေါ်လာတာလေ၊ သူတို့သာ နိုင်သွားရင်မှ ထူးဆန်းဦးမယ်။
"မင်း မမေးသင့်တာကို မမေးနဲ့"
ရှီလုံက ကျိမသေမျိုးဘုရင်ကို လှောင်ပြုံးပြုံးပြီး ကြည့်လိုက်တယ်
"မင်း အားယားနေတယ်ဆိုရင်တော့... မင်းကို ဝေါယာဉ်ထဲ ပို့ပေးပြီး မယ်တော်စီနဲ့ တွေ့ခိုင်းလိုက်လို့ ရတယ် ဟိုကောင်လေးက ခန္ဓာကိုယ် သေးလွန်းလို့ ကြာကြာခံမှာ မဟုတ်ဘူး၊ မင်းက အစားထိုးဝင်ပေးဖို့ အတော်ပဲ"
ကျိမသေမျိုးဘုရင် ချက်ချင်း ပါးစပ်ပိတ်သွားပြီး ရှေ့ကိုပဲ စိုက်ကြည့်နေပါတော့တယ်။
ခုနက သူ စကားပြောခဲ့တာ မဟုတ်သလိုပါပဲ။
လီရှောင်ဘိုးဘေးတို့လည်း ကိုယ့်ဆီ မီးကူးလာမှာ ကြောက်တာကြောင့် အသံတိတ်နေကြပါတယ်။
ချင်ဟော့ချန်းကတော့ မနေနိုင်ဘဲ အနီရောင် ဝေါယာဉ်ကြီးကို လှည့်ကြည့်ပြီး တိုးတိုးလေး ပြောတယ်
"ဖန့်ညီလေး... ကိုင်ဝူ အထဲရောက်နေတာ ဒီလောက် ကြာနေပြီဆိုတော့ အကုန်အထုတ်ခံလိုက်ရပြီ ထင်တယ်နော် မင်း သူ့ကို ဆက်ပြီး စစ်မေးမနေပါနဲ့တော့၊ ငါ သူ့အကြောင်း သိသလောက်ဆိုရင် မင်းလိုချင်တဲ့ သတင်းကို သူ ပြောမှာ မဟုတ်ဘူး"
"တကယ်တော့ မင်း မသိတာကမှ ပိုကောင်းဦးမယ် မင်းက ဒီနယ်မြေ အကြောင်း သိတယ်ဆိုရင် လူ့လောကက ဂိုဏ်းချုပ်အဆင့်တွေကိုလည်း အဆင့်ဆင့် ခွဲထားတယ်ဆိုတာ သိမှာပေါ့"
"မင်းဘေးက ဒီလူတွေက... သွေးဝိညာဉ်ဂိုဏ်းရှေ့မှာတော့ တကယ်ကို အဆင့်မမှီဘူး သူတို့ လီချန်စန်း ကိုတောင် နိုင်ပါ့မလား"
"ဒါပေမဲ့ မင်း သိထားရမှာက လီချန်စန်းတောင်မှ ဒီနယ်အရပ်မှာ အခြေအနေ သိပ်မကောင်းဘူး သူ့ကို အနိုင်ကျင့်နေတဲ့သူတွေတောင်မှ သွေးဝိညာဉ်ဂိုဏ်းက ဂိုဏ်းချုပ်အဆင့်တွေကို မြင်ရင်... ရိုရိုသေသေ ဆက်ဆံရတာ"
"စီနီယာအစ်ကိုက ကျွန်တော့်ကို သွေးဝိညာဉ်ဂိုဏ်းဆီ အရှုံးပေးခိုင်းတာလား"
ဖန့်ချန်က ပြုံးပြီး
"တကယ်လို့ အစ်ကို့ကို အရင်က ရန်သူတွေဆီ အရှုံးပေးခိုင်းရင် အစ်ကို လက်ခံမလား"
"သေရရင် သေပါစေ၊ လက်မခံဘူး"
ချင်ဟော့ချန်းက ပြောပါတယ်။
သူက ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲမှာ တစ်ခုခုကို သဘောပေါက်သွားတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားတယ်
"ငါ နားလည်ပါပြီ သွေးဝိညာဉ်ဂိုဏ်းက မင်းကို အထင်မှားခဲ့တာပဲ ဒါကြောင့် မင်းက အခု ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အဆုံးထိ ဆန့်ကျင်တော့မှာပေါ့"
