← Chapters

အခန်း (၅၈)

Vol. 3 Ch. 58

အခန်း (၅၈)

Vol. 3 Ch. 58

အခန်း ( ၅၈ )

ရှန်လင်း၊ ဆုဝန်နှင့် ပေါက်စီသည် လင်မယားတို့က ‌ဝမ်လော့ရှန်း အပေါ် အမြင်ဆိုးနေကျ၏။ အစ၌ ဝမ်လော့ရှန်းသည် အနည်းငယ် ဒေါသထွက်ခဲ့သည်။ သို့သော် ထိုလူများသည် သာမန်လူတစ်ယောက် ဖြစ်ပြီး သူက စာသင်သား တစ်ဦးဖြစ်၏။ သူတို့နှင့် တွယ်ကပ်ရန် မလိုဟု စဉ်းစားမိလိုက်သည်။

ထို့အပြင် ဝမ်လော့ရှန်းသည် သူ၏အတန်းဖော်များက ရှန်လင်းကို မြင်တွေ့ချိန်၌ အတိတ်တုန်းက သူတို့ လေးစားခဲ့ရသည့် ပါရမီရှင်က လမ်းဘေး၌ ဈေးရောင်းနေရတာကို တွေ့ကြတော့မည်ဟု တွေးချိန်၌ စိတ်သက်သာရာ ရသွားသည်။

သူသည် တစ်နှစ်ပတ်လုံး၏ မုန့်ဈေးတန်းကို ဖြတ်ခဲ့၏။ ဤဈေးတန်းထဲ၌ စားစရာရောင်းသူ များစွာ ရှိသော်ငြား ကျော်ကြားသူက နည်း၏။ ပေါက်စီသည် လင်မယားသာလျှင် စီးပွားအနည်းငယ် ဖြစ်ထွန်းကြောင်း သူသိသည်။

ဝမ်လော့ရှန်းသည် သူ၏အဝတ်အစားကို သေသပ်အောင် ပြင်ပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေတာကို တွေးမိသွားသည်။ သူ အိမ်မှ ထွက်လာတာ အနည်းငယ် နောက်ကျ၏။ ထိုလူများနှင့် စကားများနေသောကြောင့် ဤနေရာ၌ အချိန်အနည်းငယ် ကြာသွားပြီ ဖြစ်ကာ သူ နောက်ကျတော့မှာပဲ ဖြစ်သည်။

ဝမ်လော့ရှန်းသည် သွက်သွက်ကလေး ကျောင်းတော်သို့ သွားလိုက်လေ၏။

ပေါက်စီသည် အမျိုးသမီးက ကျိန်ဆဲတော့သည်။

“ စာသင်သား တစ်ယောက်နဲ့ တူပေမဲ့ သူ့ရဲ့ အပြောအဆို၊ အပြုအမူတွေက ဝက်စာရောင်းတဲ့သူတွေ၊ ဟင်းသီးဟင်းရွက် ရောင်းတဲ့သူတွေလောက်တောင်

မကောင်းဘူး ”

ဆုဝန်၊ ရှန်လင်းနှင့် ပေါက်စီသည်လင်မယားတို့သည် တစ်ယောက်နှင့်တစ်ယောက် အမြင်မကြည်ကြသာ်ငြား ဝမ်လော့ရှန်းကို အထင်အမြင်သေးတာ သံသယဖြစ်ဖွယ် မရှိပေ။

ဆုဝန်သည် အရိုးစွပ်ပြုတ်ကို တည်ထားလိုက်သည်။ သူသည် မာလာထန်းကို အရသာနှစ်မျိုး လုပ်မှာဖြစ်သည်။ တစ်ခုက အရိုးပြုတ်ရည်ဖြင့် နောက်တစ်ခုက မာလာဟင်းရည် ဖြစ်သည်။ အရိုးပြုတ်ရည်ကို ချက်ရန် အချိန်ယူရအုံးမည် ဖြစ်သော်ငြား အစပ်ဟင်းချိုကိုမူ ပြုလုပ်ရန် လွယ်၏။

ရှန်လင်းသည် ဟင်းသီးဟင်းရွက်များ၊ တို့ဟူးနှင့် ကျန်သည့်ပါဝင်ပစ္စည်းများကို ဆေးကြောပြီး ဖြစ်သည်။ ဆုဝန်ကမူ သူတို့ကို အပိုင်းငယ်လေးများ လှီးလိုက်လေ၏။

