← Chapters

ရွှေက ဘယ်နေရာမှာမဆို တောက်ပ

Vol. 4 Ch. 73

ရွှေက ဘယ်နေရာမှာမဆို တောက်ပ

Vol. 4 Ch. 73

အစ၌ လူတိုင်းသည် ရှန်လင်းက ယခင်ကကဲ့သို့ စာလေ့လာနိုင်ပါ့ဦးမလားဟု သံသယဝင်ခဲ့သည်။ ပြီးခဲ့သည့် အတန်း၌ ဆရာလင်းက ဝေဖန်ပြောဆိုပြီး ဤအတန်းတွင် ဆရာယန်ဝေဖန်ပြောဆိုတာ ခံရပြီးနောက် အထူးသဖြင့် ဆရာယန်၏ ဝေဖန်ပြောဆိုမှုကြောင့် လူတိုင်းသည် ရှန်လင်း ယခင်ကနှင့် မတူတော့ဟု တိတ်တဆိတ် တွေးမိကြ၏။ ယင်းက နှမြောစရာ ကောင်းလှပေသည်။

ရှန်လင်းက ဆရာယန်ကို ပြန်မပြောခဲ့ပေ။ ထိုသို့သော မကောင်းသည့်သူကို ဖက်တွယ်ပြောနေရန် မလိုဟု အမြဲတစေ ယုံကြည်ထားသူ ဖြစ်သည်။ ဆိုရလျှင် သူ စာမေးပွဲအောင်သွားသည်နှင့် ထိုကဲ့သို့ကိစ္စကို သက်သေပြနိုင်မှာပဲ ဖြစ်သည်။ စာမေးပွဲ‌ အောင်သွားလျှင် ထိုသို့သော သံသယများက သူ့ဘာသာသူ ပျောက်သွားလိမ့်မည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ၏မိသားစု ကျဆင်းသွားချိန်၌ ရှန်လင်းသည် လှောင်ပြောင်ပြောဆိုမှု များစွာကို နားထောင်ခဲ့ရပြီး အေးစက်သောအကြည့်များ လက်ခံခဲ့ရ၏။ ရှန်လင်းအဖို့ ဆရာယန်၏ ဝေဖန်ပြောဆိုမှုကို သည်းမခံနိုင်စရာ မရှိပေ။

ဆရာနှင့် စကားများနေဖို့ အချိန်သုံးစရာမလို။

ကျောင်းမတက်ခင် နှစ်ရက်အတွင်း ရှန်လင်းက အိမ်ဝယ်ဖို့ အလုပ်များနေခဲ့သည်။ စာဖတ်ရန် အချိန်တောင် မရခဲ့ပေ။ သူ ယနေ့ ကျောင်းလာသည့် အချိန်တွင်တောင် ချက်ချင်း စာမလေ့လာနိုင်ခဲ့သေးပေ။ အိမ်တစ်လုံး ဝယ်ခြမ်းဖို့က စဉ်းစားနေသေးတာ ဖြစ်၏။

ဆရာယန်သည် ရှန်လင်း တိတ်ဆိတ်နေတာကို မြင်သောအခါ သူသည် ဝါဂွမ်းကို လက်သီးဖြင့်ထိုးနေသလို ခံစားလိုက်ရ၏။ မည်သည့် တုန့်ပြန်မှုမှ မရသောကြောင့် သူ စိတ်မအေးသွားပေ။ ရှန်လင်းက ယခုအချိန်တွင် သူ၏ ဖျတ်လတ်မှုများလဲ ဆုံးရှုံးသွားပုံပေါ်၏။ ထိုစဉ်က ရှန်လင်း သူ့ကို ငြင်းခဲ့တာ တော်သေးသည်။ ယခုသူက ယွင်ယန်နှင့်ယှဉ်လျှင် နိမ့်ပါးနေပြီ ဖြစ်ပုံပေါ်၏။

ထိုသို့တွေးမိပြီး ဆရာယန်က စိတ်အေးသွားတော့သည်။ သူက ဝမ်လော့ရှန်းကို ဒုတိယတစ်ကြိမ် ကြည့်ပြီးနောက် သူ မည်သို့ပင် ကြည့်စေကာမူ ဝမ်လော့ရှန်းသည် ယခင်က ပျမ်းမျှအဆင့်ရှိသည့် ကျောင်းသားတစ်ဦးသာ ဖြစ်ခဲ့၏။ သို့သော် လတ်တလော နှစ်များ၌ သူ၏ စာလေ့လာမှုသည် အဆပေါင်းများစွာ တိုးတက်လာသည်။ သိပ်မကြာခင်က ကျဆင်းမှုတချို့ ရှိသော်ငြား မကြာလိုက်ပေ ဝမ်လော့ရှန်းက စာမေးပွဲဖြေရာ၌ အခြားသော ကျောင်းသားများထက် တော်နေသေးဆဲ ဖြစ်သည်။

ဆရာယန်က သင်ခန်းစာ စတင် ပို့ချတော့၏။ ပို့ချနေချိန် ရှန်လင်းက စိတ်လွတ်နေကြောင်းလဲ သူ ရှာတွေ့ခဲ့၏။ ဤကျောင်းသားသည် စာ‌ေလ့လာရာ၌ တိုးတက်မှာ မဟုတ် သူ၏ပန်းတိုင်ကို ရရှိနိုင်မည် မထင်။

ရှန်လင်းက မြို့၏ အနောက်ဘက်နှင့် မြောက်ဘက်ရှိ အိမ်များအ‌‌ေကြာင်း စဉ်းစားနေသေးပြီး တောင်ပိုင်းလမ်းနားနှင့် နီးသည့် အိမ်များလဲ စဉ်းစား‌ေန၏။ ဆုဝန်က မာလာထန်းဆိုင် ဖွင့်တော့မှာ ဖြစ်သည်။ ထို့အကြောင်း သူ စဉ်းစားမိပြီးနောက် သဘက်ခါကျ လှုပ်ရှားရမည်ဟု တွေးခဲ့သည်။ ထို့ကြောင့် မည်သည့်နည်းနှင့်မဆို နောက်ထပ် အချိန်နှစ်ရက် ယူရလိမ့်မည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းလမ်းနားရှိ ဈေးချိုသော အိမ်များကို မြန်မြန်ဝယ်ရမည်။

