အခန်း (၈၁)
Vol. 4 Ch. 81
အခန်း ( ၈၁ )
ယခုနှစ်သည် အေးခဲသည့် ဆောင်းရာသီ၌ ကြိုးကြိုးစားစား စာလေ့လာကြသော ကျောင်းသားများအတွက် တန်ဖိုးရှိသော နှစ်တစ်နှစ် ဖြစ်သည်။
ပုံမှန်ဆို တော်ဝင်စာမေးပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပတာ ဖြစ်သည်။ စာမေးပွဲ ကျရှုံးခဲ့လျှင် စာမေးပွဲ ထပ်ဖြေနိုင်ရန် နောက်ထပ်သုံးနှစ် စောင့်ရုံသာရှိ၏။
သို့သော် ယခုနှစ်ကမူ မတူညီပေ။ ယခုနှစ်၏ နွေရာသီ၌ အန်းခယ့် ကျင်းပမည် ဖြစ်ကာ ဆောင်းဦးရာသီ၌ ကျိုးဟွေ့ ကျင်းပမည် ဖြစ်သည်။
အန်းခယ့်စာမေးပွဲကို ကျရှုံးခဲ့လျှင်တောင် ကျိုးဟွေ့အတွက် မျှော်လင့်ချက်ရှိသည်။
ထို့ကြောင့် ယခုအခေါက် အန်းခယ့်ကျောင်းသားများသည် ယခင်နှစ်များလောက် စိတ်ဖိအား မများပေ။
စာမေးပွဲ ကျရှုံးခဲ့လျှင် စာမေးပွဲ ထပ်ဖြေနိုင်သည့် အချက်အပြင် လူတချို့အတွက် တစ်လှမ်းတည်းဖြင့် မိုးထိအောင် မြင့်တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အထူးသဖြင့် ကြိုးစားပမ်းစား စာလေ့လာထားပြီး စာသင်သားတစ်ယောက်၏ ဂုဏ်သတင်း ရပြီးသားသူများအတွက် ဖြစ်သည်။
သူတို့က အန်းခယ့်စာမေးပွဲကို အောင်မြင်ခဲ့လျှင် ကျိုးဟွေ့စာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်လိမ့်မည်။ စာမေးပွဲ၌ ချင်းရှီစာမေးပွဲကို အောင်မြင်ခဲ့ပါက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲခဲ ကြိုးစားစရာ လိုတော့မှာ မဟုတ်ပေ။
ဆရာယန်သည်လည်း ဝမ်လော့ရှန်းကို မျှော်လင့်ချက် ထားလေ၏။ ဝမ်လော့ရှန်းအဖို့ ချင်းရှီဖြစ်ဖို့က အနည်းငယ် မသေချာမရေရာ ဖြစ်လောက်၏။ စာမေးပွဲ အောင်မြင်ခဲ့လျှင်မူ အခြေအနေမည်မျှ ဆိုးနေစေကာမူ ကောင်တီ၏ ရာဇဝတ်တရားသူကြီး ဖြစ်လာလိမ့်မည်။ ထိုအချိန်ကျ ကောင်းချီးများ ခံစားရမှာ ဖြစ်သည်။
ဆုဝန်နှင့် ရှန်လင်းကလဲ စောစောနိုးလာပြီး အထုပ်အပိုးများ ပြင်ဆင်ကာ စာရင်းသွားကြည့်ရန် ပြင်ဆင်လေ၏။
အောင်စာရင်းကပ်ထားရာ နေရာအနားသို့ ရောက်သွားစဉ် စုန့်ရှန်းကျောင်းတော်မှ မကြာခဏ စားသောက်ပြီး ဝမ်လော့ရှန်း၏ ငှားထားသည့်အိမ်၌ လောင်းကစားလုပ် ပျော်ပါးနေသည့် ကျောင်းသားတချို့ကို တွေ့လိုက်ရသည်။ ဝမ်လော့ရှန်းကလဲ လမ်းတစ်ဖက်မှ ရောက်လာကာ သူတို့စာရင်းကို လာကြည့်နေကြတာဟု တွေးမိသွားတော့သည်။
