← Chapters

အခန်း (၉၅၅-၉၅၆)

Vol. 96 Ch. 955-956

အခန်း (၉၅၅-၉၅၆)

Vol. 96 Ch. 955-956

​အခန်း (၉၅၅) ယင်လောက၏ ဌာနအသီးသီး

​တရားသူကြီးတို့၏ ကောင်းမှုဆိုးမှု မှတ်တမ်း

​ဖန့်ချန် မျက်လုံးတစ်ချက် လှုပ်ရှားသွားပြီး ရှီလုံကို ရှန်ထူချန်းအား ခေါ်သွားကာ အဲဒီမှတ်တမ်းကို ယူခိုင်းလိုက်ပါတယ်။

​မကြာခင်မှာပဲ ရှန်ထူချန်းက ထူထဲတဲ့ ယင်အရှိန်အဝါတွေ ဖုံးလွှမ်းနေတဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖန့်ချန်ဆီ ကမ်းပေးလိုက်ပါတယ်။

​"သခင်လေး... ဒီပစ္စည်းမှာ အန္တရာယ်မရှိပါဘူး"

ရှီလုံက ပြောပါတယ်။

​ဖန့်ချန် ခေါင်းညိတ်ပြလိုက်တယ်၊ သူ ရှေးဟောင်းစာအုပ်ရဲ့ မျက်နှာဖုံးကို လှန်ကြည့်လိုက်တဲ့အခါ အထဲမှာ ယင်လောက ဌာနအသီးသီးက အရာရှိတွေရဲ့ အမည်စာရင်းကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။

​အဲဒီအထဲမှာ အရာရှိတွေ ယင်လောကထဲကို အဝင်အထွက် လုပ်တဲ့ မှတ်တမ်းတွေလည်း ပါဝင်ပြီး ဖန့်ချန်ရဲ့ နာမည်က ပထမဆုံး စာမျက်နှာမှာ ရှိနေပါတယ်။

​"မင်းက ဒီပစ္စည်းကို သုံးပြီး ငါ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို သိနေတာလား"

ဖန့်ချန်က ရှန်ထူချန်းကို ကြည့်လိုက်ပါတယ်။

​ရှန်ထူချန်းရဲ့ မျက်နှာပေးက အတော်လေး ကြည့်မကောင်းပါဘူး

"တရားသူကြီးတို့၏ ကောင်းမှုဆိုးမှု မှတ်တမ်း က တစ်ယောက်တစ်အုပ် ရှိကြတာ ကျုပ် တရားစီရင်ရေးဌာနက လက်အောက်ငယ်သားဆိုရင် ဘယ်သူမဆို ကြည့်လို့ရတယ် ခင်ဗျားရဲ့ သွားလာမှုကို တရားစီရင်ရေးဌာနဘက်က ပေါက်ကြားသွားတာ ဖြစ်နိုင်ပေမဲ့ ကျုပ်နဲ့တော့ မဆိုင်ဘူး"

​"ဒီအချက်ကတော့ ယင်အရှင်ရှန်ထူ ပြောတာ မမှားပါဘူး"

​ကျင်ရွှေတို့ နှစ်ယောက် လမ်းလျှောက်ဝင်လာကြပါတယ်။

သူမက ဖန့်ချန်လက်ထဲက မှတ်တမ်းစာအုပ်ကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုး ပြောတယ်

​"ဒီစာအုပ်က အမှားလုပ်တဲ့ ဝိညာဉ်တွေကို ဖမ်းဆီးဖို့ တရားစီရင်ရေးဌာနက သုံးတာပါ အဲဒီအထဲမှာ ဌာနအသီးသီးက အရာရှိတွေလည်း ပါတာပေါ့"

"တကယ်လို့ ယင်အရှင်ဖန့် အနေနဲ့ ကိုယ့်ရဲ့ သွားလာမှုကို မပေါက်ကြားစေချင်ရင် နေ့ကင်းလှည့်အရှင် ဝတ်စုံကို သေသေချာချာ သိမ်းဆည်းထားလိုက်ရုံပါပဲ အဲဒီအခါ အမည်စာရင်းကနေ အလိုအလျောက် ပျောက်ကွယ်သွားပါလိမ့်မယ်"

​"ဘာလို့ အရင်တုန်းက ဘယ်သူမှ ငါ့ကို ဒါမျိုး မပြောခဲ့တာလဲ"

​ဖန့်ချန်က ဝတ်စုံကို ချွတ်ပြီး သိမ်းဆည်းလိုက်တဲ့အခါ စာအုပ်ပေါ်က သူ့နာမည်ဟာ တကယ်ပဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပါတယ်။

​ဒါကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ အရာရှိတွေ ဝတ်ဆင်ထားတဲ့ ဝတ်စုံတွေကတစ်ဆင့် သူတို့ရဲ့ သွားလာလှုပ်ရှားမှု လမ်းကြောင်းတွေကို ဖမ်းယူတာ ဖြစ်ကြောင်း ထင်ရှားပါတယ်။

​ဖန့်ချန် ရုတ်တရက် စဉ်းစားမိတာက... အရာရှိရာထူး ရှိတာဟာ ဝမ်ချွမ်းမြစ်က တံတားတွေကို မြင်နိုင်တဲ့ အခွင့်ထူး ရှိပေမဲ့လည်း၊ တစ်ဖက်မှာတော့ ကိုယ့်ရဲ့ သွားလာမှုတွေက ကောင်းမှုဆိုးမှု မှတ်တမ်းရဲ့ ဖမ်းယူမှုကို ခံနေရတာပါပဲ။

​တကယ်လို့ ဝတ်စုံကို ကြိုတင်ချွတ်ထားရင် တံတားတွေကို မမြင်ရတော့ဘဲ ကိုယ်သွားချင်တဲ့ မြို့တွေကို သွားလို့မရတော့ပါဘူး။

