အခန်း (၉၇၅-၉၇၆)
Vol. 98 Ch. 975-976
အခန်း (၉၇၅) မသေမျိုး ကျောက်တုံး
"လီဘိုးဘေးရဲ့ နောက်ကွယ်က လုံမိသားစုက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားပါ့မလား"
ဖန့်ချန်က ခပ်ပြုံးပြုံး မေးလိုက်ပါတယ်။
"တကယ်လို့ မင်းသာ ဓားသင်္ချိုင်းလှေကား မှာ လုံမိသားစုအတွက် ဒီလောင်းကြေးထပ်ပွဲကို အနိုင်ရပေးနိုင်မယ်ဆိုရင်၊ လုံမိသားစုရဲ့ ထုံးစံအတိုင်း သူတို့က မင်းအတွက် စုန်းယိနဲ့ မဟာယန်ဂိုဏ်းရဲ့ ပြဿနာတွေကို ရှင်းပေးလိမ့်မယ်"
လီချန်းစန်းက အေးအေးဆေးဆေး ပြောပါတယ်။
ခဏအကြာမှာတော့ သူက စကားလမ်းကြောင်းလွှဲပြီး
"ဒါပေမဲ့ မင်းရဲ့ စွမ်းဆောင်ရည်က သာမန်ပဲ ဖြစ်နေရင်၊ ဒါမှမဟုတ် လုံမိသားစုက ဒီလောင်းကြေးထပ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာ ငါမပြောလည်း မင်းစဉ်းစားမိမှာပါ"
"ဒါဆိုရင်တော့ ရိုးရှင်းပါတယ် ဒီလောင်းကြေးထပ်ပွဲကို အနိုင်ရဖို့ပဲ လိုတာပေါ့ စုန်းမိသားစုကလည်း အချိန်တိုအတွင်းမှာ ဒီဘက်ကို လက်လှမ်းနိုင်မှာ မဟုတ်ဘူးဆိုတော့ လီဘိုးဘေးအနေနဲ့ သိပ်ပြီး စိုးရိမ်မနေပါနဲ့တော့"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြပါတယ်။
လီချန်းစန်းရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွားတယ်
"ရိုးရှင်းတယ် ဟုတ်လား မင်း ချောင်ဖုန်းဒေသက ဓားကျင့်ကြံသူတွေကို သိပ်အထင်သေးနေတာပဲ သူတို့က တစ်နှစ်ပတ်လုံး သတ်ဖြတ်မှုတွေကြားမှာ ရှင်သန်နေရတာ ဒီဘက်က ဓားကျင့်ကြံသူတွေထက် အများကြီး ပိုအစွမ်းထက်တယ်"
ပြောပြီးနောက် သူက ရှီလုံနဲ့ ပန်ဆန်းကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်တယ်
"မင်း ဘယ်ကနေ ဒီလို မင်းစကားကို နားထောင်တဲ့ လွတ်လပ်သော မသေမျိုး နှစ်ယောက်ကို ရှာလာသလဲ ငါမသိဘူး ဒါပေမဲ့ သူတို့နှစ်ယောက် ပေါင်းရင်တောင် ငါ့ကို နိုင်ဖို့ မသေချာဘူး အဲဒီတော့ စုန်းမိသားစုကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ"
"လီဘိုးဘေး ပြောတာ မှန်ပါတယ် ချည်ပြီးရင် ဖြေရမှာက ချည်တဲ့သူရဲ့ တာဝန်ပဲလေ စုန်းမိသားစုရဲ့ ဒေါသကို ပြေစေချင်ရင် ဖန့်ဓားဦးဆောင်သူကပဲ ထွက်ပြီး ဒီတာဝန်ကို တာဝန်ယူရမှာပါ"
ရှုးယွဲ့မသေမျိုးက ရုတ်တရက် လက်အုပ်ချီပြီး ပြောလိုက်ပါတယ်။
လီချန်းစန်းက သူမကို တစ်ချက်ကြည့်ပြီး ဝတ်ရုံစကို ဝှေ့ယမ်းကာ ပါးတစ်ချက် ရိုက်လိုက်ပါတယ်။
ရှုးယွဲ့မသေမျိုးဟာ အနောက်ကို လွင့်ထွက်သွားပြီး မြေပြင်ပေါ်မှာ ဖင်ထိုင်လျက် ကျသွားရတယ်။
သူမက လီချန်းစန်းကို ကြောင်ကြည့်နေပြီး မျက်လုံးထဲမှာ ဝေဝေဝါးဝါး ဖြစ်နေပါတယ်။
"မင်းက မင်းတို့ နတ်ဘုရားလမ်းစဥ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်နောက်ကို လိုက်ပြီး ချောင်ဖုန်းဒေသကို တစ်ခါ ရောက်ခဲ့ဖူးတယ် မဟုတ်လား အဲဒီမှာ စုန်းယိတို့နဲ့ သိကျွမ်းခဲ့တာ ဖြစ်မှာပေါ့"
လီချန်းစန်းရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်မှုတွေ ပြည့်နေတယ်
"သူတို့နဲ့ အရောင်းအဝယ်လုပ်ပြီး အဆင့်အတန်း မြင့်ချင်တာလား သိပ်မိုက်မဲတာပဲ သူတို့မျက်လုံးထဲမှာ ငါတို့လို ကျင့်ကြံသူတွေက တောသားတွေပဲ မင်း ဘယ်လောက်ပဲ ဖော်လော်ပေးပေး မင်းက ကျုံးကျိုးက လာတဲ့သူ ဖြစ်နေသရွေ့ သူတို့ရဲ့ အသိုင်းအဝိုင်းထဲ ဝင်နိုင်မှာ မဟုတ်ဘူး ဒါဟာ ကျားနဲ့ အရောင်းအဝယ် လုပ်နေသလိုပဲ"
"သူတို့ မဟာယန်ဂိုဏ်းရဲ့ ကျင့်စဉ်က ကျင့်ကြံဖော် ပေါ်မှာ အခြေခံထားမှန်း သိလျက်နဲ့ နတ်ဘီလူးဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေကို သူတို့နဲ့ အရောင်းအဝယ် လုပ်ဖို့ ကြံရွယ်တယ်ပေါ့"
"မင်း ရရှိမယ့် အကျိုးအမြတ်က ခေတ္တခဏပဲ ဆိုတာ မင်းသိလား နတ်ဘီလူးဂိုဏ်းကတော့ မင်းကြောင့် နှစ်ပေါင်း တစ်ရာကနေ ငါးရာအတွင်း ကျုံးကျိုးမြေပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားရလိမ့်မယ်"
"ဘာလို့လဲ..."
