← Chapters

အခန်း (၇၆)

Vol. 4 Ch. 76

အခန်း (၇၆)

Vol. 4 Ch. 76

အခန်း (၇၆)

ဆုဝန်နှင့် ရှန်လင်းတို့သည် ချင်းယွင်ကောင်တီသို့ပြောင်းရွှေ့ကာ အခြေချနေထိုင်ခဲ့ကြသည်။

ဝမ်လော့ရှန်း၏ မိဘများသည်လည်း ကျန်သောငွေကို ဆုဝန်ဆီ လွှဲပြောင်းပေးကာ ရှန်လင်းတို့၏အိမ်သို့ ပျော်ပျော်ရွှင်ရွှင် ပြောင်းရွှေ့နေထိုင်ခဲ့ကြပါ၏။

ရှန်လင်း၏ အဘိုးအဘွားများဖြစ်သည့် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းတို့၏ အိမ်ကို အပိုင်စီးရန် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတာဖြစ်သည်။ သူတို့သည် ရှန်လင်းမိသားစု၏ အိမ်ကို လက်လွှဲယူကာ သားကြီးရှန်၏ သားသမီးများ အနာဂတ်တွင် လက်ထပ်လျှင် ပေးရန် စီစဥ်ထားကြ၏။ မည်သို့ဖြစ်စေ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းနှင့် တရားရင်ဆိုင်ရာတွင် ရှုံးနိမ့်ခဲ့ကြသည်။ ကောင်တီကိုသွားပြီး ကောင်တီတရားသူကြီးမင်းကလဲ ဤအိမ်နှင့်တကွ အရာအားလုံးတို့သည် ရှန်လင်းအဘိုးအဘွားတို့နှင့် ဘာမှ မသက်ဆိုင်ဘဲ ရှန်လင်းနှင့်သာ သက်ဆိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း စီရင်ချက် ချခဲ့ပြီးပြီ ဖြစ်ပါ၏။

ထို့ကြောင့် ဝမ်မိသားစုက ရှန်လင်းတို့အိမ်သို့ ပျော်ပျော်ရွှင်ရွှင် ပြောင်းရွှေ့သွားကြသည်ကို ကြည့်ကာ အဘိုးရှန်သည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “ဒီဝမ်မိသားစုက ဘာမှလဲမဟဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ရှန်လင်တို့အိမ်ကို ဝယ်ရဲရတာလဲ။ ဒီအိမ်ရဲ့ပေါက်စျေးက တအားမြင့်တာကို၊ ဝမ်မိသားစုသာ မဝယ်ဘူးဆိုရင် ဘယ်သူကမှ ဒီအိမ်ကို ဝယ်နိုင်မှာတောင် မဟုတ်ဘူး။ အခုတော့ ကောင်းကွာ။ ငါတို့ ဘာမှ လုပ်လို့ကို မရတော့ဘူး” အဘွးရှန်ကလဲ သူမမျက်ရည်များကို သုတ်ရင်း ပြောလေသည်။

“ရှန်လင်းက ဒီအိမ်ကိုရောင်းမယ်လို့ ပြောတုန်းက လွယ်လွယ်ကူကူတော့ ရောင်းလို့မရနိုင်ပါဘူးလို့ ထင်ခဲ့တာ။ အချိန်ကျလာတဲ့အခါ တို့ဘိုးဘွားတွေရဲ့ အနားယူ ခိုနားစရာ အိမ်လေးဖြစ်လာမှာလို့ ထင်ခဲ့မိတာ…

အဘိုးရှန်က ပြန်ပြောသည်. “ဒီမိသားစုက ငါတို့ရဲ့ လမ်းကြောင်းကို လာပိတ်နေတာပဲ။ သူတို့အတွက် လွယ်လွယ်ကူကူ လုံးဝမဖြစ်စေရဘူး”

