← Chapters

အခန်း (၆၀)

Vol. 3 Ch. 60

အခန်း (၆၀)

Vol. 3 Ch. 60

အခန်း ( ၆၀ )

ဝမ်လော့ရှန်းသည် သူယခင်ဘဝ၏ နေ့ရက်ကောင်းများကို ပြန်တွေးမိပြီးနောက် လက်ရှိ စိတ်တိုင်းမကျဖွယ်ကို တွေးမိချိန်၌ အနည်းငယ် စိတ်ရှုပ်ထွေးသွားလေ၏။

ယခင်ဘဝ၌ သူသည် ပြဿနာတစ်ခုမှ ကြုံတွေ့ခဲ့ရဖူးပုံ မပေါ်ပေ။ သို့သော် လက်ရှိဘဝတွင်မူ နေ့စဉ်နေ့တိုင်း မျက်လုံး ဖွင့်လိုက်ချိန်၌ စိတ်ပျက်စရာ ကိစ္စရပ်များကိုသာ တွေ့နေရ၏။ ယင်းက တစ်ခုခု မမှန်ပေ။

ဝမ်လော့ရှန်းသည် သူ၏ ယခင်ဘဝအကြောင်း ‌တွေးမိချိန်တိုင်း သူသည် ယွင်ရန်နှင့် မကြာခဏ ဆက်သွယ်လေ့ရှိကြောင်း အမှတ်ရသွား၏။ ယွင်ရန်က သူ့ကို အကြံဉာဏ်ကောင်းများ ပေးတတ်သည်။ သူက နားထောင်ပြီး အရာအားလုံး ချောမွေ့သွားတာ ဖြစ်သည်။

ထို့အပြင် ယခုဘဝ၌ ဆုဝန်သည် ဝမ်မိသားစုမှ ထွက်သွားသောကြောင့် သူသည် ကိစ္စအသေးအမွှား များစွာကို အရင်ဆုံး ဆောင်ရွက်နေရပြီး စာလေ့လာရန် အချိန်နည်းသွား၏။ ထိုအကြောင်းအရင်းကြောင့် ယွင်ရန်နှင့် အချိန်ပိုမဖြုန်းနိုင်တော့ပေ။ ယွင်ရန်ကလဲ အချိန်သိပ်မရှိပေ။

အစက သူသည် ဆုဝန်ကို ပြန်ခေါ်ချင်ခဲ့သော်ငြား သူမ၏ လက်ရှိ အနေအထားအရ သူမသည် ရှန်လင်းနှင့် စေ့စပ်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူမ မည်မျှလှပစေကာမူ သူမကို ပြန်ခေါ်တာက အဆင်မပြေပေ။

နောက်ဆုံး ဆုံးဖြတ်ပြီးနောက် ဆုဝန်နှင့် ရှန်လင်းတို့သည် သူတို့လိုချင်သည့် အရာကို မရသောကြောင့်သာ စေ့စပ်ခဲ့ရတာပဲ ဖြစ်၏။ အဆင့်အတန်းက နှိုင်းယှဉ်မရပေ။

တကယ်တော့ သူသည် ဆုဝန်၏ လှပသောသွင်ပြင်နှင့် စီးပွားရေး လုပ်တတ်သည့် ပုံစံတို့ကို မြင်တွေ့ပြီး ရင်ထဲ နောင်တရနေမိ၏။ သို့သော်ငြား ထိုနောင်တကို သူဝန်မခံနိုင်ပေ။ သူမက ရွာသူမလေး တစ်ယောက်ဖြစ်၏။ ပညာတတ်သော ယွင်ရန်ကဲ့သို့ မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။ ယှဉ်ကြည့်လျှင် ယွင်ရန်က ချင်းယွင်ကောင်တီရှိ အမျိုးသားများစွာ၏ အိပ်မက်ထဲက မိန်းကလေး ဖြစ်သည်။ သို့သော် ယွင်ရန်သည် သူ့ကိုသာ သဘောကျပြီး တခြားသူများကို မစဉ်းစားခဲ့ပေ။

ယနေ့ ရှန်လင်းနှင့် ဆုဝန်တို့၏ အလုပ်အကိုင်က ဝမ်လော့ရှန်းကို ထိုးနှက်ချက်တစ်ခု ပေးခဲ့၏။ ဝမ်လော့ရှန်းသည် ယွင်ရန်ကို မြန်မြန် လက်ထပ်ရမည်ဟု ခံစားမိသွားသည်။