နောက်ထပ် အတန်းများ၌လည်း ရှန်လင်းက ဆရာပြောတာကို ဂရုတစိုက် နားမထောင်ခဲ့ပေ။ သို့သော် စုတ်တံတစ်ခုဖြင့် စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးနေလေ၏။ ဆရာများကလဲ ရှန်လင်း၏ အုတ်မြစ်က အားနည်းကြောင်း သိနေသည်။ ထို့ကြောင့် သူ ပညာသင်ယူနေစဉ်၌ သင်သည့်အရာများကို ချရေးသည့် အတုံး‌အဆုံးသော နည်းလမ်းကို သုံးနေသည်ဟု ခန့်မှန်းမိကြသည်။ ဆရာများက ရှန်လင်းကို သနားသွားလေ၏။

အဆောင်ထဲရှိ ကျောင်းသားများကမူ ရှန်လင်း၏ စာလေ့လာမှုအကြောင်း ရှင်းရှင်းလင်းလင်း မသိသေးပေ။ သို့သော် လက်ရှိအခြေအနေကို အကဲဖြတ်ကြည့်လျှင် ရှန်လင်းသည် ယခင်က ရှန်လင်းနှင့် မတူတော့ပုံပေါ်၏။ ထိုသို့သာဆိုပါက လူတိုင်းသည် ယခင်ကကဲ့သို့ ရှန်လင်းကို လေးစားရန် မလိုအပ်တော့ပေ။

တစ်ယောက်နှင့်တစ်ယောက် ပြောဆိုမိကြသည့် ကျောင်းသားအချို့လဲ ရှိ၏။ သူတို့သည် နောင်ကျ ဝမ်လော့ရှန်းကိုသာ မျက်နှာချို သွေးရ‌ေတာ့မည့်ပုံ ပေါ်သည်။ ဆိုရလျှင် ဝမ်လော့ရှန်းက ဤကျောင်းတော်၌ အထူးချွန်ဆုံး ဖြစ်သည်။ သူတို့အားလုံးက ဝမ်လော့ရှန်းက နောင်တွင် အသုံးဝင်လာမှာ သေချာ၏။

ထမင်းစားနားချိန်၌ ကျောင်းသား သုံး လေးယောက်က ဝမ်လော့ရှန်းကို စကားသွားပြောလေ၏။

သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ဝမ်ဟုန်က ဝမ်လော့ရှန်းကို ချီးကျူးစကား ဆိုတော့သည်။

“ လူတိုင်းက တစ်ယောက်ယောက် မင်းထက် တော်သာလိမ့်မယ်ဆိုပြီး ပြောနေကြတာ။ ဒါပေမဲ့ အခုကြည့်ရတာ လော့ရှန်းက ငါတို့ကျောင်းတော်မှာ အရည်အချင်း အရှိဆုံး ဖြစ်ပုံပဲ ”

နောက်ထပ် စာသင်သား တစ်ယောက်က လော့ရှန်းကို ပြောလိုက်၏။ “ လော့ရှန်း …”

ကောင်းစားသွားရင် တစ်ယောက်နဲ့တစ်ယောက် မမေ့နဲ့ မင်းက အထူးချွန်ဆုံးလူပဲ နောင်ကျ မင်း အောင်မြင်မှာ ညီအစ်ကိုတွေကို ကူညီပေးရမယ်နော် ”

ဝမ်လော့ရှန်းက ဂုဏ်ယူဝံ့ကြွားစွာ ခေါင်းညိတ်လိုက်၏။

“ ငါကောင်းစားရင် ငါ့ညီအစ်ကိုတွေကို ဘယ်မေ့ပါ့မလဲ ”

သွမ့်ကျင်းထျန်နှင့် လီရှန်းသည် အစက ရှန်လင်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်။ သို့သော် ယင်းက လွန်ခဲ့သည့် သုံးနှစ်ကပဲ ဖြစ်သည်။ ထိုသုံးနှစ်တာ ကာလအတွင်း ရှန်လင်းက သွမ့်ကျင်းထျန် လီရှန်းတို့ကို အဆက်အသွယ် လုပ်တာ နည်းသွားသဖြင့် သူတို့ ခင်မင်မှုကလဲ လျော့ပါးသွားသည်။

ဤအဆင့်တွင် သွမ့်ကျင်းထျန်က ရှန်လင်းကို ညီအစ်ကိုဟု ခေါ်စရာ အကြောင်း မရှိတော့ပေ။

သွမ့်ကျင်းထျန်က ရှန်လင်းနှင့် ဆုဝန်တို့၏ စေ့စပ်မှုအကြောင်း သိသွားသည့်နေ့က သူ ပေါက်ကွဲသွားခဲ့သည်။

သွမ့်ကျင်းထျန်က ဆုဝန်ကို သွားတွေ့ခဲ့လေ၏။ သူ ကြိုးစားပမ်းစား စာလေ့လာနေပြီး အောင်မြင်မှု ရရှိပြီးနောက် ဆုဝန်ကို လူရှစ်ယောက် ထမ်းသော ဝေါယာဉ်ဖြင့် လက်ထပ်မည်ဖြစ်ကြောင်း ဆိုခဲ့သေးသည်။ ဆုဝန်က ရွေးချယ်စရာ မရှိသောကြောင့် ရှန်လင်း၏အိမ်သို့ သွားကာ သူနှင့် စေ့စပ်ခဲ့ရသည်ဟု သွမ့်ကျင်းထျန် ထင်ခဲ့တာ ဖြစ်သည်။ သူ၏စိတ်ထဲတွင် ရှန်လင်းက တစ်ပါးသူ၏ အန္တရာယ်ကို အမြတ်ထုတ်နေတာ ဖြစ်သည်။

သို့သော် ဆုဝန်သည် သွမ့်ကျင်းထျန်ကို ပြောပြခဲ့လေ၏။ သူမက ရှန်လင်းကို လက်ထပ်ချင်တာ ဖြစ်သည်။ ဆုဝန် ထိုသို့ ပြောသည့်တိုင် သွမ့်ကျင်းထျန်၏ ရင်ထဲတွင် ရှန်လင်းက တစ်ပါးသူကို အမြတ်ထုတ်တာ ဖြစ်နေသေး၏။ ထို့ကြောင့် သူသည် ရှန်လင်းကို သူစကားမပြောသေးပေ။