အဘွားရှန်ကလဲ ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ပြသည်။

အဘိုးရှန်က ဆက်ပြောသည်။ “စကားမစပ် အခု ရှန်လင်းက ကောင်တီမြို့ကို ပြောင်းသွားပြီ။ သူ့ရဲ့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက်က မြို့မှာ ပညာသင်ယူနေတာ ဆိုတော့၊ ငါထင်တယ်၊ ငါတို့မြေးကြီးနှစ်ယောက်လုံး သူတို့အိမ်မှာ ခုနေလို့ရပြီပဲ။ အဲ့အိမ်မှာ ဆိုရင်လေ ငါတို့မြေးလေးတွေ အချမ်းဒဏ် ခံရမှာ မဟုတ်တော့ဘူး”

အဘွားရှန်ကလဲ ခပ်မြန်မြန်ပင် ခေါင်းတဆတ်ဆတ်ငြိမ့်ပြကာ ပြောသည်။ “ဟုတ်တယ်။ တို့တွေ တို့မြေးကြီးနှစ်ယောက်အတွက် အခန်းနှစ်ခန်းပြင်ထားပေးဖို့ ရှန်လင်းကို ပြောရမယ်၊ တို့မြေးနှစ်ယောက်လုံး ပညာသင်တွေဖြစ်လာဖို့ စောင့်တောင် မစောင့်နိုင်တော့ဘး။ တို့မိသားစုဟာ ဒီဂုဏ်ယူစရာကောင်းတဲ့ ပညာသင်‌မြေးနှစ်ယောက်ရဲ့ ကျေးဇူးနဲ့ လေးစားခံရတော့မှာပဲဟေ့”

အဘိုးရှန်က ပြန်၍ ပြောသည်. “ဟုတ်တယ်။ ရှန်လင်းလိုကောင်မျိုးက သူကိုယ်တိုင် ဘယ်လောက်ကြိုးစား ကြိုးစား ဂုဏ်ယူစရာ စာသင်သားတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဟုတ်တယ်။ သူ သူ့အစ်ကိုကြီးနှစ်ယောက်ကို ကူညီကို ကူညီပေးရမယ်”

အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းကို ဤကိစ္စနှင့် ပတ်သက်၍ ပြောရန် စီစဥ◌်လိုက်ကြသည်။ သို့သော် သူတို့သည် တကယ့်ပြဿနာကြီးကို ခုမှ ရုတ်တရက် သတိရသွား၏။ ရှန်လင်းက ကောင်တီမှ မည်သည့်နေရာသို့ ပြောင်းရွှေ့သွားမှန်း သူတို့ မသိကြပါချေ။

ကောင်တီတွင် တရားရင်ဆိုင်ရာ၌ ရှုံးနိမ့်ခဲ့ကတည်းက အဘိုးရှန်သည် ရှန်လင်းအား ဘာမှမလုပ်နိုင်ခဲ့ခြင်းအပေါ် အခဲမကြေဖြစ်နေတာ ဖြစ်သည်၊ ရှန်လင်းအကြောင်း သူသိသလောက် ပြောရပါလျှင် ရှန်လင်းသည် သူတို့နှစ်ဦးအပေါ် တစ်ခါမျှ လျစ်လျူမရှုနိုင်ခဲ့ဖူးပါ။ ယခုရက်ပိုင်းများတွင် ရန်လင်းသည် လူကိုယ်တိုင် မလာရောက်သော်လည်း ရှန်လင်းတို့မိသားစုတွင် စားကောင်းသောက်ဖွယ်များ ချက်ပြုတ်စားသောက်ကြပါက လူကိုယ်တိုင် မလာရောက်သော်လည်း ရှန်ယာယာသည် သူတို့နှစ်ဦးကို လာပို့တတ်စမြဲဖြစ်သည်။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်ယာယာ ယူလာပေးသော အစားအသောက်များကို သီးခြားစားနိုင်ကြပါပေ၏။