အဲဒီလို သွားချင်ရင်လည်း အရာရှိ ရာထူးရှိသူကို ယင်သက်တမ်းဒင်္ဂါး အမြောက်အမြား ပေးပြီး တံတားပေါ် လိုက်ပို့ခိုင်းရတာပါ။

အဲဒီလို လုပ်ရင်လည်း သဲလွန်စ မကျန်အောင် လုပ်ဖို့က မလွယ်ပါဘူး။

​ဒါပေမဲ့ သူကတော့ ဒီအချက်ကို စိတ်ပူစရာ မလိုပါဘူး။

သူက ဝတ်စုံကို ချွတ်ထားလည်း ဝမ်ချွမ်းမြစ်က တံတားတွေကို မြင်နိုင်တာပါ။

အရင်တုန်းက ဒီမှတ်တမ်းစာအုပ် ရှိမှန်း မသိခဲ့တာကြောင့် သူ့ရဲ့ သွားလာမှုတွေဟာ လူအများကြီးရဲ့ မျက်စိအောက်မှာ အစောကြီးကတည်းက ပေါ်လွင်နေခဲ့တာ ဖြစ်ပါတယ်။

​"ယင်အရှင်တိုင်းက ဒီအကြောင်း သိကြတယ်၊ ကျမတို့ကလည်း ယင်အရှင်ဖန့် သိပြီးသားလို့ ထင်နေတာကြောင့် မပြောခဲ့တာပါ"

ကျင်ရွှေက ဆိုပါတယ်။

​ဖန့်ချန်က တုယွန်းရွှီကို တစ်ချက် ကြည့်လိုက်ပါတယ်။

တုယွန်းရွှီရဲ့ မျက်နှာကလည်း အတော်လေး ထူးဆန်းနေပြီး ကျင်ရွှေနဲ့ ထင်မြင်ချက်ချင်း တူနေပုံရပါတယ်။

​"တရားစီရင်ရေးဌာနက ဆုပေးဒဏ်ပေးတာကို ကိုင်တွယ်တာဆိုတော့၊ ဒီတစ်ခေါက် ငါ့ကို ဘယ်ယင်အရှင်က လုပ်ကြံတာလဲဆိုတာ တရားစီရင်ရေးဌာနက သိသင့်တာပေါ့"

ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ရှန်ထူချန်းက သွားကြိတ်ပြီး

"ကျုပ်တို့ရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်ရှိတယ်၊ တစ်ဖက်လူက အလုပ်လုပ်တာ သေသေချာချာ သတိထားတာကြောင့် သဲလွန်စ သိပ်မကျန်ခဲ့ဘူး"

" တကယ်လို့ ယင်အရှင်ဖန့် အနေနဲ့ အဆုံးထိ စုံစမ်းချင်ရင်တော့... ခင်ဗျား ရာထူးက ထုတ်ပစ်လိုက်တဲ့ အဲဒီ နေ့ကင်းလှည့်နတ်ဘုရားကို အရင်ရှာရလိမ့်မယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျုပ်က သူ လူ့လောကမှာ ဘယ်သူလဲဆိုတာ သိတယ်"

​"ယင်အရှင်ရှန်ထူ... အရင်တုန်းက ကျနော် အကြိမ်ကြိမ် လာမေးတုန်းက ဘာလို့ တစ်ခါမှ မပြောခဲ့တာလဲ"

တုယွန်းရွှီ မျက်မှောင်ကြုတ်သွားပါတယ်။

​"မင်းက နေ့ကင်းလှည့်နတ်ဘုရား အဆင့်လေးတင်လေ၊ ငါက မင်းကို ဘာလို့ ပြောပြရမှာလဲ"

ရှန်ထူချန်းက လှောင်ပြုံးပြုံးလိုက်ပါတယ်။

​တုယွန်းရွှီ စိတ်ထဲကနေ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဘာမှ ဆက်မပြောတော့ပါဘူး။

​ရှန်ထူချန်းက ဖန့်ချန်ကို ကြည့်လိုက်တယ်

"အဲဒီ နေ့ကင်းလှည့်နတ်ဘုရား နာမည်က စန်းကွမ်းထုံ တဲ့ လူ့လောကက ကျောက်ဟွာဂြိုဟ် ချိုဖုန်း နယ်မြေ က လာတာ တကယ်လို့ ယင်အရှင်ဖန့် က အဆုံးထိ လိုက်ချင်ရင်တော့ ကိုယ်တိုင်သွားဖမ်းပြီး စစ်ဆေးလိုက်ပေါ့ တရားစီရင်ရေးဌာနရဲ့ နှိပ်စက်ခန်းတွေကို သာမန် နေ့ကင်းလှည့်နတ်ဘုရားတွေ မခံနိုင်ကြပါဘူး"

​"ချိုဖုန်း နယ်မြေ..."

​ဖန့်ချန် စဉ်းစားသလိုနဲ့ ခေါင်းညိတ်လိုက်တယ်

"ဒီအကြောင်း ပြောရရင်၊ ငါ့ဌာနက နေ့ကင်းလှည့်နတ်ဘုရားတွေ စုံစမ်းထားတာကတော့ အဲဒီ စန်းကွမ်းထုံ ဟာ ဌာနမှူးယို နဲ့ ဆက်ဆံရေး တော်တော်ကောင်းတယ်လို့ သိရတယ်"

​သူက ယိုဖန့်ကို လှည့်ကြည့်လိုက်တယ်

"ဌာနမှူးယို အနေနဲ့ ဒီကိစ္စကို ဘယ်လို မြင်ပါသလဲ"

​"အဲဒါက ယင်အရှင်ဖန့် ရာထူးမယူခင်က ကိစ္စပါ"