ဤလူများအားလုံး၌ ကြမ်းကြုတ်သည့် အကျင့်စရိုက် ရှိသည်။ နောက်ပိုင်းကျ ဝမ်လော့ရှန်းသည် ထိုလူအချို့ကြောင့် စိတ်ပျက်လာမိ၏။ သို့သော်ငြား သူသည် သူကိုယ်တိုင် မပြောရဲချေ။ သူတို့ကို ရန်မစချင်။
သူတို့ကို မောင်းမထုတ်ရဲခဲ့လျှင် သူတို့ကို ခေါ်ထားရုံသာ ရှိသည်။
ဤလူများက ဝမ်လော့ရှန်း၏ ကြောင်သူတော်ဆန်မှုကို မမြင်တွေ့ခဲ့ဘဲ သူတို့ရင်ထဲ ထိသွားခဲ့တာ ဖြစ်သည်။
လူတချို့ကလဲ အန်းခယ့်စာမေးပွဲကို ဖြေဆိုခဲ့သည်။ သို့သော် သူတို့အနေအထားကို သိနေလောက်၏။ သူတို့ စာမေးပွဲအောင်ရန် မျှော်လင့်ချက်မရှိပေ။ သူတို့က ပျော်စရာ မြင်တွေ့ရန်နှင့် ဝမ်လော့ရှန်းကိုတွေ့ရန် ရောက်လာကြတာပဲ ဖြစ်သည်။
လူများစွာသည် ရှန်လင်းကို တွေ့သောအခါ ရှန်လင်းနှင့် ဝမ်လော့ရှန်းကြား အငြင်းပွားမှုကို ချက်ချင်း အမှတ်ရသွား၏။
ဤရက်များအတွင်း ဝမ်လော့ရှန်းနှင့် အဆင်ပြေနေလေရာ လူများစွာသည် ဝမ်လော့ရှန်းက ရှန်လင်းကို အင်မတန် မုန်းတီးကြောင်းလဲ ကြားထား၏။
ဝမ်လော့ရှန်း ကျေနပ်စေရေးအတွက် လူတချို့က ရှန်လင်းနှင့် ဆုဝန်တို့လမ်းကို ပိတ်ဆို့ထားတော့သည်။
“ ဪ ရှန်လင်းပါလား အောင်စာရင်း လာကြည့်တာကိုး ”
“ လူတိုးရတာ ချွေးထွက်ပါဘိ ”
“ မင်းချွေးထွက်နေတာ မင်းဘေးက မိန်းမလှလေးက မင်းနောက်လိုက်ဖို့ ဆန္ဒရှိမှာလား ”
“ မိန်းမလှလေး ငါနဲ့လိုက်ခဲ့လေ ငါက အဆင့်သတ်မှတ်ချက်ကို သွားကြည့်မှာ မဟုတ်တော့ ချွေးထွက်စရာ မလိုတော့ဘူး ”
ဝမ်လော့ရှန်းက ထိုနေရာ၌ ရပ်နေပြီး မကြားသလို ပြုမူနေ၏။ သူသည် ရှန်လင်းကို ဆူးတစ်ချောင်းအဖြစ် သတ်မှတ်ထားပြီးတာ ကြာပြီဖြစ်သည်။ သို့သော် သူကိုယ်တိုင် ရန်မစရဲချေ။ ယခု တစ်စုံတစ်ယောက်က ရန်စပေးနေလေရာ ဝမ်လော့ရှန်းက မျက်ကွယ်ပြုထား၏။
အစက ရှန်လင်းသည် ထိုလူရမ်းကားများကို ဖြေရှင်းဖို့ မရည်ရွယ်ထားပေ။ သို့သော် သူတို့က ဆုဝန်ကို ရန်စခဲ့၏။
“ မိန်းမလှလေး မင်းနဲ့ကိုယ် … ”
အညိုရောင်ဝတ်ရုံဖြင့် လူရမ်းကားတစ်ယောက် ပြောတာမပြီးသေးခင် သူသည် ယိုင်သွားကာ ပြုတ်ကျသွားပြီး စူးရှသည့် နာကျင်မှုက ကျရောက်လာ၏။ ပြီးနောက် သူ သွေးတပွက် အန်လိုက်ရတော့သည်။
ထိုနေရာ၌ လူတချို့ အုံနေတာ တွေ့ရ၏။