ဆုဝန်သည် အစက တုတ်များတပ်ထားသည့် မာလာထန်းရောင်းဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် ထိုမာလာထန်းမျိုးကို အိုးနား၌ ဝယ်သူများက စားလေ့ရှိတာ ဖြစ်သည်။ မနေ့တုန်းက ဤဆိုင်ခန်းသေးငယ်တာကို သူမ တွေ့ခဲ့ရ၏။ ထို့ကြောင့် ဤကဲ့သို့ တည်ခင်းမှုက အလွန် မသင့်တော်ပေ။ ရောင်းချနည်းက တစ်ခုရှိသေး၏။ ထို့ကြောင့် ဆုဝန်သည် ဧည့်သည်များကို သူတို့ဘာသာ ပါဝင်ပစ္စည်း ရွေးချယ်ခိုင်းပြီးနောက် ဧည့်သည်များအတွက် တစ်ပန်းကန် ချက်ပြုတ်ပေးမှာပဲ ဖြစ်သည်။

ဆုဝန်နှင့် ရှန်လင်းတို့သည် ဈေးဆိုင်ရှေ့ရှိ ဇလုံထဲ ပြင်ဆင်ထားသည့် ပန်းကန်များ ထားလိုက်၏။

ပေါက်စီသည်အမျိုးသမီးက ဆုဝန်ကို ကြည့်ပြီး ပြောလိုက်တော့သည်။

“ ဘာရောင်းနေမှန်း မသိဘူး။ ရောင်းထွက်မှာလား ”

ဆုဝန်နှင့် ရှန်လင်းက စကားမပြောခဲ့ပေ။

တစ်ကယ်တော့ ဆုဝန်၌က ကြိုတွေးထားပြီး ဖြစ်သည်။ မာလာထန်း ရောင်းခြင်းက ရက်အနည်းငယ်လောက်တော့ ကောင်းမှာ မဟုတ်ပေ။ ချင်းကျိုးကောင်တီနှင့် ချင်းယွင်ကောင်တီ၌ မာလာထန်း ရောင်းတာကို သူမ မတွေ့ခဲ့ရပေ။ မာလာထန်း ရောင်းသည့်သူ မရှိသည့် အားသာချက်က ပြိုင်ဘက် မရှိတာပဲ ဖြစ်သည်။ သို့သော် အားနည်းချက်က စားသုံးသူများသည် မာလာထန်းကို အသားကျဖို့ အချိန်လိုအပ်၏။

ဆိုရလျှင် သူတို့သည် ထိုစားစရာကို ယခင်က တစ်ခါမှ မကြားဖူးလေရာ စားဖို့ဆိုတာ ဝေလာဝေးပင်။

ဆုဝန်အတွက် အလွယ်ကူဆုံး နည်းလမ်းက ဟင်းရည်ကို ပိုမွှေးအောင် လုပ်ရန်ပဲ ဖြစ်သည်။ သို့မှသာ လူတို့က အနံ့ရပြီး အရင် မြည်းစမ်းချင်လာမှာပဲ ဖြစ်သည်။

ဆုဝန်နှင့် ရှန်လင်းတို့က ဈေးဆိုင်လေးကို သန့်ရှင်းရေးလုပ်ပြီးချိန်၌ နေမွန်းတည့်ချိန် ရောက်လာပြီဖြစ်ကာ ခေါင်းရွက်ဗြက်ထိုး ဈေးသည်များလဲ တဖြည်းဖြည်း ရောက်လာ၏။ ဆုဝန်၊ ရှန်လင်းတို့၏ ဆိုင်၌ စားသုံးသူ မရှိပေ။ ဝယ်သူအများစုက ပုံမှန်ဝယ်နေကျ ဆိုင်များတွင်သာ ဝယ်လေ့ရှိသည်။

ဆုဝန်က အလျင်မလိုပေ။ သူမက အေးအေးဆေးဆေး ဖြစ်နေ၏။ ရှန်ယာယာက ရှန်လင်းကို ဤနေရာသို့ ဆွဲခေါ်လာပြီး အစေားအသောက်တန်းကို ကြည့်လိုက်သည်။ လှည့်ပတ်ကြည့်ပြီးနောက် အစားအသောက်တန်းက ရှန်လင်းကို တစ်ကယ် အံ့ဩသွားစေခဲ့သည်။ အခြေအနေကို ရှာတွေ့ပြီးနောက် ဤလမ်းထဲ၌ ပေါက်စီသည် သုံးသည်၊ သရေစာရောင်းသူ နှစ်သည်၊ စွပ်ပြုတ်ရောင်းသူ၊ ခေါက်ဆွဲ၊ ပန်ကိတ် ရောင်းသူများ တွေ့လိုက်ရ၏။ အများစုက အရည်အသွေး ကောင်းပြီး ဈေးချိုသည်။