"နားလည်ရင် ပြီးတာပါပဲ အစ်ကိုက အခု သေပြီးသား လူတစ်ယောက် ဖြစ်သွားပြီ၊ လူ့လောကက ကိစ္စတွေက အစ်ကိုနဲ့ ဘာမှမဆိုင်တော့ဘူး အဲဒီလူကို ဘာလို့ ကာကွယ်ပေးနေဦးမှာလဲ"
"တိထျန်း၊ ကျုံးကျိုး နာမည်ကျော် ဂိုဏ်းချုပ်အဆင့်တွေက သိပ်အများကြီး မရှိပါဘူး အဲဒီထဲက ဘယ်သူလဲ"
ဖန့်ချန်က အေးအေးဆေးဆေး မေးလိုက်ပါတယ်။
"ဆရာဖန့် ခင်ဗျား မေးလည်း အပိုပါပဲ သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အဲဒီလူရဲ့ ပထမအဆင့် ကိုယ်ပွား ကိုပဲ အများဆုံး တွေ့ဖူးမှာပါကျွန်တော် သိသလောက်ဆိုရင် အဲဒီလူမှာ ကိုယ်ပွား ၃၆ ခုတောင် ရှိတာ နောက်ပိုင်းအဆင့်တွေဆိုရင် ကျောင်းအုပ်ကြီး ဖြစ်နေမလား ဒါမှမဟုတ် လီချန်စန်း ဖြစ်နေမလား ဘယ်သူမှ မပြောနိုင်ဘူး"
ကျိမသေမျိုးဘုရင်က ဝင်ပြောပါတယ်။
"ကိုယ်ပွား "
ဖန့်ချန် မျက်လုံးများ လှုပ်ခတ်သွားပါတယ်။
"မစဉ်းစားနဲ့ ခန့်မှန်းမနေနဲ့ အဲဒါက မင်းကို ပိုပြီး ရှုပ်ထွေးစေမှာပဲ မင်း အခု လုပ်သင့်တာက ရှေ့ကိုပဲ ဆက်သွားဖို့ပဲ"
ချင်ဟော့ချန်းရဲ့ မျက်နှာက ရုတ်တရက် လေးနက်သွားပါတယ်။
"မင်းက မင်းရဲ့ ညီလေးအပေါ် တော်တော် ကောင်းတာပဲ၊ စိတ်ထဲမှာ သူ့ကို တကယ်ရှိတာပဲ"
ကျိမသေမျိုးဘုရင်က ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
"သွေးဝိညာဉ်ဂိုဏ်းကို ဖယ်ထားမယ်ဆိုရင် ဂျူနီယာညီလေးရဲ့ စရိုက်နဲ့ လက်ရည်က ငါ့ကို တကယ် သဘောကျစေတယ် တကယ်လို့ ငါသာ ဂျူနီယာညီလေးနဲ့ စောစောတွေ့ပြီး ဓားကျင့်ကြံသူတွေ ပြန်လည် နိုးထလာမယ့် မျှော်လင့်ချက်ကို မြင်ခဲ့ရရင်... သွေးဝိညာဉ်ဂိုဏ်းထဲ ဝင်ဖြစ်မှာ မဟုတ်ဘူး"
ချင်ဟော့ချန်းက ပြုံးပြီး ပြောပါတယ်။
ကျိမသေမျိုးဘုရင်က ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်တယ်
"သူ့ရဲ့ အစွမ်းနဲ့တင်တော့ ဓားကျင့်ကြံသူတွေကို အပြင်လောကမှာ ပြန်လည် နိုးထလာအောင် လုပ်ဖို့ အဆင့်မမှီသေးပါဘူး ဒီနယ်မြေလေးမှာပဲ သူရဲကောင်း လုပ်လို့ရမှာပါ အပြင်ထွက်ကြည့်လိုက်ဦး... လီချန်စန်းကို ကြည့် ဓားကျင့်ကြံသူ မျိုးနွယ်က ဆင်းသက်လာတဲ့ မသေမျိုးဧကရာဇ် တောင်မှ သမက်အဖြစ်နဲ့ပဲ ကပ်ရပ်အသက်ရှင်နေရတာ"