လူများစွာက ချက်ချင်းရောက်လာသော်ငြား မျက်စိတစ်မှိတ်အတွင်း သူတို့ လဲကျသွားသည်။ သူတို့အားလုံး မြေပြင်ပေါ် လဲကျကုန်ပြီး မထနိုင်တော့ပေ။
ရှန်လင်းသည် ထိုလူများကို ငုံ့ကြည့်ပြီးနောက် ပြောလိုက်၏။
“ မင်းတို့ လူမှားပြီး ရန်စခဲ့တာပဲ ”
အစပိုင်း၌ လွင့်ထွက်သွားသည့် လူရမ်းကားက ဆန္ဒမရှိပေ။
“ ငါတို့က ကျိုးယွမ်ပညာရှင် ဝမ်လော့ရှန်းရဲ့ မိတ်ဆွေတွေပဲ။ မင်း ငါတို့ကို ဒီလိုဆက်ဆံရင် လော့ရှန်း မင်းကို ဖြေရှင်းမှာ စောင့်နေလိုက် ”
ဆုဝန်က အနည်းငယ် အံ့ဩသွားလေ၏။ ဝမ်လော့ရှန်း စာမေးပွဲ အောင်သွားတာလား။ သို့သော် စဉ်းစားကြည့်လိုက်မိ၏။ ထိုလူများသည် အောင်စာရင်း ကြည့်ပြီးသည့်ပုံ မပေါ်။ ထို့ကြောင့် ဤလူများသည် စာမေးပွဲ၏ ရလဒ်ကို မသိလောက်သေးပေ။ ဝမ်လော့ရှန်းက ကျိုးယွမ်ပညာရှင် ဖြစ်မည်ဟု ပြောနေခြင်းက ခန့်မှန်းချက် တစ်ခုမျှသာ ဖြစ်သည်။
လူရမ်းကားများထဲမှ တစ်ယောက်က ရှန်လင်းနှင့် ထပ်ပြီး ရန်မဖြစ်ရဲတော့ချေ။ ထို့ကြောင့် သူက အမြန် တွားသွားလျက် ပြောလိုက်သည်။
“ ဒီမှာ အချိန်မဖြုန်းရအောင် လော့ရှန်း ဘယ်နေရာရလဲဆိုတာ မြန်မြန် သွားကြည့်ကြမယ် ”
“ အောင်စာရင်း မကြည့်ရသေးဘူး ”
လူတချို့က ထွက်သွားရန် ရုန်းကန်နေရပြီး ကျိုးယွီနှင့် ဝူဝေ့တို့က ရှန်လင်းဆီ သွားတာကို တွေ့လိုက်ရသည်။
“ အစ်ကိုရှန် သတင်းကောင်းပဲ မင်း ဒီအန်းခယ့်စာမေးပွဲမှာ ရှန့်ယွမ် ဖြစ်သွားပြီ ”
ကျိုးယွီက စာမေးပွဲကို အောင်မြင်သူက သူဖြစ်နေသည့်ပမာ မျက်နှာထက်တွင် စိတ်အားထက်သန်မှုများ ပြည့်နေလေ၏။
ဝမ်လော့ရှန်းက မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ ကြက်သေသေသွားတော့သည်။
ဝူဝေ့ကလဲ ပြောလိုက်၏။
“ငါတို့နှစ်ယောက်လုံး စာမေးပွဲအောင်တယ်။ ငါတို့က ပွတ်ကာသီကာလေး ဆိုပေမဲ့ စာမေးပွဲ အောင်ခဲ့တယ်။ ညီအစ်ကိုရှန် ငါတို့သုံးယောက်လုံး စာမေးပွဲ အောင်လိမ့်မယ်လို့ မထင်ထားဘူး”
“ရှန်လင်းက စာမေးပွဲမှာ ရှန့်ယွမ် ဖြစ်သွားပြီ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှန်လင်း စာမေးပွဲ အောင်နိုင်တယ်လို့ တစ်ခါမှ မတွေးမိဖူးဘူး။ ငါ သူ့ကို ဘာလို့ ရန်စမိခဲ့တာပါလိမ့် ”
အစောတုန်းက ရှန်လင်း တွန်းထုတ်တာ ခံလိုက်ရသည့် သူများထဲမှ တစ်ယောက်က လက်ကာကာ ကျိုးယွီကို မေးလိုက်သည်။