ယွင်ရန် ရောက်လာပြီးနောက် သူမသည် သူ၏ မိခင်ကို အလုပ်များ ကူညီပေးပြီးနောက် သူ့အတွက် ကိစ္စအသေးအမွှားလေးများကိုလဲ ဆောင်ရွက်ပေးချိန်၌ သူသည် အာရုံများစရာ မလိုတော့ပေ။ စာ‌ေလ့လာရာ၌ အာရုံစူးစိုက်နိုင်မှာပဲ ဖြစ်သည်။ ထို့အပြင် ယွင်ရန်က ခန်းဝင်ပစ္စည်းများစွာလဲ သယ်လာမှာ ဖြစ်၏။ သူ့ကို ဂရုစိုက်ပေးမည့် ပိုက်ဆံများ ရှိလာမည် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် ချင်းယွင်ကောင်တီ၌ ဈေးဆိုင် ဖွင့်နိုင်လိမ့်မည်။ ယွင်ရန်၏ သတို့သမီး တင်တောင်းကြေးများဖြင့် ဤကိစ္စကို အဆင်ပြေသွားမှာပဲ ဖြစ်သည်။

ယွင်ရန်က စီမံခန့်ခွဲရာ၌လဲ အလွန်တော်သည်။ သူမ ယခင်ဘဝ၌ ယွင်ရန်သည် သူ၏ဖခင်ကို အကြံဉာဏ်တချို့ပေးရန် ကြိတ်ဆုံသို့ သွားခဲ့လေ၏။ ယွင်ရန်၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် သူ၏ဖခင်သည် ကြိတ်ဆုံကို တစ်လှမ်းချင်း ချဲ့ထွင်ခဲ့ပြီး မိသားစုသည် ချင်းယွင်ကောင်တီရှိ အကောင်းဆုံး ကြိတ်ခွဲစက်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ အိမ်ရှိဘဝကလဲ နေ့စဉ်နေ့တိုင်း ပိုကောင်းလာလေ၏။

ယခုရက်ပိုင်းအတွင်း စာလေ့လာမှုများကလဲ နှောင့်နှေးနေ၏။ ထို့ကြောင့် သူသည် စာလေ့လာရာ၌လဲ အာရုံစူးစိုက် ထားမိသောကြောင့် ယွင်ရန်ကို လျစ်လျူရှူထားမိသည်။ ယခုအခေါက်တွင် ယွင်ရန်ကို ကောင်းကောင်း ချော့မြူပြီး သူ၏မိခင်ကို လက်ထပ်ခွင့် တောင်းဖို့အကြောင်း သွားပြောရမည်။

ဆုဝန်နှင့် ရှန်လင်းတို့ အတူရှိနေပြီး စီးပွားရေးက ဖြစ်ထွန်းနေပြီ ဖြစ်၏။ ယင်းက ဝမ်လော့ရှန်း၏ ရင်ထဲ ဆူးတစ်ချောင်းပမာ ဖြစ်စေသည်။

နေ့လယ်စာစားချိန် လွန်သွားပြီးနောက် ရှန်လင်းသည် ပန်းကန်များ ဆေးကြောပြီး ဆုဝန် ယခင်က ဝယ်ထားသည်ထက် မများသော ပမာဏရှိသည့် ပါဝင်ပစ္စည်း မျိုးစုံကို ဝယ်ယူလိုက်၏။

နေ့လယ်ခင်း၌ ထိုစာသင်သားများ မရောက်လာခဲ့လျှင် ရောင်းကောင်းမှာ မဟုတ်ပေ။ မစားလိုက်ရသည့် စာသုံးသူများ ရှိပြီး ပြန်လာခဲ့မည်ဟု ဆိုသော်ငြား အဆုံးကျ သူတို့က ဤအတိုင်း ပြောသွားတာလဲ ဖြစ်နိုင်၏။ ပါဝင်ပစ္စည်းများကို ကြံရာကျပန်း ဝယ်၍ မရပေ။

ရှန်လင်းသည် မာလာထန်းအတွက် ပါဝင်ပစ္စည်း ပန်းကန်ကိုးဆယ်စာ ဝယ်လာခဲ့၏။ ယင်းက ပြားသုံးရာကျော် ကျလေ၏။ ပါဝင်ပစ္စည်းများ အားလုံးက ဈေးချိုသည်။ မာလာထန်း လုပ်ပြီးနောက် အမြတ် အလွန် ရလိမ့်မည်။

