← Chapters

ဆုဝန်လဲ အခြားသူကို အကြွေးတင်

Vol. 3 Ch. 61

ဆုဝန်လဲ အခြားသူကို အကြွေးတင်

Vol. 3 Ch. 61

ဆုဝန်နှင့် ရှန်လင်းက ဈေးဆိုင်ကို သိမ်းဆည်းပြီးနောက် မြင်းလှည်းထဲဝင်ကာ ချင်းရှီးရွာတွင် ရှိသော သူတို့အိမ်သို့ ပြန်လာ၏။ တံခါးဝ၌ ရောက်ပြီးနောက် သူတို့သည် အိမ်ထဲမှ ထမင်းနံ့ကို ရလိုက်သည်။

မီးဖိုချောင်ထဲရှိ အလင်းရောင်ကို မြင်ပြီး ဆုဝန်က ရှန်ရှီး ဟင်းချက်ပြီး အလုပ်များနေတာ ဖြစ်ရမည်မှန်း သိသွားသည်။

ရှန်ရှီးသည် ချင်ကျိုးစံအိမ်မှ ပြန်လာချိန်ကစပြီး သူမ တစ်နေ့ထက်တစ်နေ့ နေပိုကောင်းလာ၏။ သူမ အားအင်ပြည့်ဖြိုး လာသည်နှင့် ငြိမ်ငြိမ်မနေနိုင်တော့ပဲ တစ်ခုခု အမြဲလုပ်ချင်နေသည်။

ယနေ့ ဆုဝန်နှင့် ရှန်လင်းတို့က ချင်းယွင်ကောင်တီ၌ ဆိုင်သွားဖွင့်ကြတာ ဖြစ်သည်။ အစက သူတို့သည် ရှန်ယာယာကို အိမ်၌ ဂရုစိုက်စေချင်ခဲ့သော်ငြား ရှန်ရှီးက အိမ်တွင် တစ်စုံတစ်ယောက် ရှိပြီးသားဖြစ်ကာ သူမ ရှိလျှင်လဲ ဘာမှ ထူးမည်မဟုတ်သောကြောင့် လိုက်သွားခိုင်းတာ ဖြစ်သည်။ ယခုအချိန်တွင် သူမ လုပ်နိုင်သည့် အရာများကို စမ်းလုပ်ကြည့်ချင်၏။ တစ်စုံတစ်ယောက်သာ အနားတွင် ရှိနေပါက သူမ ကြိုးစားကြည့်နိုင်မှာ မဟုတ်ပေ။

ရှန်ရှီးသည် သူမကိုယ်သူမ ကောင်းကောင်း ဂရုစိုက်မည်ဟု တိုက်တွန်းပြောနေခဲ့၏။ ဆိုင်တွင် လုပ်စရာကိစ္စ များလွန်းသည်။ ထို့ကြောင့် ရှန်ယာယာက ဆုဝန်နောက် လိုက်ခြင်းဖြင့် ပိုကူညီပေးနိုင်မှာ ဖြစ်သည်။ ဆုဝန်နှင့် ရှန်လင်းကလည်း လက်ခံခဲ့သည်။ သို့သော် သူတို့ထွက်သွားချိန်၌ ရှန်ရှီးကို အိမ်အလုပ် သိပ်မလုပ်ရန် ထပ်တလဲလဲ ပြောခဲ့၏။ ဟင်းများလဲ ချက်ပြုတ်ပေးခဲ့၏။ ထို့ကြောင့် နေ့လယ်၌ စားသောက်နိုင်သည်။ သူမ ဗိုက်ဆာနေမှာ မဟုတ်ပေ။

သို့သော် ရှန်ရှီးက အိမ်ကို သန့်ရှင်းရေးလုပ်ပြီး ဆုဝန်နှင့် ရှန်လင်းအတွက် ညစာ ချက်ပေးခဲ့သည်။

ရှန်လင်းနှင့် ဆုဝန်က မီးဖိုချောင်ထဲ အမြန်ပြေးသွားချိန် ရှန်ရှီးက ထမင်းချက်ထားပြီး ဟင်းနှစ်ခွက်၊ ဟင်းချိုတစ်ခွက်၊ ထမင်းပူပူလေး ပြင်ဆင်ပေးထားတာကို တွေ့လိုက်ရသည်။ ဆုဝန်နှင့် ရှန်လင်းတို့က စားစရာများကို စားပွဲပေါ် တင်လိုက်၏။

ပြင်ဆင်နေချိန် ဆုဝန်က ရှန်ရှီးကို အလုပ်သိပ်မကြိုးစားရန် ပြောလိုက်သည်။

ရှန်ရှီးက ပြုံးလိုက်၏။

“ စိတ်မပူပါနဲ့ ဒေါ်လေး သိပ်အလုပ် မကြိုးစားပါဘူး။ သမီးအလုပ်လုပ်တာ ဘယ်လောက် တော်လဲဆိုတာ အဒေါ့်ကို ပြခဲ့တာပဲ။ အဒေါ်လဲ မပင်ပန်းပါဘူး ”

သူမသည် အမြဲတစေ ထိုင်လျှင်ထိုင် မဟုတ်လျှင် လှဲနေရတာ ဖြစ်၏။

“တစ်ချိန်လုံး ဒီလူက ထိုင်ရင်ထိုင် မဟုတ်ရင် လှဲနေရတာ၊ ကြွက်သားနဲ့ အရိုးတွေကို လေ့ကျင့်ပေးရအုံးမယ်လေ။ အခုက အိမ်သန့်ရှင်းရေး လုပ်ပြီး ထမင်းတစ်နပ် ချက်ထားရုံပါပဲ ဟင်းသီးဟင်းရွက်တွေကို သမီးတို့ သယ်လာတာ ဒေါ်လေးလဲ သွားယူဖို့ မလိုဘူး။ အဒေါ် ချက်ပြုတ်နိုင်တယ်။ သိပ်ကို လွယ်ပါတယ်။ အဝတ်လျှော်တာမျိုးတွေတော့ အဒေါ် မလုပ်ပါဘူး၊ စိတ်မပူပါနဲ့ ”

ဆုဝန်သည် ရှန်ရှီး၏ စကားများကို နားထောင်ပြီး ရှန်ရှီး ရှင်းရှင်းလင်းလင်း သိမှန်း သဘောပေါက်သွား၏။ ထို့ကြောင့် သူမ စိတ်အေးသွားသည်။ သို့သော် သူမက ရှန်ရှီးကို သိပ်အပင်ပန်းမခံရန် ပြောခဲ့လေ၏။

ရှန်ရှီးက ပြောလိုက်သည်။

“ ဒေါ်လေးကို ဒေါ်လေး ဂရုစိုက်မှာပါ။ သမီးကို ကူညီချင်ပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ဒေါ်လေး နေကောင်းသွားရင် အိမ်မှုကိစ္စတွေ စိတ်ပူစရာ မလိုတော့ဘူး ”

သူတို့မိသားစုက အတူတကွထိုင်ပြီး ညစာစားလေ၏။ ရှန်ရှီး၏ ချဉ်ဟင်းချက် လက်ရာက အလွန်ကောင်းပြီး ဆုဝန်ထက် မဆိုးပေ။ ရှန်လင်းနှင့် ရှန်ယာယာတို့က ရှန်ရှီး ချက်ပေးသည့် ထမင်းဟင်းကို မစားရတာ ကြာခဲ့ပြီဖြစ်၏။ သူတို့ ထပ်စားချိန်၌ တစ်ကမ္ဘာ ခြားသွားသလို ခံစားရသည်။