"ကျိမသေမျိုးဘုရင် ပြောတာ မမှားဘူး ခင်ဗျားအနေနဲ့ တစ်နေ့မှာ ဒီနယ်မြေအရပ်လေးက ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်... သွေးဝိညာဉ်ဂိုဏ်းကို အားကိုးတာမှ တစ်ပါး တခြား လမ်းမရှိဘူး အဲဒါကလွဲရင် မင်းတို့မှာ သွားစရာ လမ်းမရှိတော့ဘူး"
လီရှောင်ဘိုးဘေးက ဝင်ပြောလိုက်ပါတယ်။
စကားပြောလို့ မဆုံးသေးခင်မှာပဲ ဝေါယာဉ်အဖွဲ့ကြီးက ရုတ်တရက် ရပ်တန့်သွားပါတယ်။
လီရှောင်ဘိုးဘေး ထိတ်လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်ကာ ငြိမ်နေလိုက်ပါတယ်။
ယွီချင်းမေ က လိုက်ကာကို လှန်ပြီး အပြင်ကို ဖြည်းဖြည်းချင်း ထွက်လာပါတယ်။
သူမက အခုတော့ အစေခံမလေး ဝတ်စုံ ဝတ်ထားပြီး ပါးပြင်ပေါ်မှာလည်း နီရဲနေတဲ့ မိတ်ကပ်တွေ ခြယ်သထားပါတယ်။
ဘာတွေနဲ့ ကြုံခဲ့ရလဲ မသိပေမဲ့ သူမရဲ့ မျက်နှာပေးကတော့ လုံးဝကို ထုံထိုင်းနေပါပြီ။
"သခင်လေး... မယ်တော်က သခင်လေးကို အထဲ ခဏကြွဖို့ ဖိတ်ကြားလိုက်ပါတယ်"
ယွီမိသားစုရဲ့ ဝိညာဉ်တွေက သူမရဲ့ ဒီလို ပုံစံကို မြင်တော့ စိတ်မကောင်း ဖြစ်သွားကြပါတယ်။
တစ်ချိန်က မောက်မာလှတဲ့ မင်းသမီးလေး တစ်ပါးဟာ ဘာတွေ ကြုံခဲ့ရလို့ ဒီလို အခြေအနေမျိုး ဖြစ်သွားရတာလဲ
ဖန့်ချန်က ခေါင်းညိတ်ပြပြီး ယွီချင်းမေရဲ့ နောက်ကနေ ဝေါယာဉ်ထဲကို ဝင်လိုက်ပါတယ်။
မယ်တော်စီရဲ့ ဂူဗိမာန်ထဲကို ရောက်တဲ့အခါမှာတော့ အရိုးပေါ် အရေတင် ဖြစ်နေတဲ့ ကိုင်ဝူ ကို တွေ့လိုက်ရပါတယ်။
ကိုင်ဝူရဲ့ မျက်လုံးတွေက ကြောင်တောင်တောင် ဖြစ်နေပြီး ဖန့်ချန်ကို မြင်တာနဲ့ အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်လာတယ်
"ဖန့်ချန်... ငါ့ကို ဒီနေရာကနေ ခေါ်သွားပါဦး"
"အချစ်ရယ်... ကျွန်မက မကောင်းလို့လား၊ ဘာလို့ ထွက်သွားချင်ရတာလဲ"
အရိုးမရှိသလို ပျော့ပျောင်းဖြူစင်တဲ့ လက်တစ်ဖက်က သူ့ပခုံးပေါ် ရောက်လာပါတယ်။
မယ်တော်စီက ကိုင်ဝူရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး လေမှုတ်လိုက်ပါတယ်။
ယွီချင်းမေ ဒါကို မြင်တော့ မျက်လုံးထဲမှာ သနားတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားပါတယ်။
"မယ်တော်စီ... အရေးကြီးတဲ့ ကိစ္စပဲ ပြောရအောင်၊ ဘာတွေ သိခဲ့ရလဲ"
ဖန့်ချန်က မေးလိုက်ပါတယ်။
မယ်တော်စီရဲ့ မျက်နှာပေးက ချက်ချင်းပဲ တည်ကြည်သွားပြီး ဖန့်ချန်ကို ဂါရဝပြုလိုက်တယ်
"သခင်လေး... သူ အကုန် ဝန်ခံသွားပါပြီ"
