← Chapters

ဇာတ်သိမ်း

Vol. 4 Ch. 82

ဇာတ်သိမ်း

Vol. 4 Ch. 82

မျက်စိတစ်မှိတ်အတွင်းတွင် ကျိုးဟွေ့စာမေးပွဲရလဒ်များ ထွက်ပေါ်လာသည့် အောက်တိုဘာလသို့ပင် ရောက်ရှိလာခဲ့ပေပြီ။ ပညာသင်စာမေးပွဲရလဒ်ထွက်သည့် နေ့ကကဲ့သို့ပင် ကျိုးဟွေ့ရလဒ်များကိုလဲ ရေပတ်လည်ဝန်းရံနေသည့် နေရာတွင်ထားသည်။

ဝမ်လော့ရှန်းနှင့် ရှန်လင်းတို့နှစ်ယောက်လုံးသည် ထိုစာရင်းကို ကြည့်ရင် ဝင်ပင် မတိုးနိုင်ပါချေ။

ကောင်တီတရားသူကြီးမင်းလုသည် ညလယ်တွင် တရားဝင်စာလွှာကို လက်ခံရရှိခဲ့လေသည်။ ထို့နောက် သူသည် သူ၏ဝတ်ရုံကို ဝတ်ဆင်ကာ တရားဝင်စာလွှာနှင့် မီးပန်းဗျောက်အိုးတို့ကို ယူပြီး ရှန်လင်းတို့အိမ်သို့ ထွက်လာခဲ့လေသည်။

ရှန်လင်းနှင့် ဆုဝန်တို့သည် ခြံတံခါးအပြင်ဘက်မှ ဗျောက်အိုးသံကို ကြားရချိန်တွင် အိပ်နေတုန်းသာ ရှိသေးသည်။ ထို့နောက် မိန်းမငယ်လေးတစ်ဦးသည် ကောင်တီတရားသူကြီးမင်း လာရောက်ကြောင်း လာရောက်ပြောသည့်အခါမှသာ ဆုဝန်နှင့် ရှန်လင်းတို့သည် သူတို့အဝတ်အစားများကို အလျင်အမြန် ဝတ်ဆင်ကာ တရားသူကြီးမင်းကို ထွက်တွေ့လေ၏။

ရှန်လင်းသည် တံခါးကိုဖွင့်ပြီး ကောင်တီတရားသူကြီးမင်းကို အရိုအသေပြုကာ တရားသူကြီးမင်းရှေ့၌ ရပ်၍နေလေသည်။ ထိုအခါ တရားသူကြီးမင်းက အလျင်အမြန်ပြောသည်။

“ညီငယ်ရှန်၊ မင်းကဘာမှ လုပ်နေစရာမလိုပါဘူး။ ညလယ်ခေါင်ကြီး အိမ်ရှေ့လာပြီး နှောင့်ယှက်မိပြီထင်ပါ့။ ဒါပေမဲ့ ဒီလိုသတင်းကောင်းကို ပြောဖို့အတွက် နေထွက်တဲ့အထိ မစောင့်နိုင်တော့လို့ပါ”

ကောင်တီတရားသူကြီးမင်းသည် သူ့အင်္ကျီလက်ထဲမှ တရားဝင်ခန့်အပ်စာလွှာကို ထုတ်ယူကာ ဂုဏ်ပြုလိုက်လေသည်။

“ညီငယ်ရှန်၊ ဒါက ကျိုးဟွေ့စာမေးပွဲရလဒ်အတွက် မြို့တော်ကလာတဲ့ စာလွှာပဲ။ ချင်းယွင်ကောင်တီက ပညာသင်တွေသာမက ချင်းကျိုးစီရင်စုတစ်ခုလုံးက ပညာသင်တွေအတွက်ပဲ”

ရှန်လင်းသည် စာမေးပွဲဖြေပြီးနောက် ခံစားချက်က ကောင်းနေခဲ့သည်။ သို့သော် သူသည် ကျိုးဟွေ့စာမေးပွဲကို ကျိန်းသေပေါက် အောင်မြင်အောင် ဖြေနိုင်လိမ့်မည်ဟုတော့ မခန့်မှန်းထားပါချေ။ ချင်းယွင်ကောင်တီသည် တိတ်ကျကျ စာမေးပွဲများ ဖြေခဲ့သောလည်း နှစ်ပေါင်းများစွာကြာအောင် ကျင်းယွင်ပညာရှိတစ်ဦးမှ မပေါ်ပေါက်လာခဲ့ဖူးပါချေ။ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ဖြစ်ပါ၏။

ကောင်တီတရားသူကြီးမင်းလုသည် သူ့ကို တစ်ဖန်ပြန်ကြည့်ရင်း ပြောလိုက်သည်။

“ခု ဒီချင်းယွင်ကောင်တီမှာ အရင်က မိန်းမငယ်လေးဆုကို လက်ထပ်တဲ့သူဟာ အဆင့်မြင့်ပညာသင်တစ်ဦး ဖြစ်မလာနိုင်ဘူးလို့ ကောလာဟလတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ညီငယ်ရှန်ဟာ အဆင့်မြင့်ကျောင်းတော်ကို သွားနိုင်ခဲ့ပြီ။ အဲဒါကြောင့် ဒီကောလာဟလတွေဟာ အခြေအမြစ်မရှိတဲ့ သတင်းတွေဆိုတာ ထင်ရှားတယ်။ လူတွေက ဒါကို ပန်းသတင်းလေညင်းဆောင်သလို လျှောက်ပြောနေကြပေမဲ့ တကယ်တော့ နိမိတ်မကောင်းတဲ့ စကားတွေသာသာပဲ”

ရှန်လင်းသည် အလွန်စိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။ “ဒီလိုဆို ကျွန်တော့်မိန်းမရဲ့ နာမည်ဂုဏ်သတင်းဟာ ရှင်းလင်းသွားပြီပဲပေါ့”

စကားအနည်းငယ် ပြောကြပြီးနောက် ရှန်လင်းနှင့် ဆုဝန်တို့သည် ကောင်တီတရားသူကြီးမင်းကို ဧည့်‌ဆောင်ဟောခန်းမသို့ ခေါ်ကာ အမြန် အရိုအသေပြုသည်။ အချိန်မှာ နေပင်မထွက်သေးဘဲ အလွန်စောနေသော်ငြား ကောင်တီလူကြီးမင်းသည် အိပ်မငိုက်ပါချေ။ သို့သော် သူသည် ရှန်လင်းအား သူ၏ တရားဝင် ကောင်တီလူကြီးမင်းအဖြစ် နေခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်ပြောပြနေပေ၏။

ကောင်တီတရားသူကြီးမင်းသည် သူ့ခရီးလမ်းအတွက် လမ်းခင်းပေးနေခြင်းဖြစ်ကြောင်းကို ဆုဝန်က သိသည်။ ရှန်လင်းသည် တရားသူကြီးအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထို့ပြင် အနာဂတ်တွင် ကောင်တီတရားသူကြီးမင်းတစ်ဦး ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်၏။ သူသည် ကောင်တီတရားသူကြီးမင်းလုနှင့် ရာထူးရာခံချင်းပါ တူနေသည်။ ကောင်တီတရားသူကြီးမင်းသည် အသက်လေးဆယ် ကျော်နေပြီဖြစ်ပြီး သူသည် ထိုအသက်အရွယ်မှ တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရတာ ဖြစ်သည်၊။ သို့သော် ရှန်လင်းသည်မူ အသက်နှစ်ဆယ်သာ ရှိသေးသည်ဖြစ်ပြီး ပုံမှန် စာမေးပွဲများတွင်လည်း ဝင်ရောက် ဖြေဆိုခြင်းများ မရှိခဲ့ပါ။ အကယ်၍ ရှန်လင်းသည် ပုံမှန်စာမေးပွဲများတွင် ကျင်းရှီအဆင့်ကို အောင်မြင်စွာသာ ဖြေဆိုနိုင်ခဲ့ပါက သူ၏ရာထူးသည် အလွန်ပင် မြင့်မားသွားမည် ဖြစ်ပါပေသည်။

ဆုဝန်က ဤသည်မှာ ကောင်တီတရားသူကြီးမင်းလု၏ ကြင်နာမှုကို ပြသခြင်းဖြစ်ကြောင်း သိလေသည်။ ပညာသင်ယူခြင်းနှင့် တရားဝင် ကောင်တီတရားသူကြီးမင်း ဖြစ်လာခြင်းတို့မှာ တကယ့်ကို ကွာခြားသည့် အရာများဖြစ်ကြသည်။