သူတို့ စားသောက်ပြီးနောက် ရှန်လင်းနှင့် ဆုဝန်တို့က လက်ဆေးရန် မီးဖိုချောင်ထဲ အတူသွားလိုက်ပြီး နောင်ကျ ဆိုင်ခွဲကို ဖွင့်မည့်နေရာကို ဆွေးနွေးနေကြလေ၏။

မာလာထန်း ရောင်းကောင်းပြီဆိုတာ တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ ရောင်းကောင်းလျှင် တစ်စုံတစ်ယောက်က တုပလာလိမ့်မည်။ စီးပွား လုမည့်သူလဲ ရောက်လာလိမ့်မည်။ ထိုသို့ဆိုပါက စီးပွားကို ကိုယ်တိုင် စတင်လိုက်တာက ပိုကောင်းမည်။

ရှန်လင်းက ချင်းယွင်ကောင်တီသို့ ကြိမ်ဖန်များစွာ ရောက်ခဲ့ဖူးပြီး ထိုနေရာနှင့် အလွန်ရင်းနှီးသည်။ ဆိုင်ခွဲဖွင့်ရန် အကြံဉာဏ် ရပြီးနောက် ရှန်လင်းက သူ့စိတ်ထဲ နေရာတစ်နေရာ ရှိထားပြီးသား ဖြစ်၏။ ရှန်လင်းက ဆုဝန်ကို မာလာထန်း ရောင်းကောင်းမည် ဖြစ်ကြောင်း သေချာပေါက် ပြောခဲ့၏။ ထိုသို့ဆိုလျှင် သူတို့ ဆိုင်ဖွင့်ရန် စွန့်စားနိုင်သည်။ နောင်ကျ ချင်းယွင်ကောင်တီ၌ ဆိုင်များစွာ ဖွင့်‌နိုင်ရေး သို့သော် ယခု ဆိုင်ခွဲသစ် တစ်ခုနှင့်သာ အရင်ဆုံး စတင်မှာ ဖြစ်သည်။

ထို့အပြင် ဤဆိုင်ခွဲသည် ဈေးကြီးသည့်ဆိုင်ကို ငှားရမ်းဖို့ မလိုအပ်ပေ။ ဆိုင်ခန်းလေး ဖြစ်သရွေ့ အဆင်ပြေနေ၏။ ချင်းယွင်ကောင်တီ၌ မာလာထန်း ရောင်းသည့်ဆိုင် မရှိပေ။ စားချင်ပါက ထိုဆိုင်လေးနှစ်ဆိုင်မှာသာ စားနိုင်သည်။

အချိန်တချို့ကြာပြီး ပိုက်ဆံ လုံလုံလောက်လောက် စုပြီးနောက် ပိုကောင်းသည့် ဆိုင်မျက်နှာစာကို ငှားရမ်းကာ စီးပွားထပ်မံ စတင်နိုင်၏။

ဆုဝန်က သဘောပေါက်သည်။ ရှန်လင်းက အနိမ့်ကနေ အမြင့်အထိ လမ်းကြောင်းကို ဖော်ဆောင်နေတာ ဖြစ်သည်။

ရှန်လင်းက ထပ်ပြောလိုက်သည်။

“ အစ်ကိုတို့ ဆိုင်ခွဲတွေ အများကြီး ဖွင့်မယ်ဆိုပေမဲ့ နာမည်တစ်ခု မလိုအပ်ဘူး။ အညွှန်းလဲ သုံးတောင်မသုံးဘူး။ ဒီနည်းနဲ့ဆို စားသုံးသူတွေက ရွေးချယ်စရာ ပိုရှိလာမယ်။ ဒါပေမဲ့ သူတို့ ဘယ်ဆိုင်ကိုပဲ ရွေးရွေး အားလုံးက ဆုဝန် အပိုင်ပဲလေ ”

ဆုဝန်က ခေါင်းညိတ်လိုက်၏။ ရှန်လင်းက သမားရိုးကျနည်းကို မတွေးခဲ့ဘဲ ကွဲပြားခြားနားသည့် ဈေးရောင်းခြင်း ဗျူဟာများကို တွေးခဲ့၏။ နောက်ပိုင်းမျိုးဆက်ရှိ ကုမ္ပဏီကြီးများကဲ့သို့ပင် သူတို့က မတူညီသည့် တံဆိပ်မျိုးစုံဖြင့် ခွဲထားကြ၏။ သူတို့က ခေါင်းလျှော်ရည် ယှဉ်ပြိုင်နေတာ ဖြစ်သော်ငြား တကယ်တော့ မိသားစု တစ်စုထဲမှ ပိုင်တာဖြစ်သည်။ မည်သည့်ပစ္စည်း ရောင်းကောင်းသည်ဖြစ်စေ ကုမ္ပဏီကြီးက အကျိုးအမြတ် ရှိလိမ့်မည်။

ဆုဝန်က ရှန်လင်းကို အလွန်လေးစားသွား၏။ ဤနည်းလမ်းများသည် နောက်ပိုင်းမျိုးဆက်များ၏ အတွေ့အကြုံပဲ ဖြစ်သည်။ သို့သော် ရှန်လင်းသည် စီးပွားရေးကိစ္စများစွာကို မတွေ့ခဲ့ဖူးသော်ငြား သူ့ဉာဏ်ဖြင့်သူ စဉ်းစားဖော်ထုတ်ခဲ့၏။

ရှန်လင်းကို စာလေ့လာခိုင်းပါက သူ၏ စီးပွားရေးလုပ်သည့် ပါရမီကို စော်ကားရာ ရောက်မည်ဟု မတွေးမိဘဲ မနေနိုင်တော့ချေ။

ဆုဝန်က စိတ်အားထက်သန်စွာ နားထောင်နေပြီး ရှန်လင်းက ပြောလိုက်၏။

“ အစ်ကိုတို့က ချင်းယွင်ကောင်တီထဲမှာ မာလာထန်းဆိုင် များများဖွင့်ပြီး မတူညီတဲ့ ဆိုင်ရှေ့မျက်နှာစာတွေမှာ ဖွင့်လိုက်မယ်။ ဘယ်ဟာ ရောင်းအကောင်းဆုံးလဲ ကြည့်တာပေါ့။ အဲ့ဒီဆိုင်ကို တခြားတိုင်းပြည်နဲ့ တခြားမြို့တော်တွေက ကုန်သည်တွေကို ဆွဲဆောင်ဖို့ ဆိုင်အဖြစ် သံုးမယ်။ ကိုယ်တို့ရဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို ဝယ်ဖို့ပေါ့။ တစ်ချိန်ထဲမှာပဲ ဟင်းခတ်အမွှေးအကြိုင်လဲ ‌ရောင်းမယ်။ ဒါပေမဲ့ နာမည်တော့ မရောင်းဘူး။ ကိုတို့ဆိုင်နာမည်ပဲ သုံးစေချင်တယ်။ ပိုက်ဆံရလာရင် ရာခိုင်နှုန်း ယူမယ်။ နှစ်ဆယ်ကနေ သုံးဆယ်လောက်ပေါ့။ ဆိုင်တစ်ဆိုင် ဖွင့်တာလောက် အမြတ်မများပေမဲ့ ဒီနည်းနဲ့ဆိုရင် ဆိုင်တွေ အများကြီး ထပ်ဖွင့်နိုင်လိမ့်မယ် ”