အဘိုးရှန် တွေးမိသည်မှာ ရှန်လင်းသည် သူတို့လူကြီးနှစ်ယောက်ကို မျက်နှာမပြရဲ၍ ဖြစ်ရမည်။ ယခုအခါ ရှန်လင်းသည် ကောင်တီမြို့သို့ ပြောင်းရွှေ့သွားပြီဖြစ်ရာ အဘိုးရှန်သည် ရှန်လင်းနှင့် ဖြစ်ပျက်ခဲ့သည့် ပြဿနာကို လျှော်လိုက်၍ရသည်။ ရှန်လင်းသည် သူတို့သက်ကြီးရွယ်အိုနှစ်ယောက်ကို အနာဂတ်တွင် ကောင်တီမြို့သို့ပင် ခေါ်ထားနိုင်ပေသည်။

အဘိုးရှန်သည် ခေတ္တမျှ စဉ်းစားလိုက်သည်။ ရွာထဲတွင် ရှန်လင်းနှင့် ယန်ညီအစ်ကိုတို့ဆက်ဆံရေးသည် မဆိုးလှပါ။ ထို့ပြင် ယန်မိသားစုမှ ညီအစ်ကိုများသည် ကောင်တီတွင် အလုပ်ရရှိထားကြသည်။ သူတို့သည် ကောင်တီမြို့သို့နေ့တိုင်း သွားလာနေကြပေသည်။ ယန်မိသားစုမှ ညီအစ်ကိုများနှင့် စကားပြောကြည့်ခြင်းက ပို၍ အဆင်ပြေနိုင်သည်။

အဘိုးရှန်သည် ယန်မိသားစုအိမ်တော်သို့သွားကာ ယန်ဝူကို သူတို့အဘိုးဘွားနှစ်‌ေယာက်အား ရှန်လင်းဆီကို ခေါ်ဆောင်သွားပေးရန်နှင့် ရှန်လင်း လတ်တလော ဘာတွေလုပ်နေသလဲကို မေးသည်။ အကယ်၍ ကောင်တီမြို့တွင် အခက်အခဲမရှိဘူးဆိုလျှင် ရှန်လင်းနှင့် ပတ်သက်၍ သူတို့ကူညီစရာ မရှိဘူးဆိုလျှင် သူတို့အဘိုးအဘွားအိမ်ကို တစ်ချက်လောက် ပြန်ငဲ့ကြည့်ပေးရန်နှင့် ရှန်လင်းအတွက် ဆုမွန်ကောင်း တောင်းပေးပါကြောင်းပါ ပြော၏။

ယုန်မိသားစုမှ ညီအစ်ကိုများသည် ကြောင်သွားသည်။ နေသည် အနောက်အရပ်မှပင် ထွင်လာပါသလော။ အဘိုးရှန်သည် ထူးထူးခြားခြား ရှန်လင်းကို ဂရုစိုက်ပြ‌နေသည်။

ယန်ဝူသည် ဤစကားများကို ရှန်လင်းအား ပြန်ပြောပေးမည်ဖြစ်ကြောင်း သဘောတူလိုက်သည်။

အဘ်ုးရှန်သည် ယန်ဝူက စကားပြောလို့အဆင်ပြေကြောင်း သိသွားသောအခါ ဆက်၍မေးသည်။

"ရှန်လင်းအိမ်အသစ်က ဘယ်နေရာမှာလဲ ဆိုတာရော သိလား။ ရှန်လင်းက လောလော လောလောထွက်သွားရတော့ မေ့သွားတယ်ထင်ပါရဲ့။ တို့နှစ်ယောက်ကို ဘာမှမပြောခဲ့ဘူးကွယ်"

ယန်ဝူက တွေးလိုက်မိသည်။ သူတို့နှစ်ဦးအား ရှန်လင်း၏နေရာကို ပြောလိုက်လျှင် ရှန်လင်းသည် အေးအေးချမ်းချမ်း နေနိုင်ပါမည်လား။

