← Chapters

အခန်း (၂၂၈)

Vol. 23 Ch. 228

အခန်း (၂၂၈)

Vol. 23 Ch. 228

ရွှီရန်မှာ အံ့အားသင့်သွားပြီး ဦးလေးယဲ့ကို အလေးအနက် စိုက်ကြည့်မိသည်။

ဦးလေးယဲ့မှာ ခဏမျှ ရယ်မောနေပြီးမှ တဖြည်းဖြည်း တည်ငြိမ်သွားကာ "ညဘက်တွေမှာဆိုရင် သွေးလေအင်အား ခုနစ်သိန်း ရှစ်သိန်းဝန်းကျင်ရှိတဲ့ သတ္တဝါကြီးတွေ ထွက်လာတတ်တယ်။ တိုက်ပွဲတွေကလည်း ပိုပြီး ပြင်းထန်ရက်စက်တယ် တစ်ကောင်ကောင် မသေမချင်း မရပ်မနား တိုက်ခိုက်တတ်ကြတာ။ မင်း စမ်းကြည့်ချင်လို့လား"

အခြေအနေအရ လိုက်လျောညီထွေ နေတတ်သော ရွှီရန်မှာ သူ၏ စိတ်ကူးကို ချက်ချင်းပင် ပြောင်းလဲလိုက်ပြီး "ထားလိုက်ပါတော့ဗျာ ညဘက်ကျရင် အဆောင်တွေပဲ ထိုင်လုပ်တော့မယ်။ အလယ်အလတ်အဆင့် သတ္တဝါကြီးတွေကို ရင်ဆိုင်နေရတာထက်စာရင် အဆောင်ပြုလုပ်တာက ပိုပြီးတော့ အကျိုးအမြတ်ရှိတာ ထင်ရှားပါတယ်" ဟု ပြောလိုက်သည်။

အမှန်ပင် မည်သည့်အရာတွင်မဆို ထိရောက်မှုရှိရန်မှာ အဓိကကျလှသည်။

စက္ကူရုပ်တပ်သားများကို အဆင့်မြှင့်တင်ရန်နှင့် ကပ်ဘေးသောင်းချီ မီးတောက်ကို ရယူရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ အားနည်းသော ရန်သူများကို အပြတ်အသတ် ချေမှုန်းခြင်းပင်။

တစ်ချက်ချင်း စိပ်ဖြတ်ကာ အလျင်အမြန်ပင် အဆုံးသတ်ပစ်လိုက်ရုံသာ...

ရွှီရန်အနေဖြင့် ယုံကြည်မှုမျိုးစေ့များကို စုစည်းနေရန် မလိုသလို စူပါပေါက်ကွဲအားပြင်းဓားချက်ကို ထုတ်ဖော်နေရန်လည်း မလိုအပ်ပေ။

သူ၏ လက်ရှိ ဝိညာဉ်အင်အားမှာ သုံးထောင်ကျော်မျှသာ ရှိသဖြင့် ယုံကြည်မှုမျိုးစေ့ ဆယ်ခုခန့်သာ အများဆုံး စုစည်းနိုင်ရာ အလယ်အလတ်အဆင့် သတ္တဝါကြီးများကို ရင်ဆိုင်ရင်း အချိန်ကုန်ခံနေရန် မသင့်တော်ချေ။

လုပ်ဆောင်ချက်တိုင်းတွင် ထိရောက်မှုရှိခြင်းမှာသာ အဓိကပင်။

ထို့ပြင် လက်ရှိ အမြင့်ဆုံးအဆင့်သို့ ရောက်နေသော မိုဓားရည်ချင်း စစ်ဗိုလ်ချုပ်ငါးဦးမှာ အင်အား ခြောက်သိန်းတစ်သောင်းအထိသာ သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် သွေးလေအင်အား ခုနစ်သိန်း ရှစ်သိန်းရှိသော ပြိုင်ဘက်များကို ရင်ဆိုင်ရန်မှာ အမှန်တကယ်ပင် မလိုအပ်သေးပေ။

"ဆုတ်ခွာမယ်"

သူတို့နှစ်ဦးသည် ဆဋ္ဌမမြောက် ဘေးကင်းဇုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ဦးလေးဖုန်းနှင့် အခြားသူများမှာ အိပ်ရေးဝအောင် အိပ်စက်နေကြဆဲပင်။

ရွှီရန်နှင့် ယဲ့ဖျင်တို့မှာလည်း နောက်ထပ် အခန်းတစ်ခန်းကို ငှားရမ်းလိုက်ကြသည်။

ညဉ့်ဦးယံသို့ ရောက်ရှိလာခဲ့သည်...

ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ရွှီရန်၏ အချိန်အားလုံးကို အဆောင်များ ပြုလုပ်ရာတွင်သာ အသုံးပြုခဲ့သည်။

အဓိကအားဖြင့် စွမ်းအားနှစ်ဆတိုး ရတနာအဆောင်ငယ်များကိုသာ ဖန်တီးနေခြင်းဖြစ်သည်။ ဤအဆောင်များကို မကြာမီ အသုံးပြုရတော့မည်ဖြစ်ရာ နိုင်ငံတော်အဆင့် နတ်ဘုရားသတ်

တပ်ဖွဲ့ရွေးချယ်ပွဲကျင်းပရန် ရက်ပေါင်း တစ်ရာကျော်သာ လိုတော့သည့်အတွက် သူသည် အနည်းဆုံး စွမ်းအားနှစ်ဆတိုး အဆောင်ငယ်ခုနစ်ရာခန့် ပြင်ဆင်ထားရန် လိုအပ်သည်။

တစ်ညတည်းဖြင့်ပင် စွမ်းအားနှစ်ဆတိုး ရတနာအဆောင်ငယ်သုံးရာငါးဆယ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ နောက်ထပ် နှစ်ရက်ခန့် ဆက်တိုက် ရေးဆွဲမည်ဆိုပါက ပြိုင်ပွဲအတွက် လိုအပ်ချက်ကို ပြည့်မီသွားမည်ဖြစ်သည်။

ဒါက သူ့အတွက်တော့ အပန်းမကြီးလှပေ။

အလုပ်များပြီးသောအခါ ရွှီရန်သည် ကိုယ်လက်သန့်စင်ကာ အိပ်စက်အနားယူခဲ့သည်။

နောက်တစ်နေ့.. လူပျိုဖော်ဝင်ချိန်၏ ၃၁၄၆ ရက်မြောက်နေ့။

ရွှီရန်သည် မြို့ပြင်သို့ ရောက်ရှိလာခဲ့သည်။

ယခင်က ကျောင်းအုပ်ကြီးသည် သူ့အား ကာကွယ်ရန် အန်တီရှောင်မြောင် ဦးလေးလီဝေနှင့် ဦးလေးဖူလင်းတို့ကို ခေါ်ယူထားခဲ့ဖူးရာ ထိုသူတို့သည် မြို့ရိုးပေါ်မှနေ၍ သူ့ကို ကြည့်နေကြသည်။

"ငါ့တူလေး... မနေ့ကတော့ ငါတို့ နှုတ်တောင် မဆက်နိုင်လိုက်ခင် မင်းက ထွက်သွားတာပဲ။ အဲဒီလောက်တောင် အရေးကြီးနေလို့လား"

မနေ့က ရွှီရန်သည် နာရီဝက်ခန့်သာ ကြာအောင် နေခဲ့ခြင်းဖြစ်သည်။

သူတို့နှင့် လပြည့်ဝိညာဉ်များ တိုက်ပွဲမပြီးခင်မှာပင် ရွှီရန်က ထွက်ခွာသွားခဲ့သည်။ ရန်သူကို တိုက်ထုတ်ပြီးချိန်မှာတော့ မွန်းတည့်နေပြီဖြစ်ရာ အခြားဘေးကင်းဇုန်များတွင် တစ်ကိုယ်တော်တပ်မတော်အဖြစ် ရွှီရန် ပေါ်လာပြီး လျင်မြန်စွာ တိုက်ခိုက်ကာ ရှေ့ဆက်သွားသည့် သတင်းများကိုသာ သူတို့ ကြားခဲ့ရသည်။

ရွှီရန်က နူးညံ့စွာ ပြုံးလိုက်ရင်း "အန်တီရှောင်မြောင်၊ ဦးလေးဝေ၊ ဦးလေးလင်း... ကျွန်တော်က လေ့ကျင့်မှုတွေနဲ့ အလုပ်များနေလို့ နှုတ်မဆက်နိုင်ခဲ့တာပါဗျာ"

"အေးပါ... အလုပ်များတာ ကောင်းပါတယ် အလုပ်များတာ ကောင်းတာပေါ့..."

