အခန်း (၆၆)
Vol. 4 Ch. 66
အခန်း (၆၆)
ယန်ယွင်ရန်သည် ကောင်းမွန်စွာ ဝတ်စားထားပြီး လှပသော မျက်နှာရှိ၏။ သူမကို ကြည့်ရသည်မှာ လူချမ်းသာမိသားစုမှ သခင်မလေးနှင့် တူပေသည်။ ထိုသို့သော မိန်းကလေးတစ်ဦးပြောသော စကားသည် မှားနိုင်ဖွယ်ရာ ရှိပါ့မလား။ သူမနံဘေးမှ စားသုံးသူတို့သည် ထိုသို့တွေးနိုင်ကြပေသည်။
အချို့စားသုံးသူများမှာ တီးတိုးရေရွတ်နေကြသည်။ “ဒီမိန်းကလေးကို ကြည့်ရတာ ပိတ်ရက်တွေတိုင်းမှာ တောင်ပေါ်ဖြစ်ဖြစ် ပင်လယ်ဖြစ်ဖြစ် ဘယ်နေရာကမဆို စားကောင်းသောက်ဖွယ်တွေ စားဖူးတဲ့သူနဲ့ တူတယ်။ သူမက လုံးဝ လူလိမ်တစ်ယောက်နဲ့တော့ မတူဘူး။ သူက တောင်ဘက်လမ်းကဆိုင်ဟာ ပိုစားကောင်းတယ်လို့ ပြောတော့ အဲ့ကဆိုင်ဟာ တကယ့်ကို ပိုပြီးအရသာရှိလို့ပဲ ဖြစ်ရမယ်”
အချို့စားသုံးသူများကမူ စတင်၍ စုံစမ်းမေးမြန်းလာကြသည်။ “တောင်ဘက်လမ်းမှာ စောင့်ရမဲ့ လူတန်းက အရှည်ကြီးပဲ မဟုတ်လား”
အဝါရောင်ဝတ်စုံဝတ်ထားသော ယန်ယွင်ရန်နှင့် တစ်စားပွဲတည်း ထိုင်နေသည့် မိန်းကလေးက ထပြောလိုက်သည်။ “တောင်ဘက်လမ်းကဆိုင်ကတော့ တကယ့်ကို လူများတာ။ ဒါပေမဲ့ တစ်ဆိုင်ကတော့ အချိန်အကြာကြီး စောင့်စရာရော၊ တန်းစီစရာရော မလိုဘူး”
စားသုံးသူများသည် စတင်၍ ရေရွတ်ပြောဆိုလာကြသည်။ “တောင်ဘက်လမ်းကဆိုင်က အရသာလဲ ပိုကောင်းပြီး စောင့်စရာလဲ မလိုဘူးဆိုရင် ဘာလို့အဲ့ဆိုင်ကို မသွားကြတာလဲ”
ထို့နောက် အစိမ်းရောင်ဝတ်စုံဝတ်ထားသော ထိုစားပွဲမှ ယန်ယွင်ရန်သည် သူမ၏ တူကို ချလိုက်ပြီး “ဒီ မုန့်စျေးတန်းလမ်းက ဆိုင်က အရသာရှိတယ်လို့ ကြားခဲ့တာ ဒါပေမဲ့ ဟိုတောင်ဘက်လမ်းကဆိုင်နဲ့ အကွာကြီး ကွာနေလိမ့်မယ်လို့ ထင်မထားဘူး။ အဲ့လိုမှန်းသာ စောစောက သိခဲ့ရင် တောင်ဘက်လမ်းမှာပဲ သွားစားမှာပေါ့။ ဒီမှာ ဘယ်လာစားပါတော့မလဲ။ စောင့်ရတဲ့ အချိန်က အချိန်တွေကို ဖြုန်းလိုက်မိသလိုပဲ”
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ပြောလဲပြော ထလဲထလိုက်သည်။