ရှန်လင်းသည် ဟင်းသီးဟင်းရွက်များ ဝယ်ပြီးနောက် ဆိုင်သို့ ပြန်လာကာ ဟင်းသီးဟင်းရွက်များကို ဆေးကြောပြန်၏။ မနက်ကနေ ညအထိ ရှန်လင်းသည် တစ်လျှောက်လုံး အလုပ်များနေခဲ့သည်။ ဆုဝန်ကလဲ အတူလာ ဆေးပေးသော်ငြား ရှန်လင်းက ဆုဝန်သည် နေ့လယ်၌ မာလာထန်း ချက်ပြုတ်ရသောကြောင့် ကောင်းကောင်း အနားယူရန် လိုသည်ဟု ဆိုခဲ့သည်။ နေ့လယ်ကျ သူမ အလုပ်များအုံးမှာ ဖြစ်၏။ နေ့လယ် အလုပ်လုပ်ချိန်တွင် အားမရှိမှာ စိုးရသည်။

ဆုဝန်ကလဲ ပြောလိုက်လေ၏။

“ အစ်ကိုက မနက်ကတည်းက အလုပ်ရှုပ်နေတာလေ။ အစ်ကို့အလုပ်က ညီမထက် ပိုများတယ်။ ဒီတော့ ညီမ ဆေးလိုက်ပါ့မယ် ”

ရှန်လင်းက ဆုဝန်ထက်တောင် ပိုပြီး ဇွဲကောင်းနေ၏။

“ အစ်ကိုက ခွန်အားကြီးတဲ့ အမျိုးသားတစ်ယောက် နှစ်မျိုးလုံး လုပ်လို့ရတယ် ”

ဆုဝန်သည် ရှန်လင်းဆီမှ အလုပ်မလုတော့ပဲ လုပ်ခွင့်ပေးထားလိုက်၏။

မွန်းတည့်ချိန်၌ စားသုံးသူ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး ပန်းကန်သုံးဆယ် ရောင်းထွက်သွားပြီ ဖြစ်သည်။

ရှန်လင်းသည် မာလာထန်း ရောင်းချမှုကို လျော့တွက်ခဲ့မိလိုက်၏။

နေ့လယ်ချိန်၌ ၈၇ပွဲ ရောင်းထွက်သွားပြီး ပွဲခြောက်ဆယ်စာသာ ကျန်နေသေး၏။ ယင်းက ညအချိန်တွင် ရောင်းချရန် မလုံလောက်ပေ။ ရှန်လင်းနှင့် ဆုဝန်က သူတို့ မနက်ဖြန်ကျ ပါဝင်ပစ္စည်းများ ပိုဝယ်ရမည့်ပုံ ပေါ်သည်ဟု ပြောခဲ့သည်။

နေ့လယ်စာ စားချိန်၌ မစားလိုက်ရသည့် ဧည့်သည်များကလဲ ရောက်လာပြီး စားပြီးသည့် သူများကလဲ ထပ်ရောက်လာ၏။ သူတို့ထဲတွင် နေ့လယ်စာ စားပြီး ညစာ ထပ်စားချင်‌ေနသည့် စာသင်သားများစွာလဲ ရှိသည်။

ဤကဲ့သို့ အေးသည့်နေ့၌ မာလာဟင်းရည် ပူပူလေး စားလိုက်ရသည်။ နွေးနွေးထွေးထွေး စားစရာများကို စားရခြင်းက ချွေးအနည်းငယ် စို့စေကာ အလွန် သက်တောင့်သက်သာ ရှိစေ၏။

ထိုဧည့်သည်များအပြင် ဖြတ်သွားဖြတ်လာများကလဲ လူအုပ်ကြီးကို ကြည့်နေလေ၏။ ဤဈေးဆိုင်တန်းသည် ဧည့်သည်များစွာကို မခေါ်နိုင်ပေ။ ဆုဝန်သည် ပွဲခြောက်ဆယ်စာသာ ပြုလုပ်ထား၏။ ပြီးနောက် ပန်းကန်များ ဆေးကြောပြီးနောက် အိမ်ပြန်လိုက်တော့သည်။