"ဒါနဲ့... ကျွန်တော့်မှာ အန်တီတို့ ဦးလေးတို့အတွက် လက်ဆောင်လေးတွေ ပါလာတယ်"

ပြောပြောဆိုဆိုဖြင့်...

ရွှီရန်သည် စွမ်းအားနှစ်ဆတိုး ရတနာအဆောင်ငယ်၊ စင်ကြယ်ခြင်း ရတနာအဆောင်ငယ်နှင့် စွမ်းအင်လည်ပတ်မှု ရတနာအဆောင်ငယ်အစရှိသည့် အဆောင်အမျိုးမျိုးကို ထုတ်ပေးလိုက်သည်။

ရွှေရောင်ဝင်းပနေသော အဆောင်များမှ ထူးဆန်းသည့် စွမ်းအင်နှင့် အလင်းတန်းများ ထွက်ပေါ်နေမှုကြောင့် ထိုသူသုံးဦးမှာ အံ့ဩမှင်သက်လျက် ကျန်ရစ်ခဲ့ကြသည်။

"ဒါတွေက ဘာတွေလဲ ပုံမှန်တွေ့နေကျ အဆောင်တွေနဲ့ မတူသလိုပဲ"

"ဒါတွေက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ အဆောင်တွေပါ"

"ဒါကိုတော့ စွမ်းအားနှစ်ဆတိုး ရတနာအဆောင်ငယ်လို့ ခေါ်တယ် အဲဒါကို ကပ်ထားရင် ကျင့်ကြံခြင်းအရှိန် ၅၀ ရာခိုင်နှုန်း မြန်လာလိမ့်မယ်။ ဒါကတော့ စင်ကြယ်ခြင်း ရတနာအဆောင်ငယ်ပဲ။ ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖြစ် ပစ္စည်းတွေမှာဖြစ်ဖြစ် ကပ်ထားရင် မသန့်စင်တာတွေကို ဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး ဒါက စွမ်းအင်လည်ပတ်မှု ရတနာအဆောင်ငယ် သူ့ကိုတော့ စွမ်းအားနှစ်ဆတိုး ရတနာအဆောင်ငယ်နဲ့ တွဲသုံးရတာ..."

ရွှီရန်က အသေးစိတ် ရှင်းပြနေသည်။

ထိုသူသုံးဦးမှာ မျက်လုံးအဝိုင်းသားဖြင့် ငြိမ်သက်စွာ နားထောင်နေကြရင်း

"အဆောင်တွေလား စနစ်အသစ်တစ်ခုပေါ့... ဒါက တကယ်ရော ဖြစ်နိုင်ပါ့မလား"

ရွှီရန်က ပေါ့ပေါ့ပါးပါးပင် "ယူသွားပြီး စမ်းကြည့်လိုက်ကြပါဦး ဒါဆို သိရမှာပေါ့" ဟု ပြောလိုက်သည်။

ထိုသူသုံးဦးသည် ထိုအဆောင်များ၏ ထူးခြားဆန်းပြားမှုကို သေချာစွာ မသိနားမလည်ကြသေးသော်လည်း တရိုတသေ လက်ခံလိုက်ကြရင်း "ကျေးဇူးပါပဲ ငါ့တူလေးရာ။ မင်းအတွက် ငါတို့ ဘာများ ကူညီပေးရမလဲ"

ရွှီရန်က ခဏမျှ စဉ်းစားလိုက်ပြီး "ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျွန်တော်က ဒီကို ဝိညာဉ်သတ္တဝါတွေကို လာသတ်တာပါ။ အန်တီတို့ ဦးလေးတို့ကတော့ လပြည့်ဝိညာဉ်တွေကိုပဲ တားဆီးပေးထားကြပါ"