စာကောင်းကောင်းလုပ်နိုင်ရုံနှင့် တရားသူကြီးမင်းကောင်းဖြစ်လာနိုင်တာ မဟုတ်ပါချေ။ မထင်မှတ်ဘဲ ကျရောက်လာနိုင်သော ဘေးအန္တရာယ်များသည် တကယ့်ကို အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများပင် ဖြစ်ပါပေသည်။ ထို့ပြင် သူသည် ရှန်လင်းအား အရာရာ သင်ကြားပေးနေသည်။ သူသည် ရှန်လင်းတစ်ယောက် တရားသူကြီး ဖြစ်မှာကို တကယ့်ကို ယုံကြည်ပေးသည့် လူကောင်းတစ်ဦးပင် ဖြစ်ပါပေသည်။

ဆုဝန်သည်လည်း ကောင်တီတရားသူကြီးလု ရှန်လင်းအား ပြောပြနေသည့် အတွေ့အကြုံများကို နားထောင်နေသည်။ ဆုဝန်နှင့် ရှန်လင်းတို့သည်လည်း အနာဂတ်တွင် ထိုသို့သော ကိစ္စရပ်များနှင့် ကျိန်းသေ ကြုံတွေ့နိုင်ပါပေသည်။

အာရုဏ်တက်ချိန်သို့ ရောက်သောအခါ ဆုဝန်သည် ရှန်လင်းနှင့် တရားသူကြီးမင်းလုတို့အတွက် တစ်ဆယ့်ရှစ်မျိုးသော နံနက်စာကို သူကိုယ်တိုင် ပြင်ဆင် ချက်ပြုတ်ပေးသည်။ တရားသူကြီးမင်းလုသည် နှစ်ပေါင်းများစွာကြာအောင် သူအသက်ရှင်နေထိုင်လာခဲ့စဥ်အတွင်း ဤမျှလောက် အရသာရှိကာ နှလုံးသားထဲအထိ ထိမိလှသော အစားအစာမျိုးကို စားဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ဝမ်မိသားစုနှင့် ယန်မိသားစုတို့သည်လဲ နံနက်စောစော ထနေကြသည်။ တကယ်တော့ သူတို့သည် တစ်ညလုံး အိပ်မပျော်ကြတာ ဖြစ်ပါသည်။ ထိုမိသားစုနှစ်စုလုံးသည် စာရင်း၏ ဟိုးအောက်ခြေကတည်းက နံနက်အာရုဏ်တက်သည်အထိ စောင့်နေကြသည်။ ယမန်နေ့ညက ထိုစာရင်းအား ကြည့်ဖို့ တိုးကြိတ်နေသူများ များစွာရှိကြရာ ယန်မိသားစုနှင့် ဝမ်မိသားစုသည် တိုး၍ပင် မပေါက်ခဲ့ပါပေ။

ကံကောင်းထောက်မစွာပင် တိုးကြိတ်နေကြသူများအထဲ၌ ဝမ်လော့ရှန်း၏ သူငယ်ချင်းများ များစွာ ပါဝင်လေသည်။ အချို့က ဝမ်လော့ရှန်းအား လှမ်းခေါ်ကြသည်။

“လော့ရှန်း‌ရေ၊ မင်း သန့်တဲ့နေရာလေး တစ်ခုခုရှာပြီး ထိုင်နေ။ စာရင်းထွက်လာတာနဲ့ ငါတို့ မင်းကို အရင်ဆုံး ရှာပြီး လာပြောမယ် ဟုတ်ပြီလား”

ဝမ်မိသားစုနှင့် ယန်မိသားစုတို့သည် မနီးမဝေးနေရာမှ လက်ဖက်ရည်ဆိုင်လေးတစ်ခုကို ရှာကာ ထိုနေရာ၌ ထိုင်စောင့်နေကြသည်။ ထိုလက်ဖက်ရည်ဆိုင်နှင့် စာရင်းထုတ်ပြန်သည့်နေရာသည် အလွန်ပင် နီးသည်။ ခြေလှမ်းလေး ဆယ်လှမ်းလောက် လျှောက်ရုံနှင့် ထိုနေရာသို့ ရောက်နိုင်ပါပေသည်။

ဆရာယန်သည် လက်ဖက်ရည်တစ်ငုံကို သောက်ရင်း ပြောသည်။ “ငါ့သမက်က ဒီတစ်ကြိမ်တော့ သေချာပေါက် အဆင့်မြင့်ကျောင်းသား ဖြစ်လာမှာ။ ဒီနေ့တော့ ဘာကိုမှ ဖုံးကွယ်ထားစရာမလိုဘူး။ ငါ ယန်ယွင်ရန်တို့အတွက် နှစ်ဧကကျယ်တဲ့ ခြံတစ်ခြံ ဝယ်ထားပေးပြီးသွားပြီ။ စာရင်းထွက်ပြီးတာနဲ့ ငါ့သမက်နဲ့ ငါ့သမီးကိုခေါ်ပြီး ခြံကိုသွားကြည့်ကြမယ်”

ဝမ်မိသားစုသည် ထိုစကားကိုကြားသောအခါ မျက်လုံးများမှေးကာ ကြည့်လိုက်ကြသည်။

အမျိုးသမီးဝမ်သည် သူ့ကိုယ်သူ မည်မျှ လူကောင်း ဟန်ဆောင်စေကာမူ သဘောတူညီချက် ရသွားသောအခါ ဦးဆောင်ကာ ပြောချလိုက်သည်။

“ဒါကလဲ လော့ရှန်းက ပညာသင်အဖြစ် သတ်မှတ်ခံရမှသာပါ။ အဲ့ကျရင်လဲ သူက တရားဝင် ပညာသင်အိမ်တော်မှာ ကျိန်းသေပေါက် နေနိုင်မှာပဲလေ။ အဲ့လိုသာဆိုရင် ဒီလိုဝယ်တာက ခမည်းခမက်တို့အတွက် အသုံးမဝင် ဖြစ်နေမှာပေါ့။ လော့ရှန်းနဲ့ ယန်ယွင်က ဒါတွေ မလိုအပ်ပါဘူး။ တို့တွေ ဝမ်မိသားစုနဲ့အတူ ယန်ယွင်နေလို့လဲရနေတာပဲကို”

ဝမ်လော့ရွှယ်ကလဲ “ဒါဆို အဲ့ကျရင် သမီးရဲ့အခန်းက ကြီးပြီး အကျယ်ကြီးဖြစ်နေမှာပေါ့နော်” ဟု ဝင်ပြောသည်။

ဆရာယန်၏ မျက်နှာသည် ရုတ်တရက် မှိန်ကျသွားးသည်။ ဝမ်လော့ရှန်းအား ပညာသင်စာရင်း မထွက်ခင် သူ အိမ်တစ်လုံး ဝယ်ခိုင်းရသည့် အကြောင်းအရင်းမှာ ဝမ်လော့ရှန်း၏စိတ်ကို ပိုင်ရန်ဖြစ်သည်။ သို့သော်ငြား သူသည် ဝမ်လော့ရှန်း၏ မိဘများက ဤမျှလောက် အရှက်မဲ့ကြမည်ဟု တွေးထင်မထားခဲ့ပါချေ။

ဆရာယန်သည် ဝမ်လော့ရှန်းက ဝမ်လော့ရွှယ်ကို ပြန်ပြောလိုက်သည် ကိုကြားလိုက်ရသောအခါ ပြန်၍ပင်ပြောချင်လာသည်။ “ဒါပေါ့ ငါ့ညီမရဲ့”

ဆရာယန်သည် သူ့ပါးစပ်ဖျားမှ သွေးများပင် အန်ထွက်ချင်လာသည်။ အတူတူနေမည်တဲ့လား။ ဆရာယန်သည် သူ့တစ်ဘဝလုံးမှာတောင် ဤမျှကောင်းသော အိမ်တွင် မနေဖူးခဲ့ပါ။

သို့သော် စကားများသည် ပြောပြီးဖြစ်နေပြီ။ အဓိကရည်ရွယ်ချက်မှာလည်း ဝမ်လော့ရှန်း၏ စိတ်ကို ပိုင်နိုင်ရန်သာ ဖြစ်သည်။ ယခုအချိန်တွင် ဝမ်လော့ရှန်း၏မိဘများနှင့် ပြိုင်ငြင်းနေလျှင် သူ့စိတ်ကို ပိုင်ဖို့မပြောနှင့်။ ဆန့်ကျင်လုပ်နေရာသာ ကျနေပေလိမ့်မည်။

ဆရာယန်သည် သူ့ဒေါသများကို သူ့စိတ်နှလုံးထဲတွင်သာ သိမ်းဆည်းထားလိုက်ရသည်။ လက်ဖက်ရည် တစ်ငုံပြီး တစ်ငုံကိုသောက်ကာ စိတ်ကိုလျှော့ချထားလိုက်ရသည်။

