အခန်း (၂၂၆)
Vol. 23 Ch. 226
အာဟောင်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကာ "ဟုတ်တယ် သူ့ရဲ့ပါရမီက အရမ်းမြင့်မားလွန်းတော့ တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ကြုံလို့ ဒဏ်ရာရသွားရင် ဒါက ဟွာရှ တစ်နိုင်ငံလုံးအတွက် ဆုံးရှုံးမှုပဲ... အိပ်မနေကြနဲ့တော့၊ သူ့ကို သွားစောင့်ရှောက်ကြရင် မကောင်းဘူးလား" ဟု ပြောလိုက်သည်။
အဖွဲ့သားအချို့ကလည်း တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်ထောက်ခံကြသည်။ သူတို့၏စိတ်ထဲတွင် ရွှီရန်၏ အဆင့်အတန်းမှာ အလွန်မြင့်မားနေပြီဖြစ်ပြီး ယခုအခါ နိုင်ငံတော်၏ မဟာဗျူဟာမြောက် အဆင့်အထိပင် ရောက်ရှိသွားပြီဖြစ်သည်။ အိပ်စက်နားနေခြင်းမှာ သူတို့အတွက် အရေးမကြီးတော့ဘဲ ရွှီရန်၏ ဘေးကင်းလုံခြုံရေးမှာသာ ပထမဦးစားပေး ဖြစ်လာခဲ့သည်။
သို့သော် လင်းဖုန်းက လက်ယမ်းပြကာ တားမြစ်လိုက်သည်။
"မလိုပါဘူး သူမှာ ကိုယ်စားထိုးရုပ်သေးနဲ့ ကိုယ်ပျောက်အတတ်ရှိတာကို မင်းတို့ မေ့နေကြပြီလား"
"အဲဒီဆန်းကြယ်လှတဲ့ စူပါမျက်လှည့်အတတ် မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခ တောင်မှ သူ့လက်ထဲမှာ အရေးနိမ့်ခဲ့ရတာပဲ။ ငါတို့တွေ မလိုအပ်ဘဲ စိုးရိမ်မနေကြစမ်းပါနဲ့..."
အာဟောင်က "ဒါပေမဲ့..." ဟု ထပ်ပြောရန် ကြိုးစားသော်လည်း လင်းဖုန်းက ခေါင်းခါယမ်းကာ စကားဖြတ်လိုက်သည် "မမေ့နဲ့ဦး အဲဒီတုန်းက တကယ်တမ်း အကာအကွယ်ပေးခံခဲ့ရတာက ငါတို့တွေပဲ။ ဒါကြောင့် စက်မှုမိစ္ဆာတွေနဲ့ တွေ့ရင် ငါတို့က သူ့လောက်တောင် အစွမ်းမရှိဘူး။ ကျန်တဲ့ နတ်ဘုရားအဆင့် သတ္တဝါတွေကိုတော့ ဆဋ္ဌမမြောက်ခရိုင်က ပညာရှင်တွေက ဟန့်တားထားမှာပါ။ ရွှီရန်မှာလည်း သူ့ဘာသာသူ ဘေးကင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပြီးသားပဲ"
စကားပြောရင်းနှင့်ပင် လင်းဖုန်းသည် အလိုအလျောက်စနစ်သုံး အခန်းထဲသို့ ပထမဆုံး ဝင်ရောက်လိုက်ပြီး နောက်သို့လှည့်ကြည့်ကာ "စိုးရိမ်စိတ်ကြောင့် မင်းတို့ရဲ့ အမြင်တွေကို အမှားမခံကြနဲ့၊ ဒီလောက်အထိ ထူးကဲတဲ့ ပါရမီရှင်တစ်ယောက်က အလွယ်တကူ ကျဆုံးသွားမှာ မဟုတ်ဘူး။ ငါတို့ အရင်ဆုံး ကောင်းကောင်းအနားယူဖို့ လိုတယ်။ အိပ်ရေးဝအောင် အိပ်ကြစို့။ လုံခြုံရေးဇုန်ထဲမှာတင်တော့ သူလိုချင်တဲ့ သားရဲလေးသိန်းကို သတ်လို့ရမှာ မဟုတ်ဘူး။ ငါတို့တွေ သူ့နောက်ကို ညစ်ညမ်းနယ်မြေထဲအထိ လိုက်သွားရဦးမှာ"
"ညစ်ညမ်းနယ်မြေထဲ ရောက်တဲ့အခါမှသာ ငါတို့ရဲ့ အကာအကွယ်ကို သူ တကယ်လိုအပ်မှာပါ။ အကယ်၍ ငါတို့က ကောင်းကောင်း အင်အားမဖြည့်ထားဘူးဆိုရင် သူ့ကို ဘယ်လိုကာကွယ်ပေးနိုင်မှာလဲ မြန်မြန်သွားအိပ်ကြစမ်းပါ။ အားအင်တွေ ပြည့်ဝသွားမှ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် သူ့ကို ညစ်ညမ်းနယ်မြေဆီ ခေါ်သွားပြီး တာဝန်တွေကို အပြီးသတ်ကြတာပေါ့"