"ကောင်းပြီလေ... အခုတလော လပြည့်ဝိညာဉ်တွေ ပိုများလာတယ် ငါတို့လည်း တိုက်ပွဲဝင်ဖို့ ပြင်ရတော့မယ်"

ထိုသို့ဖြင့်... လူစုသည် စစ်တလင်းဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။

နာရီဝက်ခန့် ကြာသောအခါ ရွှီရန်သည် အားနည်းသော ရန်သူများကို အပြတ်အသတ် ချေမှုန်းပြီးစီးသွားခဲ့သည်။

သူသည် စက္ကူရုပ်တပ်သားများကို ပြန်လည်သိမ်းဆည်းကာ နေရာရွှေ့ပြောင်းရန် ပြင်ဆင်လိုက်သည်။

ထိုစဉ် သူ၏နောက်ကျောဘက်မှ ဝိညာဉ်စင်ကြယ်ခြင်း နတ်ဘုရားသတ်တပ်ဖွဲ့ မှ အဖွဲ့ဝင် ခုနစ်ဦးမှာ သူ၏ဘေးနားသို့ ဆင်းသက်လာကြသည်။

အာဟောင်က "ကဲ... ငါ့တူလေး မင်းအတွက် လုံလောက်ပြီလား" ဟု မေးလိုက်သည်။

ရွှီရန်က ခေါင်းခါယမ်းကာ "မလုံလောက်သေးပါဘူး သုံးသိန်းကျော်လောက် လိုပါသေးတယ်" ဟု ပြန်ဖြေသည်။

လင်ဖုန်းက ရွှီရန်၏ ပုခုံးကို ပုတ်လျက် "မင်းကို ညစ်ညမ်းနယ်မြေ ထဲ ခေါ်သွားပေးရင်ရော ဘယ်လိုလဲ" ဟု ပြောလိုက်သည်။

ရွှီရန်၏ မျက်လုံးများ ဝင်းလက်သွားကာ "ဒါထက် ကောင်းတာ မရှိတော့ပါဘူး" ဟု ဝမ်းသာအားရ ပြောလိုက်မိသည်။

ဘေးကင်းဇုန် ကိုးခုစလုံးကို လှည့်ပတ်တိုက်ခိုက်နေရသည်မှာ အချိန်ကုန်ပြီး ခရီးသွားရသည်က ပိုများနေသဖြင့် ထိရောက်မှုမရှိသည်မှာ စိတ်ပျက်စရာပင်။

"ဒါဆို သွားကြစို့"

ထိုသို့ဖြင့် လူတစ်စုသည် ဘေးကင်းဇုန်မှ တိတ်တဆိတ် ထွက်ခွာခဲ့ကြသည်။

နတ်ဘုရားသတ်တပ်ဖွဲ့မှ ခုနစ်ဦး ယဲ့ဖျင်တစ်ဦး နှင့် ကျန်နှစ်ဦးမှာမူ... ရွှီရန်၏ ကိုယ်ပွားက ယဲ့ဖျင်၏ ကျောပေါ်တွင်ရှိပြီး အစစ်အမှန်ကိုယ်ထည်မှာမူ မမြင်နိုင်သော အခြေအနေဖြင့် လင်

ဖုန်း၏ ကျောပေါ်တွင် လိုက်ပါသွားခြင်းပင်။

...

သုံးရက်ကြာပြီးနောက် ဖုန်တောထဲတွင် နပန်းလုံးလာရသည့် လူတစ်စုသည် ဆဋ္ဌမမြောက် ဘေးကင်းဇုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

အပြင်ဘက်တွင် မှောင်ရီပျိုးစပြုနေပြီဖြစ်ရာ ညနေစောင်းနေပြီဟု ထင်ရသည်။

"ပင်ပန်းသွားပြီ ငါ့တူလေး... မင်းက တိုက်ပွဲထဲမှာ တကယ်ကို ရက်စက်တာပဲ"