သို့သော် ဝမ်အမေသည် ဤမျှလောက်နှင့် ရပ်မသွားပါချေ။ ထိုအစား သူမသည် ဆရာယန် ဝယ်ထားသော အိမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“တို့တွေ အဲ့အိမ်ကိုပြောင်းကြရင်၊ ခစားဖို့အတွက် ကျွန်တစ်ယောက်လောက် ဝယ်မှဖြစ်မယ်။ ပြီးတော့ တို့အိမ်ကို သေချာစောင့်ရှောက်ဖို့အတွက် အလုပ်သမားလဲ ငှားမှပါလေ”

“စားပွဲများ၊ ခုံများနှင့် ခုံတန်းများအားလုံးကို မဟော်ဂနီနှင့် လုပ်ရမယ်။ သစ်သားတွေက အလွန်အကောင်းကြီး မဟုတ်ပေမဲ့ မြေသင်းနံ့လို အနံ့ကလေးက သင်းနေမှာ…”

ဆရာယန်သည် သူ့ဒေါသကို ထိန်းလိုက်ကာ မေးလိုက်သည်။ “ဒါဆို အဲဒါတွေဝယ်ဖို့ ပိုက်ဆံကကော ဘယ်ကရမှာတုံး”

ဝမ်အမေက ပေါ့ပေါ့ပါးပါးပင် ပြန်၍ဖြေသည်။ “လော့ရှန်းသာ ပညာသင်တစ်ဦးဖြစ်သွားပြီဆိုရင် လစာလဲ ရပြီပဲလေ။ ပြီးတော့ အဲဒါနဲ့မှ မလောက်သေးရင် ယောက္ခမဖြစ်သူကလဲ ပေးလို့ရတာပဲ”

ဆရာယန်သည် ပါးစပ်ထဲတွင်‌ ပြောချင်သည့်စကားများ ပြည့်အံလာပြီး ထုတ်ကာပင် ပြောတော့၏။

“ကောင်တီတရားသူကြီးတစ်ယောက်က ဘယ်လောက်လောက်များ ရနိုင်မယ်လို့ ခင်ဗျားတို့က ထင်နေတာလဲ…”

သူပြောနေသည့်စကား မဆုံးခင်ပင် အပြင်မှ အသံကို ကြားလိုက်ရသည်။

ယန်မိသားစုနှင့် ဝမ်မိသားစုတို့သည် စကားပြောနေသည်များကို ရပ်လိုက်ကြပြီး ရင်သပ်ရှုမောစွာ စာရင်းကပ်ထားရာနေရာသို့ ကြည့်လိုက်ကြပေသည်။

သူတို့သည် စာရင်းကပ်ရာနေရာရှေ့တွင် စုပြုံနေသော လူအုပ်ကြီးကိုတွေ့လိုက်ကြရသည်။

ထို့နောက် အသံတစ်ခုက ထွက်လာသည်။ “အိုး ဘုရားသခင်၊ ငါတို့ ချင်းယွင်ကောင်တီမှာ ကျိုးဟွေ့ ကျင်းယွင်ပညာသင် ထွက်ပေါ်လာပြီပဲ”

“ဟယ် ဟုတ်လား။ ဘယ်သူလဲ ကျင်းယွင်ပညာသင်က”

“အဲဒါ… ရှန်လင်းပဲ”

“ရှန်လင်းတဲ့လား” တစ်ရွာလုံးသည် ကျိုးရင် စာမေးပွဲတောင် အောင်မြင်အောင် တစ်ခါမှ မဖြေနိုင်ဖူးသည့် သူ့ကို မမျှော်လင့်ထားကြပါ။ သူသည် မည်မျှ စာကြိုးစားခဲ့သနည်း။ ထို့ပြင် ရှန်လင်းသည် ဤမျှလောက်လေး စာလေ့လာရုံနှင့် ကျင်းယွင်ကဲ့သို့ ပညာသင်အဆင့်ထိ အောင်မြင်ခဲ့ပါသနည်း။

ဝမ်မိသားစုနှင့် ယန်မိသားစုတို့၏ မျက်နှာများသည် အလွန်ပင် ကြည့်၍ မကောင်းကြတော့ပါပေ။

ဆရာယန်သည် အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့် သူ့သမီးနှင့် ဝမ်လော့ရှန်းကို လက်ထပ်ပေးပြီး ဤကဲ့သို့ မလေးမစား ခမည်းခမက်များ မရခင်က ရှန်လင်း၏ တောက်ပသော အနာဂတ်ကို သူအဘယ်ကြောင့် မမြင်ခဲ့ရပါသနည်း။

ဝမ်မိသားစုရော ယန်မိသားစုတို့ကပါ စကားပင် မပြောနိုင်ကြတော့ပါ။ သူတို့အားလုံးသည် သူတို့၏ စိတ်ပျက်အားလျော့နေသော ထိန်းမရသည့် စိတ်တို့ကို ခဏချုပ်ထိန်းထားကာ ဝမ်လော့ရှန်း၏ သူငယ်ချင်းများက ဝမ်လော့ရှန်း၏ အဆင့် လာရောက်ပြောပြမည့်အချိန်ကို စောင့်နေကြသည်။

သို့သော် စောင့်နေရင်း စောင့်နေသော်ငြား စာရင်းကို လာကြည့်သည့်သူများသာ တစ်ယောက်ပြီး တစ်ယောက် ပြန်သွားသည်။ ဝမ်လော့ရှန်း၏ သူငယ်ချင်းတစ်ယောက်တစ်လေကမှ လာရောက်ကာ အကြောင်းမကြားကြပေ။

ဝမ်လော့ရှန်းသည် သူကိုယ်တိုင်သွားရာတွင် သူ့အနီး လက်ဖက်ရည်ဆိုင်နား၌ သူ့အဆင့်ကို လာရောက် ပြောမည်ဟူသော သူငယ်ချင်းနှင့် ဆုံသည်။ သူသည် သူ့သူငယ်ချင်း၏ လက်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုလီ ပြောတော့ ကျွန်တော့်အဆင့်ကို လာပြောပြပေးပါမယ်ဆိုပြီး၊ ဘာလို့ မပြောပြဘဲ ထွက်သွားရတာလဲ”

ထိုလူသည် ခပ်ရှက်ရှက်ဖြင့်ပင် “ညီလေးဝမ်၊ မရှက်ပါနဲ့ကွာ။ စာရင်းထဲမှာလေ လူတွေ အများကြီးရဲ့ နာမည်ပါပေမဲ့ ငါထွက်မလာခင်အထိ ထပ်ခါတလဲလဲရှာတာတောင် မင်းနာမည်ကို မတွေ့ဘူးကွ”

ထိုလူသည် ထိုသို့ပြောကာ သူ့လက်မောင်းပေါ်မှ ဝမ်လော့ရှန်း၏လက်ကိုဖယ်ပြီး အမြန်ပြေးလေတော့သည်။

ဝမ်လော့ရှန်းသည် ထိုနေရာသို့ သူကိုယ်တိုင် တိုးဝှေ့ကာ ဝင်ရောက်သွားပြီး ဖတ်လေတော့ရာ လမ်းတွင် သူ့အား အမြန်တမင်သက်သက်ရှောင်သွားသော သူငယ်ချင်းများကို တွေ့လိုက်ရတော့သည်။

ဝမ်လော့ရှန်းသည် နိမိတ်မကောင်းမှုကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဝမ်လော့ရှန်းသည် သူကိုယ်တိုင် စာရင်းထုတ်ပြန်ကြေငြာချက်ရှေ့သို့ ရောက်သွားလေတော့သည်။ သူ့ရှေ့တည့်တည့် ကြေညာချက်တွင် ရှန်လင်း၏ နာမည်ကိုမြင်လိုက်ရသောအခါ ဝမ်လော့ရှန်းသည် ထပ်၍ပင် မကြည့်ချင်တေ့ပါ။ ထို့နောက် သူသည် အမြန် တစ်ကြောင်းပြီးတစ်ကြောင်း ဆင်းကြည့်ရာ စကားလုံးတိုင်းတွင် နောက်ဆုံး ကြေငြာချက်ဆုံးသည်အထိ သူ့နာမည် မပါခဲ့ပါချေ။

ဝမ်လော့ရှန်းသည် ရုတ်တရက် သူ့စိတ်နှလုံးတစ်ခုလုံး ရေခဲချပ်ကြီးကိုးချပ် အောက်သို့ ဖိချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မမျှော်လင့်ဘဲ နောက်တစ်ခေါက် အဆင့်ကျခဲ့ရပြန်လေပြီ။

