အဘိုးရှန် အမှုရှုံးသွားခြင်း
Vol. 3 Ch. 62
ချင်းယွင်ကောင်တီမှ မိန်းကလေးများအနက် ယန်ယွင်ရန်သည် လေးစားဖွယ်အကောင်းဆုံး မိန်းကလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ ယန်ယွင်ရန်နှင့် အပြန်အလှန် အကျိုးပြုနေသော မိန်းကလေးများသည် ရက်သတ္တပတ်များတွင် ယန်ယွင်ရန်၏ ဦးဆောင်မှုနောက်သို့ လိုက်ကြ၏။ မာလာထန်းဆိုင်သည်ကား ထိုသို့မဟုတ်ပေ။ ထို့ကြောင့် ကျန်သော မိန်းကလေးများသည် တစ်ယောက်ပြီးတစ်ယောက် သဘောတူကြသည်။ ယန်ယွင်ရန့်အပြင် ချင်းယွင်ကောင်တီရှိ မုန့်စျေးတန်းလမ်းမှ ချီရှီအမည်ရှိဆိုင်သည် မုန့်စျေးတမ်းလမ်းမှ စျေးဆိုင်များအားလုံးအနက် လူအများ၏ သဘောကျခြင်းကို ခံရသည်။ သို့သော် မာလာထန်းမှာ ထိုသို့ မဟုတ်ပေ။
ဤမိန်းမငယ်လေးများသည် သူတို့၏ အမျိုးသားများ သို့မဟုတ် ကြီးမားသောဆွေကြီးမျိုးကြီး စီးပွားရေးသမားများမှ သင်ပေးကြခြင်း ဖြစ်ပေသည်။ သူမတို့သည် ပိတ်ရက်များတွင် လျှို့လျှို့ဝှက်ဝှက် အားထုတ်ကာ ဂုဏ်သတင်းကောင်းများကိုသာ ပျံ့စေ၏။ သို့သော် ယန်ယွင်ရန်မှ အပ အခြားအရည်အချင်းရှိသည်ဟု ကျော်ကြားသောသူတော့ မရှိပါ။ အခြားသူများသည် အတွေးများစွာ တွေးကြသော်လည်း မည်သည့်အကျိုးသက်ရောက်မှု လှိုင်းကမှ ဖြစ်မလာပါပေ။
ယခုအခါ မုန့်စျေးလမ်းသည် ချီရှီဟူသော ခေါင်းစဥ်ကို လွယ်ကူစွာ အောင်မြင်ခဲ့ပြီး ဖြစ်ပြီး ဤလူများအား မသက်မသာ ခံစားရစေ၏။
သူမသည် သာမန် ကျေးလက်သူလေးဖြစ်၏။ သို့သော် သူမသည် ထင်ရှားကျော်ကြားလေသည်။
တည်တည်ငြိမ်ငြိမ်နှင့် ဆုဝန်၏ ကျော်ကြားမှုအပေါ် မကျေနပ်သော မိန်းကလေးအချို့ ရှိနေပါသော်လည်း ထိုမိန်းကလေးများသည် သူငယ်ချင်းများ ဖြစ်ကြပြီး ပိတ်ရက်များတွင် သူတို့သည် မုန့်လမ်းထဲမှ မာလာထန်းကို မကြိုက်ကြကြောင်း ရှင်းလင်းပြောတတ်ကြ၏။ အကယ်၍ သူတို့သည် အတိအကျ မကြိူက်ကြပါလျှင် အခြားမကြိုက်ကြသော မိန်းကလေးများကိုပါ ခေါ်ကာ ဆွယ်ကြမည်ဖြစ်သည်။ ထို့ကြောင့် သူမတို့သည် သူမတို့၏ သဘောထားအမှန်ကို မပြကြပေ။
သို့သော် ထိုမိန်းမငယ်လေးများသည် ထိုကိစ္စများတွင် နေသားမကျကြပါ။ မုန့်စျေးလမ်းမှ စီးပွားရေးသည် နေ့စဥ် နာမည်ကြီးလေ၏။ လူအများစုတို့သည် မနက်ခင်းတွင် စောစောထကာ နေ့လယ်တွင်စားနိုင်ဖို့ တန်းစီကြသည်။ အားလုံးပြီးနောက် နေ့လယ်ဘက်တွင်လည်း ပွဲရှစ်ဆယ်သာ ရောင်းချ၏။ ထိုသို့ရောင်းရရန်မှာ အချိန်မည်မျှ ကြာနိုင်မည်နည်း။
