Chapters

ရှင်သန်သေဆုံးခြင်း၏ အမြန်နှုန်း

Vol. 3 Ch. 55

ရှင်သန်သေဆုံးခြင်း၏ အမြန်နှုန်း

Vol. 3 Ch. 55

ဝမ်လော့ရွှယ်သည်လည်း ပြောလာ၏။

“ ဒီဆုဝန်က တကယ်ကို လေးစားသမှုမရှိတာပဲ။ ကိုကိုက ပညာရှိတစ်ယောက်လေ။ သူ့ကိုယ်သူနှိမ်ချပြီး ကိုယ်တိုင် သွားရှာပေးရတဲ့ဟာကို သူက တကယ်ကြီး ငြင်းလိုက်တယ်ပေါ့ “

“ သူက အဲဒီဆင်းရဲသားရှန်လင်းကို လက်ထပ်မယ်တဲ့။ ရှန်လင်းက ဘယ်လိုလုပ် ကိုကိုနဲ့ယှဥ်နိုင်မှာလဲ”

ဝမ်လော့ရှန်းရဲ့ဖခင်လုပ်သူက စားပွဲခုံကို ရိုက်ချလိုက်ကာ

“ ဘာကွ၊ တို့မိသားစုက သူ့ကို မျက်နှာသာပေးမိလွန်းသွားတာပဲ။ သူ ရှန်လင်းကို လက်ထပ်လိုက်ပြီး နောင်ကို ဘယ်လို နေထိုင်သွားမလဲကြည့်ဦးမယ်”

ဝမ်ရှီးက သူ့သားသည် အကောင်းဆုံးဖြစ်ပြီး မည်သူနှင့်မျှ မထိုက်တန်ဟု ဟု အမြဲတစေ တွေးထင်ခဲ့၏။ ယခုမူ ဆုဝန်က ဝမ်ရှီးကို ကြီးကြီးမားမား အရှက်ရအောင် လုပ်လိုက်၏။

ဝမ်ရှီး၏စိတ်အခြေအနေမှာ မကောင်းတော့ပေ။ ချက်ချင်းပင် ဆုဝန် ရှန်လင်းကို လက်ထပ်မည့်အကြောင်းပြောရန် ခါတိုင်း သူနှင့် အတင်းပြောနေကျ အမျိုးသမီးများကို သွားရှာတော့၏။

ဆုဝန် ဝမ်လော့ရှန်းကို ငြင်းလိုက်သည့်အကြောင်းကိုတော့ ကျိန်းသေပေါက် ကျော်လိုက်ပြီး “ ဆုဝန်၊ အဲဒီကောင်မလေးလေ အလိုက်တာဟယ်။ ဘယ်သူနဲ့ လက်ထပ်လက်ထပ် မကောင်းလို့လား။ သူက ရှန်လင်းကိုမှ လက်ထပ်ချင်တယ်တဲ့။ ရှန်လင်းအမေက ဆေးချိုး။ တစ်နှစ်ကို သူ့အတွက် ငွေဘယ်လောက် ကုန်မလဲမသိဘူး။ ပြီးတော့ ရှန်လင်းက တစ်နှစ်ကို ငွေဘယ်လောက်မှ ရှာနိုင်တာမဟုတ်ဘူး။ ဆုဝန် ရှန်လင်းနဲ့နေရင် ဒီတစ်သက်တော့ ဆန်တွေ၊ အသားတွေ၊ ခေါက်ဆွဲတွေစားနိုင်မှာကို မဟုတ်ဘူး။ အသီးအရွက်ရိုင်းတွေပဲ ခူးစားနေရမှာပဲ”

စွင်းရှီးကဆို၏။

“ အဲဒီဆုဝန်က တကယ် ခေါင်းနောက်‌စရာပဲ။ ငါက နောက်ကျ သူ့ကို ငါတို့အငယ်ဆုံးသားလေးအကြောင်း ပြောဖို့ စဥ်းစားထားတာ။ အခုကြည့်ရတာသူက ကန်းနေတာပဲ။ ငါတို့အငယ်ဆုံးလေးက ရှန်လင်းထက် ဘယ်နှစ်ဆလောက် ပိုသာမလဲ မသိဘူး”