ယန်ဝူသည် မသိတော့သောကြောင့် ထိုနှစ်ဦးကို ရှန်လင်းဘယ်မှာနေသည်ကို မသိပါဟုပင် ပြောလိုက်သည်။ သူသည် အဘိုးရှန်နှင့် အဘွားရှန်အား ရှန်လင်း၏နေရာကို တကယ် ပြောချင်လျှင်တောင် ရှန်လင်းဘယ်မှာနေသည်ကို သူလည်း တကယ်မသိပါချေ။

ယန်ဝူသည် သူ့ခေါင်းကိုခါယမ်းကာ သူမသ်ကြောင်း ပြောပြလိုက်သည်။

"ရှန်လင်းဟာလေ တကယ့်ကို တာဝန်လဲ မသိတတ်၊ စိတ်ထားလဲမမှန်ဘူးပဲ။ သူ့ဝမ်းကွဲသုံးယောက်လောက်တောင် အဖြစ်မရှိပါဘူး" အဘိုးရှန်သည် ရှန်လင်းအကြောင်း မဟုတ်မမှန် ပြောပြီးရင်း ပြောနေသည်။

ယန်ဝူသည် ထိုစကားကိုကြးသောအခါ သူ၏ မျက်နှာမှာ ပြောင်းသွားသည်။

“ဦးလေးရှန် ရှန်လင်းအကြောင်း ဦးလေးပြောနေတာတွေ နားထောင်ဖို့ ကျွန်တော့်မှာ အချိန်မရှိတော့ဘူး။ ဘယ်သူက ဘယ်လိုလူမျိုးဆိုတာလဲ သိနေတာပါပဲ။ ပြိးတော့ ရှန်လင်းက ကျွန်တော်တို့ ညီအစ်ကိုတွေအပေါ်တော့ စိတ်ထားမှန်မှန်နဲ့ ဆက်ဆံပါတယ်။ ဟုတ်ပါပြီ။ ခုအချိန်တော့ ဦးလေးက ရှန်လင်းရဲ့ အဘိုးဖြစ်နေတာ ကံကောင်းတယ်ပဲ မှတ်လိုက်ပါ။ နောက်တစ်ခါ ကျွန်တော့်ရှေ့မှာ ရှန်လင်း မကောင်းကြောင်း မဟုတ်ကဟုတ်ကတွေ နောက်တစ်ခါထပ်ပြောတာတွေ့ရမယ်ဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေက နောက်ထပ် ယဉ်ကျေးနေမှာ မဟုတ်ပါဘူး” ယန်ဝူသည် ထိုသို့ပြောပြီး သူ့အိမ်သို့ ပြန်သွားလေတော့သည်။

နောက်ထပ်ကျန်နေသော ယန်ညီအစ်ကိုများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့အိမ်သို့ အသီးသီးပြန်သွားကြပြီး အဘိုးရှန်အား အဖော်လုပ်ကာစကားပြောမည့်သူ တစ်ဦးမှ မကျန်ခဲ့ပါချေ။

အဘိုးရှန်သည်သာ ထွက်သွားရမလား နေခဲ့ရမလားမသိဘဲ ယန်မိသားစုခြံဝန်းထဲတွင် မတ်တတ်ရပ်လျက်သားလေး ကျန်ခဲ့လေသည်။