ရှန်လင်းသည် အဆင့်မြင့်ကျောင်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ခွင့်ရခဲ့သည်။ သို့သော် သူသည်မူ နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ရပါချေပြီ။

ဝမ်‌လော့ရှန်း၏ နံဘေးမှ သူ့ကိုသိကြသော သူများက အမြန်ပြောကြသည်။ “‌ဟေး ဒါက ဝမ်လော့ရှန်းမဟုတ်လား။ ဘယ်လိုလဲကွ။ ငါက ကျိုးရင်ဆရာကို လာချီးကျူးတာပါ ဟဲဟဲ”

ထိုလူ့နံဘေးမှ လူက ပြန်ပြော၏။ “ဘာကို ပညာသင်လဲကွ။ မင်းကန်းနေလား။ ဒီမှာ ဝမ်လော့ရှန်းရဲ့ နာမည်က စာရင်းထဲတောင် မပါတာကို”

“ဟုတ်သားပဲ။ မင်းက အရမ်းကို ခယပြီး ဝပ်တွားဖားယားနေတာကိုး။ သူက သူ့စာမေးပွဲတောင် မအောင်တဲ့ဟာကိုကွာ”

သူ့ဘေးမှ လူများသည် အော်ကာ လှောင်ရယ်လိုက်ကြသည်။ သူ့အား ဂုဏ်ပြုကြရမည့်သူများသည် ပညာသင်ဟူသော ခေါင်းစဥ်အောက်တွင် ယခုတော့ သူ့ကို လှောင်ရယ်နေကြပြီ။

ဝမ်လော့ရှန်း၏ နားထဲတွင်မူ ထိုရယ်သံများအားလုံးတို့သည် သူ့အား ဟာသအဖြစ် လှောင်ရယ်သံများသာ ဖြစ်နေသည်။

ဝမ်လော့ရှန်းသည် ထိုလူအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့ပြီး လက်ဖက်ရည်ဆိုင်သို့သာ ပြန်လာခဲ့ပေတောသည်။

…..

အချိန်သည်ကား နံနက်ခင်းပင်ရှိနေသေးပြီး၊ ကြေညာချက် ထုတ်ပြန်သည့်နေရာမှတစ်ပါး စျေးထဲရှိ အခြားနေရာများတွင် လူပင်မရှိ။ ဝမ်လော့ရှန်းသည် ချမ်းအေးလှသည့် စျေးလမ်းကို လျှောက်နေရင်း ကောင်းကင်ကြီးက ပြိုကျသွားသလိုပင် ခံစားလိုက်ရသည်။

ဤသို့ မဖြစ်သင့်ပါ။ တကယ့်ကို ဒီလိုတွေ မဖြစ်သင့်ပါ။ သူသည် အဆင့်မြင့်မြင့်နှင့် တောက်ပသောအနာဂတ်က ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင် မည်သို့ဖြစ်သွားရပါသနည်း။

မည်သည့်အချိန်ကတည်းက ဘယ်အရာက မှားယွင်းသွားခဲ့သနည်း။ သူ ယန်ယွင်ရန်နှင့် လကထပ်လိုက်ပြီးကတည်းကများလား။ မဟုတ်ပါ။ ဆုဝန်က သူတို့ဝမ်မိသားစုဆီမှ စွန့်ခွာသွားသော အချိန်ကတည်းကစပြီး အရာရာ လွဲမှားခဲ့သည်လား။ ဟုတ်သည်။ ဆုဝန် သူတို့မိသားစုကို စွန့်ခွာသွားကတည်းက အရာရာ ပြောင်းလဲလာခဲ့တာဖြစ်ပေသည်။

ဆုဝန်က သူတို့မိသားစုအိမ်တွင်ရှိနေစဥ်က အရာရာသည် ချောမွေ့ပြီး အစီအစဥ်ကျနေခဲ့သည်။ ဆုဝန်ထွက်သွားပြီးနောက်ပိုင်းတွငမူ သူတို့မိသားစုသည် စတင်၍ ကမောက်ကမ ဖြစ်လာခဲ့ပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူသည် စာကို မည်ကဲ့သို့ သေချာဂရုတစိုက် လုပ်နိုင်ပါမည်နည်း။

မည်သို့ဖြစ်စေ ရှန်လင်း၏ ဘဝသည်မူ တစ်ဆင့်ချင်း ပို၍ကောင်းမွန်လာသည်။ ယခင်က ရှန်လင်းဟူသောသူသည် လူတိုင်း အထင်အမြင်သေးရသည့် ဆင်းရဲသား ငမွဲငနုံတစ်ဦး ဖြစ်ခဲ့တာ ဖြစ်သည်။ သူ့အနာဂတ်သည်ကား လူတိုင်းအားကျရသည့် တရားဝင်ပညာသင်တစ်ဦးဟူသည့် ဂုဏ်ပုဒ်ရှိနေခဲ့တာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် အရာရာသည် ပြောင်းလဲသွားခဲ့ပါပေသည်။

ဆုဝန်သည် အလွန်လဲလှလာသည်။ သူမသည် အလုပ်ကိုလဲ သေသေသပ်သပ် နှင့် စနစ်ကျကျ လုပ်တတ်သည်။ ယခုဆို ပို၍လဲ ကြည့်ကောင်းလာသည်။ ထိုသို့သော မိန်းက‌လေးမျိုးကို သူက ဘာလို့ အရင်က ဒီလောက် မုန်းခဲ့မိတာလဲ။ သူသည် သူမ၏ ရုပ်ဆိုးဆိုး အဖာအစပ်များနှင့် အင်္ကျီကို အလွန်မုန်းခဲ့သည်။ စာဖတ်ဖို့နှင့် အခြားကိစ္စရပ်များ လုပ်ဖို့ သူ့ကိုလာပြောသည့် သူမပုံစံကို မုန်းသည်။ သူ့ကို ဂရုစိုက်ပေးသည့် သူမပုံစံကိုပါ မုန်းခဲ့မိသည်။

သို့သော် သူမထွက်သွားပြီးနောက်တွင် အရာရာအားလုံးတို့သည် ဆိုးရွားရာမှ ပို၍ပင် ဆိုးရွားလာခဲ့တော့သည်။

ဆုဝန်၏ မျက်နှာလေးသည် နွေဦးပန်းပွင့်လေးနှင့် တူသည်။ သူမ၏ အသားအရေသည် နို့နှစ်ရောင်ကဲ့သို့ပင်။ သူမသည် ဂုဏ်သရေရှိသော အဝတ်အစားများကို ဝတ်ပြီး သူမ၏ ဦးခေါင်းမှာလဲ မြစိမ်းရောင်ကဲ့သို့ တောက်ပနေသည်။ ဤချင်းယွင်ကောင်တီတွင် သူမထက်ပို၍ လှပသောသူ ရှိမနေနိုင်တော့ပါပေ။

အမှန်တိုင်းပြောရလျှင် သူသည် လွန်ခဲ့သော အချိန်များအတွက် နောင်တရနေသော်ငြား ဤမျှလှပသော မိန်းကလေးတစ်ဦးနှင့် လွဲခဲ့သည်ဟု သူ့ကိုယ်သူ ဝန်မခံပါပေ။

အကယ်၍ သူသာ အတိတ်ကို ပြန်နိုင်ခဲ့ပါလျှင် သူသည် သူ့စိတ်ကို ပြောင်းလဲခဲ့မည်ဖြစ်သည်။ သူမက သူ့ကို အလွန်သဘောကျခဲ့တာဖြစ်သည်။ သူမ၏ စိတ်ထဲတွင် သူ့ကို လက်လှမ်းမမီနိုင်သည့် နေမင်းကြီးသဖွယ် ထင်မှတ်ထားတာ ဖြစ်ပါပေသည်။

ထိုသို့တွေးပြီး ဝမ်လော့ရှန်းသည် သူ၏ ခြေလှမ်းများကို ရှန်လင်းနှင့် ဆုဝန်တို့ ရှိရာအိမ်သို့ သွားရန် ပြင်လိုက်သည်။ သူသည် ထိုနေရာနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေချေပြီ။ သူသည် ဘယ်သူမှ မရှိသော ညဘက်တွင် ထိုအိမ်ကို ငေးကာကြည့်နေလေသည်။

ဝမ်လော့ရှန်းသည် တံခါးကို ခေါက်လိုက်သောအခါ အစေခံမိန်းကလေးတစ်ဦးက တံခါးလာဖွင့်ပေးသည်။ ဝမ်လော့ရှန်းသည် တစ်ခုခုကို တီးတိုးပြောပြီးလိုက်သောအခါ ရှန်လင်း၏ လူများက သူ့ကို တံခါးဝမှ နှင်လွှတ်လိုက်လေတော့သည်။

