← Chapters

ရှန်လင်း၏ ပျော်ရွှင်ဖွယ်ဘဝ

Vol. 4 Ch. 74

ရှန်လင်း၏ ပျော်ရွှင်ဖွယ်ဘဝ

Vol. 4 Ch. 74

ဝမ်လော့ရှန်းသည် ကြောက်ရွံ့၍နေသည်။ သို့သော် ဝမ်မိသားစုကမူ စိတ်ပူ၍ပင်မနေပေ။ ဝမ်လော့ရှန်းသည် ရှန်လင်းတို့အိမ်ဝယ်မည့် ကိစ္စနှင့် ပတ်သက်၍ သဘောမတူပါ။ ဒါကို ဝမ်မိသားစုကလဲ သိသည်။

ဝမ်မိသားစုကမူ ကောင်တီမြို့သို့ပြောင်းရွှေ့လိုသည်ဟူသော ဝမ်လော့ရှန်း၏အတွေးမှာ အလွန် စိတ်ကူးယဉ်ဆန်သည်ဟု ထင်သည်။ ထို့ပြင် ဝမ်လော့ရှန်းသည် ရှန်လင်းတို့အိမ်ကို ရွှေ့ပြောင်းလျှင် ရနိုင်သည့် အကျိုးကျေးဇူးများကို မသိဟု ထင်မြင်ကြ၏။

ရှန်လင်းတို့အိမ်ခြံဝင်းသည် ကျယ်ဝန်းသည်။ ထို့ကြောင့် အနာဂတ်တွင် မြေပေါ်တွင်ပါ ပစ္စည်းအများအပြားကို ထားနိုင်သည်။

ဝမ်ရှီးနှင့် ရှန်လင်းတို့သည် ဝမ်လော့ရှန်းအား အခန်းသို့ပြန်ပို့ရန် ကူညီပေးလိုက်ကြပြီး ဝမ်လော့ရှန်းအား ဆိတ်ဆွဲလိုက်သောအခါ ဝမ်လော့ရှန်းသည် နိုးလာပြီး တစ်ခုခုပြောရန် သူ့ပါးစပ်လေးကို ပြင်လိုက်စဥ် ဝမ်ရှီးက ဦးစွာ ပြောလိုက်သည်။ “လော့ရှန်း ဘာမှ မပူနဲ့နော် ဒီကိစ္စတွေအားလုံးကို အမေ ဂရုစိုက်လိုက်မယ်”

ဝမ်လော့ရှန်း ဘာမှ မပြောလိုက်နိုင်ခင်ပင် ဝမ်ရှီးသည် ရှန်လင်းအား ဝမ်လော့ရှန်း၏ အခန်းထဲမှ ခေါ်ထုတ်သွားလေ၏။

ဆုဝန်ကမူ အပြင်မှာ စောင့်နေသည်။ သူမသည် ဝမ်လော့ရှန်း၏အခန်းထဲကို လုံးဝ မဝင်လိုပါပေ။

အမျိုးသမီးဝမ်သည် စရန်ငွေလေးတုံးကို မည်သို့ဖြစ်ဖြစ် ပေးချေလိုက်သည်။ ငွေလေးတုံးဟူသည် တကယ့်ကို များသော ငွေပမာဏပင်ဖြစ်သည်။ အမျိုးသမီးဝမ်သည် မည်သို့ဖြစ်စေ သူမစကားကို ပြန်ရုပ်သိမ်း၍ မရတော့ပါပေ။

ဆုဝန်က အမျိုးသမီးဝမ်အား သူမသည် မနက်ဖြန်တွင် ချင်းယွင်ကောင်တီသို့သွားကာ သူမ လိုချင်နေခဲ့သည့်အိမ်ကို သွားကြည့်မည်ဖြစ်ကြောင်းနှင့် မနက်ဖြန် ကိစ္စအဆင်ပြေ၍ အိမ်ဝယ်ပြီးသည်နှင့် တစ်ပြိုင်နက် သူမတို့သည် ပြောင်းရွှေ့မှာ ဖြစ်ကြောင်းကို ပြောသည်။ ဝမ်အမျိုးသမီးသည် စာချုပ်မှာ လက်မှတ်ထိုးပြီးသည်နှင့် တစ်ပြိုင်နက် သူမတို့သည် ရှန်လင်းတို့အိမ်သို့ ပြောင်းနိုင်ပြီဖြစ်ကြောင်းကိုပါ ပြော၏။

