← Chapters

တစ်ပွဲ၊ နှစ်ပွဲလောက် ကစားကြည့်မလား

Vol. 6 Ch. 80

တစ်ပွဲ၊ နှစ်ပွဲလောက် ကစားကြည့်မလား

Vol. 6 Ch. 80

“လင်းချန် ကျေးဇူးတင်ပါတယ်”

ကျန်းယွင်ရှီက ရဲ့လင်းချန်ကိုကြည့်၍ ကျေးဇူးတင်စကား ဆိုလိုက် သည်။

“ဒါ ဘာမှမဟုတ်ပါဘူးဟာ”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“စားကြရအောင်လေ”

“ဟုတ်တယ် စားရအောင်”

ကျန်းယွင်ရှီ၏ မိခင်ကလည်း သံယောင်လိုက်၍ ပြောလာသည်။ ရဲ့လင်းချန်ကို ကြည့်သော အကြည့်က ပြောင်းလဲသွားလေပြီ။ ယခုအခါ၌ ဖော်ရွေမှုတို့ဖြင့် ပြည့်နှက်နေ၏။

“ဒီအထိ အပြေးလာရလို့ လင်းချန် ဗိုက်ဆာနေမှာပဲ၊ အမေ ချက်ချင်း တစ်ခုခု သွားပြင်လိုက်မယ်”

“ဪ လင်းချန် အရင်တုန်းက အန်တီ မင်းကို ပြောခဲ့တဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့၊ မင်းက အခြားသူတွေနဲ့ မတူဘူးဆိုတာကို အန်တီ သတိထားမိတာ ကြာပါပြီ၊ မင်းကို သူငယ်ချင်းအဖြစ် တော်ထားရလို့ ယွင်ရှီ ကံကောင်းတာပဲ၊ မင်းတို့ အတူတူ ပိုအချိန်ဖြုန်းသင့်တယ်”

ထမင်းစားနေချိန်အတွင်း ကျန်းယွင်ရှီ၏ မိခင်က ရဲ့လင်းချန်ကို အဆက်မပြတ် မျက်နှာလိုမျက်နှာရ လုပ်နေသည်။

“အန်တီက မင်းအမေနဲ့ အတော်ခင်တာ၊ အန်တီတို့ မိသားစုတွေ နောက်ဆို ပိုရင်းနှီးသင့်တယ်”

သို့သော် ကျန်းယွင်ရှီနှင့် သူမဖခင်တို့က ကူကယ်ရာမဲ့သလို ခံစား နေရပြီး မျက်နှာတွင် စိုးရိမ်ဟန် ပေါ်နေသည်။

“ယွင်ရှီ၊ အဖေ သမီးနဲ့ သမီးအမေတို့ကို စိတ်ပျက်အောင် လုပ်မိပြီ”

မစ္စတာကျန်းက အပြစ်ရှိသလို ခံစားရသော အမူအရာနှင့် သက်ပြင်း ချလာသည်။

“ဦးလေး၊ ဘာလို့ ဒီလောက် ပိုက်ဆံ အများကြီး အကြွေးတင် နေတာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။

“ဟူး…”

မစ္စတာကျန်း သက်ပြင်းချပြီး မချင့်မရဲဖြစ်သလို ခံစားလိုက်ရသည်။

“အစတုန်းက ငါ ကံစမ်းဖို့အတွက် နည်းနည်း လောင်းကစားလုပ်ရုံပါပဲ၊ နိုင်တစ်လှည့် ရှုံးတစ်လှည့်ပေါ့၊ ဒါပေမဲ့ နောက်ဆုံးတစ်ခေါက် ငါ ရှုံးသွားတော့ စိတ်မထိန်းနိုင်တော့ဘဲ ပိုက်ဆံချေးဖို့ စည်းရုံးခံလိုက် ရတယ်၊ နောက်တော့ ငါ ပိုပိုပီး ရှုံးလာပြီးတော့ ယွမ်တစ်သိန်းအထိ ချေးလိုက် မိတယ်၊ တစ်လအတွင်း အဲ့ဒါက တိုးရင်းပေါင်းပြီး ယွမ်ငါးသိန်း ဖြစ်သွားတာပဲ”

“ဦးလေး ကစားနေတုန်း ပိုက်ဆံချေးပေးတယ်၊ ဒါ ထောင်ချောက် ဆိုတာ သိသာတယ်”