ရှုးယွဲ့မသေမျိုး ကြောင်အသွားရတယ်။
"မဟာယန်ဂိုဏ်းမှာ တပည့်ပေါင်း သောင်းနဲ့ချီ ရှိတယ် ချောင်ဖုန်းဒေသမှာ ကျင့်ကြံဖော် နည်းစနစ်ကို အခြေခံတဲ့ ဂိုဏ်းပေါင်းကလည်း မရေမတွက်နိုင်အောင် ရှိတယ် မင်းတို့ နတ်ဘီလူးဂိုဏ်းက တစ်နှစ်ကို အမျိုးသမီးကျင့်ကြံသူ ဘယ်နှယောက် မွေးထုတ်ပေးနိုင်မှာလဲ "
လီချန်းစန်းက လှောင်ရယ်လိုက်တယ်
"မင်းရဲ့ ဒီလုပ်ရပ်ကြောင့် နတ်ဘီလူးဂိုဏ်းဟာ သားသတ်စင်ပေါ်က နွားတွေ၊ ဆိတ်တွေလို ဖြစ်သွားပြီး ဈေးဖြတ် အရောင်းအဝယ် လုပ်တာ ခံရလိမ့်မယ်"
ရှုးယွဲ့မသေမျိုးဟာ အသက်ရှူမှားသွားရတယ်။
ထိုမြင်ကွင်းကို တွေးကြည့်မိရုံနဲ့တင် သူမရဲ့ အမူအရာက ထိတ်လန့်တုန်လှုပ်သွားပါတယ်။
စူးမိုက သူမကို တစ်ချက်ကြည့်ပြီးနောက် လီချန်းစန်းကို တည်ကြည်တဲ့ မျက်နှာနဲ့ လှမ်းကြည့်ကာ လက်အုပ်ချီ မေးလိုက်တယ်
"လီဘိုးဘေး... ဒါကို ကုစားနိုင်မယ့် နည်းလမ်း ရှိပါသလား "
"ဒီကောင်လေးရဲ့ ဓားသင်္ချိုင်းလှေကား မှာ ပြသမဲ့ စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်တယ် တကယ်လို့ သူက လုံလောက်အောင် ထူးချွန်မယ်ဆိုရင် လုံမိသားစုက ဒီနေရာကို အကာအကွယ် ပေးလိမ့်မယ် ဒါမှမဟုတ်ရင်တော့ မင်းတို့ ဒီနေရာကနေ စောစောစီးစီး ထွက်သွားဖို့ နည်းလမ်းရှာထားတာ ပိုကောင်းလိမ့်မယ်"
လီချန်းစန်းက ဖန့်ချန်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလိုက်ပါတယ်။
ဓားသင်္ချိုင်းလှေကား
လူတိုင်းက ဒီနာမည်ကို အကြိမ်ပေါင်းများစွာ ကြားနေရပေမဲ့ ဘာလဲဆိုတာ မသိကြတာကြောင့် မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေကြပါတယ်။
"ဒီကောင်လေးတွေရဲ့ လူကြီးက မဟာယန်ဂိုဏ်းက အကြီးအကဲ တစ်ယောက်ပဲ အခု သူက ရှောင်ယောင်မသေမျိုး ဆီမှာ ရှိနေတယ် အခုဆို သူတို့ လူစု တစ်ခုခု ဖြစ်သွားပြီဆိုတာ သိလောက်ပြီ ဒီကို လာနေလောက်ပြီ"
"ငါ့မှာလည်း ချောင်ဖုန်းဘက်မှာ မျက်နှာနည်းနည်း ရှိပါသေးတယ် ဒီတစ်ခေါက် ကိစ္စကိုတော့ ငါပဲ တာဝန်ယူပေးလိုက်မယ် ဒါပေမဲ့ ဓားသင်္ချိုင်းလှေကား တိုက်ပွဲမှာတော့ မင်း ငါ့ကို ဆယ်ဆမက အစွမ်းကုန် ကြိုးစားပြီး ပြန်ပေးဆပ်ရမယ်"
လီချန်းစန်းက စကားတစ်ခွန်း ချန်ထားခဲ့ပြီး အဆောင်ထဲကနေ လှည့်ထွက်သွားကာ ကောင်းကင်ယံမှာ ပျောက်ကွယ်သွားပါတော့တယ်။
"ဪ... ဒါနဲ့ မင်းရဲ့ အကျင့်အရဆိုရင် ဒီလောက်အထိ စိတ်လိုက်မာန်ပါ လုပ်မယ့်သူ မဟုတ်ပါဘူး မင်း ဒါကို လုပ်တာက အရင်တုန်းက မင်းတို့ ဂိုဏ်းက ဓားအဖိုးအိုကြီးကို ငါ ဓားတစ်ချက် ထိုးခဲ့လို့ လက်စားချေတာလား ဒါဆိုရင်တော့ ငါတို့နှစ်ယောက် ကြွေးကျေပြီပေါ့"
ဖန့်ချန်ရဲ့ နားထဲမှာ လီချန်းစန်းရဲ့ အသံက ရုတ်တရက် ပဲ့တင်ထပ်သွားပါတယ်။
သူက ပြုံးလိုက်ပြီး အဆောင်ပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။
"ရှုးယွဲ့... ဒီနေ့ကစပြီး မင်းရဲ့ တောင်ထွတ်သခင် အဆင့်အတန်းကနေ နုတ်ထွက်လိုက်တော့ တံခါးပိတ်ပြီး မင်းရဲ့ အမှားတွေကို ဆင်ခြင်နေလိုက်"