ယန်ယွင်ရန်နှင့် အခြားလူများကလဲ တစ်ယောက်ပြီး တစ်ယောက် ထလိုက်ကြလေသည်။
တန်းစီနေသော စားသုံးသူများသည် ထိုမိန်းမလှလေးများက တောင်ဘက်လမ်းသို့သွားကာ စားတော့မည်ကို မြင်ကြသောအခါ တုန်လှုပ်သွားကြပြီး သူတို့လဲ တောင်ဘက်စားသောက်ဆိုင်သို့ သွားကာ စားချင်သွားကြ၏။
ဤသည်ကို မြင်သောအခါ ဆုဝန်သည် မတ်တတ်ရပ်လိုက်ပြီး ယန်ယွင်ရန်ကို တည့်တည့်ကြည့်ကာ မေးလိုက်သည်။
“မိန်းကလေးတို့က တောင်ဘက်လမ်းက စားသောက်ဆိုင်ဟာ ခုဒီဆိုင်ကအရသာထက် တကယ်ပိုကောင်းတယ်လို့ ထင်ကြတာလား” ဆုဝန်သည် ဆိုင်ကို စီမံခန့်ခွဲရန် ရောက်နေခြင်းဖြစ်သည်။ သူမသည် ဦးထုပ်နှင့် မျက်နှာဖုံး (မက်စ်ခ်) ကို ဝတ်ဆင်ထားသည်။ ဆုဝန်သာမက ကျန်သော အမျိုးသမီးငယ်သုံးဦးတို့သည်လည်း မျက်နှာဖုံးများနှင့် ဦးထုပ်များကို ဝတ်ဆင်ထားကြ၏။ ဤသည်မှာ သန့်ရှင်းကာ ကျန်းမာရေးနှင့် ညီညွတ်ရန်နှင့် အစားအသောက်ထဲသို့ ဆံပင်မွေးများ ကျခြင်းကို ကာကွယ်နိုင်ရန် ဖြစ်ပါပေသည်။
ထို့ကြောင့် မုန့်စျေးတန်းလမး်ထဲမှ ဆုဝန်တို့၏ ရှီချီဆိုင်နှင့် ပတ်သက်သည့် ကောလာဟလများသည် ရက်အနည်းငယ်ကြာ ပျံ့နှံ့ပြီး ရပ်တန့်သွားခြင်း ဖြစ်ပါပေသည်။ ထို့ပြင် ဆုဝန်သည် သူမမျက်နှာကို တင်းတင်းကြပ်ကြပ် စည်းထားသဖြင့် သူမမျက်နှာကို သေချာမမြင်ရခြင်းပင် ဖြစ်သည။
ထို့ကြောင့် မာလာထန်းစားရန် လာကြသော စားသုံးသူတို့သည် ရှီချီပိုင်ရှင်၏ မျက်နှာကို မုန့်စျေးတန်းလမ်းထဲတွင် မမြင်မိကြခြင်း ဖြစ်ပေသည်။
ယန်ယွင်ရန်သည် ခေတ္တအကြာတွင် ဆုဝန်ဘက်ကို လှည့်လိုက်သည်။
ယန်ယွင်ရန်သည် ဤသည်မှာ ဆုဝန်၏ အသံဖြစ်ကြောင်းကို သတိပြုမိ၏။ ဆုဝန် ဝမ်အိမ်တော်၌ ရှိနေစဥ်တွင် ယန်ယွင်ရန်သည် ဆုဝန်နှင့် မကြာခဏဆိုသလို မျက်နှာချင်းဆိုင်ဖူးသည်။ ထို့ကြောင့် သူမသည် ဆုဝန်အသံကို ရင်းရင်းနှီးနှီး သိနေခြင်းဖြစ်၏။
သာမန်အားဖြင့် ယန်ယွင်ရန်သည် မုန့်စျေးတန်းလမ်းထဲတွင် ဆုဝန်က ရှီချီအဖြစ် ကျော်ကြားနေခြင်းကို မနာလိုပေ။ သို့သော် ယခု သူမဆုဝန်ကို တွေ့လိုက်ရသောအခါ သူမသည် သူမ၏ ခေါင်းနှင့်မျကိနှာကို ထူးထူးဆန်းဆန်း လုပ်ထား၏။ မိန်းမလှလေးတစ်ဦးလား၊ သာမန်မိန်းကလေးတစ်ဦးလားပင် မသိနိုင်ပါချေ။