​ယိုဖန့်ရဲ့ အကြည့်တွေက တည်ငြိမ်နေပါတယ်

"သံသယ မဖြစ်စေဖို့အတွက် ယင်အရှင်ဖန့် ရာထူးယူပြီးကတည်းက ကျုပ်နဲ့ စန်းကွမ်းထုံ ဘာပတ်သက်မှုမှ မရှိတော့ဘူး ယင်အရှင်ဖန့် မယုံရင် လူလွှတ်ပြီး စုံစမ်းကြည့်နိုင်ပါတယ်"

"ကျုပ်က ယင်အရှင်ဖန့်ရဲ့ တချို့လုပ်ရပ်တွေကို သဘောမတူတာ မှန်ပေမဲ့၊ ယင်အရှင် တစ်ယောက်ကို လုပ်ကြံဖို့အထိတော့ လူမလွှတ်ပါဘူး"

​"ဒါဆိုရင်လည်း ဒီလိုလုပ်ကြတာပေါ့၊ အားလုံးပဲ သတင်းပို့လိုက်ကြပါ ဒီနေ့ ရှန်ကျန်းမြို့တော်မှာ ရှိနေတဲ့ ယင်အရှင်တွေ အားလုံး ဒီနေရာကို လာပြီး ခဏထိုင်ကြမယ်ဆိုရင် သဲလွန်စလေးတွေ ဘာလေးတွေ ရှာတွေ့နိုင်ကောင်းရဲ့"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ယိုဖန့် မျက်နှာ ပျက်သွားပြီး ချက်ချင်း ခေါင်းခါလိုက်တယ်

"လုံးဝ မဖြစ်နိုင်ဘူး ဒီနေ့ ယင်အရှင်ဖန့်ရဲ့ လုပ်ရပ်က ပုန်ကန်တာနဲ့ ဘာမှမခြားဘူး အဲဒီ ယင်အရှင်တွေကိုသာ ခေါ်လိုက်ရင် ကျားတွင်းထဲ ဆွဲသွင်းသလို ဖြစ်သွားမှာပေါ့ ခုနကတင် ကျုပ်က ဌာနအသီးသီးက ယင်အရှင်တွေကို သတင်းပို့လိုက်ပြီ၊ သူတို့ ရှန်ကျန်းမြို့တော်ကနေ ထွက်သွားကြလောက်ပြီ"

​"အဲဒါကတော့ မသေချာဘူးနော်"

ဖန့်ချန်က အေးဆေးပဲ ပြောလိုက်ပါတယ်။

​အားလုံး မှင်တက်သွားကြပြီးနောက်၊ အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ ယင်မိစ္ဆာကြီး ဟာ ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိတာကို သတိထားမိလိုက်ကြပါတယ်။

​ယိုဖန့်ရဲ့ မျက်နှာက တရိပ်ရိပ် ပြောင်းလဲနေပါတယ်။

​ရှန်ထူချန်းက တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး ချက်ချင်းပဲ အသံမာမာနဲ့ ပြောတယ်

"ယင်အရှင်ဖန့်... တကယ်လို့ ဌာနအသီးသီးက ယင်အရှင်တွေသာ သေကုန်ရင် ယင်လောကကတော့ ဖရိုဖရဲ ဖြစ်သွားမှာပဲ"

"ယင်အရှင် ဝတ်စုံဆိုတာ ဘယ်သူမဆို ဝတ်လို့ရတာ မဟုတ်ဘူး ငရဲမင်းကြီးရဲ့ အမိန့် ရှိမှ ရတာ ခင်ဗျား တကယ်ပဲ ပုန်ကန်ချင်တာလား ဖရိုဖရဲ ဖြစ်နေတဲ့ ယင်လောကက ခင်ဗျားအတွက် ဘာအသုံးကျမှာလဲ"

​"ငါ ပုန်ကန်မယ်လို့ ဘယ်သူက ပြောလို့လဲ"

ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ရှန်ထူချန်းတို့ အံ့အားသင့်သွားကြပြီး မျက်နှာပေးတွေ ထူးဆန်းသွားပါတယ်။

​တစ်ဖက်လူက တရားစီရင်ရေးဌာနကို ဗြောင်ကျကျ ဝင်တိုက်ထားတာတောင် ဒါက ပုန်ကန်တာ မဟုတ်သေးဘူးလား

​ယင်လောကရဲ့ ဌာနအသီးသီးမှာ တရားစီရင်ရေးဌာနက အရေးကြီးဆုံးပဲလေ၊ နယ်ပယ်အသီးသီးက မြို့စားတွေဟာ တရားစီရင်ရေးဌာနရဲ့ လက်အောက်ခံတွေပဲ။

​ရှန်ထူချန်းက စကားပြောဖို့ ပြင်လိုက်ပေမဲ့ ပြန်ပိတ်လိုက်ပြီး နန်းဆောင်အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။

​မယ်တော်စီရဲ့ နောက်ကွယ်မှာတော့ မျက်နှာပျက်နေကြတဲ့ ယင်အရှင် ဆယ်ဂဏန်းလောက် ရပ်နေကြပါတယ်။

​ယိုဖန့် နဲ့ ကျင်ရွှေ တို့ရဲ့ မျက်နှာတွေက တုန်လှုပ်သွားပါတယ်။

ရှန်ကျန်းမြို့တော်မှာ ရှိသမျှ ယင်အရှင်တွေ အကုန်လုံးနီးပါး ဒီကို ရောက်နေကြတာပါပဲ။

​"အားလုံးပဲ... အထဲဝင်ပြီး ထိုင်ကြပါဦး"

ဖန့်ချန်က ပြုံးပြီး ဖိတ်ခေါ်လိုက်ပါတယ်။

​အဲဒီ ယင်အရှင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နန်းဆောင်ထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြပါတယ်။

ရှန်ထူချန်းရဲ့ သနားစရာ အခြေအနေကို မြင်လိုက်ရတဲ့အခါ သူတို့အားလုံး တိတ်ဆိတ်သွားကြပါတယ်။