ရဲ့လင်းချန် ရှင်းပြလိုက်သည်။ ကျန်းယွင်ရှီ၏ ဖခင်အား ဖခင်ကောင်း ဟု မသတ်မှတ်နိုင်ပါ။

ယခင်ကတည်းက မစ္စတာကျန်းသည် လောင်းကစားကို စွဲနေသည်ဟု ကျန်းယွင်ရှီ ပြောသည်ကို ကြားခဲ့ဖူးသည်။ သူ့အတွက် ပြဿနာ တက်လာမည်က ရှောင်လွှဲမရသော ကိစ္စပင်။

“လင်းချန် နင် အဲ့လူမိုက်တွေကို ချခဲ့တယ်ဆိုတော့ သူတို့ ဒါကို ဒီအတိုင်း ထားမယ်ထင်လား”

ကျန်းယွင်ရှီ၏ မျက်လုံးတွင် စိုးရိမ်စိတ်တို့ဖြင့် ပြည့်နေသည်။ သူမက တောင်းပန်စကား ပြောလာသည်။

“ဒီအခြေအနေထဲကို နင့်ကိုပါ ဆွဲထည့်မိလို့ တောင်းပန်ပါတယ်”

“စိတ်အေးအေးထားပါ၊ ငါ ဒါကို ရှင်းလိုက်ပါ့မယ်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ဒါပေမဲ့ … သူတို့က လူတွေအများကြီးရှိတဲ့ လူမိုက်အဖွဲ့လို့ ငါ ကြားဖူးတယ်၊ ပြီးတော့ အကြွေးဆပ်မယ့်အချိန်ကို တအားဆွဲထာမိရင် ခြေလက်ပြတ်တာလောက်နဲ့ စာရင်းရှင်းခံရတာကို ကံကောင်းတယ်လို့ အချို့က ပြောဖူးတယ်”

ကျန်းယွင်ရှီက စိုးရိမ်နေဆဲပင်။

“ငါတို့ … ငါတို့ ရဲခေါ်လိုက်ကြမလား”

“ရဲခေါ်တာက ဘာအသုံးဝင်မှာလဲ”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“ရဲတွေလာခဲ့အခါကျရင် လူမိုက်တွေက ပြေးကြလိမ့်မယ်၊ ရဲတွေ ပြန်သွားရင် အဲ့လူမိုက်တွေ ပြန်လာလိမ့်မယ်၊ မင်း အဲ့ဒုက္ခနဲ့ ပြန် အဆုံးသတ်မှာပဲ”

“အခု စိုးရိမ်တာကို ရပ်လိုက်တော့၊ စားရအောင်၊ ငါ ကျန်တာကို ရှင်းလိုက်ပါ့မယ်”

တစ်ခဏအကြာ၌ အိမ်အပြင်ဘက်တွင် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်လာသည်။

“ဒီနေရာပဲ၊ အားလုံးကို ဖျက်ဆီးလိုက်”

လီစစ်၏ အသံတွင် မလိုမုန်းတီးစိတ်တို့ ပါနေကြောင်း နားထောင်ရုံ နှင့်တင် သိနိုင်ပေသည်။ ထို့နောက်တွင်မူ ကွဲကြေပျက်စီးသံများ ထွက်လာသည်။

ရဲ့လင်းချန် အိမ်ထဲက ထွက်လာပြီးသည်နှင့် ချက်ချင်း မျက်နှာ မည်းမှောင်သွားသည်။

ကျေးရွာမှလူများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် ခြံစည်းရိုး ခတ်ထားသော မြေလေး ရှိစမြဲပင်။ ထို့အပြင် ကျန်းယွင်ရှီ၏ မိသားစုက ကြက်အချို့ကိုလည်း မွေးမြူထားသည်။

လက်ရှိတွင် ခြံစည်ရိုးက ပျက်စီးနေပြီး ကြက်များလည်း သေနေကာ စိုက်ပျိုးမြေသည်လည်း ပျက်စီးယို ယွင်းနေ၏။

လီစစ်အပါအဝင် လူဆယ့်ငါးယောက် ရှိနေသည်။ အားလုံးက ဘေ့စ်ဘောတုတ်ကို ကိုင်ထားကြသည်။ သူတို့ပုံစံက ကြောက်စရာ ကောင်းပြီး မြင်သမျှ အရာရာတိုင်းကို ဖျက်ဆီးပစ်နေ၏။