လီရှန်းကလဲ သွမ့်ကျင်းထျန် နည်းတူ ရင်ထဲ၌ တူညီသည့် အချို့အတိတ်ရှိ၏။ ထို့ကြောင့် ရှန်လင်း ကျောင်းသို့ပြန်လာချိန်၌ သူ၏ ယခင် အတန်းသားများ အားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။ အထူးသဖြင့် ဝမ်လော့ရှန်းက ရှန်လင်းကို တမင်တကာ ပစ်မှတ်ထားနေပုံ ပေါ်၏။ ရှန်လင်း၏ တုန့်ပြန်မှုက အစပိုင်း၌ အတော်လေး စိမ်းသက်နေခဲ့သည်။ ရှန်လင်းက ကျောင်းသားနှစ်ယောက် ဖြစ်သည့် ဝမ်ဟုန်နှင့် ထောင်ရန်တို့ကိုသာ အမြဲတစေ ပြောခဲ့၏။ သို့သော် ထိုနှစ်ယောက်လုံးက သူနှင့် စကားအနည်းအကျဉ်း ပြောပြီးနောက် အေးစက်သွားကျကာ ဝမ်လော့ရှန်းဘက် ရောက်သွားကြသည်။

ရှန်လင်းက သူ့အပေါ် ဝမ်လော့ရှန်း၏ ရန်လိုမှုကို နားလည်သဘောပေါက်၏။ ဝမ်လော့ရှန်းကို မျက်နှာချိုသွေးဖို့ ကျန်သည့် ကျောင်းသားများကလဲ သူနှင့် ခပ်ခွာခွာ နေကျတော့သည်။ သို့သော်ငြား လီရှန်းနှင့် သွမ့်ကျင်းထျန်တို့ သူ့ကို ဤသို့ ဆက်ဆံရသည့် အကြောင်းအရင်းကို နားမလည်ပေ။ သို့သော် နေ့ရက်များ ရှည်ကြာနေသေး၏။ အနှေးနှင့်အမြန် အကြောင်းအရပ်များ ပေါ်လာမှာ ဖြစ်သည်။ လောနေရန် မလို။

နေ့လည်၌ ကျောင်းသားတိုင်းသည် ကျောင်းတော်မှ ထောက်ပံ့ပေးသည့် စားစရာများကို စားသောက်လျက်သာ မဟုတ်လျှင် အိမ်ရှိ အစေခံများ ပို့ပေးသည့် ထမင်းကို စားသောက်ရသည်။ စုန့်ရှန်ကျောင်းတော်၌ သူကြွယ်မိသားစုမှ လာတက်သည့် ကျောင်းသားများစွာ ရှိပြီး နေ့လည်စာ လာပို့ပေးသည့် အ‌ေစခံများစွာ ရှိ၏။

ရှန်လင်းက ကျောင်း၌ မှာမစားခဲ့ပေ။ ဆုဝန်က နေ့လည်၌ သူ့အတွက် လာပို့ပေးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဆုဝန်က ဤရက်များအတွင်း မာလာထန်းဆိုင် အကြောင်း စိုးရိမ်ပူပန်စရာ သိပ်မရှိပေ။ အချိန်ရှိနေသောကြောင့် ရှန်လင်းအတွက် စားစရာ ပို့ပေးရန် ပြင်ဆင်ထားလေသည်။

ကျောင်းတော်၏ ကြီးကြပ်သူက စားစရာများမှာသည့် ကျောင်းသားများအတွက် လာချပေးပြီး သွမ့်ကျင်းထျန်တို့ကဲ့သို့ မိသားစုများမှ အစေခံများ လာပို့ပေးသည့် စားစရာများကိုလဲ သယ်လာပေး၏။ ကျောင်းတော်၏ ကြီးကြပ်သူသည် စားစရာမှာသည့် ကျောင်းသားများကို စားစရာများ သယ်လာပေးသည်။ သွမ့်ကျင်းထျန်တို့ကဲ့သို့ သူကြွယ်မိသားစုမှ အစေခံများသည်လဲ စားစရာများ သယ်လာပေးသည်။

ဆုဝန်က ရှန်လင်းဆီ နေ့လည်စာ ထမင်းဘူးဖြင့် ရောက်လာ၏။

ရှန်ယာယာနှင့် ရှန်ရှီးက အိမ်တွင် နေရစ်သည်။ ရှန်ယာယာက သူမဘာသာ မြင်းလှည်း မမောင်းနိုင်ပေ။ ထို့ကြောင့် စားစရာပို့သည့် တာဝန်က ဆုဝန်ပေါ်တွင်သာ ရောက်လာ၏။

ဆုဝန်သည် နေ့လည်စာ လာပို့ပေးသည့် အစေခံများနှင့်အတူ ကျောင်းအဆောင်ထဲသို့ ဝင်သွားလိုက်၏။ ကျောင်းသားများအားလုံးက ဆုဝန်ကို လှည့်ကြည့်လိုက်ကြသည်။

ကျောင်းတော်၌ ယောက်ကျားသားများ ပြည့်နေသောကြောင့် စားစရာများ လာပို့ပေးသည့် အစေခံ သို့မဟုတ် ဇနီးတချို့ ရှိသော်ငြား ဆုဝန်က အမျိုးသမီး အဝတ်အစား ဝတ်ရမှာ မသက်အသာ ဖြစ်နေ‌ေသး၏။ ထို့ကြောင့် ဆံပင်ကို မြင့်မြင့် ချည်နှောင်ပြီး အမျိုးသားဝတ်စုံသာ ဝတ်ထားသည်။

ကျောင်းတော်ထဲရှိ အမျိုးသားအားလုံး၏ အကြည့်က ဆုဝန်ဆီ ရောက်သွားသည်။ သူမသည် အမျိုးသားဝတ်စုံ ဝတ်ထားသော်ငြား မှင်သက်ဖွယ်ကောင်း‌ေလာက်အောင် လှနေသေးဆဲ ဖြစ်ပြီး အမျိုးသားဝတ်စုံကြောင့် ပိုတောင် ထင်းထွက်နေသည်။

ဆုဝန်က ရှန်လင်း၏ စားပွဲကို လျှောက်သွားပြီး ထမင်းဘူးကို အမြန်ဖွင့်ကာ ရှန်လင်းအတွက် စားစရာများ ထုတ်ပေးလိုက်သည်။