​"ကျုပ်က ခင်ဗျားတို့နဲ့ တစ်ခါမှ မဆုံဖူးသေးဘူး ထင်တယ်၊ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြပါဦး"

ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။

​ဝဝဖန့်ဖန့်နဲ့ ယင်အရှင်တစ်ယောက်က မျက်နှာမှာ အတင်းအကျပ် ပြုံးပြုံးလေး လုပ်ပြီး

"ကျုပ်က ယင်ချောင်ဌာန ရဲ့ ဌာနမှူး ချီထျန်းရန် ပါ ဒီနှစ်ယောက်က ကျုပ်ရဲ့ လက်ယာရံနဲ့ လက်ဝဲရံတွေပါ"

​"ယင်ချောင်ဌာန လက်ဝဲအရာရှိ လျူရွှမ်း ပါ"

​"ယင်ချောင်ဌာန လက်ယာအရာရှိ ကျန်းကောင်း ပါ"

​"ခင်ဗျားတို့ ယင်ချောင်ဌာနက ဘယ်လို ကိစ္စတွေကို ကိုင်တွယ်တာလဲ"

ဖန့်ချန်က အေးဆေးပဲ မေးလိုက်ပါတယ်။

​ချီထျန်းရန်က ရှန်ထူချန်း နဲ့ ယိုဖန့် တို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ခပ်တိုးတိုး ပြောတယ်

​"ယင်ချောင်ဌာနက ဝိညာဉ်မှတ်တမ်း တွေကို ကိုင်တွယ်ပြီး မြို့စောင့်နတ် ရာထူးကို အဓိက စီမံတာပါ"

​"ဘာလို့ ငါက နေရာအနှံ့မှာ မြို့စောင့်နတ် ဘုရားကျောင်းတွေကို မတွေ့ရသလို၊ ယင်လောကမှာတောင် မြို့စောင့်နတ် အနည်းငယ်ပဲ တွေ့ရတာလဲ"

ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ချီထျန်းရန် ခဏလောက် တိတ်ဆိတ်သွားပြီး သူ့ရဲ့ လက်ထောက်နှစ်ယောက်ကို ကြည့်လိုက်ကာ ခပ်တိုးတိုး ရယ်ရင်း ပြောတယ်

​"ဘာလို့လဲဆိုတော့ နေ့လှည့်ညလှည့် ကင်းလှည့်စနစ် ရှိလာတာကြောင့် မြို့စောင့်နတ် ရာထူးက ရှိရှိမရှိရှိ ဖြစ်သွားလို့ပါ ဒါကြောင့် ရှန်ကျန်းမြို့တော်မှာ ယင်ချောင်ဌာနကို ချန်ထားတာကလွဲရင် ကျန်တဲ့နေရာတွေက မြို့စောင့်နတ်တွေကို ရုပ်သိမ်းလိုက်ပါပြီ"

​"အို... အဲဒါက ငရဲမင်းကြီးရဲ့ ဆန္ဒလား"

ဖန့်ချန်က စိတ်ဝင်တစား မေးပါတယ်။

​ချီထျန်းရန်က ဘာမှ ပြန်မပြောဘဲ ယိုဖန့် နဲ့ ရှန်ထူချန်း တို့ကိုပဲ ထပ်ကြည့်လိုက်ပါတယ်။

ဖန့်ချန် စိတ်ထဲကနေ သိလိုက်ပါပြီ၊ ဒါဟာ ယင်စစ်သည်ဌာန ရဲ့ ဆန္ဒကြောင့်ဆိုတာ သေချာပါတယ်။

​ကျန်တဲ့ ယင်အရှင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ကြပါတယ်။

တချို့က သံသရာဌာန က ဌာနမှူး၊ တချို့က ဝိညာဉ်ဖမ်းဌာန က ဌာနမှူးတွေပါ။

​ခြွင်းချက်မရှိ အဲဒီဌာနတွေဟာ ယင်လောကမှာ ဘာဩဇာအာဏာမှ မရှိကြတော့ပါဘူး။

ယင်စစ်သည်ဌာန နဲ့ တရားစီရင်ရေးဌာန တို့လို မြို့တိုင်းမှာ ဌာနခွဲတွေ မရှိကြပါဘူး။

​ဒီယင်အရှင်တွေက ကျင့်ကြံခြင်း မြင့်မားကြပေမဲ့ တကယ်တမ်း အာဏာမရှိကြပါဘူး။

သူတို့ရဲ့ ဌာနဆိုင်ရာ အာဏာတွေကို ယင်စစ်သည်ဌာန နဲ့ တရားစီရင်ရေးဌာန တို့က ခွဲဝေယူလိုက်ကြလို့ပါပဲ။

​"ဌာနမှူးရှန်ထူ၊ ဌာနမှူးယို... ခင်ဗျားတို့က ကျုပ်ကို ပုန်ကန်ချင်နေတယ်လို့ ပြောကြတယ် ဒါပေမဲ့ ကျုပ်အမြင်မှာတော့ ခင်ဗျားတို့ကသာ တကယ် ပုန်ကန်နေတာပါ ဌာနအသီးသီးကို အာဏာမရှိအောင် လုပ်ပြီး အာဏာအားလုံးကို ယင်စစ်သည်ဌာန နဲ့ တရားစီရင်ရေးဌာန လက်ထဲမှာ စုစည်းထားတယ်"

