← Chapters

အခန်း (၈၀)

Vol. 4 Ch. 80

အခန်း (၈၀)

Vol. 4 Ch. 80

အခန်း (၈၀)

ကျောင်းသားပေါင်း တစ်ဒါဇင်ကျော်လောက်က ကျောင်း၏အနောက်ဘက်တွင် အိမ်ငှားလိုက်သောအခါ ဝမ်လော့ရှန်း၏ ယခင်က ဂုဏ်သတင်းကျော်စောမှုနှင့် သိက္ခာတို့သည် ပြန်လည်ရရှိလာခဲ့သည်။ ထိုကျောင်းသားများက ကျောင်း၏အနောက်ဘက်သို့ ပြောင်းရွှေ့ငှားရမ်းကြသည့်အကြောင်းရင်၏ ပထမအချက်မှာ လမ်းတွင်ကုန်မည့်အချိန်ကို မကုန်ဆုံးစေရန်ဖြစ်ပြီး၊ နောက်တစ်ချက်မှာ ဝမ်လော့ရှန်းနှင့် နီးကပ်ရန်ဖြစ်ပေသည်။ အကယ်၍ နီးနီးကပ်ကပ်လဲ လမ်းလျှောက်နိုင်ပြီး၊ ဝမ်လော့ရှန်းနှင့် မေးခွန်းအချို့ကို မေးနိုင်ရန်ပင် ဖြစ်ပေ၏ ။

ထို့ကြောင့် ရုတ်တရက်ဆိုသလိုပင် ထိုကျောင်းသားတစ်ဒါဇင်လောက်သည် ယခင်ကထက် ဝမ်လော့ရှန်းကို ပို၍ အရေးပေးကာ လေးစားလာကြသည်။ ထိုသို့လေးစားကြသောကြောင့် အချို့သူများကပါ ဝမ်လော့ရှန်း၏ နောက်လိုက်များဖြစ်လာကြပြီး၊ အချို့ကလဲ တစ်ယောက်စကား တစ်ယောက်နားနှင့် ဝမ်လော့ရှန်း၏ နောက်လိုက်များ ဖြစ်လာခဲ့ကြလေတော့သည်။

ကျောင်းသားများသည် ဝမ်လော့ရှန်းနှင့် ရှန်လင်းတို့အကြားမှ ကိစ္စရပ်များကို သိထားကြသည်။ ထို့ကြောင့် လူများတို့က ဝမ်လော့ရှန်းကို ထောက်ခံအားပေးနေကြသော်လည်း လူနည်းစုတို့ကလဲ ရှန်လင်းအား နှိမ့်ချပြောကြသည်။ ရှန်လင်းအား တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲနှင့် ဖြစ်စေ ထိခိုက်ပြောဆိုကြလေ၏။

ဆန့်ကျင်ဘက်အနေနှင့် ကျိုးယွီနှင့် ဝူဝမ်တို့ကမူ ရှန်လင်းအား ကောင်းကောင်းမွန်မွန်ဆက်ဆံကြပြီး အလွန်လေးစားကြလေသည်။

ဝမ်လော့ရှန်းအထင်မမှားလျှင် သူသည် စုန်းရှန်ကျောင်းတော်၏ အလေးစားရဆုံးကျောင်းသားတစ်ဦး ဖြစ်မြဲဖြစ်ပြီး ဘာမှက ပြောင်းလဲ၍ မသွားပါပေ။

ဝမ်လော့ရှန်းအား စိတ်အနှောင့်အယှက်ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ သူ့အား အဆုံးအစမရှိ မေးခွန်းများမေးရန် ကျောင်းတော်၏အနောက်ဘက်သို့ ပြောင်းရွှေ့လာကြသည့် ‌ကျောင်းသားများသာ ဖြစ်ကြပေသည်။ သသည် ပထမကတော့ ရှင်းပြပေးရန် ကြိုးစားသေးသည်။ သို့သော် ယခုသူ့ဖို့အတွက်ပင် အချိန်မရှိတော့ပေ။ အကယ်၍ သူသာစိတ်ရှည်မှု ကုန်ခမ်းကြောင်း ဖော်ပြလိုက်မိပါလျှင် သူသည် မကောင်းသောအခြေအနေသို့ ထပ်ရောက်ရဦးမည်။ ထို့ကြောင့် ဝမ်လော့ရှန်းသည် စိတ်ရှည်ကာ အကုန် ရှင်းပြပေးနေရသည်။

ဆုဝန်၏ မာလာထန်းဆိုင်များ အားလုံးတို့သည် စီးပွားအလွန်ဖြစ်လာသည်။ စီးပွားရေးမှာ အလွန် ကြီးမားလာသော်ငြား ဆုဝန်သည် အလွန်အလုပ်မရှုပ်ပါ။ ဆုဝန်က စိတ်ထားကောင်းမွန်ပြီး တာဝန်ယူမှုရှိသည့် လူများကိုရွေးချယ်ကာ ဆိုင်တိုင်းအတွက် လက်ထောက်အဖြစ် ခန့်အပ်ထားသည်။ ထို့ကြောင့် စီးပွားရေးနှင့် ပတ်သက်၍ ဆုဝန်က အများကြီး စိုးရိမ်ပူပန်နေစရာ မလိုပါပေ။ ဆုဝန်သည် နေ့တိုင်း အချိန်တော်တော်များများ အားလပ်၍နေသည်။ ထို့ကြောင့် သူမသည် အိမ်နီးနားချင်းများဆီသို့ သွားကာ ဆင်းရဲသော မိသားစုများကို ဆန်ခေါက်ဆွဲများ၊ အဝတ်အစားများပေးကာ သူတို့ဘဝလေးများ ပိုမိုအဆင်ပြေလာစေရန် ကူညီပေးနေလေသည်။

ရှေ့နောက် လျှောက်သွားကာ ကူညီပေးပြီး‌နောက် ဆူဝန်၏ဂုဏ်သတင်းများသည် ကျော်စော၍သွားသည်။ ချင်းယွင်ကောင်တီမှ လူအများတို့သည် နတ်ဘုရားမသဖွယ် ဖြူစင်သန့်ရှင်းသည့် စိတ်ထားရှိပြီး ချီရှီတစ်ဦးထက် ပို၍လှပကြော့ရှင်းသည့် ပုံပန်းသွင်ပြင်ရှိသည့် ဆုဝန်ကို ကောင်းကောင်းသိလာကြသည်။ ထို့ပြင် အားလုံးကလည်း ဆုဝန်အား ချီးကျူးကြလေသည်။

ယန်ယွင်ရန်သည် အမြဲတမ်း ချင်းယွင်ကောင်တီ၏ ဂုဏ်ကျက်‌သရေအရှိဆုံး အမျိုးသမီးလေး ဖြစ်ခဲ့သည်။ ကောင်တီရှိလူတိုင်းက ဆုဝန်အား မြှောက်ပင့်ချီးကျူးနေကြသည်ကို ကြားသောအခါ ယန်ယွင်ရန်သည် အငြိမ်နေမနေနိုင်တော့ပါ။ သူမသည် ယခင်က ဆုဝန်က ဘာမှမဟုတ်သည့် ကျေးလက်ရွာလေးက မိန်းကလေးတစ်ဦးဖြစ်ခဲ့သည်ကို သိထားသည်။ သို့သော် ထိုသို့သော မိန်းမမျိုးသည် ယခု သူမနှင့် ခြေလှမ်းချင်း လာယှဥ်ရဲနေသည်လား။