အတိတ်တုန်းက ဝမ်လော့ရှန်းသည် ဆုဝန် ပြင်ဆင်ပေးသည်များကို ဒီယူလာပြီး သွမ့်ကျင်းထျန်၏ အစေခံကလဲ ဆုဝန် ပြင်ဆင်ပေးသည်များကို သယ်လာပေးတတ်၏။ သို့သော်ငြား ဆုဝန်သည် သူမကိုယ်တိုင် တစ်ခါမှ လာမပို့ဖူးပေ။

ဆုဝန်သည် ထမင်းဘူးကို ရှန်လင်းအား ပေးပြီးနောက် ကျောင်းထဲမှ ထွက်သွားတော့သည်။

ဆုဝန် ပေါ်ပေါက်လာမှုနှင့် ထွက်ခွာသွားမှုသည် လူတိုင်းကို ပိုမသက်မသာ ဖြစ်စေသည်။ ရှန်လင်းသည် ဆုဝန်နှင့် ထိုက်တန်ခဲ့သော်ငြား ယခု ဆုဝန်က လှပပြီး အရည်အချင်း ရှိနေ၏။ ဆိုင်လဲ ဖွင့်ထားသေးသည်။ ဆိုင်က ရောင်းကောင်းလှပေ၏။ ရှန်လင်းက ဘာမှမဟုတ်။ ရှန်လင်းက ဆုဝန်နှင့် မည်သို့ ထိုက်တန်မည်နည်း။

သွမ့်ကျင်းထျန်အိမ်၏ စားသောက်ပွဲ၌ စားသုံးပြီး မာလာထန်းဆိုင်တွင် မစားခင်ထဲက လူတိုင်းသည် ဆုဝန်ကို တွေ့ခဲ့ဖူး၏။ နောက်ပိုင်းမှ ဆုဝန်နှင့် ရှန်လင်းတို့ စေ့စပ်ထားကြောင်း သိသွားတာ ဖြစ်သည်။ တိုတိုပြောရလျှင် ဆုဝန်က ရှန်လင်းကို လက်ထပ်ရန် မသင့်တော်ပေ။ အဆောင်ထဲရှိ ကျောင်းသားများက တီးတိုး ပြောနေကြလေ၏။

ဝမ်ဟုန်က ရှန်လင်းဘက်လှည့်ပြီး ပြောလိုက်သည်။

“ ညီအစ်ကိုရှန် မင်းက ဆုဝန်ရထားတဲ့ ပိုက်ဆံနဲ့ စာလေ့လာနေတာမလား ”

ရှန်လင်းသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ လွန်ခဲ့သည့် သုံးနှစ်က သူသည် ဝမ်ဟုန်ကို သဘောမကျခဲ့ပေ။ ဝမ်ဟုန်က အာဏာနောက်လိုက်သူ ဖြစ်ပုံပေါ်၏။ သူ့ကို ပြောဆိုရန် မထိုက်တန်။

ဝမ်လော့ရှန်းကလဲ ရှန်လင်းဘက်လှည့်ပြီး ပြောလိုက်သည်။

“ ညီအစ်ကိုရှန် မင်းက မိန်းမတွေ ရှာထားတဲ့ ပိုက်ဆံကို သုံးနေတယ်။ မင်း စာကောင်းကောင်း မလေ့လာရင် ပျောက်ကွယ်မှာပဲ ”

ရှန်လင်းက ဆုဝန်၏ လက်ရာကို စားသောက်နေပြီ ဖြစ်သည်။ စားသောက်နေချိန်၌ ဝမ်လော့ရှန်းကို ပြန်မပြောပေ။ ဤရက်များအတွင်း ဝမ်လော့ရှန်းက ရှန်လင်းနှင့် ဆုဝန်တို့ ချင်းယွင်ကောင်တီဆီ မြင်းလှည်း‌ မောင်းသွားတာကို ကြည့်နေခဲ့ရ၏။ သို့သော် သူကိုယ်တိုင်ကမူ လမ်းလျှောက်ရသည်။ ဝမ်လော့ရှန်းက ဆုဝန်၏ဆိုင် စည်ကားနေတာကိုလဲ တွေ့ရပြီး သူ့ရင်ထဲ၌ ရှုပ်ထွေးနေတော့သည်။ ထို့အပြင် ဝမ်လော့ရှန်းက အလွန် မကျေမချမ်း ဖြစ်နေ၏။ လူတိုင်းက လွန်ခဲ့သည့် သုံးနှစ်ကလိုမျိုး ရှန်လင်းကို လေးစားမှု မရှိတော့တာကို မြင်ပြီး သဘောကျနေသည်။ ထို့ကြောင့် ဝမ်လော့ရှန်းက ရှန်လင်းကို စကားတချို့ဖြင့် ပျက်ရယ် ပြုချင်နေ၏။

ရှန်လင်းက ဆိတ်ဆိတ်သာ နေပြီး ဆုဝန် ချက်ပြုတ်ပေးသည့် နှုတ်မြိန်စာများကိုသာ စားသောက်နေတာ မြင်သောအခါ ဝမ်လော့ရှန်းက စဉ်းစားမိသွားသည်။ အရင်တုန်းက သူသာလျှင် ထိုစားစရာများကို အမြဲတစေ စားရသူဖြစ်သည်။

ဆုဝန်က ကတိတည်သူဖြစ်၏။ ရှန်လင်းက ဆုဝန်ကို မည်သည့်အရာများ တိုက်ကျွေးထားသည် မသိ။ ဆုဝန်က သူ့ကိုယ်သူတောင် မသိတော့ပုံ ပေါ်၏။

ဝမ်လော့ရှန်းက ရှန်လင်းကို သူ၏ရန်သူဟု ခံစားလိုက်ရသည်။

“ ညီအစ်ကိုရှန် ငါသာ မင်းဆိုရင် ကျောင်းတက်ဖို့အတွက် မိန်းမတွေရဲ့ ပိုက်ဆံ သုံးမှာမဟုတ်ဘူး။ လဝက်အတွင်း စာမေးပွဲကြီး ဖြေရတော့မယ်။ သုံးနှစ်လောက် စာမလေ့လာခဲ့တာ။ စာထပ်လေ့လာရတာ သိပ်ခက်ခဲနေမှာပဲ။ စာမေးပွဲကလဲ မင်းအတွက် ခက်ခဲလွန်းလိမ့်မယ် ”