ဝမ်မိသားစုသည် အလွန် ပျော်သွားသည်။ မူလက ဆုဝန်ရောင်းချသည့် ငွေဆယ့်သုံးတုံးကပင် အလွန် စျေးသက်သာနေပြီ။ ယခု ဆုဝန်က ငွေဆယ့်နှစ်တုံးနှင့်ရောင်းလိုက်သည်။ ပိုသောငွေသည် ကျန်သောအရာများစွာကို ဝယ်ယူူနိုင်ပေ၏။

အမျိုးသမီးဝမ်သည် ပျော်ရွှင်စွာဖြင့် ရှန်လင်းနှင့် ဆုဝန်ကို ခြံအပြင်သို့ လိုက်ပို့လိုက်သည်။

ထို့နောက် အမျိုးသမီးရှန်သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး ရှန်လင်းကို ပြောသည်။

“လော့ရှန်း တို့တွေအနာဂတ်မှာ အိမ်ကြီးကို ပြောင်းရွှေ့ကြရတော့မယ်။ ပြီးတော့ သားလေးကလဲ နောက်ကျရင် စာကို ပိုလေ့လာရတော့မှာ။ အဲ့အချိန်ကျရင် ချင်းရှီရွာမှာ တို့တွေရဲ့ အိမ်က အကောင်းဆုံးပဲ။ ချင်းယွင်ကောင်တီက မိသားစုတွေရဲ့ အိမ်တွေတောင် တို့တွေလောက် ကောင်းမှာ မဟုတ်ဘူး။ ပြီးတော့ သားရဲ့ ပညာသင်စာမေးပွဲပြီးတာနဲ့ ယန်ယွင်ရန်နဲ့ သားကို လက်ထပ်ပေးမယ်လို့လဲ အမေ ကတိပေးတယ်” ဝမ်လော့ရှန်းသည် ဝမ်ရှီးပြောနေသော စကားများကိုနားထောင်ပြီး သူတစ်ခုခု ပြန်ပြောလိုက်လျှင် သူ့အမေစိတ်ဆိုးမှာ စိုး၍ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

ယန်ယွင်ရန်သည် ရွာငယ်လေးတွင် နေလိုသူ မဟုတ်ပါ။ ထို့ပြင် ယန်ယွင်ရန်သည် ဤအိမ်ကိုလဲ ကောင်းမွန်လှသည်ဟု ထင်မည်မဟုတ်။ သို့သော် ယခုအခါ အလွန်နောက်ကျသွားလေပြီ။ ငွေလေးတုံးကို စရံအဖြစ် ပေးချေပြီးပြီဖြစ်ရာ မည်သည့်နည်းနှင့်မျှ ပြောင်း၍ မရတော့ပါချေ။

ရှန်လင်း၏ အိမ်ကို ပြန်ရောင်း၍ရသည်ဟု ဆိုသော်ငြား သူ့အဖေနှင့် အမေတို့သည် ရောင်းချရာတွင် အခက်အခဲ ရှိနိုင်သည်။ အကယ်၍ ရောင်းထွက်ခဲ့လျှင်တောင် ရှန်လင်းတို့အိမ်မှ အုတ်နှင့် တိုင်များသည် တန်ဖိုးမဲ့သွားမည်သာ ဖြစ်၏။ မည်သည့်အပြင်လူကမှ ဤအိမ်ကို လာဝယ်မည် မဟူတ်ပါ။ ရွာထဲကလူများကလဲ ထိုသို့သော အိမ်ကိုဝယ်လိုလျှင်တောင် ဝယ်ဖို့ပိုက်ဆံ ရှိမနေကြပါ။