“ ကျိုးယွီ မင်း ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ”
နောက်ထပ် လူတစ်ယောက်ကလဲ အမြန်ပြောလိုက်သည်။
“ အမှန်ပဲ အဲဒီရှန့်ယွမ်က ရှန်လင်းနဲ့ နာမည်တူတဲ့ တခြားသူတစ်ယောက်ပဲ ဖြစ်မယ် ”
ကျိုးယွီက ဇဝေဇဝါ ဖြစ်သွား၏။ သူ မှားနေတာလား။
သို့သော်ငြား သူဇဝေဇဝါ ဖြစ်နေစဉ် တစ်စုံတစ်ယောက်က ရှန်လင်းကို ဂုဏ်ပြုစကား လာပြောတာ ကြားလိုက်ရ၏။
“ ညီလေးရှန် ဂုဏ်ပြုပါတယ်ကွာ။ မင်းက ငါတို့ ချင်းယွင်ကောင်တီရဲ့ ရှန့်ယွမ် ဖြစ်သွားပြီ ”
လူတိုင်း အံ့ဩသွားလေ၏။ သူ့ကို လာရောက် ဂုဏ်ပြုသည့်သူမှာ ကောင်တီ၏ ရာဇဝတ်တရားသူကြီးလုပဲ ဖြစ်သည်။
ကောင်တီရာဇဝတ် တရားသူကြီးလုနောက်၌ ရမန်အရာရှိများ တစ်သိုက် လိုက်ပါလာပြီး အတူတကွ ဂုဏ်ပြုစကား ပြောကျတော့သည်။
“ ဂုဏ်ပြုပါတယ် ရှန့်ကျင်းယွမ် ”
“ သူက ဒီနှစ်ရဲ့ ရှန့်ယွမ်ပဲလေ ”
“ ရှန့်ယွမ်က ဒီမှာ။ ဒါဆို မြန်မြန်သွားပြီး ရင်းနှီးအောင် လုပ်ထားရအောင် ”
အနားရှီလူများကလဲ ဂုဏ်ပြုလိုက်သည်။
“ ဂုဏ်ပြုပါတယ်၊ ဂုဏ်ပြုပါတယ် ”
များစွာသော ကျောင်းသားများ၊ ကျိုးယွီ၊ ဝူဝေ့နှင့် ရာဇဝတ်တရားသူကြီးလုကို လူအုပ်ကြီးက ဝိုင်းထားလေ၏။
ကောင်တီရာဇဝတ် တရာသူကြီးလုက ရှန်လင်းကို ပြောလိုက်သည်။
“ ညီလေးရှန် မင်း အောင်စာရင်းကြည့်ဖို့ မလိုတော့ဘူး။ ငါ့အိမ်မှာ သွားကြည့်လို့ရတယ်။ ချင်ကျိုးအစိုးရက ဒီစာရင်းထဲမှာပါတဲ့ ကျောင်းသားတွေရဲ့ တရားဝင်အချက်အလက်ကို ငါ့ဆီ ပေးပြီးသား။ မင်း ငါ့အိမ်သွားပြီး လက်ဖက်ရည်သောက်ရင်း အချက်အလက်တွေ ဖတ်လို့ရတယ် ”
ရာဇဝတ်တရားသူကြီးလုက အလွန်သန်မာ၏။ စာမေးပွဲ၌ အဆင့်မြင့်မြင့်ရသည့် ကျောင်းသားများသည် နောင်ကျ သူ၏အသက်မွေးဝမ်းကြောင်းကို အထောက်အကူ ပေးနိုင်မည်ဆိုတာ သိသည်။ ထို့ကြောင့် သူသည် စာရင်းထဲတွင်ပါသည့် ဤလူကို အကောင်းမြင်စိတ်ဖြင့် စောင့်နေတာ ဖြစ်၏။
ချင်းယွင်ကောင်တီရှိ ရာဇဝတ်တရားသူကြီးလုနှင့် ရှန်လင်းကလဲ သိကျွမ်းကြသည်။ သူတို့နှစ်ယောက်က ရှန်လင်းမိသားစု၏ အရေးကိစ္စ၊ ရှန်လင်း အိမ်ဝယ်သည့် စာရွက်စာတမ်း ကိစ္စများကို ကြိမ်ဖန်များစွာ ဖြေရှင်းခဲ့ပေ၏။
ရာဇဝတ်တရားသူကြီးလုသည် ရှန်လင်း၏ အကျင့်စရိုက်ကို သိသည်။ သူသည် နောင်ကျ အောင်မြင်မှုပေါင်းများစွာ ရမှာ ကျိန်းသေ၏။ ထို့ကြောင့် ယခုအခေါက်တွင် သူနှင့် ခင်မင်ရင်းနှီးလိုသည်။