ဆုဝန်သည်လည်း ဝမ်လော့ရှန်းက သူမကို လာရှာသောအသံကို ကြားသည်။ သို့သော် သူမသည် နေရာမှ မရွေ့ပါချေ။ ယခုနှစ်ပေါင်းများစွာ ကြာပြီးနောက် သူမသည် သူမ၏စိတ်ကို ဝမ်လော့ရှန်းအပေါ် မုန်းနေဖို့ ထပ်အားစိုက်မနေတော့ပါ။ ထိုနည်းတူစွာပင် သူမသည် သူ့အပေါ် ဘာစိတ်ကောင်းမှလဲ ထားနေမည်မဟုတ်ပါ။

အဖိုးတန်သော အရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့သော်လည်း တန်ဖိုးမထားဘဲ လျစ်လျူရှုခဲ့သောသူသည် ထိုအရာနှင့် ဘယ်သောအခါမှ ထိုက်တန်နေတော့မည် မဟုတ်ပါချေ။

လက်ဖက်ရည်ဆိုင်ထဲတွင်မူ ဝမ်မိသားစုနှင့် ယန်မိသားစုတို့သည် ထပ်၍ကြာကြာ စောင့်မနေနိုင်တော့သောကြောင့် သူတို့သည် ကိုယ်တိုင်သွားကာ စာရင်းကို ကြည့်လေတော့ရာ ဝမ်လော့ရှန်းနာမည်မှာ လုံး၀ ပါမလာကြောင်း သိလိုက်ကြရသည်။

ဆရာယန်သည် ခေတ္တမျှ သေချာပြူးပြဲရှာပြီးနောက် မှင်သေ၍သွားသည်။ သူ့သမက်သည် ထုတ်ပြန်လိုက်သော ပညာသင်စာရင်းတွင် ပါမလာပါချေ။ သူသည် သူ့သမီးနှင့် လက်ထပ်လိုက်သည့် သူ့သမက်အပေါ်တွင် မျှော်လင့်ချက်တွေအားလုံး ပုံအောပြီး လက်ထပ်ပေးခဲ့တာဖြစ်သည်။ သို့သော် ယခုတော့ အကုန် သဲထဲရေသွန် ဖြစ်ရပါချေပြီ။

ဝမ်မိသားစုသည် စာမတတ်ကြပါ။ ထို့ကြောင့် သူတို့သည် ဝမ်လော့ရှန်း၏နာမည်က စာရင်းထဲတွင် ပါမလာကြောင်း ကြားသာကြားသိလိုက်ရသည်။ ‌လော့ရှန်းက စာမေးပွဲထပ်ကျပြန်ပြီတဲ့လား။ ဝမ်မိသားစုသည် စတင်၍ ငိုကြွေးကြပြန်လေတော့သည်။

“ဘုရားသခင်ရယ် မျက်လုံးလေးဖွင့်ပြီး ကြည့်လှည့်ပါဦး။ ဘယ်လိုဖြစ်လို့ တို့မိသားစုက လော့ရှန်းလေးက မပါရတာလဲ။ ဒီလို ပညာသင်တစ်ဦးက ဘာကိစ္စနဲ့ စာမေးပွဲကို မအောင်ရမှာတဲ့လဲ”

နံဘေးမှ ဝမ်လော့ရွှယ်ကလဲ ထ၍ပြောသည်။ “ဒါ အစိုးရဘက်ကနေ အမှားလုပ်မိတာပဲ ဖြစ်ရမယ်။ သူတို့က အစ်ကိုလော့ရှန်းရဲ့နာမည်နေရာမှာ ရှန်လင်းရဲ့နာမည်ကို မှားထည့်လိုက်မိတာပဲ ဖြစ်ရမယ်။ ငါ့အစ်ကိုက စာမေးပွဲမအောင်ဘဲ ဟိုအကောင်စုတ် ရှန်လင်းက စာမေးပွဲကိုအောင်တယ်ဆိုတာ ဖြစ်နိုင်စရာ အကြောင်းကို မရှိဘူး”

ဝမ်အမျိုးသမီးသည် သူမဘဝကို ကယ်တင်နိုင်မည့် ကောက်ရိုးလေးတစ်မျှင်ကို ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်လေသည်။

“ဟုတ်တယ်။ ဒီလောက်နာမည်ကြီးပြီးကျော်ကြားတဲ့ ငါ့သားလေးရဲ့ နာမည်နေရာမှာ ရှန်လင်းနာမည်ကို အစားထိုးခံလိုက်ရတာပဲဖြစ်ရမယ်။ အဲ့လိုမှ မဟုတ်ရင် ငါ့သားလေးက စာမေးပွဲကျစရာ ဘာအကြောင်းမှကို မရှိဘူး” ပြောရင်း ဝမ်မိသားစုသည် ပျော်ရွှင်၍နေသည်။

သို့သော် နံရံပေါ်မှ အနီရောင်စာရွက်ပေါ်တွင် အနက်ရောင်မင်ဖြင့် ရေးထားသော စာများသည် သူမတို့ ငိုကြွေးနေမှုကြောင့် ပြောင်းလဲသွားခြင်း မရှိပါချေ။ နံဘေးမှ လူများကလဲ ဝမ်မိသားစုကို ဟာသတစ်ခုကို ကြည့်နေရသည့်အလား ကြည့်နေကြပေသည်။

အချို့ကလဲ ဝမ်မိသားစုနှင့် ရှန်မိသားစုက နဂိုကတည်းကသူတို့၏ ရှိနေသင့်သည့်နေရာကို ပြန်ရောက်သွားကြသည်ဟု သိလိုက်ကြသည်။ အချို့ကလဲပြောသည်။

“အ‌ဒေါ်ဝမ်၊ အစိုးရဘက်က စာမေးပွဲရလဒ်နဲ့ပတ်သက်ပြီး အမှားလုပ်မိတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး”

အချို့ကလဲ တီးတိုးပြောကြသည်။ “ဟုတ်တယ်။ ဒီတရားရုံးကချမှတ်လိုက်တဲ့ ပညာသင်အဆင့်မြင့် စာမေးပွဲရလဒ်က သူတို့လိုချင်တဲ့အတိုင်း တရားမျှတမှုရှိပြီး မှန်ကန်တယ်လေ။ အမတ်တွေ၊ မင်းသားတွေရဲ့ သားတွေတောင်မှပဲ အရည်အချင်းမရှိ၊ စာမလုပ်ရင် ဘယ်လိုမှ မအောင်နိုင်တဲ့ဟာကို၊ လူနာမည်တွေသာ ပြောင်းနိုင်ရင် မင်းသားတွေ၊ အမတ်တွေရဲ့ သားတွေနာမည်တွေပဲ ပါကုန်မှာပေါ့”

အချို့ကလဲ ထပ်ပြောကြသည်။

“အ‌ဒေါ်ဝမ်ရယ်၊ ဒီလိုနာမည်မှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေအရှိဆုံးတစ်ခုကတော့ အဒေါ်ဝမ်တို့မိသားစုရဲ့ ကံကောင်းခြင်းတွေဟာ ရှန်မိသားစုဆီ ရောက်သွားတာပဲဖြစ်ရမယ်။ စဥ်းစားကြည့်ပါဦး၊ ဆုဝန်လေး အဒေါ်တို့အိမ်မှာနေတုန်းက အဒေါ်တို့မိသားစု အခြေအနေ ဘယ်လောက်တောင် ကောင်းခဲ့လဲဆိုတာ။ ‌ဟော သိပ်မကြာဘူး။ ဆုဝန်ကို ဆေးဖိုးဝါးခတောင် မပေးဘဲ နှင်ထုတ်လိုက်ကတည်းက အဒေါ်တို့မိသားစုက အဆင်ပြေခဲ့လို့လား။ အရင်ကထက်‌ရော ပိုကောင်းလာလို့လား”

ချင်းရှီရွာမှ လူတစ်ဦးကဝင်ပြောတာဖြစ်သည်။

ချင်းရှီရွာမှ လူအချို့က ဝမ်လော့ရှန်း၏ စာမေးပွဲရလဒ်ကို နားထောင်ရန် ချင်းယွင်ကောင်တီသို့ လာကြတာ ဖြစ်ပါ၏။