ထို့ကြောင့် ဆုဝန်သည် ရှန်လင်းတို့ မိသားစုအိမ်ကို ရောင်းချရာတွင် ဘေးချင်းကပ်လျက်ဖြစ်သည် ဝမ်မိသားစုကသာ ဝယ်ခဲ့သည်။ အကယ်၍ သူမသာ အခြားတစ်ယောက်ယောက်ကို ရောင်းချလိုပါလျှင် လာဝယ်ရန် ခက်ခဲမည်သာ ဖြစ်ပါ၏။

ဝမ်လော့ရှန်းသည် အလွန်ဒေါသထွက်သွားသလို ဝမ်ရှီးသည်လည်း ပြောစရာစကားပင် ကင်းမဲ့သွားသည်။ သို့သော် ဝမ်ရှီးသည် ပျော်မြဲ ပျော်နေဆဲသာ ဖြစ်သည်။ ဝမ်လော့ရှန်းကို ဂရုစိုက်ပေးရုံနှင့်ပင် ယခင်ကထက် နှစ်ဆပိုဂရုစိုက်ပေးပြီး နှစ်ဆပို အကျိုးအမြတ် ရနေနိုင်မည်။

နောက်တစ်နေ့တွင် ရှန်လင်းသည် ကျောင်းသို့သွားသည်။ ထို့နောက် ဆုဝန်သည် သူ ကျောင်း၏ အရှေ့ဘက်တွင် မြင်ခဲ့သော အိမ်ကိုဝယ်ယူရန် သွားလေသည်။

ဆုဝန်နှင့် ရှန်လင်းသည် မနေ့ညက တိုင်ပင်ထားကြပြီးဖြစ်သည်။ ရှန်လင်းက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အိမ်ကိုဝယ်ထားလျှင် ငွေအများအပြားဝင်နိုင်သည်ဟု ပြောသည်။ ထို့ကြောင့် သူသည် ဆုဝန်အား ဦးစွာ သွားဝယ်စေခြင်းပင်ဖြစ်၏။

ယခုရက်ပိုင်းသည် ဆယ့်နှစ်လပိုင်း အလယ်ကိုရောက်နေပြီဖြစ်ပြီး တစ်နှစ်လုံး၏ အအေးဆုံး အချိန်ခါဖြစ်သည်။ အရင်နှစ်များက ဤသို့အချိန်တွင် ပညာသင်များသည် အားလပ်ရက်ရခဲ့ကြပြီး နောက်တစ်နှစ် မတ်လတွင် ပညာသင်ရွေးချယ်သည့် စာမေးပွဲကို ကျင်းပသည်။ ပညာသင်အားလုံးတို့သည် အားလပ်ရက်ကို တရုတ်နှစ်သစ်ကူးမတိုင်ခင်အထိမရှိဟု သတ်မှတ်လိုက်ကြပြီး ထိုရက်များတွင် အချမ်းဒဏ်ကို ကြံ့ကြံ့ခံကြကာ ပညာလေ့လာဆည်းပူးရန် ကျောင်းသို့ သွားကြပေသည်။

ပညာလာရောက်သင်ယူကြသော လူအများစုသည် ကျောင်းနှင့် ဝေးသောနေရာများတွင် နေကြသူများဖြစ်သည်။ မည်သူကမျှ ကျောင်းနှင့်နီးသောအရပ်သို့ တကူးတကရွှေ့ပြောင်းမနေတော့ဘဲ ဆယ့်နှစ်လပိုင်း၏ လေအေးသည် သူတို့ခန္ဓာသို့ ဓားထက်ထက်သဖွယ် တိုက်ခတ်ဖြတ်သန်း၍ သွား၏။

လူတိုင်းသည် ကျောင်းသို့ရောက်သောအခါ သူတို့ခန္ဓာကိုယ်ကို အချိန်ကြာကြာယူ၍ နွေးထွေးအောင် လုပ်ကြရပါ၏။