ထို့ပြင် ချင်းယွင်ကောင်တီမှ လူများကသာ ဆုဝန်ကို ချီးကျူးမြှောက်ပင့်ကြသည်မဟုတ်။ စုန်းရှန်ကျောင်းတော်မှ ကျောင်းသားအားလုံးတို့ကလဲ ရှန်လင်းတွင် ကြင်နာတတ်ပြီး အစွမ်းအစရှိကာ နတ်မိမယ်လေးနှင့်တူသည့် သတို့သမီးလောင်းလေး ရှိကြောင်းကို သိကြလေသည်။

စုန်းရှန်ကျောင်းတော်ရှိ ‌ကျောင်းသားတိုင်းက ဆုဝန်ကဲ့သို့ အမျိုးသမီးကို လက်ထပ်နိုင်ခဲ့ပါလျှင် သူတို့ဘိုးဘေးများအတွက်ပါ ဂုဏ်ကျက်သရေကို ဖြစ်စေလိမ့်မည်ဟု ပြောကြသည်။ စုန်းရှန်ကျောင်းတော်ရှိ ကျောင်းသားတိုင်းတို့သည် သူတို့၏ အနာဂတ်အမျိုးသမီးလေးများကို ဆုဝန်ကဲ့သို့ အမျိုးသမီးလေး ဖြစ်လာစေရန် မျှော်မှန်းထားကြလေ၏။

ယန်ယွင်ရန်သည် ထိုကောလာဟလများကို ကြားသောအခါ အလွန်ဒေါသထွက်၍ တနေကုန် ဘာမှပင် မစားမသောက်နိုင်ပါပေ။ သူမသည် ချင်းယွင်ကောင်တီတွင် ဂုဏ်ကျက်သရေ အရှိဆုံး အမျိုးသမီးတစ်ဦး ဖြစ်သော်ငြား ဘယ်သူကမှ သူမကို ထိုသို့ ချီးမြှောက်ခြင်းမပြုခဲ့ကြဖူးပါ။ ထို့ပြင် သူမသည် နှစ်ပေါင်းများစွာ ကြာသည်အထိ ဘယ်သူကမှ သူမကဲ့သို့ အမျိုးသမီးလေးကို လက်ထပ်ရလျှင်ကောင်းမည်ဟု မပြောကြဖူးပါ။

ယန်ယွင်ရန်သည် သူမအမြဲ အထင်အမြင်သေးခဲ့သော ရွာသူတစ်ဦးက သူမကို ယှဥ်နိုင်လိမ့်မည်ဟု တစ်ခါမှပင် မတွေးခဲ့ဖူးပါပေ။

နေ့တိုင်း နေ့တိုင်း ထိုသို့ပင် တွေးနေမိလေသည်။

ဝမ်လော့ရှန်း၏ အိမ်တံခါးသည် နေ့တိုင်း လူများနှင့် ပြည့်နေသည်။ နေ့တိုင်းကျောင်းဆင်းလျှင် ကျောင်းသားများသည် ဝမ်လော့ရှန်းဆီသို့ လာရောက်ကာ မေးခွန်းများမေးကြသည်။ သူသည် သူငယ်ချင်းအနည်းငယ်သာ ရှိသော ရှန်လင်းထက် ပို၍ကျော်ကြားလေသည်။

ချင်းယွင်ကောင်တီရှိ လူအများတိုသည် ဆုဝန်အား ချီးမြှောက်ခြင်းကို လုံးဝမရပ်တန့်လိုက်ကြပါ၊ ဆုဝန်၏ ကောင်းသောဂုဏ်သတင်းကို လူအများက ပို၍ပို၍ပင် သိလာကြလေသည်။ ဆုဝန်သည် လှပရုံသာမက တောင့်တင်းသော စီးပွားရေးလဲရှိကာ ဆင်းရဲသူများကို ကူညီတတ်သည့် ကောင်းမွန်သော စိတ်ထားရှိကြောင်း အားလုံးကသိကြသည်။ အားလုံးတို့သည် ယန်ယွင်ရန်ထက် ဆုဝန်အပေါ် ပို၍ပင် စိတ်ဝင်စားလာကြပါသည်။

သားသည်မိခင်များကလဲ သူတို့၏ သားများသည် အနာဂတ်တွင် ထိုသို့သော အစွမ်းအစရှိသည့် မိန်းကလေးမျိုးကို လက်ထပ်နိုင်ရမည်ဟု မျှော်လင့်ထားကြသည်။ ဆုဝန်၏ ရုပ်ရည်သွင်ပြင်ကို တွေ့သူများကလဲ သူတို့၏ အိပ်မက်ထဲထိပင် စွဲညိကြလေသည်။

ယန်ယွင်ရန်သည် တစ်နေ့ထက်တစ်နေ့ ပို၍ပင် စိတ်တိုင်းမကျဖြစ်လာသည်။ သူမနှင့် ယှဥ်နိုင်သောသူသည် တကယ့်ကို ဆုဝန် ဖြစ်နေခဲ့သည်။ သူမအား မော့ပင်မကြည့်ရဲခဲ့သည့် ဆုဝန်ဖြစ်နေခဲ့ပေသည်။

ယန်ယွင်ရန်အား စိတ်သက်သာစေသည့် တစ်ခုတည်းသောအရာမှာ ပညာသင်ကျောင်းသားရွေးချယ်ပွဲက လက်တစ်ကမ်းအလိုတွင် ရှိနေခြင်းသာ ဖြစ်သည်။ ဝမ်လော့ရှန်းသည် အဆင့ဆင့်မြင့်ကျောင်းသားတစ်ဦး ဖြစ်လာမည်မှာ သံသယဝင်စရာပင် မရှိပါချေ။ ထို့ပြင်ရှန်လင်းသည် နှစ်ပေါင်းများစွာကြာအောင် စာပေနှင့် ဝေးကွာနေခဲ့သည်။ သူသည် ကျောင်းသို့ပြန်လာဖို့ပင် မလိုပေ။ အကယ်၍ သူက ဤစာမေးပွဲကို အောင်ခဲ့မည်ဆိုလျှင် ဤသည်မှာ အိပ်မက်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ လုံးဝ မဖြစ်လာနိုင်ပါပေ။

အားလုံးတို့က ယခုဆိုလျှင် သူမထက်သာသော စကားလုံးပေါင်း ထောင်သောင်းများစွာဖြင့် ဆုဝန်အား မြှောက်ပင့် ပြောဆိုနေကြသည်။ သို့သော် သူမ၏ အနာဂတ်ခင်ပွန်းလောင်းသည် သူမ၏ ခင်ပွန်းလောင်းထက် အဆပေါင်းများစွာ သာပါလေသည်။