မုန့်စျေးလမ်းမှ မာလာထန်းကို စားခွင့်မကြုံသော သူတို့သည် တောင်ဘက်လမ်းသို့ သွားကြသည်။ ထိုတောင်ဘက်လမ်းသည် ဝင်ရောက်ဖို့ရာ လူတွေ ပြည့်ကြပ်နေကြသော်လည်း ရောင်းချဖို့ရာ အရေအတွက်ကို ကန့်သတ်ထားခြင်းတော့ မရှိပါ။ စားသုံးသူများ ရှိနေသရွေ့ သူတို့သည် ဆက်လက် ရောင်းချနေမြဲပင် ဖြစ်သည်။ အချိန်သာစောင့်နိုင်ပါက စားနိုင်မည်သာ ဖြစ်ပေသည်။
ဆုဝန်သည် ဟင်းပွဲအများကြီး မရောင်းချခြင်းမှာ ငွေများများ မလိုချင်၍တော့ မဟုတ်ပါ။ သို့သော် လူအင်အားသည် အကန့်အသတ်ရှိသည်။ ဆုဝန်နှင့် ရှန်လင်းတို့သည် လုပ်စရာအလုပ်များ များစွာ ရှိသည်။ အကယ်၍ သူတို့သည် မာလာထန်းလုပ်ပြီး ရောင်းချရေးကိုသာ အာရုံစိုက်လိုက်ပါက အခြားဘာမှကို အာရုံလဲ မစိုက်နိုင်သလို အခြားဘယ်အရာကိုမှလည်း လုပ်နိုင်မည် မဟုတ်ပါချေ။
သူတို့သည် တစ်နေ့လျှင် ပွဲတစ်ရာ့ခြောက်ဆယ်ကိုသာ ရောင်းချနိုင်သည်။ ထို့ကြောင့် သူတို့သည် အလွန်အမင်း အလုပ်တော့ မများပါ။ ဆုဝန်သည် အချိန်ရလျှင် အိမ်ကို ပြန်ကြည့်တတ်ပြီး ရှန်လင်းသည်လည်း သူအားလျှင် အားသလို ဆိုင်ကို သွားကြည့်တတ်သည်။
မာလာထန်းစီးပွားရေးသည် အလွန်ရောင်းရ၏။ သို့သော် ထိုအချိန်က ဆုဝန်နှင့် ရှန်လင်းတို့သည် တစ်ရက်စာကို ကန့်သတ်ကာ ရပ်တန့်ကြပါ၏။ အဘယ်ကြောင့်ဆိုသော် ရှန်လင်း၏ အဘိုးအဘွားဖြစ်သူ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းအား မနာခံမှုနှင့် ရုံးတော်သို့ တရားစွဲတင်အား၏။ ထို့ပြင် သူတို့သည် ရှန်လင်း၏ အိမ်ကိုပါ ဖျက်ဆီးပစ်ချင်နေသည်။ သူတို့သည် နဂိုကအတိုင်း ရှန်လင်းကို သူတို့၏ အလုပ်များ မကြာခဏလာရောက် ဝိုင်းကူစေချင်ကြောင်း တရားသူကြီးမင်းကိုပါ မေးထားသည်။
မြေးတစ်ယောက်အနေနှင့် ရှန်လင်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့ကို တရားမစွဲနိုင်ပေ။ သို့သော် အဘိုးရှန်နှင့် အဘွားရှန်တို့ကမူ ရှန်လင်းကို တရားစွဲ၍ ရ၏။ တစ်နေ့သောမနက် တရားစီရင်ရေး ခန်းမ ဖွင့်ချိန်တွင် သားကြီးရှန်သည် အဘိုးရှန်နှင့် အဘွားရှန်တို့ကို ခေါ်လာသည်။ ထိုမျှမကသေး ချင်းရှီရွာမှ ရွာသားအားလုံးကလည်း လာကြ၏။ ဘာမှလုပ်စရာ မရှိကြသောကြောင့် စိတ်လှုပ်ရှားဖွယ်အရာကို လာရောက်ကြည့်ရှုကြခြင်းက ကောင်းသော ရွေးချယ်မှုပင် ဖြစ်၏။ ထို့ပြင် ပြဇာတ်ရုံ၌ ပြဇာတ်သွားကြည့်လျှင်တောင် ပိုက်ဆံပေးနေရဦးမည်။ ကောင်တီတရားသူကြီး၏ တရားစီရင်မှုကို ကြည့်ရှုရခြင်းသည် ပိုက်ဆံလဲ မကုန်ကျပါချေ။