ပုံမှန် အချမ်းဒဏ်ကိုခံနိုင်သော ရှန်လင်းသည်ပင် ခိုက်ခိုက်တုန်အောင် ချမ်းတတ်ပေသည်။

ဆုဝန်သည် ထူထဲသော ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသည်။ သူမကိုယ်ကိုယ် ကောက်ညှင်းထုပ်လေးသဖွယ် ကြပ်စည်း၍ထားပြီး စာချုပ်စာတမ်းကိစ္စရပ်များ အကုန်မပြီးစီးခင် ထိုအိမ်ကြီး၏ ပို်ငရှင်ဆီသို့ သွားတွေ့သည်။ ဤရက်များတွင် ဆုဝန်နှင့် ရှန်လင်းတို့သည် တရားရုံး၌ အချိန်တော်တော်များများကို သုံးခ့သည်။ စာချုပ်စာတမ်း၊ ကောင်တီတရားသူကြီး၊ ရှေ့နေများနှင့် တရားရုံးမှ အစေခံအမှုထမ်းများ အားလုံးလိုလိုသည် ဆုဝန်နှင့် အတော်ပင် ရင်းနှီးနေပြီ။ ထို့ကြောင့် စာရွက်စာတမ်းများကို တစ်မနက်တည်းနှင့် လုပ်၍ပြီးသည်အထိ ဆုဝန်သည် အလုပ်ကိစ္စများကို လျင်လျင်မြန်မြန်လုပ်၍ ပြီးနိုင်ခဲ့လေ၏။

ဆုဝန်သည် အထမ်းသမားအချို့ကိုရှာရန် သွားခဲ့လေသည်။ ထို့နောက် သူမဝယ်ထားခဲ့သော မြို့အရှေ့ဘက်မှ အိမ်ကို သွားရောက်ကာ သန့်ရှင်း၏။ ထို့နောက် စျေးသို့သွားကာ ပရိဘောဂများ၊ အိပ်ရာ၊ မီးဖို၊ မီးသွေးနှင့် အခြားလိုအပ်သည့်ပစ္စည်းများကို ဝယ်၏။ ချက်ပြုတ်ရန် အုိးနှင့်ဒယ်များကိုမူ ဆုဝန်သည် မဝယ်ခဲ့ပါ။ ထိုအရာများအတွက် ငွေပိုသုံးရန် မလိုအပ်ပေ။ ထိုအရာများကို ချင်းရှီရွာရှိ အိမ်မှ သယ်ယူလို့ရပေသည်။

အခြားအရာများအတွက်မူ ရှန်လင်းတို့မိသားစုသည် များများစားစားမရှိပါ‌ချေ။ ရှန်လင်းအဖေ သေဆုံးသွားပြီးနောက် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းတို့အိမ်မှာ ဘာမှ မရှိတော့သည်အထိ ပစ္စည်းများကို ယူသွားကြသည်။ နောက်ပိုင်း ရှန်လင်းထပ်မံဝယ််ယူထားသော ပစ္စည်းများသည် ကောင်းမွန်စွာနေထိုင်နိုင်ရန် လုံလောက်ပါပေ၏။

ဆုဝန်သည် ယန်မိသားစုမှ ညီအစ်ကိုများကိုပါခေါ်ပြီး ရှန်လင်းတို့မိသားစုမှ လယ်ယာလုပ်ငန်းသုံး ပစ္စည်းများကို သုံးနိုင်ကြောင်းပြောသည်။ မည်သို့ဖြစ်စေ သူတို့သည် အနာဂတ်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်တော့မည်မဟုတ်ချေ။ ထိုအခါ ထိုပစ္စည်းများသည် အပိုပစ္စည်းများ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ထိုပစ္စည်းများကိို အသုံးပြုမည့် လူကို ပေးကမ်းခြင်းကပို၍ ကောင်းပေမည်။ ယန်မိသားစု ညီအစ်ကိုများသည် ဆုဝန်အား ထပ်ခါတလဲလဲ ကျေးဇူးတင်ကာ ပျော်ရွှင်စွာဖြင့် သူတို့မိသားစု လယ်ယာဆီသို့ ပြန်သွားကြပါပေ၏။