"သူ့ကို သွေးဝိညာဉ်ဂိုဏ်းထဲကို ဆွဲဆောင်ခေါ်ယူခဲ့တဲ့ ကျင့်ကြံသူ နာမည်က ဝမ်ချုံစုန်း တဲ့။"
"ဝမ်ချုံစုန်း ဒီနာမည်မျိုး မကြားဖူးပါလား"
"သူက ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ လက်ရှိ ဂိုဏ်းချုပ်၊ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဝမ်ချုံစုန်း ပါ"
မယ်တော်စီက ထပ်လောင်း ပြောလိုက်ပါတယ်။
သူလား
ဖန့်ချန် အံ့အားသင့်သွားပါတော့တယ်။
အခန်း (၉၅၂) ယဉ်ကျေးမှု ပျက်ကွက်ရာ ရောက်လိမ့်မည်
မယ်တော်စီဟာ ဖန့်ချန်အတွက် လက်ဖက်ရည်တစ်အိုး ဖျော်ပေးထားပါတယ်။
သူ စဉ်းစားခန်းဝင်နေတာကို မြင်တော့ မနှောင့်ယှက်တော့ဘဲ ကိုင်ဝူကိုသာ ခပ်ပြုံးပြုံး ကြည့်နေပါတယ်။
ကိုင်ဝူရဲ့ မျက်နှာကတော့ အတော်လေး ပျက်နေပြီး ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ ထပ်ပြီး စကားပြောလာတယ်
"ဖန့်ချန်... မင်းသိချင်တာမှန်သမျှ ငါအကုန်ပြောပြီးပြီ အခု ငါက ဝိညာဉ်တစ်ခုပဲ ရှိတော့တာ ဘာမှလည်း မလုပ်နိုင်တော့ဘူး ဘာလို့ ငါ့ကို ဒီလောက်အထိ အရှက်ခွဲနေရတာလဲ "
"ဂိုဏ်းချုပ်က သွေးဝိညာဉ်ဂိုဏ်းသားလို့ မင်းပြောတာက... ခိုင်လုံတဲ့ သက်သေရှိလို့လား ပါးစပ်ကပြောတဲ့ စကားသက်သက်ပဲလား"
ဖန့်ချန်က လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပါတယ်။
ကိုင်ဝူက အားလျော့စွာနဲ့
"ငါ့မှာ ဘာသက်သေမှ မရှိဘူး သူ့ရဲ့ အမှတ်အသားကိုပဲ သိတာ မဟုတ်ရင်လည်း ငါ သွေးဝိညာဉ်ဂိုဏ်းထဲကို ဒီလောက် လွယ်လွယ်နဲ့ ဝင်မှာမဟုတ်ဘူး သူ့ရဲ့ အစွမ်းနဲ့ဆိုရင် ငါ့ကို ဒီကိစ္စ သိစေဖို့တောင် မလိုဘူး အခုအချိန်ထိ ငါက သူ့မျက်နှာကိုတောင် အစစ်အမှန် မမြင်ဖူးဘူး ရုပ်ရည်ကိုလည်း မသိဘူးသူသာ အခု ငါ့ရှေ့မှာ ပေါ်လာရင်တောင် ငါ မှတ်မိမှာ မဟုတ်ဘူး"
"ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ဆိုတာ... ပြောရရင် ငါ့ရဲ့ စီနီယာအစ်ကိုပဲ သူ့အဖေ ဝမ်ကျိလုံက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ ငါ့ရဲ့ ဆရာ ဖြစ်ခဲ့တယ် မင်းရဲ့ စကားလေး နှစ်ခွန်း၊ သုံးခွန်းနဲ့တင် ငါက အလွယ်တကူ ယုံမှာ မဟုတ်ဘူး"
ဖန့်ချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဝေါယာဉ်အပြင်ဘက်ကို ထွက်ဖို့ ပြင်လိုက်တယ်
"မင်း ခဏတော့ မယ်တော်စီနဲ့အတူ နေခဲ့ဦးပေါ့"
"နေဦး"