တစ်ပန်းကန်စားရန် ရှေ့သို့ မတိုးနိုင်သည့် သူများကတော့ နှမြောစရာ ကောင်းလှပေ၏။

စားသောက်ပြီးနောက် လူတိုင်းသည် အရသာရှိသည်ဟု ချီးကျူးခဲ့ကြပြီး စားရတာ ကောင်းမွန်လှပေ၏။ ဆိုင်‌ေတွအရမ်း မရောင်းသောကြောင့် နှမြောစရာတော့ ကောင်းသည်။ လူတိုးရန်လဲ မလွယ်ပေ မဟုတ်လျှင် ပေရင်းနှစ်ခွက် သုံးခွက်ဖြင့် အတူ သုံးဆောင်လိုက်ရပါက ကောင်းမွန်သည့်နေ့ ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။

ပန်းကန်များကို ရှန်လင်းက ဆေးကြောနေသေး၏။ ပြီးနောက် မြင်းလှည်းထဲ ဝင်ကာ ဆုဝန်နှင့် ရှန်ယာယာတို့ကို ပြန်ခေါ်သွားသည်။ ရှန်လင်းသည် အိုးများ ပန်းကန်များ ဆေးကြောပြီးချိန်၌ နေ့လယ်စာ စားချိန်တောင် မကုန်သေးပေ။

သရေစာ ရောင်းသည့် အမျိုးသမီးရွှီက မြင်းလှည်းထဲတွင် ထိုင်နေသော ဆုဝန်ကို လက်ဝှေ့ယမ်းပြလိုက်၏။

“ ညီမတို့ လုပ်ငန်းက အဆင်ပြေနေတာပဲ။ အစ်မတို့ ဆိုင်ရဲ့ အရောင်းအဝယ်က ပုံမှန်ထက် သုံးဆ ပိုကောင်းလာတယ်။ ညီမရဲ့ ကျေးဇူးတွေပါပဲ ”

ဆုဝန်က ပြုံးလိုက်၏။

“ အစ်မရဲ့ သရေစာက အရသာ ရှိတာကြောင့်လေ။ မဟုတ်ရင် ဒီလောက်အများကြီး ရောင်းထွက်မှာ မဟုတ်ဘူး ”

ဘေးရှိ ပေါက်စီသည် လင်မယားကတော့ မျက်နှာများ စိမ်းဖန့်နေကြသည်။ သရေစာဆိုင်၏ အရောင်းအဝယ် တိုးလာသော်ငြား သူတို့၏ အရောင်းအဝယ်ကမူ ဆိုးရွားသွားလေ၏။

ပေါက်စီဝယ်ရန် ဤနေရာသို့ စားသုံးသူများစွာ ရောက်လာပြီး ဘေးဆိုင် လူကြိုက်များနေတာကို မြင်သောအခါ သူတို့သည် မာလာထန်း သွားဝယ်လေ၏။

ပေါက်စီသည် အမျိုးသမီးက ကျိန်ဆဲနေတော့သည်။

“ အစတုန်းက ငါ့မှာ ဧည့်သည်တစ်ယောက် ရှိခဲ့ပေမဲ့ သူတို့က တခြားသူရဲ့ဆိုင် ရောက်သွားပြီ ”

အမျိုးသမီးရွှီက သည်းမခံနိုင်ပဲ ပေါက်စီသည် အမျိုးသမီးနှင့် အငြင်းပွားတော့၏။

“ ရှင် ဘယ်လိုလုပ် ဒါမျိုး ပြောနိုင်ရတာလဲ။ မာလာထန်းတွေ့တဲ့အချိန်မှာ မာလာထန်း ဝယ်တဲ့ ပေါက်စီ ဝယ်တဲ့သူတွေ အများကြီး ရှိပေမဲ့ ရှင့်ရဲ့ ပေါက်စီကိုလဲ ဝယ်ခဲ့ကြတာပဲ မဟုတ်ဘူးလား။ ညီမဆုကို ကျေးဇူး မတင်ရုံတင်မကဘူး လှောင်ပြောင်နေသေးတယ် ရှင်ကများ ”

ပေါက်စီသည် အမျိုးသမီးက ပြောဆိုတော့၏။

“ ရို့ ဒီလိုပြောပုံအရဆို သူက ကျွန်မရဲ့ ကျေးဇူးရှင်ကြီး ပေါ့နော်။ ငါကသာ သူ့ရဲ့ ကျေးဇူးရှင်ဆိုတာ အသိသာကြီး ”