ဆုဝန်ဆိုင်၏ ညာဘက်ခြမ်းရှိ သရေစာဆိုင်က မွန်းတည့်ချိန် ရောက်သည်အထိ ပိတ်ထားတာ ဖြစ်သည်။ ကောင်းစွာ ဝတ်စားထားသည့် မိန်းမပျိုလေးက ဖြည်းဖြည်းချင်း လျှောက်လာပြီးနောက် သူမ၏ သရေစာဆိုင်ကို ဖွင့်လိုက်တော့သည်။ ပေါက်စီ ရောင်းသည့် အမျိုးသမီးက ထိုမိန်းမပျိုလေးကို ကြည့်ပြီး ပြောလိုက်၏။

“ ငပျင်းမ ”

သရေစာရောင်းသည့် မိန်းမပျိုလေးက ထိုစကားကို ကြား၏။ ပေါက်စီသည်ကို မျက်စောင်းထိုးလျက် ပြောလိုက်သည်။

“ အလုပ် လုပ်ဖို့က အသက်ကြီးလွန်းနေပြီ။ ရုပ်ဆိုးတာ ဘာမှမကောင်းဘူး ”

ဆုဝန်သည် သူတို့နှစ်ယောက်ကြား ပွဲထဲ ဝင်မပါပေ။ သို့သော် မိန်းမပျိုလေးက ဆုဝန်၏ ဆိုင်ကို သတိပြုမိသွား၏။ သူမ သရေစာဆိုင်ကို ဖွင့်ပြီးနောက် ဆုဝန်၏ ဆိုင်သို့ ပြေးလာကာ မေးလိုက်တော့သည်။

“ ညီမ ဘာစားစရာ ရောင်းတာလဲ ”

မိန်းမပျိုလေးက လှပပြီး အသားအရေ ဖြူဖွေးနူးညံ့ကာ ပန်းရောင် ဆောင်းဝတ်စုံကို ဝတ်ထား၏။ သူမသည် ချင်းယွင်ကောင်တီရှိ အမျိုးသမီး အများစုထက် ပိုလှသည်။

ဆုဝန်သည် သူမ၏ စားစရာအကြောင်း မိန်းမပျိုလေးကို ဖော်ဖော်ရွေရွေ စိတ်ရှည်လက်ရှည် မိတ်ဆက်လိုက်၏။

မိန်းမပျိုလေးသည် ဆုဝန်၏ ဆိုင်က သူမ၏ ဆိုင်နည်းတူ လူမရှိတာကို တွေ့လိုက်ရသဖြင့် သူမက ပြောလိုက်၏။ “ ညီမ တို့ကို တစ်ပန်းကန်ပေး တို့ ဈေးဦးဖောက်ပေးမယ် ”

ဆုဝန်က ပြုံးလိုက်လေ၏။

“ အစ်မ စားဖို့ အချိန်မတန်သေးဘူး။ ဒါ့အပြင် အခု စားလိုက်ရင် အစ်မ အစာအိမ်အတွက် ကောင်းမှာ မဟုတ်ဘူး။ နေ့လယ်ကျ တစ်ပန်းကန် ဒကာခံမယ် ”

မိန်းမပျိုလေးက ပြုံးလိုက်၏။ သူမသည်လဲ မနက်စာ စားထားတာ မကြာသေးပေ။ ဆုဝန်၏ ပြောကြားချက်ကလဲ အလွန် အမြော်အမြင် ရှိလှပေ၏။ မိန်းမပျိုလေးနှင့် ဆုဝန်တို့က တစ်ယောက်ပေါ်တစ်ယောက် အမြင်ကောင်း ရှိသွားသည်။ မိန်းမလှများသည် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားတာ ဖြစ်လောက်၏။

မိန်းမပျိုလေးသည် သူတို့ မျိုးရိုးနာမည်က ရွှီဖြစ်ကြောင်း ဆုဝန်ကို ပြောခဲ့၏။ ဆုဝန်သည် ယခုအချိန်မှ စပြီး သူမကို အစ်မရွှီဟူ၍ ခေါ်နိုင်၏။ ဆုဝန်ကလဲ သူမ၏ နာမည်ကို ပြောပြလိုက်သည်။ အမျိုးသမီးရွှီက ဆုဝန်ကို ညီမဆုဟု ခေါ်၏။