“ဟဲဟဲ နောက်ဆုံးတော့ မင်း ထွက်လာပြီပဲ”

လီစစ်က ဘေ့စ်ဘောထုတ်ကို ပခုံးပေါ်တင်၍ အနားသို့ လျှောက် လာသည်။ သူက ရဲ့လင်းချန်အား ဓားသွားကဲ့သို့ စူးရှသော အကြည့်တို့ ဖြင့် စိုက်ကြည့်လေသည်။

“မျိုးမစစ်လေး၊ မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ၊ မင်းတစ်သက်လုံး နောင်တရသွားအောင် ငါ လုပ်ပေးမယ်”

သူ လက်ဝှေ့ယမ်းလိုက်သောအခါ သူ၏ လူမိုက်များက လျင်မြန်စွာ ရောက်လာပြီး ရဲ့လင်းချန်အား သတ်တော့ ဖြတ်တော့မည့်ပုံဖြင့် ကြည့်လာသည်။

မစ္စတာကျန်းနှင့် မစ္စကျန်းတို့သည် ကြောက်လန့်ကာ ဘာစကားမှ မပြောနိုင်ဘဲ တစ်ကိုယ်လုံး တုန်နေကြသည်။

ကျန်းယွင်ရှီ၏ နူးညံ့သော လက်လေးက ရဲ့လင်းချန်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမသည်လည်း ကြောက်လန့်ကာ တုန်ယင်နေသည်။ တီဗွီထဲတွင်သာ မြင်ဖူးသော မြင်ကွင်းမျိုးက သူမထံ၌ ဖြစ်လာ လိမ့်မည်ဟု ထင်မထားမိပါ။

“လင်းချန် ငါတို့ ဘာလုပ်ကြမလဲ”

ရဲ့လင်းချန်က ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရေလို တည်ငြိမ်နေ၏။

“သူတို့ မင်းအပေါ် ဘယ်လောက် အကြွေးတင်နေသေးလဲ”

“ယွမ်တစ်သိန်း”

လီစစ်က လှောင်ရယ်လိုက်သည်။ သူက ရဲ့လင်းချန် အမြီးကုပ်၍ ထွက် သွားမည်ဟု ထင်ပြီး ဂုဏ်ယူစွာ ရယ်မော နေသည်။

“ဒါပေမဲ့ ဒီကိစ္စကို ပိုက်ဆံလောက်နဲ့ ရှင်းလို့မရတော့ဘူး”

“လီစစ်ဆိုတဲ့ ငါက ဘယ်တော့မှ စကားကို ပြန်မရုပ်သိမ်းဘူး၊ မင်းတစ်သက်လုံး နောင်တတွေနဲ့ ဖြတ်သန်း စေရမယ်၊ ငါ ပိုက်ဆံ ရရုံတင်မကဘူး၊ မင်းကိုပါ ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်”

သူက လက်ဝှေ့ယမ်း၍ အေးစက်စွာ အမိန့်ပေးလိုက်သည်။

“သူ့ခြေလက်တွေကို ရိုက်ချိုးလိုက်”

ထိုအခိုက်တွင် ရဲ့လင်းချန်က သူ့ဖုန်းကို လီစစ်မျက်နှာနား ကပ်၍ ပြလိုက်သည်။

“မင်း ဒါကို မြင်လား”

ချက်ချင်းဆိုသလိုပင် လီစစ်၏ အမူအရာက စိတ်လှုပ်ရှားဟန် ပေါ်လာပြီး အသက်ရှူသံ ပြင်းလာ၏။ သူ့မျက်လုံးတွင်းမှ လောဘ စိတ်က အတောမသတ်နိုင်အောင်ပင်။

ရဲ့လင်းချန်၏ ဖုန်း၌ ပေါ်နေသော ကိန်းဂဏိန်းကိုကြည့်ပြီး သူ့မျက်လုံး များ ပြာလာသည်။

“ရပ်လိုက်”

သူ အော်လိုက်ပြီးနောက် ရဲ့လင်းချန်ကို ပြန်ကြည့်လိုက်သည်။ သူက အပြုံးနှင့် ပြန်ပြောလာသည်။

“ငါတို့အားလုံးက စီးပွားရေးသမားတွေပဲကို၊ ငါတို့ စကားပြောနိုင် တဲ့အချိန်မှာ ဘာလို့ အကြမ်းဖက်ဖို့ လိုမလဲ”