"​ဒီဌာနမှူးတွေတောင် ခင်ဗျားတို့ မျက်နှာကို ကြည့်ပြီး အသက်ရှင်နေရတယ် ခင်ဗျားတို့က ငရဲမင်းကြီး မဟုတ်ပေမဲ့ ငရဲမင်းကြီးထက်တောင် အာဏာပြင်းနေသေးတယ်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ရှန်ထူချန်း နဲ့ ယိုဖန့် တို့ မျက်နှာတွေ ပျက်သွားပြီး တစ်ခုခုကို ရှင်းပြဖို့ ပြင်လိုက်ပေမဲ့၊ ဖန့်ချန်က ချီထျန်းရန် တို့ကို လှည့်ကြည့်ပြီး ပြောလိုက်တာကို ကြားလိုက်ရပါတယ်

​"ကျုပ်အမြင်မှာတော့ ခင်ဗျားတို့ အားလုံးက ကိုယ့်ဌာနအလိုက် တာဝန်တွေကို ပြန်ယူသင့်တယ် ရာထူးကြီးကြီးနဲ့ အလုပ်မလုပ်ဘဲ နေတာက သိပ်မကောင်းဘူးလေ"

​ချီထျန်းရန် တို့တစ်စုဟာ ထိတ်လန့်သွားမယ့်အစား ဝမ်းသာအားရ ဖြစ်သွားကြပါတော့တယ်။

​အခန်း (၉၅၆) တပည့် ဖန့်ချန် ဆရာ့ကို ဂါရဝပြုပါတယ

​"ယင်အရှင်ဖန့်... ယင်ချောင်ဌာန နဲ့ ဝိညာဉ်ဖမ်းဌာန ကိုတော့ ထားလိုက်ပါတော့၊ သံသရာဌာန ကိုကျတော့... ခင်ဗျားက သူတို့ကို ဘယ်လို တာဝန်တွေ ပြန်ပေးမှာလဲ"

​ယိုဖန့်က ရုတ်တရက် စကားဖြတ်ပြောလာပါတယ်

"ငရဲမင်းကြီးက နိုင်ဟယ်တံတား ကို မဖွင့်ပေးခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီ သာမန်ဝိညာဉ်တွေက လူပြန်ဝင်စားဖို့ အခွင့်အရေး မရှိကြဘူး အဲဒီတော့ သံသရာဌာနကလည်း အလုပ်မရှိတာပေါ့"

​သူက ခဏနားပြီး

"ပြီးတော့ ဝိညာဉ်ဖမ်းဌာန၊ ယင်လောကမှာ ဝိညာဉ်တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာနေတာတကယ်လို့ သူတို့က လူ့လောကက ဝိညာဉ်တွေကိုပါ ထပ်ခေါ်လာနေဦးမယ်ဆိုရင် ယင်လောကကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်လိမ့်မယ်"

​"နောက်ပြီး ယင်ချောင်ဌာန၊ ယင်ချောင်ဌာနက မြို့စောင့်နတ်တွေ လုပ်ရမယ့် အလုပ်တွေကို ကျုပ်တို့ ယင်စစ်သည်ဌာနက နေ့လှည့်ညလှည့် ကင်းလှည့်စစ်သည်တွေလည်း လုပ်နိုင်တာပဲ ဘာလို့ လူအပိုတွေ မွေးထားပြီး ယင်သက်တမ်းတွေကို အလဟဿ ဖြုန်းတီးနေမှာလဲ"

​"မှန်တယ်၊ ဒီနေ့ ဒီအချိန် အခြေအနေအရ သံသရာဌာန၊ ယင်ချောင်ဌာန၊ ဝိညာဉ်ဖမ်းဌာန တို့က ရှိနေဖို့ မလိုအပ်တော့ဘူး"

"သူတို့က ယင်အရှင် ရာထူးကို ဆက်ထိန်းထားနိုင်တာတောင် ငရဲမင်းကြီးက သဘောထားကြီးလို့ပဲအဲဒီသုံးဌာနရဲ့ ရာထူးဂုဏ်ရှိန်ကို ကိုယ်စားပြုတဲ့ ဝတ်စုံတွေကိုလည်း ငရဲမင်းကြီးက အစောကြီးကတည်းက ပြန်သိမ်းသွားခဲ့ပြီ"

​ရှန်ထူချန်းက ဆက်ပြောပါတယ်

"ဒါက ကျုပ်တို့ တရားစီရင်ရေးဌာန နဲ့ ယင်စစ်သည်ဌာနက ဆုံးဖြတ်တာ မဟုတ်ဘူး၊ ငရဲမင်းကြီးရဲ့ ဆန္ဒကလည်း ဒီအတိုင်းပဲ"

​"လျှောက်မပြောနဲ့ မင်းတို့ ယင်စစ်သည်ဌာန နဲ့ တရားစီရင်ရေးဌာနက အမြဲတမ်း ဗိုလ်ကျစိုးမိုးပြီး ကုန်းချောစကားတွေ ပြောခဲ့လို့ ငါတို့ ယင်ချောင်ဌာန နဲ့ ဝိညာဉ်ဖမ်းဌာန ဒီလို ဖြစ်သွားရတာ မဟုတ်လား ကံကောင်းလို့ ယင်အရှင်ဖန့် က အကျိုးအကြောင်း သိနားလည်လို့ ဒီကိစ္စက မသင့်တော်ဘူးလို့ ယူဆတာ"

"မဟုတ်ရင် ဒီအတိုင်းသာ ဆက်သွားရင် မင်းတို့နှစ်ယောက်ကပဲ ယင်လောကရဲ့ ငရဲမင်းကြီးတွေ ဖြစ်တော့မှာပေါ့ အစစ်အမှန် ငရဲမင်းကြီးက ငါတို့ရဲ့ စကားသံတွေကို ကြားနိုင်ပါဦးမလား"

​ချီထျန်းရန်က ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။

​ကျင်ရွှေရဲ့ မျက်နှာပေးက အနည်းငယ် ထူးဆန်းသွားပါတယ်။

အရင်တုန်းက ချီထျန်းရန်ဟာ ရှန်ထူချန်း နဲ့ ယိုဖန့် တို့ရှေ့မှာဆိုရင် အမြဲတမ်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဖားချင်တဲ့ အပြုံးတွေပဲ ပြခဲ့တာပါ။