ယန်ယွင်ရန်သည် ရှင်းမပြနိုင်ဖြစ်သွားသည်။ သို့သော် တရားမျှတသည့် ဟန်ပြန်ဆောင်ကာ ပြော၏။
“မိန်းကလေး တောင်ဘက်လမ်းကဆိုင်က မင်းတို့ဆိုင်ထက် တကယ့်ကို အရသာရှိတာပါ။ ပြီးတော့လေ တောင်ဘက်လမ်းဆိုင်က စပ်တဲ့အရသာအပြင် အခြားအရသာတွေလဲ ပါသေးတယ်။ အဲ့ခေါက်ဆွဲထဲမှာပေါ့။ ဒါပေမဲ့ မင်းတို့ဆိုင်ကတော့ စပ်တာပဲရှိတယ်။ ပြီးတော့ အရသာကလဲ တောင်ဘက်လမ်းကဆိုင်လောက် မကောင်းဘူး။ တောင်ဘက်လမ်းကထက် ဆယ်ဆလောက်တောင် ဆိုးရွားတဲ့ အရသာပဲ”
ဆုဝန်က ပြုံးလိုက်သည်။ “မိန်ကလေး အရသာခံအာရုံ ပျောက်နေတာတော့ မဟုတ်ပါဘူးနော်။ အရသာက ဆယ်ဆလောက်လဲ မဆိုးရွားပါဘူး။ မိန်းကလေးက အပိုတွေပြောနေပြန်ပါပြီ”
ယန်ယွင်ရန်သည် ဆိုင်အခြေအနေကို သက်သက်မဲ့ ဆွဲချချင်နေတာဖြစ်ကြောင်း ဆုဝန်က သိသည်။ စာအုပ်ထဲမှ ယန်ယွင်ရန်သည် ထိုသို့သော လူမျိုးဖြစ်၏။ သူမစိတ်ဝင်စားသောအရာကိုသာ အာရုံစိုက်သည်။ တစ်ခုခုကို ချဲ့ကားပြောတတ်သည်။ အရေးကြီးဆုံးအချက်ကို လျစ်လျူရှုကာ အပေါ့ပါးဆုံးအရာကိုသာ ရွေးချယ်တတ်သည်။ တစ်ဖက်လူကို အလွန်တရာမှ မကျေမနပ်ဖြစ်အောင်လဲ လုပ်တတ်သေး၏။
မည်သို့ဖြစ်စေ ဆုဝန်သည် အနည်းငယ်တော့ ဒေါသထွက်သွားမိသည်။ တောင်ဘက်လမ်းမှ ဆိုင်သည် မည်မျှအရသာရှိနေသည်ဖြစ်စေ၊ ဆုဝန်သည် စားသုံးသူများထံမှ မှတ်ချက်အစစ်ကို လိုချင်တာ ဖြစ်သည်။ ထို့ပြင် သူမသည် ထိုမှတ်ချက်များကို အခြေခံကာ သူမဆိုင်၏ ဝန်ဆောင်မှုနှင့် အရသာကို ပိုကောင်းလာစေချင်တာဖြစ်သည်။
ယန်ယွင်ရန်၏ မျက်နှာသည် ခက်ထန်နေဆဲဖြစ်သည်။ “အကယ်၍ မိန်းကလေးက ကျွန်မပြောတဲ့ စကားတွေကို မယုံကြည်ဘူးဆိုရင် တောင်ဘက်လမ်းကဆိုင်ကို သွားပြီး ကိုယ်တိုင် စားသုံးကြည့်လို့ ရပါတယ်”
စားသုံးသများသည် ယန်ယွင်ရန်၏ တည်ကြည်သော အသံနှင့် စကားကို ကြားသောအခါ တောင်ဘက်လမ်းမှ စားသောက်ဆိုင်တွင် စားရန်အပြေးလေး သွားကြပေတော့၏။