ဆုဝန်သည် တမင်သက်သက် လူအချို့ကို လိုက်ကာအသစ်များ၊ စားပွဲ ကုလားထိုင်အသစ်များနှင့် ရှန်လင်းလုပ်ထားသော ခုံတန်းအသစ်များကို ရထားလုံးထဲသို့ ထည့်ရန် စေခိုင်းလိုက်သည်။ အနီးအနားရှိ ကျန်ပရိဘောဂများသည်မူ အလွန်ရိုးရှင်းပြီး စုတ်ပြတ်နေပြီဖြစ်သောကြောင့် ဆုဝန်သည် ထိုပစ္စည်းများကိုမူ ရွှေ့ပြောင်းရန် အစီအစဥ် မရှိပါချေ။

ရှန်ရှီးသည်လည်း စိတ်ထားပြည့်ဝသူတစ်ဦးဖြစ်ပေရာ ဆုဝန်သည် အလွန်ကောင်းသော အိမ်ကို ဝယ်ခြင်းဖြစ်သောကြောင့် ဤသို့ကျိုးပဲ့နေသော ပရိဘောဂများနှင့် လုံးဝ မအပ်စပ်မှန်း သိသောကြောင့် ဘာမှ ဝင်မပြောပါချေ။

ထို့ပြင် အိမ်တွင်းရှိ မူလပရိဘောဂများသည်လည်း ပြိုလဲပျက်စီးကာ ယိုယွင်းနေပြီဖြစ်ပေရာ အိမ်အသစ်သို့ ရွှေ့ပြောင်းရန်ပင် မသင့်ပါချေ။ လက်ဆောင်ဖြစ်စေကာမူ အလွန်အိုဟောင်းနေပြီ ဖြစ်လေရာ ပေးရမည်တောင် ရှက်ဖွယ်ကောင်းပေ၏။ ဤသည်မှာ ဤပရိဘောဂများကို ယန်ညီအစ်ကိုဆီသို့ ဆုဝန် မပေးလိုသည့် အကြောင်းပြချက်ပင် ဖြစ်ပါပေသည်။

ဤသို့ ကျိုးပဲ့နေသော ပစ္စည်းများကို သုံးခြင်းသည် မကောင်းနိုင်ပါပေ။ နေရာယူရုံသာ အဖတ်တင်သည်။ ဆုဝန်သည် ကျိုးပဲ့နေသော ပစ္စည်းများကို နှမြောတသမနေဘဲ ပစ်ရမည်ဟူသည့် နည်းလမ်းကို ကျင့်သုံးလေသည်။

ရွှေ့ပြောင်းရမည့်ပစ္စည်းများကို ထုတ်ပိုးပြီးနောက် ဆုဝန်သည် ရှန်ရှီးနှင့် ရှန်ယာယာကို ရထားလုံးသို့ ခေါ်ကာ ချင်းယွင်ကောင်တီသို့ ပြန်လာခဲ့ကြလေသည်။

ရှန်ရှီးသည် ဆုဝန်က ဤသို့သော အိမ်ပြောင်းရွှေ့သည့် ကိစ္စရပ်ကြီးတစ်ခုကို တစ်ရက်တည်းနှင့် လုပ်နိုင်ခဲ့သည်ကို ယုံပင်မယုံနိုင်ပါပေ။ သူမ ရထားလုံးထဲသို့ ဝင်ထိုင်သည့် အချိန်ထိပင် သူမသည် ဤသည်မှာ အစစ်အမှန် မဖြစ်နိုင်ဟု မူးဝေဝေခံစားနေရသည်။