စူးမိုက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"တပည့် နာခံပါ့မယ်"
ရှုးယွဲ့မသေမျိုးက မျက်နှာ ဖြူဖတ်ဖြူလျော်နဲ့ ခေါင်းညိတ်ပြပြီး သူမရဲ့ တပည့်တွေကို ခေါ်ကာ အဆောင်ထဲက ထွက်သွားပါတော့တယ်။
ဖန့်ချန်နဲ့ ကျန်းထျန်းအိုက်တို့ကို လှည့်တောင် မကြည့်တော့ပါဘူး။
စူးမိုက စုန်းယိတို့ရဲ့ အလောင်းတွေကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေပုံရတယ်
"သူတို့ရဲ့ နောက်ခံကို ငါ သိပါတယ် ရှုးယွဲ့ကို ဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်ရင် နတ်ဘီလူးဂိုဏ်းအတွက် ပြဿနာ မရှိနိုင်ဘူးလို့ ထင်ခဲ့တာ လီဘိုးဘေး ပြောတာ ကြားမှပဲ သူတို့ နတ်ဘီလူးဂိုဏ်းကို ခြေချတဲ့ အချိန်ကတည်းက ဂိုဏ်းက ဘေးဒုက္ခနဲ့ ကြုံနေရပြီဆိုတာ သိလိုက်ရတော့တယ်"
"စူးမိုဧကရာဇ်လည်း သိပ်ပြီး စိုးရိမ်မနေပါနဲ့ လီဘိုးဘေး ပြောသွားတာပဲလေ ကျုပ်သာ ဓားသင်္ချိုင်းလှေကား မှာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် စုန်းမိသားစုဘက်က ဖိအားကို တစ်စုံတစ်ယောက်က တာဝန်ယူ ပေးပါလိမ့်မယ်"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
စူးမိုက ထူးဆန်းတဲ့ အမူအရာနဲ့ ဓားသင်္ချိုင်းလှေကား အကြောင်းကို မေးချင်နေပုံရပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြောတော့ပါဘူး။
ဖန့်ချန်တို့ကို ဒီမှာ ရက်အနည်းငယ် အနားယူဖို့ စူးလင်ကျူကို စီစဉ်ခိုင်းလိုက်ပြီး စုန်းယိတို့ရဲ့ အလောင်းတွေကို သယ်ကာ ထွက်သွားပါတော့တ။
"သခင်လေး... သူတို့ ကိုယ်ပေါ်က သိုလှောင်လက်စွပ် တွေပါ"
ပန်ဆန်းက ဖန့်ချန်ကို သိုလှောင်လက်စွပ် အချို့ ကမ်းပေးပါတယ်။
ဖန့်ချန်က ဖွင့်ကြည့်လိုက်တဲ့အခါ တခြားသူတွေရဲ့ လက်စွပ်ထဲမှာတော့ အဆင့်နိမ့် နဲ့ အလယ်လတ်တန်းစား ဝိညာဉ်ကျောက်တုံး အချို့ပဲ ရှိပေမဲ့ စုန်းယိရဲ့ လက်စွပ်ထဲမှာတော့ ထူးဆန်းတဲ့ အရာတစ်ခု ပါနေတာကို တွေ့လိုက်ရတယ်။
အဲဒါက ဝိညာဉ်ကျောက်တုံးနဲ့ ဆင်တူပေမဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့တော့ လုံးဝ မတူပါဘူး။
ဝိညာဉ်စွမ်းအား အမျိုးမျိုးနဲ့ ဖွဲ့စည်းထားပုံရပြီး ဖန့်ချန်က အဲဒီထဲကနေ မိုးကြိုးအငွေ့အသက် အချို့ကို ခံစားလိုက်ရတယ်။
ဒါ့အပြင် ဓာတ်ငါးပါး စွမ်းအား အမျိုးမျိုးကိုလည်း ခံစားရပါတယ်။
လက်မလောက်ပဲ ရှိတဲ့ အရွယ်အစားမှာတင် ဝိညာဉ်စွမ်းအား ရာနဲ့ချီ စုစည်းနေပြီး အဲဒီထဲက ၉၉ ရာခိုင်နှုန်းသော စွမ်းအားတွေကို ဖန့်ချန် တစ်ခါမှ မကြားဖူး၊ မမြင်ဖူးပါဘူး။
"ဒါက ဘာလဲ "
ဖန့်ချန်ရဲ့ အကြည့်တွေ လှုပ်ရှားသွားပါတယ်။
"အစ်ကို... မင်း ကံထူးပြီပဲ ဒါက မသေမျိုးကျောက်တုံး တစ်တုံးပဲလေ ဒီကောင့်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဒီလောက် အဖိုးတန်တဲ့အရာ ပါနေလိမ့်မယ်လို့ ထင်မထားဘူး"
မှန်လေး ရဲ့ အသံ ထွက်ပေါ်လာပါတယ်။
မသေမျိုးကျောက်တုံး
ဖန့်ချန် ခဏ ကြောင်သွားရတယ်။
