← Chapters

အခန်း (၉၆၅-၉၆၆)

Vol. 97 Ch. 965-966

အခန်း (၉၆၅-၉၆၆)

Vol. 97 Ch. 965-966

​အခန်း (၉၆၅) မင်းရဲ့ အသုံးမကျတဲ့ အသက်ကို ကယ်ဖို့အတွက်

​"ဖဲချပ်အသစ် ပထမဆုံးအကြိမ် ယင်လောကသွားတဲ့သူက ငရဲပြည်မှာ ဘာဖဲချပ်ရှိမှာလဲ"

​"မင်းတို့ လူ့ပြည်က ရတနာတွေက ငရဲပြည်မှာ သုံးလို့မရသလို၊ အတတ်ပညာ အတော်များများကလည်း ငရဲပြည်မှာ အာနိသင်မရှိဘူး"

​"ငရဲပြည်မှာ ငါးပါးဓာတ်အင်အား ဆိုတာ မရှိဘူးပြောရရင်တော့ လူ့ပြည်က တာအိုပေါင်းစပ်ခြင်းအဆင့် ငါးယောက် ဆင်းလာရင်တောင် ငါ လက်တစ်ဖက်တည်းနဲ့ နှိမ်နင်းနိုင်တယ်"

​ဝမ်ရွှမ်ချင်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခန်းမထဲ ဝင်လာပါတယ်။

သူ့နောက်မှာတော့ ညလှည့်ကင်းအနွယ်ဝင် လက်အောက်ငယ်သားတစ်စု ပါလာပြီး တစ်ယောက်ချင်းစီရဲ့ အငွေ့အသက်တွေက အတော်လေး ထူးကဲလှပါတယ်။ သာမန်လူတွေ မဟုတ်ကြပါဘူး။

​"ခုနက ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူး"

​ဝမ်ရွှမ်ချင်းက ပြုံးပြီး ဖန့်ချန်ကို ကြည့်ကာ

"ကျုပ်က ဝမ်ရွှမ်ချင်းပါ မပြန်လမ်းမြို့တော် ဝိညာဉ်စစ်သည်ဌာန ရဲ့ ညလှည့်ကင်းစစ်သူကြီးပါ"

​"ညလှည့်ကင်းစစ်သူကြီး ကြည့်ရတာ အတော်လေး ဟိတ်ဟန်ကြီးမယ့်ပုံပဲ..."

​လီတောက်ယဲ့တို့ဟာ စိတ်ထဲမှာ ဝေဝေဝါးဝါး ဖြစ်နေပေမဲ့ ဒီရာထူးအမည်ကို ကြားလိုက်ရုံနဲ့တင် ဒါဟာ သာမန်မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်။

​"မိတ်ဆွေဝမ်... ခင်ဗျား ဒါတွေ ပြောပြနေလည်း သူ ဘယ်လိုလုပ် နားလည်မှာလဲ ငရဲပြည်ရဲ့ စည်းကမ်းတွေ၊ အရာရှိရာထူးတွေဆိုတာ သူ့အတွက်တော့ ဒဏ္ဍာရီပုံပြင်တွေလိုပဲ ဖြစ်နေမှာ "

​ချီကျန့်က ရယ်မောရင်း ခေါင်းခါပြတယ်

"ဒီကောင်က လူ့ပြည်မှာတော့ အဆင့်အတန်းမြင့်ပြီး အစွမ်းထက်ချင် ထက်မယ် ဒါပေမဲ့ ငရဲပြည် ရောက်လာရင်တော့ သာမန်လူတစ်ယောက်ထက် မပိုပါဘူး "

​"ကျုပ် က ပထမဆုံးအကြိမ် လာတာလို့ ဘယ်သူပြောလဲ"

​ဖန့်ချန်က ဝမ်ရွှမ်ချင်းကို ကြည့်ပြီး ပြုံးလိုက်တယ်

"အနည်းဆုံးတော့ မင်းတို့လို အရာရှိရာထူးရှိတဲ့ ဝိညာဉ်တွေဟာ ယင်လောကသွားသူတွေကြားက ကိစ္စမှာ ဝင်ပါတာဟာ စည်းကမ်းဖောက်ဖျက်တာပဲဆိုတာ ငါ သိတာပေါ့ မင်းရဲ့ အထက်အရာရှိက မပြောပြထားဘူးလား"

​"တစ်ဝက်တစ်ပျက် သိတာက ပိုရယ်စရာကောင်းတယ် "

​ဝမ်ရွှမ်ချင်းက ရယ်ပြီး ခေါင်းခါလိုက်တယ်

"ငါ အကြံပေးမယ်၊ မိတ်ဆွေချီ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ သူ့အကြောင်း ငါ ကောင်းကောင်းသိတယ် မင်းကို အေးအေးဆေးဆေး သေခွင့်ပေးမယ်ဆိုရင် ကတိမဖျက်ဘူး ဝမ်ချွမ်းမြစ်ထဲ နှစ်ခံရတဲ့ အရသာကိုတော့ မင်း မမြည်းစမ်းချင်လောက်ပါဘူး "

​"ငါ တပည့်တွေကို ယင်စစ်သည်ဌာနနဲ့ မြို့တော်ဝန်အိမ်တော်ဆီ သွားတိုင်ခိုင်းထားတယ် မပြန်လမ်းမြို့တော်မှာ တကယ်ပဲ ဥပဒေ မရှိတော့ဘူးလားဆိုတာ ငါ ကြည့်ချင်သေးတယ် "

​ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​လီတောက်ယဲ့ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပါတယ်။

သူ လူအုပ်ကို ဝေ့ကြည့်လိုက်တဲ့အခါ တကယ်ပဲ အောင်မြင်ခြင်းဗုဒ္ဓ၊ ကျားတောင်သခင် နဲ့ အစိမ်းလေး တို့ သုံးယောက် ပျောက်နေတာကို တွေ့လိုက်ရပါတယ်။

​သူတို့ သုံးယောက်ဟာ ဘယ်အချိန်ကတည်းက လူအုပ်ထဲကနေ ထွက်သွားပြီး ဖန့်ချန်ရဲ့ အမိန့်အတိုင်း သွားတိုင်ကြပြီလဲဆိုတာ သေချာသွားပါပြီ။

​"ဟားဟားဟား... ခင်ဗျားတို့က အကွက်စေ့တယ် ထင်နေတာလား လူအုပ်ထဲက လူအနည်းငယ် လျော့သွားတာတောင် မသိဘူးလား "

​လီတောက်ယဲ့က မနေနိုင်ဘဲ လှောင်ရယ်လိုက်ပြီး ဖန့်ချန်ကို ဖားလိုက်တယ်

"ဘိုးဘေးက တကယ်ကို အမြော်အမြင် ရှိတာပဲ ကျွန်တော်တို့တွေ ဒီမြေခွေးအိုကြီးရဲ့ လှည့်ကွက်ထဲမှာ ရှိနေတုန်း သခင်လေးကတော့ တစ်ခုခု မှားနေပြီဆိုတာ သိပြီး ကြိုတင်ပြင်ဆင်ထားခဲ့တာကိုး"

​ချီကျန့်နဲ့ ဝမ်ရွှမ်ချင်းတို့ မျက်နှာပျက်သွားပါတယ်။

သူတို့ လူအုပ်ကို သေချာ ပြန်စစ်ကြည့်တဲ့အခါ တကယ်ပဲ သုံးယောက် လျော့နေတာကို တွေ့လိုက်ရပါတယ်။

​သူတို့ သုံးယောက် ဘယ်အချိန်မှာ ထွက်သွားလဲဆိုတာကို သူတို့ မရိပ်မိလိုက်ကြပါဘူး။

ဒါပေမဲ့ ဒါကို သူတို့က အရေးမကြီးသလိုပဲ သဘောထားလိုက်ပြီး မျက်နှာပေါ်က အပြုံးတွေက ပိုပြီးတော့တောင် ထူးဆန်းလာပါတယ်။

​"ကောင်းပြီလေ... အဲဒါဆိုရင် မင်းတို့ သွားတိုင်တဲ့ ရလဒ်ကို အရင်စောင့်ကြည့်တာပေါ့ ပြီးမှ နောက်ပိုင်းကိစ္စတွေကို ဆက်ပြောကြမယ်"

​ချီကျန့်က ပြုံးပြီး အိမ်ထိန်းကို ဟင်းပွဲတွေ ပြင်ခိုင်းလိုက်တယ်

"လူတိုင်း ရောက်လာခဲတာဆိုတော့၊ ကျုပ်တို့ကြားမှာ ရန်ငြိုးလေးတွေ ရှိနေပေမဲ့ ဒီနှုတ်ဆက်ပွဲ ထမင်းဝိုင်းလေးကတော့... စားသွားကြရမှာပဲခင်ဗျားတို့ကို ဗိုက်ဆာတဲ့ သရဲ မဖြစ်စေတာဟာ ကျုပ် ပေးနိုင်တဲ့ နောက်ဆုံး သိက္ခာပဲ "

​"မပင်ပန်းပါနဲ့တော့ ကျုပ်တို့ကတော့..."

​လီတောက်ယဲ့က လက်ခါပြဖို့ လုပ်ပါတယ်။

​ဒါပေမဲ့ ဖန့်ချန်က ပြုံးပြီး

"ကျေးဇူးတင်ပါတယ် နယ်စားမင်း ချီ"

​အားလုံး မှင်တက်သွားကြပါတယ်။

​ဖန့်ချန်က ပြုံးပြီး

"စားစရာ ရှိတာကို ဘာလို့ မစားရမှာလဲ မင်းတို့ရဲ့ ယင်သက်တမ်းကို ကုန်တာမှ မဟုတ်တာ နောက်ဆို ယင်လောကသွားရင် မှတ်ထားကြ ဒီလို အမြတ်ထွက်မယ့် ကိစ္စတွေကို များများယူထား နှစ်တွေ ကြာလာရင် ဒါဟာလည်း မနည်းတဲ့ ယင်သက်တမ်းဒင်္ဂါးတွေ ဖြစ်လာမှာ"

​"ဪ... ဟုတ်သားပဲ၊ အလကားရတာကို မယူတဲ့သူက လူအ ပဲ "

​လီတောက်ယဲ့က ခေါင်းညိတ်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တယ်

"ကျုပ်လည်း ဒီနေ့ ငရဲပြည်က ဟင်းပွဲတွေက အရသာရှိမရှိ စမ်းကြည့်ရမှာပေါ့ "