အပြန်လမ်းတွင် အမျိုးသမီးရှန်သည် ဆုဝန်သည် တကယ်ကို အလုပ်ကြိုးစားကြောင်း တဖွဖွ ပြောနေသည်။ သို့သော် ဆုဝန်ကမူ ထိုသို့ မထင်ပါ။ သူမ ဝမ်အိမ်တော်မှာ ရှိနေခဲ့စဥ်က နေ့တိုင်း ဒီ့ထက်ပိုသည့်အလုပ်များကို လုပ်ကိုင်ခဲ့ရပေသည်။ သူမ ရှန်လင်းတို့အိမ်ကို ရွှေ့ပြောင်းပြီးကတည်းက သူမသည် အလုပ်ကြမ်းများကို ကြိုးစားလုပ်ကိုင်ရန် မလိုခဲ့ပါပေ။ ရှန်လင်းက ထိုသို့ ပင်ပန်းရမည့်အလုပ်များ အားလုံးကို လုပ်ကိုင်ပေးသည်။ သူမသည် အကြံဉာဏ် တွေးသည့်နေရာတွင်သာ တာဝန်ယူရန်လိုသည်။ ထို့ကြောင့် ဤသည်မှာ အလွန်ပင် လွယ်ကူနေကြောင်း ဆုဝန်က ခံစားရပါ၏။

ယနေ့သည် ပုံမှန်ရက်များထက် ပို၍ အလုပ်များပါသော်လည်း ဆုဝန်အတွက်မူ ဟိုးယခင်ရက်များနှင့် နှိုင်းယှဥ်၍ပင် မရပါချေ။

ဆုဝန်သည် အလုပ်သမားအချို့ကို အရာအားလုံး ချင်းယွင်ကောင်တီရှိအိမ်သို့ ပြောင်းရွှေ့ပေးရန် ပြောသည်။ ရှန်လင်းကျောင်းမှ ပြန်လာတော့မည့်အချိန်ဖြစ်ကြောင်းကို သိသောအခါ ဆုဝန်သည် စုန့်ရှန်းကျောင်းဝင်ပေါက်မှာ ဂိတ်တံခါးအသေးလေးဆီသွားပြီး ရှန်လင်းအား သွားရောက်စောင့်လေသည်။ သူမသည် လှုပ်ရှားမှုများကို သိပင်မသိသေးချေ။ ပထမဆုံးနေ့တွင် ဆုဝန်သည် ရှန်လင်းအား အိမ်သို့ကိုယ်တိုင်ကြိုရန် စီစဥ်ထားပေ၏။

ကျောင်းမှ စာသင်သားများအားလုံးတို့သည် မီးဖိုသေးလေးများကို သယ်ဆောင်လာကြသော်ငြား ရာသီဥတုသည် အလွန်ပင် အေးလှပေ၏။ မီးသွေးမီးဖိုသေးလေးများကို သယ်ဆောင်လာကြသော်လည်း သူတု့သည် အနွေးဓာတ်ကိုတော့ မခံစားကြရပေ။ နောက်ဆုံးတွင် ကျောင်းဆင်းချိန်ရောက်သောအခါ ကျောင်းသားများသည် အလျင်လိုကုန်ကြသည်။ အိမ်ကိုပြန်ပြီး မီးဖိုရှေ့တွင်ထိုင်ကာ မီးလှုံသည်ဖြစ်စေ၊ စောင်ပုံထဲတွင် နွေးနေအောင် ကွေးသည်ဖြစ်စေကို ပြုလုပ်လိုကြပါ၏။

သို့သော် အိမ်ကိုပြန်ကာ အနွေးဓာတ်လေးကို ခံစားမရရှိမီ ဆောင်းတွင်း၏ လေအေးအေး တိုက်ခတ်ခြင်းကို ခံစားကြရဦးမည် ဖြစ်ပေသည်။ ဆောင်းလေအေးသည် ယခု သုံးရက်မှ ကိုးရက်အတွင်း ဓားကဲ့သို့ပင် ထက်လှ၏။

ပညာသင်ကျောင်းသားများသည် စာသင်ဆောင်ထဲမှ ထွက်ထွက်ချင်းပင် လက်အိတ်များကို သူတို့လက်၌ ဝတ်လိုက်ကြ၏။

