အခန်း (၅၄)
Vol. 3 Ch. 54
အခန်း ( ၅၄ )
ရှန်လင်းနှင့် ဆုဝန်တို့ စေ့စပ်ချိန်၌ သူတို့က ခန်းဝင်ပစ္စည်းအဖြစ် အိမ်နှင့်မြေ စာချုပ်ကို ဆုဝန်အား ပေးခဲ့သည်။
ဆုဝန်က ပြောလိုက်လေ၏။
“ အစ်ကိုက ညီမကို အိမ်စာချုပ်နဲ့ မြေစာချုပ် နှစ်ခုလုံး ပေးသင့်တယ်။ ညီမအမြင်မှာ ဒီနည်းကပဲ ညီမကို စိတ်အေးစေမှာ။ နောင်ကျ ညီမတို့တွေ အတူတူနေမှာဆိုတော့ အစ်ကိုလဲ ဒီအိမ်နဲ့မြေမှာပဲ နေမှာပဲ။ အစ်ကို့ပေါ် မူတည်တယ် ”
“ အခု အစ်ကို့ကို ညီမက စာလေ့လာစေချင်တယ်။ နာမည်ကောင်းတစ်ခု ရစေချင်တယ်။ ဒါမှ ညီမကို နောင်ကျ ပိုကောင်းကောင်း ကာကွယ်ပေးနိုင်မှာ။ ညီမရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ဆန္ဒရှိရင် ညီမ ပြောသလိုလုပ် ဆန္ဒမရှိရင်တော့လဲ …. ”
ဆုဝန်က ဆက်ပြောလိုက်၏။
“ ပိုက်ဆံရှာဖို့အတွက်တော့ အစ်ကို စိတ်ပူစရာ မလိုဘူး။ ညီမ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ ထပ်ရှိသေးတာကို အစ်ကိုလဲ တွေ့သားပဲ။ ညီမဆီမှာ ချို့တဲ့နေတာက ညီမကို ကာကွယ်ပေးနိုင်တဲ့သူပဲ။ အစ်ကိုသာ ဒီမှာ ဂုဏ်သတင်း တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် ညီမတို့တွေ နောင်ကျ စိုက်ပျိုးရေး လုပ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ လုပ်လုပ် အခွန်ပေးစရာ မလိုတော့ဘူး။ ကျွန်မတို့ကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ ဒီတော့ စာ လေ့လာချင်လား မလေ့လာချင်ဘူးလား ဆိုတာ အစ်ကို စဉ်းစားသင့်တယ် ” ရှန်လင်းက စကားမပြောခဲ့ပေ။ အကြောင်းပြချက်က တူညီနေပေ၏။
ဆုဝန် ပြောလိုက်သည့် အရာက ရေရှည်တွင် အကျိုးအမြတ် ရှိစေမှာ ဖြစ်သည်။ သို့သော် ချက်ချင်းတော့ ရှန်လင်းသည် စာလေ့လာရန် ဆုဝန်၏ ပိုက်ဆံကို အားကိုးဖို့ လက်မခံပေ။
ဆုဝန်က ထပ်ပြောလိုက်၏။
“ အစ်ကိုက ကိစ္စတွေအကြောင်း ရှင်းရှင်းလင်းလင်း မသိတဲ့သူမှ မဟုတ်တာ။ ဘာစိတ်ပူနေလဲ ဆိုတာ ညီမ သိတယ်။ ရေတိုမှာ အစ်ကို ပိုက်ဆံထွက်ရှာမယ်ဆိုရင် ညီမ အနားယူနိုင်ပြီလို့ တွေးကောင်း တွေးနေမှာပေါ့။ ဒါပေမဲ့ အစ်ကိုသာ ပင်လယ်ထဲ သွားခဲ့ရင် ညီမက စီးပွားရေးလုပ်ဖို့ ချင်းယွင်ကောင်တီကို သွားရအုံးမှာပဲ။ ညီမကို ကူညီမဲ့သူ မရှိဘူးလေ။ ညီမကို ကာကွယ်မဲ့သူ မရှိရင် ညီမဘာသာ အလုပ်ကြိုးစား လုပ်နေရအုံးမှာ ”