အနားရှိ ဆိုင်ရှင်က ပေါက်စီသည် အမျိုးသမီးကို ငေါက်ငမ်းတော့၏။

“ ‌မာလာထန်း ဝယ်တဲ့ ပေါက်စီ ဝယ်နေကျ‌သူတွေ ရှိပေမဲ့ မာလာထန်း မဝယ်ဘဲ ပေါက်စီဝယ်တဲ့သူက တကယ်ပိုများတယ်။ ကျုပ်သာ ခင်ဗျားဆိုရင် ညီမဆုဝန်ကို ကျေးဇူးတင်မှာ ”

ပေါက်စီသည် အမျိုးသမီးသည် ထိုစကားကို မကြားပေ။ သူ၏ မျက်နှာက ‌မည်းမှောင်နေလေ၏။ ပေါက်စီသည် အမျိုးသမီးက ထိုစကားကို မကြားချင်သောကြောင့် လှည့်ထွက်သွားသည်။

ဆုဝန်ရော ရှန်လင်းပါ ပေါက်စီသည်နှင့် ရန်မဖြစ်ခဲ့ပေ။ ထိုသို့သော လူတစ်ယောက် အတွက်ကို အဖက်လုပ်ပြောရန် မတန်။

အပြန်လမ်း၌ ဆုဝန်က ရှန်လင်းကို ပြောခဲ့၏။

“ ကြည့်လေ အစ်ကို မသွားတာ ကောင်းတာပဲ။ မဟုတ်ရင် ညီမတစ်ယောက်ထဲ ပင်ပန်းနေမှာ ”

ရှန်လင်းက ပြောလိုက်၏။

“ အမှန်ပဲ ”

“ စဉ်းစားကြည့်တော့ ဒီမာလာ ဟင်းရည်သာ လုပ်နေမယ်ဆိုရင် ခက်ခဲမှုတွေ ခံရမှာ။ ဒါပေမဲ့ ဆုဝန် ပိုကြိုးစားရလိမ့်မယ်။ ယောက်ကျားတစ်ယောက် အနေနဲ့ သူ့ရဲ့အမျိုးသမီးကို ကောင်းချီးတွေပဲ ခံစားခွင့် ပေးသင့်တယ်။ အခုကြည့်တော့ ဆုဝန်က စိုးရိမ်ပူပန်စရာတွေ ရှိနေသေးတဲ့ ပုံပဲ ”

ဆုဝန်က ပြောလိုက်၏။

“ တကယ်တော့ အစ်ကို့ကို နေစေချင်တာ ကူညီတာက ဒုတိယလေ။ အရေးကြီးဆုံး အရာက မတ်လကျရင် စာမေးပွဲတစ်ခု ရှိမှာ။ အစ်ကို တွေ့တဲ့အတိုင်းပဲ ညီမတို့မှာ ပိုက်ဆံရှာဖို့ နည်းလမ်းရှိပြီ။ ဒီတော့ မိသားစုကို ပံ့ပိုးစရာ မလိုတော့ဘူး။ မိသားစုကို ပံ့ပိုးဖို့နဲ့ အစ်ကို့ရဲ့အနာဂါတ် နှောင့်နှေးစေဖို့ မလိုတော့ဘူး။ ညီမကို ရက်နည်းနည်းလောက် ကူညီ အခြေကျသွားပြီ ဆိုတာနဲ့ ညီမနဲ့ အလုပ်လုပ်ဖို့ အမျိုးသမီး တစ်ယောက် ငှားလိုက်မယ်။ ဒါဆို စာလေ့လာဖို့ ကျောင်းသွားနိုင်ပြီလေ ”

ဆုဝန်က ရှန်လင်း၏ စာလေ့လာနိုင်စွမ်းကို သိ၏။ ဤနှစ်တွင် စာမေးပွဲ မအောင်လျှင်တောင် ထပ်အောင်မှာ ကျိန်းသေသည်။ သို့သော် ရှန်လင်းက စဉ်းစားနေလေ၏။ သူသည် ဆိုင်တစ်ဆိုင်ကိုသာ ကြီးကြပ်နိုင်သော်ငြား ချင်းယွင်ကောင်တီ သို့မဟုတ် အခြားနေရာများ၌ ဆိုင်ထပ်ဖွင့်လျှင် ပိုက်ဆံ ပိုရလိမ့်မည်။