ယန်ယွင်ရန်သည် သူမမေးလေးကို မြှင့်ကာ ဆုဝန်ကို ကြည့်လိုက်သည်။ “မိန်းကလေးရဲ့ဆိုင်က အစားအသောက်တွေက အခြားဆိုင်တွေလောက်မကောင်းဘူးဆိုရင် အရသာပိုင်းကို တိုးတက်အောင် လုပ်ဖို့ လိုတယ်နော်။ လတ်ဆတ်မှု မရှိဘူးဆိုရင်တော့ ဆိုင်က ကြာရှည်ခံမှာ မဟုတ်ဘူး။ ယန်ယွင်ရန်သည် စာအုပ်ထဲမှာလဲ အမြဲတမ်း ဒီပုံစံပင်ဖြစ်သည်။ ယုံကြည်မှုရှိသည့်ပုံစံ၊ အရာအားလုံးကို တတ်သိသည့် ဉာဏ်ရှိသည့်ပုံစံနှင့် ဝမ်လော့ရှန်းကို အမြဲအကြံဉာဏ်ကောင်းများ ပေးတတ်သည်။
မူလကတည်းက ပြဿနာကို အဖြေရှာနိုင်ကာ ဝမ်လော့ရှန်းကို ဤနည်းလမ်းက အလုပ်ဖြစ်နိုင်မဖြစ်နိုင်၊ ပြဿနာတတ်နိုင် မတတ်နိုင်တို့ကို ပြောပြလေ့ရှိသည်။ ယန်ယွင်ရန်၏ မကောင်းသော အကြံဉာဏ်များနှင့် ပြဿနာများကို ဖြေရှင်းတတ်သည်။
တကယ့်တကယ်တွင်တော့ ယန်ယွင်ရန်၏ ချဲ့ကားပြောဆိုတတ်သော အမူအကျင့်သည် ပျောက်မသွားချေ။ မာလာထန်း ဆိုင်နှစ်ဆိုင်လုံး၏ အခြေခံပါဝင်ပစ္စည်းများသည် ဆုဝန်ကိုယ်တိုင် ရေးထားတာဖြစ်သည်။ ထို့ကြောင့် ယန်ယွင်ရန် ပြောသည့်အတိုင်း ဆယ်ဆနီးပါး ကွာခြားနေသည်ဟူသော အချက်မှာ မဖြစ်နိုင်ပါပေ။ အနံ့ရော အရသာရော မကွာခြားနိုင်ပါ။
ဆိုင်နှစ်ဆိုင်လုံးတွင်သုံးသော မူလစွပ်ပြုတ်သည် နည်းလမ်းအတူတူဖြစ်သည်။ စွပ်ပြုတ်အစပ်သည်လည်း အတူတူပင် ဖြစ်၏။ သို့သော် အစပ်လယ်ဗယ်သာ ကွာခြားနိုင်သည်။ ထိုအစပ်ပမာဏမှလွဲ၍ ယန်ယွင်ရန်ပြောသလို အနံ့အရသာ ကွာခြားမှုကတော့ ရှိမည်မဟုတ်ပါ။
ဆုဝန်သည် အဖုံးပါသည့် အိုးခွက်ကို အောက်သို့ချလိုက်ပြီး မေးလိုက်သည်။ “မိန်းကလေးက တောင်ဘက်လမ်းက ဆိုင်ရဲ့အရသာဟာ ကျွန်မဆိုင်ကထက် ပိုပြီး အရသာနဲ့ ပြည့်စုံတယ်လို့ ပြောတယ်နော်။ မိန်းကလေး စွပ်ပြုတ်ရည်ချည်း သီးသန့်ရော သောက်ဖူးရဲ့လား”