ရှန်လင်းက စားစရာကို ယူပြီးနောက် ကျောင်း၏ဘေးရှိ အခန်းထဲတွင် သွားစားတော့၏။

ဝမ်လော့ရှန်းက တကယ် စိတ်ပျက်စရာ ကောင်းလှပေ၏။

ရှန်လင်း ထွက်သွားပြီးနောက် ရှန်လင်းနှင့် ယခင်က သိပ်မရင်းနှီးသည့် ကျောင်းသား နှစ်ယောက်ကလဲ သူ့နောက် လိုက်သွားတော့သည်။

တစ်ယောက်က ကျိုးယွီဟု အမည်ရကာ နောက်တ‌စ်ယောက်က ဝူဝေ့ ဖြစ်သည်။ နှစ်ယောက်လုံးက ကြိုးစားပမ်းစား စာလေ့လာသော်ငြား သိပ်မတော်သေးသူများ ဖြစ်၏။ စာမေးပွဲကို အကြိမ်ရေမနည်း ဖြေခဲ့ဖူးသော်ငြား မအောင်ခဲ့ပေ။

ကျိုးယွီက သူ၏ထမင်းဘူးကို ကိုင်လျက် ရှန်လင်းဘေးတွင် ထိုင်လိုက်သည်။

“ ညီအစ်ကိုရှန် ဒေါသမထွက်ပါနဲ့။ အဲ့ဒီ ဝမ်လော့ရှန်းက စာမေးပွဲမှာ အမြဲတမ်း ပထမရပေမဲ့ သူ့အကျင့်စရိုက်က လုံးဝ ကောင်းတာ မဟုတ်ဘူး ”

ဝူဝေ့က ပြောလိုက်သည်။

“ ဒီဝမ်လော့ရှန်းက ပုံမှန်ဆို မင်းကို မလှောင်ပြောင်ဘူး။ တကယ်တော့ ငါတို့နှစ်ယောက်ကို အမြဲတမ်း လှုံ့ဆော် ပြောဆိုနေတာ စာမေးပွဲကျပြီးတော့ အစော်ကားခံရတယ်လေ။ ကျောင်းသားတွေကြားက ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့သာ မလိုရင် အစောထဲက ရိုက်ပြီးလောက်ပြီ ”

ကျိုးယွီနှင့် ဝူဝေ့ နှစ်ယောက်လုံးသည် စကားများတတ်သူ မဟုတ်သောကြောင့် သူတို့သည် ဝမ်လော့ရှန်း ပျက်ရယ်ပြုတာ မခံရလျှင် ထိုသို့သောအရာမျိုး ပြောမှာမဟုတ်ပေ။

ကျိုးယွီက ထပ်ပြောလိုက်၏။

“ ညီအစ်ကိုရှန် ဝမ်လော့ရှန်းရဲ့ စကားကို အလေးမထားနဲ့။ သူအခု ဂုဏ်ဆာနေတာကို မကြည့်လိုက်နဲ့။ ဒါပေမဲ့ ငါ့အမြင်မှာတော့ သူစာလေ့လာတာက မခိုင်မာဘူး။ အတန်းထဲမှာ ဆရာက မေးခွန်းမေးတိုင်း မဖြေနိုင်ဘူး။ သူက အခေါက်တိုင်း စာမေးပွဲမှာ ပထမနေရာ ရပေမဲ့ အဲ့ဒါတစ်ခုခု ထူးဆန်းနေတယ်လို့ အမြဲတမ်း ခံစားမိတယ် ”

ဝူဝေ့ကလဲ ပြောလိုက်၏။

“ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်လော့ရှန်းရဲ့ လက်ရှိနာမည်က မင်း ပထမဆုံး စာမေးပွဲ ဖြေတုန်းကလို မဟုတ်ဘူး။ ငါတို့လဲ လက်ခံ ယုံကြည်ထားရမှာပဲ ”

ရှန်လင်းက ကျိုးယွီနှင့် ဝူဝေ့တို့က ဝမ်လော့ရှန်းကို အခဲမကြေ ဖြစ်နေတာ မြင်နိုင်၏။ သူက ပြောလိုက်သည်။

“ ငါတို့က ကျောင်းမှာ စာလေ့လာနေကျတာ။ သဘောထားကျဉ်းတဲ့သူတွေကို နည်းနည်းပဲ တွေ့ရင် ကံကောင်းတာပေါ့။ ဖြေရှင်းဖို့ ခက်ခဲတဲ့သူတွေနဲ့ တွေ့တဲ့အချိန် အဲ့လိုလူကို အာရုံစိုက်မနေနဲ့။ ငါတို့တွေက ဒီမှာ စာလေ့လာဖို့ လာတယ်ဆိုတာ မမေ့လိုက်နဲ့။ စာ လေ့လာဖို့ပဲ အာရုံပိုစိုက်ကြမယ် ”

ကျိုးယွီက ခေါင်းငြိမ့်လိုက်၏။ ရှန်လင်းကို ထပ်ပြောလိုက်ပြန်သည်။

“ ညီအစ်ကိုရှန် မင်း သုံးနှစ်လောက် စာမလေ့လာခဲ့တာ ဝမ်လော့ရှန်းက မင်းကို ဟာသလုပ်ဖို့ စောင့်နေတဲ့ပုံပဲ မင်း ဘာမှမသိရင် ငါနဲ့လာဆွေးနွေးလို့ရတယ်။ ငါက အရည်အချင်းမရှိပေမဲ့ သုံးနှစ်လောက် ကြိုးစားအားထုတ်ခဲ့တာ ”

ဝူဝေ့ကလဲ ပြောလိုက်၏။

“ ငါနဲ့ လာဆွေးနွေးလို့ ရတယ်နော် ”

ရှန်လင်းသည် ကျိုးယွီနှင့် ဝူဝေ့၏စကားထဲရှိ စိတ်ရင်းစစ်မှန်မှုကို ကြားသဖြင့် ပြောလိုက်သည်။

“ ကျေးဇူးပါ ညီအစ်ကိုတို့ ” ပြောနေစဉ် ရှန်လင်းက ကျိုးယွီနှင့် ဝူဝေ့တို့ကို ဆုဝန် ချက်ပြုတ်ပေးသည့် ဟင်းကို မြည်းခိုင်းလိုက်သည်။