“ ဒါတွေကို ကိုယ်တိုင် လုပ်စရာ မလိုပါဘူး။ လူငှားရမှာပဲ ဒီနည်းနဲ့ဆိုရင် လူငှားတာ နောက်ထပ် ကုန်လာလိမ့်မယ်။ ဒါပေမဲ့ အာ့လိုဆိုရင်တော့ ကိုယ်တိုင် ဆိုင်ဖွင့်တာထက် အမြတ် ရှိသေးတယ်။

ထို့အပြင် ဆုဝန်၏ စီးပွားရေးက ယခု ကောင်းနေပြီ ဖြစ်သည်။ မကြာမီ၌ လူများစွာက လိုက်လုပ်ကြလိမ့်မည်။ ဤနည်းဖြင့် မာလာထန်း ရောင်းချသည့် စီးပွားရေးက ယခုလောက် ကောင်းတော့မှာ မဟုတ်ပေ။ တစ်စုံတစ်ယောက်က လုပ်ငန်း လုယူမှာ ကျိန်းသေ၏။ ဤနည်းဖြင့်ဆို ကိုယ်တိုင်လဲ ချင်းယွင်ကောင်တီထဲ၌ ဆိုင်ဖွင့်လိုက်တာက ပိုကောင်းမည် မဟုတ်ပါလော။ ချင်းယွင်ကောင်တီထဲ၌ မာလာထန်း ဆိုင်ခွဲများ ဖွင့်ပြီး အခြားသူများကို သင်ယူခွင့် ပေးလိုက်မည်။ ထိုသို့ဆိုလျှင် အခြားသူများက လုပ်ငန်း လုယူနိုင်တော့မှာ မဟုတ်ပေ။

ထို့အပြင် အရေးကြီးသည့် အချက်က မာလာထန်းကို ချက်ပြုတ်နည်းက မခက်ခဲပေ။ မာလာထန်း အရသာကို မြည်းစမ်းပြီးနောက် ရှန်လင်းသည် မည်သို့သော ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားမှန်း အကြမ်းဖျင်း ခန့်မှန်းနိုင်၏။ ထိုပါဝင်ပစ္စည်းများကိုလဲ မြင်တွေ့နိုင်၏။ ထို့ကြောင့် အတွေ့အကြုံရှိသည့် စားတော်ကဲများအဖို့ အလွယ်တကူ တုပနိုင်သည်။ လူတိုင်းက ဆုဝန်၏ လက်ရာကို မှတ်မိသွားခဲ့လျှင် ကူးယူခံရပြီး အခိုးခံရမှာ မဟုတ်ပေ။

ရှန်လင်းသည် သူ၏ သံသယများနှင့် အတွေးများကို ဆုဝန်အား ပြောပြလိုက်သည်။

ဆုဝန်သည် ရှန်လင်းကို လေးစားမိသွား၏။ သူသည် ၂၁ရာစုရှိ စီးပွားရေး ကျောင်းသူ တစ်ယောက် ဖြစ်သော်ငြား သီအိုရီများက လက်တွေ့မကျပေ။ သူမ မာလာထန်းကို ပထမဆုံး ပြုလုပ်သည့် အချိန်၌ ဤစားစရာ ရောင်းကောင်းမည်ဟုသာ တွေးခဲ့သည်။ ကုန်ကြမ်းများက ဈေးချိုသောကြောင့် အမြတ်က အသားတင် ရလေ၏။ ဆိုင်ခွဲ ဖွင့်ဖို့အကြောင်း မစဉ်းစားခဲ့မိပေ။

ရှန်လင်းက နာမည်တည်ဆောက်ပြီး ဆိုင်ခွဲဖွင့်ဖို့အကြောင်း ပြောပြခဲ့သည်။ ဆိုင်ခွဲဖွင့်မည်ဆိုလျှင် ကိုယ်တိုင် လုပ်စရာ မလို‌ဘဲ ထိုဆိုင်များကို ကြီးကြပ်ရုံသာ လို၏။