ဝမ်လော့ရှန်းသည် ကျိန်းသေပေါက် ပညာသင်စာမေးပွဲကို အောင်မြင်မည်ဖြစ်သည်။ ထို့ပြင် သူသည် ထိုအချိန်တွင် တရားဝင်ပညာသင်တစ်ဦးဖြစ်လာပြီး ကောင်တီတရားသူကြီးတစ်ဦးအထိ ဖြစ်လာနိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် ကောင်တီတရားသူကြီး၏ ဇနီးမယားတစ်ဦး ဖြစ်လာလိမ့်မည်သာ ဖြစ်ပါ၏ ။

ဆုဝန်၏ သတို့သားလောင်း ရှန်လင်းသည်မူ စာမေးပွဲကို ကျလိမ့်မည်မှာ ထင်မှားရက်စရာပင် မရှိပေ။ အကယ်၍ သူကြိုးစားခဲ့လျှင်တောင် သူက သာမန် ပညာသင်တစ်ဦးပင်ဖြစ်ပေလိမ့်မည်။ ဝမ်လော့ရှန်းသည် လွန်ခဲ့သောသုံးနှစ်က စာမေးပွဲကို တစ်ခါ အောင်မြင်ခဲ့ပြီး ဖြစ်လေသည်။

ဝမ်လော့ရှန်းသည် မိုင်ပေါင်း ထောင်ပေါင်းများစွာ ရှန်လင်း၏အရှေ့သို့ ရောက်နှင့်ပြီး ဖြစ်ပေ၏ ။

မိန်းမသားဖြစ်သူသည် သူ့ခင်ပွန်းကြောင့် အမြဲ ဂုဏ်တက်မြဲဖြစ်သည်။ ဆုဝန်သည် ယခုအချိန်တွင် ချီးမြှောက်ခြင်းခံနေရသော်ငြား ခေတ္တခဏသာဖြစ်သည်။ တကယ့်အချိန်ရောက်လာလျှင် သူမသည် ယခင်လို ဂုဏ်ပြုထောမနာပြုခြင်းကို ခံရတော့မည် မဟုတ်ပါချေ။

ယန်ယွင်ရန်သည် ဝမ်လော့ရှန်းက အဆင့်မြင့်ကျောင်းသားအဖြစ် အသိအမှတ်ပြုခံရပြီး မြင်းကိုစီးကာ သူမဆီသို့လာပြီး လက်ထပ်ခွင့်တောင်းမည့်အရေးကို ကြိုတင်ပုံဖော်ကာ စိတ်ကူးယဥ်နေသည်။ ယခုရက်များကဲ့သို့ မှောင်မိုက်နေသော နေ့ရက်များသည် လုံးဝ ပျောက်ကွယ်သွားမှာ ဖြစ်ပေသည်။

ထိုသို့တွေးပြီးနောက် ယန်ယွင်ရန်၏ စိတ်ထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ၊ ဝမ်လော့ရှန်းသည် စာမေးပွဲအောင်မြင်မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ သို့သော် ရှန်လင်းသည်မူ စာမေးပွဲကို ကျိန်းသေပေါက် မအောင်မြင်နိုင်ပေ။

ပညာသင်စာမေးပွဲက နီးကပ်သထက်နီးကပ်လာပေပြီ။ ထိုအချိန်တွင် ချင်းယွင်ကောင်တီ၌ သတင်းတစ်ခု ထွက်လာခဲ့သည်။ ချင်းယွင်ကောင်တီကို ဖြတ်သွားသော ချင်းကျိုးစီရင်စုမှ တာအိုဘုန်းတော်ကြီး၏ ဟောပြောချက်ဖြစ်သည်။ သူသည် ချင်းယွင်ကောင်တီမှ နာမည်ကြီးသော မိန်းမပျိုလေးနှစ်ဦးဖြစ်သည်ံ ယန်ယွင်ရန်နှင့် ဆုဝန်အကြောင်း ဟောကိန်းထုတ်တာ ဖြစ်သည်။ ယန်ယွင်ရန်၏ ကံတရားသည် အလွန်ကောင်းသည်။ အကယ်၍ ယန်ယွင်ရန်ကိုသာ လက်ထပ်လိုက်ပါလျှင် ရွှေရောင်စာရင်း၌ပင် ပါနိုင်သည်။ ထို့ပြင် အနာဂတ်တွင် ကံကောင်းမှုများ ကျရောက်လာကာ ကြီးပွားချမ်းသာ လာဘ်လာဘ တိုးတက်လာနိုင်သည်။ သို့သော် ဆုဝန်၏ ကံတရားသည်မူ ယန်ယွင်ရန်လောက် မကောင်းပေ။ အကယ်၍ ဆုဝန်နှင့်သာ လက်ထပ်လိုက်ပါလျှင် ပညာရေးနှင့် ပတ်သက်၍ လမ်းမမြင်တော့ပေ။ စီးပွားရေးအသေးစားလေးကိုသာ စတွေ့သည့် အချိန်မှစကာ သေဆုံးသည်အထိ လုပ်နေရပေလိမ့်မည်ဟု ပြောသည်။

ထိုဟောကိန်းထုတ်ပြီး ခေတ္တအကြာမှာပင် ယန်ယွင်ရန့်အား ဇနီးမယားအဖြစ် ဖြစ်လာစေလိုသူများသည် အလွန်များပြားလာသည်။ သို့သော် ကံမကောင်းစွာပင် ယန်ယွင်ရန်သည် စုန်းရှန်ကျောင်းတော်၏ အကျော်ကြားဆုံး ကျောင်းသား ဝမ်လော့ရှန်းနှင့် စေ့စပ်ကြောင်းလမ်းပြီးသား အမျိုးသမီးတစ်ဦးဖြစ်သည်။

ဆုဝန်အဖို့မူ ဤမိန်းကလေးသည် ကောင်းမွန်သည်။ စွမ်းဆောင်ရည်လည်း ရှိသည်။ သို့သော် သူမသည် သာမန် စီးပွားရေးအသေးစားလေး၏ ပိုင်ရှင်သာဖြစ်သည်။ ထို့ကြောင့် ယန်ယွင်ရန်လောက်တော့ ကောင်းမွန်သင့်တော်မနေပါချေ။

ဆုဝန်သည်လည်း ပညာသင်စာမေးပွဲမတိုင်ခင် သူမက လာဘ်လာဘ မကောင်းသော မိန်းကလေးဖြစ်သည်ဟူသည့် သတင်းမျိုး ကြားရလိမ့်မည်ဟု မမျှော်လင့် ထားပါပေ။

ဤသည်ကိုကြားသောအခါ ရှန်လင်းကပြောသည်။

”ဒါက ညီမကို ယန်ယွင်ရန်လောက် မကောင်းမြတ်ဘူးလို့ လူအများကို ထင်စေချင်နေတဲ့ တစ်ယောက်ယောက်ရဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ကြံမှုပဲ ဖြစ်ရမယ်။ ဘာမှ စိတ်မပူနဲ့နော်။ အစ်ကို ပိုကြိုးစားပြီး စာမေးပွဲပြီးတာနဲ့ နာမည်ကောင်းပြန်ရအောင် လုပ်ပြမယ်။ အကယ်၍ကွာ ဒီစာမေးပွဲမှာ မအောင်ခဲ့ရင်တောင် ဒီနှစ်အတွင်း အောင်ကိုအောင်စေရမယ်”