အဘိုးအိုယန်သည် ထွက်လာပြီး ပြောလိုက်လေသည်။

“ငါပြောမယ် အဘိုးရှန် မင်းဟာလေ ရှန်လင်းကို တာဝန်မကျေတဲ့ မြေးမိုက်ဆိုပြီး ဟိုးအရင်နှစ်တွေတည်းက ပြောခဲ့တာ။ လူတွေကလဲ ယုံခဲ့ကြတာပဲလေ။ ဒါပေမဲ့ ကောင်တီသွားပြီးကတည်းက တရားသူကြီးမင်းက ရှန်လင်းဟာ တာဝန်မကျေတဲ့သူ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြပြီးသွားပြီပဲ။ မင်းကခုလိုတွေ ပြောနေတာတောင် သူက တာဝန်ကျေနေတုန်းပဲလေ။ ရှန်လင်းက ရှန်ယာယာနဲ့ မင်းတို့တွက် အရသာရှိတဲ့ အစားအသောက်တွေ ပို့ပေးနေတုန်းပဲ မလား။ မင်းကဘာလို့ မရောင့်ရဲဖြစ်နေပြီး ရှန်လင်းနဲ့ပတ်သက်လို့ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေရသေးတာလဲ။။ ရှန်လင်းရဲ့ ဂုဏ်သတင်းကို မငဲ့တော့ဘူးလား။ မင်းပြောစမ်းပါ။ မင်းရဲ့ ဒုတိယသားက သားအရင်းရော ဟုတ်ရဲ့လား ရှန်လင်းကကော မင်းရဲ့ မြေးအရင်း ဟုတ်ရဲ့လား ဟမ်”

အဘိုးရှန်သည် ဒေါသထွက်သွားသည်။

“ရှန်လင်းက ငါ့မြေးအရင်းပဲ ရေတောင်မရောဘူး။ ဘာလဲ ငါက ငါ့မြေးကို ဆိုဆုံးမလို့တောင် မရဘူးလား။ ငါမဆုံးမရင် ဘယ်သူက ဆုံးမမှာလဲ။ မင်းတို့က လာဆုံးမမှာလား” အဘိုးယန်သည် လက်ကာပြလိုက်ပြီး “မင်းတို့မြေးကို မင်းတို့ဆုံးမချင်ရင် ကိုယ့်အိမ်ကိုသွားကြ။ ငါ့ခြံထဲမှာ ပေါက်ကရတွေ လာပြောမနေကြနဲ့” ဟု ပြောလိုက်သည်။

သူတို့သည် ကြာကြာမနေရဲကြပါ။ သူတို့နှစ်ယောက်သည် အဘိုးယန်နှင့် ထိပ်တိုက်မတွေ့ရဲကြပါပေ။ အဘိုးရှန်တွင် သားအများကြီး ရှိသည်။ အကယ်၍ သူတို့သည် အဘိုးယန်နှင့် ထိပ်တိုက်တွေ့ခဲ့ပါလျှင် သူ့သားများသည် အဘိုးရှန်တို့အား ရေပင်မသောက်နိုင်အောင် ဝိုင်းသမလိုက်နိုင်သည်။

အဘိုးရှန်သည် အဘွားရှန်အား တိုးတိုးတိတ်တိတ်ခေါ်ကာ ထွက်သွားသည်။ လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးသည် အနည်းငယ် ပူပန်သွား၏။ ရှန်လင်းသည် သူတို့နှင့် အဝေးသို့ပြောင်းရွှေ့သွားပြီး ဘာသတင်းအစအနမှ မကြားရပေ။ ရှန်လင်းကို သူတို့ဘယ်နေရာမှာ သွားရှာရမည်နည်း။

ချင်းရှီရွာသည် ချင်းယွင်ကောင်တီနှင့် နီးကပ်စွာရှိသည်။ ထို့ကြောင့် အိမ်ထောင်စုစာရင်း ပြန်လည်စိစစ်ရန်လဲ မလိုအပ်ပါပေ။ ထို့ကြောင့် ရွာသူကြီးသည်ပင် ရှန်လင်း မည်သည့်နေရာသို့ ပြောင်းသွားမှန်း မသိပါချေ။

ရှန်လင်းနှင့် ဆုဝန်တို့၏ ဆိုင်သို့ သွားကာ ရှာ၍တော့ရသည်။ သို့သော် ယခုအခါ ဆုဝန်တို့ဆိုင်တွင် အမျိုးသမီးအလုပ်သမသုံးဦးကို ခန့်ထားပြီး ဆုဝန်အား အရိပ်အယောင်ပင် မမြင်ရပေဟူသည့် သတင်းကို အဘိုးရှန်နှင့် အဘွားရှန်တို့ ကြားပြီးဖြစ်သည်။