ဆုဝန်က ရှန်လင်းကို အလွန်လေးစားသွား၏။ သူသည် နာမည်အကြီးဆုံး နည်းဖြင့် ရောင်းချရန် ရွေးချယ်ခဲ့သည်။ ယင်းက အမြင့်ဆုံး နည်းလမ်းဖြစ်ပြီး တိုးတက်ဖို့ အာရုံစိုက်ထားတာ ဖြစ်သည်။ ဤနည်းဖြင့် သူတို့၏ လုပ်ငန်းလေးကို ပိုကြီးလာအောင် ဆောင်ရွက်နိုင်မှာပဲ ဖြစ်သည်။

ဆုဝန်က ရှန်လင်းကို နောက်နေ့တွင် ကူညီခိုင်းလိုက်၏။ မနက်ဖြန်ကျ တစ်ယောက်ယောက်ကို ငှားရမ်းမှာ ဖြစ်ပြီး ရှန်လင်းက နောက်ထပ် ဆိုင်တစ်ဆိုင်မှာ အလုပ် သွားလုပ်မှာ ဖြစ်သည်။ ဆုဝန်က ထိုအကြောင်းကို တွေးပြီးပြီ ဖြစ်၏။ ဤမာလာထန်းသည် ဟင်းရည်သာ ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင်ကမူ ဟင်းရည် ပြင်ဆင်ထားပြီး ကို့ဘာသာကို အမွှေးအကြိုင် ခတ်နိုင်၏။ နောက်ထပ်တစ်ဆိုင်၌ ရောင်းရန် ယူသွားနိုင်သည်။ ထို့ကြောင့် ချက်ပြုတ်နည်း ပေါက်ကြားမှာကို စိတ်ပူစရာ မလိုအပ်ပေ။

အမြဲတစေ အရင်ဆုံး လှုပ်ရှားတာက ပိုကောင်း၏။ ချင်းယွင်ကောင်တီရှိ အခြားသော လုပ်ငန်းရှင်များသည် မာလာထန်း ချက်နည်းကို ရပြီး ဆိုင်ခွဲဖွင့်ဖို့က မြန်မြန်ဆန်ဆန် ဖြစ်လာမှာ မဟုတ်သော်ငြား တုပမည့်သူများ မကြာခင် ပေါ်လာမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ စစ်သားများက ဈေးအကြီးဆုံးနှင့် အမြတ်ဆုံးဟု ဆိုကြသည်။ ထို့အတူ စီးပွားရေး လုပ်ငန်းကလဲ အချိန်က အလွန်အရေးပါလှပေ၏။ အခွင့်အရေးကို ဖမ်းဆုပ်ထားလျှင် အခွင့်သာလိမ့်မည်။

ရှန်လင်းနှင့် ဆုဝန်က အိုးများ အတူဆေးလိုက်၏။ ထို့နောက် ရှန်လင်းသည် ဆုဝန်ကို မီးဖိုဘေးတွင် ထိုင်ခိုင်းထားပြီးနောက် သူကမူ ရေဖြည့်နေတော့၏။

ဆုဝန်သည် မူလပိုင်ရှင်က ဝမ်အိမ်တွင်ရှိစဉ် မီးဖိုချောင်ထဲတွင် တစ်ယောက်ထဲ ချက်ပြုတ်၊ ပန်းကန်ဆေး၊ အိမ်မှုကိစ္စများ လုပ်ရကာ သူမကို မည်သူမှ ကူမလုပ်ပေ။ သူမကို စကားပြောမည့်သူ တစ်ယောက်မှ မရှိတာကို အမှတ်ရသွားလေ၏။

ဝမ်မိသားစုကို သက်သောင့်သက်သာ ဖြစ်အောင် ကူညီပေးနိုင်သဖြင့် သူမ ရင်ထဲကနေကို ကျေနပ်ပျော်ရွှင်နေခဲ့ဖူးတာ ဖြစ်သည်။ ဝမ်လော့ရှန်းသည် သူမကို အလုပ် တစ်ခါမှ မကူဖူးပေ။ ဝမ်မိသားစု အမြင်တွင် ထိုအရာအားလုံးက သူမအလုပ် ဖြစ်သင့်သည်။

ရှန်လင်းကမူ သူမကို အမြဲတစေ ငြိမ်ငြိမ်လေး နေခိုင်း၏။ ရှန်မိသားစုသို့ သူမ ရောက်လာချိန်မှစပြီး ဆုဝန်သည် သူနှစ်သက်သည့် အရာများသာ လုပ်၏။ ရှန်လင်းကမူ အလုပ်များ မျှဝေလုပ်ပေးသည်။ ဤနည်းဖြင့် ယင်းက တကယ် အိမ်တစ်လုံး ဖြစ်လာတော့သည်။

မီးဖိုထဲရှိ မီးက အလွန်ပူလှ၏။ ဆုဝန်သည် သူမ၏ ခန္ဓာကိုယ် နွေးထွေးပြီး သက်သောင့်သက်သာ ရှိလှတာကို ခံစားမိသည်။ မတ်လ၌ စာမေးပွဲ ကျင်းပတော့မည် ဖြစ်ကာ မကြာမီ၌ ဒီဇင်ဘာတွင် ထွက်ရှိလာမှာ ဖြစ်သည်။ စာမေးပွဲစဖို့ လေးလ ကျန်နေသေး၏။ ရှန်လင်းက စာလေ့လာရန် ကျောင်းတော်သို့ စောစော သွားခဲ့လျှင် စာမေးပွဲတွင် အောင်မြင်လောက်သည်။

သူမဘာသာ မာလာထန်း ရောင်းခြင်းက စီးပွားရှာဖို့အတွက်သာ ဖြစ်၏။ ယင်းက ကြီးမားမည်မှန်း မတွေးခဲ့ပေ။ ယခု ရှန်လင်းက ထိုအကြံဉာဏ်များ ပေါ်လာသဖြင့် မြန်မြန် အကောင်အထည် ဖော်ဖို့လိုသည်။ ထိုကိစ္စများကို ရှန်လင်း ဖြေရှန်းရန် လို၏။ သူက ကျောင်းသို့ စောစောသွားရန် အချိန်ပို တကယ် မရှိပေ။

စီစဉ်ထားပုံအရ ယခုနှစ်၏ စာမေးပွဲကို ထည့်တွက်ပုံမရ။ နောက်စာမေးပွဲကိုသာ အားကိုးနိုင်တော့မည့်ပုံ ပေါ်သည်။

ရှန်လင်းက မတ်လနှင့် ဧပြီလ၌ စာလေ့လာဖို့ ကျောင်းသို့ သွားခဲ့ပါက စာမေးပွဲ အောင်လောက်သည်။

ဆုဝန်သည် ထိုအကြောင်းကို တွေးမိပြီး အောင်မြင်ဖို့ သိပ်ပြီး စိတ်အား မထက်သန်သင့်ကြောင်း ခံစားမိသည်။ သူမရှေ့ရှိ ကိစ္စများကို အရင်ဆုံး လုပ်တာပိုကောင်းလိမ့်မည်။ ယခု သူမ ပြုလုပ်သည်ကား ပိုက်ဆံပိုရှာနိုင်ရန် အခြေခိုင်စေတာပဲ ဖြစ်၏။ ပိုက်ဆံသုံးခဲ့လျှင် စိတ်ပူစရာ မရှိပေ။ ထိုသို့တွေးမိပြီး ဆုဝန်သည် ယခင်ကလောက် စိတ်မလောတော့ချေ။