​ယင်စစ်သည်ဌာန မှာတော့ ကျားတောင်သခင်ဟာ တံခါးဝမှာ အတားခံထားရပါတယ်။

သူက ချီကျန့်ရဲ့ နာမည်ကို အတန်တန် ပြောပြလိုက်မှသာ ငရဲစစ်သည်က သူ့ကို ဌာနထဲ ခေါ်သွားပြီး မပြန်လမ်းမြို့တော် ယင်စစ်သည်ဌာနရဲ့ ဌာနချုပ်နတ်ဘုရား နဲ့ တွေ့ခွင့်ရပါတယ်။

​"မင်းက ချီကျန့်ကို တိုင်ချင်တယ် ဟုတ်လား ဘာကိစ္စ တိုင်မှာလဲ "

​ဌာနချုပ်နတ်ဘုရားက အမြင့်မှာ ထိုင်ပြီး ကျားတောင်သခင်ကို အေးစက်စက် တစ်ချက်ကြည့်ကာ မေးပါတယ်။

​"အစီရင်ခံပါတယ် အရှင်... ကျွန်တော် တိုင်ချင်တာက ချီကျန့်ဟာ ယင်စစ်သည်ဌာနရဲ့ ညလှည့်ကင်းစစ်သူကြီးနဲ့ ပူးပေါင်းပြီး ကျွန်တော့်ရဲ့ ဆရာကို လုပ်ကြံဖို့ ကြိုးစားနေလို့ပါခင်ဗျာ "

​ကျားတောင်သခင်က ရိုရိုသေသေ လက်အုပ်ချီပြီး တိုင်ကြားလိုက်ပါတယ်။

​ဌာနချုပ်နတ်ဘုရားက ကျားတောင်သခင်ကို ကြည့်လိုက်၊ ဘေးက လက်အောက်ငယ်သားတွေကို ကြည့်လိုက်နဲ့ တစ်ဖွဲ့လုံး ဟားတိုက် ရယ်မောလိုက်ကြပါတယ်။

​ကျားတောင်သခင်က မျက်မှောင်ကြုတ်ပြီး

"အရှင် ဘာကြောင့် ရယ်တာလဲခင်ဗျာ"

​"မင်းရဲ့ ဆရာက ဘယ်လောက်တောင် အစွမ်းထက်လို့ ငါ့ဌာနက ညလှည့်ကင်းစစ်သူကြီးက ကိုယ်တိုင် လက်ဖျားထိရမှာလဲ "

​ဌာနချုပ်နတ်ဘုရားက ရယ်ပြီး ခေါင်းခါလိုက်တယ်

"မင်းမှာ တစ်ခုခု နစ်နာလို့ လာတိုင်တာ ထင်နေတာ အခုတော့ ငါ့ကို လာနောက်နေတာကိုး ဟေ့... ဒီကောင့်ကို ဆွဲထုတ်သွားပြီး ကြိမ်ဒဏ် (၁၀၀) ရိုက်လိုက်စမ်း "

​ချက်ချင်းပဲ ဝိညာဉ်စစ်သည်တွေက ရှေ့ထွက်လာပြီး ကျားတောင်သခင်ကို ဆွဲထုတ်သွားပါတယ်။

ကျားတောင်သခင်ဟာ ဖန့်ချန် မှာထားတဲ့အတိုင်း ဘာမှ ပြန်မခုခံပါဘူး။

​အခြားတစ်ဖက်မှာတော့ အစိမ်းလေး ဟာ မပြန်လမ်းမြို့တော်ရဲ့ မြို့တော်ဝန်အိမ်တော် ကို ရောက်နေပါတယ်။

ဒါပေမဲ့ သူမဟာ မြို့တော်ဝန်ကို တွေ့ခွင့်မရပါဘူး။

သူမ ဘယ်လိုပဲ ပြောပြော တံခါးဝက စစ်သည်တွေက သူမကို အထဲပေးမဝင်ပါဘူး။

​"ကျွန်မရဲ့ ဆရာ ပြောလိုက်တယ် အကယ်၍ ဒီကိစ္စကို မြို့တော်ဝန်အိမ်တော်က မကိုင်တွယ်ပေးရင်... နောက်ပိုင်းကျရင် သူလည်း ဘာမှ ကိုင်တွယ်စရာ မလိုတော့ဘူးတဲ့ "

အစိမ်းလေး က လေသံမာမာနဲ့ ပြောလိုက်ပါတယ်။

​စကားလည်း ဆုံးရော၊ မြို့တော်ဝန်အိမ်တော်ထဲကနေ ယင်ချီ သံကြိုးတစ်ချောင်း ထွက်လာပြီး အစိမ်းလေးကို ချည်နှောင်ကာ အထဲကို ဆွဲသွင်းသွားပါတော့တယ်။

​သူမဟာ ဝင်းထဲကို ဒယိမ်းဒယိုင်နဲ့ ကျသွားပြီး ဘေးပတ်ပတ်လည်က အကြည့်ပေါင်း မြောက်မြားစွာက သူမကို အေးစက်စက် ကြည့်နေကြပါတယ်။

​"မိစ္ဆာကျင့်ကြံသူက ယင်လောကသွားတာလားတကယ်ကို ရှားရှားပါးပါးပဲ မပြန်လမ်းမြို့တော်မှာ ယင်လောကသွားသူ သိပ်မရှိတဲ့ကြားထဲ အခု မိစ္ဆာကျင့်ကြံသူတောင် ပါလာတာလား... ဟဲဟဲ စိတ်ဝင်စားဖို့ ကောင်းတာပဲ"