ဆုဝန်သည် ထွက်လာကြသော ကျောင်းသားများကို လိုက်ကြည့်နေရင်း ရှန်လင်း၏ ပုံစံကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ရှန်လင်းအား လက်ကို ဝေ့ယမ်းပြလိုက်သည်။

ရှန်လင်းသည် ဆုဝန်ကို မြင်သောအခါ ဆုဝန်ဆီသို့ လျှောက်၍ လာသည်။

“ညီမ ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ရှန်လင်းသည် ဆုဝန်ဆီသို့ လှမ်းသွားရင်း မေးလိုက်သည်။

ဆုဝန်က ပြန်ဖြေသည်။ “ညီမတို့မိသားစုကို အရင်က တို့တွေကြည့်ခဲ့ကြတဲ့ ချင်းယွင်ကောင်တီက အိမ်ဆီကို ရွှေ့လာတာလေ။ ချင်းရှီရွာက အိမ်ကနေ ဖယ်ခဲ့လိုက်ပြီ။ တော်ကြာ အစ်ကို နေရာ မှားပြန်နေမှာစိုးလို့ အဲဒါကြောင့် အစ်ကို့ကို လာကြိုတာ”

ရှန်လင်းနံဘေးမှ ဖြတ်သွားသော ကျန်ကျောင်းသားများက ထိုစကားကိုကြားသောအခါ အားလုံးတို့သည် ရှန်လင်းနှင့် ဆုဝန်ဆီသို့ စူးစမ်းသော အကြည့်များနှင့် ကြည့်နေကြလေ၏။

ရှန်လင်းနှင့်အတူ ကျောင်းဆောင်ထဲမှ ထွက်လာကြသော ကျိုးယွီနှင့် ဝူဝေ့တို့သည် ရှန်လင်းက ဆုဝန်ဆီသို့ အမြန်သွားသည်ကို မြင်သောအခါ သူတို့ပါ ရှန်လင်းနောက်မှ လိုက်လာခဲ့ကြသည်။ ဆုဝန်ပြောသည့် စကားကို ကြားသောအခါ ကျိုးယွီက ပြောလိုက်သည်။

“ညီမဆုဝန်၊ မင်းတို့အစ်ကို ရှန်လင်းရဲ့ အိမ်က ဘယ်နားကို ပြောင်းလိုက်တာလဲ။ အကယ်၍ အစ်ကို့ကိုပြောပြပေးမယ်ဆိုရင် ညီမတို့ အိမ်သစ်တက်တာကို လာပြီး ဂုဏ်ပြုပေးဖို့ ရက်ကောင်းရက်မြတ် ရွေးလို့ရတာပေါ့”

ဝူဝေ့ကလဲ ပြောသည်။ “အစ်ကိုရှန်လင်းတို့ မိသားစုက ပြောင်းလာတာမြန်လိုက်တာ၊ ကျွန်တော်လဲ အိမ်သစ်တက်တာကို လာပြီး ဂုဏ်ပြုချင်တယ်”

ဆုဝန်က ပြုံးလိုက်၏။ “ဒီကနေဆိုရင် သိပ်မဝေးပါဘူး။ ဒီမှာကြည့်၊ အဲ့အိမ်လေ ဆုဝန်သည် ကျိုးယွီနှင့် ဝူဝေ့တို့အနားရှိ အိမ်ခေါင်မိုးကို ညွှန်ပြလိုက်သည်။

စုန့်ရှန်းအကယ်ဒမီရှေ့တွင် မတ်တတ်ရပ်နေလျှင် ရှန်လင်းနှင့် ဆုဝန်တို့၏ အိမ်အသစ်လေး၏ ခေါင်မိုးကို လှမ်းမြင်နေရပေသည်။

ဆုဝန်သည် လမ်းလဲညွှန်ပေးသည်။ “အစ်ကိုတို့သွားမယ်ဆိုရင် ဒီရှေ့တည့်တည့်က အိမ်လေးပါပဲ”