အားလုံးက ခေါင်းညိတ်ကြပြီး "ဟုတ်သားပဲ ဒါမှ ငါတို့ရဲ့ ခေါင်းဆောင်ဖုန်းပေါ့"
"ကဲ... သွားအိပ်ကြစို့ အိပ်ကြစို့"
ထိုသို့ ပြောဆိုကာ သူတို့အားလုံး အိပ်စက်အနားယူရန် ပြင်ဆင်ကြသည်။
သူတို့သည် သူတို့၏ အခန်းများအတွင်းသို့ အသီးသီးဝင်ရောက်သွားကြပြီး အိပ်စက်ခြင်းရတနာအဆောင်ငယ်ကို နဖူးပေါ်တွင် ကပ်လိုက်သည်နှင့် တစ်ပြိုင်နက် ခုတင်ပေါ်လဲသည်နှင့် တပြိုင်နက် အိပ်ပျော်သွားကြသည်။
ထိုအဆောင်ငယ်မှ ဆန်းကြယ်သော အလင်းတန်းများ ဖြာထွက်လာပြီး ဝိညာဉ်စွမ်းအင်များဖြင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပေးလိုက်သည်။ ကြွက်သားများအတွင်းရှိ လက်တစ်အက်ဆစ်များကို ပြေလျော့စေကာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ပေါင်း သန်းခြောက်ဆယ်ကုဋေကို အပြည့်အဝ အနားယူစေခဲ့သည်။
နေလို့ထိုင်လို့ အရမ်း ကောင်းတာပဲ။
သူတို့၏ အိပ်မက်ကမ္ဘာထဲတွင် ဝိညာဉ်သန့်စင်ခြင်း အဖွဲ့သားများသည် ယခင်ကထက် ပိုမိုအေးချမ်းစွာ အနားယူနေနိုင်ကြပြီဖြစ်သည်။
...
အခြားတစ်ဖက်တွင်မူ ရွှီရန်သည် ဆဋ္ဌမမြောက် လုံခြုံရေးဇုန်၏ မြို့ပြင်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်မြေပြင်သို့ ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ဆဋ္ဌမမြောက် လုံခြုံရေးဇုန်သည် သရဲတစ္ဆေ သတ္တဝါများ၏ အဓိက စင်မြင့်ထက်ပင်။ လွန်ခဲ့သော ရက်ပေါင်းနှစ်ရာကလည်း ဤနေရာသည် ရွှီရန်၏ ပထမဆုံးသော စစ်မြေပြင်ဖြစ်ခဲ့ပြီး ခေါင်းပြတ်သရဲဇာတ်သိမ်းခဲ့ရာ နေရာလည်း ဖြစ်သည်။
ခေါင်းပြတ်သရဲ သေဆုံးသွားခဲ့ပြီး ဆန်းကြယ်သော နတ်ဘုရားမျက်လုံးမှာလည်း ကြေမွသွားခဲ့သော်လည်း သရဲတစ္ဆေဂြိုဟ်မှာမူ မည်သို့မျှ ထိခိုက်မှုမရှိပုံရပေ။ သူတို့သည် ထုံးစံအတိုင်း လုံခြုံရေးဇုန်၏ အမြုတေကို ဖျက်ဆီးရန် အစဉ်တစိုက် ကြိုးပမ်းတိုက်ခိုက်နေဆဲပင်။
စစ်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော်လည်း တိုက်ပွဲပြင်းထန်မှုမှာမူ သိပ်မမြင့်မားလှပေ။
သို့သော် ယနေ့ စစ်မြေပြင်သည် လွန်ခဲ့သော ဆယ်ရက်အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ သရဲတစ္ဆေလှိုင်းမှာ သုံးသောင်းကျော်အထိ ရှိနေပြီး အမှန်အတိုင်း ပြောရလျှင်
ဤပမာဏမှာ ရွှီရန်အတွက်တော့ လုံလောက်ရန် အလွန်ဝေးကွာနေပါသေးသည်။
သို့သော်လည်း ဘာမှမရှိသည်ထက်စာလျှင်တော့ ပိုကောင်းပါသေးသည်။
"သဲပွင့်လေးတွေကို စုစည်းပြီး ရဲတိုက်ကြီး ဆောက်ရမှာပေါ့ ခြင်ခြေထောက်လောက်ပဲ ရှိရင်တောင် အသားပါတာပဲ"