​လူလတ်ပိုင်း တစ်ယောက်က လက်ကို နောက်ပစ်ပြီး အစိမ်းလေးကို မဲ့ပြုံးနဲ့ ကြည့်နေပါတယ်

​"ငါက မပြန်လမ်းမြို့တော်ရဲ့ မြို့တော်ဝန်ပါ မင်းပြောတာက ငါသာ ဒီကိစ္စကို မကိုင်တွယ်ရင် နောက်ပိုင်း ဘာမှ ကိုင်တွယ်စရာ မလိုတော့ဘူး ဟုတ်လား"

​"ဟုတ်ပါတယ်"

​အစိမ်းလေး က အသာအယာ ခေါင်းညိတ်လိုက်ပါတယ်။

သူမဟာ စိတ်ထဲက ကြောက်စိတ်ကို မျိုသိပ်ပြီး တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားနေပါတယ်

​"ဒါဟာ ကျွန်မဆရာရဲ့ မူရင်းစကားတွေပါပဲ "

​"မင်းရဲ့ ဆရာ မင်းရဲ့ ဆရာက ဘယ်လောက်များ တော်နေလို့လဲ ဝမ်ရွှမ်ချင်းနဲ့ ချီကျန့် ပူးပေါင်းတာကိုတောင် ငါ့ကို လာကိုင်တွယ်ခိုင်းရအောင် သူက ကြောက်နေတာလား ငါက သူ့ကို တစ်ခါမှ မမြင်ဖူးဘဲ ဘာကြောင့်... သူ့အတွက် ကိုင်တွယ်ပေးရမှာလဲ"

​မြို့တော်ဝန်က ရယ်ပြီး မေးပါတယ်

​"ဆရာ ပြောတာကတော့... ဒါဟာ မြို့တော်ဝန်တစ်ယောက်အနေနဲ့ တာဝန်ယူရမယ့် ဝတ္တရားပဲတဲ့ "

​အစိမ်းလေးက ပြောလိုက်ပါတယ်။

​မြို့တော်ဝန်က တစ်ခုခု ထပ်ပြောဖို့ ပြင်တုန်းမှာပဲ၊ မျက်နှာ အသားညိုညိုနဲ့ သန်မာတဲ့ လူကြီးတစ်ယောက် လျှောက်လာတာကို မြင်လိုက်ရပါတယ်။

​"ဝေ့ယွမ်.. ငါ့ကို မှတ်မိသေးရဲ့လား"

​မပြန်လမ်းမြို့တော်ဝန် ဝေ့ယွမ် ဟာ မှင်တက်သွားပါတယ်။

​ဘေးက လက်အောက်ငယ်သားတွေက တစ်စိမ်းတစ်ယောက် မြို့တော်ဝန်အိမ်တော်ထဲ ဝင်လာတာကို မြင်တော့ အော်ဟစ်ပြီး နှိမ်နင်းဖို့ ပြင်လိုက်ကြပါတယ်။

​"နေဦး"

​ဝေ့ယွမ်က ချက်ချင်း တားလိုက်ပါတယ်။

သူ လာတဲ့သူကို သေချာ စိုက်ကြည့်လိုက်တဲ့အခါ မျက်နှာမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး အလျင်အမြန် ရှေ့တိုးကာ ဂါရဝပြုလိုက်တယ်

​"လက်အောက်ငယ်သားက လူအရှင်ကို ဂါရဝပြုပါတယ် "

​လာတဲ့သူကတော့ ရှန့်ကျင်ယင်ချောင်ဌာန ရဲ့ အကြီးအကဲ ချီထျန်းရန် ရဲ့ လက်ရုံးဖြစ်သူ ဟူအရာရှိ လူရွှမ် ပါပဲ။

​သူဟာ ဌာနအကြီးအကဲ မဟုတ်ပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက အကြီးအကဲတွေထက် မနိမ့်ပါဘူး။

​"မင်း ငါ့ကို မှတ်မိသေးတာပဲ ငါတို့ မတွေ့တာ အနည်းဆုံး နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်လောက် ရှိပြီမလား"

​လူရွှမ်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ဝေ့ယွမ်က အဆက်မပြတ် ခေါင်းညိတ်ရင်း

"ဟုတ်ပါတယ်၊ သုံးထောင်ကျော်လောက် ရှိပါပြီ"

​ပြီးတော့မှ သူက မျက်နှာပျက်ပျက်နဲ့

"လူအရှင် ဒီနေ့ ရောက်လာတာက ဘာကိစ္စများ ရှိလို့လဲခင်ဗျာ..."

