← Chapters

အခန်း (၅၆)

Vol. 3 Ch. 56

အခန်း (၅၆)

Vol. 3 Ch. 56

အခန်း ( ၅၆ )

ဒုတိယမြောက်နေ့ နံနက်စောစော၌ ရှန်လင်းသည် မြင်းလှည်းပြင်ဆင်ပြီး မနေ့တုန်းက ဆေးကြောခဲ့သည့် ပစ္စည်းများ အားလုံးကို မြင်းလှည်းပေါ် တင်လိုက်လေ၏။ ပစ္စည်းက အတော်များသဖြင့် ရှန်လင်းက စိုးရိမ်ပူပန်လာတော့သည်။ သူက ပင်လယ်ထဲ သွားချင်ခဲ့ပါက ဆုဝန်သည် မြို့ထဲ သွားနိုင်မှာ မဟုတ်ပေ။ အလုပ်လုပ်ချိန်၌ ဝန်စည်ဆလယ် များက များပြားလွန်းလှ၏။ ဆုဝန် တစ်ယောက်ထဲ သယ်နိုင်မှာ မဟုတ်ပေ။

ရှန်လင်းသည် ဆုဝန်၏ စီးပွားရေးလုပ်မည့် အကြံဉာဏ်က အလွန်ခိုင်မာနေကြောင်း ခံစားမိ၏။ သူမ၏ စိတ်ကို သူ မပြောင်းလဲနိုင်သောကြောင့် သူ ဤနေရာမှာနေပြီး သူမကို အချိန်အတိုင်းအတာ တစ်ခုအထိ ကူညီပေးမှာပဲ ဖြစ်သည်။

ဆုဝန်က လှပပေ၏။ ထိုအကြောင်းကို စဉ်းတောင်မစဉ်းစားပဲ ရှန်လင်း သိသည်။ သူ့ကို ကာကွယ်ပေးမည့်သူ မရှိပါက ဆုဝန်ကို ပြဿနာ လာရှာမည့်သူများ ရှိလိမ့်မည်။

ရှန်လင်း၏ အရည်အချင်းက တော်သည်။ သူက လူတို့ကိုလဲ ခြောက်လှန့်ထုတ်နိုင်၏။

ဆုဝန်နှင့် ရှန်ယာယာတို့က အဝတ်အစား ထူထူထဲထဲဝတ်လျက် ထွက်လာ၏။ ရှန်လင်းက အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ထားသည်။ ဆုဝန်နှင့် ရှန်ယာယာတို့က မြင်းလှည်းထဲ ဝင်ပြီး သွားလိုက်တော့၏။

ရှန်လင်းနှင့် အတူ ရှိနေစဉ်၌ ဆုဝန်သည် ပိုစိတ်အေးလာပြီး စိုးရိမ်ပူပန်မှု နည်းလာသည်။

စာအုပ်ထဲတွင် ဆုဝန်က ရှန်လင်းကို လက်ထပ်ချိန်၌ ရှန်လင်း၌ ပိုက်ဆံများစွာ ရှိနေပြီ ဖြစ်သည်။ စာအုပ်ဖတ်ထားသော ဆုဝန်က ငွေကြေးကြောင့်သာ ရှန်လင်း ဆောင်ယူလာသည့် တည်ငြိမ်မှုကို ခံစားမိခဲ့တာ ဖြစ်သည်။ ယခုမူ လူတစ်ယောက်ကို စိတ်အေးစေသည်မှာ ငွေကြေးဥစ္စာသာမက ရှန်လင်း ကိုယ်တိုင် ဖြစ်နေပုံပေါ်၏။

ဝမ်လော့ရှန်းက အလွန် စိတ်မသက်မသာ ဖြစ်နေလေ၏။ သူ မနက်စောစော အိပ်ယာထချိန်၌ သူ မျက်နှာသစ်ရန် မည်သူမှ သူ့ကို ရေပူသယ်မလာပေးပေ။ သူ့အတွက် မည်သူမှ မနက်စာ မပြင်ဆင်ပေးသလို ကျောင်းတက်ရန်အတွက် ပစ္စည်းများလဲ ပြင်ဆင်ပေးထားသူ မရှိ။ ဤရက်များအတွင်း ဝမ်လော့ရှန်းသည် သူ့ဘာသာသူ ပစ္စည်းများကို ကမန်းကတမ်း ပြင်ဆင်ရ၏။ သို့သော် အဆုံးကျ အဆင်မပြေသေးပေ။ ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် မနေနိုင်တော့ပေ။