သူက ဒါကို အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး လို့ပဲ ထင်ခဲ့တာပါ။
မှန်လေး ရဲ့ မှတ်ချက်က ပိုပြီး ထူးခြားနေပါတယ်။
"ဒါက အထက်ဘုံက နတ်ဘုရားတွေ သုံးတဲ့ မသေမျိုးကျောက်တုံးလား အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးထက်တောင် ပိုပြီး ရှားပါးတာပေါ့ "
"မသေမျိုးကျောက်တုံးက လူ့ပြည်မှာတော့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးထက် ရှားတာ မှန်ပါတယ် ဒါပေမဲ့ အထက်ဘုံ ရောက်သွားရင်တော့ ဒီအရာက လူ့ပြည်က အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့ အဆင့်တူသွားပြီ"
"ဒါက သာမန်ကျင့်ကြံသူတွေအတွက်တော့ အသုံးမဝင်ဘူး ဒါပေမဲ့ နတ်ဘုရားတွေ ဒါမှမဟုတ် လွတ်လပ်သော မသေမျိုး တွေက အထဲက မသေမျိုးစွမ်းအား ကို စုပ်ယူမယ်ဆိုရင် အသက်ရှည်စေရုံတင်မကဘဲ မသေမျိုးခန္ဓာကိုယ် ကိုပါ ပိုပြီး ခိုင်မာစေတယ်"
"ဒါဆိုရင် ဒီအရာက လွတ်လပ်သော မသေမျိုးတွေရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်တာပေါ့ "
"မှန်တာပေါ့"
"တကယ်လို့ ဒါကို အဆင်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲမယ်ဆိုရင် ဘယ်လောက်ရမလဲ "
"အဲဒါကတော့ နှမြောစရာကြီးပါ တကယ်လို့ လဲမယ်ဆိုရင် အလုံး ၈၀ ကနေ ၁၀၀ လောက်အထိ ရဖို့ ပြဿနာ မရှိပါဘူး အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲရင်တောင် အလုံးအနည်းငယ် ရနိုင်တယ်"
"တကယ်လို့ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဒီအရာ ရှိနေမယ်ဆိုရင် လွတ်လပ်သော မသေမျိုးအဖြစ် ပြောင်းလဲဖို့ အောင်မြင်မှုနှုန်းက အများကြီး မြင့်တက်သွားလိမ့်မယ်"
ဖန့်ချန် စိတ်ထဲမှာ အံ့ဩသွားမိတယ်။
စုန်းယိရဲ့ သိုလှောင်လက်စွပ်ထဲမှာတောင် မသေမျိုးကျောက်တုံး တစ်တုံး ရှိနေတယ်ဆိုရင် ချောင်ဖုန်းဒေသက လွတ်လပ်သော မသေမျိုးတွေဟာ ဒီအရာကို မကြာခဏ သုံးနေကြပုံရပါတယ်။
လီချန်းစန်းက လွတ်လပ်သော မသေမျိုးအဆင့်ကို တက်လှမ်းနိုင်တာဟာ ဒီအရာရဲ့ အကူအညီကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဓားအဖိုးအိုကြီး ကတော့ ဒီလို မသေမျိုးကျောက်တုံး တစ်တုံး မရှိခဲ့တာကြောင့် အဆင့်တက်ဖို့ ကြန့်ကြာနေတာ ဖြစ်နိုင်ပါတယ်။
"နှမြောစရာပဲ မင်းဘေးနားက ယင်မိစ္ဆာ တွေက ဒါကို သုံးလို့မရဘူး မင်းကိုယ်တိုင်လည်း ဒါကို သုံးလို့မရတော့ ပြန်ရောင်းဖို့ပဲ ရှိတော့တာပေါ့"
"အသုံးမဝင်ဘူးလို့တော့ ပြောလို့မရပါဘူး"
ဖန့်ချန်ရဲ့ စိတ်ထဲမှာ အဘိုးရွှင် ရဲ့ ပုံရိပ် ပေါ်လာပါတယ်။
အခုတော့ သူက ငါ့ကို ကျေးဇူးအကြီးကြီး တင်ရတော့မှာပဲ။
အခန်း (၉၇၆) နက်မှောင်သော တည်ငြိမ်ခြင်းအလံ
တောရိုင်းကျောင်းတော်
အဘိုးရွှင်က ရောက်လာတဲ့လူကို ကြည့်ပြီး မျက်တောင်တောင် မခတ်ဘဲ မေးလိုက်တယ်
"လီရှောင် ဘက်က ကိစ္စတွေ အဆင်ပြေပြေ ကိုင်တွယ်ခဲ့ရဲ့လား "
"ကိုင်တွယ်ခဲ့ပြီးပါပြီ"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြတယ်။