ကိုင်ဝူ ပျာယာခတ်သွားပြီး
"အရင်တုန်းက ယွီနတ်မိမယ် ဘာလို့ မသေမျိုးပြောင်းပြန် မိစ္ဆာသန္ဓေသား ကို ကျင့်ကြံခဲ့ရလဲဆိုတာ မင်းသိလား"
ဖန့်ချန်ရဲ့ ခြေလှမ်းတွေ ခဏ တန့်သွားပြီး ကိုင်ဝူကို ကြည့်ကာ ပြုံးလိုက်တယ်
"ဘာလို့လဲ"
"အဲဒါ မင်းတို့ ဂိုဏ်းချုပ်ရဲ့ အကြံပဲ ငါနဲ့ ချင်ဟော့ချန်းက ဒီပြဇာတ်ကို ကပြတုန်းက ဘေးဒုက္ခကြီးကြီးမားမား ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး အကြောင်းပြချက် တစ်ခုရှိရင် လုံလောက်ပြီလေ"
ကိုင်ဝူက အသံကို လေးနက်စေပြီး
"မင်းတို့ ဂိုဏ်းချုပ်ကပဲ အထဲမှာ ချိပ်ပိတ်ထားတဲ့ စွမ်းအားတစ်ရပ်ကို ယွီနတ်မိမယ်ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ခိုင်းခဲ့တာ အဲဒီနောက်မှာမှ သူမက ပြောင်းပြန်မသေမျိုမိစ္ဆာသန္ဓေသား ကို ကျင့်ကြံဖြစ်သွားတာ"
သူက ဖန့်ချန်ကို အတည်ပေါက် ကြည့်ပြီး
"မင်းမယုံရင် ပြန်စစ်ကြည့်လို့ရတယ် မင်းတို့ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှာ ယွီနတ်မိမယ် တစ်ယောက်တည်း ပြောင်းပြန်မသေမျိုးမိစ္ဆာသန္ဓေသား ကို ကျင့်ကြံခဲ့တာ မဟုတ်ဘူး"
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်တယ်
"ငါ စုံစမ်းကြည့်ပါ့မယ် အဲဒီအချိန်အထိတော့ မင်း ဒီမှာပဲ နေနေဦးပေါ့"ာ
ဖန့်ချန် ထွက်သွားတာကို ကြည့်ရင်း ကိုင်ဝူက မကျေမနပ် ဖြစ်သွားတယ်
"အရင်တုန်းက အဲဒီကိစ္စမှာ ချင်ဟော့ချန်းလည်း ပါတာပဲ ဘာလို့ ငါ့ကိုကျတော့ ဒီလိုလုပ်ပြီး သူ့ကိုကျတော့ ဘာမှမလုပ်တာလဲ"
သူ့ရဲ့ စကားက ဖန့်ချန်ဆီက ဘာအဖြေမှ ပြန်မရခဲ့ပါဘူး။
ပျော့ပျောင်းတဲ့ လက်မောင်တစ်ဖက်က သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး အိပ်ခန်းဆောင်ထဲကို ဆွဲခေါ်သွားတာကိုပဲ မျှော်လင့်ချက်မဲ့စွာ ခံလိုက်ရပါတယ်။
ယွီချင်းမေကတော့ ဒါကို ကြည့်ပြီး ဘာမှမတတ်နိုင်ဘဲ အားကိုးရာမဲ့နေပါတော့တယ်။
...
ဖန့်ချန်ရဲ့ စိတ်ထဲမှာတော့ ကိုင်ဝူဆီက ရခဲ့တဲ့ သတင်းတွေကို ပြန်စဉ်းစားနေပါတယ်။
တကယ်လို့ သူပြောတာသာ အမှန်ဆိုရင်၊ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ဟာ သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်နေတဲ့အပြင် ပြောင်းပြန်မသေမျိုးမိစ္ဆာသန္ဓေသား နဲ့ပါ ပတ်သက်နေတာပါ။