ဆုဝန်သည် သူမမျက်စိဖြင့် စာရင်းကို တစ်ချက်သွားကြည့်ချင်၏။ ရှန်လင်း၏ အန်းခယ့် စာမေးပွဲစာရင်း၌ ပထမနေရာတွင် ရှန်လင်း၏နာမည် ရေးထားတာကို မြင်ချင်သည်။ သို့သော် ကောင်တီ ရာဇဝတ်တရားသူကြီးလု၏ ဆန္ဒကိုလဲ မဖယ်ရှားချင်ပေ။ ကံကောင်းသည်မှာ ဤစာရင်းကို ဆယ်ရက်ကျော် ကပ်ထားမည် ဖြစ်၏။ လူနည်းသွားသည့် အချိန်ကျမှ နေ့လယ်တွင် လာကြည့်လျှင် ပိုကောင်းမည်။
ရမန်အရာရှိများက လမ်းဖယ်ပေးပြီး ရာဇဝတ်တရားသူကြီးလုက ရှန်လင်းကို သွားခိုင်းလိုက်ရာ ရှန်လင်းသည် တမင်တကာပင် ကျိုးယွီနှင့် ဝူဝေ့တို့ကို ရာဇဝတ်တရားသူကြီးလုနှင့် မိတ်ဆက်ပေးလိုက်၏။
“ တရားသူကြီးလု ဒီနှစ်ယောက်က ကျုပ်ရဲ့ ညီနောင်ကောင်းတွေပါ။ သူတို့နှစ်ယောက်လုံး စာမေးပွဲ အောင်ခဲ့တယ် ”
ရာဇဝတ်တရားသူကြီးလုက ဉာဏ်ကောင်းသည့်သူ ဖြစ်၏။ သူက အမြန်ပြောလိုက်တော့သည်။
“ ညီလေးကျိုး၊ ညီလေးဝူ ဒီနေ့ကျတဲ့အိမ်ကို သွားပြီး လက်ဖက်ရည် သောက်ရအောင်လား ”
ရှန်လင်း၏ မျက်နှာသာပေးမှုကြောင့် ကျိုးယွီနှင့် ဝူဝေ့တို့သည် မည်ကဲ့သို့ ဆန္ဒမရှိပဲ နေမည်နည်း။
ရှန်လင်းကို အနိုင်ကျင့်ချင်သည့် ကျောင်းသားများနှင့် ဝမ်လော့ရှန်းက အံ့ဩဆွံ့အသွားလေ၏။
သူတို့ထဲမှ တစ်ယောက်က လက်မခံနိုင်သေးပေ။
“ ရာဇဝတ်တရားသူကြီးလု ဒီရှန့်ယွမ်က ဒီရှန်လင်းလား သူက နာမည်တူ၊ မျိုးရိုးတူတာ မဟုတ်ပါဘူးနော် ”
ကောင်တီ ရာဇဝတ်တရားသူကြီးလုက လှည့်ပြောလိုက်သည်။
“ ဒီအမှုထမ်းက စိတ်နောက်နေတယ်လို့ မင်း ပြောတာလား ”
သူ့ဘေးရှိ ရမန်အရာရှိက အမြန်ပြောလိုက်သည်။
“ ချင်ကျိုးစံအိမ်မှာ တရားဝင် အချက်အလက် ထုတ်ပြန်ပြီးသား။ အိမ်ထောင်စု စာရင်းကိုတောင် ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ရာဇဝတ်တရားသူကြီးလုက ဘယ်လိုလုပ် အမှားလုပ်မိမှာလဲ ”
ထိုကျောင်းသားက ပြန်ကျုံ့ဝင်သွားသည်။
“ အမှားမလုပ်မိရင် ပြီးတာပါပဲ၊ အမှားမရှိဘူး ”
ရှန်လင်းက ရှန့်ယွမ်ဖြစ်ကြောင်း သူပထမဆံုး ကြားချိန်မှစပြီး ဝမ်လော့ရှန်းသည် ခေါင်းရိုက်ခံလိုက်ရသည့်ပမာ ခံစားလိုက်ရပြီး ထိုးနှက်ချက်များ ထပ်မံ ကျရောက်လာ၏။