"သုံးရက်တည်းနဲ့ သားရဲကောင်ရေ သုံးသိန်းကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တာပဲ။ ငါတို့ အသက်ရှစ်နှစ်တုန်းက ဒီလိုစွမ်းရည်မျိုး ရှိခဲ့ဖူးလားလို့ ပြန်စဉ်းစားကြည့်ပါဦး"

"ထူးကဲတဲ့ ပါရမီရှင်တွေကြားမှာတောင် ကွာဟချက်တွေ ရှိနေတာပဲ"

အာဟောင်က ကျယ်လောင်စွာ ရယ်မောရင်း "ဒါတင်မကသေးဘူး မင်းရဲ့ အဆောင်စနစ်က တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိတာပဲ။ လိုဏ်ဂူထဲမှာ ကိုယ်ဖျောက်အဆောင် နဲ့ စင်ကြယ်ခြင်းအဆောင် တွေကို တပ်ဆင်ထားလိုက်တော့ ငါတို့တောင် အေးအေးဆေးဆေး အိပ်နိုင်ခဲ့ကြတယ်"

"ဟားဟား... နောက်နောင်ကျရင်လည်း ဒီလိုအဆောင်တွေကို ငါတို့အတွက် ပုံမှန် ထောက်ပံ့ပေးနိုင်မလား"

"အဲဒီလို လိုဏ်ဂူထဲမှာ စိတ်ချလက်ချ အိပ်နိုင်မယ်ဆိုရင် ညစ်ညမ်းနယ်မြေထဲမှာ ငါတို့ အဲဒီလောက် ပင်ပန်းတော့မှာ မဟုတ်ဘူး။ ရှေ့ကို ပိုပြီးတော့တောင် စူးစမ်းနိုင်ဦးမှာ။ သတင်းအချက်အလက်တွေနဲ့ အရင်းအမြစ်တွေ ပိုရှာနိုင်တာပေါ့"

"ငါတို့ကလည်း အခါအားလျော်စွာ မင်းအတွက် သက်တော်စောင့် လုပ်ပေးမှာပေါ့"

ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ပြီး "ဟုတ်ကဲ့ပါ ကျွန်တော် အချိန်ပေးပြီး အဆောင်တွေ လုပ်ပေးပါ့မယ်။ နတ်ဘုရားသတ်တပ်ဖွဲ့ တစ်ဖွဲ့ချင်းစီကို အဆောင်တွေ ဝေပေးရမယ်။ လူတိုင်းရဲ့ အသက်ရှင်နိုင်စွမ်း မြင့်မားလာအောင် ကျွန်တော် အဆောင်တွေနဲ့ အင်အားဖြည့်ပေးပါ့မယ်" ဟု ကတိပေးလိုက်သည်။

လူစုသည် လေးနက်စွာ ခေါင်းညိတ်ကြရင်း "အဖွဲ့သားအားလုံးကိုယ်စား ငါပဲ အရင်ဆုံး ကျေးဇူးတင်လိုက်ပါတယ်" ဟု ပြောကြသည်။

ရွှီရန်က လက်ကာပြကာ "ဒါက ဘာမှမဟုတ်ပါဘူး။ နတ်ဘုရားသတ်တပ်ဖွဲ့ကသာ အလင်းလိပ်ခွံကို ရှာမပေးခဲ့ရင် ကျွန်တော်လည်း ဒီလိုကောင်းတဲ့ အတတ်ပညာတွေကို တတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အားလုံးက ကျွန်တော့်အတွက်ဆိုတော့ ကျွန်တော်ကလည်း အားလုံးအတွက်ပါပဲ"

ထိုအလင်းလိပ်ခွံကြောင့်သာ သူသည် အဆင့်မြင့်ဉာဏ်အလင်းရရှိရန် ကြိုးစားရသည့်အချိန်ကို လျှော့ချနိုင်ခဲ့ခြင်းဖြစ်ပြီး စင်ကြယ်ခြင်းအဆောင် နတ်မင်းသံချပ်ကာအဆောင် ဝိညာဉ်စုစည်းမှုအဆောင်နှင့် ဝိဇ္ဇာအဆောင်တို့ကို တတ်မြောက်နိုင်ခဲ့ခြင်းပင်။

All Chapters