ရွှီရန်သည် နှာခေါင်းစည်းကို တပ်ဆင်လျက် လုံခြုံရေးဇုန်အတွင်း၌ ရပ်နေသည်။ နောက်ထပ် အနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် သူသည် ဇုန်အပြင်ဘက်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
စက္ကူရုပ်စစ်သည်တော်တပ်စုတစ်ဦးပြီးတစ်ဦး စတင်ထွက်ပေါ်လာကြသည်။
ရွှီရန်သည် ချပ်ဝတ်တန်ဆာ နတ်ဝိဇ္ဇာအဆောင်အစောင်တစ်ရာကို ဝှေ့ယမ်းကာ ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ ရုပ်သေးများနှင့် လက်နက်များ၏ ခုခံနိုင်စွမ်းနှင့် သတ်ဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးရန် ဖြစ်သည်။ စွမ်းဆောင်ရည်မှာ ၅၀% ခန့် မြင့်တက်သွားပြီး အဆောင်နှစ်
စောင် ထပ်ဆင့်ကပ်လိုက်သည့်အခါတွင်မူ အစွမ်းမှာ တိုက်ရိုက် နှစ်ဆတိုးသွားတော့သည်။
ယခုအခါ စက္ကူရုပ်စစ်သည်ကြီးတစ်ဦးချင်းစီ၏ သတ်ဖြတ်နိုင်စွမ်းမျဉ်းမှာ သွေးစွမ်းအင် သုံးသိန်းအထိ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သံမဏိကဲ့သို့ အေးစက်မှောင်မိုက်နေသော မိစ္ဆာစစ်တပ်ကြီးသည် စစ်မြေပြင်သို့ အရှိန်အဟုန်ဖြင့် ချီတက်သွားပြီး ရောက်လေရာအရပ်၌ တစ်ချက်တည်းဖြင့် ပြတ်တောကအောင် သုတ်သင်တော့သည်။
သူတို့ မယှဉ်နိုင်သည့် ရန်သူများကိုမူ လုံးဝမထိတွေ့ဘဲ ရှောင်ကွင်းသွားကြသည်။ ထိုအကောင်များကိုတော့ အားကောင်းသော တိုက်ခိုက်ရေးအဖွဲ့နှစ်ဖွဲ့ကိုသာ ကိုင်တွယ်ရန် ချန်ထားခဲ့လိုက်သည်။ ရွှီရန်မှာမူ အားနည်းသော ရန်သူများကို ရိတ်သိမ်းသုတ်သင်ရန်သာ တာဝန်ယူထားခြင်း ဖြစ်သည်။
စက္ကူရုပ်စစ်သည်တော်တပ်စုသည် မြေပြင်ကို တုန်ခါစေလျက် စစ်မြေပြင်တစ်ခုလုံးကို ဖြတ်သန်းသွားလာနေကြသည်။ ဆယ်မိနစ်အတွင်းမှာပင် သရဲတစ္ဆေပေါင်း တစ်ထောင်ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သဖြင့် ကုန်းမြင့်အဆင့်အောက်ရှိ စစ်သည်များအပေါ် ကျရောက်နေသော ဖိအားမှာ သိသိသာသာ လျော့ကျသွားခဲ့ရသည်။
"တစ်ကိုယ်တော် စစ်တပ်နဲ့ သူ ပြန်လာပြီဟေ့"
"သူ့ကို မတွေ့ရတာ ခြောက်လကျော်ပြီ။ အခုထိ အားရပါးရ သောင်းကျန်းနိုင်တုန်းပဲ"
"ဒါပေမဲ့... အဲဒီဂန္ထဝင်ရဲ့ ရုပ်သေးစစ်တပ်ကို ပိုပြီးအစွမ်းထက်တဲ့ သရဲတွေက ပစ်မှတ်ထားနေပြီထင်တယ်"
"ဟိုမှာကြည့်စမ်း အဲဒါ ဓားတောင်ပံ ပျားသရဲတွေပဲ"
"သူတို့ခန္ဓာကိုယ်ရဲ့ တစ်ဝက်က အပြာရောင်သန်းနေတယ်။ သွေးစွမ်းအင်က ငါးသောင်းအထက်မှာ ရှိတယ်"
"ရုပ်သေးစစ်သည်တော်တွေက ဓားတောင်ပံ ပျားသရဲတွေကို ယှဉ်နိုင်ပါ့မလားမသိဘူး။ အဲဒီပျားတွေရဲ့ ဓားတောင်ပံတွေက သိမ်းလို့ထုတ်လို့ရတဲ့ ဓားမြှောင်တွေလိုပဲ အရမ်းကို ဖျတ်လတ်တာ"
"အား... ရုပ်သေးတွေ အပိုင်းပိုင်းအပြတ်ပြတ် အဆွဲခံနေရပြီ"