ဝမ်လော့ရှန်းသည် ကျောင်းမှ ပြန်လာပြီးနောက် တစ်ကိုယ်လုံး အေးစက်နေတာကို ခံစားမိ၏။ သူ ယခင်ဘဝကဆို ထိုသို့ခံစားရတာ ရှားပါးသည်။ စားသောက်နေချိန်၌ ဝမ်လော့ရှန်းက သူတို့အိမ်ပြောင်းပြီး ကြိတ်ဆုံရုံကို ချင်းယွင်ကောင်တီ၌ ဖွင့်မည့်အ‌ေကြာင်း ပြောပြခဲ့သည်။ မထင်ထားဘဲ ဝမ်လော့ရှန်း၏ ဖခင် ငေါက်ငမ်းတာ ခံလိုက်ရပြန်၏။ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေသည်ဟုလဲ ဆူပူခဲ့လေသည်။

ဝမ်လော့ရှန်းက ရင်ကွဲသွားတော့သည်။ ယနေ့ ရှန်လင်းနှင့် ဆုဝန်တို့၏ ဆိုင် စီးပွား ရောင်းကောင်းနေခြင်းက ဝမ်လော့ရှန်းကို နာကျင်သွားစေသည်။ သူက အသုံးမကျသည့် စာသင်သား တစ်ယောက်သာ ဖြစ်နေသေးသည်။ သို့သော် ဆုဝန်နှင့် ရှန်လင်းကမူ ပိုက်ဆံများစွာ ရှာနိုင်ပြီ ဖြစ်သည်။ ဝမ်လော့ရှန်းက သူအသုံးမကျဟု ခံစားလိုက်ရ၏။ အရာအားလုံးက ကျေနပ်စရာ မကောင်းပေ။ ရှန်လင်းကို အရာရာ၌ ယှဉ်နိုင်သည်ဟု ထင်မြင်ခဲ့ပြီး ရှန်လင်းကို နှစ်နှစ်တာ အထင်သေးခဲ့မိ၏။

ဝမ်လော့ရှန်းသည် အိမ်ထဲသို့ ငေါင်ကြောင်ကြောင် ပြန်ရောက်လာစဉ် အိမ်က ရေခဲအိမ်တမျှ အေးစက်နေ၏။ ယခု သူ၏အမေနှင့် ညီမလေးက အိမ်ထဲရှိ အခြားကိစ္စများကို ဂရုမစိုက်နိုင်ပေ။ သူတို့အိမ်၌ မီးထွန်းဖို့ဆိုတာ ဝေလာဝေးပင်။

အိပ်ရာပေါ်တွင် လှဲပြီး ခဏတစ်ဖြုတ် စဉ်းစားလိုက်၏။ ဝမ်လော့ရှန်းက သူ အဆိုးမြင်တတ်လွန်းနေသည်ဟု ခံစားမိသွားသည်။ ဆိုရလျှင် သူသည်လဲ ချင်းယွင်ကောင်တီ၌ လူသိများသည့် စာသင်သား တစ်ယောက် ဖြစ်၏။ ယွင်ယန်နှင့် ယှဉ်လျှင် ဆုဝန်က မြေပြင်ပေါ်ရှိ ဘဲရိုင်းတစ်ကောင် ဖြစ်ပြီး ယွင်ယန်ကမူ ဝေဟင်ထဲရှိ ငန်းဖြူလေး ဖြစ်သည်။

ယခုအချိန်တွင် ဆုဝန်၏ ဘဲက ဘဲပုံစံ မပေါ်သော်ငြား အတွင်းတွင်မူ ဘဲတစ်ကောင် ဖြစ်နေသေးသည်။ လမ်းဘေး၌ စားစရာ ရောင်းသည့် မိန်းမတစ်ယောက်ကို လက်ထပ်တာနှင့် ယှဉ်လျှင် ပညာတတ် ယန်ယွင်ရန်ကို လက်ထပ်တာက ဆယ်ဆ၊ အဆတစ်ရာ ပိုသာပေ၏။

ငါက သူတို့ လုပ်ငန်းကိုင်ငန်း ကောင်းနေတာကြောင့် လှုံ့ဆော်ခံလိုက်ရတာပဲ။ ဒါကြောင့် အတွေးရိုင်းတွေ ပေါ်လာတာ။ တကယ်တော့ ငါနဲ့ ယွင်ယန်က သူတို့ထက် အဆတစ်ထောင် သာတယ်။ ငါက စိတ်ရှုပ်ထွေးသွားတာပဲ။ အဲ့ဒီလိုလူနဲ့ ဘယ်လိုလုပ် ယှဉ်နေမိတာလဲ။ ပြီးတော့ ဒီကိစ္စတွေကြောင့် ဝမ်းနည်းနေမိတယ်။

ထိုသို့တွေးမိပြီး ဝမ်လော့ရှန်းက စိတ်သက်သာသွားတော့သည်။ သူက ယွင်ယန်ကို အမြန် လက်ထပ်ရတော့မည့်ပုံ ပေါ်၏။ ယွင်ယန်ကို လက်ထပ်ပြီးနောက် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်။ သူ၏ ကောင်းမွန်သော ဘဝလဲ စတင်နိုင်မှာ ဖြစ်သည်။

ဒုတိယမြောက်နေ့တွင် ဆုဝန်နှင့် ရှန်လင်းတို့က အိပ်ရာစောစော ထပြန်၏။ ခါတိုင်းလိုပင် ရှန်ယာယာကို သူတို့နှင့်အတူ မြင်းလှည်းထဲ ခေါ်သွားသည်။ သူတို့က လမ်းတွင် ဝမ်လော့ရှန်းကို တွေ့သေး၏။ ရှန်လင်းက ဝမ်လော့ရှန်းကို နှုတ်ဆက်လိုက်သော်ငြား ဝမ်လော့ရှန်းက တုံ့ပြန်မှု မရှိ။ သူ၏ သဘောထားက ယခင် မောက်မာ ထောင်လွှားမှုဆီ ပြန်ရောက်သွားသည်။

ရှန်လင်းက စကား သိပ်မပြောခဲ့ဘဲ ချင်းယွင်ကောင်တီဆီ မြင်းလှည်း မောင်းသွားလိုက်၏။

ဝမ်လော့ရှန်းက အလွန် ဖော်ရွေနေလျှင်တောင် မြင်းလှည်းထဲ၌ အမျိုးသမီးများ ရှိနေသဖြင့် ရှန်လင်းအဖို့ ဝမ်လော့ရှန်းကို ခေါ်သွားရန် အဆင်မပြေပေ။

ဝမ်လော့ရှန်းက ကျောင်းရောက်ချိန်တွင် စာလေ့လာပြီး အနားယူခိုက် ယန်ယွင်ရန်က ဝမ်လော့ရှန်းကို လာရှာပြီး အနွေးအိတ်လေး လာပေး၏။

အနွေးအိတ်ကလေးက အလွန် နုနယ်ပြီး လှပသည့် ပျိုနီပန်းကိုလဲ ထိုးထား‌ေလသည်။

အတွင်း၌ ကြေးနီသားဖြင့် ပြုလုပ်ထားကာ တစ်ချက်ကြည့်ရုံဖြင့် အလွန်တန်ဖိုးရှိကြောင်း သိလှပေ၏။