ဒီလူရဲ့ နောက်ခံက တကယ်ကို မရိုးရှင်းတော့ပါဘူး။
ပြောင်းပြန်မသေမျိုးမိစ္ဆာသန္ဓေ ဆိုတာက... အရင်တုန်းက သူ မိစ္ဆာဘေးဒုက္ခ နဲ့ ကြုံခဲ့တုန်းက တွေ့ခဲ့ရတဲ့ မိစ္ဆာ နဲ့ အတော်လေး ဆင်တူနေပါတယ်။
တစ်ဖက်လူက မိစ္ဆာသခင် ဆိုတဲ့ စကားလုံးကို ပြောခဲ့ဖူးပေမဲ့ အဲဒီ မိစ္ဆာသခင် ဆိုတာ ဘယ်သူမှန်း ဖန့်ချန် မသိပါဘူး။
လူ့လောက ကိုးနယ်မြေထဲမှာ ပုန်းအောင်းနေတဲ့ လွတ်လပ်သောမသေမျိုး တစ်ယောက် ဖြစ်နိုင်သလို၊ တခြား တစ်စုံတစ်ရာလည်း ဖြစ်နေနိုင်ပါတယ်။
"ယွီနတ်မိမယ်မှာ ငါမသိတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်အမျိုးအစား ရှိနေလို့များ သူမကို ပြောင်းပြန်မသေမျိုးမိစ္ဆာသန္ဓေ ကျင့်ကြံခိုင်းတာလား စမ်းသပ်ကြည့်ဖို့လား ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေလို့လား"
ဖန့်ချန်ရဲ့ အတွေးတွေက ဒီမှာတင် ရပ်သွားပါတယ်။
အခုလောလောဆယ်မှာ ကိုင်ဝူပြောတာ အမှန်လား၊ အမှားလား သူ မသေချာသေးပါဘူး။
ဒီလိုလူမျိုးက ဟန်ဆောင်ကောင်းလွန်းတာကြောင့် သူ့ကို လမ်းမှားရောက်အောင် သတင်းမှားတွေ ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။
အခွင့်အရေးရလို့ ဒီကိစ္စကို အတည်ပြုနိုင်တဲ့အခါမှပဲ ဆက်ပြီး စဉ်းစားရင်လည်း မနှောင်းပါဘူး။
မကြာခင်မှာပဲ အားလုံးဟာ ဝမ်ချွမ်းမြစ် ရှေ့ကို ရောက်လာကြပါတယ်။
ဒီနေရာက ဝမ်ချွမ်းမြစ်ကတော့ ပိုပြီးတော့ ခြောက်ကပ်နေသလိုပါပဲ။
ဖြူဖွေးတဲ့ မြူထုတွေကြားကနေ လှေငယ်လေးတွေ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာပြီး သူတို့ မျှော်လင့်တောင့်တနေတဲ့ လူတွေရဲ့ နာမည်တွေကို အော်ခေါ်နေကြပါတယ်။
"ညီလေး... သူတို့ ဘာလုပ်နေကြတာလဲ"
ချင်ဟော့ချန်းက သိချင်စိတ်နဲ့ မေးပါတယ်။
"ဒီ မြစ် ကို ဖြတ်ဖို့ဆိုရင် ကြိုဆိုမယ့်သူ ရှိရတယ်၊ မင်းအတွက် လှေလှော်ပေးမယ့်သူပေါ့"
ဖန့်ချန်က ပြုံးပြီး ရှင်းပြတယ်
"တကယ်လို့ ယင်လောကမှာ မင်းရဲ့ ဆွေမျိုးသားချင်း ရှိနေပြီး သူက မင်းကို သတိရနေတယ်ဆိုရင်၊ မင်းသေပြီးတဲ့နောက် သူ့အနားက ဝမ်ချွမ်းမြစ်ဆီကို ရောက်လာတဲ့အခါ သူက ခံစားမိလိမ့်မယ် အဲဒီအခါ သူက သူ့ရဲ့ ဝိညာဉ်သက်တမ်း ကို လှေအဖြစ် ပြောင်းလဲပြီး မင်းကို မြို့ထဲခေါ်သွားကာ ဘဝဟောင်းက သံယောဇဉ်ကို ဆက်နိုင်တာပေါ့"
"ဒါဆို ငါ့မိဘတွေက..."