ကျောင်းတော်၌ စာလေ့လာနေစဉ် ရှန်လင်း၏ စိတ်များက စာဖတ်ခြင်း၌ အာရုံမရောက်တာ သိသာ၏။ ကျိုးယွီနှင့် ဝူဝေ့အပါအဝင် လူတိုင်းက ရှန်လင်းသည် စာကြာကြာ မဖတ်နိုင်။ စာဖတ်တာ အသားမကျဟု ထင်နေတာ ဖြစ်သည်။

ဝမ်လော့ရှန်းက အိမ်ပြန်ရောက်ပြီး‌နောက် သူ၏ အဖေနှင့်အမေကို သံသယများ ထုတ်ပြောခဲ့သည်။ ရှန်လင်းက ယနေ့တွင် ကျောင်းမှာ အဆူခံခဲ့ရ၏။ ထို့ကြောင့် စာလေ့လာရန် အရည်အချင်း ပြည့်မီမှာ မဟုတ်။

ဝမ်အမေက ပြောလိုက်သည်။

“ အမေ ပြောလိုက်မယ် ငါ့သားက အထူးချွန်ဆုံးပဲ။ လူတွေက ရှန်လင်းကို အထူးချွန်ဆုံးလို့ ပြောခဲ့ကြတာ။ အခု ရှန်လင်းက သားထက် တော်ပါတယ်လို့ ဘယ်သူက ပြောရဲလို့လဲ ”

“ အဓိပ္ပာယ် မရှိတာတွေ။ ရှန်လင်းက အသုံးမကျဘူး လုံးဝ အသုံးမကျတာ ”

ယနေ့ ရှန်လင်း၏ ဆောင်ရွက်ချက်သည် ဝမ်လော့ရှန်းကို စိတ်အေးလက်အေး ဖြစ်သွားစေသည်။ မိသားစုမှ စီမံပေးသည့် အလုပ်များ ပြီးနောက် ဝမ်လော့ရှန်းက စာကြည့်ခန်းထဲ သွားကာ မြေခွေးနတ်ဆိုးနှင့် စာသင်သား အကြောင်း စာအုပ်ကိုဖွင့်ပြီး စိတ်အေးအေးချမ်းချမ်းဖြင့် ဖတ်နေလေ၏။

ထိုဇာတ်လမ်းကို ကြည့်ပြီး ဝမ်လော့ရှန်းက သူ့ဘာသာသူ စဉ်းစားလိုက်သည်။ သူ့ကို မြှင့်တင်ပေးနိုင်ပြီး ကြီးပွားချမ်းသာအောင် လုပ်ပေးနိုင်သည့် လူတစ်ယောက် ရှိခဲ့လျှင် မကောင်းဆိုးဝါး ဖြစ်လျှင်တောင် ဆိုးဝါးသည့် အကြံမဟုတ်။ ဂရုတစိုက် စဉ်းစားကြည့်ပြီးနောက် ယွင်ယန်က သူ့ကို တကယ် ကူညီပေးနိုင်တာ ဖြစ်သည်။

ရှန်လင်းက ကျောင်းမဆင်းခင် နှစ်ရက် ခွင့်တောင်းလိုက်၏။ ဆရာလီက ရှန်လင်းကို အလွန် စိတ်ပျက်နေပြီ ဖြစ်ကာ ခေါင်းခါလျက် ခွင့်ပေးလိုက်၏။ ရှန်လင်းသည် လွန်ခဲ့‌သော သုံးနှစ်ကာလနှင့် ကွဲပြားသွားပုံပေါ်၏။ သူ့ကို ကျောင်းတက်ခွင့် ပေးလိုက်ပြီး ဝမ်လော့ရှန်းနှင့် တစ်ခန်းထဲ ထားလိုက်ခြင်းက မှားယွင်းသွားပုံပေါ်သည်။

ကျောင်းဆင်းပြီးနောက် ရှန်လင်းသည် ဆုဝန်ကိုကြိုရန် မြင်းလှည်း မောင်းသွားပြီးနောက် အုတ်အိမ်များ ရောင်းသည့် ဝယ်သူများကို သွားတွေ့တော့သည်။ ပြီးနောက် အိမ်များကြည့်ရန် ဖေးချန်အနောက်ဘက်ဆီသို့ ပြန်လာသည်။ အိမ်လုံးချင်း ထပ်ဝယ်လိုက်၏။

သူသည် ဖေးချန်မှလူများကို ကွပ်ကဲရုံသာမက တောင်ပိုင်းလမ်းနားရှိ အိမ်ရှင်ကိုလဲ ထိုနေရာတွင် ဆောက်ခိုင်းထားသည်။

မြောက်ပိုင်းမြို့၌ အိမ်များ ဝယ်ယူပြီးနောက် ရှန်လင်းနှင့် ဆုဝန်တို့သည် ညတွင်းချင်းပင် တောင်ပိုင်းလမ်းနားရှိ အိမ်ကို သွားဝယ်‌ေတာ့သည်။

ရှန်လင်း ကျန်သည့်ပိုက်ဆံက မြေနေရာဝယ်ဖို့ လုံလောက်သည်။ ဆယ့်သုံးစုံစာ ကျန်သေး၏။ ဆုဝန်က အားလုံးယူလိုက်၏။

အိမ်များ လွှဲပြောင်းယူပြီးဖြစ်ကာ ပိုက်ဆံကို အ‌ေကျတော့ မပေးရသေးပေ။ တရားဝင် ထုံးတမ်းများ ပြီးမှသာ ငွေအပြည့်ချေမှာ ဖြစ်သည်။

ရှန်လင်းနှင့် ဆုဝန်တို့က ညလယ်ခေါင်တွင် ချင်းရှီးရွာသို့ ပြန်သွားလေ၏။ ဒုတိယမြောက်နေ့၌ သူတို့က အိမ်ရောင်းသူများနှင့် စာချုပ်စာတမ်း ချုပ်ဆိုရန် ချင်းယွင်ကောင်တီ၏ ရမန်သို့ သွားလိုက်သည်။ မနက်စောစောမှထပြီး နေဝင်သည်အထိ အလုပ်လုပ်နေကြတော့သည်။

ရှန်လင်းနှင့် ဆုဝန်က တစ်နေကုန် မနားမနေ အလုပ်လုပ်ခဲ့၏။ အရာအားလုံးပြီးနောက် ဆုဝန်သည် စာချုပ်စာတမ်းများကို သေတ္တာထဲထည့်ပြီး နှစ်ယောက်သား သက်ပြင်းချလိုက်တော့၏။