ဆုဝန်က ပြုံးပြီး ပြန်ပြော၏ “ကိုယ့်ကိုယ်ကို ဖိအား အရမ်းမပေးပါနဲ့ အစ်ကိုရယ်။ အစ်ကို အောင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ၊ ခု တို့တွေ ကော်ငးကောင်းမွန်မွန်နေနေနိုင်တယ် မဟုတ်လား။ အိမ်တွေအများကြီးလဲ ဝယ်ထားနိုင်နေပြီလေ။ ညီမအထင်တော့ ဒါက တကယ်ကောင်းတဲ့အရာပါပဲ။ အစ်ကို ဂုဏ်သတင်း ကြီးကြီးမားမား ရခဲ့ရင်တောင် ခုလို ပိုက်ဆံအများကြီးရှာနိုင်ဖို့က မလွယ်သေးဘူးလေနော်”

ရှန်လင်းက ပြုံးလိုက်၏ “ ဘာမှ မစိုးရိမ်နဲ့နော်။ အစ်ကိုကလေ ညီမကို တစ်ယောက်ယောက်က စိတ်ဆင်းရဲအောင် လုပ်တာမျိုးကိုတောင် လုံးဝ လက်ခံနေမှာ မဟုတ်ဘူး”

ထိုနေ့တွင် ဆုဝန်သည် မိဘနှစ်ပါးလုံး သေဆုံးသွားပြီဖြစ်သော ညီအစ်ကို မောင်နှမများကို ကူညီပေးရန် ထွက်လာခဲ့သည်။ တစ်လစာ စားနပ်ရိက္ခာပေးပြီး ထိုကလေးနှစ်ယောက်ကို မာလာထန်းဆိုင်တွင် အလုပ်လုပ်ကာ ကူညီစေပြီး စားသောက်နေနိုင်ရန် ပိုက်ဆံပါပေးသည်။

ထိုကလေးနှစ်ယောက် နေထိုင်သောနေရာသည် သိပ်မဝေးပါပေ။ ဆုဝန်က ထိုနေရာသို့ ရောက်သောအခါ သူမသည် ယန်ယွင်ရန်နှင့် အတူ သူမ၏ အပေါင်းအပါမိန်းကလေးများကို တွေ့လိုက်ရသည်။

ချင်းယွင်ကောင်တီမှ နာမည်အကြီးဆုံး မိန်းကလေးနှစ်ဦးတို့ ထိပ်တိုက်တွေ့ကြပါပြီ။ ထို့ကြောင့် ဖြတ်သွားဖြတ်လာလူများကလဲ စိတ်ဝင်တစား ရပ်ကြည့်နေကြသည်။

“ဟယ် ဒါက သူဌေးမကြီး ဆုဝန်မဟုတ်လား။ ဒီကို ဘာများလာလုပ်တာပါလိမ့်” ခေါင်းပေါ်တွင် အနီရောင်ပိုးသား ပန်းပွင့်ကလစ်တပ်ဆင်ထားသော မိန်းမပျိုက ဦးစွာ ပြောလိုက်သည်။

ယန်ယွင့်ရန့်၏ ဘယ်ဘက်မှ မျက်နှာခပ်ရှည်ရှည်နှင့် အမျိုးသမီးကလဲ ဝင်‌ညှော်ပြန်သည်။

”သူဌေးမကြီး ဆုဝန်က ဒီကို လူဆင်းရဲတွေကို ကူညီပေးဖို့လာတာနေမှာပေါ့။ အဲ့လိုနည်းလမ်းနဲ့ ငါလဲ ကျော်ကြားလာနိုင်တာပဲနော်”

မျက်နှာခပ်မည်းမည်းနှင့် အမျိုးသမီးကလဲ ဝင်ပြော၏ ။ ယန်ယွင်ရန်ကမူ သူမမျက်နှာကို ဖုံးထားကာ ပြုံးနေသည်။

”ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ။ ငါက စီးပွားရေးလုပ်ငန်းရှင်အသေးစားလေးတစ်ယောက်ပါ။ ပြီးတော့ လူချမ်းသာဟန်လဲ ဆောင်နေတာလေ။ နောက်ပြီး ဆင်းရဲသားတွေကိုလဲ ကူညီပေးတယ်။ တစ်လောကလုံးကိုပါ လှည့်ဖျားထားတာလေ ဟားဟားဟား” ပရိသတ်များကလဲ အုံးအုံးကြပ်ကြပ်နှင့် ဆွေးနွေးနေကြသည်။

”ဟုတ်တယ်။ ဆုဝန်က ပိုက်ဆံအများကြီးရှိတဲ့သူမှ မဟုတ်တာ။ သူက ဂုဏ်ရှိတဲ့ ယောက်ျား ရထားတာလဲ မဟုတ်ဘူး။ သူက အဲ့လို ဘဝမျိုးမှာ နေနိုင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး”

“ဟုတ်တယ်၊ အဲ့လိုဘဝမျိုးမှာနေချင်ရင် ယန်ယွင်ရန်လိုမျိုး ယောက်ျားကောင်းကောင်း ရွေးချယ်သင့်တယ်။ အဲဒါမှ မင်းရဲ့ဘိုးဘေးတွေက အုတ်ဂူထဲကနေ ပျော်နေတော့မှာပေါ့”

“ငါပြောလိုက်မယ်။ နင့်မှာ အချိန်တွေပေါနေရင် ကိုယ့်အနာဂတ်ခင်ပွန်းလောင်းကို စာသေချာ လေ့လာနိုင်အောင် လုပ်ဖို့ပဲ ကြိုးစားပါဦး။ အဲ့လိုမဟုတ်လဲ တစ်ဘဝလုံး ဒီစီးပွားရေးအသေးစားလေးနဲ့ ပျော်ရွှင်နေလိုက်တော့။ စဥ်းစားကြည့်ပါဦး။ အဲဒါက တကယ့်ကိုခက်ခဲမှာနော်” ဝဝဖိုင့်ဖိုင့် မိန်းမကြီးတစ်ဦးကလည်း ဝင်ပြော၏။

စကားပြောပြီးနောာက် သူမသည် သူမပါးစပ်ကို လက်နှင့်အူပ်ကာ ထပ်ပြော၏ “အိုး ငါကလဲ မေ့တတ်လိုက်တာ။ တာအိုဘုန်းတော်ကြီးက ဟောထားတာပဲ။ အကယ်၍ သူသာ နင့်ကိုလက်ထပ်ရင် ဒီစာမေးပွဲကို အောင်ပြီး ရှေ့ဆက်ဘဝကို အလုပ်ကောင်းကောင်းရပြီး ဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့လေ။ အဲ့တော့ နင်က ယွင်ရန်လို မဟုတ်ဘဲ တကယ့်ကို အသုံးမဝင်တာပဲ။ ယွင်ရန်ကတော့ အဆင့်မြင့်ကျောင်းသားကို လက်ထပ်ပြီး ချမ်းသာတော့မှာ”