​ယင်ချောင်ဌာန အာဏာစက် လျော့နည်းသွားပြီး နယ်မြေအသီးသီးက မြို့စောင့်နတ် ရာထူးတွေ ဖျက်သိမ်းခံရကာ တရားသူကြီးဌာန အောက်က မြို့တော်ဝန်တွေအဖြစ် ပြောင်းလဲသွားကတည်းက သူဟာ ဒီလူရွှမ်နဲ့ မတွေ့ဖြစ်တာ ကြာပါပြီ။

​လူရွှမ်က ပြုံးလိုက်တယ်

"မင်းရဲ့ အသုံးမကျတဲ့ အသက်ကို ကယ်ဖို့အတွက်ပေါ့ "

​အခန်း (၉၆၆) ပေးဆပ်ရတဲ့ ရေစက်

​ဝေ့ယွမ်ရဲ့ မျက်နှာဟာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပါတယ်။

တကယ်လို့ တခြားတစ်ယောက်ယောက်ကသာ သူ့ရှေ့မှာ သူ့အသက်ကို "အသုံးမကျတဲ့အသက်" လို့ လာပြောရင် ထိုသူကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မိမှာ ကြာပါပြီ။

​ဒါပေမဲ့ အခုရှေ့က လူကိုတော့... သူ လုံးဝ ပြန်မပြောရဲပါဘူး။

လူရွှမ် ဘာကြောင့် ရုတ်တရက် ပေါ်လာတာလဲ၊ ဘာကြောင့် ဒီလိုစကားမျိုး ပြောတာလဲဆိုတာကိုပဲ သူ အလွန် သိချင်နေမိပါတယ်။

​"အရင်တုန်းက ဒီနေရာဟာ မြို့စောင့်နတ်အိမ်တော် ဖြစ်ခဲ့ဖူးတယ် မင်းလည်း မြို့စောင့်နတ်အဖြစ် နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာပဲ မင်း တာဝန်ယူရမယ့် ဝတ္တရားတွေကို မေ့သွားပြီလား"

​လူရွှမ်က မဲ့ပြုံး ပြုံးရင်း

"စကားကောင်းနဲ့ ပြောလို့မရတဲ့ သေရမယ့် သရဲကိုတော့ ငါ အတင်းအကျပ် အကြံမပေးတော့ဘူး ငါပြောချင်တာ ပြောပြီးပြီ၊ မင်း ဘာလုပ်ရမလဲဆိုတာ မင်းဘာသာ သိမှာပါ "

​ဝေ့ယွမ်က စိတ်လှုပ်ရှားသွားပြီး အစိမ်းလေးကို ကြည့်လိုက်တယ်

"ဒါဆိုရင် သူမကြောင့်လား..."

​သူ့စိတ်ထဲမှာ အတော်လေး တုန်လှုပ်သွားပါတယ်။

ဒီမိန်းကလေးက ဘယ်သူလဲ မဟုတ်သေးဘူး... သူမပြောတဲ့ ဆရာဆိုတာက ဘယ်သူမို့လို့ လူရွှမ်လို တောင်ကြီးတစ်တောင်ကိုတောင် လှုပ်ခါနိုင်ရတာလဲ

​အခုအချိန်မှာ ယင်ချောင်ဌာနဟာ အာဏာစက် လျော့နည်းနေပြီး အစွန်အဖျားကို ရောက်နေတယ်ဆိုပေမဲ့၊ ချီထျန်းရန်နဲ့ လူရွှမ်တို့လို ပုဂ္ဂိုလ်မျိုးတွေဟာ ငရဲပြည်ရဲ့ အုပ်ချုပ်ရေးကိစ္စ အတော်များများမှာ ဝင်ပါခွင့် မရှိကြတော့ဘူး ဆိုရင်တောင်မှ... လူရွှမ်ဟာ ဘယ်လိုပဲပြောပြော ဌာနအရှင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ငရဲပြည်ရဲ့ ထိပ်တန်းစာရင်းဝင် တစ်ယောက်ပဲ မဟုတ်လား။

​ဝေ့ယွမ်က စကားပြောဖို့ ပြင်လိုက်ပေမဲ့ လူရွှမ်ကတော့ လှည့်ထွက်သွားပါပြီ။

အစိမ်းလေးကိုလည်း တစ်ခွန်းမှ နှုတ်မဆက်သွားတာကြောင့် ဝေ့ယွမ်ကို ပိုပြီး ဝေခွဲမရ ဖြစ်သွားစေပါတယ်။

​"အရှင်... ဒီကိစ္စက... သေချာ စဉ်းစားရမယ်နော်"

​လူတစ်ယောက်က ဝေ့ယွမ်နား လာပြီး လေသံလေးနဲ့ ပြောတယ်

"ဝမ်ရွှမ်ချင်းရဲ့ နောက်ခံကလည်း ရှန်ကျန်းအထိ ပေါက်တာပဲ အခု အပြင်မှာ မထွက်တာ ကြာပြီဖြစ်တဲ့ လူအရှင်ကလည်း မပြန်လမ်းမြို့တော်ကို ကိုယ်တိုင် ရောက်လာပြန်ပြီ... ဒီကိစ္စက ရှန့်ကျင်က အာဏာလုပွဲတွေနဲ့ ပတ်သက်နေမှာကို ကျုပ် စိုးရိမ်မိတယ် "

​"မင်းပြောတာက... ဒီနောက်ကွယ်မှာ ဌာနအရှင် တွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုလိုတာလား"

​ဝေ့ယွမ် မျက်နှာ ပျာယာခတ်သွားပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်

"ဒီလိုကိစ္စမျိုးက ငါ့ခေါင်းပေါ် ဘာလို့ ကျလာရတာလဲ၊ တကယ် ကံဆိုးတာပဲ တကယ်လို့ လူရွှမ် ရင်ဆိုင်ချင်တဲ့ ဌာနအရှင်က ယင်စစ်သည်ဌာန ဒါမှမဟုတ် တရားသူကြီးဌာနက လူဆိုရင် ငါ ဘယ်လိုလုပ်ရမလဲ"