ရှန်လင်း ချင်းယွင်ကောင်တီက ပြန်ခေါ်လာပြီးကတည်းက ဆုဝန်သည် ပိုလှလာခဲ့၏။ ချင်းရှီရွာမှ လူများသည်လည်း ယင်းကို သတိပြုမိလေ၏။ ယောက်ျားပျိုတချို့သည် ဆုဝန်ကို လက်ထပ်ချင်ကြောင်း သူတို့၏ မိခင်များကို တိုးတိုးတိတ်တိတ် ပြောကြ၏။ အစကတော့ အကုန်လုံးက သဘောမတူခဲ့ကြချေ။ မည်သို့ပင်ဆိုစေကာမူ ဆုဝန်၏ အချိုးမပြေ၊ ကြောင်တောင်တောင်နိုင်သည်ဟူသော ဂုဏ်သတင်းက ရှိသေးပေသည်။

နောက်ပိုင်းကျ ဆုဝန်သည် ဟင်းချက်ကောင်းပြီး သကြားတုတ်ထိုးချိုချဥ်ရောင်း၍ ငွေရှာနိုင်ကာ ရှန်မိသားစုကိုလည်း ကောင်းကောင်းစီမံနိုင်ကြောင်း သူတို့မြင်ခဲ့ရာ စိတ်ပြောင်းသွားကြ၏။

သို့တိုင် အားလုံးမှာ ယခင်က ဆုဝန်ကို လှောင်ပြောင်ဖူးကြရာ ဆုဝန်ကို မင်္ဂလာစကားအရင်စပြောရန် ကသိကအောက် ဖြစ်နေကြသည်။ သူတို့တွေဝေနေခိုက် ဆုဝန်က စေ့စပ်ကြောင်းလမ်းပြီးသွားလေပြီ။ အားလုံးမှာ အနည်းငယ် နောင်တရသွားကြ၏။ ဆုဝန်သည် ချွေးမလောင်းတစ်ယောက်ဖြစ်ဖို့ရန် သင့်တော်သည့်သူပင်။ လှပပြီး အလုပ်လုပ်နိုင်ကာ ငွေရှာနိုင်လေသည်။ သို့ရာတွင် သူသည် ရှန်လင်းနှင့် လက်ထပ်တော့မည်ဖြစ်ရာ နှမြောဖို့ကောင်းလှ၏။

တကယ်တမ်းတွင်တော့ အားလုံးက ရှန်လင်းကို အသုံးမကျဟု စဥ်းစားခြင်းမဟုတ်။ မည်သို့ပင်ဆိုစေကာမူ ရှန်လင်းသည်လည်း ချောမောခံ့ညားပေ၏။ ချင်းရှီရွာမှ မိန်းကလေးအတော်များများက ရှန်လင်းကို လက်ထပ်လိုကြသည်။ သို့ပေသိ မကောင်းသည့်အချက်မှာ ရှန်လင်းတွင် မသိတတ်မလိမ္မာဟူသည့် ဂုဏ်သတင်းရှိနေခြင်းပင်။ လောကကြီးထဲဝယ် မသိတတ်မလိမ္မာခြင်းသည် ပြဿနာကြီးတစ်ရပ် ဖြစ်နေ၏။

ထို့အပြင် ရှန်လင်းတို့အမေသည် ဆေးချိုးတစ်ယောက် ဖြစ်နေ၏။ အသူတစ်ရာနက်သည့်တွင်းဖြစ်ကြောင်း ထင်ရှားလေသည်။ ရှန်လင်းကိုလက်ထပ်သူသည် အနောက်မြောက်လေကိုသာ သောက်သုံးရမည်ဟု ဝမ်ရှီးပြောခဲ့သည်မှာ မဆန်းချေ။

ရွာထဲရှိ လူအားလုံးက ရှန်လင်းနှင့်ဆုဝန်တို့ ဆင်းရဲမွဲတေသည့်ဘဝတွင် အတူတကွနေထိုင်သည်ကို မြင်ရရန် စောင့်ဆိုင်းနေလျက်ရှိ၏။

ဘာမှမသိရှာသော ဆုဝန်နှင့်ရှန်လင်းသည်တော့ မနက်ဖြန် ချင်းယွင်ကောင်တီသို့သွားပြီး စီးပွားရေးလုပ်ရန်ကိုသာ စောင့်နေကြလေ၏။

...