ဆုဝန်က ထိုသို့ ပြောလိုက်စဉ် ရှန်လင်းက အနည်းငယ် စိတ်လှုပ်ရှားသွားလေ၏။ ဆုဝန်သာ ပိုက်ဆံရှာရန်အတွက် ချင်းယွင်ကောင်တီသို့ သွားခဲ့လျှင် တစ်ယောက်ထဲ ဖြစ်ရလိမ့်မည်။ အလုပ်ကိစ္စ လုပ်ရာ၌ သူသည်လဲ ကူညီရမည်။ သူမက မိန်းကလေးတစ်ယောက် ဖြစ်၏။ မည်ကဲ့သို့ တစ်ယောက်ထဲ အဆင်ပြေမည်နည်း။ ထို့အပြင် ဆုဝန်က ကြည့်ကောင်းပြီး သူမကို ကာကွယ်ပေးမည့် အမျိုးသားတစ်ယောက် မရှိလျှင် သူမအတွက် ခက်ခဲသော ကိစ္စရပ်များ ကြုံလာနိုင်မှာ ကျိန်းသေသည်။
ထိုအဆင့်ထိ တွေးမိပြီး ရှန်လင်းသည် ပင်လယ်ထဲ မသွားနိုင်တော့ဟု ခံစားမိသည်။
ရှန်လင်းသည် မိသားစုကို ပံ့ပိုးရန် ပိုက်ဆံအမြဲတမ်း ရှာမှန်း ဆုဝန် သိနေ၏။ ထို့ကြောင့် စာလေ့လာရန် သူ့ပိုက်ဆံသူ သုံးပြီး သူ့မိသားစုကို သူ့ဘာသာသူ ပံ့ပိုးခွင့် ပေးခဲ့လျှင် သူက သေချာပေါက် လက်ခံမှာ မဟုတ်ပေ။
ထို့ကြောင့် ဆုဝန်သည် အခန်းထဲမှ ထွက်လာပြီးနောက် ရှန်လင်းကို စဉ်းစားရန် ထားခဲ့လိုက်၏။
ပြီးနောက် ဆုဝန်က မြင်းလှည်းထဲ ဝင်ပြီးနောက် ချင်းယွင်ကောင်တီသို့ သွားကာ ကျောင်းတော်နှင့် မလှမ်းမကမ်းတွင် စားစရာများ ရောင်းနေသည့် လမ်းဘေးဝဲဘက် ဆိုင်တစ်ဆိုင်ကို တွေ့သွား၏။ ထိုဆိုင်နေရာက အတော်လေး သေးသည်။ ဘယ်ဘက်ခြမ်း၌ ပေါက်စီရောင်းသူ ရှိပြီး ညာဘက်ခြမ်း၌ သရေစာရောင်းသူ ရှိသည်။ အထွေထွေ စားသောက်ရန် နေရာရှိပြီး အပြင်ဘက်၌ စားသုံးသူများ သူတို့ဘာသာ စားနိုင်ရန် စားပွဲများ ရှိသော်ငြား ဆုဝန်ဘေးက ဆိုင်များသည် ပေါက်စီနှင့် သရေစာများ ရောင်းနေတာ ဖြစ်၏။ သူတို့က ထိုင်စားရန် ခုံမလိုအပ်ပေ။ ထို့ကြောင့် ဆုဝန်သည် ထိုစားပွဲ အားလုံးကို အသုံးပြုနိုင်သည်။
ဆုဝန်သည် ဤဆိုင်ခန်းကို အလွန် စိတ်ကျေနပ်သွား၏။ ဆိုင်ရှင်နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုပြီးနောက် ငွေတစ်တုံးဖြင့် ဤနေရာကို ငှားရမ်းလိုက်သည်။