သူ့မှာ ဒီလို ရဲရင့်တဲ့ တစ်ဖက် ရှိလိမ့်မယ်လို့ သူမ ထင်မထားခဲ့မိပါဘူး။

​"ဒါက ကျုပ်တို့နှစ်ယောက်ရဲ့ သဘောထား မဟုတ်ဘူးလို့ ပြောပြီးပြီပဲ"

​ယိုဖန့်က ချီထျန်းရန်ကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ဘက် လှည့်လိုက်တယ်

"ယင်အရှင်ဖန့် အနေနဲ့ ဒီကိစ္စက မသင့်တော်ဘူးလို့ ထင်ရင် ငရဲမင်းကြီးနန်းဆောင် ကို သွားပြီး ဌာနသုံးခုအတွက် ဝတ်စုံတွေ ပြန်ချီးမြှင့်ပေးဖို့ ငရဲမင်းကြီးဆီမှာ တောင်းဆိုကြည့်ပေါ့"

​"ပြောရရင်... ငါလည်း ဒီတစ်ခေါက် ငရဲမင်းကြီးနန်းဆောင်ကို သွားဖို့ စိတ်ကူးထားတာပဲ၊ ဒါပေမဲ့ ငရဲမင်းကြီးနန်းဆောင်က ဘယ်မှာရှိမှန်း မသိဘူး ဖြစ်နေတယ်"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​"ယင်အရှင်ဖန့်... ငရဲမင်းကြီးကို ဖူးမြော်ချင်ရင် ဌာနအသီးသီးက ယင်အရှင်တွေ အားလုံး ဝမ်ချွမ်းမြစ်ကို အတူတူ သွားရပါမယ် ငရဲမင်းကြီးက ခင်ဗျားကို တွေ့ချင်တယ်ဆိုရင် ငရဲမင်းကြီးနန်းဆောင်ကို သွားတဲ့ တံတားက အလိုအလျောက် ပေါ်လာပါလိမ့်မယ်"

​ချီထျန်းရန်က ရိုရိုသေသေ ပြောပါတယ်

"ကျုပ်တို့ ငရဲမင်းကြီးကို ဖူးမြော်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမဲ့ ငရဲမင်းကြီးက တံခါးပိတ်ပြီး မတွေ့ခဲ့ဘူး ဒါပေမဲ့ ယင်အရှင်ဖန့် ကိုတော့ ငရဲမင်းကြီးက အသိအမှတ်ပြုထားတာဆိုတော့ တွေ့ခွင့်ပေးမှာ သေချာပါတယ်"

​"ယင်အရှင်တွေ အကုန်လုံး အတူတူ သွားရမယ် ဟုတ်လား"

​ဖန့်ချန် စိတ်ထဲမှာ ရှင်းသွားပါပြီ။

ဘာလို့ သူ တစ်ခါမှ ငရဲမင်းကြီးနန်းဆောင်ရဲ့ တည်နေရာကို ရှာမတွေ့ခဲ့တာလဲဆိုတာ အခုမှ အဖြေပေါ်သွားတာပါ။

​ဝမ်ချွမ်းမြစ် ရှေ့မှာတော့ မြူခိုးတွေ ဝေမှိုင်းနေပါတယ်။

​ပတ်ဝန်းကျင် ငါးမိုင်အတွင်းကို အသေအချာ ပိတ်ဆို့ထားတာကြောင့် သာမန်ဝိညာဉ်တွေ အနားမကပ်နိုင်ပါဘူး။

​ယင်လောကရဲ့ အာဏာရှိသူ ယင်အရှင်တွေဟာ သူတို့ရဲ့ ဝတ်စုံတွေကိုယ်စီနဲ့ ဝမ်ချွမ်းမြစ်ကို မျက်နှာမူပြီး ရိုရိုသေသေ ဂါရဝပြုကာ ပါးစပ်ကလည်း မန္တန်တွေ ရွတ်ဆိုနေကြပါတယ်။

​အတော်ကြာတဲ့အထိ ဝမ်ချွမ်းမြစ်ကတော့ မြူတွေမှိုင်းနေတုန်းပဲ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။

​ရှန်ထူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အေးအေးဆေးဆေး ပြောတယ်

"ငရဲမင်းကြီးက ကျုပ်တို့ကို မတွေ့တာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီတစ်ခါလည်း ထူးမှာ မဟုတ်ပါဘူး"

​ချီထျန်းရန် တို့ရဲ့ မျက်နှာတွေကတော့ လေးနက်နေပါတယ်။

တကယ်လို့ ငရဲမင်းကြီးက ဒီယင်အရှင်ဖန့် ကိုတောင် မတွေ့ဘူးဆိုရင် သူတို့ဌာနတွေ အာဏာပြန်ရဖို့ဆိုတာ အိပ်မက်ပဲ ဖြစ်ပါလိမ့်မယ်။

အာဏာကို ကိုယ်စားပြုတဲ့ ဝတ်စုံတွေ မရှိသရွေ့ သူတို့က နာမည်ခံ အရာရှိတွေပဲ ဖြစ်နေမှာပါ။

​"ယင်အရှင်ဖန့်... ဒီနေ့ ရှန်ကျန်းမြို့တော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဒီတင်ပဲ အဆုံးသတ်လိုက်ကြရအောင် ခင်ဗျားလည်း စန်းကွမ်းထုံ လူ့လောကမှာ ဘယ်မှာရှိလဲဆိုတာ သိသွားပြီပဲ၊ ကိစ္စတွေကို ပိုပြီး ဆိုးဝါးအောင် လုပ်ဖို့ မလိုအပ်တော့ပါဘူး"