ဆုဝန်သာ ပြန်လာပြီး ထိုကိစ္စအားလုံး လုပ်ပေးမည် ဆိုပါက သူသည် အာရုံများစရာ မလိုပဲ စာလေ့လာရာ၌ အာရုံစူးစိုက်နိုင်မှာပဲ ဖြစ်သည်။ ထိုအကြောင်းကို တွေးမိပြီး ဝမ်လော့ရှန်းက ဆုဝန်ကို အနည်းငယ် အခဲမကြေ ဖြစ်သွားလေ၏။ သူသည် စာသင်သားတစ်ယောက် ဖြစ်၏။ ထို့အပြင် နောင်ကျ ကျင်းရှီးအဖြစ် အရွေးခံရမှာ ဖြစ်သည်။ ရှန်လင်းကမူ သူမကို ထိုအရာများ မပေးနိုင်။

စာအုပ်ထဲတွင် ဝမ်လော့ရှန်းက မြို့တော်၌ အရာရှိ ဖြစ်လာခဲ့သော်ငြား သူက ရှန်လင်းနှင့် ဘာမှ မယှဉ်နိုင်ပေ။ သူ၏ယခင်ဘဝကို ကြည့်လျှင် ဝမ်လော့ရှန်းက အသက် သုံးဆယ့်ငါးနှစ် ရောက်ပြီးနောက် နေ့ရက်များကို မမှတ်မိတော့ပေ။ ဝမ်လော့ရှန်းသည် အသက်သုံးဆယ်ငါးနှစ် မတိုင်မီက နေ့ရက်များကိုသာ ရှင်းရှင်းလင်းလင်း မှတ်မိခဲ့၏။ အိမ်တွင် သူနှင့် ယွင်ယန်တို့က အလွန်ချစ်ခင် ရင်းနှီးခဲ့ကြပြီး ချစ်စဖွယ် ကလေးနှစ်ယောက်ရှိ၏။ ဆုဝန်က သူ့ကို ကွာရှင်းပြီးနောက် ဲဲသူမ၏ သတင်း မကြားခဲ့ရပေ။ အစထဲက ဝမ်လော့ရှန်းသည် ဆုဝန်ကို ဂရုမစိုက်ခဲ့တာ ဖြစ်သည်။

သူပြန်လည် မွေးဖွားလာချိန်၌ ဝမ်လော့ရှန်းသည် ဆုဝန်က ယွင်ယန်အတွက် ခက်ခဲအောင် မလုပ်လျှင် သူမကို အခွင့်အရေး ပေးမည်ဟု တွေးထားပြီးသား ဖြစ်၏။ သို့သော် သူမက မမြင်တတ်ဘဲ သူမကို ချီးမြှောက်တာကိုလဲ မသိပေ။

ဝမ်လော့ရှန်း တံခါးဝမှ ထွက်လာပြီး တွေ့လိုက်၏။ ယခင်ဘဝ၌ သူသည် အမြင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်သည်။ ဆိုရလျှင် ထိုစဉ်က သူအာဏာတက်ခဲ့ပြီး ရာထူးလဲမြင့်လာ၏။ ထိုလူ၏ အဖွဲ့ထဲ ဝင်ပြီးနောက် သူသည် ပေကျင်း၌ အရာရှိတစ်ဦးအဖြစ် ဝင်နိုင်မှာ ကျိန်းသေသည်။ ပထမနှင့် ဒုတိယအဆင့် အဖွဲ့သာ ဖြစ်လာနိုင်ချေလဲ ရှိသည်။

ရှန်လင်းကမူ မည်သည့်နေရာတွင် အဆာလွန်ပြီး သေသွားမှန်း မသိပေ။

ဝမ်လော့ရှန်း အပြင်ထွက်လာပြီး လမ်းလျှောက်တာ ခဏကြာချိန်၌ မြင်းလှည်းမောင်းသံကို ကြားလိုက်ရ၏။ ယင်းက ရှန်လင်း၏အသံ ဖြစ်သည်။ ဝမ်လော့ရှန်းက အသံလာရာဘက်ကို လှည့်ကြည့်လိုက်ချိန် သူ့ဆီသို့ မြင်းလှည်း မောင်းလာသည့် ရှန်လင်းကို တွေ့လိုက်ရသည်။

ဝမ်လော့ရှန်းသည် ဤရက်များအတွင်း စာလေ့လာနေခဲ့တာ ဖြစ်ပြီး ရှန်မိသားစု၏ မြင်းလှည်းကို တစ်ခါမှ မတွေ့ခဲ့ပေ။ ယနေ့ သူ ပထမဆုံးတွေ့တာ ဖြစ်၏။ ဝမ်လော့ရှန်းသည် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်လုနီးပါးပင်။

ရှန်လင်းက ဝမ်လော့ရှန်းကို မြင်းလှည်းဖြင့် လိုက်မီလာသည်။

ဝမ်လော့ရှန်းက ပြောလိုက်လေ၏။

“ ဒါက မင်းရဲ့ မြင်းလှည်းလား ”