နေရာကောင်းတစ်ခု ငှားရမ်းပြီးနောက် ဆုဝန်သည် မာလာထန်းလုပ်ရန် အိုးများ၊ ဒယ်ပြားများ၊ ဒယ်အိုးများ ဝယ်ပြီး ဟင်းခတ်အမွှေးအကြိုင်များ၊ ဟင်းသီးဟင်းရွက်များ စသည်တို့ကို ဝယ်ယူလိုက်၏။ မည်သည့်နည်းနှင့်မဆို ဤနေရာကို ငှားရမ်းပြီး ဖြစ်သည်။ ဆုဝန်က အချိန်ဆွဲဖို့ မစီစဉ်ထားပေ။ မနက်ဖြန်ကျ ဖွင့်ရန် စီစဉ်ထားလေ၏။
ထိုပစ္စည်းများ ဝယ်ပြီးနောက် ဆုဝန်သည် ရှန်ယာယာနှင့်အတူ မြင်းလှည်းထဲ ဝင်ပြီး ရှန်လင်းတို့အိမ်သို့ ပြန်သွားလိုက်၏။ ဆုဝန်နှင့် ရှန်ယာယာ အိမ်ရောက်ချိန်၌ မီးဖိုချောင်ထဲ၌ အလုပ်များနေသော ရှန်ရှီးကို တွေ့လိုက်ရ၏။
ဆုဝန်က ထိတ်လန့် အံ့အားသင့်သွားလေ၏။
“ ဒေါ်လေး ချက်ပြုတ်ဖို့ ဘယ်လိုလုပ် ထွက်လာတာလဲ ”
ရှန်ရှီးက လက်ကာပြလျက် လှည့်ကြည့်ကာ သူမမျက်နှာက သွေးရောင်သန်းလာသည်။
“ ဒီနေ့ ဒေါ်လေး အားရှိနေတယ်လို့ ခံစားမိလို့ အပြင်ထွက်ပြီး ချက်ပြုတ်နိုင်မလား ကြည့်တာ။ ဒီဆန်ပြုတ်တောင် အသင့်ဖြစ်ခါနီးနေပြီ ဒေါ်လေး ပင်ပန်းတာ မခံစားရဘူး။ ဒေါ်လေး ချက်ထားတာ ပဲနီလေးဆန်ပြုတ် ”
ဆုဝန်နှင့် ရှန်ယာယာတို့သည် ရှန်ရှီး၏ ခြေထောက်များ အကောင်းပကတိ ဖြစ်နေသေးသည့်တိုင် အားနည်းပြီး ယိုင်လဲသွားမှာကို စိုးရိမ်သဖြင့် ရှန်ရှီးကို ကူညီရန် ရှေ့သို့ အမြန်တက်သွား၏။ ရှန်ရှီးက သူမကို ကူတွဲမည့် သူနှစ်ယောက် ပြောလိုက်သည်။
“ စိတ်မပူနဲ့။ ဒေါ်လေး ဒီမှာ ချက်ပြုတ်နေတာကို လင်းအာ သိတယ်။ ဒေါ်လေးကို ချက်ခွင့်မပေးခင် အဆင်ပြေကြောင်း အတည်ပြုပြီးပြီ ”
ရှန်လင်း သိကြောင်း ကြားသောအခါ ဆုဝန်သည် အတော်လေး စိတ်အေးသွားလေ၏။ ဆုဝန်နှင့် ရှန်ရှီးက ဤရက်များထဲ အတူရှိနေခဲ့တာ ဖြစ်သည်။ ရှန်ရှီးသည် ဆုဝန်ကို တစ်ခါမှ မကူညီခဲ့ပေ။ ရှန်လင်းကလဲ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သူ့အလုပ်သူ လုပ်သော်ငြား ဆုဝန်က ရှန်ရှီးသည် စိတ်ရင်းစစ်မှန်ကြောင်း ခံစားမိ၏။ သူမသည် သူမကိုသူမ ဂရုစိုက်ပြီး အခြားသူများကိုလဲ ဂရုစိုက်တတ်၏။