ရာဇဝတ်တရားသူကြီးလုက ရှန်လင်း၊ ဆုဝန်၊ ဝူဝေ့နှင့် ကျိုးယွီတို့ကို ဝေါယာဉ်ဆီ ဖိတ်ကြားတာကို ကြည့်ပြီး ဝမ်လော့ရှန်းက အသက်တောင် မရှူနိုင်တော့ပေ။ ခုနတုန်းက အရိုက်ခံလိုက်ရသည့် ကျောင်းသားများက နာကျင်မှုကို တောင့်ခံသည်။ သူတို့က ဝမ်လော့ရှန်းကို နှစ်သိမ့်ကြလေ၏။
“ လော့ရှန်း အဆင့်သတ်မှတ်ချက် သွားကြည့်ရအောင်။ ရှန့်ယွမ်က အဲဒီကောင် ဖြစ်ရင်တောင် သူက စာသင်သား တစ်ယောက်ပဲ။ မင်းက ကျိုးယွမ် ဖြစ်နိုင်တော့ စာမေးပွဲမှာ ဘယ်အဆင့်ရလဲ သွားကြည့်ရအောင် ”
ဝမ်လော့ရှန်းက အနည်းငယ် စိတ်သက်သာသွားပြီး အန်းခယ့်စာမေးပွဲ အောင်စာရင်းကို သွားကြည့်တော့သည်။
ဆုဝန်နှင့် ရှန်လင်းက မြင်းလှည်းတစ်ခုထဲ အတူစီးတာ ဖြစ်သည်။ ဆုဝန်က မေးလိုက်လေ၏။
“ အစောတုန်းက အဲဒီသူတွေ သွေးအန်သွားတယ်။ ညီမ စိတ်ပူတာက … ”
ရှန်လင်းသည် ဆုဝန်၏ လက်ကို ကိုင်ထား၏။
“ စိတ်မပူနဲ့။ ကိုယ် အချိန်အဆ သိပါတယ်။ သူတို့က အပေါ်ယံ နာကျင်ရုံပဲ ”
ဆုဝန်က စိတ်အေးသွားတော့သည်။
“ ဝမ်လော့ရှန်း စာမေးပွဲကျလား သိချင်တယ် ”
ရှန်လင်းသည် ဆုဝန်က သိချင်စိတ်သက်သက်သာ ရှိပြီး ဝမ်လော့ရှန်းအပေါ် မည်သည့် အတွေးမှ မရှိကြောင်း နားလည်၏။ ထို့ကြောင့် သူ ဂရုမစိုက်ပေ။ ဆုဝန်က ဝမ်မိသားစုထဲ၌ ဒုက္ခခံခဲ့ရကြောင်း သူသိ၏။ နောင်ကျ သူသည် သူမကို တည်ငြိမ်မှုတစ်ခုသာ ပေးချင်သည်။
“ သူ စာမေးပွဲ မအောင်ဘူး ” ရှန်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဘာလို့လဲ ”
ဆုဝန်က မေးလိုက်၏။
ရှန်လင်းသည် အောင်စာရင်းကို သူ့မျက်စိဖြင့် သွားကြည့်ခဲ့တာ မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူ အဘယ်ကြောင့် ဤမျှ သေချာနေသနည်း။
ရှန်လင်းက ပြန်ပြောလိုက်၏။
“ ရာဇဝတ်တရားသူကြီးလုက အတွေ့အကြုံ များတဲ့သူတစ်ယောက်ပဲ။ ဝမ်လော့ရှန်းသာ စာမေးပွဲ အောင်တယ်ဆိုရင် သူက ဝမ်လော့ရှန်းကို လျစ်လျူရှူထားဖို့ မဖြစ်နိုင်ဘူး။ အရာအားလုံးကို ဂရုတစိုက် စဉ်းစားဖို့လိုတာ နားလည်တယ်။ ဒါပေမဲ့ … ”
အရာရာကို ဂရုတစိုက် စဉ်းစားဖို့ လိုတာ လိုအပ်သည်။သို့သော် ရှန်လင်းနှင့် အတူ ရှိလာပြီးနောက် သူမသည် အားကိုးအားထား ပြုလာနိုင်ပုံပေါ်သည်။ အသေးစိတ် အချက်အလက်များကို ကောက်နုတ်လိုက်သည်။ ရှန်လင်း၏ စွမ်းရည်များအရ ရှန်လင်းသည် နောင်ကျ အရာရှိအသိုင်းအဝိုင်းကို တာဝန်ယူရလောက်သည်။