ဆုဝန်က ပြုံးလိုက်၏။ “မိန်းကလေးယန်က တကယ့်ကို ဂုဏ်ရှိတယ်လို့ သတ်မှတ်ခြင်းခံရတဲ့သူတစ်ဦးပါ။ သူမ တစ်ဘဝလုံး ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းနေရမှာပါ။ ကျွန်မကတော့ အဲ့လိုဂုဏ်တွေ ဘာတွေ ရှိတဲ့သူတစ်ဦးမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်မကိုယ်တိုင်လဲ ခုလို သူတော်ကောင်းတရားတွေနဲ့ မအပ်စပ်ပါဘူး။ အဲ့တော့ ကျွန်မကို ခဏလောက် ဖယ်ပေးကြပါဦး။ ကျွန်မ နောက်မိသားစုကို ဆန်နဲ့ ခေါက်ဆွဲတွေ ဝေဖို့ သွားရဦးမှာ မို့ပါ”

“မိန်းကလေးဆုရယ်၊ အဲ့လိုလူတွေနဲ့ စကားတွေအများကြီး လေကုန်ခံပြီး ပြောမနေပါနဲ့။ ကျွန်တော်တို့တွေ မိန်းကလေးရဲ့ နတ်မိမယ်လေးလို စိတ်ထားကို ခုရက်တွေမှာ သိခဲ့ကြပြီးသားပါ။ အကယ်၍ ကျွန်တော့ကို လာကြည့်ခိုင်းရင်တောင် မိန်းကလေးဆုက တကယ့်ကို လူကောင်းတစ်ယောက်ပဲ မိန်းကလေးရဲ့ သတို့သားလောင်းကလဲ အဆင့်မြင့်ကျောင်းသားတစ်ဦး ဖြစ်လာမှာပါပဲ။ ဒါပေမဲ့ ဒီမိန်းကလေးယန်နဲ့ သူ့နံဘေးက မိန်းမတွေဟာ တကယ့်ကို ကြောက်ဖို့ကောင်းအောင် လျှာထက်လွန်းပြီး စိတ်ထားဆိုးလွန်းတယ်။ ပြီးတော့ သူလဲ တူတူပဲလေ။ သူ့အနာဂတ် ခင်ပွန်းလောင်းကရော အဆင့်မြင့်ကျောင်းကို ကျိန်းသေပေါက် ဝင်ခွင့်ရမယ်လို့ ‌ပြောရအောင်အထိ ကံကောင်းလို့လား”

ဆုဝန်အား လာခေါ်သည့် ရထားလုံးထဲမှ ရထားမောင်းသူကပါ ဝင်ပြောသည်။ ဆုဝန်ကမူ ထိုသူများကို အရေးမစိုက်ဘဲ လှည်းအတွင်းသို့သာ ဝင်သွားလေတော့သည်။

မျက်နှာမည်းနှင့် မိန်းကလေးသည်မူ စိတ်မကျေနပ်သေးပါ။

”ဟေး ဆုဝန်၊ တကယ်လို့ နင့်မှာ တကယ်သာ အစွမ်းအစရှိရင်၊ ဒီမှာဆက်နေပြီး ဆက်စကားပြောနေလေ”

ရထားလုံးမောင်းသူသည် ဘွင်းဘွင်းရှင်းရှင်း ကောက်ပြောလိုက်လေသည်။

”ဒီတာအိုဘုန်းကြီးက လျှောက်လိမ်စားနေတာ။ မိန်းကလေးဆုနဲ့ သူ့သတို့သားလောင်းက ကျိန်းသေပေါက် ချမ်းသာပြီး အာဏာသြဇာအရှိဆုံးလူတွေဖြစ်လာမှာ။ ဒါကို မိန်းကလေးယန်တို့ မသိဘူးမလား။ မောင်းပြီ”

ရထားမောင်းသူသည် သူ့စကား ဆုံးသောအခါ ရထားလုံးကို အဝေးသိူ့ မောင်းနှင်သွားလေတော့၏ ။

ဆက်ကြည့်နေသောသူများသည် စကားအမျိုးမျိုးကို ပြောနေကြပေသည်။ အချို့က ဆုဝန်က ကောင်းသည်ဟု ဆိုကာ၊ အချို့က ယန်ယွင်ရန်က ကောင်းသည်ဟုဆိုသည်။ အချို့ကမူ ဤငြင်းခုံမှုကို ရှက်၍ပင်နေကြသည်။

မြောက်မြားလှစွာသော ယန်ယွင်ရန်၏ နောက်လိုက်မိန်းမပျိုလေးများသည် ယန်ယွင်ရန်အား စိတ်ကျေနပ်မှုရစေရန် ဆုဝန်၏ အသုံးမဝင်မှုများကို ဖော်ထုတ်ပြောနေကြသည်။ ယန်ယွင်ရန်၏ ကောင်းချက်များ အသုံးဝင်ချက်များကို ပြောပြီး သူမအား စိတ်သက်သာစေနေလေသည်။

ယန်ယွင်ရန်၏ နှုတ်ခမ်းများကွေးညွတ်ကာ ပြုံးလိုက်သည်ကို မြင်သောအခါ မိန်းကလေးများသည် သူတို့ပြောသောစကားမှာ မှန်သွားကြောင်း သိလိုက်ကြရသည်။ ယခုချိန်မှစ၍ ယန်ယွင်ရန်သည် အဆင့်မြင့်ပညာသင်ကျောင်းသား၏ ဇနီးသည် ဖြစ်လာတော့မည်။ သူမအပေါ် မျက်နှာချိုသွေးခြင်းသည် ဆုတ်ယုတ်မှု မရှိပါချေ။

အမှန်တကယ်တော့ ဝမ်လော့ရှန်းသည်လည်း ယန်ယွင်ရန်၏ တာအိုဘုန်းကြီးနှင့်ပတ်သက်သည့် ကောလာဟလအကြောင်းကို ကြားပြီးဖြစ်သည်။ ပညာသင်စာမေးပွဲမစခင် ဆယ်ရက်အလိုတွင် ဝမ်လော့ရှန်းသည် ယန်ယွင်ရန်အား စာမေးပွဲမတိုင်မီ လက်ထပ်လိုကြောင်း ခွင့်တောင်းလေ၏ ။

ဤခွင့်တောင်းမှုသည် ရုတ်ခြည်းဆန်နေသော်ငြား ယန်မိသားစုက လက်ခံလိုက်ကြလေသည်။

အခြားသူများ မသိသော်လည်း ဝမ်လော့ရှန်းသည် ယခုရက်အတွင်း သူ၏စာပေလေ့လာမှုနှင့် ပတ်သက်၍ စိုးရိမ်စိတ် ဝင်မိနေသည်။ ပညာသင်စာမေးပွဲအတွက်လဲ ဝမ်လော့ရှန်းသည် အရမ်းကြီး သေချာမနေပေ။

ထိုမတိုင်ခင်က ဝမ်လော့ရှန်းသည် အလွန်သေချာနေခဲ့တာဖြစ်သည် ထို့ပြင်သူသည် ပထမအဆင့်စာရင်းသို့ပင် ဝင်မည်ဟု ယုံကြည်ထားသည်။. သို့သော် ယခုရက်များအတွင်း ဝမ်လော့ရှန်းသည် အနည်းငယ်တွေးပူနေမိသည်။