ယိုဖန့်က ဆိုပါတယ်။

​သူ့စကားလည်း ဆုံးရော... ဝေမှိုင်းနေတဲ့ မြူခိုးတွေဟာ လေတိုက်လို့ လွင့်စင်သွားသလို ပျောက်ကွယ်သွားပြီး၊ ဟင်းလင်းပြင်ထဲကနေ တံတားတစ်စင်း ပေါ်လာကာ အားလုံးရဲ့ ရှေ့မှောက်အထိ ဆန့်တန်းလာပါတော့တယ်။

​အားလုံးရဲ့ မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ပြည့်သွားပါတယ်၊ အထူးသဖြင့် ယိုဖန့် နဲ့ ရှန်ထူချန်း တို့ပါ။

ငရဲမင်းကြီးက တကယ်ပဲ ဒီဖန့်ချန်ကို တွေ့ဖို့ သဘောတူလိမ့်မယ်လို့ သူတို့ ထင်မထားခဲ့မိပါဘူး။

​မယ်တော်စီက မျက်လုံးတစ်ချက် လှုပ်ရှားသွားပြီး ရှီလုံကို ကြည့်လိုက်ပါတယ်။

​"သခင်လေး... ဒီတံတားရဲ့ ဟိုဘက်မှာ ဘာရှိမလဲဆိုတာ ကျုပ်လည်း မသိဘူး သခင်လေးနဲ့အတူ ကျုပ် လိုက်ခဲ့ပါရစေ"

ရှီလုံက တိုးတိုးလေး ပြောပါတယ်။

​"ယင်မိစ္ဆာက ငရဲမင်းကြီးနန်းဆောင်ကို ဘယ်လိုလုပ် သွားရဲတာလဲ ငရဲမင်းကြီးရဲ့ နှိမ်နင်းတာကို မကြောက်ဘူးလား"

ရှန်ထူချန်းက အေးစက်စက် ပြောလိုက်ပါတယ်။

​"ယင်အရှင်ဖန့်... ငရဲမင်းကြီးကို ဖူးမြော်မှာဖြစ်တဲ့အတွက် ယင်လောကရဲ့ စည်းကမ်းတွေကို လိုက်နာသင့်ပါတယ် ယင်မိစ္ဆာကို ခေါ်သွားတာက စော်ကားရာ ရောက်ပါတယ်"

ယိုဖန့်ကလည်း ဝင်ပြောပါတယ်။

​"ရှင်တို့နှစ်ယောက်ကတော့ ယင်မိစ္ဆာ၊ ယင်မိစ္ဆာနဲ့... တော်တော် နားငြီးဖို့ ကောင်းတာပဲ"

​မယ်တော်စီက ပြုံးပြီး ပြောတယ်

"သခင်လေး ဘာလုပ်မယ်ဆိုတာ ရှင်တို့ ဝင်ပြောစရာ လိုလို့လား"

​ယိုဖန့် နဲ့ ရှန်ထူချန်း တို့ မျက်နှာတွေ ညိုမည်းသွားပေမဲ့ ဖန့်ချန်ကိုပဲ စိုက်ကြည့်နေကြပါတယ်။

​"ယွန်းရွှီ... အရင်တုန်းက ငရဲမင်းကြီးက မင်းကို တွေ့တုန်းကလည်း ဒီတံတားကနေပဲ သွားတာလား"

ဖန့်ချန်က တုယွန်းရွှီကို လှည့်မေးပါတယ်။

​တုယွန်းရွှီက ခေါင်းညိတ်ပြပါတယ်။

​"မင်း ငရဲမင်းကြီးကို တွေ့ခဲ့လား"

​"မတွေ့ခဲ့ပါဘူး၊ ကျနော်က ငရဲမင်းကြီးနန်းဆောင် ရှေ့မှာ ခဏရပ်နေရင်းနဲ့မှ အမိန့်ပြန်တမ်း နဲ့ နေ့ကင်းလှည့်နတ်ဘုရား ဝတ်စုံကို ရခဲ့တာပါ"

​ဖန့်ချန် စဉ်းစားသလို လုပ်လိုက်ပြီး ရှီလုံကို ပြုံးပြလိုက်တယ်

"အရှင်ရှီလုံ... ဒီမှာပဲ စောင့်နေပါ၊ ငါ သွားပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"

​ပြောနေရင်းနဲ့ပဲ ဖန့်ချန်ဟာ တံတားပေါ်ကို တက်လှမ်းလိုက်ပြီး အတွင်းဘက်ကို လျှောက်သွားပါတော့တယ်။

သူ့ရဲ့ ပုံရိပ်ဟာ မြူခိုးတွေထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

​မယ်တော်စီ မျက်နှာပျက်သွားပြီး ရှီလုံကို ကြည့်ကာ

"အရှင်ရှီလုံ... ဒါက မသင့်တော်ဘူးနော်"

​ရှီလုံ မျက်မှောင်ကြုတ်လိုက်ပြီး ခန္ဓာကိုယ်ကို အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းကာ တံတားပေါ်ကို လိုက်တက်ဖို့ ကြိုးစားလိုက်ပါတယ်။

ဒါပေမဲ့ သူ့ခြေထောက် တံတားကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် အားပြင်းတဲ့ တုံ့ပြန်မှုတစ်ခုကို ခံလိုက်ရပြီး ကမ်းခြေဘက်ကို ပြန်လွင့်ထွက်သွားပါတယ်။