​"ဖြစ်နိုင်ရင်... အရင်သွားကြည့်ပြီးမှ ဆုံးဖြတ်ရင်ရော "

​"အရင်သွားကြည့်မယ် ဟုတ်လား... ရတယ် "

​ဝေ့ယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အစိမ်းလေးကို ကြင်နာတတ်တဲ့ အပြုံးနဲ့ ကြည့်လိုက်တယ်

"သမီးလေး... ဦးလေး မင်းနဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးပါ့မယ် "

​"ကျေးဇူးတင်ပါတယ် အရှင် "

​အစိမ်းလေး စိတ်ထဲကနေ သက်ပြင်းအရှည်ကြီး ချလိုက်မိပါတယ်။

သူမရဲ့ ဆရာဟာ ငရဲပြည်မှာ ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကို သူမ နောက်ထပ် အမြင်သစ်တစ်ခု ရလိုက်ပြန်ပါပြီ။

​လူရွှမ်ဟာ ယင်စစ်သည်ဌာန တံခါးဝကို ရောက်လာပြီး ချီထျန်းရန်၊ ကျန်းကောင်း တို့နဲ့ ပြန်ဆုံပါတယ်။

သူတို့ဘေးမှာတော့ အောင်မြင်ခြင်းဗုဒ္ဓနဲ့ တုယွင်ရွှိ တို့လည်း ရှိနေကြပါတယ်။

​"ဝေ့ယွမ် ဘက်ကတော့ ဘာလုပ်ရမလဲဆိုတာ သိသွားလောက်ပါပြီ "

​လူရွှမ်က ချီထျန်းရန်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။

​ချီထျန်းရန်က ခါးသက်သက် ပြုံးလိုက်ပြီး တုယွန်းရွှီကို ကြည့်ကာ

"ယွန်းရွှီ ရေ... ငါ့မျက်နှာကို ထောက်ထားပေးလို့ ကျေးဇူးတင်ပါတယ် ဝေ့ယွမ်နဲ့ ငါက အရင်က ခင်မင်မှု အတော်ရှိခဲ့တာ သူ မီးပုံထဲ ဆင်းသွားမှာကို ငါ အငြိမ်မကြည့်နိုင်လို့ပါ လူရွှမ်က အတိုင်းအတာတစ်ခုအထိ ပြောခဲ့မှာပါ၊ ဝေ့ယွမ် ဘယ်လို ရွေးချယ်မလဲဆိုတာကတော့ သူ့ကိစ္စပဲ ဖြစ်သွားပါပြီ "

​"ချီအရာရှိ ကလည်း ဘာလို့ အားနာနေရတာလဲ ကျုပ်တို့ မပြန်လမ်းမြို့တော်ရဲ့ ဌာနချုပ်နတ်ဘုရားနဲ့ သွားတွေ့သင့်ပြီ "

​တုယွန်းရွှီက ရယ်ပြီး ပြောတယ်

"ဒီနေ့ ကိစ္စတွေ ပြီးသွားရင် ယင်ချောင်ဌာနရဲ့ နောက်ပိုင်းကိစ္စတွေက ပိုပြီး အဆင်ပြေလာမှာပါ ကျုပ်ကတော့ ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါတယ်ဗျာ"

​"ပြောရမှာပေါ့၊ အဲဒီပုဂ္ဂိုလ်သာ သဘောကောင်းလို့ ကျုပ်တို့ ယင်ချောင်ဌာနက ဒီနေ့အထိ စောင့်နိုင်ခဲ့တာပါ ကျုပ်ကလည်း လူအ မဟုတ်ပါဘူး၊ နောင်ကျရင် အဲဒီပုဂ္ဂိုလ်က တစ်ခွန်းပြောလိုက်ရုံနဲ့ ကျုပ် ဘာလုပ်ရမလဲဆိုတာ သဘောပေါက်ပါတယ် "

​ချီထျန်းရန်က အတော်လေး ယဉ်ယဉ်ကျေးကျေး ပြောနေတာပါ။

သူ့ရှေ့က တုယွန်းရွှီဟာ နေ့လှည့်ကင်းနတ်ဘုရား အဆင့်ပဲ ရှိပြီး ကျင့်ကြံခြင်းက သူ့ကို အများကြီး မမီပေမဲ့၊ တုယွန်းရွှီက အဲဒီပုဂ္ဂိုလ် (ဖန့်ချန်) ရဲ့ လူယုံ မဟုတ်လား။

​ဒါတင်မကသေးဘူး... အဲဒီပုဂ္ဂိုလ် (ဖန့်ချန်) တုန်းက ရခဲ့တဲ့ နေ့လှည့်ကင်းအရှင် ခန့်အပ်လွှာကိုတောင် အခုရှေ့က လူက ငရဲမင်းနန်းတော် ထဲအထိ ကိုယ်တိုင်သွားယူခဲ့တာလေ။

​သူ့စိတ်ထဲမှာ တုယွန်းရွီရဲ့ နောက်ခံအကြောင်းရင်းကိုလည်း အနည်းငယ် သံသယ ဝင်နေမိပါတယ်။

​"ခင်ဗျားတို့က ယင်စစ်သည်ဌာန တံခါးဝမှာ ရပ်ပြီး တိုးတိုးတိုးတိုးနဲ့ ဘာတွေ ကြံစည်နေတာလဲ ခင်ဗျားတို့ကို ကြည့်ရတာ မျက်နှာစိမ်းတွေပဲ၊ တခြားနေရာက လာကြတာလား ဒီမှာ လူစုမနေကြနဲ့ အမြန် လူစုခွဲကြ "