"အစ်ကို... အစ်ကို့မိဘတွေက ကျုံးကျိုးမှာ သေတာလည်း မဟုတ်ဘူး၊ လီရှောင်မှာ သေတာလည်း မဟုတ်ဘူး သူတို့ ယင်လောကထဲ ရောက်နေရင်တောင် အစ်ကိုနဲ့ အလှမ်းဝေးနေမှာမို့ အစ်ကို့ကို ခံစားမိမှာ မဟုတ်ဘူး"
ဖန့်ချန်က ပြုံးပြီး ဆက်ပြောတယ်
"တကယ်လို့ အစ်ကိုက စိတ်ပြောင်းသွားရင်တော့ ကျွန်တော့်ကို အချိန်မရွေး ပြောပါ သူတို့ကို ရှာပေးဖို့ လူလွှတ်ပေးလို့ ရပါတယ်"
"ရှာပေးဖို့လား ကြည့်ရတာ ဆရာဖန့် က ယင်လောကမှာ အဆင့်အတန်း မနိမ့်ဘူးပဲ ကျွန်တော် ပြီးခဲ့တဲ့အကြိမ် ယင်လောကကို လာတုန်းက ဒီမြစ် ရှေ့မှာတင် ရပ်ခဲ့ရတာ ဒါပေမဲ့ ဝိညာဉ်တချို့နဲ့ တွေ့တော့ သူတို့ပြောပြချက်အရ ဒီယင်လောကကြီးရဲ့ ကျယ်ပြောပုံက... ကျုံးကျိုးတို့ ဘာတို့နဲ့ နှိုင်းယှဉ်လို့တောင် မရဘူးတဲ့"
"ကျုံးကျိုးက သဲတစ်ပွင့်ဆိုရင် ယင်လောကက အနန္တစကြဝဠာကြီးပေါ့"
ကျိမသေမျိုးဘုရင်က ပြုံးပြီး
"ဒီလောက် ကျယ်တဲ့နေရာမှာ သေသွားတာ ဘယ်လောက်ကြာပြီမှန်းမသိတဲ့ ဝိညာဉ်နှစ်ခုကို ရှာဖို့ဆိုတာ... နာမည်မရှိတဲ့ လူငယ်လေးတစ်ယောက် ဂိုဏ်းချုပ်အဆင့် တက်လှမ်းတာထက်တောင် ခက်ခဲဦးမယ် ဒါပေမဲ့ ဆရာဖန့် ကတော့ အေးအေးဆေးဆေး ပြောနေတာပဲ"
"ဒါက တကယ်ပဲ ယုံကြည်မှု ရှိလို့လား ဒါမှမဟုတ် ချင်ဟော့ချန်းကို မြှောက်ပင့်ပြီး မျှော်လင့်ချက်အမှားတွေ ပေးနေတာလား"
"ကျိမသေမျိုးဘုရင်... ငါတို့ကြားမှာ သွေးထိုးပေးဖို့ မကြိုးစားပါနဲ့၊ အပိုပါပဲ ငါနဲ့ ဖန့်ညီလေးက လမ်းစဉ်ချင်း မတူပေမဲ့ သူ့ရဲ့ စရိုက်ကိုတော့ ငါသိတယ်"
ချင်ဟော့ချန်းက အေးအေးဆေးဆေး ပြောလိုက်ပါတယ်
"မင်းက သူ့စရိုက်ကို သိပေမဲ့ ငါကတော့ မင်းစရိုက်ကို မသိဘူး ချင်ဟော့ချန်း... မင်း ငါ့ကို ဒုက္ခပေးလိုက်တာ တော်တော်ကြီးတယ်နော်"
မြစ်ထဲကနေ လှေကြီးတစ်စင်း ခပ်လာပြီး ကမ်းကပ်လိုက်ပါတယ်။
အဲဒီပေါ်ကနေ ချင်ဟော့ချန်းအတွက် အတော်လေး ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာပါတယ်။
ကိုင်ဟုန် က သူ့ကို အေးစက်စက် ကြည့်နေပြီး သူ့ဘေးမှာတော့ တုယွန်းရွှီ နဲ့ လီပါ့တောင်း တို့ ရပ်နေကြပါတယ်။
"ကျူးလုဘုရင် ပဲ..."
ဒီမှာရှိနေတဲ့ သွေးဝိညာဉ်ဂိုဏ်းသားတွေဟာ ကိုင်ဟုန် နဲ့ အကုန်လုံး တွေ့ဖူးကြတာမို့ သူ့ကို ချက်ချင်း မှတ်မိသွားကြပြီး မျက်နှာပေးတွေ ထူးဆန်းသွားပါတယ်။
"ကိုင်ဟုန် မိတ်ဆွေ... ဒီမှာ ပြန်ဆုံရတာလည်း မဆိုးပါဘူး အရင်တုန်းက ငါ့ရဲ့ ဓားချက်က အရမ်းမြန်လို့ မင်း သေရတာ သိပ်မနာကျင်ပါဘူး၊ အဲဒီအငြိုးတွေကို မေ့လိုက်ပါတော့"
ချင်ဟော့ချန်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