ယန်ယွင်ရန်သည် ဆုဝန်က သေမလို ဖြစ်နေသည်ကို သိလိုက်သည်။ သူမခုနက ပြောလိုက်သောစကားသည် တောင်ဘက်လမ်းမှ မာလာထန်းက ဆုဝန်ဆီကထက် ပို၍စားကောင်းသည်ဟု ဆိုလိုချင်တာဖြစ်သည်။ သူမသည် ယခု စွပ်ပြုတ်၏ အရသာကို မလိုအပ်ဘဲ ဇာချဲ့ကာ ထည့်ပြောနေသည်။ ထို့ပြင် ထိုစွပ်ပြုတ်ချည်းသီးသန့်၏ အရသာကို မူတည်ကာ ပြန်ကာပြောချင်နေ၏။ သို့သော် ယန်ယွင်ရန် ပြောသည်ကို ထောက်ခံပြီး တောင်ဘက်လမ်းမှ စားသောက်ဆိုင်သို့ လိုက်မည့် စားသုံးသူအများစု ရှိနေပေသည်။
ယန်ယွင်ရန်သည် အစီအစဥ်ချပြီး ဖြစ်ပေသည်။ ယနေ့တွင် မုန့်စျေးတန်းလမ်းကဆိုင်မှ တောင်ဘက်လမ်းမာလာထန်းဆိုင်သို့ လူအများစုကို ခေါ်ကာ သွားစားစေပြီးလျှင် လူထုကြားထဲတွင် တောင်ဘက်လမ်းမာလာထန်းက ပိုကောင်းသည်ဟူသော သတင်းများ ပျံ့သွားလိမ့်မည်။ ထိုအခါ မုန့်စျေးလမ်းမှ မာလာထန်းကို မစားချင်ကြေတော့ဘဲ တောင်ဘက်လမ်းဆိုင်သို့ သွားစားလိုကြသည့် လူများ များလာကြပါလိမ့်မည်။
ထိုသို့ အုတ်အော်သောင်းနင်းဖြစ်မှုများအပြီးတွင် ဆုဝန်၏ဆိုင်သည် ယခင်ကလို ကြီးပွားချမ်းသာခြင်း ရှိလိမ့်တော့မည် မဟုတ်ဟု ယန်ယွင်ရန်က တွေးသည်။ ဆုဝန်သည် ဘယ်လိုနည်းနှင့်မျှ တောက်ပနိုင်တော့မည် မဟုတ်ပါချေ။
ယန်ယွင်ရန်သည် ပါးစပ်ထဲတွင် ရှီချီဟု ခေါ်နေကြသော ဆုဝန်နာမည်ကို အပြည့်ပြောချင်နေသော်လည်း ကံကောင်းစွာပင် လွန်ခဲ့သောရက်များက ထိုသို့သော ကောလာဟလများ ရှိခဲ့သည်။ ထို့ကြောင့် ယန်ယွင်ရန်၏ အာရုံစိုက်မှုသည် ဆုဝန်၏ စီးပွားရေးအပေါ်တွင်သာ ရှိနေ၏။
ဆုဝန်သည သူမအား စွပ်ပြုတ်ရည်ချည်းသက်သက်အကြောင်း မေးသည်ကို ကြားသော်လည်း ယန်ယွင်ရန်သည် မသိချင်ယောင်ဆောင်ကာ ပြင်းပြင်းထန်ထန် ထပ်ပြောသည်။
“ဒီမယ် မိန်းကလေး၊ ငါက တောင်ဘက်လမ်းဆိုင်က စွပ်ပြုတ်ရည်ကိုပါ မြည်းစမ်းကြည့်ခဲ့ပြီးသွားပြီ။ အခု မင်းတို့ဆိုင်ကဟာကိုလဲ ပါးစပ်နဲ့အပြည့် အနည်းငယ် မြည်းစမ်းကြည့်ပြီးပြီ။ မင်းတို့ဆိုင်က ဟင်းရည်ဟာ စပ်တာကလွဲလို့ ဘာအရသာမှမရဘူး။ တောင်ဘက်လမ်းဆိုင်ကတော့ မင်းတို့ဆိုင်ထက် ပိုပြီးတော့ကောင်းတယ်”
ဆုဝန်၏ ဆိုင်တွင်သာ မာလာထန်းစားဖူးပြီး တောင်ဘက်လမ်းဆိုင်တွင် မစားဖူးကြသော စားသုံးသူများသည် ပို၍ ပို၍ သံသယဖြစ်လာကြသည်။ ဆယ်ဆတောင် ပို၍ အရသာရှိသည်ဟူသော တောင်ဘက်လမ်း၏ မာလာထန်းသည် မည်သို့ပုံစံဖြစ်နေမည်နည်း။