စာအုပ်ထဲတွင် ရှန်ရှီးက စောစီးစွာ သေဆုံးသွားခဲ့သည်။ ဆုဝန်က ရှန်ရှီးနှင့် မတွေ့လိုက်ရပေ။ ယခုကြည့်မိလျှင် ဆုဝန်နှင့် ရှန်ရှီးကြား ယောက်ခမနှင့် ချွေးမကြား ပြဿနာ ရှိမည့်ပုံ မပေါ်ပေ။ ဆုဝန်က ကူတွဲပေးထားချိန် ရှန်ရှီးက ပင်မအခန်းထဲ ပြန်လာပြီး ထိုင်ချလိုက်၏။ ရှန်ရှီးက ပြောလိုက်သည်။
“ သမီး ဒါမျိုး ကောင်းကောင်းဆက်လုပ် နေမယ်ဆိုရင် ဒေါ်လေးက သမီးအတွက် ချက်ပြုတ်ပေးပြီး အိမ်မှာ သန့်ရှင်းရေး လုပ်ပေးနိုင်မှာ။ အိမ်အတွက် သမီး ဘာမှလုပ်စရာ မလိုဘူး။ စိတ်မပူနဲ့ သမီးနဲ့ လင်းအာ လုပ်ချင်တာသာ လုပ် ”
ရှန်ရှီးသည် နာမကျန်း မဖြစ်စဉ်က သူသည် အိမ်မှုကိစ္စ၌ တော်၏။ သို့သော် သူမ နာမကျန်း ဖြစ်ပြီးနောက် အလုပ် မလုပ်နိုင်တော့တာ ဖြစ်သည်။
ဆုဝန်က ပြောလိုက်၏။
“ ဒေါ်လေး သေချာပေါက် ပိုကောင်းလာမှာပါ။ သမားတော်ကျန်းက ဒေါ်လေး နှစ်လလောက် ဆေးသောက်ပြီးသွားရင် ပြန်ကောင်းလာလောက်တယ်လို့ ပြောခဲ့တယ်မလား။ သမီး ကြည့်သလောက်တော့ သမားတော်ကျန်းရဲ့ ဆေးက ထိရောက်ပုံပဲ။ အခု ဒေါ်လေးက အပြင်မှာတောင် အလုပ် သွားလုပ်နေနိုင်ပြီ ”
ရှန်ရှီးက ပြုံးလျက် ဆုဝန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ လင်းအာရဲ့အဖေ ထွက်သွားတဲ့ အချိန်ကစပြီး ဘဝက တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာတယ်လို့ ဒေါ်လေး ခံစားမိနေတာ။ ဒေါ်လေးမှာ ဘာမျှော်လင့်ချက်မှ မရှိဘူး။ မျက်လုံးဖွင့်လိုက်ချိန်တိုင်း စိုးရိမ်သောက ရောက်စရာ ရှိနေတယ်။ ဒါပေမဲ့ သမီး ဒီအိမ် ရောက်လာချိန်က စပြီး နေ့ရက်တွေက ပိုကောင်းလာတယ်။ ဒေါ်လေးရဲ့ ခန္ဓာကိုယ်ကလဲ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာ။ ဆုဝန် သမီးက ဒေါ်လေးအမြင်မှာ ဒေါ်လေးတို့ မိသားစုရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲ ”
အိမ်ထဲမှ ထွက်သွားပြီးနောက် ဆုဝန်သည် ရှန်လင်းကို မြင်းလှည်းပေါ်၌ ဒယ်အိုးများနှင့် ဒယ်ပြားများ ရှိနေသေးကြောင်း ပြောလိုက်သည်။ ရှန်လင်းက လှည့်လာပြီး ထိုပစ္စည်းများကို ခြံဝန်းထဲ ထည့်လိုက်၏။