ခုနစ်လှမ်း၊ ရှစ်လှမ်းလောက် နောက်ဆုတ်လိုက်ရမှ အရှိန်သတ်နိုင်ပါတော့တယ်။

​မယ်တော်စီ အံ့သြသွားပါတယ်။

​ရှီလုံရဲ့ အစွမ်းက ဒုတိယအဆင့် ယင်မိစ္ဆာကြီး အဆင့်ကို အတော်လေး နီးစပ်နေတာပါ။

ပထမအဆင့်တွေထဲမှာ ပြိုင်ဘက် ရှားပါတယ်။

ဒီလို ကျင့်ကြံခြင်းမျိုးနဲ့တောင် ဒီတံတားပေါ်ကို မတက်နိုင်ဘူးလား

​ဒီယင်လောကငယ်ရဲ့ ငရဲမင်းကြီးဆိုသူက ဒီလောက်တောင် အစွမ်းထက်တာလား

​ရှန်ထူချန်း တို့ကတော့ ဒါကို မြင်လိုက်ရတဲ့အခါ မျက်လုံးထဲမှာ လှောင်ပြုံးတွေ ပေါ်လာပြီး စိတ်ထဲမှာလည်း အေးသွားကြပါတယ်။

ကြည့်ရတာ အဲဒီ ငရဲမင်းကြီးရဲ့ အစွမ်းက ဒီယင်မိစ္ဆာ နှစ်ယောက်ထက် အများကြီး သာပုံရပါတယ်။

​...

​ဖန့်ချန်ဟာ တံတားအဆုံးကို မြန်မြန်ပဲ ရောက်သွားပါတယ်။

တံတားပေါ်က ဆင်းလိုက်တာနဲ့ ပေတစ်ရာလောက် အကွာမှာရှိတဲ့ မြူထူထူထဲက နန်းဆောင်ကြီးတစ်ခုကို ဝေဝေဝါးဝါး မြင်လိုက်ရပါတယ်။

​သူ နန်းဆောင်နား နီးလာလေလေ မြူခိုးတွေက ပါးလွှာသွားလေလေဖြစ်ပြီး နောက်ဆုံးမှာတော့ နန်းဆောင်တစ်ခုလုံးကို အထင်အသား မြင်လိုက်ရပါပြီ။

​နန်းဆောင်တံခါးရှေ့မှာတော့ ထူးဆန်းတဲ့ သတ္တဝါ ရုပ်ထု နှစ်ခု ရှိပါတယ်။

သေသေချာချာ ကြည့်လိုက်တဲ့အခါ အဲဒါက ရွှမ်ဖျင့်ရုပ်ထု နှစ်ခုပါ။

​ရုပ်ထုတွေရဲ့ မျက်နှာက တော်တော်လေး ရင့်ကျက်တဲ့ပုံစံရှိပြီး၊ တစ်ခုက ယောကျ်ား၊ တစ်ခုက မိန်းမပါ။

အဲဒါက ယင်နဲ့ယန် (အဖိုနဲ့အမ) ကို ကိုယ်စားပြုတာလားတော့ မသိပါဘူး။

​ဖန့်ချန် ကိုယ်ထဲက ရွှမ်ဖျင့်က ခေါင်းလေးပြူထွက်လာပြီး ဒီရုပ်ထု နှစ်ခုကို စပ်စုတဲ့မျက်လုံးနဲ့ ကြည့်နေပါတယ်။

​ရုပ်ထုတွေရဲ့ နောက်မှာတော့ လှေကားထစ် ရာပေါင်းများစွာ ရှိပြီး၊ အဲဒီလှေကားတွေက အစိမ်းရောင် နန်းဆောင်တံခါးကြီးဆီကို ဦးတည်နေပါတယ်။

​နန်းဆောင်တံခါးက ရုတ်တရက် ပွင့်သွားပြီး ပုံရိပ်တစ်ခု ထွက်လာကာ ဖန့်ချန်ကို လက်လှမ်းပြလိုက်တယ်

​"အထဲဝင်ခဲ့ပါ၊ အပြင်မှာ ငိုင်မနေနဲ့"

​ဖန့်ချန် ပြုံးလိုက်ပြီး အမြန်ပဲ လှေကားပေါ် တက်သွားကာ အဲဒီပုံရိပ်ရဲ့ ရှေ့ကို ရောက်သွားပါတယ်။

​အဲဒီလူရဲ့ မျက်နှာက အနည်းငယ် အိုမင်းနေပြီး ဖြူဖျော့ဖျော့ အစိမ်းရောင် ဝတ်စုံ ကို ဝတ်ထားပါတယ်။

​"တပည့် ဖန့်ချန်... စီနီယာ ယွမ်ဟယ် ကို ဂါရဝပြုပါတယ်"

​"မင်းက တာအိုသုံးထောင်ဂိုဏ်း မှာ အမည်စာရင်း သွင်းပြီးပြီပဲ၊ ငါ့ရဲ့ တပည့် ဖြစ်နေပြီကို... ငါ့ကို စီနီယာ ယွမ်ဟယ် လို့ ခေါ်နေတုန်းလား"

​ယွမ်ဟယ် က ခပ်ပြုံးပြုံး ပြောပါတယ်။

​"တပည့် ဖန့်ချန်... ဆရာ့ကို ဂါရဝပြုပါတယ်"

​ဖန့်ချန်က ဒူးထောက်ပြီး ဦးသုံးကြိမ် ချလိုက်ပါတယ်။

​ယွမ်ဟယ်က ကျေနပ်သလို ခေါင်းညိတ်ပြတယ်

"ထတော့၊ ငါ့နောက် လိုက်ခဲ့"

​ဖန့်ချန်က ယွမ်ဟယ် နောက်ကနေ လိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကာ မေးလိုက်တယ်

​"ဆရာက ဒီယင်လောကငယ်ရဲ့ ငရဲမင်းကြီးလား"

​"မဟုတ်ဘူး"

​"..."

​ဖန့်ချန်ရဲ့ မျက်နှာပေးက ထူးဆန်းသွားပါတယ်။

ငရဲမင်းကြီး မဟုတ်ရင် ဘာလို့ ဒီ ငရဲမင်းကြီးနန်းဆောင် ထဲမှာ ရှိနေရတာလဲ

All Chapters