အကယ်၍ ထိုသို့သွားရှာလျှင်လည်း ရှန်လင်းကို မတွေ့ရနိုင်ပါ။

အဘိုးရှန်သည် အနည်းငယ် ပျာယာခတ်သွားသောအခါ အဘွားရှန်က ပြောသည်။

“ကျွန်မအမြင်တော့လေ ကျွန်မတို့အခု ရှန်လင်းကို မရှာနိုင်မဲ့အတူတူ ဝမ်အိမ်ကိုသွားပြီး ပြဿနာ သွားရှာကြရအောင်။ ဘယ်သူက ဝမ်မိသားစုကို ရှန်လင်းတို့အိမ်ကို ပြောင်းလာခိုင်းလို့လဲ။ အဲ့အိမ်က ကျွန်မတို့နဲ့လဲ သက်ဆိုင်နေတာပဲဥစ္စာ။ တို့အဘိုးကြီးအဘွားကြီးနှစ်‌ေယာက် တူတူနေရသင့်တာကို”

အဘိုးရှန်ကလဲ ထောက်ခံလိုက်ပါ၏။ “ဟုတ်တယ်။ ဒါတွေအားလုံးက ဝမ်မိသားစုမကောင်းလို့ ဖြစ်ရတာပဲ။ ဟုတ်တယ်။ အဲ့တာကောင်းတယ် ပြီးရင် တို့တွေ ရှန်လင်းရဲ့ အိမ်ကို တို့နှစ်ယောက်ကို ပြန်ရောင်းလို့ပါ ပြောပစ်မယ်”

ထို့နောက် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ယခင်က ရှန်လင်းတိုအိမ်ဖြစ်ခဲ့ပြီး ယခုအခါ ဝမ်မိသားစုအိမ်တော်၏ ဂိတ်တံခါးဝသို့ အတူတူသွားလိုက်ကြသည်။

လမ်းတစ်လျှောက်တွင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ဝမ်မိသားစု၌ဝမ်အဆဖမှအပ သူတို့အား ပြန်တိုက်ခိုက်နိုင်သော အခြားသူမရှိနိုင်ဟု တွက်ချက်သွားကြသည်။ ဝမ်လော့ရှန်းသည် အားနည်းသော ပညာသင်တစ်ဦးသာဖြစ်သည်။ ထို့ပြင် သူသည်အလွန် နူးညံ့လှသောကြောင့် သူတို့ကို ပြန်လည်မတိုက်ခိုက်နိုင်ပါ။ ထို့ပြင် ဝမ်ရှီးနှင့် ဝမ်လော့ရွှယ်တို့သည်လည်း အသုံးမဝင်သူများပင် ဖြစ်ကြသည်။

ထို့ကြောင့် ဝမ်မိသားစုသည် သာမန်အသူံးမဝင်လေကျယ်သည့် မိသားစုသာ ဖြစ်သည်။ ထို့ပြင် သူတို့တွင်မူ သူတို့ကို အားပေးနိုင်သော သားကြီးရှန်၏ သားသုံးယောက်ရှိနေသေးသည်။ သို့သော် ဝမ်မိသားစုမူ မိသားစုသေးလေးသာဖြစ်ပါ၏။

