ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi) ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှေစာရင်းထဲတွင် ပါလာပြီး ဝမ်မိသားစုသည် တစ်နေ့ထက်တစ်နေ့ ကြွယ်၀လာတော့သည်။ သို့သော်ငြား ဝမ်မိသားစုသည် သူတို့တွင် ရှိသည့် အရာအားလုံးသည် ပညာတတ် ကိုယ်လုပ်တော်ယန်ယွင်ရန်ကြောင့်သာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ဇနီးသည် ဆုဝန်က တုံးအပြီး သေသပ်မှုမရှိသောကြောင့် ဝမ်မိသားစုကို အရှက်ကွဲစေတာပဲ ရှိသည်။ စာအုပ်ထဲ ရောက်လာသော ဆုဝန်သည် ဒေါသထွက်ပြီး ထိုခိုအီငါးလေး၏ ကံကို စိတ်မကောင်း ဖြစ်ခဲ့ရသည်။ သူမက ဝမ်လော့ရှန်းနှင့် လက်မထပ်ခင်တွင် အထုပ်အပိုးအားလုံးကို သိမ်းဆည်းကာ စာအုပ်ထဲတွင် ဆုဝန်ကွာရှင်းပြီးနောက် သူမကို ရတနာတစ်ပါးပမာ သဘောထားသည့် ရှန်လင်းကို သွားရှာခဲ့သည်။ ဝမ်လော့ရှန်းသည် သူဆန္ဒရှိသည့်အတိုင်း မိုက်မဲလွန်းသည့် သတို့သမီးလောင်းကို ဖယ်ရှားခဲ့သည်။ ဒါပေမဲ့ ငါ့မိသားစုက ဘယ်လိုလုပ် ဆိုးသထက် ဆိုးလာရတာလဲ။ အရင်ဘ၀တုန်းက အောင်မြင်ကျော်ကြားမှုတွေနဲ့ ငွေကြေးဥစ္စာကရော။ ယခင်က ဆင်းရဲခဲ့သော ရှန်မိသားစုသည် မြို့ကြီး၌ စျေးဆိုင်သစ်ကြီးဖွင့်ကာ စံအိမ်အသစ် ဝယ်လိုက်တာကို ကြည့်ပြီး ဝမ်လော့ရှန်းက ဝေခွဲမရဖြစ်သွားတော့သည်။ ၁၉၉၀က မိုက်မဲလှတဲ့ အမျိုးသမီးက အဆင့်မြင့်လမ်းညွှန်ချက် တောင်းခံနေပါတယ်။ တခြားသူများ -တစ်ကြောင်းတည်း မိတ်ဆက်ခြင်း - ငါ့ကို လက်ထပ်လိုက်ပြီးရင် ပိုက်ဆံရှာဖို့ စိတ်ကူးစိတ်သန်းတွေ ရလာလိမ့်မယ်၊ မင်းကိုယ်မင်း ချစ်မြတ်နိုး၊ အရေးပါတဲ့ လူတွေနဲ့ ပစ္စည်းတွေကို တန်ဖိုးထားလိုက်။