လူအုပ်ထဲမှ ချင်းရှီရွာသားတစ်‌ယောက်ကလဲ ပြောသည်။ “ဟုတ်တယ်မလား။ ဆုဝန်က ရှန်မိသားစုကို ရောက်သွားကတည်းက ရှန်မိသားစုက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အဆင်ပြေလာတာ။ ခုဆို သူတို့တွေက ကိုယ်ပိုင်အိမ်လဲ ကောင်တီမှာ ဝယ်လိုက်နိုင်ပြီ။ နောက်ပြီး ရှန်လင်းတစ်ယောက် အဆင့်မြင့် ကျောင်းသားစာမေးပွဲကိုပါ အောင်တာကိုကြည့်ရင် ဆုဝန်က တကယ့်ကို မယ်ကံကောင်းလေးပဲ”

ချင်းရှီရွာမှ ရွာသားနှစ်ဦး ပြောသည်မှာ ရှင်းလင်းလှသည်။ အနီးနားမှ ရှန်လင်း၊ ဝမ်လော့ရှန်းနှင့် ဆုဝန်တို့အကြောင်းကို မသိကြသော ကောင်တီကသူများကပါ မေးကြလေရာ သူတို့သည် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ကြလေတော့သည်။

ချင်းရှီရွာမှ လူများက ဆုဝန်သည် ယခင်က ဝမ်လော့ရှန်း၏ ကလေးသတို့သမီး ဖြစ်ကြောင်းကိုတော့ မပြောပြကြပါ။ ဤသို့ပြောလိုက်လျှင် လက်ရှိပညာသင်အဖြစ် သတ်မှတ်ခြင်း ခံရသည့် သူတို့အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်သွားပါလိမ့်မည်။ ထို့ပြင် ဝမ်အမျိုးသမီးကလည်း သူတို့နှင့် ဆုဝန်သည် ဘာမှမသက်ဆိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါပေသည်။ ထို့ကြောင့် ဆုဝန်သည် ဝမ်လော့ရှန်း၏ ကလေးသတို့သမီးတစ်ဦး မဟုတ်တော့ကြောင်းမှာ ထင်ရှားလှသည်။ ထို့ကြောင့် ယခုမှ စ၍ ဆုဝန်၏ နာမည်ကို ဝမ်လော့ရှန်းနာမည်နှင့် ပေါင်း၍ ပြောနေစရာ လုံးဝ မလိုတော့ပါချေ။

ထိုအကြောင်းကို ကြားလိုက်ရသောအခါ ဝမ်မိသားစုဝင်များသည် တုန်လှုပ်၍ပင်သွားကြသည်။ သို့သော် တစ်ခုခု လွဲနေသည်ကိုတော့ သူတို့သိလိုက်သည်။ ဆုဝန်က ဝမ်မိသားစုကို ရောက်လာကတည်းက သူတို့မိသားစု၏ ဘဝလေးသည် တိုးတက်လာခဲ့သည်။ ဆုဝန်က ရှန်မိသားစုသို့ ရောက်သွားသောအခါတွင်လည်း ရှန်မိသားစု၏ ဘဝသည် တိုးတက်လာခဲ့ပြန်လေသည်။

ဝမ်မိသားစုသည် တစ်‌ယောက်ကို တစ်ယောက် ဖေးကူရင်း အုပ်စုလိုက် လမ်းလျှောက်လာခဲ့ကြသည်။

ထိုအချိန်တွင် ဝမ်လော့ရွှယ်က ရုတ်တရက် ထပြောလိုက်သည်။ “ဆုဝန်ကို ရှာကြရအောင်၊ သူက အစ်ကို့ကို အရမ်းကြိုက်တာမလား။ သူက အစ်ကို့ကိုတော့ ကူညီမှာပဲ”

ဝမ်အဖေကလဲ ပြောသည်။

“ဟုတ်တယ်။ သူ့ကို ပြန်ပြီး လော့ရှန်းနဲ့စေ့စပ်ခိုင်းပြီး၊ လက်ထပ်ခိုင်းလိုက်။ သူ့ကို ငါတို့မိသားစုက ဝမ်လော့ရှန်းနဲ့ သဘောမတူတာတွေ ဘာတွေ အကုန်မေ့လိုက်တော့”

အမျိုးသမီးဝမ်ကလဲ ကြက်ကလေးအစာကောက်သကဲ့သို့ ခေါင်းတညိတ်ညိတ် လုပ်နေပေသည်။

“ဟုတ်တယ်။ ဆုဝန်ကိုသွားရှာပြီး ပြန်ခေါ်လာကြရအောင်။ ပြိးရင် ကောင်တီမြို့မှာ အိမ်အကြီးကြီးတစ်လုံးလဲ ဝယ်မယ်။ အဲ့ကျရင် လော့ရှန်းကလဲ အဆင့်မြင့်ကျောင်းကို သွားနိုင်လိမ့်မယ်။ ဆုဝန်က တကယ့်မယ်ကံကောင်းလေးဆိုတော့ သူ့ကို ငါတို့တွေ အရင်ရှာကြရ‌အောင်”

ဝမ်မိသားစုသည် ရှန်အိမ်တော်သို့ အုပ်စုလိုက်ကြီး ချီတက်သွားကြပါလေသည်။

ဝမ်မိသားစုသည် အလွန်အရှက်ကင်းမဲ့ကြောင့် ဆုဝန်က သိပြီးဖြစ်သည်၊ ပထမဦးစွာ ဝမ်လော့ရှန်း၊

ဝမ်အဖေ၊ ဝမ်အမေနှင့် ဝမ်လော့ရွှယ်တို့ကအစ အလွန်တရာ အရှက်ကင်းမဲ့လှပါပေသည်။

ရှန်လင်းသည်လည်း ထိုအကြောင်းကို သိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကိစ္စကို ဖြေရှင်းရန် ပြင်းထန်သောနည်းလမ်းကို သုံးပေတော့သည်။ ရှန်လင်းသည် သူ့၏ နောက်လိုက်တစ်ယောက်ကို လွှတ်ပြီး ဝမ်အဖေကို သတိပေးသည့်သဘောနှင့် ရိုက်စေသည်။ အကယ်၍ ဝမ်မိသားစုသည် ဆုဝန်နှင့် လာပြီး ပတ်သက်ရဲခဲ့ပါလျှင်၊ အနာဂတ်တွင် သူတို့မိသားစုသည် ဆုဝန်နှင့် ပတ်သက်ပြီ ပေါက်ကရ ကောလာဟလမျိုး လွှင့်ရဲခဲ့ပါလျှင် သူတို့မိသားစုသည် ချင်းယွင်ကောင်တီမပြောနှင့်၊ ချင်းချိုးစီရင်စုတွင်ပင် နေခွင့်မရအောင် လုပ်မည်ဖြစ်ပါလေသည်။

ဝမ်မိသားစုသည် အမြဲ အားနည်းသူကို ဖိနှိပ်ပြီး အားကြီးသူကို ဖိန့်ဖိန့်တုန်‌အောင် ကြောက်ပြတတ်သည့် မိသားစုမျိုးဖြစ်ပေသည်။ ရှန်လင်းသည် သြဇာအာဏာကြီးလာကြောင်း သိသွားသောအခါ သူတို့သည် သူ့ကို မဆန့်ကျင်ရဲဘဲ စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်လာခဲ့လေတော့သည်။

ဝမ်မိသားစုသည် ရှန်မိသားစုအိမ်ရှေ့၌ပင် အကြံကုန်သွားတော့သည်။ ထို့ကြောင့် သူတို့သည် ယန်မိသားစုဆီသို့သာ ပြန်လာခဲ့လေတော့သည်။ စောစောက ဆရာယန်သည် ဝမ်လော့ရှန်းအတွက် အိမ်ဝယ်ထားသည်ဟု ပြောသည်။ ထို့ပြင် သူတို့ဝမ်မိသားစုသည်လည်း ထိုအိမ်သို့ ပြောင်းရွှေ့နိုင်လေသည်။ သို့သော် ယန်မိသားစုသည်လည်း သူတို့ကို အစေခံနှင့် ရီုက်ထုတ်ကာ နှင်လွှတ်ခိုင်းလိုက်လေသည်။ ယန်ယွင်ရန်သည် ပညာတတ်မျိုးနွယ်ဖြစ်ပြီး အရင်က သူတို့နှင့် သင့်လျော်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူ့ယောက္ခမများနှင့် ဝမ်လော့ရွှယ်ကို အရှက်မရှိသောကြောင့် တံခါးဝ၌ပင် ရှက်ရွံ့ဖွယ် မကြားဝံ့မနာသာ စကားများပြောကာ နှင်လွှတ်နေလေတော့သည်။

ဝမ်အဖေ၊ ဝမ်အမေနှင့် ဝမ်လော့ရွှယ်တို့သည် အလွန်ဒေါသထွက်သွားသောကြောင့် စျေးထဲသို့သွားကာ ယန်ယွင်ရန်က သူတို့ကို အော်ဟစ်ကြိမ်းမောင်းလိုက်သော စကားတို့ကို ပြန်လည် ဖောက်သည်ချလေတော့သည်။