ဝမ်မိသားစုသည် အိမ်သစ်တက်ပွဲအတွက် စားပွဲအပြည့်ဟင်းပွဲများကို ပျော်ရွှင်စွာ ပြင်ဆင်နေကြသည်။ ဟင်းလျာများအားလုံးတို့သည် ဝမ်လော့ရွှယ်ချက်ပြုတ်တာဖြစ်ပြီး စား၍ရရုံမျှတော့ အရသာရှိသည်။ ရှန်မိသားစုအိမ်ကိုပြောင်းရွှေ့ပြီးနောက်မှ ဝမ်လော့ရွှယ်သည် သက်ပြင်းချ‌နိုင်တော့သည်။ ယခင် ဝမ်မိသားစုအိမ်တွင်နေတုန်းက ခြံထဲသို့ ဘယ်သူကမှလဲ လာမကြည့်၊ အဝင်အထွက်လဲ မရှိပါ။ ရွာထဲမှအမျိုးသမီးများသည် သူတို့က မသန့်ရှင်းမသပ်ရပ်ကြောင်းနှင့် ကောင်းကောင်းမွန်မွန် မချက်ပြုတ်တတ်ကြကြောင်းကို ရှက်ဖွယ်ကောင်းစွာ ‌နောက်ကွယ်တွင် ပြောဆိုတတ်ကြသည်။

ယခုအခါ သူမတို့မိသားစု ရှန်မိသားစုအိမ်သို့ ပြောင်းလာသောအခါ ခြံစည်းရိုးသည် အလွန်မြင့်သည်။ ထို့ကြောင့် ဘယ်သူကမှ စိတ်ရှိတိုင်း ဝင်မလာနိုင်ပါ။ ထို့ကြောင့် သူမသည် ခြံဝန်းတံခါးမြင့်ကြီးများနောက်တွင် ကောင်းမွန်သောဘဝကို အေးဆေးနေနိုင်ပါပြီ။

ဝမ်လော့ရွှယ်သည် တံခါးခေါက်သံ အသံကျယ်ကျယ်ကို ကြားလိုက်ရသောအခါ စိတ်ကူးယဉ်ရာမှ သတိပြန်ဝင်လာခဲ့သည်။

"ရှန်လင်း လူကြီးတွေကို အမြန်လာပြီး တံခါးလာဖွင့်ပေးစမ်း" ဤသည်မှာ အဘိုးရှန်၏ အသံဖြစ်သည်။ ထို့ပြင် သူသည် ခြံအပြင်ဘက်မှ တံခါးကို အလွန်ပြင်းပြင်းထန်ထန်ခေါက်နေရာ တံခါးပင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်ဟုပင် ထင်ရသည်။

ဝမ်လော့ရွှယ်သည် တံခါးဆီသို့သွားပြီးဖွင့်လိုက်ကာ အဘိုးရှန်ကို ပြောလိုက်သည်။

"ဒီမယ် ဦးလေးရှန် ရှန်လင်းက ဒီအိမ်ကို ကွျန်မတို့ကိုရောင်းလိုက်ပြီ။ ခု ဒီအိမ်ဂာ ရှန်လင်းရဲ့အိမ် မဟုတ်တော့ဘူး။ ကျွန်မတို့ ဝမ်မိသားစုရဲ့ အိမ်ဖြစ်သွားပြီ" အားနည်းသော မိန်းကလေးတစ်ဦးက ထွက်ပြောသည်ကို မြင်သောအခါ အဘိုးရှန်သည် ပို၍အားတက်သွားသည်။

"ရှန်လင်းက ဒီအိမ်ကို ဘယ်တုန်းကရောင်းလိုက်တာလဲ။ ဘာလို့ငါတို့ကမသိခဲ့ရတာလဲ။ ငါထင်တာတော့ နင်တို့က သပ်သပ်မဲ့ ရှန်လင်းရဲ့အိမ်ကိုအပိုင်သိမ်းထားတာမလား ဟမ်။ ငါတို့က ရှန်လင်းရဲ့ အဘိုးအဘွားတွေပဲ။ ခုအရမ်းအေးနေပြီ။ ငါတို့အိမ်က အအေးဒဏ်မလုံတော့လို့ ရှန်လင်းတို့အိမ်မှာ နေဖို့လာတာ"