"အချိန်တွက်ကြည့်ရင် မင်းလည်း ချောင်ဖုန်းဒေသကို သွားဖို့ နီးစပ်နေပြီပဲ အဲဒီရောက်ရင်တော့ ပိုပြီး သတိထားရမယ် အဲဒီနေရာက ဒီဘက်နဲ့ မတူဘူး"
အဘိုးရွှင်က ပြောပါတယ်။
"ခုနက ကျုပ် စုန်းမိသားစုက နောက်မျိုးဆက်တွေကို တွေ့ခဲ့တယ်"
ဖန့်ချန်က ပြောလိုက်တယ်။
"စုန်းမိသားစုက နောက်မျိုးဆက်တွေ "
အဘိုးရွှင်က နောက်ဆုံးတော့ ခေါင်းမော့ကြည့်လာပြီး ထူးဆန်းတဲ့ အမူအရာနဲ့
"မင်းပြောတာက ချောင်ဖုန်းဒေသရဲ့ မျိုးနွယ်ကြီး လေးခုထဲက တစ်ခုဖြစ်တဲ့ စုန်းမိသားစုလား "
ဖန့်ချန်က စုန်းယိတို့ လူစု နတ်ဘီလူးဂိုဏ်းကို ရောက်လာတဲ့ ကိစ္စတွေကို အကျဉ်းချုပ် ပြောပြလိုက်ပါတယ်။
အဘိုးရွှင်က ကံဆိုးမိုးမှောင်ကျလိုက်တာလို့ မနေနိုင်ဘဲ ရေရွတ်လိုက်မိတယ်
"အဲဒီ ရှုးယွဲ့က ဘယ်လိုဖြစ်လို့ ဒီလောက် အလေးအနက်မထားဘဲ လုပ်ရတာလဲ ဒါက အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းလိုက်တာပဲ"
ပြောပြီးနောက် သူက ဖန့်ချန်ကို တစ်ချက် စိုက်ကြည့်လိုက်တယ်
"မင်းလည်း အတူတူပဲ မင်းက သူတို့ရဲ့ ဝိညာဉ်ခွဲတွေကို ဖျက်ဆီးလိုက်တယ်ဆိုတော့ သေရန်ငြိုး မဖွဲ့ဘူးဆိုရင်တောင် သေရန်ငြိုးနဲ့ ဘာကွာလို့လဲ ချောင်ဖုန်းဒေသကို သွားရင် ပြန်မလာနိုင်မှာကို မကြောက်ဘူးလား "
"ဒီလိုသာ မလုပ်ခဲ့ရင် အရင်တုန်းက ကျွေးခဲ့တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးလုံးကို ကျုပ် ဘယ်ပြန်ဆပ်နိုင်တော့မှာလဲ ရန်ငြိုးကိစ္စကတော့ ဓားသင်္ချိုင်းလှေကားမှာ လုံမိသားစုသာ အနိုင်ရခဲ့ရင် စုန်းမိသားစုလည်း ရမ်းကားရဲမှာ မဟုတ်ပါဘူး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်တယ်။
"ကြည့်ရတာ မင်းက ဒီကိစ္စမှာ ယုံကြည်ချက်ရှိနေပုံပဲ"
အဘိုးရွှင်က ရယ်မောလိုက်ပြီး
"အနိုင်ရနိုင်ရင်တော့ အကောင်းဆုံးပေါ့ လီချန်းစန်းရဲ့ ဖိအားလည်း အများကြီး လျော့နည်းသွားလိမ့်မယ်"
သူက လက်ကို ဆန့်ထုတ်လိုက်တယ်
"ပေးတော့လေ"
ဖန့်ချန်က မသေမျိုးကျောက်တုံးကို ထုတ်ပြီး အဘိုးရွှင်ဆီ ကမ်းပေးလိုက်ပါတယ်။
"ဒါက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတော့ မဟုတ်လောက်ဘူးနော်"
အဘိုးရွှင်က ခပ်ပေါ့ပေါ့ ပြောရင်းနဲ့ လက်ထဲရောက်သွားတဲ့အခါမှာတော့ ရုတ်တရက် ခါးကို မတ်လိုက်ပြီး မတ်တပ်ရပ်ကာ လက်ထဲက ကျောက်တုံးကို အသေအချာ စစ်ဆေးကြည့်ပါတော့တယ်။
သူ့မျက်နှာမှာ အံ့ဩတုန်လှုပ်မှုတွေ တဖြည်းဖြည်း ပေါ်လာပြီး ကျောက်တုံးကို တစ်လှည့်၊ ဖန့်ချန်ကို တစ်လှည့် ကြည့်နေမိတယ်။
"ဒါက မသေမျိုးကျောက်တုံး ပဲ လား "
အဘိုးရွှင်က အဲဒီအရာကို အသိစိတ်နဲ့ တင်းတင်းဆုပ်ကိုင်ထားပြီး ဖန့်ချန်ကို မျက်တောင်မခတ် စိုက်ကြည့်ကာ
"ကောင်လေး... ဒါ ဘယ်ကရတာလဲ "
"စုန်းယိရဲ့ သိုလှောင်လက်စွပ်ထဲကပါ"
ဖန့်ချန်က ပြောပြပါတယ်။
အဘိုးရွှင်ရဲ့ မျက်နှာက တည်ကြည်သွားတယ်