အသက်ကြီးကြီး တရားသူကြီးက သူ၏ တူကိုထုပြီး တရားစီရင်ရာခန်းမကို ဖွင့်ခိုင်းချိန်တွင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် မျက်ရည်များကျပြကာ တရားရုံးခန်းမတွင် ဒူးထောက်ထိုင်ချကာ ငိုပြလေတော့သည်။ အဘွားရှန်သည် မျက်ရည်များကြားမှ နှာတရှုံ့ရှုံ့နှင့် ရှန်လင်းသည် တာဝန်မကျေပွန်သော မြေးမိုက်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အို သူတို့နှစ်ဦးအား လျစ်လျူရှုကာ ပစ်ထားကြောင်း ပြောလေ၏။ သူတို့ကို ဒေါသထွက်စေကာ ဘာမှလဲ မကျွေးကြောင်း ပြောသည်။
မည်သို့ပင်ဖြစ်စေ၊ တရားသူကြီးမင်းသည် ပို၍ အသေးစိတ် မေးမြန်းလေ၏။ “အမယ်အိုရှန်၊ ခင်ဗျားက ခင်ဗျားရဲ့ မြေးဟာ တာဝန်မကျေပွန်ကြောင်း ပြောတယ်နော်။ ခင်ဗျားတို့ကို အစာလဲမကျွေးဘဲ ဒေါသထွက်အောင် လုပ်တယ်ပေါ့။ ဘယ်လိုတွေဖြစ်ကြတာလဲ။ ကျုပ်ကို တစ်ယောက်ချင်း အသေးစိတ် ပြောပြပါဦး။ ရှန်လင်းတာဝန်မကျေတဲ့ အကြောင်းကနေ စပြီး ပြောကြရအောင်။ သူက ဘယ်လို စည်းကမ်းမျိုးကို ချိုးဖောက်ပြီး တာဝန်မကျေတာလဲ”
အဘွားရှန်သည် သူမ၏ မျက်ရည်များကို သုတ်ရင်း ပြော၏။ “ကျွန်မရဲ့မြေးကလေ တကယ် တော်တော်လေးကို တာဝန်မကျေတဲ့ မြေးမိုက်ပါ။ ကျွန်မတို့ လူအိုနှစ်ယောက်ကို ဆန့်ကျင်တယ်။ စားစရာရော၊ ငွေရော၊ ပန်းကလေးတစ်ပွင့်တောင် လာမပေးတဲ့အပြင်၊ ကျွန်မတို့ နှစ်ဦးရဲ့ အလုပ်တွေကိုလဲ ဝိုင်းကူမပေးပါဘူးရှင်” တရားသူကြီးက ခေါင်းညိတ်သည်။ အဘွားရှန်သည် ဤသည်ကို တွေ့သောအခါ ကောင်တီတရားသူကြီးက သူမ ပြောသည့် ရှန်လင်းက တာဝန်မကျေသူတစ်ဦးဖြစ်သည် ဟူသော အချက်ကို ထောက်ခံလိုက်သည်ဟု ခံစားလိုက်ရသဖြင့် အလွန်ပင် မစွမ်းသာနိုင်အောင် ပျော်ရွှင်သွား၏။
ကောင်တီတရားသူကြီးမင်းက ရှန်လင်းကိုလဲ ထပ်မေးသည်။ “မင်းအဘွားပြောတာ အကုန် အမှန်ပဲလား” ရှန်လင်းသည်လည်း ဟောခန်းမ အရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ တရားသူကြီးမင်းအား ပြန်ဖြေ၏။ “အခုနှစ် မတိုင်ခင်တုန်းက ကျွန်တော့်အိမ်မှာ ဟင်းကောင်း ရှိပြီဆိုတာနဲ့ အဘိုးအဘွားတို့ကို ကျိန်းသေပေါက် သွားပေးပါတယ်။ အဲ့လို အမြဲပေးခဲ့ပြီး ခုနှစ်မှာတော့ ကျွန်တော့်အမေဟာ အပြင်းအထန် နာမကျန်းဖြစ်တဲ့အတွက် အိုးနဲ့ဆန်နဲ့ ကပ်အောင်တောင် မစားသောက်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အမေကို အသက်ရှင်အောင် စွမ်းဆောင်ဖို့တောင် အနိုင်နိုင်ရယ်ပါ။ ကျွန်တော့် အဘိုးအဘွားတွေဟာ အသက်ကြီးနေပြီ ဖြစ်ပေမဲ့ သူတို့မှာ စားစရာရှိပါသေးတယ်။ ငွေရေးကြေးရေးမှာလဲ အတူတူပါပဲ။ ယခုနှစ် မတိုင်ခင်အထိ ပိုက်ဆံလဲ ပေးနေကြပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကျွန်တော်တို့မိသားစုမှာ အမေ့အတွက် ဆေးဖိုးဝါးခလဲ ရှာနေရပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်ခဲ့ပါဘူး။ ဆန့်ကျင်ဖို့ မပြောနဲ့၊ ကျွန်တော့်အဘိုးအဘွားတွေအပေါ် စကားကြမ်းလေးတောင်… မပြောခဲ့ဖူးပါဘူး…ဗျာ…”
ဆုဝန်သည် နားထောင်နေရင်း ရှန်လင်း၏ စကားများသည် အနည်းငယ် ရှောင်တိမ်းရန် လွယ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ဆုဝန်သည် ဟောခန်းရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး၊ အဘိုးရှန်နှင့် အဘွားရှန်တို့သည် တစ်နှစ်လုံး ရှန်လင်းကို ခေါ်ကာ သားကြီးရှန်၏ အလုပ်များကိုသာ ကူလုပ်ခိုင်းကြောင်း၊ ရှန်လင်းသည် ထိုအလုပ်များကိုသာ လုပ်နေခဲ့ရကြောင်း ပြောသည်။ သားကြီးရှန်တို့သည် သူတို့အလုပ်ကို သူတို့ ဘယ်သောအခါကမှ မလုပ်ခဲ့ရဘဲ ရှန်လင်းသာ လုပ်ပေးနေခဲ့ရကြောင်းကိုလဲ ထုတ်ဖော်ပြောပြသည်။ အဆုံးတွင် ဆုဝန်က အကယ်၍ ရှန်လင်းအား တာဝန်မကျေပွန်သော မြေးမိုက်ဟု စီရင်ချက်ချခဲ့ပါလျှင် သားကြီးရှန်နှင့် သူ့သားများသည် ရှန်လင်းထက် ပို၍ပင် တာဝန်မကျေပွန်ကြောင်း၊ အဘယ်ကြောင့်ဆိုသော သူတို့သည် အဘိုးရှန်နှင့် အဘွားရှန်တု့်အပေါ် ရှန်လင်း အလုပ်ကျွေးပြုသည်၏ ဆယ်ပုံတစ်ပုံပင် အလုပ်ကျွေး မပြုကြကြောင်းတို့ကိုပါ ဖွင့်ထုတ် ပြောပြလေ၏။
ဆုဝန်က ဆက်ပြောသည်။ အကယ်၍ တရားသူကြီးမင်းသည် သူမ ပြောသော စကားများကို မယုံကြည်ခဲ့ပါလျှင် သက်သေပြပေးနိုင်သော ချင်းရှီရွာသားအနည်းငယ်လဲ ဒီနေရာတွင် ရှိနေကြောင်း ဆိုလေ၏။
ကောင်တီတရားသူကြီးသည် သက်သေများကို မခေါ်ပါ။ သို့သော် အဘွားရှန်နှင့် သူ့သားကြီးကို မေးသည်။ “ခင်ဗျားက ခင်ဗျားတို့မိသားစု ဒုတိယသားရဲ့ မြေးဖြစ်သူက တာဝန်မကျေပွန်ဘူးလို့ ပြောတယ်နော်။ ဟုတ်ပြီ။ ကျုပ်မေးပါရစေ။ ဒါဆို ခင်ဗျားတို့ ခုနကပြောလိုက်တဲ့ အချက်တွေကို ပထမသားကြီးရဲ့ သားသမီးတွေကကော လုပ်ပေးလား”
ကောင်တီတရားသူကြီးမင်းက ထိုသို့မေးလိုက်သောအခါ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ကြောင်သွားသည်။ တရားဟောခန်းမ၏ အပြင်တွင် ရပ်နေကြသော ရွာသားများကလဲ လှုပ်လှုပ်ရွရွနှင့် စကားများ ပြောနေကြလေသည်။
“ဟုတ်ပါ့နော်၊ အဲ့လိုပြောမှပဲ သားကြီးရှန်ရဲ့သားသုံးယောက်လုံးက အဘိုးရှန်နဲ့ အဘွားရှန်အတွက် ဘာမှ မလုပ်ပေးဖူးဘူးမလား”