ပေါက်စီဆိုင်၏ စီးပွားရေးက ကောင်းမွန်သည်။ လူတို့က ရံဖန်ရံခါ လာဝယ်၏။ အမျိုးသမီးရွှီ၏ သရေစာဆိုင်နှင့် ဆုဝန်၏ မာလာထန်း ဆိုင်တို့ကသာ လူသူကင်းမဲ့ ခြောက်ကပ်နေတာ ဖြစ်သည်။

ခဏအကြာတွင် အမျိုးသမီးရွှီ၏ အမျိုးသားက လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသည့် အဆာပြေ မုန့်ပန်းကန် အချို့ဖြင့် ရောက်လာ၏။ သူ့ဆိုင်၏ စီးပွားရေး မကောင်းတာကို မြင်ပြီး သူက အမျိုးသမီးရွှီကို နှစ်သိမ့်လိုက်၏။ အချိန်ကုန်‌ေစရန် သရေစာရောင်း‌ေစချင်တာ ဖြစ်ကြောင်း သူ့ဘာသာသူ ပိုက်ဆံရှာနိုင်ကြောင်း ပြောခဲ့၏။ ထိုလူသည် အဆာပြေမုန့်များ စီစဉ်ပေးပြီးနောက် အလုပ်ပြန်သွားတော့သည်။

အမျိုးသမီးရွှီက ဆုဝန်နှင့် စကားထပ်ပြောလိုက်ပြီး ရှန်လင်းကလဲ ဆုဝန်ကို နှစ်သိမ့်ရန် ရောက်လာ၏။ စီးပွားရေး အဆင်မပြေလျှင်တောင် ကိစ္စမရှိပေ။ ပိုက်ဆံရှာဖို့ သူပင်လယ်ထဲသွားမည် ဖြစ်ကြောင်း သူ့ကို သူမ မှီခိုနိုင်ကြောင်း ပြောခဲ့၏။ ဆုဝန်သည်လဲ အချိန်ကုန်စေရန် ဈေးရောင်းနေနိုင်ကြောင်း ပြောခဲ့၏။

ဆုဝန်သည် သက်ပြင်းချမိသွားသည်။ အမျိုးသမီးရွှီ၏ ခင်ပွန်းနှင့် ရှန်လင်းတို့က တူညီသည့် လူတန်းစားများ ဖြစ်သည်။ အလုပ်လုပ်ရန် မိန်းမကို လက်ညှိုးတထိုးထိုး ခိုင်းနေသည့် ဘေးဆိုင်မှ လူနှင့် မတူပေ။ ပေါက်စီဆိုင်ပိုင်ရှင် အမျိုးသမီးက အလုပ်များစွာ လုပ်ရသော်ငြား အမျိုးသားများကို အလုပ်လုပ်ခိုင်းသည့် အမျိုးသမီးရွှီနှင့် ဆုဝန်တို့ကို အထင်တသေး ကြည့်လျက် သူကမူ ဂုဏ်ယူနေပုံပေါ်၏။

မွန်းတည့်ချိန်တွင် အမျိုးသမီးရွှီ၏ သရေစာဆိုင်၌ လူအနည်းအကျဉ်းသာ လာဝယ်သည်။

အစပ်နံ့နှင့် အရသာရှိသည့် အနံ့ရသည့် လူတချို့ကလဲ ဆုဝန်ကို မည်သို့သော စားစရာမျိုး ရောင်းချနေကြောင်း လာမေးလာ၏။ ဆုဝန်သည် ထိုလူများကို စိတ်ရှည်လက်ရှည် ရှင်းပြပြီးနောက် ထိုလူများသည် ထိုအရာများက ခေါက်ဆွဲများထက် ဈေးကြီးကြောင်း ပြောခဲ့၏။ ခေါက်ဆွဲများထက် ဈေးကြီးသော်ငြား အဖိုးမထိုက်တန်သည့် ဟင်းသီးဟင်းရွက်များသာ ဖြစ်ကြောင်း ပြောခဲ့သည်။ တို့ဖူးဖြင့် သူတို့ မည်ကဲ့သို့ ဗိုက်ပြည့်နိုင်မည်နည်း။ ခေါက်ဆွဲစားတာက ပိုကောင်းလိမ့်မည်။