ယန်ယွင်ရန်သည် ချင်းယွင်ကောင်တီရှိ အကောင်းဆုံး အဝတ်အထည်ဆိုင်မှ ဘရိုကိတ်သားကို ဝတ်ဆင်ထားသည်။ သူမ ဝတ်ဆင်ထားသည့် လက်ဝတ်ရတနာများကလဲ သန့်စင်သော ကျောက်စိမ်းဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ ယွင်ယန်၏ ကိုယ်ပေါ်ရှိ အဝတ်အစားနှင့် လက်ဝတ်ရတနာတို့သည် မည်သည့်နည်းနှင့်မဆို ငွေတုံး ဆယ်တုံးခန့် ကျလောက်သည်။

ယန်ယွင်ရန်၏ ဖခင်က ဤကျောင်း၏ ဆရာတစ်ယောက် ဖြစ်ပြီး ဤကျောင်းသည် ချင်းယွင်ကောင်တီ၌ အကောင်းဆုံးကျောင်း ဖြစ်သည်။ ရှုရှို့က အလွန်တန်ဖိုးကြီးပြီး လုပ်ခလစာ များစွာရသည်။ ထို့အပြင် ကြွယ်ဝချမ်းသာသည့် မိသားစု၏ သားများ သမီးများက သူတို့ကို ပွဲတော်ရာသီများ မွေးနေ့ မွေးရက်များ၌လည်း လက်ဆောင်များ ပေး၏။ ထို့ကြောင့် ယန်မိသားစုက ကြွယ်ဝလှပေသည်။

ဝမ်လော့ရှန်းက ပြန်လည် မွေးဖွားလာတာ ဖြစ်၏။ ထို့ကြောင့် ယန်ယွင်ရန်၏ မိသားစု ချမ်းသာမှန်း သိသည်။ ငွေတုံး ပြတ်လပ်မှု မရှိပေ။

သို့သော် ယခင်ဘဝ၌ ဝမ်လော့ရှန်း ဖြေဆိုခဲ့သမျှ စာမေးပွဲတိုင်းကို သူ ကြိုးစားခဲ့တာ ဖြစ်သည်။ သူသည် သူ့ယောက္ခမ(ထီး)၏ အစမ်းစာမေးပွဲ မေးခွန်းများကို အသုံးမပြုခဲ့ပေ။ ယင်းက သူ၏ အနာဂတ်ကို ဖျက်ဆီးမိလိမ့်မည်။ ဝမ်လော့ရှန်းကလဲ ယင်းက သူ၏ ပါရမီသာ ဖြစ်ပြီး ထိုအရာများနှင့် မဆိုင်ဟု တွေးခဲ့မိ၏။ ယခုအချိန်တွင် ကြွယ်ဝချမ်းသာပြီး ဂုဏ်သတင်းကြီးသည့် ယန်ယွင်ရန်က ဝမ်လော့ရှန်းကို စိတ်အေးစေ၏။ မူလက တစ်စုံတစ်ခုကို ဆုံးရှုံးသွားသော ခံစားချက်များအတွက် ဖြည့်ဆည်းပြီးသွားပြီ ဖြစ်သည်။ ဝမ်လော့ရှန်းက ယန်ယွင်ရန် သူ့ကို အလွန်ကြိုက်မှန်း သဘောကျ၏။ ယခုအချိန်တွင် ယန်ယွင်ရန်၏ မျက်လုံးထဲ၌ သူ့အပေါ် ချစ်ခြင်းတရားများ ပြည့်နေသည်။

ဝမ်လော့ရှန်းက ချောမောခံ့ညားပြီး အရည်အချင်း ရှိ၏။ သူသည် ချင်းယွင်ကောင်တီရှိ မိန်းကလေးများစွာ ကြိုက်နှစ်သက်သူလဲ ဖြစ်သည်။ သူမ ယန်ယွင်ရန်ကိုလဲ လူကြိုက်များလှပေ၏။ ယန်ယွင်ရန်သည် မနေ့တုန်းက စာသင်သားများ ဆုဝန်ကို ချီးကျူးသည့်အကြောင်း တွေးမိသွား၏။ ယန်ယွင်ရန် လည်ချောင်းထဲ အရိုးန‌င်နေသလို ခံစားရသည်။ ဤဆုဝန်က အဖက်ဖက်၌ သူမထက် နိမ့်ကျသော်ငြား သူမ အမြဲတစေ စိတ်မသက်မသာ ဖြစ်မိသည်။

ဆုဝန်၏ ရေပန်းစားမှုက ခဏတဖြုတ်သာ ဖြစ်ပြီး အနှေးနှင့်အမြန် သူမက မူလနေရာသို့ ပြန်ရောက်သွားပြီး နှိမ့်နှိမ့်ချချ နေရမည့် ကျေးတောသူတစ်ယောက် ဖြစ်သွားမည်ဟု ယန်ယွင်ရန် ခံစားမိသည်။

ဆုဝန်နှင့် ရှန်လင်းသည် မနေ့တုန်းက ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဝယ်သူက များလွန်းသဖြင့် လူအင်အား မလုံလောက်ပေ။ ကြုံရာကျပန်း ရောင်းချခြင်းက အလျင်စလိုနိုင်ပြီး အမှားလုပ်မိလိမ့်မည်။ နေ့လယ်နှင့် ညတိုင်း ပွဲရှစ်ဆယ် ရောင်းချခြင်းက အလုပ်များဖို့ လုံလောက်နေပြီ ဖြစ်၏။ ဤနေရာသို့ စားသုံးသူများ ပိုရောက်လာလျှင် မောပန်းနေမှာပဲ ဖြစ်သည်။

ဈေးဆိုင်တန်းသို့ ရောက်သည်နှင့် လူတစ်စုက ဆိုင်ရှေ့၌ စောင့်နေနှင့်ပြီ ဖြစ်လိမ့်မည်ဟု မထင်မိပေ။ မနေ့တုန်းက မာလာထန်း မစားခဲ့ရပဲ မာလာထန်းက အရသာရှိကြောင်း ကြားသဖြင့် ယနေ့နံနက်၌ လာစောင့်နေကြတာ ဖြစ်သည်။

ဆုဝန်က မနက်ခင်းပိုင်း မာလာထန်း စားချင်သည့်သူ ရှိလိမ့်မည်ဆိုတာ တကယ် မထင်မှတ်ထားပေ။ ယင်းက နေ့လယ်နှင့် ညအချိန်တွင် စားသင့်တာ ဖြစ်သည်။

သို့သော် ဧည့်သည်များ ရောက်လာပြီး အရာအားလုံး မနေ့က ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် မရောင်းစရာ အကြောင်းမရှိပေ။

မည်သည့်နည်းနှင့်မဆို ပွဲတစ်ရာ့ခြောက်ဆယ် ရှိသည်။ ရောင်းကုန်သွားချိန်၌ ဆိုင်ပိတ်မည် ဖြစ်၏။ ယနေ့ နောက်ထပ် ဆိုင်သစ်နေရာဆီသို့ သွားကြည့်ပြီး လက်မှုပညာရှင် တစ်ယောက်နှင့် နောက်ဆိုင်အတွက် ချက်ပြုတ်ပေးနိုင်မည့် သူကို ရှာမှာဖြစ်၏။ ဆုဝန်က ချင်းယွင်ကောင်တီထဲရှိ ထိုဆိုင်ကိုလဲ မြင်ချင်သည်။