ရှန်လင်းက ပြောလိုက်တော့သည်။

“ ဒီကိစ္စတွေ နောက်ဆုံးတော့ ပြီးအောင် လုပ်နိုင်ပြီ။ ကိုယ်တစ်ချိန်လုံး တွေးနေမိတာ စာကောင်းကောင်း လေ့လာဖို့ အချိန် မရှိခဲ့ဘူး။ ဆရာလီက ကိုယ့်ကို ဒီနေ့ စိတ်ပျက်နေမှာပဲ။ နောက်ရက်တွေကစပြီး စာလေ့လာဖို့ပဲ အာရုံစိုက်တော့မယ်။ စာဖတ်ဖို့ အချိန်ကျပြီ ”

ဆုဝန်က ခေါင်းညိတ်လိုက်၏။ “ အလုပ်နှစ်ခု တပြိုင်တည်း လုပ်လို့မရဘူးဆိုတာ အမှန်ပဲ။ အခု အကိုရဲ့ သောကတွေ ငြိမ်းသွားပြီဆိုတော့ စာသေချာ လေ့လာလို့ရပြီ။ ညီမပဲ ဖြေရှင်းလိုက်မယ် ”

ရှန်လင်းက ဆုဝန်ကို နူးညံ့စွာ ကြည့်ပြီး ပြုံးလိုက်၏။

“ ညီမက တကယ် ထက်မြက်တယ်။ ဒါပေမဲ့ ကိုယ်ဒါကို ဘယ်လို ဖြေရှင်းရမှန်း မသိဘူး။ စာမေးပွဲ မတိုင်ခင်အထိ စာတွေ ဂရုတစိုက် စဉ်းစားတာ ပိုကောင်းလိမ့်မယ်။ ဒါမှ ပိုရှာနိုင်မှာ ”

ဆုဝန်နှင့် ရှန်လင်းတို့က ချင်းရှီးရွာသို့ ပြန်ရောက်ပြီး ရယ်ရယ်မောမောဖြင့် စကားပြောနေလေ၏။ ဆုဝန်က ကျောင်း၌ ရှန်လင်း၏ အခြေအနေကို မေးခဲ့သည်။

ရှန်လင်းက မကွယ်ဝှက်ခဲ့ပေ။ ဝမ်လော့ရှန်း၏ ယုတ်မာသော အပြုအမူများကိုလဲ ပြောပြခဲ့၏။ ဝမ်လော့ရှန်း မှားသည်ဟု ရှန်လင်း ဆိုလိုတာမဟုတ်။ သို့သော် ဝမ်လော့ရှန်း၏ ယနေ့ ဆောင်ရွက်ချက်က စိတ်သဘောထားကြီးသည့် လူကြီးလူကောင်း တစ်ယောက် မဟုတ်ဟု ခံစားရစေသည်။ ရှန်လင်းနှင့် ဆုဝန်တို့သည် ရင်းနှီးနေပြီးသား ဖြစ်သောကြောင့် ထိုကိစ္စများ ပြောတာ အဆင်ပြေသည်။

ဆုဝန်သည် ရှန်လင်းပြောတာ နားထောင်ပြီးနောက် ဝမ်လော့ရှန်း ထိုသို့ ပြုမူရသည့် အကြောင်းရင်းကို ဆန်းစစ်လိုက်၏။ ရှန်လင်းသည် အတိတ်တုန်းက သူ့ကို ထပ်တလဲလဲ လွှမ်းမိုးခဲ့သောကြောင့်သာ ဖြစ်သည်။ သူက အရာရာ၌ ရှန်လင်းလောက် မတော်။ ထို့ကြောင့် ယခုအချိန်တွင် ရှန်လင်းကို ပျက်ရယ်ပြုနေတာ ဖြစ်သည်။

ဆုဝန်က လမ်းတွင် စဉ်းစားလိုက်၏။ ချင်းရှီးရွာသို့ ပြန်ရောက်ပြီးနောက် ဆုဝန်က ရှန်လင်းကို ဝမ်မိသားစုဆီ သွားရာ၌ သူမနှင့် လိုက်ခိုင်းလိုက်သည်။

မာလာထန်းဆိုင်က ပိုက်ဆံရှာနိုင်၏။ ဝမ်မိသားစုအား အိမ်ကို ငွေဆယ့်နှစ်တုံးဖြင့် ရောင်းရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ ဝမ်လော့ရှန်းက ရှန်လင်းကို ဤသို့ မဆက်ဆံခဲ့ပါက ဆုဝန်သည် ဝမ်မိသားစုနှင့် အလုပ်ကိစ္စ ဆွေးနွေးမှာ မဟုတ်။ သို့သော် ဝမ်လော့ရှန်းက ထိုမျှ ပြောင်ပြောင်တင်းတင်း ဖီဆန်နေသောကြောင့် သူ့ကို ရွာတွင်သာ နေခွင့်ပေးလိုက်မည်။

ဆုဝန်သည် ချင်းယွင်ကောင်တီမှ ရွှေ့ပြောင်းခြင်းက ဝမ်လော့ရှန်း၏ စာလေ့လာမှုအတွက် အထောက်အကူ ဖြစ်စေမည်ဆိုတာ ကောင်းစွာသိသည်။ သို့သော် ဝမ်အဖေ အမေက ထိုအကြောင်းကို မသိပေ။ ဝမ်လော့ရှန်းက သူ‌ေရွှ့ချင်လျှင်တောင် သူ့ဘာသာသူ မရွှေ့နိုင်။

သူက ရှန်လင်းကို ဤသို့ ဆက်ဆံသောကြောင့် သူ့ကို သင်ခန်းစာ ပေးသင့်သည်ဟု ဆုဝန် ခံစားမိလိုက်သည်။ ဆုဝန်က လာရင်းရည်ရွယ်ချက်ကို ရှင်းပြချိန်၌ ဝမ်အမေက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်၏။

“ ဘာလို့လဲ ညည်းရဲ့ မာလာထန်းဆိုင်က အလုပ်မဖြစ်ဘူးလား။ အစထဲက ပြောသားပဲ ကောင်တီမှာ ပိုက်ဆံရှာရတာ မလွယ်ဘူးလို့ ” ပြောပြီးချိန်တွင် ဝမ်အမေက ဘေးတွင်ရှိနေသည့် ဝမ်လော့ရှန်းကို ပြောလိုက်၏။