ဆုဝန်သည် လက်ရှိစီးပွားရေး သီအိုရီအရ ရှန်လင်း၏ စကားများကို ပြန်ပြောခဲ့၏။ ရှန်လင်းက ခေါင်းညိတ်လိုက်သည်။ သူ ဆိုလိုတာက ဒါပဲဖြစ်သည်။ ဆုဝန်က ပိုတိကျသော စကားလုံးများဖြင့် သူ၏ အတွေးများကို ဖော်ပြနိုင်သည်။

ဆုဝန်က ထောက်ခံတာကို မြင်သောအခါ ရှန်လင်းက ခွဲခြမ်းစိတ်ဖြာ ပေးလိုက်၏။ ချင်းယွင်ကောင်တီ၏ အရွယ်အစားအရ တခြားသောသူများအဖို့ ထိုကဲ့သို့ ဆိုင်ငါးဆိုင် ဖွင့်ဖို့ ခက်ခဲလိမ့်မည်။

ရှန်လင်းက ဆုဝန်ကို ဆိုင်ခွဲဖွင့်ရန် အကြံဉာဏ်များ ပေးပြီး ပြဿနာ များစွာနှင့် ဖြေရှင်းနည်းများစွာ ပြောခဲ့၏။

ဆုဝန်က သက်ပြင်းချလိုက်သည်။ သူသည် တစ်ကယ့်ကိုပင် နတ္ထိအနေအထားမှ ကြီးပွားချမ်းသာအောင် ဆောင်ရွက်နိုင်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်သည်။ သူသည် အခြားသူများနှင့် ကွဲပြားခြားနား၏။ သာမန်လူများသည် စီးပွားရေးကို အနည်းအကျဉ်းသာ စလုပ်ကြသော်ငြား ရှန်လင်း၌ အကြံအစည် တသီတတန်းကြီး ရှိသည်။ သူက အတွေးအခေါ် ကောင်း၏။

ဆုဝန်သည် မနက်ဖြန်မှစပြီး ပန်းကန် ဆေးရန်နှင့် ဟင်းသီးဟင်းရွက်များ ဆေးရန် လူငှားမည် ဖြစ်ကြောင်း ရှန်လင်းကို ဆိုင်ရှာရန် ချင်းယွင်ကောင်တီထဲရှိ အခြားနေရာသို့ သွားခိုင်းလိုက်၏။ ပြီးနောက် ဆိုင်ခွဲဖွင့်ရန် အကောင်အထည်ဖော်မည် ဖြစ်သည်။

ရှန်လင်းက ဆုဝန်နှင့် သေချာ ဆွေးနွေးပြီးနောက် မနက်ဖြန်ကျ လူငှားသည့် နေရာကို သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

တစ်ချိန်ထဲတွင် ကျောင်းမှ ရန်လူကြီးမင်း၏ သမီးသည် သူ၏ဖခင်ကို သွားရှာခဲ့၏။ ဆုဝန်ကို အခြားသော ကျောင်းသားများ ချီးကျူးနေတာ ကြားလိုက်ရသည်။

သူမက မိန်းမကောင်းလေး တစ်ယောက်ဖြစ်ကြောင်း ပြောတာကို ကြားရချိန်၌ ရန်ယွင်ရန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင် သွားတော့သည်။ အစ်ကိုလော့ရှန်းသည် ယခုရက်ပိုင်းတွင် သူမအပေါ် မတုန်မလှုပ် ဖြစ်နေတာ အံ့ဩစရာ မရှိပေ။ ယင်းက ထိုအကြောင်းအရင်းကြောင့် ဖြစ်နေ၏။

အတိတ်တုန်းကဆို ချင်းယွင်ကောင်တီရှိ အမျိုးသားအားလုံးသည် သူမအကြောင်းသာ ပြောကျပြီး သူမကိုသာ ချီးကျူးကျ၏။ ရန်ယွင်ရန်က ချင်းယွင်ကောင်တီရှိ နံပါတ်တစ် ပါရမီရှင် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ဆုဝန်ကမူ ကျေးတောသူ တစ်ယောက်သာ ဖြစ်၏။ ဆုဝန်သည် သူမနှင့် မည်သို့ ယှဥ်နိုင်မည်နည်း။ သူမနှင့် ဆုဝန်တွင် တစ်ယောက်က ပုလဲဖြစ်ပြီး တစ်ယောက်က ငါးမျက်စိ ဖြစ်၏။ သူတို့က မတူညီပေ။

…

All Chapters