ယခုက ချင်းယွင်ကောင်တီ၌ လုပ်ငန်း စလုပ်နေပြီ ဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း ချင်းရှီးရွာနှင့် ချင်းယွင်ကောင်တီသို့ အသွားအပြန် လုပ်ရတာက အချိန်ကုန်လိမ့်မည်။

အချိန်ကို ကြည့်လိုက်ရာ နောက်နှစ်၌ လယ်ရိတ်သိမ်းဖို့ မလိုတော့ပေ။ ရွှေ့ပြောင်းတာက အဆင်ပြေလောက်မည်။ နောင်ကျ ရှန်လင်း စာလေ့လာရန်လဲ ပိုအဆင်ပြေလိမ့်မည်။

ရှန်လင်းနှင့် ဆုဝန်က မြင်းလှည်းထဲမှ ထွက်လာသည်နှင့် သူတို့ အလုပ်များတော့သည်။ အားလပ်ချိန်၌ ဆုဝန်က စားသုံးသူများကို ယနေ့ ပွဲ တစ်ရာ့ခြောက်ဆယ် ရောင်းမည် ဖြစ်ကြောင်းနှင့် ရောင်းထွက်ကုန်ပါက ဆိုင်ပိတ်မည် ဖြစ်ကြောင်း ပြောခဲ့၏။ ထို့အပြင် သူတို့က မနက်ခင်း၌ ရောင်းမှာ မဟုတ်၊ နေ့လယ်တွင် ပွဲရှစ်ဆယ်၊ ညအချိန်တွင် ပွဲရှစ်ဆယ် ရောင်းမှာဖြစ်သည်။

မနက်ခင်းတွင် စောင့်နေခဲ့သည့် စားသုံးသူများက ယနေ့ အမြတ်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ နောက်ကျ သူတို့ စားချင်လျှင်တောင် စားဖို့ မလွယ်ကူပေ။ နေ့လယ်နှင့် ညနေမှသာ လာမည်ဆိုပါက လူတိုးနေရလိမ့်မည်။ ထိုစည်းမျဉ်း ချမှတ်ပြီး ဖြစ်သောကြောင့် ဆုဝန် မပင်ပန်းတော့ပေ။

ရှန်လင်းက ဆုဝန်ကို သူ စီစဉ်ထားသည့် ဆိုင်သို့ ခေါ်သွားပေး၏။ တောင်ဘက်လမ်း၏ အဆုံးတွင်ရှိသည်။ တောင်ဘက်လမ်းက ချည်ထည်များ၊ ပါးနီဆိုးဆေးများ၊ ပန်းချီဆေးများ ရောင်းချသည့် နေရာဖြစ်သည်။ သရေစာဆိုင် များစွာလဲ ရှိ၏။ ဤဆိုင်က တောင်ဘက်လမ်း၏ အတွင်းပိုင်း အကျဆုံးတွင် ရှိသည်။ ယခင်က ဘာရောင်းခဲ့မှန်းမသိ စီးပွားရေး မကောင်းတာ ဖြစ်လောက်၏။ ထို့ကြောင့် နေရာက ရှင်းလင်းနေပြီး အောက်၌ ခုံတန်းနှစ်တန်းဖြင့် ယိုင်နဲ့နေသော ဆိုင်သာ ရှိ၏။

ဆုဝန်သည် ဤနေရာကို အလွန်ကျေနပ်သွားသည်။ မိန်းကလေးများက ဤဆိုင်များသို့ လာရောက် လည်ပတ်ချိန်တိုင်း၌ ဤနေရာသို့ ရောက်လာမှာ ဖြစ်သည်။ စားစရာများဖြင့် အလွယ်တကူ သွေးဆောင်ခံရလိမ့်မည်။

ဆုဝန်က ရှန်လင်းကို မော့ကြည့်လိုက်လေ၏။

“ ဒီနေရာကို ရှင် ဘယ်လိုလုပ် သိတာလဲ။ ပါးနီ‌ဆိုးဆေးတွေကို ရှင် ဘယ်သူ့အတွက် ဝယ်ပေးဖူးတာလဲ ”

ရှန်လင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

“ ကိုယ့်အမေနဲ့ ယာယာရဲ့လက်က အရင်တုန်းက နည်းနည်း ကြမ်းနေတယ်လေ။ ဒါကြောင့် သူတို့အတွက် လက်လိမ်းဖို့ ပစ္စည်းတစ်မျိုး လာဝယ်တာ။ ဒီဆိုင်ကို မတော်တဆ တွေ့ခဲ့တယ်လေ။ ဆိုင်ဖွင့်ဖို့ စဉ်းစားမိတော့ ဒီနေရာကိုပဲ တွေးမိသွားတာ ”

ဆုဝန်က သာမန်ကာလျှံကာ မေးလိုက်တာပဲ ဖြစ်၏။ ရှန်လင်းက သူမအပြင် အခြားသော အမျိုးသမီး တစ်ယောက်နှင့် အဆက်အသွယ် ရှိသည်ဟု သူမ သံသယ မဝင်မိပေ။

နေရာကို ကြည့်ပြီး ဆုဝန်သည် ငှားရမ်းရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။ ရှန်လင်းက ဤလမ်းထဲရှိ လက်ဖက်ရည်ဆိုင်ထဲတွင် ဆုဝန်ကို ထိုင်ခိုင်းထားပြီး ဆိုင်တာဝန်ခံကို ခေါ်ကာ ဆိုင်နေရာကို ငွေတုံးနှစ်တုံးဖြင့် ငှားမည့်အကြောင်း ပြောခဲ့သည်။ အဆင်ပြေသွားပြီးနောက် ရှန်လင်းက စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းများ၊ အိုးများ၊ မီးဖိုများ၊ ဒယ်ပြားများ သွားဝယ်တော့သည်။ ရှန်လင်းက သရေစာ ဆိုင်ထဲရှိ ပစ္စည်းဆိုင်ထဲတွင် ထိုပစ္စည်း အားလုံးကို တွေ့ခဲ့ပြီး ဖြစ်၏။ ဆုဝန် အလိုရှိရာတိုင်းကို သူဝယ်ပေးနိုင်၏။

သို့သော် ရှန်လင်းသည် ထိုဆိုင်နှင့် တစ်ထပ်ထဲ ပစ္စည်းများ မဝယ်ခဲ့ပေ။ ယခုအခါ ဝယ်ခဲ့သည့် ပစ္စည်းများက ပိုထူးကဲပေ၏။ ဆိုရလျှင် ဤလမ်းထဲရှိ လူအများစုက အမျိုးသမီးကြီးများနှင့် မိန်းမပျိုလေးများ ဖြစ်ပြီး နုနုနယ်နယ် ပစ္စည်းများက ပိုပြီး ဖမ်းစားနိုင်လိမ့်မည်။ ဆုဝန်နှင့် ရှန်ယာယာတို့က လက်ဖက်ရည်ဆိုင်ထဲတွင် နားထောင်နေပြီးနောက် တစ်ဖက်လမ်းတွင် ပိုကောင်းသည့် စားသောက်ဆိုင်၌ သွားစားကြသည်။ ရှန်လင်းက တစ်ချိန်လုံး အလုပ်များနေ၏။ ဆုဝန်က ခြံကြည့်ရန် ရှန်ယာယာကို ခေါ်သွားသည်။ ကြည့်ရှုပြီးနောက် တောင်ပိုင်းလမ်း အဆုံး၌ ဈေးဆိုင်တစ်ဆိုင် ရှိသည်။ မြေနေရာက အလွန်သင့်တော်၏။ ပုံးများနှင့် မီးဖိုများကို သင့်တော်သည့် နေရာတွင် ထားထားသည်။ စုစုပေါင်း စားပွဲရှစ်လုံးရှိပြီး လူအယောက် သုံးဆယ်၊ လေးဆယ် ထိုင်နိုင်၏။ ယင်းက လုံလောက်ပြီ ဖြစ်သည်။