ကျိုးယွီသည် သက်ပြင်းရှည်ကြီး ချရင်းပြောသည်။

“အစ်ကိုရှန်ရာ၊ အစ်ကို့အိမ်က တကယ်နီးနီးလေးပဲ။ လှမ်းတောင် မြင်နေရတယ်။ အစ်ကိုတို့အိမ်က ထွက်လိုက်တာနဲ့ ကျောင်းကို တန်းရောက်တာပါပဲလားဗျာ”

ဝူဝေ့ကလဲ ပြော၏။ “ဒီလိုဆိုရင် အစ်ကိုရှန်လင်းက ကျောင်းကိုလာဖို့ နေ့တိုင်း နှင်းဒဏ်နဲ့ အအေးဒဏ်ကို အံတုနေစရာမလိုတော့ဘူးပဲ။ ပြီးတော့ နေ့လယ်နေ့ခင်းဆိုရင်လဲ အိမ်ပြန်ပြီး နေ့လယ်စာတောင် စားလို့ရသေးတယ်။ ပြီးတော့ အိမ်မှာ တစ်ရေးတစ်မောလေးပဲ အိပ်ဦးမလား။ တကယ့်ကို ကံကောင်းတာပါပဲဗျို့”

ဖြတ်သွားဖြတ်လာ ကျောင်းသားများကလဲ ဆုဝန်တို့ ပြောသောစကားများကို ဖြတ်သွားရင်း နားစွင့်နေကြသည်။ ထို့နောက် သူတို့သည် ရှန်လင်း၏ နေထိုင်မှုဘဝအကြောင်းကို ကြားသောအခါ ရှန်လင်းနှင့် ပို၍ နီးနီးကပ်ကပ် နေလိုလာကြ၏။ ဆုဝန်သည် ကျိုးယွီနှင့် ဝူဝေ့တို့၏ စကားများကို ပြုံးရင်း ပြန်ဖြေလိုက်သည်။

“နောက်ကျရင် အိမ်မှာ အစ်ကိုရှန်လင်းနဲ့အတူတူ အစ်ကိုတို့ ညစာလာစားချည်လေ။ နေဖို့ထိုင်ဖို့ ပြင်ဆင်ပြီးလို့ရှိရင် အစ်ကိုတို့နှစ်ယောက်ကို ဖိတ်လိုက်ပါမယ်ရှင်၊ အခုက နည်းနည်း‌ေလး ရှုပ်ပွနေသေးတော့ အစ်ကိုတို့ ထိုင်ဖို့အတွက်တောင် မဖိတ်ဝံ့ပါဘူးရှင်”

ကျိုးယွီနဲ့ ဝူဝေ့တို့သည် ပုံမှန်အားဖြင့် နားလည်ကြသည်။ သူတို့နှစ်ယောက်သည် ရှန်လင်း၊ ဆုဝန်တို့နှင့်အတူ တံခါးဝဆီမှ လျှောက်လာကြသည်။ ထိုသို့လျှောက်နေစဥ် သူတို့သည် ရှန်လင်းနှင့် နီးစပ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေကြသည်။

ဝမ်လော့ရှန်းသည်မူ ဆုဝန်၊ ရှန်လင်း၊ ကျိုးယွီနှင့် ဝေ့ဝူတို့ ပြောသောစကားများကို တစ်ချိန်လုံး နားထောင်နေသည်။

ရှန်လင်းသည် ကျောင်းကထွက်ပြီးလျှင် ထွက်ပြီးချင်း သူ၏ နွေးထေွးလှသော အိမ်ကို ပြန်မည် ဖြစ်သော်လည်း သူကမူ ဆောင်းလေ‌အေးကို အံတုကာ အိမ်ပြန်ခရီးရှည်ကို ပြန်ရမည် ဖြစ်သည်။ ဝမ်လော့ရှန်းသည် ဆောင်းလေအေးက ပို၍ ခက်ထန်လာကာ အရိုးထဲထိ ခိုက်လောက်အောင် ဓားကဲ့သို့ပင် ထက်မြက်လှသည်ဟု ခံစားနေရ၏။

…

All Chapters