"တကယ်လို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်လုံး၊ သုံးလုံးလောက်ဆိုရင်တော့ ပြောစရာ မရှိပါဘူး အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးဆိုရင်တောင် စုန်းမိသားစုက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ အခုက မသေမျိုးကျောက်တုံး တစ်တုံးတောင် ဖြစ်နေတာပဲ"
"ဒီအရာက လွတ်လပ်သော မသေမျိုးတွေအတွက် သိပ်အသုံးဝင်တယ်လို့ ကျုပ် ကြားထားတယ် စုန်းမိသားစုဘက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သေရန်ငြိုး ဖြစ်သွားပြီဆိုတော့ ဒီ မသေမျိုးကျောက်တုံး တစ်တုံးလောက် ပိုသွားတာလည်း ကိစ္စမရှိပါဘူး"
ဖန့်ချန်က ပြောလိုက်ပါတယ်။
"ဒါကြောင့် မင်းက အဘိုးကြီး ငါ့ကို လာပြီး ကန်တော့တာပေါ့ ဟုတ်လား "
အဘိုးရွှင်ရဲ့ မျက်လုံးထဲမှာ ကျေနပ်ရိပ်တစ်ခု ပေါ်လာပြီး ဖန့်ချန်ရဲ့ ပခုံးကို ပုတ်ကာ
"မင်းတွေးတာ မမှားဘူး မင်းက စုန်းမိသားစုကို သေရန်ငြိုး ပြစ်မှားပြီးသားဆိုတော့ မသေမျိုးကျောက်တုံး တစ်တုံး ထပ်တိုးတာက ဘာမှ မထူးတော့ပါဘူး စုန်းမိသားစုဘက်ကလည်း ဒီကိစ္စကို လီချန်းစန်းရဲ့ ခေါင်းပေါ်မှာပဲ ပုံချလိမ့်မယ်၊ မင်းနဲ့ ငါကတော့ စိုးရိမ်စရာ မရှိဘူး"
ပြောပြီးနောက် အဘိုးရွှင်က တစ်ချက် ခပ်ရွဲ့ရွဲ့ ရယ်လိုက်တယ်
"အခုတော့ လီချန်းစန်းတစ်ယောက် လုံမိသားစုမှာ ဒီနှစ်တွေအတွင်း ဘယ်လောက်အထိ အခြေအနေ ကောင်းခဲ့လဲဆိုတာ ကြည့်ရတာပေါ့ သူ့ရဲ့ ဇနီးလေးကသာ ကူညီပေးမယ်ဆိုရင် ဒီကိစ္စက သိပ်ပြီး ပြဿနာ အကြီးကြီး ဖြစ်မှာ မဟုတ်ပါဘူး"
"အဘိုးရွှင်... ကျုပ် တောင်းဆိုချင်တဲ့ ကိစ္စတစ်ခု ရှိပါတယ်"
ဖန့်ချန်က ပြောလိုက်တယ်။
"ဘာကိစ္စလဲ မင်းသာ ပြောစမ်းပါ"
အဘိုးရွှင်က ဆိုပါတယ်။
"အခုတစ်ခေါက် ဓားသင်္ချိုင်းလှေကား ခရီးစဉ်မှာ ကျုပ် ယုံကြည်ချက် ရှိပေမဲ့ မတော်တဆမှုတွေ ဖြစ်လာရင်တော့... ကျုပ်ရဲ့ တာအိုသုံးထောင်ဂိုဏ်းကို အဘိုးရွှင်က ကူညီ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"
"နောက်ပြီးတော့... ကျုပ်ရဲ့ စီနီယာအစ်ကို ချင်းမု ရဲ့ သတင်းကိုလည်း အဘိုးရွှင် ကူညီပြီး ရှာဖွေပေးစေချင်ပါတယ် တကယ်လို့ သူ အခက်အခဲနဲ့ ကြုံနေရရင်လည်း ကူညီပေးပါဦး"
ဖန့်ချန်က ခါးညွတ်ပြီး တောင်းဆိုလိုက်ပါတယ်။
"ခုနကတင် ယုံကြည်ချက် အပြည့်ရှိတယ်ဆိုပြီး"
အဘိုးရွှင်က မနေနိုင်ဘဲ လှောင်ရယ်လိုက်တယ်
"စိတ်ချပါ၊ မင်း မပြောရင်တောင် အခု ဒီဘက်က ဂိုဏ်းချုပ် တွေက ဒီကိစ္စအတွက် ပြင်ဆင်နေကြပါပြီ"
"လုံမိသားစုနဲ့ စုန်းမိသားစုရဲ့ ဒီလောင်းကြေးထပ်ပွဲကို သာမန်ကျင့်ကြံသူတွေ မသိရင်တောင် သူတို့ကတော့ သတင်းမကြားဘဲ မနေပါဘူး ငါက တောရိုင်းဂိုဏ်း ရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတာပဲ၊ ကြိုတင်ပြင်ဆင်မှု နှစ်မျိုး၊ သုံးမျိုး မရှိဘဲ နေမလား"
"အခု မင်းရဲ့ ဒီ မသေမျိုးကျောက်တုံးပါ ရလာပြီဆိုတော့ ကျားရှေ့မှာ အတောင်ပံ တပ်ပေးလိုက်သလိုပါပဲ အခြေအနေသာ ကောင်းမယ်ဆိုရင် လီချန်းစန်းကို ထားလိုက်ဦး ဟိုဘက်က အဆင့်နှစ် လွတ်လပ်သော မသေမျိုး တစ်ယောက် ရောက်လာရင်တောင် ငါ အစွမ်းကုန် ယှဉ်တိုက်ရဲတဲ့အထိ ယုံကြည်ချက် ရှိသွားပြီ"