ဝမ်လော့ရှန်းနှင့် ထိုအတန်းသားများက လူအုပ်ကြီးထဲ ခဲရာခဲဆစ် တိုးကြိတ်ပြီး လူအချို့က စာမေးပွဲတွင် အောင်မြင်သည့်သူများက အခြားသော ခရိုင်များမှ ဖြစ်ပြီး ချင်းယွင်ကောင်တီ၌ သိပ်မရှိကြောင်း မှတ်ချက်ချနေတာ ကြားရသည်။
ထူးချွန်ထက်မြက်သူက ရှားပါးလှပေသည်။ ဝမ်လော့ရှန်း၏ရင်ထဲ အေးစက်သွားသည်။ သို့သော် ထိုသို့ ရေရွတ်ပြောနေသည့် သူများကို ပြန်ပက်သည့် ကျောင်းသားအချို့လဲ ရှိသည်။
“ အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်။ ချင်းယွင်ကောင်တီရဲ့ ပညာရှင် ဝမ်လော့ရှန်းက ဒီမှာမလား ”
လူများစွာက တအံ့တဩ ကြည့်မိသွားသည်။
စာရင်းကို ကြည့်သည့် ကျောင်းသားများစွာက ဝမ်လော့ရှန်းကို သိ၏။ သူတို့ ဝမ်လော့ရှန်းကို ကြည့်နေသည့် အကြည့်က ပိုတောင် ဖော်မပြနိုင် ဖြစ်လာတော့သည်။
နာအောင် အရိုက်ခံခဲ့ရသည့် ကျောင်းသားတချို့က အဆင့်သတ်မှတ်ချက်ကို ကြည့်ရန် ဝမ်လော့ရှန်းအတွက် လမ်းဖွင့်ပေးလိုက်သည်။
အန်းခယ့် မြို့စာမေးပွဲ၏ အဆင့်သတ်မှတ်ချက်နှင့် အန်းခယ့်ကျောင်းတော် စာမေးပွဲက ဘေးကပ်ရပ် ဖြစ်၏။ ရှန်လင်း၏ နာမည်ကို မြို့စာမေးပွဲ၏ ပထမစာရင်း၌ ရှင်းရှင်းလင်းလင်း ရေးထားလေသည်။
ဝမ်လော့ရှန်းသည် နောက်တစ်ခေါက် မကြည့်ချင်ပေ။ သူက အန်းခယ့် စာမေးပွဲစာရင်းကို အချိန်ကြာမြင့်စွာ ရှာဖွေနေ၏။ သို့သော် သူ၏ နာမည်ကို မတွေ့ခဲ့ရပေ။
ဝမ်လော့ရှန်းက စကားလုံးတိုင်းကို ဖတ်ခဲ့၏။ အမှန်တကယ်ပင် သူ၏နာမည်မရှိ။
ဝမ်လော့ရှန်း စာမေးပွဲ ကျတာဖြစ်သည်။
ဝမ်မိသားစုက ဤရလဒ်ကို မထင်မှတ်ထားပေ။ ယန်မိသားစုက ဤရလဒ်ကို ပိုတောင် မထင်မှတ်ထားချေ။
အိမ်ရှိ ဆီးပန်းပွင့် စားပွဲရှည်တွင် ထိုင်နေသည့် ဆရာယန်က ချက်ချင်းပင် သူ၏ဆံပင်များ အနည်းငယ် ဖြူလျော်လာတော့သည်။
ဝမ်လော့ရှန်းက စာမေးပွဲ သေချာပေါက် အောင်မြင်မည်ဟု လူတိုင်းတွေးထားသည်။ အထူးသဖြင့် ဆရာယန်သည် ဝမ်လော့ရှန်း၏ အနာဂါတ်ကို သေချာပေါက် အတည်ပြုထားပြီး သူ၏သမီးနှင့် ဝမ်လော့ရှန်းကို လက်ထပ်ပေးခဲ့သည်။
ပုံမှန်ဆို ချင်းယွင်ကောင်တီထဲရှိ အကောင်းဆုံး ရလဒ် ရထားသည့် လူငယ်များသည် စုန့်ရှန်ကျောင်းတော်မှပဲ ဖြစ်သည်။ ဆရာယန်က တစ်စုံတစ်ယောက်ကို ပြုစုစောင့်ရှောက်လျှင် ဤလူက အောင်မှာ ကျိန်းသေ၏။