*နှစ်သန်းကျော်*

*ဒါ နှစ်သန်းကျော်တယ်*

*ဒါ ငါ့ရဲ့ ကံကောင်းခြင်း နတ်ဘုရားပဲ၊ ငါ သူ့ပိုက်ဆံကို လုံးဝ ကလိမ်ကျပြီး ယူရမယ်*

လီစစ်က ရဲ့လင်းချန်အား ဝဖီးသော သိုးတစ်ကောင်ကို ကြည့်သကဲ့သို့ အငမ်းမရ ကြည့်နေသည်။

“ရတယ်၊ ဒီလိုဆိုမှတော့ ငါတို့ ဖြည်းဖြည်းချင်း ပြောကြတာပေါ့၊ ငါ့ကို မင်းနေရာဆီ ခေါ်သွား”

“ရတာပေါ့၊ ငါတို့ အခု သွားကြမယ်”

အစက လီစစ်သည် ရဲ့လင်းချန်အား ခေါ်သွားနိုင်ရန် မည်သို့ သွေး ဆောင် ရမလဲ တွေးနေခဲ့သေးသည်။ သို့သော် ဤသိုးပေါက် သူ့ဘာသာ သူ သားသတ်ရုံထဲ တိုးဝင်လာသဖြင့် သူ စိတ်မထိန်းနိုင်လုနီးပါး ဖြစ်သွား ရသည်။ ထို့နောက် သူသည် တက်တက်ကြွကြွဖြင့် ရှေ့မှ လမ်းပြ လေသည်။

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို အကြိမ်ပေါင်းများစွာ ဆောင့်ဆွဲ သော်လည်း အရာမရောက်ချေ။ နောက်ဆုံးတွင် သူမ အံကြိတ်၍ စိုးရိမ် တကြီး လိုက်သွားရတော့သည်။

“ဒီညီလေးရဲ့ နာမည်ကို ငါ သိလို့ရမလား”

“ငါက ရဲ့လင်းချန်”

“သခင်လေးရဲ့ကိုး၊ မင်းက တကယ် ကြည့်ကောင်းတာပဲ၊ တွေ့ရတာ ဝမ်းသာပါတယ်”

လီစစ်က ရည်ရည်မွန်မွန် ပြောလာသည်။

“ငါက လီစစ်ပါ၊ အခြားသူတွေနဲ့ မိတ်ဆွေဖြစ်ရတာကို သဘော ကျတယ်၊ လူတွေအတွက် အချင်းချင်း ကောင်းကောင်းသိဖို့ တစ်ခါ တလေ ရန်လေး ဖြစ်ရတာပေါ့၊ အခုကစပြီး မင်းက ငါ့မိတ်ဆွေပဲ”

ရဲ့လင်းချန်က ရယ်၍သာ နေလိုက်ပြီး ကျန်းယွင်ရှီအား နှစ်သိမ့်သလို ကြည့်လိုက်သည်။ ဤရွာသည် အစကတည်းက ချောင်ကျပြီးသား ဖြစ်သည်။ လီစစ်၏ လေပေါနေခြင်းနှင့်အတူ ပတ်ဝန်းကျင်က တဖြည်းဖြည်း ခေါင်လာပြီး လူတွေကို မတွေ့ရတော့ချေ။

သူတို့ ပို၍ သွားလေလေ လီစစ်၏ အပြုံးက ပိုပီပြင်လာလေပင်။ ထိုအခိုက်တွင် ကျန်းယွင်ရှီ၏ စိုးရိမ်စိတ်က ပိုဆိုးလာ၏။

ဆက်လက်၍ သွားလိုက်သောအခါ နှစ်ထပ်တိုက်အိမ်တစ်ခုကို သူတို့ တွေ့လိုက်ရသည်။ အိမ်က သိပ်မကြီးသော်လည်း ကြည့်ကောင်း လှသည်။ ရွာထဲရှိ အခြားအိမ်ကြီးများနှင့် ကွဲပြားပုံ မပေါ်ပေ။

လီစစ်က သူတို့ကို အထဲသို့ ခေါ်လာသောအခါ အထဲ၌ မြေအောက်ခန်း ကိုပါ လျှို့ဝှက်ဆောက်ထားသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွား ရသည်။