“ လော့ရှန်း ကြားလား အမေတို့မိသားစုက ချင်းယွင်ကောင်တီကို မပြောင်းတော့ ဒီလိုဒုက္ခမခံစားရတော့ဘူး ”

ဝမ်လော့ရှန်းက စိတ်လှုပ်ရှားသွားလေ၏။ သို့သော် ဝမ်အမေက အိမ်ဝယ်ရန် စိတ်အားထက်သန်နေတာ သိသာသည်။

ဝမ်အမေက ဆုဝန်နှင့် အပေးအယူလုပ်၏။ နောက်ဆုံး၌ ငွေဆယ့်နှစ်တုံးဖြင့် အရောင်းအဝယ် ဖြစ်သွားတော့သည်။

ဆုဝန်သည် အစထဲက ငွေဆယ့်နှစ်တုံး တွေးပြီးသားဖြစ်၏။ ဆယ့်နှစ်တုံးခွဲ ပြောခြင်းမှာ ဝမ်အမေကို အပေးအယူလုပ်ခွင့် ပေးရန်အတွက်သာ ဖြစ်၏။ အရာအားလုံးက ဆုဝန်၏ ရည်ရွယ်ချက်အတိုင်း ဖြစ်လာသည်။

ဝမ်လော့ရှန်းက ဝမ်ရှီးကို မတားနိုင်မှန်း သိသည်။ ဝမ်ရှီးက သူ အမြတ်ရလိုက်သလို ခံစားရ၏။ ဤနေရာ၌ ကန့်ကွက်နေသည့် ဝမ်လော့ရှန်းကို ကြိမ်းမောင်းတော့သည်။

ဆုဝန်အား ဝမ်အမေ ငွေလေးတုံး ပေးပြီးတာကို မြင်သောအခါ ဝမ်လော့ရှန်းသည် နှင်းကိုက်ခံထားရသည့် ခရမ်းသီးကဲ့သို့ ညှိုးရော်သွားတော့သည်။

ကောင်တီသို့ ရွှေ့ပြောင်းဖို့ အစီအစဉ်က ဝေးကွာသွားပုံပေါ်၏။

ပိုက်ဆံများယူပြီး စာချုပ်စာတမ်း ချုပ်ဆိုပြီးနောက် ဆုဝန်က ဝမ်အမေကို ပြောလိုက်ပြန်၏။

“ အဒေါ်ဝမ် တကယ်တော့ မာလာထန်းဆိုင်က ပိုက်ဆံ အရေးတကြီး မလိုပါဘူး။ ဒီအိမ်ကို ရောင်းဖို့ အလျင်လိုနေတာက ရောင်းချင်လို့လေ။ ချင်းယွင်ကောင်တီမှာ အိမ်ဝယ်လိုက်ပြီ ”

ဝမ်အမေက ပြောလိုက်၏။

“ ချင်းယွင်ကောင်တီက ကောင်းတယ်။ ချင်းယွင်ကောင်တီမှာ အိမ်ဝယ်တာက ပိုကောင်းတာပေါ့။ ချင်းယွင်ကောင်တီက ဝယ်ဖို့က ဒီလောက် လွယ်ကူတာလား ”

ဆုဝန်က ပြုံးလိုက်၏။ “ ချင်းယွင် ကောင်တီပဲလေ အစ်ကိုရှန်လင်းက စာလေ့လာနေပြီမလား။ ကျွန်မတို့တွေ ချင်းယွင်ကောင်တီမှာ နေတော့ သူနေ့တိုင်း လမ်းအဝေးကြီး လျှောက်စရာ မလိုတော့ဘူးပေါ့။ အချိန်နဲ့စွမ်းအား ခြွေတာနိုင်တယ်လေ။ ဒါက စာဖတ်ဖို့ အထောက်အကူ ပိုဖြစ်မှာ ”

ဝမ်လော့ရှန်းသည် ဆုဝန်၏စကား ကြားပြီးနောက် သွေးအန်လုနီးပါး ဖြစ်သွားသည်။ ဝမ်မိသားစုက ချင်းယွင်ကောင်တီသို့ ရွှေ့ပြောင်းမည်ဟု သူထင်ခဲ့၏။ လမ်းလျှောက်ရတာက ပင်ပန်းသည်။ အထူးသဖြင့် ဆောင်းရာသီ၌ လေအေးများ တိုက်ခတ်နေသည်က ပြစ်ဒဏ်တစ်ခု ဖြစ်သည်။

ဝမ်အမေသည် ရှန်မိသားစုအိမ်ကို ဈေးပေါပေါဖြင့် ဝယ်လိုက်နိုင်ခဲ့သောကြောင့် ပျော်ရွှင်နေကာ ဆုဝန်၏စကားကို သံယောင်လိုက်တော့၏။

“ အမှန်ပဲ နီးနီးနားနား နေတာက စာလေ့လာဖို့ ပိုအားရှိသေးတယ် ”

ဝမ်လော့ရှန်းက ဒေါသထွက်ပြီး သေတော့မလိုပင်။ သူ၏အမေက အနားတွင်နေပြီး စာလေ့လာခြင်းက ကောင်းမှန်းသိပုံပေါ်၏။ သို့သော် အဘယ့်ကြောင့်များ ရွာတွင် အိမ်တစ်လုံး ဝယ်နေရသေးသနည်း။

ဆုဝန်က ဝမ်လော့ရှန်းကို ကြည့်လိုက်၏။

“ အစ်ကိုလော့ရှန်းက ဉာဏ်ပိုကောင်းပါတယ်။ သူ ဝေးဝေးမှာ နေရင်တောင် သူ စာလေ့လာတာကို ထိခိုက်စေမှာ မဟုတ်ဘူး ”

ဝမ်လော့ရှန်းအကြောင်း ပါလာသည်နှင့် ဝမ်အမေက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။

“ အမှန်ပဲ ရွှေက ဘယ်နေရာမှာထားထား တောက်ပြောင်တယ်။ ငါ့ရဲ့လော့ရှန်းက အဝေးမှာ နေရမယ်ဆိုရင်တောင် စာမေးပွဲ ဖြေနိုင်မှာပဲ ”

ဝမ်လော့ရှန်းက ဒေါသထွက်လာ၏။ သူ၏ မျက်လုံးများ ခဏသာ မည်းမှောင်သွားပြီးနောက် သတိလစ်သွားတော့သည်။

…

All Chapters