ဓားတောင်ပံ ပျားသရဲငါးကောင်သည် စက္ကူရုပ်စစ်သည်တပ်စုထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး သူတို့၏ အားအင်အစွမ်းဖြင့် မိုဓားစစ်သည်တော်သုံးဦး၏ ကိုယ်အထက်ပိုင်းကို ဆွဲဖြဲပစ်လိုက်ကြသည်။
ချပ်ဝတ်တန်ဆာ နတ်ဝိဇ္ဇာအဆောင်ငယ်နှစ်စောင် ကပ်ထားသော ထိုမိုဓားစစ်သည်တော်
များ၏ သတ်ဖြတ်နိုင်စွမ်းမှာ သွေးစွမ်းအင် ၃၀၀,၀၀၀ အထိ ရှိသော်လည်း ခုခံနိုင်စွမ်းမှာမူ ၎င်းတို့၏ တိုက်ခိုက်မှုအောက်တွင် အားနည်းနေခဲ့သည်။ သွေးစွမ်းအင် ငါးသောင်းနှင့် သုံးသိန်းကြား ကွာဟချက်မှာ ရမှတ် နှစ်သိန်းခွဲအထိ ရှိနေသော်လည်း ရုပ်သေးများ အပိုင်းပိုင်းပြတ်သွားခြင်းက မလွဲမသွေ ကြုံတွေ့ရမည့် ရလဒ်ပင်။
သို့သော် ၎င်းက ရွှီရန်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
"သွေးစွမ်းအင် ငါးသောင်းကျော်တာနဲ့ အသိဉာဏ် နည်းနည်းဝင်လာတာလား ငါ အားနည်းတဲ့ကောင်တွေကို လိုက်ရိတ်နေတာကို သူတို့က လာပိတ်ဆို့နေကြတာပဲ..."
ရွှီရန်က မကျေမနပ် ရေရွတ်လိုက်သည်။ အပိုင်းပိုင်းပြတ်သွားသော စက္ကူရုပ်စစ်သည်များကို ဝိညာဉ်စွမ်းအင် အနည်းငယ်သုံးရုံဖြင့် ပြန်လည်ပြုပြင်နိုင်သော်လည်း ထိရောက်မှုကို အဓိကထားသော ရွှီရန်အတွက်မူ ဤနှောင့်နှေးမှုမှာ ဒေါသထွက်စရာပင်။
သူသည် အားနည်းသော သားရဲငယ်များကို သွေးစွမ်းအင် သုံးသိန်းအဆင့်ရှိ စွမ်းအားဖြင့် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး သုတ်သင်ပြီး နောက်ထပ်စစ်မြေပြင်တစ်ခုသို့ ကူးပြောင်းရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် သွေးစွမ်းအင် ငါးသောင်းကျော်၍ အသိဉာဏ်အနည်းငယ်ရလာသော သရဲတစ္ဆေများက သူ၏ သုတ်သင်မှုခရီးစဉ်ကို လာရောက်နှောင့်ယှက်နေကြသည်။
အကယ်၍ သူတို့သာ ဆက်လက်ပိတ်ဆို့နေမည်ဆိုပါက စစ်မြေပြင်ရှိ အားနည်းသောရန်သူများကို တစ်နာရီအတွင်း အပြတ်ရှင်းရန်မှာ မဖြစ်နိုင်တော့ပေ။ ဤသည်ကို တွေးမိသောအခါ ရွှီရန်၏ အကြည့်များ အေးစက်သွားပြီး မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"မင်းတို့က ဒီလိုပဲ ဆက်ပိတ်နေမယ်ဆိုရင် ငါက ဘယ်အချိန်မှ သားရဲလေးသိန်းကို သတ်လို့ပြီးမှာလဲ တစ်နှစ်ကြာမှ ပြီးမှာလား"
"ငါ့အချိန်ကို ဖြုန်းနေတာပဲ... သေတွင်းတူးနေကြတာ"
ရွှီရန်၏ မျက်မှောင်များမှာ တဖြည်းဖြည်း ကြုတ်သွားသည်။ သူသည် ယုံကြည်ခြင်းမျိုးစေ့များကို လျင်မြန်စွာ စုစည်းလိုက်သည်။ ရွှေရောင်ဝင်းနေသော ယုံကြည်ခြင်းမျိုးစေ့ သုံးစေ့သည် နတ်ဘုရားလက်နက် ပစ်ခတ်ခြင်း၏ ကောင်းချီးပေးမှုအောက်တွင် အရှိန်ပြင်းသော ကျည်ဆန်များအလား စစ်မြေပြင်ကို ဖြတ်သန်းသွားပြီး ပျားသရဲငါးကောင်ကို တိုက်ရိုက် ထိမှန်သွားတော့သည်။