*သူတို့ ဒီလို ထောင်ချောက်ဆင်ရဲတာ မအံ့ဩတော့ဘူး၊ သူတို့က ကောင်းကောင်း ပြင်ထားတာပဲ*

မြေအောက်ခန်းထဲသို့ ဝင်လိုက်သောအခါ ဗရုတ်သုတ်ခ ဖြစ်လာ သည်ကို တွေ့လိုက်ရသည်။ အထဲ၌ လောင်းကစားအတွက် စားပွဲဝိုင်း များစွာ ရှိနေပြီး တစ်လုံးချင်းစီအား လူများစွာက ဝိုင်းထားကြသည်။ အချို့က ဖဲကစား၍ အချို့က အန်စာပစ် စကားပြီး အချို့က မာကျောက် ပင် ကစးနေကြသည်။ ကစားနည်းများက များပြားလှသည်။

အနိုင်ရသူများ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေပြီး ရှုံးနေသူများ၏ မျက်နှာတွင် မကျေနပ်စိတ်တို့ ပေါ်နေသည်။ အများစု မှာ ကျယ်လောင်စွာ အော်ဟစ်၍ အားပေးနေကြသည်။

အားလုံးကို ခြုံငုံ၍ တစ်လုံးတည်း ပြောရလျင် ပရမ်းပတာ ဖြစ်နေ သည်ဟု ပြောရပေမည်။

ဤနေရာသို့ ကျန်းယွင်ရှီ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။ သူမ မျက်မှောင်ကြုတ်နေပြီး လက်နှစ်ဖက်က ရဲ့လင်းချန်၏ လက်မောင်းကို တင်းနေအောင် ဆုပ်ကိုင်ထားသည်။ သူမ သူနှင့် အသည်းအသန် ကပ်နေနေချင်သည်။ သူမ ခေါင်းကိုငုံ့ထားပြီး စိုးရိမ် စိတ်ကြောင့် ရင်တဒိန်းဒိန်း ခုန်နေ၏။

ရဲ့လင်းချန်က အခြေအနေကို ချင့်ချိန်တွေးဆပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားနေရာက တော်တော် ပြင်ဆင်ထားတာပဲ”

“ဟဲဟဲ ဒါပေါ့ ငါတို့ ကျင်းဟွာ ဖဲကစားနည်းကနေ ဟောင်ကောင်နဲ့ မက်ကာချူကလာတဲ့ အပေါက်ထဲ ပိုက်ဆံထည့်ရင် ပစ္စည်းထွက် လာတဲ့ စက်ကအစ ထည့်ထားတာ၊ လောင်းကစားနဲ့ ပတ်သက်တာ ဆိုရင် အကုန် ရှိတယ်”

လီစစ်က စိတ်လိုလက်ရ ရယ်လေသည်။

“ဘယ်လိုလဲ၊ တစ်ပွဲ နှစ်ပွဲလောက် ကစားကြည့်မလား”

(စကားချပ်။ ။ ကျင်းဟွာ ဖဲကစားနည်းဆိုတာ လူ နှစ်ယောက်ကနေ ခြောက်ယောက် ပါလို့ရတဲ့ ဖဲကတ် ကစားနည်းပါ၊ တစ်ယောက်ကို သုံးကတ် ပေးထားပြီးတော့ အချင်းချင်း ခေါ်လို့ရပါတယ်၊ ခေါ်ခံရ သူက စိန်ခေါ်မှုကို လိုက်မယ်၊ မလိုက်ဘူး ရွေးလို့ရပါတယ်၊ တစ်ယောက်ချင်း ခေါ်လို့လည်း ရပါတယ်၊ ခေါ်တဲ့ ပွဲအတွင်း စိန်ခေါ်တဲ့သူနဲ့ စိန်ခေါ်ခံရသူသာ အချင်းချင်းရဲ့ ကတ်ကို ကြည့်ခွင့်ရပြီး နိုင်တဲ့သူကို ဆုံးဖြတ်ပါတယ်၊ အဲ့သလို ယှဉ်ပြီး နောက်ဆုံးကျန်တဲ့ နှစ်ယောက် အလှည့်မှာတော့ ကတ်အကုန်ပြရပါတယ်၊ ပိုကောင်းတဲ့ ကတ်ကို ကိုင်ထားတဲ့သူက အနိုင်ပါ။)

All Chapters