ရှန်လင်းသည် ဒယ်အိုးများ၊ ဒယ်ပြားများ မြင်းလှည်းထဲမှ ပန်းကန်များကို ထုတ်ပြီး မီးဖိုချောင်ထဲ ယူသွားသည်။ ဆုဝန် ဘာမှ မပြောရသေးခင် ရှန်လင်းက သူ့ဘာသာသူ ရေခဲ့ပြီးနောက် အိုးများ၊ ပန်းကန်များကို ဆေးကြောတော့၏။ ဆုဝန် ဝယ်လာသည့် ပန်းကန်များသည်လဲ ဆေးပြီးသွားပြီ ဖြစ်သည်။
အားလုံး လုပ်ပြီးချိန်၌ အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ယူလိုက်ရသည်။ သူ ပင်လယ်ထဲသို့ မသွားနိုင်ကြောင်း ရှန်လင်း သဘောပေါက်သွား၏။ ဆုဝန်က အလုပ်လုပ်ရန် ချင်းယွင်ကောင်တီသို့ သွားတော့မှာ ဖြစ်သည်။ သူ အားလုံး လုပ်ပေးနိုင်၏။ သူသာ နေပြီး သူမကို ကူညီပေးနိုင်လျှင် ခက်ခဲမှုများ လျော့သွားမည် ဖြစ်၏။ သူသာ ထွက်သွားခဲ့ပါက သူမဘာသာ အားလုံး လုပ်နေရမှာ ဖြစ်သည်။ သူသည် အစက တွေဝေနေခဲ့၏။ ရှန်လင်းသည် အမွှေးတိုင်တစ်တိုင် ထွန်းစာအချိန်အတွင်း သူ ပင်လယ်ထဲ သွား၍ မရလောက်ဟု စိတ်ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည်။
သို့သော် ရှန်လင်းက ဆုဝန် သူ့ကို စာလေ့လာခိုင်းမည့် အကြောင်းကို မစဉ်းစားခဲ့ပေ။ စာလေ့လာခြင်းက ငွေကြေးများစွာ ကုန်ကျ၏။ ရှန်လင်းသည် ဆုဝန်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပေ။
ရှန်လင်း အားလုံး လုပ်ပြီးနောက် သူသည် ရှန်ရှီး လုပ်ပေးထားသည့် ပဲနီလေးဆန်ပြုတ် သောက်ရန် မိသားစုကို ခေါ်သွားလိုက်သည်။ စားသောက်ပြီးနောက် ရှန်လင်းက ဆုဝန်ကို ဆိုင်းဘုတ် လုပ်ပြီးပြီလားဟု မေးခဲ့သည်။ ဆုဝန်က ခေါင်းခါလိုက်၏။ သူမ ထိုအကြောင်း တစ်ကယ် မေ့သွားတာ ဖြစ်သည်။
ရှန်လင်းက ဆုဝန်ကို ဆိုင်၏နာမည် ကို မေးလိုက်သည်။ ဆုဝန်က စဉ်းစားပြီးနောက် ရှန်ကျီမာလာထန်း ဟုခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ရှန်လင်းက ပြုံးလိုက်၏။ ဤအမည်က အလွန် နွေးထွေးသည်။ နာမည်ကို သိချိန်၌ ရှန်လင်းသည် အကာအနေဖြင့် အိမ်ရှိ အနီရောင် အဝတ်ကို သုံးပြီးနောက် ဆုဝန် တွေးလိုက်သည့် နာမည်ကို ချရေးလိုက်သည်။
ဝမ်မိသားစုကမူ ရှန်လင်းနှင့် ဆုဝန်တို့ စေ့စပ်သည့်အကြောင်း ဝမ်လော့ရှန် ပြောပြသည့် အချိန်၌ ရှုတ်ချခဲ့၏။ ထိုလူနှစ်ယောက်သည် နောင်ကျ အနောက်မြောက်လေကို သောက်သုံးရတော့မှာပဲ ဖြစ်သည်။
...