ရှန်လင်းက မြင်းလှည်းကို အရှိန်လျော့လိုက်၏။

“ မဟုတ်ဘူး ။ညီမဆုဝန် ဝယ်ထားတာ ” ရှန်လင်းက အမှန်အတိုင်း ဖြေလိုက်သည်။

ဝမ်လော့ရှန်းက မှင်သက်သွား၏။ ဆုဝန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သကြားပြားများ ရောင်းပြီး ပိုက်ဆံများစွာ

ရှာနိုင်ခဲ့သောကြောင့် မြင်းလှည်းဝယ်ရန် ပိုက်ဆံရှိတာဟု တွေးလိုက်မိ၏။ သို့သော် ယင်းက မမှန်သေးပေ။ သကြားပြား ရောင်းခြင်းသည် ငွေတုံး ဆယ်တုံး သို့မဟုတ် ရှစ်တုံးလောက်သာ မြတ်နိုင်လောက်မည်။ သူမ မြင်းလှည်းကို မည်ကဲ့သို့ ဝယ်နိုင်မည်နည်း။

ရှန်လင်းက ထပ်ပြောလိုက်လေ၏။

“ အစ်ကိုလော့ရှန်း လှည်းထဲမှာ မိန်းကလေးတွေ ပါနေလို့ အစ်ကို့ကို ခေါ်သွားဖို့က အဆင်မပြေဘူး။ ဒါကြောင့် မခေါ်သွားတော့ဘူးနော် ”

ရှန်လင်းက ပြောပြီးနောက် လက်နှစ်ဖက်ဖြင့် အရိုအသေပေးပြီး သူ့မြင်းလှည်းကို ရှေ့ဆက် မောင်းသွားလိုက်သည်။

ဝမ်လော့ရှန်းသည် မြင်းလှည်း ထွက်သွားတာကို ကြည့်ပြီး အတော်ကြာသည်အထိ ပါးစပ်မပိတ်နိုင်ခဲ့ပေ။ လေအေးများက ဝမ်လော့ရှန်း၏ မျက်နှာနှင့် လည်ပင်းတို့ကို တိုက်ခတ်လာပြီး သူ၏အဝတ်အစား ဖိနပ်နှင့် ခြေအိတ်ထဲပါ ဝင်လာသောကြောင့် တုန်ယင်သွားတော့သည်။

ဆောင်းရာသီတိုင်းတွင် ဝမ်လော့ရှန်းက အိမ်ကနေ ချင်းယွင်ကောင်တီသို့ အသွားအပြန် လမ်းလျှောက်ရ၏။ သူသည် သွမ့်ကျင်းထျန်ကဲ့သို့ပင် နေ့စဉ်နေ့တိုင်း ကျောင်းသွားရန် မြင်းလှည်းရှိရန် ဆုတောင်းနေခဲ့တာ ဖြစ်သည်။

ယင်းက နွေးထွေးပြီး ဇိမ်ရှိကာ ရှုမျော်ခင်းကို ကြည့်နိုင်၏။ သို့သော် သူ၏မိသားစုတွင် မြင်းလှည်းဝယ်ရန် ပိုက်ဆံမရှိပေ။

ဝမ်လော့ရှန်းက သူ၏ယခင်ဘဝကို ပြန်ပြောင်း တွေးမိလိုက်၏။ ယခုကာလ၌ သူ၏မိသားစုသည် ကောင်တီမြို့သို့ ရွှေ့ပြောင်းပြီးဖြစ်ကာ သူသည် စာလေ့လာရန် ဤမျှခရီးရှည်စွာ သွားဖို့ မလိုအပ်တော့ပေ။

မိသားစု၌ ကြိတ်ဆုံ ပိုင်ဆိုင်ခဲ့သော်ငြား သူ၏ဖခင်သည် ကြိတ်ဆုံကို ချင်းယွင်ကောင်တီသို့ ရွှေ့ပြောင်းခဲ့၏။ ယွင်ယန်နှင့် လက်ထပ်ပြီးနောက် ယွင်ယန်သည် သူ၏ဖခင်ကို အကြံဉာဏ်ကောင်းများ မကြာခဏ ပေးခဲ့လေ၏။ နောက်ပိုင်းကျ သူ့ဖခင်၏ စီးပွားရေးက ပိုကောင်းလာ၏။ သူတို့မိသားစုက အိမ်ကြီးတစ်လုံး ပြောင်းနိုင်ခဲ့သည်။ မြင်းလှည်းလဲ ဝယ်နိုင်၏။ ထို့ကြောင့် သူသည် နေ့စဉ်နေ့တိုင်း ကျောင်းသို့ အေးအေးဆေးဆေး သွားနိုင်ခဲ့သည်။