"အဘိုးရွှင်က လက်ရှိအဆင့်ကို ကျော်ဖြတ်ပြီး အဆင့်နှစ်ကို တက်လှမ်းဖို့ ယုံကြည်ချက် ရှိနေတာလား "
ဖန့်ချန်က အနည်းငယ် ဝမ်းသာသွားပါတယ်။
ရှေ့ကလူရဲ့ စွမ်းအားက ပိုတောင့်တင်းလေလေ၊ သူလည်း ဒီဘက်က အခြေအနေကို ပိုပြီး စိတ်ချလက်ချ ထားခဲ့နိုင်လေလေပဲ မဟုတ်လား။
စုန်းယိ အရင်က ပြောခဲ့တာအရ စုန်းမိသားစုမှာ အဆင့်သုံး လွတ်လပ်သော မသေမျိုး တစ်ပါး ရှိတယ်ဆိုတော့ ဒါဟာ ချောင်ဖုန်းဒေသရဲ့ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား ဖြစ်နိုင်ပါတယ်။
တကယ်လို့ ကျုံးကျိုးမှာ အဆင့်နှစ် လွတ်လပ်သော မသေမျိုး တစ်ပါး ပေါ်လာမယ်ဆိုရင်... လုံမိသားစုက လောင်းကြေး ရှုံးပြီး ဒီနေရာကို စုန်းမိသားစုဆီ ပေးလိုက်ရရင်တောင်၊ စုန်းမိသားစုက အဘိုးရွှင်ကို မျက်နှာနည်းနည်းတော့ ထောက်ထားရမှာပဲလေ။
"အဆင့်နှစ်ကို တက်ဖို့ဆိုတာ ဘယ်လောက်လွယ်လို့လဲ ငါပြောတာက အဲဒီကိစ္စ မဟုတ်ဘူး အသေးစိတ်ကိုတော့ မမေးနဲ့ဦး ပြောပြရင်လည်း မင်း နားလည်မှာ မဟုတ်ဘူး"
အဘိုးရွှင်က လက်ခါပြလိုက်ပြီး အဆောင်ပြင်ဘက်ကို လှမ်းခေါ်လိုက်တယ်
"ငါ့ဆီမှာ ခေတ္တခဏ အသုံးမလိုတဲ့ အရာတစ်ခု ရှိတယ် မင်း အခုတစ်ခေါက် ချောင်ဖုန်းဒေသကို ယူသွားလိုက် အန္တရာယ်နဲ့ ကြုံလာရင် ဒါကို ထုတ်ပြီး ခုခံဖို့ သုံးနိုင်တယ် ဒါပေမဲ့ ပြီးရင်တော့ ငါ့ဆီ ပြန်ပို့ပေးဖို့ မမေ့နဲ့ဦး"
ဖန့်ချန် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အဆောင်ပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ မဲနက်နေတဲ့ အလံတစ်ခုဟာ အသက်ဝင်နေတဲ့ ငါးလေးတစ်ကောင်လိုပဲ အဆောင်ထဲကို ပျံဝဲပြီး ဝင်လာတာကို တွေ့လိုက်ရပါတယ်။
"အဘိုးကြီး... ငါ့ကို ဘာကိစ္စရှိလို့ ခေါ်တာလဲ ငါပြောထားတယ်မဟုတ်လား တောရိုင်းကျောင်းက အသက်အန္တရာယ်နဲ့ ကြုံတဲ့အခါမှလွဲရင် ငါ့ကို အလွယ်တကူ မနှိုးပါနဲ့ဆိုတာ"
နက်မှောင်တဲ့ အလံဟာ သူတို့နှစ်ဦးရှေ့မှာ ပျံဝဲနေပြီး လူစကား ပြောလိုက်ပါတယ်။
ဝိညာဉ်ရတနာ
ဖန့်ချန်ရဲ့ အကြည့်တွေ လှုပ်ရှားသွားပါတယ်။
ဓားကလေး နဲ့ မှန်လေး ကလွဲရင် လူစကားပြောနိုင်တဲ့ ရတနာတစ်ခုကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။
မှန်လေး အရင်က ပြောဖူးတာအရဆိုရင် ရှေ့ကအရာဟာ ဝိညာဉ်မွေးဖွားထားတဲ့ ကောင်းကင်အဆင့် ရတနာ တစ်ခုဖြစ်ပြီး ဝိညာဉ်ရတနာ လို့လည်း ခေါ်ပါတယ်။
"မင်းက နေ့တိုင်းအိပ်၊ နေ့တိုင်းအိပ်နဲ့၊ အိပ်နေတာ ဘယ်နှစ်နှစ် ရှိပြီလဲ ပိုးထိုးကုန်မှာကို သတိထားဦး"
အဘိုးရွှင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်
"မင်း ငါ့ကို ကျေးဇူးတွေ အများကြီး တင်ထားတာ ရှိတယ်၊ အခု တစ်ခေါက် ပြန်ဆပ်ရမယ် ငါ့ရဲ့ ဒီနောက်မျိုးဆက်နဲ့အတူ ချောင်ဖုန်းဒေသကို တစ်ခေါက် လိုက်သွားပေးစမ်း တကယ်လို့ သူ အန္တရာယ်နဲ့ ကြုံလာရင် မင်း ကူညီပြီး ခုခံပေးလိုက်"
"ဒီနောက်မျိုးဆက်လား "