ထိုအချိန်တွင် ရပ်စောင့်နေသော စားသုံးသူအများစုသည် ရပ်ပြီး တောင်ဘက်လမ်းဆိုင်သို့ သွားရန် ပြင်ကုန်ကြသည်။ မူလက ရှည်လျားလှသော လူတန်းကြီးသည် အခုအခါ သုံးပုံတစ်ပုံမျှသာ ရှိတော့၏။
နည်းစနစ်ကျကျပြောရလျှင် စားသုံးသူများသည် မုန့်တန်းလမ်းသို့ သွားသည်ဖြစ်စေ တောင်ဘက်လမ်းသို့ သွားသည်ဖြစ်စေ အရေးမကြီးပါ။ သူတို့အားလုံးသည် ဆုဝန်၏ ဆိုင်များသို့ သွားကြခြင်းသာ ဖြစ်ပြီး ဆုဝန်က ပိုက်ဆံရနေမည်သာ ဖြစ်ပါ၏။
သို့သော် ဆုဝန်သည် ရုတ်တရက် နောက်ပြဿနာတစ်ခုကို တွေးမိသွားသည်။ လူများလျှင် နံရံကိုပင် ဖြိုချနိုင်သည်ဟူသည့် စကားအတိုင်း အကယ်၍ မုန့်စျေးလမ်းမှ လူအများသည် တောင်ဘက်လမ်းသို့ ရောက်သွားကြပါလျှင် အခြား အတင်းအဖျင်းတစ်ခုက ထပ်မံ၍ ထွက်လာပေလိမ့်ဦးမည်။ လူထုချဥ်ဖတ် ဖြစ်လာရမည်မှာ မလွဲဧကန်ပင် ဖြစ်၏။ တောင်ဘက်လမ်းမှ မာလာထန်းသည် မုန့်စျေးတန်းလမ်းမှ မာလာထန်းထက် ပိုကောင်းသည်ဟူ၍ ပြောလာကြပါလျှင် ထိုနှစ်ဆိုင်လုံးတွင် မစားဖူးသေးသော လူများသည် တောင်ဘက်လမ်းဆိုင်က ပိုကောင်းသည်ဟူ၍ ဧကန်စင်စစ် တွေးကုန်ကြလိမ့်မည်။ ရလဒ်အနေနှင့် စားသုံးသူအများစုသည် မုန့်စျေးတန်းလမ်းအစား တောင်ဘက်လမ်းသို့သာ သွားကြပေလိမ့်မည်။ ထိုနည်းအားဖြင့် မည်သည့်အစပ်အရသာက ပို၍ ဝင်ငွေပိုရနိုင်သည်၊ လူကြိုက်ပိုများသည်ကို သူမ မမှန်းဆနိုင်ဘဲ နေပေလိမ့်မည်။
ဆုဝန်သည် အရသာအကြောင်း သေချာစနစ်တကျ မစမ်းသပ်ရသေးခင်တွင် စားသုံးသူများ အချိုးမညီစွာ တစ်ဆိုင်ထဲတွင် တိုးဝှေ့စားနေကြမည်ကို မလိုလားပါ။
တစ်ချိန်တည်တွင် စားသုံးသူအများစု ထွက်သွားကြသည်ကို မြင်သောအခါ ယန်ယွင်ရန်သည် သူ့ကိုယ်ကို ချီးကျူးလိုက်မိသည်။ ထို့ပြင် သူပြင်ဆင်ခဲ့သော နည်းလမ်းသည် အလုပ်ဖြစ်ပေသည်။
“ဒီနေရာက စားသုံးသူ အားလုံးရှင့်” ဆုဝန်သည် ထိုသို့ပြောလိုက်သောအခါ စားသုံးသူများက လှည့်ကြည့်ကြသည်။