မြည်းကြည့်ချင်သည့် သူများ ရှိသော်ငြား ဆုဝန်၏ ဆိုင်၌ မည်သူမှ စားမနေတာကို တွေ့လိုက်ရသည်။ သူတို့က အနံ့ကောင်းပြီး အရသာဆိုးမှာကို စိတ်ပူပြီး ပိုက်ဆံဖြုန်းမိသွားမှာကို စိုးသည်။ ဤသို့ဖြင့် မည်သူမှ လာမစားကြပေ။ ထို့ကြောင့် မနက်ခင်းထဲက ယခုအချိန်ထိ ဆုဝန်၏ ဈေးဆိုင်က ဈေးဦးမပေါက်သေးပေ။

ဆုဝန်က အလျင်မလိုပေ။ သူမ အစထဲက တွေးထားပြီးသား ရှိ၏။ လူတချို့သာ ဤမာလာထန်းကို စားမိပြီးသွားပြီး သတင်းပျံ့သွားပါက သူမ စီးပွားရေး အခြေ‌အနေ တိုးတက်လာမှာ ကျိန်းသေသည်။

အမျိုးသမီးရွှီက ဆုဝန်တို့နေရာ လာပြီး ပြောလိုက်၏။

“ ညီမဆု တို့အတွက် တစ်ပန်းကန် ”

မွန်းတည့်ချိန် ရောက်ပြီ ဖြစ်ကာ စားဖို့အချိန်တန်ပြီမှန်း သိလိုက်၏။ ဆုဝန်သည် အမျိုးသမီးရွှီကို အစပ်စားနိုင်လားဟု မေးပြီးနောက် အမျိုးသအီးရွှီအတွက် အစပ်တစ်ပန်းကန် ချက်ပေးလိုက်သည်။

ယင်းက အမျိုးသမီးရွှီအဖို့ မာလာထန်းစားတာ ပထမဦးဆုံး အကြိမ်ဖြစ်သည်။ ထို့ကြောင့် သူမက ဆုဝန်ကို သူမအတွက် ပါဝင်ပစ္စည်းများ ရွေးခိုင်းလိုက်၏။

ဆုဝန်သည် တို့ဟူး၊ ဝက်သားပြား၊ ဝက်သား၊ ဝက်အူချောင်း၊ မှို၊ ကန်စွန်းဥနှင့် ခေါက်ဆွဲတို့ကို အမျိုးသမီးရွှီအတွက် ချက်ပေးလိုက်သည်။ မာလာထန်း ချက်ပြီးနောက် ပါဝင်ပစ္စည်း မျိုးစုံသည် အနီတောက်တောက် ဟင်းချိုထဲမှ ပေါ်ထွက်လာ၏။ ကြက်သွန်မြိတ်နှင့် မြေပဲဆံ ဖြူးပေးလိုက်ကာ အငွေ့တထောင်းထောင်း ထနေလေ၏။

အမျိုးသမီးရွှီသည် မနက်စာစားတာ နောက်ကျ၏။ အစ၌ ဗိုက်မဆာသော်ငြား မာလာထန်း တစ်ပန်းကန်ကိုကြည့်ပြီး သူမ သရေကျမိသွားကာ ဗိုက်ဆာလာမိတော့သည်။

ဝမ်လော့ရှန်းက ကျောင်းသွားချိန်၌ သူပထမဆုံး ပြုလုပ်သည့်အရာက မနက်စာစားချိန်၌ ရှန်လင်းက ယခု ကျောင်းနှင့် သိပ်မဝေးသည့် အဆာပြေတန်း၌ စား‌စရာ ရောင်းနေပြီ ဆိုသည့်အကြောင်း ပြောပြခဲ့တာပဲ ဖြစ်သည်။

ရှန်လင်းသည် ယခင်က စာလေ့လာစဉ် အင်မတန် ထူးချွန်ထက်မြက်ခဲ့၏။ ကျောင်းသားများက သူ့ကို လေးစား အားကျခဲ့ကြသည်။ ယခု ရှန်လင်း လမ်းပေါ်၌ စားစရာ ရောင်းနေတာကို ကြားလိုက်ရသောအခါ သူတို့ သက်ပြင်းချမိသွား၏။

သွမ့်ကျင်းထျန်နှင့် လီရှန်းကလဲ ရှန်လင်းအတွက် ပိုတောင် စိတ်မကောင်း ဖြစ်နေကြသည်။ သွမ့်ကျင်းထျန်က ဝမ်းနည်းစွာ ပြောလိုက်၏။