"မင်း ငါ့ကို သတ်တာလား၊ ငါက မင်းကို သတ်တာလား ဘာလို့ ငါကပဲ မှားနေသလို ဖြစ်နေရတာလဲ"
ကိုင်ဟုန် က လှေပေါ်ကနေ ခုန်ဆင်းလာပြီး ချင်ဟော့ချန်းဆီ ပြေးသွားကာ တစ်ချက် ထိုးလိုက်ပါတယ်။
ချင်ဟော့ချန်းကလည်း လက်တုံ့ပြန်ပြီး ကိုင်ဟုန်ကို ပြန်ထိုးချလိုက်ပါတယ်။
ကိုင်ဟုန်က မယုံနိုင်သလို ကြည့်ပြီး
"မင်းက ပြန်ချတယ်ပေါ့"
သူက ချက်ချင်းပဲ အော်ဟစ်ပြီး ချင်ဟော့ချန်းနဲ့ လုံးထွေးသတ်ပုတ်ပါတော့တယ်။
သူတို့နှစ်ယောက်လုံးက ခန္ဓာကိုယ်နဲ့ လာတာမဟုတ်ဘဲ သေပြီးမှ ဝိညာဉ်အဖြစ် ရောက်လာတာမို့ ဘာစွမ်းအားမှ မရှိကြပါဘူး။
လူ့လောကက သာမန်လူတွေလိုပဲ လက်သီးချင်း ထိုးကြိတ်နေကြတာပါ။
ကျိမသေမျိုးဘုရင်တို့ကတော့ ခဏပဲ ကြည့်ပြီး စိတ်မဝင်စားတော့ပါဘူး။
သူတို့ရဲ့ အာရုံက တုယွန်းရွှီနဲ့ လီပါ့တောင်း ဆီမှာပါ။
ဒီဝိညာဉ်နှစ်ခုဆီကနေ ထွက်ပေါ်နေတဲ့ ဖိအားတွေက သူတို့ကို တုန်လှုပ်စေပါတယ်။
ဒါက သူတို့ ယင်လောကမှာ အစွမ်းမနည်းဘူးဆိုတာကို ပြနေတာပါ။
"အရှင်"
တုယွန်းရွှီက လက်အုပ်ချီ ဂါရဝပြုလိုက်ပါတယ်။
သူက ရှီလုံနဲ့ ဝေါယာဉ်အဖွဲ့ကို တစ်ချက် ဝေ့ကြည့်လိုက်တဲ့အခါ မျက်လုံးထဲမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားပါတယ်။
ဒီနှစ်ယောက်ရဲ့ အရှိန်အဝါက... ယင်မိစ္ဆာ တွေနဲ့ အတော်လေး ဆင်တူနေလို့ပါပဲ
"ဒီလူတွေက လူ့လောကမှာ အဆင့်အတန်း မနိမ့်ကြဘူး ရှန်ကျန်းမြို့တော် မှာ သူတို့ကို ချုပ်နှောင်ထားဖို့ သင့်တော်တဲ့ နေရာရှိလား"
ဖန့်ချန်က မေးလိုက်ပါတယ်။
တုယွန်းရွှီ ခဏစဉ်းစားပြီး ကျိမသေမျိုးဘုရင်တို့ကို တစ်ချက်ကြည့်ကာ ပြောတယ်
"ရှန်ကျန်းမြို့တော် ရဲ့ ဝိညာဉ်စစ်သည်ဌာန က အကျဉ်းထောင်ကိစ္စတွေကို တိုက်ရိုက် မကိုင်တွယ်ပေမဲ့ သူတို့ကို ထားလို့ရတဲ့ အကျဉ်းထောင်တစ်ခုတော့ ရှိပါတယ် တရားစီရင်ရေးဌာန ဘက်ကတော့ ဒါမျိုးတွေကို ပိုကျွမ်းကျင်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့နဲ့ ယင်နယ်စား ရှန်ထူချန်း ရဲ့ ဆက်ဆံရေးက..."
"ကိစ္စမရှိဘူး သူတို့ကို အရင်ဆုံး ဝိညာဉ်စစ်သည်ဌာနမှာ ထားလိုက်ပါ ပြီးရင် ငါနဲ့အတူ တရားစီရင်ရေးဌာနကို လိုက်ခဲ့ ရာထူးလက်ခံတာ ဒီလောက်ကြာပြီကို တရားစီရင်ရေးဌာနဘက်ကို တစ်ခါမှ မသွားရသေးဘူး သွားမကြည့်ရင်တော့... ယဉ်ကျေးမှု ပျက်ကွက်ရာ ရောက်လိမ့်မည်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
တုယွန်းရွှီ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပါတယ်။
ဒီတစ်ခေါက် သွားမယ့်ခရီးကတော့ လွယ်လွယ်ကူကူ ဖြစ်မှာမဟုတ်ဘူးလို့ သူ ခံစားလိုက်ရပါတော့တယ်။