​ကင်းစောင့်နေတဲ့ ယင်စစ်သည်က မနေနိုင်တော့ဘဲ သူတို့ကို လက်ဟန့်ပြီး ပြောလိုက်ပါတယ်။

​"ညီလေး... ငါတို့ ခင်ဗျားတို့ရဲ့ ဌာနချုပ်နတ်ဘုရားနဲ့ တွေ့ချင်လို့ပါ "

​ချီထျန်းရန်က ပြုံးပြုံးလေး ပြောလိုက်ပါတယ်။

​သူက ဝဝဖိုင်ဖိုင်နဲ့ ပြုံးလိုက်ရင် အတော်လေး ကြည့်ကောင်းပြီး ဘာအန္တရာယ်မှ ပေးမယ့်ပုံ မပေါက်ပါဘူး။

​"ဌာနချုပ်နတ်ဘုရားနဲ့ တွေ့ချင်ပြန်ပြီလား ခုနက တစ်ယောက်ကတော့ ဌာနချုပ်နတ်ဘုရားကို လာနောက်လို့ အခု ကြိမ်ဒဏ် အရိုက်ခံနေရပြီ"

​ထိုယင်စစ်သည်က နှာခေါင်းရှုံ့လိုက်ပြီး ချီထျန်းရန်ကို အကဲခတ်ကြည့်တယ်

"ခင်ဗျားလည်း လာနောက်ချင်တာလား ဒါက ယင်စစ်သည်ဌာနရဲ့ အရေးကြီးတဲ့ နေရာ တကယ်လို့ လာရှုပ်ရင် ခင်ဗျားတို့ မပြန်လမ်းမြို့တော်ကနေ ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူးနော် "

​"ညီလေးကလည်း ဘာတွေ ပြောနေတာလဲ ကျုပ်က ရှန့်ကျင်ယင်ချောင်ဌာနရဲ့ ဌာနအရှင် ချီထျန်းရန် ပါ၊ မင်း ဆုံးဖြတ်ရခက်နေရင် မင်းရဲ့ အထက်လူကြီးကို သွားပြောလိုက်ပါ၊ သူ ငါ့ကို တွေ့မတွေ့ဆိုတာ "

​ချီထျန်းရန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​ရှန့်ကျန်း အုပ်ချုပ်ရေးမြို့တော်

ယင်ချောင်ဌာန

ဌာနအရှင်

​ထိုယင်စစ်သည်ဟာ ချက်ချင်း မှင်တက်သွားပါတယ်။

မျက်နှာပေါ်က ဒေါသတွေ ပျောက်ကွယ်သွားပြီး အစားထိုးဝင်လာတာကတော့ ထိတ်လန့်တုန်လှုပ်မှုတွေပါပဲ။

​သူ ဘယ်လောက်တောင် ကြောက်သွားသလဲဆိုရင် အစီရင်ခံဖို့တောင် မေ့ပြီး ယင်စစ်သည်ဌာနထဲကို ပြေးဝင်သွားပါတော့တယ်။

​သူနဲ့အတူ ကင်းစောင့်နေတဲ့ တခြား ယင်စစ်သည်တွေကတော့ အချင်းချင်း ကြည့်နေကြပြီး အခုရှေ့က လူကြီးကို ဘယ်လို ဆက်ဆံရမလဲ မသိဖြစ်နေကြပါတယ်။

ဒီလူက တကယ်ပဲ ရှန့်ကျန်းက ဌာနအရှင် တစ်ယောက်လားဆိုတာလည်း မဝေခွဲနိုင်ကြပါဘူး။

​သူတို့ဟာ မသိစိတ်ကနေ ခါးကို ကိုင်းထားလိုက်ကြပြီး ခုနကလို မတ်မတ်ရပ်ဖို့တောင် မဝံ့ရဲကြတော့ပါဘူး။

​မကြာခင်မှာပဲ လူရိပ်တစ်ခုဟာ ယင်စစ်သည်ဌာနထဲကနေ ပျာပျာသလဲ ပြေးထွက်လာပါတယ်။

ခြေလှမ်းတွေတောင် ယိုင်တိုင်တိုင် ဖြစ်နေပါတယ်။

​ချီထျန်းရန် ရှေ့ရောက်တော့ ထိုလူဟာ ခြေချော်သလိုမျိုး လူပုံအလယ်မှာ ခွေးစားခွက်မှောက် လဲကျသွားပါတော့တယ်။

ပြီးတော့မှ ကပြာကယာ ပြန်ထပြီး အတော်လေး အရှက်ရနေတဲ့ ပုံစံနဲ့ လက်အုပ်ချီ ဂါရဝပြုတယ်

​"လက်အောက်ငယ်သား မပြန်လမ်းမြို့တော် ယင်စစ်သည်ဌာနရဲ့ ဌာနချုပ်နတ်ဘုရား လီတိုက်ဟဲ က အရှင်ကို ဂါရဝပြုပါတယ် "

​ချီထျန်းရန်တို့ကတော့ သဘောပေါက်လိုက်ပါတယ်။

တစ်ဖက်လူက ခြေချော်လဲတာ မဟုတ်ပါဘူးသက်သက်မဲ့ လုပ်ပြတာပါ။

"လဲကျပြတာဟာ လူမှုရေးအရ ပေးဆပ်ရတဲ့ ရေစက် "