ရုတ်တရက်ဆိုသလို ချင်းယွင်ကောင်တီမှ လူများသည် ယန်ယွင်ရန်ကို လက်ညှိုးထိုးပြစ်တင်ကြပြီး ကောင်းသောအရာများသာ မျှဝေလိုပြီး မကောင်းသောအရာများကို မမျှဝေလိုသည့် မကောင်းသော ချွေးမတစ်ဦးဟု ပြစ်တင်ပြောဆိုကြပေတော့သည်။

ယန်ယွင်ရန်သည် နဂိုကတည်းက ဝမ်လော့ရှန်းနှင့် ကွာရှင်းချင်နေတာဖြစ်သည်။ သို့သော် ထိုသို့ သတင်းထွက်လာသောအခါ ကွာရှင်းလိုက်လျှင် အဆိုးတွေကို မျှဝေမခံစားလိုသည့် မကောင်းသောချွေးမဆိုးဟူသည့် သူမ၏ ဂုဏ်သတင်းသည် ပို၍ပင် သေချာသွားမည်။ ထိုအခါ ဘယ်မိသားစုကမှ အနာဂတ်တွင် သူမကို လက်ထပ်လိုကြမည် မဟုတ်တော့ပါချေ။

ယန်ယွင်ရန်သည် သူမစိတ်ကို ချုပ်တည်း သည်းခံကာ ဝမ်လော့ရှန်းနှင့် ဆက်လက်နေရန်ပင် ရွေးစရာရှိပေတော့သည်။

ဆရာယန်သည်လည်း နဂိုကတည်းက ယန်ယွင်ရန်နှင့် ဝမ်လော့ရှန်းကို အိမ်တစ်လုံး ပေးမည်ဟု ပြောထာပြီးဖြစ်သေည်။ ထို့ကြောင့် ဝမ်မိသားစုသည် ယန်မိသားစုအိမ်သို့ ကြိမ်ဖန်များစွာ ဝင်ချည်ထွက်ချည် လုပ်နေလေသည်။ မိသားစုနှစ်ခုလုံး တကယ့်ကို ကျဥ်းထဲကြပ်ထဲသို့ ရောက်နေပါပေပြီ။

ယန်ယွင်ရန်သည် ချွေးမဆိုးတစ်ဦးအဖြစ် ကောလာဟလ ပြန့်သွားသော်လည်း ဝမ်လော့ရှန်းနှင့် ကွာရှင်းချင်နေသေးသည်။ သို့သော် ထိုအချိန်တွင် သူမသည် ကိုယ်ဝန်ရှိနေမှန်းကို သိလိုက်ရလေသည်။ ထို့ကြောင့် ဤသို့သော အခြေအနေမျိုးတွင်တော့ သူမသည် ဝမ်လော့ရှန်းနှင့်သာ ဆက်လက် ပေါင်းသင်းနေထိုင်နိုင်ပါတော့မည်။

နှစ်တွေ ကြာလာသည်နှင့်အမျှ ရှန်လင်းဝယ်ယူထားသော မြေနှင့် အိမ်များသည် စျေးနှစ်ဆထိပင် တက်လာသည်။ ရှန်လင်းသည် ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် ငွေအမြောက်အများ ရှာနိုင်ခဲ့တာ ဖြစ်သည်။ ထို့ပြင် သူတို့၏ စီးပွားရေးကလဲ အနာဂတ်တွင် ကြီးမားသထက် ပို၍ ပို၍ပင် ကြီးမားလာခဲ့ပါလေသည်။

စီးပွားရေးသည် ကြီးမားလာပါသော်ငြား ရှန်လင်းသည် သူကိုယ်တိုင် ဝင်ရောက်အုပ်ချုပ်ခြင်း မပြုခဲ့ပါပေ။ ယန်မိသားစုမှ ညီအစိက်ုများသည် သူတို့အတတ်နိုင်ဆုံး ကြိုးစားပေးကြသည်။ ရှန်လင်းနှင့် ဆုဝန်တို့သည် အများကြီးပူပန်စရာ မလိုအပ်နေခဲ့ပါပေ။

ကျိုးဟွေ့ပညာသင်တစ်ဦးဖြစ် သတ်မှတ်ခြင်းခံရပြီးနောက် ရှန်လင်းသည် တရားဝင်တရားသူကြီးတစ်ဦး ဖြစ်မလာသေးပါ။ သူသည် ဆက်လက်၍ ပညာဆည်းပူးနေခဲ့သည်။ သုံးနှစ်ကြာပြီးနောက် နန်းတွင်းအရာရှီ စာမေးပွဲကို အောင်မြင်ပြီးနောက် သူသည် တန်ဟွာတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည်။ ပုံမှန် နံပါတ်တစ်ပညာသင်များ၊ စံပြပုဂ္ဂိုလ်များသည် သူတို့အသက်သုံးဆယ်တွင် ထိုသို့သတ်မှတ်ခြင်းခံရတာဖြစ်သည်။ သို့သော် ရှန်လင်းသည်မူ အသက်နှစ်ဆယ်တည်းနှင့် ထိုသို့သတ်မှတ်ခံရတာ ဖြစ်ပါပေသည်။

တန်ဟွာအဖြစ် သတ်မှတ်ခံရပြီးနောက် ရှန်လင်းသည် အောင်မြင်မှု မရသေးပေ။ တရားဝင် တရားသူကြီးတစ်ဦး မဖြစ်သေးသော်လည်း ရှန်လင်းသည် ကြိုးစားဖို့အတွက် ဖျင်းနွဲ့တုံ့ဆုတ်ခြင်း ရှိမနေပါပေ။

ဝင်ခွင့်စာမေးပွဲမတိုင်မှ ရှန်လင်းသည် သူငယ်ချင်းကောင်းများစွာ ရခဲ့သည်။ ဝင်ခွင့်စာမေးပွဲပြီးနောက် သူသည်အာဏာကြီးသော အမတ်များစွာနှင့် မိတ်ဆွေကောင်းများ ဖြစ်လာခဲ့ပေသည်။ ထို့ပြင် ရှန်လင်းသည် တိကျပြီး အကျိုးကြောင်းဆီလျော်သူဖြစ်သောကြောင့် သူ့၏ အလုပ်အကိုင်သည် အဆင်ပြေ ချောမွေ့နေခဲ့ပါပေတော့သည်။

ရှန်လင်းနှင့် အဆင်မပြေသည်မှာ သိပ္ပံနည်းကျ စူးစမ်းလေ့လာသူဟောင်း ကျိုးကျီယီသာရှိသည်။ ကျိုးကျီယီ သုံးနှစ်ကြာ အချိန်ပေးပြီး ရှာဖွေခဲ့ရသည်များကို ရှန်လင်းက တစ်နှစ်သာ အချိန်ယူရလေသည်။

ကျိုးကျီယီသည် နိုင်ငံရေးတွင်လည်း ရှန်လင်းနှင့် ပြိုင်ဘက်အကြီးစားကြီးဖြစ်သည်။ သို့သော် ထိုပြိုင်ဘက်တွင် အခြား သရုပ်မှန်လဲ ရှိနေပါသေး၏။ ကျိုးကျီယီသည် ဧကရာဇ်၏ တစ်ဦးတည်းသောသမီး မင်းသမီးယွင်၏ ခင်ပွန်းဖြစ်ကာ ဧကရာဇ်၏ သမက်တော်ဖြစ်သည်။ ထို့ကြောင့်ပင် ကောင်တီရှိ အမတ်များက ဘုရင့်သမက်တော်ကို ကူညီကြပေသည်။

တစ်နေ့၌ နန်းတော်၏ စားပွဲတွင် ဧကရာဇ်က တရားဝင်အဆင့်မြင့်ပညာသင်များနှင့် သူတို့၏ မိသားစုဝင်များကို နန်းတော်သို့ဖိတ်ကြားသည်။ မင်းသမီးယွင်နှင့် သူ့ခင်ပွန်းသည် ရှန်လင်းနှင့် ဆုဝန်ကိုပါ ပွဲသို့ ဖိတ်ကြားလေသည်။ သို့သော် အချို့သော နန်တော်ရှိလူများက ဆုဝန်နှင့် မင်းသမီးယွင်သည် အလွန်တူကြောင်း ပြောကြသည်။ သို့သော် ဆုဝန်သည် ပို၍ လှပပါပေ၏။