ယန်ယွင်ရန်သည် သူ့ရင်ထဲတွင် လှောင်ပြောင်လိုက်မိသည်။ ဆုဝန်သည် တကယ့်ကို ရိုးအလွန်းသည်။ သူမကိုယ့်ကိုယ်ကို သက်သေပြသညိ့ စကားလုံးအချို့ကြောင့် လူတိုင်းက ဆက်နေနေကြဦးမည်ဟု ထင်နေသည်။ ဤဆိုင်မှ အစားအစာသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆိုင်ိပုင်ရှင်ပြောသော စကားများသည် အရာမထင်ပေ။ စားသုံးသူပြောသော စကားကို ပိုယုံကြည်ကြသည်မှာ ပုံမှန်ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ဆုဝန်က ထိုသို့ပြောလိုက်သောအခါ ထွက်သွားကြကာနီး လူအားလုံးတို့သည် ခြေလှမ်းများကို ရပ်လိုက်ကြ၏။
ဆုဝန်က ဖြည်းညင်းစွာ ပြောသည်။ “အားလုံးပဲ တကယ်တော့ တောင်ဘက်လမ်းဆိုင်နဲ့ ဟောဒီ့ဆိုင်နဲ့ရဲ့ အရသာက အတူတူပါပဲ”
ယန်ယွင်ရန်သည် အကျယ်ကြီး အော်ရယ်ပစ်လိုက်ချင်သည်။ ဆုဝန်သည့် တကယ့်ကိုရိုးအသည့် ရွာသူလေး ဖြစ်၏။ သူ့ခေါင်းထဲမှ ရပ်တန့်ရန် အကြောင်းပြချက်က ဒါမျိုးတဲ့လား။
ယန်ယွင်ရန်၏ နံဘေးမှအစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ပါးစပ်ကိုဖွင့်ကာ ပြောလိုက်၏။
“အရသာက အတူတူပဲတဲ့လား။ တောင်ဘက်လမ်းဆိုင်ရဲ့ အရသာက နံ့သာဆီဆို မင်းတို့ဆိုင်ရဲ့ အရသာက အီး ပဲ။ ဘယ်လိုများပြောရဲရတာပါလိမ့်”
ဆုဝန်ကမူ အေးဆေးစွာ ပြန်ပြော၏။ “ဒီမိန်းကလေးက အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောနေတာပါ။ ဒီမိန်းကလေးဟာ ဂုဏ်သရေရှိရှိ၊ စျေးကြီးကြီးဝတ်စားထားပေမဲ့လဲ သူပြောသမျှအားလုံးဟာ အဓိပ္ပာယ်မရှိတာတွေချည်းပဲ။ သူဝတ်ထားတဲ့ အဝတ်အစားနဲ့ ပြောစကားဟာ မထိုက်တန်ပါဘူး”
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ဆဲရေးလိုက်သည်။ “ဘယ်လိုလုပ် အဓိပ္ပာယ်မရှိတာ ဖြစ်ရမှာလဲ။ မင်းတို့ဆိုင်နဲ့ တောင်ဘက်လမ်းဆိုင်ရဲ့ အရသာက အကွာကြီးပဲ။ မင်းရဲ့ ဝယ်သူတွေကို ပြန်မလွှတ်ချင်တာနဲ့ပဲ ငါ့အပေါ် မညစ်ပတ်ချင်စမ်းပါနဲ့”