တစ်မျိုးပါပဲ။

​"ခုနက ညီလေးတစ်ယောက် အမှုလာတိုင်တယ်ဆို ဘာလို့ ပြန်ထွက်မလာသေးတာလဲ "

​ချီထျန်းရန်က ပြုံးပြီး မေးပါတယ်။

​လီတိုက်ဟဲ တစ်ယောက် စိတ်ထဲမှာ အေးစက်သွားပြီး ချက်ချင်းပဲ လက်အောက်ငယ်သားကို လှည့်ကြည့်လိုက်ပါတယ်။

လက်အောက်ငယ်သားကလည်း သဘောပေါက်ပြီး ကျားတောင်သခင်ကို အမြန် သွားခေါ်လာပါတော့တယ်။

​"ညီလေး... ဘာမှမဖြစ်ဘူးမလား"

​အောင်မြင်ခြင်းဗုဒ္ဓက ကျားတောင်သခင်ရဲ့ ခြေလှမ်းတွေ ယိုင်နေတာကို မြင်တော့ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။

​ကျားတောင်သခင်က သွားဖြဲပြပြီး

"ဘာမှမဖြစ်ပါဘူး၊ ဖင်နှစ်ဖက်က နည်းနည်း နာနေတာပါ ဒီနေရာက နှိပ်စက်တဲ့ နည်းလမ်းက တကယ်ကို ထူးဆန်းတယ် ကြိမ်ဒဏ် တစ်ရာလုံးက အရိုးထဲအထိ နာကျင်စေပေမဲ့ ဝိညာဉ်ကိုတော့ အကြီးအကျယ် ထိခိုက်မှု မရှိဘူးဗျ "

​လီတိုက်ဟဲ တစ်ယောက် ရင်ထဲမှာ အေးစက်ကုန်ပါပြီ။ သူက ခါးသက်သက် ပြုံးရင်း

"ညီလေးက ချီအရှင်ရဲ့ လူမှန်း သိရင် ကျုပ် အခုလို မလုပ်မိပါဘူး၊ ဒါက နဂါးမင်းအိမ်တော်ကို ရေကြီးသလို (ကိုယ့်လူအချင်းချင်း မှားမိသလို) ဖြစ်သွားတာပါ ကျုပ် သေချာပေါက် တောင်းပန်ပါ့မယ်၊ ဒီနေ့ပဲ ထမင်းဝိုင်း ပြင်ဆင်ပြီး ညီလေးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါရစေ"

​"မင်းကို ခွင့်လွှတ်မလား၊ မလွှတ်ဘူးလားဆိုတာ အခုအချိန်မှာ ငါ ဆုံးဖြတ်လို့ မရတော့ဘူး "

​ကျားတောင်သခင်က ရယ်ပြီး ပြောတယ်

"ငါ့ဆရာရဲ့ သဘောထားကိုပဲ ကြည့်ရတော့မှာပေါ့"

​"မင်းရဲ့ ဆရာ..."

​လီတိုက်ဟဲရဲ့ မျက်နှာက တင်းမာသွားပြီး ချီထျန်းရန်ကို လှမ်းကြည့်လိုက်မိပါတယ်။

သူ့စိတ်ထဲမှာ တွေးနေမိတာက... ဘာကြောင့် ယင်ချောင်ဌာနရဲ့ ဌာနအရှင်က မပြန်လမ်းမြို့တော်လို ဝေးလံတဲ့ အရပ်ကို ရောက်လာရတာလဲ

​ပြီးတော့ ဒီဌာနအရှင်က အာဏာစက် လျော့နည်းနေတာကြောင့် ရှန့်ကျန်း ကနေ ထွက်ခဲတာ နှစ်အတော်ကြာပြီလေ။

အခု ရုတ်တရက် ရောက်လာတာဆိုတော့...

​ရှန့်ကျန်းက အကြီးအကဲ တစ်ယောက်ယောက် ရောက်နေတာလား

​ဒါကို တွေးမိတော့ လီတိုက်ဟဲရဲ့ ရင်ထဲမှာ လေးလံသွားပြီး ကျားတောင်သခင် ခုနက လာတိုင်တဲ့ စကားတွေကို ပြန်သတိရလိုက်ပါတယ်။

​ညလှည့်ကင်းအရှင် ကျင်ရွှေနဲ့ ဒီယင်ချောင်ဌာနရဲ့ ဌာနအရှင်တို့များ ထိပ်တိုက်တွေ့နေကြတာလား

​သူ မပေါ့ဆရဲတော့ပါဘူး၊ သူ့ရဲ့ အင်္ကျီလက်ထဲက လက်ဝါးကို အသာလေး လှုပ်ခါလိုက်ပြီး အပြင်ကို သတင်းတစ်ခု လှမ်းပို့လိုက်ပါတော့တယ်။

​"လီအရှင်... ခင်ဗျား အခု အားရင် ကျုပ်နဲ့အတူ တစ်ခေါက် လိုက်ခဲ့ပေးမလား "

​ချီထျန်းရန်က ပြုံးပြီး မေးလိုက်ပါတယ်။

​"အား... အားပါတယ်ခင်ဗျာ"

​လီတိုက်ဟဲက အလျင်အမြန် ခေါင်းညိတ်လိုက်ပါတော့တယ်။

All Chapters