အကယ်၍ သူသာ စာမေးပွဲကို မအောင်မြင်ခဲ့ပါလျှင် ယန်ယွင်ရန်က သူ့ကို လက်ထပ်ချင်ပါဦးမည်လား။ သူတို့သည် စေ့စက်ကြောင်းလမ်းပြီးပြီဖြစ်သော်ငြား စေ့စပ်မှုသည် တိကျသေချာခြင်းမရှိပါ။ ချင်းယွင်ကောင်တီတွင်ပင် စေ့စပ်ပြီး လက်မထပ်ဖြစ်ဘဲ ကွဲကွာသွားသောသူများ အများအပြား ရှိပေသည်။

ဝမ်လော့ရှန်းသည် အမြန်ပြန်ပြီး ဝမ်အဖေနှင့် ဝမ်အမေတို့ကို တိုင်ပင်သောအခါ ဝမ်အမေက အမြန်ပြောသည်။

”သွားပြီး ယန်ယွင်ရန်ကို မြန်မြန်လက်ထပ်လိုက်။ အဲဒါကသာ ငါတို့ကို အသက်ကယ်နိုင်မဲ့ နည်းလမ်းပဲ။ ပြီးတော့ ယန်ယွင်ရန်ရဲ့ မိသားစုက ချမ်းသာတယ်။ မင်းသူ့ကို လက်ထပ်လိုက်ပြီးပြီဆိုတာနဲ့ လိုချင်တာတွေအကုန်လဲ ဝယ်လို့ရပြီ”

ဝမ်အဖေကလည်း ဝမ်အမေပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူသည်လည်း သဘောတူညီလိုက်သည်။

ယန်မိသားစုမှ အမျိုးသမီးယန်သည်လည်း သဘောတူညီလိုက်ပါ၏။ ဝမ်မိသားစုက လက်ထပ်ခြင်းသည် လုံးဝ ကျိန်းသေသေးတာ မဟုတ်ဟူ စဥ်းစားထားကြသည်။ ယန်မိသားစုကလဲ ထိုသို့ပင် ဖြစ်သည်။

နဂါးကဲ့သို့ အောင်မြင်မှုတစ်ခုကို ရယူရန် သူတို့၏ အမျိုးသမီးဖြစ်သူကို ခုတုံးလုပ်ကြပြီး ဖီးနစ်ငှက်ကဲ့သို့ အတောင်စုံ၍ ပျံသန်းနိုင်လာပြီး ဂုဏ်ပုဒ်များ တစ်ခုပြီးတစ်ခုရလာကြသောအခါ သူတို့၏ အမျိုးသမီးများကို စွန့်တတ်ကြသော သူများကလည်း အများအပြားပင်ရှိနေသည်။ ဝမ်လော့ရှန်းနှင့် ယန်ယွင်ရန်တို့သည် စေ့စပ်ထားကြသော်ငြား သူတို့၏ သတို့သားလောင်း သတို့သမီး‌လောင်းများဟု ကျိန်းသေပေါက်သတ်မှတ်ရန်မှာ ခက်ခဲပေသည်။

ယန်ယွင်ရန်က ဝမ်လော့ရှန်းကို လက်ထပ်ပြီးစီးပါမှ ဝမ်လော့ရှန်း၏ ဂုဏ်ပုဒ်များနှင့် ချမ်းသာကြွယ်ဝမှုအားလုံးတို့သည် ယန်မိသားစုနှင့် သက်ဆိုင်မည်သာ ဖြစ်ပါပေသည်။

ဝမ်လော့ရှန်း၏ ပညာရေးသည် လွန်ခဲ့သော နှစ်များတွင် အလွန်တိုးတက်လာခဲ့သောကြော်င့ ဆရာယန်သည် ဝမ်လော့ရှန်းအပေါ် အလွန်တန်ဖိုးထားပေသည်။ သူ့အားအလွန် အံ့အားသင့်စွာ ပျော်ရွှင်ခဲ့ရာမှ နောက်ဆုံးတွင် သူ့အား အဆုံးစွန်ထိ ယုံကြည်ထားပေသည်။

ဆရာယန်သည် နေ့ရက်တိုင်းတွင် နေကထွက်ပေါ်လာကာ တောက်ပနေသကဲ့သို့ ဝမ်လော့ရှန်းသည်လည်း ကျောင်းၕ တောက်ပနေဆဲဖြစ်မည်ဟု ယုံကြည်ထားသည်။ တစ်နည်းဆိုလျှင် ဝမ်လော့ရှန်၏ မိသားစုနောက်ခံနှင့်ဆိုလျှင် ဆရာယန်သည် သူ့သမီး ကို သူနှင့်လက်ထပ်ဖို့ သဘောမတူစရာ အ‌ေကြာင်းရင်း မရှိပါပေ။

ဝမ်မိသားစုသည် အလွန်ပင်ပျော်ရွှင်နေသည်။ ယန်မိသားစုက ပညာသင်စာမေးပွဲမတိုင်ခင် လက်ခံလိုက်သောကြောင့် သူတို့မိသားစုနှစ်ခုတို့သည် အမြန်ပင် လက်ထပ်ပွဲကျင်းပလိုက်လေသည်။

အလျင်လိုသွားသောကြောင့် အလွန်ကြီးကျယ်ခမ်းနားသွားခြင်း‌တော့ မရှိလိုက်ပါ။ သို‌ေ့သာ် အရေးကြီးသော ဧည့်သည်တော်များအားလုံးကို ဖိတ်ကြားလိုက်ပြီး ချင်းယွင်ကောင်တီမှ လူအများကလဲ ဆောင်းရှန်းကျောင်းတော်၏ နာမည်ကြီးကျော်ငးသားနှင့် ချင်းယွင်ကောင်တီမှ အရည်အချင်းအရှိဆုံး အမျိုးသမီးကလေး ယန်ယွင်ရန်တို့၏ လက်ထပ်ပွဲကို သိကြပါပေသည်။

လူအချို့ကလဲ ပြောကြသည်”ဒီ ဝမ်လော့ရှန်းနဲ့ ယန်ယွင်ရန်တို့ရဲ့လက်ထပ်ပွဲက အရမ်းကို လေလွန်းတယ်။ ပြီးတော့ စာမေးပွဲပြီးမှ လုပ်ရင်လဲ ဘာမှမဖြစ်တာကို ခုချက်ချင်းလုပ်လိုက်တာလေ”

သို့သော် လူအများစုမှာ လက်ခံထားကြသည်။ အချို့ကမူ ဝမ်လော့ရှန်းသည် ယန်ယွင်ရန်အား စိတ်ချရစေရန် ဖြစ်မည်ဟု ခန့်မှန်းကြသည်။ အချို့ကလဲ ဝမ်လော့ရှန်း၏ ဇနီးမယားအဖြစ် ယန်ယွင်ရန်က ထိုက်တန်သောကြောင့်ဟု ဆိုကြသည်။ ယခုလက်ထပ်ခြင်းသည် ဝမ်လော့ရှန်းအတွက်တော့ အဆင့်မြင့်ကျောင်းသို့သွားရန် တစ်ဆင့်တက်လှမ်းလိုက်ခြင်းပင် မည်ပါပေသည်။