ရှန်လင်းက သင့်တော်သည့် လူတစ်ယောက်ကို တွေ့ပြီးသားဖြစ်ကြောင်း ဆုဝန်ကို ပြောခဲ့၏။ ဤနေရာ၌ ဆိုင်ကို ဂရုစိုက်ဖို့က ရန်ညီနောင်အတွက် သင့်တော်သည်။ ရှန်လင်းနှင့် ရန်ညီနောင်တို့သည် တစ်ရွာထဲတွင် နှစ်ပေါင်းများစွာ နေလာခဲ့တာ ဖြစ်သောကြောင့် ယန်ညီနောင်အကြောင်း အကောင်းဆုံး သိ၏။ သူတို့က အလုပ်ကို ကောင်းကောင်း ဆောင်ရွက်တတ်သူ ဖြစ်သောကြောင့် သူတို့အလုပ်ကိုလဲ ကောင်းကောင်း လုပ်ပေးလိမ့်မည်။ ဆုဝန်က ခေါင်းညိတ်လိုက်သည်။ ယန်မိသားစု ညီနောင်များအပေါ် သူမ၏ နားလည် သဘောပေါက်မှုအရ ယန်မိသားစု ညီနောင်များက တကယ်ကို ယုံရသည်။

ရှန်လင်းက ဆုဝန်ကို ထိုသို့ စီမံရန် ပြောထား၏။ ဆိုင်နှစ်ဆိုင်လုံးကို မိသားစုတစ်စုထဲ ပိုင်ကြောင်း စားသုံးသူများကို မပြောတာ အကောင်းဆုံးဖြစ်၏။ မိသားစုနှစ်စုဟု သူတို့ တွေးမိပါက စားသုံးသူများက ယှဉ်ကြည့်မိပြီး အရသာခွဲပြီး မြည်းကြည့်လိမ့်မည်။ မိသားစု တစ်စုထဲ ပိုင်တာဆိုပါက တစ်ဆိုင်ထဲမှာ စားမည်ဖြစ်ကာ အခြား‌ေနရာကို စိတ်ဝင်စားမှု ရှိမှာ မဟုတ်ပေ။

ဆုဝန်သည် ရှန်လင်းပြောတာကို ထောက်ခံ၏။ ရှန်လင်း ပြောသည့် အကြံဉာဏ်များက လက်တွေ့ကျသည်။ စာရွက်ပေါ်တွင် အကြောင်းအရာများကို ချရေးမည့်အစား ပြောလိုက်တာက ဆုဝန်ကို အလွန်စိတ်အေးစေသည်။

ဆုဝန်သည် မာလာထန်း ပြုလုပ်နည်းအတွက် အညွှန်းရှိသည်။ ရှန်လင်းက ထိုပြုလုပ်နည်းကို ငွေတုံးအဖြင့် ပြောင်းရန် နည်းလမ်းများစွာ စဉ်းစားနိုင်၏။ ဤနည်းလမ်းများအတိုင်း သွားမည်ဆိုပါက လျင်မြန်စွာ မအောင်မြင်လောက်သော်ငြား တကယ်ကြိုးစားလျှင် အဆင်ပြေလိမ့်မည်။ ဆုဝန်က လိုက်စဉ်းစားရန် မလိုအပ်ပေ။ လုပ် မလုပ် ဆုံးဖြတ်ချက် ချပေးဖို့ပဲ လိုသည်။

သူ ဝမ်မိသားစုထဲတွင် ရှိစဉ်က ဝမ်လော့ရှန်းက မူလပိုင်ရှင် တွေးသမျှ အရာရာတိုင်းကို စိတ်ကုန်နေခဲ့တာ ဖြစ်သည်။ ဝမ်လော့ရှန်းက သက်သောင့်သက်သာ နေနိုင်ခဲ့ခြင်းမှာ မူလပိုင်ရှင်က သူ့အတွက် သောကပွေစရာ များစွာကို ဖြေရှင်းပေးခဲ့သောကြောင့် ဖြစ်သည်။ ဝမ်လော့ရှန်းကမူ ထိုအရာအားလုံးက သူ၏ ကိုယ်ပိုင်အရည်အချင်း သို့မဟုတ် ယန်ယွင်ရန်၏ အကြံဉာဏ်များဟုသာ ထင်နေခဲ့သည်။ စဉ်းစားကြည့်ပြီးနောက် မူလပိုင်ရှင်ကသာ ထိုအရာအားလုံးကို ပြုလုပ်ပေးခဲ့တာ ဖြစ်သည်။

ဆုဝန်သည် စကားတစ်ခွန်း စဉ်းစားမိသွား၏။ တစ်နှစ်ပတ်လုံး ငြိမ်းချမ်းနေသည်ဟု ခံစားခဲ့ရပါက တစ်စုံတစ်ယောက်က သင့်အတွက် ဝန်ထုပ်ဝန်ပိုး သယ်ပေးနေတာ ဖြစ်သည်။ ဤနှစ်များက ငြိမ်းချမ်းနေသည်ဟု သူမ ခံစားနေရချိန် နောက်ကွယ်၌ ရှန်လင်းက တက်တက်ကြွကြွ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အားလုံး လုပ်ဆောင်ပေးနေတာ ဖြစ်သည်။

ရှန်လင်းက တာဝန် ယူထားပေးသောကြောင့် တတိယမြောက်နေ့တွင် နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်လိုက်သည်။ ဆုဝန်နှင့် ရှန်လင်းတို့က ရန်အမျိုးသားနှင့် သူ၏ဇနီးတို့ကို တောင်ပိုင်းဆိုင်ကို ကြီးကြပ်ရန် ငှားရမ်းလိုက်၏။ တောင်ဘက်လမ်းရှိ ဆိုင်က မကြီးပေ။ ယန်မိသားစု၏ ပဉ္စမသား၏ ဇနီးက ချက်ပြုတ်တာ တော်သည်။ ယန်၀ူနှင့် ယန်တာ့ တို့ကမူ စားပွဲကို သန့်ရှင်းပေးကာ ဟင်းလျာများ တည်ခင်းပေး၏။ တစ်ရက်ပြီး တစ်ရက် အရာအားလုံး ချောမွေ့သွားတော့သည်။

တောင်ပိုင်းလမ်းရှိ ဆိုင်များက သရေစာလမ်းရှိ ဆိုင်များလောက် လူမများပေ။ သို့သော် စီးပွား ကောင်းမွန်၏။ အဝတ်အစား၊ ပါးနီ‌ဆိုးဆေး၊ ပန်းချီဆေးများ ဝယ်ရန် ရောက်လာကျသည့် အမျိုးသမီးများက အအေးဓာတ်ကို ဖယ်ရှားရန်အတွက် မာလာထန်း တစ်ပွဲ စားကြမည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က စားပြီး သဘောကျနေလေရာ သူတို့က နောက်တစ်ခေါက် လာစားကြ၏။