“ အစ်ကိုရှန်သာ စာလေ့လာနေမယ်ဆိုရင် နောင်ကျ သူ့ရဲ့ဘွဲ့အမည်က ရွှေစာရင်းထဲမှာ ရှိမှာကျိန်းသေတယ်။ မှန်းဆလို့မရတာ အမှန်ပဲ။ အစ်ကိုက ဉာဏ်ထက်တယ်။ စီးပွားရေး လုပ်တယ်ဆိုရင်တောင် တခြားသူတွေနဲ့ ကွဲနေမှာ ”

ထိုစကားကို ကြားသောအခါ ဝမ်လော့ရှန်းက စိတ်မသက်မသာ ဖြစ်သွားတော့သည်။ သူလာချိန်၌ ရှန်လင်းနှင့် ဆုဝန်တို့က ကန်စွန်ဥများ၊ အာလူးများ၊ သိုးသားများဖြင့် အခြားအရာများ ရောင်းတာကို မတွေ့ရပေ။

ထိုအရာများကို စားဖူးပြီးသား ဖြစ်၏။ မည်သူကများ ထိုပစ္စည်းများကို စားဖို့ ပိုက်ဆံသုံးလိုစိတ် ရှိမည်နည်း။ ထိုလူနှစ်ယောက်က အနားရှိလူများကို အရူးလုပ်ဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။

ဆုဝန်နှင့် ရှန်လင်းတို့က ထိုသို့လုပ်တာ မဟုတ်ပေ။ သို့သော် သွမ့်ကျင်းထျန်က ရှန်လင်း အရည်အချင်းရှိသည်ဟု တွေးနေ၏။ ရှန်လင်း၏ ဆုတ်ယုတ်နေသော သွင်ပြင်ကို သူတွေ့မှသာ ရှန်လင်းက ဘာကောင်မှ မဟုတ်ကြောင်း ယုံသွားမည့်ပုံရသည်။

ဝမ်လော့ရှန်းက မလိုမုန်းတီး စိတ်ထားလျက် ပြောလိုက်တော့သည်။

“ မင်းတို့တွေ ဒီနေ့‌ နေ့လယ် ကျောင်းမှာ မစားချင်ကြဘူးပဲ။ ညီအစ်ကိုရှန်လင်းက စီးပွားရေး စလုပ်နေပြီဆိုတော့ သူ့ကို အားပေးကြရအောင်လား ”

သွမ့်ကျင်းထျန်က ခေါင်းညိတ်လိုက်၏။

“ ငါလဲ တွေးမိတယ် ”

ဝမ်လော့ရှန်းကမူ ရှန်လင်း၏ ဈေးဆိုင်၌ လူသူ ကင်းမဲ့နေသောပုံစံကို တွေ့စေချင်တာပဲ ဖြစ်သည်။ ဈေးရောင်းတာကပင် ရှက်စရာ ကောင်းနေပြီ ဖြစ်၏။ စီးပွားရေးကလဲ မကောင်းသဖြင့် ပိုတောင် အရှက်ကွဲပေလိမ့်မည်။

ကျောင်းသားများက နေ့လယ်၌ ရှန်လင်း၏ ဆိုင်တွင် သွားစားမည်ဟု ပြောခဲ့၏။ အဆာပြေလမ်းကလဲ သိပ်မဝေးသောကြောင့် လူတိုင်းအဖို့ နေ့လယ်၌ သွားရန် အဆင်ပြေသည်။

လူအများစုက ပွဲထဲပါချင်နေ၏။ ဝမ်လော့ရှန်း နည်းတူ ရှန်လင်း ဟာသလုပ်နေတာကို မြင်ချင်သည့်သူ အချို့လဲ ရှိသည်။

အမျိုးသမီးရွှီက ဆုဝန်ချက်ပေးသည့် မာလာထန်းကို ယူပြီး လက်နှင့်အနီးဆုံး စားပွဲဆီ ယူသွားလိုက်၏။ သို့မှသာ စားသုံးသူများ ရောက်လာချိန်တွင် စားစရာကို မြင်နိုင်မှာပဲ ဖြစ်သည်။

ရှန်ယာယာက အမျိုးသမီးရွှီအတွက် တူများကို အမြန်ချပေးလိုက်သည်။ ဟင်းသီးဟင်းရွက်ချဥ်များ၊ ဆားရည်စိမ်များ ယူလာပေး၏။ တစ်ဖက်တွင်မူ ရှန်လင်းက ဆုဝန် ပြုလုပ်ပေးထားသည့် ရေနွေးအိုးကို သယ်လာပြီး အမျိုးသမီးရွှီ၏ နေရာတွင် ထားလိုက်လေ၏။