ဝမ်လော့ရှန်းနှင့် ယန်ယွင်ရန်တို့သည် လက်ထပ်လိုက်ကြသည်။ ရှန်လင်းနှင့် ဆုဝန်တို့သည်လညး် သူတို့၏ ဖိတ်စာကိုရသည်။ သို့သော် ရှနလင်းကမူ မသွားပါချေ။ အဘယ်ကြောင့်ဆိုသော် ရှန်လင်းနှင့် ဝမ်လော့ရှှန်းတို့ကြားက မကျေနပ်အခဲမကျေမှုကြောင့် ဖြစ်သည်။ သို့သော် စာမေးပွဲကလည်း နီးနေပြီဖြစ်ရာ ရှန်လင်းသည် ထိုသို့သော ကိစ္စရပ်များကို တကယ်မပါဝင်လိုပါပေ။

ဝမ်လော့ရှန်းနှင့် ယန်ယွင်ရန်တို့ လက်ထပ်ပြီးသောအခါ ချင်းယွင်ကောင်တီမှ လူများသည် ဝမ်လော့ရှန်းက အဆင့်မြင့်ကျောင်းသို့ သွားနိုင်လိမ့်မည်ဟု ပိုမိုကျိန်းသေစွာ ယုံကြည်သွားကြသည်။ ဆရာယန်ဆိုတာ အခြားသူမဟုတ်။ သူသည် သူ့သမီးကို ဝမ်လော့ရှန်းနှင့် လက်ဆက်စေခဲ့ပြီးပြီ။ ဤသည်မှာ ရှင်းလင်းလှသည်။

ရုတ်တရက်ဆိုသလို ချင်းရှီရွာရှိ လူများသည် ဝမ််မိသားစုကို ပို၍ပို၍ပင် လေးစားလာကြသည်။ ဝမ်မိသားစု၏ အခြေအနေသည် တစ်ရက်ထက်တစ်ရက် ပို၍ ဆိုးရွားလာခဲ့ပါသော်လည်း သူတို့တွင် အားထားရသော သားလေးတစ်ယောက်ရှိနေ၍ပင် တော်တော့သည်။

အရာအားလုံးသည် အဆင့်နိမ့့်လာခဲ့သော်ငြား ‌စာကိုသေချာကြိုးစားလေ့လာပြီး ဂုဏ်ရှိသော သားလေးကို ပိုင်ဆိုင်ထားရခြင်းက သူတို့အတွက် အားလုံးထက်ပို၍ ကောင်းနေလေသည်။

ချမ်းသာကြွယ်ဝမှုသည် ပို၍ပင် နီးကပ်လာပြီဖြစ်ပြီး ပညာသင်စာမေးပွဲမှာလဲ သိပ်မလိုတော့ချေ။ ဝမ်လော့ရှန်းကမူ ယခုကတည်းက ပညာသင်စာမေးပွဲကို အောင်မြင်နိုင်မည်ဟု သတ်မှတ်ခြင်းခံထားရသူ ဖြစ်သည်။

လူတိုင်းသည် ဝမ်လော့ရှန်းက ပညာသင်စာမေးပွဲကိုအောင်မြင်ပြီး အဆင့်မြင့်ကျောင်းသားတစ်ဦး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားးကြပြီး၊ ရှန်လင်းကိုမူ ကျိန်းသေပေါက် စာမေးပွဲကျမည့်သူဖြစ်သည်ဟုသာ ယုံထားကြပေသည်။

ပညာသင်စာမေးပွဲ ဖြေပြီးနောက် ရှန်လင်းသည် ပေါ့ပေါ့ပါးပါးနှင့် သာမန်အတိုင်းပင် ဘာမျ ကွဲပြား၍မသွားပါချေ။ သို့သော် ဝမ်လော့ရှန်းကမူ အနည်းငယ်မျက်ခုံးလှုပ်နေပြီ။ ယခုလသည် မတ်လဖြစ်သည်။ ပညာသင်စာမေးပွဲမှ ရလဒ်များသည် ဧပြီလတွင် ထွက်မည်ဖြစ်သည်။ နောက် စက်တင်ဘာလတွင် နောက်ထပ်စာမေးပွဲထပ်ရှိမည်သာဖြစ်ပေသည်။

အကယ်၍ ဝမ်လော့ရှန်းသာ ယခုအကြိမ်တွင် ကျူးရင်အဖြစ် ရွေးချယ်ခြင်းခံရပါလျှင် သူသည်နောက်တစ်ကြိမ်တွင် ကျင်းရှီပညာသင်အဖြစ် ရွေးချယ်ခံရမည် ဖြစ်သည်။

ကျင်းရှီအဖြစ် သတ်မှတ်ခြင်းခံရရန်မှာ အလွန်ပင် အရေးကြီးလှသည်။ ကြီးမြတ်သော ကျိုးမင်းဆက်လက်ထက်တွင် ကျင်းရှီပာာသင်အများအပြား မရှိပါ။ သို့သော လူတိုင်းသည် ဝမ်လော့ရှန်းကို မျှော်မှန်းထားကြသည်။ အကြောင်းမှာ ဝမ််လော့ရှန်းသည် အများသူငါတို့နှင့် တူမသူသောသူ ဖြစ်သောကြောင့် ဖြစ်ပါပေသည်။

ရှန်လင်းသည် စာမေးပွဲပြီးသောအခါ တစ်ရက်နားပြီးနောက် စာအုပ်ကိုပြန်ကိုင်ကာ စာလေ့လာသည်။ ထို့နောက် ကျောင်းသို့လဲ နေ့တိုင်းသွားကာ စာလေ့လာပြန်ပါသည်။ ပညာသင်စာမေးပွဲပြီးနောက် ကျောင်းကို ရက်အနည်းငငယ်အကြာ ပိတ်ထားသည်။ သို့သော် ကျောင်းသားအနည်းငယ်ကမူ လာရောက်၍ စာလေ့လာကြ၏ ။

ရှန်လင်းက‌ကျောင်းသို့နေ့တိုင်းသွား၍ စာလေ့လာနေသည်ကို မြင်သောလူတိုင်းတို့သည် ယခုစာမေးပွဲတွင် ရှန်လင်းလုံးဝ မအောင်မြင်နိုင်ဟု ထင်ကြေးပေးကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ အစွမ်းအစများကို ထုတ်သုံးကာ ဆောင်းဦးစာမေးပွဲတွင် နာမည်ကော်းရရန် ကြိုးစားကြပြန်တော့သည်။

ကျိုးယွီနှင့် ၀ူဝမ်တို့သည်လည်း ရှန်လင်းနှင့်အတူ အဖော်ပြုပေးကြသည်။ ယခုတစ်ကြိမ်စာမေးပွဲသည် ယခင်ကထက် ပို၍ကောင်းမွန်မည်ဟူ၍ သူတို့နှစ်ဦးခံစားနေကြရခြင်းမှာ အတန်ငယ်တော့ ထူးဆန်းပေသည်။