ဆုဝန်နှင့် ရှန်လင်းတို့ကလဲ သရေစာလမ်းရှိ ဆိုင်နှင့် အလုပ်များနေသေးသည်။ တကယ်တော့ ဤဆိုင်ကို စီမံရန် တစ်စုံတစ်ယောက် ငှားတာက အဆင်ပြေ၏။ သို့သော် ဆုဝန်ကမူ စောသေးသည်ဟု ထင်သည်။ သူမအဖို့ အတွေ့အကြုံများ ပိုစုဆောင်းတာက ပိုကောင်းလိမ့်မည်။ လူငှားကိုသာ အားကိုးနေလျှင် နောင်ကျ တစ်ခုခု ဖြစ်လာလျှင် အသေးစိတ်များကို မဖော်ထုတ်နိုင်ဘဲ အလွယ်တကူ ကျော်ကြည့်မိလိမ့်မည်။

တချို့သော ကိစ္စရပ်များသည် လူငှားရုံဖြင့် မဖြေရှင်းနိုင်ပဲ ကိုယ်တိုင် လုပ်ရမှာပဲ ဖြစ်သည်။

ဆုဝန်နှင့် ရှန်လင်းတို့က သရေစာဆိုင်၌ မာလာထန်းရောင်းပြီး သူတို့က နေ့တွင် ပွဲရှစ်ဆယ် ညတွင် ပွဲရှစ်ဆယ် အမြဲရောင်း၏။ ယင်းက သိပ်မပင်ပန်းပေ။ သင့်တော်စွာ ဖြေရှင်းထားသောကြောင့် ဆုဝန်သည် အစ၌ သူသည် လူမငှားခဲ့မိတာကို ဝမ်းသာမိ၏။ ဤအတွေ့အကြုံက ပိုက်ဆံထက် ပိုအရေးပါသည်။

ကျန်သည့်ရက်များအတွင်း ချင်းယွင်ကောင်တီက သရေစာဆိုင်တွင် မာလာထန်း ရောင်းသည့် မိန်းကလေးရှိကြောင်း သတင်းပျံ့သွား၏။ စားစရာက အရသာ ရှိရုံသာမကာ လူကလဲ အလွန်လှသည်။

တောင်ပိုင်းလမ်း၌လဲ မာလာထန်း ရှိသော်ငြား ချက်သည့်သူက အမျိုးသမီးကြီး တစ်ယောက်ဖြစ်ပြီး ဝတ်စားပုံက ရိုးရှင်းကာ သရေစာဆိုင်ရှိ မိန်းကလေးနှင့် မတူပေ။ စားစရာက အရသာရှိပြီး ချက်ပြုတ်သူကလဲ လှပ၏။

ယန်မိသားစု ချွေးမကမူ မည်သည့်နည်းနှင့်မဆို အလေးမထားပေ။ သူမရုပ်ရည်က သာမန်မှန်း သိ၏။ ထို့အပြင် ဤရက်ပိုင်းအတွင်း သူမ အလွန်ပျော်ရွှင်နေ၏။ သူမ အသက်ကြီးသည်ဟု အထင်ခံရသော်ငြား စိတ်ထဲ မထားပေ။ ဆုဝန်နှင့် ရှန်လင်းက သူတို့ကို အလုပ်ကောင်းတစ်ခု ပေးထား၏။ လယ်ကွင်းထဲတွင် အလုပ်လုပ်ရတာလောက် မပင်ပန်းပေ။ တစ်ရက်ကို ပြားငါးဆယ် ရသေးသည်။ တစ်လလုံးလုပ်လျှင် ငွေတုံး တစ်တုံး နှစ်တုံး ရလိမ့်မည်။ သူ၏ အမျိုးသားကလဲ လုပ်ခ လစာ ရ၏။ ယင်းက ကောင်းကင်ပေါ်က ကျလာသည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

ယန်တာ့နှင့် သူ၏ဇနီးတို့က ဆုဝန်နှင့် ရှန်လင်းကို သူတို့၏ ကျေးဇူးရှင်၊ ကြွယ်ဝခြင်း နတ်ဘုရားအဖြစ် သတ်မှတ်ထားကာ အလွန် လေးလေးစားစား ဆက်ဆံသည်။

ယန်၀ူက ဆိုင်၌ ကုန်ပစ္စည်း ဝယ်ပေးရန် အလုပ်စီမံရေးနှင့် ကျန်သည့်ကိစ္စများကို တာဝန်ယူထားသည်။ သူက နေ့စဉ် ရောင်းရငွေ၏ ဆယ်ပုံနှစ်ပုံကို ရရှိသည်။ ဆယ်ပုံနှစ်ပုံကတောင် အ‌ေတာ်များသည့် ဝင်ငွေ ဖြစ်နေသေး၏။ ရှန်လင်းနှင့် ဆုဝန်က ဆိုင်ကို မကြည့်နိုင်ပေ။ ထို့ကြောင့် ယန်၀ူက ရထားသည့် ပိုက်ဆံများကို ရှင်းရှင်းလင်းလင်း အပ်၏။ ရှန်လင်းကမူ ငွေစာရင်းကို ကြည့်ပြီး ဟင်းသီးဟင်းရွက်များနှင့် ရောင်းချသည့် စရိတ်များကို တွက်ချက်လိုက်ရာ ယန်၀ူ၏ ငွေစာရင်းက မမှားမှန်း သိလိုက်သည်။

ယန်၀ူက မည်သို့သော လူမျိုးဆိုတာ ရှန်လင်း သိနေသောကြောင့် စိတ်မပူပေ။

ထိုနေ့၌ ဝတ်ကောင်းစားလှ ဝတ်ထားသည့် မိန်းမလှလေးများက တောင်ပိုင်းလမ်းရှိ ဆိုင်သို့ ရောက်လာ၏။ မိန်းကလေး တချို့က မာလာထန်း မှာလိုက်ပြီး စားပွဲတွင် ထိုင်လိုက်သည်။

“ သရေစာလမ်းက ဆိုင်က ကျေးတောသူ တစ်ယောက်ပဲကို ချင်းယွင်ကောင်တီမှာ ဘယ်လိုလုပ် ဟန်ဆောင်နေနိုင်တာလဲ ”

နောက်ထပ် မိန်းကလေး တစ်ယောက်ကလဲ ပြောလိုက်၏။

“ ဒီမာလာထန်းက အဲ့ဒီလမ်းက မာလာထန်းထက် ပိုကောင်းတယ် ထင်တာပဲ။ ဒီနေရာမှာ ချက်ပြုတ်တဲ့သူက ရိုးသားတဲ့ပုံ ဟိုမြေခွေးမနဲ့ မတူဘူး ”

ယန်ယွင်ရန်က တောင်ပိုင်းလမ်းရှိ မာလာထန်းဆိုင်ထဲတွင် ထိုင်နေပြီး သူ့ဘေးရှိ မိန်းကလေးများကို ပြောလိုက်၏။

“ တောင်ပိုင်းလမ်းက ဆိုင်က သရေစာလမ်းက ဆိုင်ထက် ပိုပြီး စီမံတာ ကောင်းတယ်။ သရေစာလမ်းကဆိုင်မှာ စားပွဲနဲ့ ကုလားထိုင်တွေ ရှိပေမဲ့ သူတို့အပိုင်တောင် မဟုတ်ဘူး။ ပြီးတော့ အဲ့ဒီလမ်းက ဆင်းရဲသားတွေပဲ ရှိတာ။ ဆိုင်ရဲ့ သန့်ရှင်းမှုကလဲ ဆိုးရွားတယ် ”

...

All Chapters