ရွာထဲတွင် ဇီးပင်များစွာ ရှိသော်ငြား မည်သူမှ မကောက်ယူပေ။ ဇီးသီးကြွေများ များပြားလှပေ၏။ ဆုဝန်နှင့် ရှန်ယာယာတို့က ဇီးသီးများစွာ ကောက်ယူခဲ့ပြီးနောက် ဇီးဖျော်ရည်များ ပြုလုပ်ခဲ့၏။

အမျိုးသမီးရွှီက အစပ်ဟင်းကို ရပြီးနောက် ဖြတ်သွားဖြတ်လာများက အမျိုးသမီးရွှီ၏ ပန်းကန်ကို ကြည့်သွားကျသည်။ ယင်းက မည်ကဲ့သို့ စားစရာမျိုးနည်း။ ထူးထူးဆန်းဆန်း အရသာ ရှိမည့်ပုံ ပေါ်၏။

ကျောင်းသား တစ်ဒါဇင်ခန့်ကလဲ ဆုဝန်၏ မာလာထန်းဆိုင်သို့ ရောက်လာပြီး ဆိုင်ရှေ့၌ လူသူကင်းမဲ့နေပြီး စားသုံးသူ တစ်ယောက်သာ ထိုင်နေတာ တွေ့လိုက်ရ၏။ ရှန်လင်းကမူ ဧည့်ခံနေပုံရသည်။

ဤရှုထောင့်အရ ရှန်လင်းဆိုင်၏ စီးပွားရေး အခြေအနေက မကောင်းလှပေ။ ရှန်လင်းသည် ဤဆိုင်၌ စားပွဲထိုး တစ်ယောက်အဖြစ် အလုပ်လုပ်နေသေး၏။

ဝမ်လော့ရှန်းက အပျော်လွန်သွားသည်။ ရှန်လင်းနှင့် ဆုဝန်တို့၏ စီးပွားရေး ထင်ထားသလို အလုပ်မဖြစ်ဟု ခံစားမိသည်။

“ အစ်ကိုရှန် ! ” သွမ့်ကျင်းထျန်က အရင်ဆုံး ပြောလိုက်၏။

ရှန်လင်းက ခေါင်းမော့လိုက်ရာ သူ၏ယခင် အတန်းဖော်များ ဖြစ်နေတာကို တွေ့လိုက်ရ၏။

သွမ့်ကျင်းထျန်က ပြောလိုက်တော့သည်။

“ အစ်ကိုရှန် ဒီမှာ စီးပွားလုပ်နေတယ်လို့ အစ်ကိုဝမ် ပြောတာ ကြားတာကြောင့် အားပေးဖို့ ရောက်လာတာ ”

အနောက်ရှိ ကျောင်းသားများကလဲ သံယောင်လိုက်လေ၏။

ရှန်လင်းကမူ ဝမ်လော့ရှန်း မျော်လင့်ထားသကဲ့သို့ ရှက်ရွံ့မှုကို မခံစားရပေ။ ထို့အစား သူသည် ယခင် အတန်းဖော်များကို နွေးထွေးစွာ ကြိုဆိုပြီးနောက် သူတို့ကို ရွေးချယ်နိုင်သည့် ဟင်းလျာများနှင့် မိတ်ဆက်ပေးလိုက်သည်။

စာသင်သားတစ်စုက ရွေးချယ်ရန် ရောက်လာကျသည်။ သို့သော် အထဲတွင် ချက်ပြုတ်သူက ဆုဝန်ဖြစ်တာကို တွေ့လိုက်ရသည်။ သူတို့က သွမ့်မိသားစု၏ စားသောက်ပွဲ၌ ဆုဝန်ကို တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ဆုဝန်နှင့် စကားစမြည် ပြောဖူးကြသည်။ ဤနေရာ၌ ဆုဝန် ရှိနေရသည့် အကြောင်းရင်းကို မေးလေ၏။