နက်မှောင်တဲ့ အလံမှာ မျက်လုံးမပါပေမဲ့ ဖန့်ချန်ကို လှမ်းကြည့်နေသလို သူ ခံစားလိုက်ရတယ်
"လွတ်လပ်သော မသေမျိုးတောင် မဟုတ်သေးဘဲနဲ့ ငါ့ကို ထုတ်သုံးဖို့ ဘယ်လို အရည်အချင်း ရှိလို့လဲ ငါ တစ်ခါ ထွက်တိုက်ဖို့ မသေမျိုးစွမ်းအားဘယ်လောက် ကုန်မလဲဆိုတာ မင်း သိလား "
"ဒီနှစ်တွေအတွင်း ငါက မင်းကို မသေမျိုးစွမ်းအား တွေ ဖြည့်မပေးခဲ့ရင် မင်းက ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးပြီး သာမန် ကောင်းကင်အဆင့် ရတနာတစ်ခု ဖြစ်နေလောက်ပြီ အခုများ လာပြီး အော်နေသေးတယ်"
အဘိုးရွှင်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"ပြောတော့လည်း ပြောတာပေါ့... ကောင်းပြီလေ၊ မင်းကို တစ်ခါလောက် ကူညီပေးပါ့မယ် ဒါပေမဲ့ မှတ်ထားဦး၊ ငါက တစ်ခါပဲ ကူညီမှာနော် နောက်ထပ်တော့ မရဘူး"
နက်မှောင်တဲ့ အလံက မလိုလားသလို ပြောပါတယ်။
"မင်း ဝိညာဉ်ရတနာစာရင်း ကို မြင်ဖူးမှာပေါ့ ကျုံးကျိုး ၊ တိထျန်း ၊ ပေတု တို့ဟာ ကျောက်ဟွာဂြိုလ် က ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ တောရိုင်းမြေတွေ ဖြစ်နေပေမဲ့၊ ဒီနေရာမှာ ဝိညာဉ်ရတနာ သုံးခု ရှိနေပါတယ်"
"ဒီ နက်မှောင်သော တည်ငြိမ်ခြင်းအလံ ကလွဲရင် လီချန်းစန်းရဲ့ လက်ထဲမှာ တစ်ခု ရှိတယ် ပေတု ဘက်မှာလည်း တစ်ခု ရှိတယ်"
အဘိုးရွှင်က ပြုံးပြီး ပြောလိုက်ပါတယ်။
နက်မှောင်သော တည်ငြိမ်ခြင်းအလံ
ဖန့်ချန်က စဉ်းစားနေရင်းနဲ့ ရုတ်တရက် ထူးဆန်းတဲ့ အချက်တစ်ခုကို သတိပြုမိသွားကာ တိုးတိုးလေး မေးလိုက်တယ်
"အဘိုးရွှင်... ကျုပ် အရင်က ကြားဖူးတာက ဝိညာဉ်ရတနာစာရင်းမှာ ဝိညာဉ်ရတနာ ၃၀၀ ရှိတယ်ဆို ဘာလို့ ဒီဘက်မှာ သုံးခုပဲ ရှိတာလဲ "
"မင်း မြင်ဖူးတဲ့ ဝိညာဉ်ရတနာစာရင်းက စာရင်းချုပ်ပဲ ဧကရာဇ်စာရင်း တို့ ဆေးဖက်ဝင်အပင်စာရင်း တို့နဲ့ မတူဘူး အဲဒီပေါ်က ဝိညာဉ်ရတနာ ၃၀၀ က ရှေးဟောင်းဒေသ တစ်ခုလုံးက လာတာ"
"ဒီ နက်မှောင်သော တည်ငြိမ်ခြင်းအလံကို ပြောရမယ်ဆိုရင် ချောင်ဖုန်းဒေသမှာလည်း တကယ့်ပြိုင်ဘက် တွေ့ဖို့ ခဲယဉ်းလိမ့်မယ်လို့ ငါ ပြောရဲတယ် ဒါပေမဲ့ ဝိညာဉ်ရတနာစာရင်းမှာတော့ သူက နံပါတ် ၂၀၀ အတွင်းတောင် မဝင်နိုင်ဘူး"
အဘိုးရွှင်က ပြောပြပါတယ်။
"အဘိုးကြီး... မင်း ငါ့ကို အထင်သေးနေတာပဲ အဲဒီ အောက်တန်းစား ဝိညာဉ်ရတနာစာရင်းကို ငါက လုံးဝ ဂရုမစိုက်ဘူး အဲဒါက ဘာမို့လို့လဲ ဘာလို့ ငါတို့ကို အဆင့်တွေ ခွဲခြားနေရတာလဲ"
နက်မှောင်သော တည်ငြိမ်ခြင်းအလံက မကျေမနပ် ပြောလိုက်ပါတယ်။
"မင်း ရှိနေမှန်း သူ သိနိုင်တာကိုက အကြောင်းပြချက်ပဲပေါ့"
အဘိုးရွှင်က ပြုံးပြီး ပြောလိုက်ပါတယ်။
ဖန့်ချန် ခဏ ကြောင်သွားရတယ်
"ဒီ ဝိညာဉ်ရတနာစာရင်းက..."
"သူ့ကိုယ်တိုင်က ရတနာတစ်ခုပဲ နက်မှောင်သော တည်ငြိမ်ခြင်းအလံက တောရိုင်းကျောင်းရဲ့ အဖိုးတန်ရတနာ ဖြစ်ပြီး သုံးခဲလှပါတယ် ပုံမှန်ဆိုရင် ဝိညာဉ်ရတနာစာရင်းမှာ မပါသင့်ဘူး ဒါပေမဲ့ ဝိညာဉ်ရတနာစာရင်းက သူ့ကို ရှာတွေ့ပြီး စာရင်းသွင်းထားခဲ့တယ်"
အဘိုးရွှင်က ရှင်းပြလိုက်ပါတယ်။