“အဲ့မြေးတွေအားလုံးမှာ အပြစ်ရှိတာပဲကို သူတို့က ရှန်လင်းကိုပဲ စွပ်စွဲနေကြတာပဲ။ ဒါ ရှန်လင်းအပေါ် သပ်သပ်မဲ့ အငြိုးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားတယ်” သားကြီးရှန်၏ သားသုံးယောက်တို့သည် အဘိုးရှန်နှင့် အဘွားရှန်တို့၏ အလုပ်များကို ကူမလုပ်ပေးရုံမက အဘိုးအဘွားတို့အား လိမ်လဲလိမ်လည်ကြသေးသည်။ သားကြီးရှန်သည် သူ့ပိုက်ဆံဖြင့် သူ့သားသုံးယောက်ဆီသို့သာ စားကောင်းသောက်ဖွယ်များ ယူသွားပေးသည်ကို မြင်ကြရပြီး၊ အဘိုးရှန်နှင့် အဘွားရှန်တို့ဆီသို့ ယူသွားပေးသည်ကိုတော့ မမြင်ဖူးကြပါ။ သို့သော် ရှန်လင်းကမူ ထိုကဲ့သို့ ယူသွားပေးပါ၏။
“ငါတစ်ကြောင်းတည်းနဲ့ တိုတိုနဲ့ လိုရင်းကို ပြောပြမယ်”
ဆုဝန်သည် တစ်ချက်လှမ်းကြည့်လိုက်သောအခါ ကောင်တီတရားရုံး၏ အပြင်ဘက်တွင် ယန်လျိုအာ နှင့် ယန်လျိုဆန်း အပြင် အခြား ကျိုးကြောင်းဆင်ခြင်တတ်သော ရွာသားများ ရှိနေလေသည်။ အတင်းအဖျင်း ပြောတတ်သူ အနည်းစုလဲ ရှိနေကြသေးသော်လည်း ကျိုးကြောင်း ဆင်ခြင်တတ်သူများလဲ ရှိနေပါသေး၏။ ထို့ကြောင့် ဤနေရာတွင် ထိုစကားများသော အတင်းအဖျင်းပြောတတ်သူများ၏ စကားသည် ကြီးကြီးမားမား အကျိုးသက်ရောက်ခြင်း ဖြစ်မလာနိုင်ပါ။
ထို့နောက် ကောင်တီတရားသူကြီးသည် တရားရုံးအပြင်ဘက်မှ ရွာသားများကို ဝင်လာခိုင်းပြီး ရှန်လင်း၏ တကယ့်အခြေအနေကို ဖြေကြားစေ၏။
ထိုသက်သေများအနက် ယန်စန်းဟူသော လူနှင့် အဘိုးအိုလီတို့မှာ ပုံမှန်အားဖြင့် တရားမျှတကြသော လူများဖြစ်ကြပြီး အခြားတစ်ဦးမှာ ရှန်စန်းသူငယ်ချင်း ယန်ဝူပင် ဖြစ်ပေသည်။
ယန်စန်းနှင့် အဘိုးအိုလီတို့က ရှန်လင်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့အား ပိတ်ရက်များတွင် ကူညီအလုပ်လုပ်ပေးပြီး၊ အစားအစာများလဲ ယူလာပေးကာ လယ်ရိတ်သိမ်းချိန်တိုင်း ပိုက်ဆံများလဲ ပေးတတ်ကြောင်းကို ပြောသည်။ သို့သော် ထိုလူအိုနှစ်ဦးတို့သည် အမြဲ မကျေနပ်မရောင့်ရဲကြပေ။ ထို့ပြင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် အကြောင်းမရှိ အကြောင်းရှာကာ ရှန်လင်းအား လူကြီးများအပေါ် အမြဲ တာဝန်သိခိုင်းနေတတ်သည်။
ဝမ်ဝူကလဲ ရှန်မိသားစု၏ ဒုတိယသား သေဆုံးပြီးနောက် ရှန်လင်းသည် သူ့အဖေ၏ တာဝန်ကိုပါ ယူကာ အဘိုးရှန်နှင့် အဘွားရှန်တို့အပေါ် ပို၍ တာဝန်ကျေပွန်သင့်ကြောင်း ပြောပြ၏။
ဝမ်ဝူ့စကားကို ကြားသောအခါ အဘိုးရှန်က အမြန်ပြန်ပြော၏။