ဆုဝန်က မဖုံးကွယ်ခဲ့ပေ။ သူနှင့် ရှန်လင်းတို့ စေ့စပ်သည့်အကြောင်း ပြောပြခဲ့သည်။ သွမ့်ကျင်းထျန်က ဆုဝန်ကို မြင်တေွ့‌ေသာအခါ ထိတ်လန့်သွားလေ၏။ သို့သော် သတင်းကြားသောအခါ ပိုတောင် လန့်သွားတော့သည်။ စာသင်သား ဒါဇင်ရှိအနက် သွမ့်ကျင်းထျန်နှင့် ဝမ်လော့ရှန်းသာလျှင် ဆုဝန်ကို စကားမပြောခဲ့တာ ဖြစ်သည်။

သွမ့်ကျင်းထျန်၏ ရင်ထဲ လေးလံနေ၏။ ဆုဝန်ကမူ အလွန်ပေါ့ပါးနေသည်။ ယခုအခေါက်တွင် ရှန်လင်းက နိမ့်ပါးသော အခြေအနေကို မြင်တွေ့ပြီ ဖြစ်သည်။ ဝမ်လော့ရှန်းက ရုတ်တရက် ကျေနပ်အားရသွားကာ ရှန်လင်းကို ပြောလိုက်၏။

“ အလုပ်အကိုင် မကောင်းတာ ပုံမှန်ပါပဲ။ ဒီလို စီးပွားရေးက လုပ်ဖို့ လွယ်တာမှ မဟုတ်တာ။ ဒါပေမဲ့ ဒီနေ့ အတန်းသားတွေရဲ့ အားပေးမှုနဲ့ဆို ပိုက်ဆံ မဆုံးရှုံးလောက်တော့ဘူး ”

ရှန်လင်းက ဝမ်လော့ရှန်းကို စကားမပြောသေးပေ။ ဝမ်လော့ရှန်းက ရှန်လင်းကို အရှက်ကွဲစေချင်တာ ဖြစ်သည်။

စာသင်သားများသည် တစ်ယောက်ပြီး တစ်ယောက် ရွေးချယ်လိုက်ကြ၏။ ဆုဝန်သည် မာလာထန်း တစ်ပန်းကန်ပြီး တစ်ပန်းကန် သေသပ်စွာ ချက်ပြုတ်ပေးလိုက်၏။ ရုတ်တရက် သရေစာဆိုင်၊ ပေါက်စီဆိုင်နှင့် ဆုဝန်တို မာလာထန်း ဆိုင်ရှေ့ရှိ စားပွဲနှင့် ကုလားထိုင်များ အားလုံး လူပြည့်သွားတော့သည်။

ဝမ်လော့ရှန်းသည် ရှန်လင်းကို ကယ်တင်ရန် လူခေါ်လာခဲ့မိသောကြောင့် သာလွန်သည်ဟု ခံစားနေရသည်။ ရှန်လင်း၏ နှိမ့်ချသော သွင်ပြင် လူတိုင်းအတွက် စားပွဲ၌ အဖန်ရည်များ၊ ရေများ တည်ခင်းဧည့်ခံ နေတာကိုမြင်ပြီး ဝမ်လော့ရှန်းက သက်တောင့်သက်သာ ဖြစ်သွားလေ၏။

ထိုစဉ် ဝမ်လော့ရှန်းသည် ဖြတ်သွားဖြတ်လာများ ပြောတာကို ကြားလိုက်ရ၏။ “ ဒီလူတွေက ဒီမာလာထန်းဆိုင်က စားစရာတွေ စားနေတဲ့ပုံပဲ၊ အရသာ ရှိရမယ်။မဟုတ်ရင် ဒီလောက် လူတွေအများကြီး ဘာလို့ ရောက်လာမှာလဲ၊ စားကြည့်ကျရအောင် ”

ထိုလူသည် ဆုဝန်၏ ဆိုင်သို့ ရောက်သွား၏။ ခဏကြာပြီးနောက် ဖြတ်သွားဖြတ်လာ များစွာကလဲ ရောက်လာပြီး ဆုဝန်၏ဆိုင်ကို ကြည့်နေကြသည်။ ပြီူနောက် ရေရွတ်ပြောနေကျ၏။ အဘယ်ကြောင့် လူများစွာ စားသောက်နေသနည်း။

ဝမ်လော့ရှန်း မှင်တက်သွားတော့သည်။ ဖြတ်သွားဖြတ်လာတွေက အရူးတွေလား။ လူတွေအများကြီး တွေ့တာကြောင့် အရသာရှိမယ်လို့ ခံစားမိတယ်ပေါ့။ ဒါ သူတို့ရဲ့ မူလရည်ရွယ်ချက် မဟုတ်ဘူးလေ။

...

All Chapters