ဆုဝန်က ပြန်ပြောသည်။ “တောင်ဘက်လမ်းဆိုင်နဲ့ ကျွန်မတို့ရဲ့ ခုဒီဆိုင်နှစ်ခုလုံးက ကျွန်မရဲ့ ဆိုင်ပါ။ ပြီးတော့ သုံးသမျှ ပါဝင်ပစ္စည်းအားလုံးကို ကျွန်မကိုယ်တိုင် ပြင်ဆင်ထားတာပါ။ ဒီနှစ်ဆိုင်ရဲ့ အစပ်အရသာက အနည်းငယ်ကွာခြားမှု ရှိပေမဲ့ ပုံမှန် စွပ်ပြုတ်ရဲ့ အရသာကတော့ အတူတူပါပဲ။ အခု မိန်းကလေး ယန်ယွင်ရန်က တောင်ဘက်လမ်းဆိုင်က စွပ်ပြုတ်ဟင်းရည်ရဲ့ အရသာဟာ မုန့်စျေးတန်းလမ်းရဲ့ အရသာထက် ပိုကောင်းတယ်လို့ ပြောပါတယ်။ စွပ်ပြုတ်ဟင်းရည် အရသာဟာ ဆယ်ဆတောင် ပိုကောင်းတယ်ဆိုတဲ့စကားဟာ တကယ့်ကို အဓိပ္ပာယ်မရှိတာပါ”
ယန်ယွင်ရန်သည် ခေတ္တ ကြောင်သွားသည်။ တောင်ဘက်လမ်းမှ မာလာထန်းဆိုင်ရော၊ ယခုဒီဆိုင်ရော နှစ်ခုလုံးက ဆုဝန် ပိုင်သည်တဲ့။
ထို့ပြင် ဆုဝန်သည် သူမကိုယ်သူမ ထိုဆိုင်များကို သူမ ပိုင်သည်ဖြစ်ကြောင်း မဖော်ပြချင်ခဲ့သည်မှာ ထင်ရှားသည်။
ချင်းယွင်ကောင်တီမှ လူအများစုသည် ယန်ယွင်ရန်၏ မျက်နှာကို မမြင်ဖူးကြသော်လည်း ယန်ယွင်ရန်၏ နာမည်ကိုတော့ ကြားဖူးကြသည် ဖြစ်သည်။ ဆောင်းရှန်စီရင်စုမှ သခင်ယန်၏ သမီးဖြစ်ပြီး ချင်းယွင်ကောင်တီတွင် အရည်အချင်းအရှိဆုံး မိန်းမပျိုလေးဖြစ်သည်။ အရည်အချင်းရှီရုံမျှမက လှလဲ လှပ၏။
ဤမိန်းကလေးကို လှပသည်ဟု မြင်ကြခြင်းမှာ မထူးဆန်းပါပေ။ ယန်ယွင်ရန် ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။ မည်သို့ဖြစ်စေ ထိုမိန်းကလေးများ ခန့်မှန်းပြောဆိုကြခြင်းအရ စီးပွားရေးလုပ်နေသော ဆိုင်သို့သွားကာ ထိုသို့ရန်စခြင်းမှာ ကောင်းသော လုပ်ရပ်တစ်ခုတော့ မဟုတ်ပါ။
ယန်ယွင်ရန်တွင် မကောင်းဆိုးဝါးသဖွယ် ရည်ရွယ်ချက်ရှိသည်။ ဆုဝန်သည်လည်း သူမ၏ တကယ့်ပုံစံအစစ်အမှန်ကို ထုတ်ပြပေးရန် တွန့်ဆုတ်မနေပါချေ။
“ပြီးတော့ ကျွန်မရဲ့ ဒီဆိုင်နှစ်ဆိုင်လုံးက တူညီတဲ့ စွပ်ပြုတ်အစပ်ကိုပဲ သုံးပါတယ်။ အဲ့တော့ မိန်းကလေးယန်ပြောသလို တစ်ဆိုင်က စွပ်ပြုတ်အရသာက အရမ်းအရသာရှိပြီး တစ်ဆိုင်က မရှိဘူးဆိုတာ တကယ့်ကို မဖြစ်နိုင်တဲ့ အချက်ပါပဲရှင်” ဟု ဆုဝန်က ဖြည်းညင်းစွာ ပြောလေ၏။
_________