"ဟုတ်တယ်၊ ဒီထဲမှာ ဝမ်ဝူတစ်ယောက်ပဲ အမှန်ကို ပြောသေးတယ်။ ငါ့ဒုတိယသား သေပြီးကတည်းက ငါတို့နှလုံးသားတွေနာကျင်ရတာ လုံလောက်နေပါပြီ။ ရှန်လင်းက သူ့ရဲ့ကိုယ်ပိုင်အလုပ်တွေအပေါ် တာဝန်ကျေသင့်ရုံတင် မကဘူး။ သူ့အဖေကိုယ်စားပါ တာဝန်ကျေပွန်ပေးရမယ်။ ပြီးတော့ ရှန်လင်းက ငါတို့နှစ်ယောက်ရဲ့ အိမ်အလုပ်ရော လယ်အလုပ်ရောပါ ကူညီပေးသင့်တယ်"
"ဒုန်း" တရားသူကြီးမင်းသည် တရားရုံးတူကို ပြင်းထန်စွာ ထုရိုက်ချလိုက်သည်။
"မင်းတို့နှစ်ယောက်ဟာ ကျိုးကြောင်းမဆီလျော်တာတွေ အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတယ်ဆိုတာ ထင်ရှားလွန်းတယ်၊ ငါအခု နားလည်ပြီ၊ မင်းတို့နှစ်ယောက်ဟာ ရှန်လင်းကို မှားယွင်းစွာ စွပ်စွဲပြောဆိုနေကြတာပဲ။ ရှန်လင်းက လက်မထပ်ရသေးတဲ့ မင်းတို့မြေး လူပျိုလေးပဲ။ အဘိုးအဘွားတွေအနေနဲ့ ကိုယ့်မြေးရဲ့ အိမ်ထောင်ရက်သားကျရေးကို စိတ်ဝင်စားပေးရမဲ့အစား ရှန်လင်းကို မင်းတို့အပေါ်တာဝန်ကျေပွန်ပေးဖို့ပဲ ပြောနေကြတယ်။ သူ့အဆင်မပြေမှုတွေ၊ သူ့မိသားစု မကျန်းမာမှုတွေကို ဂရုမစိုက်ကြဘူး၊ ဒါဟာ ဘယ်လို တာဝန်မကျေပွန်မှုမျိုးလဲ"
"မြေးတစ်ယောက်အနေနဲ့ ရှန်လင်းက သူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ပေးဖို့သာ လိုအပ်တယ်။ ယခုအခါ သက်သေတွေရဲ့ ထွက်ဆိုချက်အရ ပိတ်ရက်တွေမှာ ရှန်လင်းလုပ်ပေးခဲ့သောအရာတွေက သူ့အဖေအတွက်ပါ လုံလောက်နေပြီ လို့ ယူဆရတယ်။ ရှန်လင်း နောက်ထပ် ဘာမှထပ်လုပ်ပေးဖို့ မလိုအပ်တော့ဘူး။ မင်းရဲ့ အိမ်နဲ့ လယ်ယာတွေအတွက်လဲ တရားစီရင်ခုံဖွင့်ရင် မင်းမိသားစုကျ ခွဲထွက်လို့ရပြီ။ ဒုတိယသားမိသားစုဟာ ဒုတိယသားရဲ့ မိသားစုအနေနဲ့ပဲ နေရုံပဲ။ ခင်ဗျားတို့ရဲ့ အောင်မြင်လှတဲ့ သားကြီးက ဘာမှမလုပ်ပေးဘူးမလား၊ ကောင်းပြီ။ ဒီနေ့ တရားခုံရုံးမှာ ကျုပ်ရဲ့ ဆုံးဖြတ်ချက်က ရှန်လင်းရဲ့ တာဝန်မကျေပွန်ဘူးဆိုတဲ့ စွပ်စွဲချက်က မခိုင်လုံဘူး။ ပြီးတော့ ဒုတိယသားရဲ့ ပိုင်ဆိုင်မှုတွေဟာလဲ ရှန်လင်းတစ်ယောက်တည်းနဲ့သာ သက်ဆိုင်တယ်။ ရုံးချိန်းပြီးပြီ”
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ဤသို့သော ရလဒ်မျိုးကို မျှော်ပင် မမျှော်လင့်ခဲ့ကြဖူးပါ။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှန်လင်းကို တာဝန်မကျေပွန်သော မြေးမိုက်တစ်ဦးအဖြစ် ပြောခဲ့ကြပါ၏။ ထို့ပြင် ရွာထဲမှ လူများကလည်း ရှန်လင်းကို တာဝန်မကျေပွန်သော မြေးမိုက်အဖြစ် ပြောနေခဲ့ကြသည်ဖြစ်သည်။ အဘယ်ကြောင့် ရှန်လင်း၏ တာဝန်မကျေပွန်သော မြေးမိုက်ဟူသည့် ဂုဏ်ပုဒ်သည် သူတို့ ကောင်တီတရားသူကြီးမင်းထံလာမှ ပြောင်းလဲပျောက်ကွယ်သွားရပါသနည်း။ သိုးမွေးအဝတ်တစ်ထည်မဆိုထားဘိ၊ အိမ်ရော စည်းစိမ်တွေရော လယ်ယာမြေတွေရော အားလုံးတို့သည် သူတို့နှင့် ဘာမှ မသက်ဆိုင်တော့ပါပေ။