ထိုရက်များတွင် သူတို့သည် ရှန်လင်းနှင့်အတူနေ့တိုင်းစာလေ့လာကြိုးစားကြသည်။ သူတို့ကိုယ်သူတို့ အနည်းငယ် ပို၍တော်လာပြီဟူ၍တောင် ခံစားကြရပေသည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် စာမေးပွဲ မအောင်မြင်နိုင်ပါသော်ငြား ဆောင်းဦးကာလအတွက် ကောင်းမွန်သော အခွင့်အရေးရှိနေပါသေးသည်။ ထို့ကြောင့် စာကိုဂရုတစိုက်နှင့် သေချာလေ့လာရပေမည်။

ဝမ်လော့ရှန်းသည်မူ စာမေးပွဲအခန်းကထွက်လာကတည်းက ယန်ယွင်ရန်က သူစာမေးပွဲမှာ မည်သို့ဖြေခဲ့သနည်းဟု ဆက်တိုက်လိုက်မေးနေသည်။။ ဝမ်လော့ရှန်း၏ မျက်နှာမှာ စာမေးပွဲခန်းတွင် ဖြေခဲ့သည်များမှာ မှန်ကန်သည်ဟုပင်တွေးကာ အလွန်တည်ငြိမ်၍နေသည်။

ယန်ယွင်ရန်ကမူ အနည်းငယ် စိတ်မကျေနပ်ပါပေ။ ဆိုရလျှင် ချင်းယွင်ကောင်တီရှိ လူအားလုံးတို့သည် သူမက ဝမ်မိသားစုဝင်တစ်ဦးဖြစ်ကြောင်း သိနေကြလေပြီ။ ဒါကြောင့် သူမနှင့်လည်း သက်ဆိုင်နေသည်။ အကယ်၍ ဝမ်လောာ့ရှန်းသာ စာမေးပွဲကို မအောင်မြင်နိုင်ခဲ့ပါလျှင် …။ မည်သို့ဖြစ်စေ ယန်ယွင်ရန်သည် ဝမ်လော့ရှန်းက စာမေးပွဲကို ကျိန်းသေပေါက်အောင်မြင်လိမ့်မည်ဟုသာ နှလုံးသွင်းထားသည်။

သူမကိုယ်သူမ ပို၍ပြီးပြည့်စုံအောင်နေရမည်။ ဝမ်လော့ရှန်းသည် အမြဲတမ်း ဝတ်ကျေတမ်းကျေသာ ပြန်ဖြေနေသောကြောင့် ယန်ယွင်ရန်သည် နောက်ထပ်အကြိမ်များတွင် ဘာမှသိပ်မမေးတော့ပေ။

ဝမ်လော့ရှန်းသည် ထိုသို့သော မေးခွန်းမျိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ထို့ပြင် စိတ်ပါဆိုးမိသည်။

”အကယ်၍ ကျူပ်သာ စာမေးပွဲကျခဲ့ရင် မင်းတို့က ကျုပ်အပေါ် အရမ်းကို အထင်အမြင် သေးမယ်ပေါ့လေ။ ဟုတ်လား”

ယန်ယွင်ရန်သည် အထိတ်တလန့်ပင် ဖြစ်သွားသည်။ ဝမ်လော့ရှန်းသည် သူမအပေါ် ယခင်က ယခုလို တစ်ခါမျှ စိတ်မဆိုးဖူးပါပေ။

“ယောက်ျား ရှင်ဘာတွေပြောနေတာလဲ။ ရှင့်ဘာသာ စာမေးပွဲအောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ၊ ရှင်က ကျွန်မရဲ့ ယောက်ျားပါပဲ။ ဆိုတော့ ကောင်းကောင်းဆိုးဆိုး အတူတူဖြတ်ကျော်မှာပါ”

ယန်ယွင်ရန်သည် အမြန်လေး ပြန်ရှင်းပြလိုက်သည်။

ထိုသို့ပြောလေလေ၊ ဝမ်လော့ရှန်း၏ စိတ်ထဲတွင် ပို၍အောင်မြင်လိုလေလေဖြစ်သည်။ ထိုမှသာ အနာဂတ်တွင် သူမက ဘာကိုမှ ပူပန်ကြောင့်ကြနေစရာမလိုအပ်သည့် အဆင့်မြင့်ပညာသင်ကြီး၏ အမျိုးသမီးတစ်ဥိးဖြစ်လာနိုင်မည် ဖြစ်ပါပေသည်။

မည်သိူ့ဖြစ်စေ ဝမ်လော့ရှန်းကတော့ တုတ်တုတ်ပင် မလှုပ်ပါ။

”အဲ့လို ကောင်းကောင်းဆိုးဆိုး မျှဝေမယ်ဆိုရင်လဲ ဘာလို့ ခုလို စျေးထဲက မိန်းမကြီးတွေလို ကျုပ်ကို အတင်းအကြပ်လိုက်မေးနေရတာလဲ”

ယန်ယွင်ရန်သည် ဝမ်လော့ရှန်း၏ မျက်နှာထားမှာ တကယ့်ကိုတင်းမာနေသောကြောင့် အလျင်အမြန် ပြန်၍တောင်းပန်လိုက်ရပေသည်။

ထိုအရာကြောင့် ယန်ယွင်ရန်၏ စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သို့သော် သူမသည် ယောက်ျားတွေက တကယ့်ကိုမယုံရဘူးဟု ပြောကာ အနည်းငယ် ပျော်သလိုပြောလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူမတို့က လက်ထပ်ခဲ့ကြသည်။ ယခုဝမ်လော့ရှန်းက သူ့အပြုအမူများကို စပြောင်းလဲ၍လာပြီ။ သူမက စာမေးပွဲမတိုင်ခင် လက်ထပ်ခဲ့၍သာ တော်ကာကျတော့သည်။ အကယ်၍ သူမသာ ဝမ်လော့ရှန်းက ဂျူရင်တစ်ဦးဖြစ်ပြီး စာမေးပွဲပြီးချိန်အထိသာ စောင့်နေခဲ့ပါလျှင် သူ့ဘက်က သူမအား လက်ထပ်ဖြစ် မဖြစ် မသေချာနိုင်တော့ပါပေ။

ယန်ယွင်ယန်သည် တစ်ချိန်တည်းတွင် ခါးသီးမှုရော ချိုမြိန်မှုပါ ခံစားလိုက်ရသည်။ ထို့ကြောင့်သူမသည် ရယ်ရမလား၊ ငိုရမလားပင် မသ်တော့ပါပေ။

ဝမ်လော့ရှန်းသည် ယန်ယွင်ရန်ကို လျစ်လျူရှုပြီး အိပ်ရာပေါ်တွင် လှဲလိုက်ပြီး သူ့အဝတ်များကိုပင် မချွတ်ဘဲ အိပ်ရန်ပြင်တော့သည်။

ဧပြီလ ၁၈ ရက်နေ့သည် မျက်စိတစ်မှိတ်အတွင်းတွင် ရောက်လာခဲ့ပြီ။ နံနက်စောစောတွင် ချင်းယွင်ကောင်တီမြို့အလယ်၌ ပညာသင်စာမေးပွဲအောင်မြင်သူများစာရင်းကို ထုတ်ပြန်ကြေညာကာ ကပ်ထားလေတော့သည်

။

ခေတ္တခဏမျှ ထိုနာမည်စာရင်းကပ်ထားသော နံရံကို ရေများဖြင့် ဝန်းရံထားလေသည်။

—--------------------------

All Chapters