အဘ်ုးရှန်သည် ပြောပြီးပြီးချင်း အဘွားရှန်ကိုခေါ်ကာ အခန်းတစ်ခန်းထဲသို့ အမြန်ပြေးဝင်သွားသည်။ ထိုအခါ အသားငါး အသီးအရွက်များအပြည့်တင်ထားသော စားပွဲကို မြင်လိုက်ရပြီး ဝမ်လော့ရှန်း၊ ဝမ်အဖေနှင့် ဝမ်အမေတို့သည် ထိုစားပွဲတွင် ထိုင်နေကြသည်။ အဘ်ုးရှန်နှင့် အဘွားရှန်တို့သည်လည်း ဘယ်သူကမှ မဖိတ်ခေါ်ပါဘဲ ထိုစားပွဲတွင် ဝင်ထိုင်လိုက်ကြပြီး တူအသီးသီးယူကာ စတင် စားသောက်ကြလေတော့၏။

ဝမ်မိသားစုက ရှန်လင်းတို့အိမ်ကို ဝယ်လိုက်သောကြောင့် အဘိုးရှန်က အမြင်ကပ်နေတာဖြစ်သည်။ ထို့ကြောင့် သူသည် တမင်သက်သက် ဝမ်မိသားစုကို ပျော်ရွှင်ဖွယ်ဘဝလေးမဖြစ်ရအောင် လိုက်နှောင့်ယှက်နေတာ ဖြစ်သည်။

ဝမ်လော့ရှန်းက ပြော၏။ "ဦးလေးရှန် ခုလိုလုပ်ဖို့တော့ မသင့်တော်ပါဘူးဗျာ"

အဘိုးရှန်က စိတ်ဆိုးမာန်ဆိုးနှင့် ပြောသည်။

"ဘာက မသင့်တော်တာလဲ သနားစရာ ပညာသင်လေးရဲ့။ မင်းက စာတော်တယ်မဟုတ်လား။ ဘယ်လိုလုပ် လူကြီးတစ်ယောက်ကို ဘယ်လိုလေးစားသမှုပြုရမလဲဆိုတာ မသိရတာလဲ။ ငါ့ကို ရန်လာစနေတာလားကွ"

အဘွားရှန်သည်လည်း အဘိုးရှန်၏ ပြုမူလှုပ်ရှားမှုများကိုကြည့်ကာ စူးစူးရှရှလိုက်ပြော၏။ "ဟုတ်တယ် မင်းက အဲ့လောက်တောင်ရိုင်းနေရင် မင်းနောက်ပိုင်းဘဝမှာ သနားကမား ပညာသင်လေးတစ်ယောက်ပဲ ဆက်ဖြစ်နေမှာ မြင်ယောင်ပါသေးတယ်"

ယခုရက်များတွင် ဆုဝန်သည် အိမ်နှင့်တရားရုံးကို အခေါက်ပေါင်းများစွာ ကူးလူးကာ တရားစီရင်ရေးကိစ္စများကို ပြင်ဆင်၍နေသည်။ သူမသည် မူလက သူမနာမည်နှင့် ရှန်လင်းနာမည်နှစ်ခုလုံး ထည့်ရန်စဉ်းစားသော်လည်း ရှန်လင်းကတားခဲ့သည်။ ရှန်လင်းက ပြောသည်။ အကယ်၍ သူမသာ သူ့နာမည်ကို ထည့်ခဲ့ပါလျှင် သူ့အဘိုးအဘွားများက ဆက်ပါဝင်နေဦးမည်။ ထို့ကြောင့် ဆုဝန်သည် ညနေခင်း၌ သူမနာမည်ကိုသာ ရေးခဲ့လိုက်ရသည်။

ထိုသို့မဟုတ်လျှင် အဘိုးရှန်နှင့် အဘွားရှန်တို့က ထပ်မံ ပါဝင်ကာ တရားစီရင်နေကြဦးမည် ဖြစ်ပေသည်။

…

All Chapters