ထိုသတင်းသည် ဘုရင်နှင့် မိဖုရားတို့ နားထဲသို့ ရောက်သွားပြီး မကြာမီတွင် ဘုရင်နှင့် မိဖုရားတို့သည် ပွဲတော်ကို အမြန်အပြီးသတ်စေပြီး မင်းသမီးယန်နှင့် ရှန်လင်း၊ ဆုဝန်တို့ကိုသာ ကျန်ခဲ့စေသည်။

မိဖုရားကြီးက ဆုဝန်အား သူမတွင် တိမ်ပုံစံမွေးရာပါအမှတ်အသား ပါသလားဟု မေးသည်။ ဆုဝန်က ခေါင်းညိတ်ပြလိုက်သည်။ သူမကျောတွင် တိမ်ပုံစံမွေးရာပါ အမှတ်အသားလေးပါလေသည်။

မိဖုရားကြီးသည် မျက်ရည်မိုးများ ဖြိုင်ဖြိုင်ကျလာပြီး ဆုဝန်အား လာဖက်ကာ ငိုလေတော့သည်။

တကယ့်ဖြစ်ရပ်မှာ ဘုရင်ကြီး မင်းသားဘဝတုန်းက သူသည် လက်ရှိမိဖုရားကို နန်းတွင်းအရေးအခင်းကြောင့် ချင်းကျိုးစီရင်စုမှ ရွာလေးတစ်ရွာတွင် ထားခဲ့ရလေသည်။ ရဲမက်များ နောက်ကလိုက်နေသည်ကို ရှောင်ရင်းပြုရင်း သူ့၏ ဆယ်ကျော်သက်အရွယ်သမီးလေးသည် တောင်စောင်းမှ ပြုတ်ကျသွားခဲ့လေသည်။

နောက်ပိုင်းတွင် ဘုရင်ကြီး နန်းတက်သောအခါ သူသည် တောင်စောင်းမှ ပြုတ်ကျပြီး သေဆုံးသွားခဲ့သော သူ့သမီးငယ်လေးနေရာတွင် သူ့သမီးတော်လေးနှင့် အရွယ်တူသော၊ ရုပ်ချင်းလဲဆင်သော မိန်းကလေးတစ်ဦးကို မင်းသမီးတစ်ဦးအဖြစ် တင်မြှောက်ခဲ့လေသည်။ သို့သော် သူ၏ ရင်နှစ်သည်းချာ သမီးငယ်လေးကိုတော့ အမြဲ သတိရနေခဲ့ပါပေသည်။

ယခုမှသာ ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့သော သူတို့၏ ရင်နှစ်သည်းချာသမီးငယ်လေးသည် မသေဆုံးသေးဘဲ မှတ်ဉာဏ်အားလုံး ပျောက်ဆုံးသွားသဖြင့် သူမ၏ မယ်တော်၊ ခမည်းတော်နှင့် နို့ထိန်းမယ်တော်တို့ကိုသာမက သူမကိုယ်တိုင်လဲ မင်းသမီးတစ်ပါးမှန်း လုံးဝမမှတ်မိဘဲ ရှင်သန်နေခဲ့တာ ဖြစ်ကြောင်း သိလိုက်ရပေသည်။

သို့သော် ကံတရားက တစ်နည်းတစ်ဖုံနှင့် သူမ၏ မယ်တော် ခမည်းတော်တို့ထံ သူမကို ပြန်လည်ပို့ပေးလိုက်လေပါ၏။ သူမပြန်ရောက်လာသောအခါ သူမသည် ပိုးထည်ရုံကို ဝတ်ဆင်ထားပြီး ရင်သပ်ရှုမောဖွယ် အသွင်ရှိနေလေသည်။ သူမသည် နန်းတော်တွင် မကြီးပြင်းခဲ့ရသော်ငြား သူမ၏ အသွင်သည် ကျက်သရေအဖြာဖြာနှင့် ပြည့်စုံလှပါပေသည်။

မင်းသမီးယွင်နှင့် သူမ၏ ကြင်ယာတော်တို့ကိုလည်း ရှန်လင်းနှင့် ဆုဝန်တို့ကို ကောင်းကောင်းဆက်ဆံရန် ခေါ်ကာ ဆိုဆုံးမလေတော့သည်။ ထို့ကြောင့် မင်းသမီးချန် တစ်ဖြစ်လဲ ဆုဝန်နှင့်အတူ ရှန်လင်းသည်လည်း ဘုရင့်သမက်တော် ဖြစ်ခဲ့ရပါပေ‌တော့သည်။

အကယ်၍ မင်းသမီးယွင်သည် အေးချမ်းစွာသာ နေနေပါလျှင် သူမသည် ဆုဝန်နှင့်အတူ ငြိမ်းချမ်းသော ဘဝလေးကို ရမည်ဖြစ်သည်။ သို့သော် ယွန်သည် ဘုရင်နှင့် မိဖုရားတို့၏ ရှာတွေ့ခဲ့သော သမီးတော်လေး ဆုဝန်ကို ထပ်ကာတလဲလဲ ဒုက္ခပေးသည်။ ကျိူးကျီယီကလဲ သူ့ကြင်ယာ ပြောသည့်စကားအတိုင်း နားထောင်ကာ ဒုက္ခပေးသည်။ သူတို့နှစ်ဦးသည် မြေခွေးများသဖွယ်ပင်။ ဘုရင်နှင့်မိဖုရားတို့သည် သူတို့တစ်သက်တာ စားမကုန်သုံးမကုန်သည့် ငွေကြေးပမာဏကို ပေးထားသော်ငြား သုံးနှစ်အတွင်းတွင် သူတို့သည် အကြွေးနွံနစ်ကာ ဆင်းရဲမွဲတေသွားခဲ့လေတော့သည်။

ဧကရာဇ်သည် သက်ပြင်းသာချနိုင်တော့သည်။ ရှန်လင်းနှင့် ဆုဝန်တို့သည် အခက်အခဲများစွာနှင့် ဘာမှမရှိသောဘဝမှ ချမ်းသာလာခဲ့သည်။ ဤသည်မှာ လူအချင်းချင်း တူသော်ငြား တကယ့်ကို ကွာခြားကြောင်း သိနိုင်ပါပေသည်။

မိုင်ပေါင်းတစ်ရာကျော်ဝေးသော ချင်းကျိုးစီရင်စုတွင်မူ ဝမ်လော့ရှန်း၏ ဖြေဆိုမှုများသည် ထပ်ခါတလဲလဲလုပ်နေရသည်။ ယန်ယွင်ရန်နှင့် အတူဖြတ်သန်းနေသော သူ့ဘဝသည် ယောက်ယက်ခက်နေသည်။ ညဘက်အချိန်များတွင် ဝမ်လော့ရှန်းသည် ဆုဝန်တစ်ယောက် ဝမ်မိသားစုတွင် နေခဲ့ဖူးသော သူ့အတိတ်ကို ပြန်တွေးသည်။ ထိုသို့တွေးတိုင်း သူသည် နောင်တလဲရမိနေသည်။ ထို့နောက် သူသည် အကယ်၍ သူသည် ဆုဝန်နှင့်သာ လက်ထပ်ခဲ့ပါက အခုအချိန်တွင် ကျိုးတိုင်းပြည်ဧကရာဇ်၏ သမက်တော်ပင် ဖြစ်နေနိုင်သည်။ ထိုသို့တွေးပြီးနောက် ဝမ်လော့ရှန်းသည် အရက်ပြင်းတစ်ကျိုက်ကို ဗိုက်ပြည့်လုမတတ် မော့ရင်း အရက်ပြင်း၏အရှိန်နှင့် အိပ်မောကျသွားချေပါတော့သည်။

မြို့တော်တွင်မူ ရှန်လင်းသည် ဧကရာဇ်နှင့် မင်းသားတို့ကို ကူညီရန် ထက်ထက်မြက်မြက် ကူညီလုပ်ကိုင်ပေးနေပြီး ဧကရာဇ်နှင့် မင်းသားတို့၏ ညာလက်ရုံးဖြစ်လာခဲ့ပါပေသည်။ ဆုဝန်သည်လည်း ကလေးသုံးယောက် ဖွားမြင်ခဲ့ပြီး သားတော်နှစ်ပါးနှင့် သမီးတော်လေးသည် အလွန်ထက်မြက်ကြပါ၏။

ရှန်လင်းသည် သူ့တစ်ဘဝလုံးတွင် ဆုဝန်တစ်ယောက်တည်းကိုသာ လက်ထပ်ခဲ့သည်။ သူတို့သည် ကျန်သောဘဝတစ်လျှောက်လုံးကို ဘာပြဿနာအခက်အခဲ မုန်တိုင်းခက်ထန်ခြင်းတို့မှ မရှိဘဲ ငြိမ်းချမ်ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါလေတော့သတည်း…။

—-------------------------------END—------------------------------

All Chapters