အဘွားအိုရှန်သည် သူမအသံကိုမြှင့်ကာ အော်ငိုလိုက်သည်။
“ဒုတိယသားလေးရေ မင်းရဲ့သားက မင်းအဖေနဲ့အမေကို ဘယ်လိုတွေတောင် စွပ်စွဲနေလဲဆိုတာ မျက်လုံးဖွင့်ပြီး ထကြည့်လှည့်ပါဦး”
ကောင်တီတရားသူကြီးမင်းသည် ဆက်လက်၍ သည်းမခံနိုင်တော့ပါ။ အဘွားအိုရှန်သည် ဒုတိယသားရှန်၏ အိမ်ကို သူမကိုယ်တိုင် ဆောက်ပေးခဲ့ပြီး လယ်ယာများကိုလဲ သူမကိုယ်တိုင် စိုက်ပျိုးပျိုးထောင်ပေးခဲ့သည့်ဟန် ပြောနေသည်။ အကယ်၍ သူ့သားအရင်းကို ထိုသို့ လွှတ်ပေးလိုက်ဖို့တောင် တတ်နိုင်နေပါလျှင် အဘယ်ကြောင့် ဤအမျိုးသမီးအိုကြီးသည် ရှန်လင်းကို ဤစည်းစိမ်များနှင့် မထိုက်တန်သည့်ဟန်၊ မပေးလိုသည့်ဟန် ပြုနေရပါသနည်း။
ကောင်တီတရားသူကြီးမင်းသည် တရားရုံးတူကို ထပ်ထုလိုက်ပြီး “တယ် ဒီဉာဏ်နီဉာဏ်နက်များတာ ထင်ရှားလှတဲ့ မိန်းမကြီး၊ ဘယ်သူက ဒီကောင်တီတရားရုံးမှာ ခုလို စည်းကမ်းမဲ့ ပြုမူခိုင်းလို့လဲ။ ဒီကိုလာကြစမ်း၊ ဒီအမယ်အိုကြီးကို ဆွဲထုတ်သွားကြပြီး၊ ကြိမ်ဒဏ်ငါးချက်ပေးလိုက်”
ရုံးတော်အစေခံများသည် အဘွားရှန်ကို ဆွဲထုတ်သွားကြပြီး ကြိမ်ဒဏ်ငါးချက်ပေးလိုက်ကြ၏။
ဆုဝန်သည် သူမ၏ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကြိမ်ဒဏ်ငါးချက်သည် မများလှသော်လည်း အရှက်ရစေ၏။ ယခုအခါ ရွာထဲကလူတိုင်းသည် အဘွားရှန် ကြိမ်ဒဏ်ပေးခံရခြင်းမှာ ရှန်လင်းအား တာဝန်မကျေဟု မဟုတ်မမှန် စွပ်စွဲသောကြောင့်ဖြစ်မှန်း သိသွားကြသည်။ ယခုအခါတွင် ရှန်လင်းသည် တာဝန်မသိသော မြေးမိုက်ဖြစ်သည်ဟူသော အတင်းအဖျင်း စကားများသည် လုံးဝပျံ့နှံ့တော့မည် မဟုတ်ပါချေ။
အဘိုးရှန်သည်မူ အရှုံးမပေးချင်သေးပါ။ ထို့ကြောင့် သူသည် တရားသူကြီးမင်းရှေ့တွင် ခယဝပ်တွားကာ ပြောလိုက်သည်။
“ကောင်တီတရားသူကြီးမင်းဟာ အလွန် တရားမျှတကြောင်းကို ရှိနေတဲ့ သက်မဲ့ မြက်ပင်တွေကအစ သိပါတယ်။ ရှန်လင်းဟာ တကယ့်ကို တာဝန်မသိတတ်တာပါ ခင်ဗျာ။ သူက အခု စီးပွားရေးတစ်ခု လုပ်နေပါတယ်။ သူက တကယ်လဲ နာမည်ကြီးနေပြီး ချမ်းလဲ ချမ်းသာနေပါပြီ။ ခုအခြေအနေမှာတော့ ကျွန်တော်တို့ကို ပြန်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ အတွေးမှာတော့ သူဟာ နေ့တိုင်း တစ်နေ့ကို ငွေတုံးတစ်တုံး ရနေသူပါ။ ဆိုတော့ ကျွန်တော်တို့ လောဘမကြီးပါဘူး။ ကျွန်တော်တို့ လူအိုကြီးနှစ်ယောက်တွက် တစ်နှစ်ကို ငွေတုံးငါးဆယ်လောက်ပဲ ထောက်ပံ့ပေးမယ်ဆိုရင် သူ့ကို တာဝန်ကျေပွန်တဲ့ မြေးတစ်ယောက်အဖြစ် သတ်မှတ်ပေးပါမယ်”