သို့သော် ဤဘဝတွင်မူ သူ၏ဖခင်ကို ချင်းယွင်ကောင်တီ၌ ကြိတ်ဆုံဖွင့်ရန် ကြိမ်ဖန်များစွာ ဖြောင်းဖျခဲ့ပြီး ချင်းယွင်ကောင်တီသို့ ရွှေ့ပြောင်းခိုင်းခဲ့၏။ သို့သော် သူ၏ဖခင်သည် ထိုစကားကို ကြားချိန်၌ ဒေါသထွက်လာပြီး မြို့ထဲတွင်နေရတာက ကျေးလက်တွင် နေရသလောက် မကောင်းမွန်ဟု ဆိုခဲ့၏။ မြို့ရှိ အိမ်များက ဈေးကြီးသည်။ ဟင်းသီးဟင်းရွက် ဝယ်ရန်လဲ ပိုက်ဆံကုန် သုံးရမှာ ဖြစ်သည်။ ကျေးလက်၌ နေသလောက် မကောင်းဟု ဆိုသည်။ ကျေးလက်တွင် နေရာက ကျယ်ပြီး ကြက်များ၊ ဘဲများ မွေးမြူနိုင်ကာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်၏။ မြို့သို့ ပြောင်းလျှင် မည်သို့နေနိုင်မည်နည်း။ ယခင်ဘဝမှာ ချင်းရှီးရွာမှ ချင်းယွင်ကောင်တီသို့ ရွှေ့ပြောင်းချိန်၌ ထိုကဲ့သို့ ဒုက္ခမတွေ့ခဲ့ပေ။ ဝမ်လော့ရှန်းသည် အချိန်ကိုက် မဟုတ်တာကြောင့် ဖြစ်လောက်သည်ဟု သူ့ဘာသာသူ တွေးလိုက်မိ၏။ ယခင်ဘဝ၌ သူ၏ကာလအတွင်း မိသားစုက ရွှေ့ပြောင်းခဲ့ပြီး ဖြစ်သည်။

ဝမ်လော့ရှန်းသည် အနွေးဓာတ် ရစေရန်အတွက် လက်ပိုက်ထားလိုက်သည်။ ရှန်လင်းတို့ မြင်းလှည်း ထွက်သွားတာကို မြင်ပြီး ဝမ်လော့ရှန်း၏ ရင်ထဲ မနာလို ဖြစ်နေလေ၏။

ယခင်ကဆို ရှန်လင်းက အရာရာ၌ သန်မာခဲ့သည်။ ရှန်လင်းကို သဘောမကျခဲ့ပေ။ နောက်ပိုင်း ရှန်လင်းတို့ မိသားစု ဆင်းရဲသွားပြီးနောက် ရှန်လင်းထက် သူသာသွားပြီဟု ထင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ ရှန်လင်း ထပ်မံ ထွန်းတောက်လာပြီး သူက မယှဉ်နိုင်ခဲ့ပေ။

ဒါက မြင်းလှည်းပဲ မဟုတ်ဘူးလား။ ယွင်ယန်နဲ့ လက်ထပ်တဲ့အချိန် ခန်းဝင်ပစ္စည်း သယ်လာတဲ့အခါ သူက မြင်းကြီးတစ်ကောင်နဲ့ မြင်းလှည်းတစ်စီးလဲ ဝယ်လာပေးမှာပဲ။ ဒီတော့ ရှန်လင်းနဲ့ ယှဉ်နိုင်ပြီလေ။

အဆုံးကျ ဆုဝန်က သူ မလိုချင်တဲ့သူပဲ သူက ချင်းယွင်ကောင်တီက အရည်အချင်း ရှိတဲ့ မိန်းကလေးယန်ယွင်ရန်ကို လက်ထပ်မှာ။ ဒါပေမဲ့ ရှန်လင်းကတော့ သူ မလိုချင်တဲ့ ဆုဝန်ကို လက်ထပ်ရမှာ။ ရှန်လင်းက အသေဆိုးနဲ့ သေမှာပဲ။ သူ့ရဲ့ အနာဂါတ်က အကန့်အသတ်မဲ့တယ်။ ရှန်လင်းက အသေဆိုးနဲ့ သေမှာ။ ထိုသို့ တွေးမိပြီးနောက် ဝမ်လော့ရှန်းသည် ပိုပြီး စိတ်သက်သာသွားတော့သည်။

ဝမ်လော့ရှန်းသည် ကျောင်းသို့ သွက်သွက်လေး သွားလိုက်၏။ ယခုက စိုးရိမ်စရာ မရှိပေ။ နောင်ကျ သူက မော်ကြည့်ခံရမည့်သူ ဖြစ်၏။

…

All Chapters