ရှန်လင်းက ပြောသည်။ “အဲ့ဆိုင်က ကျွန်တော့်ဆိုင် မဟုတ်ဘူး။ ဆုဝန်ရဲ့ဆိုင်ပါဆိုဗျာ…”
အဘိုးရှန်သည် ခေါင်းကိုက်သွား၏။ ထပ်လာပြန်ပါပြီ။ ဆုဝန်ပိုင်တာလို့ ထပ်ပြောပြန်ပြီ။ ယခုအချိန်တွင် ရှန်လင်းသည် သူ့အိမ် သူ့မြေနှင့် သူ့လယ်များကိုပင် ဆုဝန်ပိုင်သည်လို့တော့ မပြောပါ။ သို့သော် မာလာထန်းဆိုင်ကို ဆုဝန်ပိုင်သည်ဟု ပြောနေ၏။
ဆုဝန်က တွေးထားသည်မှာ သူမနှင့် ရှန်လင်းတို့သည် မကြာမီ လက်ထပ်ကို လက်ထပ်ဖြစ်ကြမည်။ ထိုအခါ သူမ ပိုင်ဆိုင်မှုများက ရှန်လင်းလည်း ဆိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ မပြောခြင်းဖြစ်သည်။
ဆုဝန်က “အဘိုးနဲ့ တရားသူကြီးမင်းရှင့်။ ရှန်လင်းဟာ သားအရင်းတစ်ယောက်လို အရမ်းတွေ တာဝန်ကျေပြနေစရာ မလိုခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ သူ့တာဝန်သိမှုကို ပြသခဲ့ပါတယ်။ ဒါဆိုရင်ရော၊ ရှန်လင်းဟာ ဦးလေးရှန်တို့ သားတွေထက် တာဝန်ကျေပွန်ခဲ့တာပဲ မဟုတ်ဘူးလား။ ဦးလေးရဲ့ အကြီးဆုံးသားနဲ့ ဒုတိယသားဟာ ကောင်တီမှာ စာပေလေ့လာနေပါတယ်။ သူတို့ကိုခေါ်ပြီး အနာဂတ်မှာ သူတို့ရဲ့ အစ်ကိုကြီးရှန်လင်းကို ဘယ်လိုတာဝန်သိတတ်မလဲဆိုတာကို ဘာလို့ ခေါ်မမေးရတာပါလဲ” ဟု ပြောလိုက်သည်။
ကောင်တီတရားသူကြီးမင်းသည် သူ့မုတ်ဆိတ်မွေးများကို လက်နှင့် သပ်လိုက်၏။ ဤနည်းလမ်းမှာ တရားမျှတသည်။ ထို့ကြောင့် ကောင်တီတရားသူကြီးမင်းသည် သူ့ကောင်တီအစေခံများကို ဦးလေးရှန်မိသားစုမှ သားကြီးနှင့် ဒုတိယသားတို့အား သွားခေါ်ရန် စေလွှတ်လိုက်သည်။ သားကြီးနှင့် ဒုတိယသားတို့နှင့် ပတ်သက်၍ အမှန်တရားကို ရှာတွေ့နိုင်ရန်အတွက် တရားသူကြီးမင်းသည် ဆုဝန်၊ ရှန်လင်း၊ အဘိုးရှန်၊ အဘွားရှန်နှင့် ဦးလေးရှန်တို့ကို ဆိတ်ဆိတ်နေရန် ပြောလိုက်သည်။ အကယ်၍ တစ်ယောက်ယောက်က တစ်ခုခု ပြောလာခဲ့ပါလျှင် ကြိမ်ဒဏ်အခါ သုံးဆယ်ပေးမည်ဖြစ်သည်။ ဘေးဝန်းကျင်မှ ရွာသားများလည်း အတူတူပင်ဖြစ်၏။ စကားများပါက အချက်သုံးဆယ် အရိုက်ခံရမည်ဖြစ်သည်။
မကြာမီ ဦးလေးရှန်၏ သားနှစ်ယောက် ရောက်လာကြသောအခါ ကောင်တီတရားရုံးသည် အပ်ကျသံပင် ကြားလောက်သည်ထိ အလွန်တိတ်ဆိတ်နေလေ၏။
.....