ယခုက ဆရာယန် မှားယွင်းသွားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုအခေါက်တွင် သူ၏သမီးကို လူမှားလက်ထပ်ပေးပုံ ပေါ်၏။
ဆရာယန်က ပူဆွေးလာတော့၏။
“ ငါ မှားသွားပြီ …မှားသွားပြီ… ”
ဆရာယန်၏ဇနီးနှင့် ယန်ယွင်ရန်၏ မိခင်က ရှေ့တိုးလာကာ နှစ်သိမ့်လိုက်သည်။
“ရှင် စိတ်မကောင်းမဖြစ်ပါနဲ့။ ဆောင်းဦးရာသီမှာ စာမေးပွဲတစ်ခု ကျင်းပဦးမှာလေ။ မြင်းလဲ ခလုတ်တိုက်မိတဲ့အချိန် ရှိသေးတာကို။ တိတိကျကျ ပြောရရင် ချင်းယွင်ကောင်တီမှာ ဒီနှစ် စာမေးပွဲ အောင်တဲ့သူ မရှိသေးဘူးလေ။ တစ်ရက် နှစ်ရက်အတွင်း ယွင်ယန်နဲ့ ဝမ်လော့ရှန်းက ကျွန်မတို့အိမ် ရောက်လာလောက်တယ်။ အဲ့ဒီအခါ သူစိတ်ပျက်ကြောင်း မပြနဲ့။ ဝမ်လော့ရှန်းက ဒီတစ်ခေါက် မအောင်ခဲ့ပေမဲ့ ကျိုးဟွေ့စာမေးပွဲက ရှိသေးတယ်။ အခု သူတို့ကို အထင်မသေးနဲ့။ သူတို့ကို ပြန်မစလိုက်နဲ့ဦး။ ဆောင်းဦးရာသီကျ စာမေးပွဲ ဖြေပြီး အောင်ဦးမှာပဲ။ ရှင် အဲ့လောက်ထိ အလေးအနက်ကြီး မဖြစ်ပါနဲ့ ”
ဆရာယန်သည် အမှန်တရားကို ရှင်းရှင်းလင်းလင်း မသိသည့် လူတစ်ယောက် မဟုတ်ပေ။ သူသည် လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် ရှုပ်ထွေးသော စိတ်အခြေအနေကို ထိန်းညှိလိုက်သည်။ ဤစိတ်အခြေအနေဖြင့် ဆရာယန်က စိတ်ပြန်တည်ငြိမ်သွား၏။ ဝမ်လော့ရှန်းက ယခုအခေါက်တွင် စာမေးပွဲ မအောင်သော်ငြား ကျိုးဟွေ့စာမေးပွဲ ရှိနေသေး၏။ ထို့ကြောင့် ဝမ်လော့ရှန်းကို လျစ်လျူမရှုရက် ပြောချင်သည်။
ဝမ်လော့ရှန်းက စာမေးပွဲ ကျခဲ့ပြီး ယန်ယွင်ရန်က မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ ဝမ်လော့ရှန်း စာမေးပွဲ သေချာပေါက် အောင်မည်ဟု သူမကို ပြောခဲ့သူက သူမ၏ဖခင် ဖြစ်သည်။ မဟုတ်လျှင် စာမေးပွဲ မတိုင်ခင် ဝမ်လော့ရှန်းကို သူမ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့မှာ မဟုတ်ပေ။
အရေးကြီးဆုံးအရာက ဝမ်ဖူ ဟူသောစကားကို ဖြန့်ခဲ့ပြီ ဖြစ်၏။ ယခု ချင်းကျိုးစီရင်စုတွင်းရှိ လူတိုင်းက ရယ်မောနေပြီလားတောင် မသိရပေ။
အစ၌ ဆုဝန်ကို ပစ်မှတ်ထားရန်အတွက် သူ့ကိုယ်သူ ကံကောင်းခြင်း အဆောင်အဖြစ် ကြေငြာခဲ့တာ ဖြစ်သည်။ သို့သော် အဆုံးကျ ရှန့်ယွမ်ဖြစ်သွားသည့်သူက ဆုဝန်နှင့် စေ့စပ်ထားသူဖြစ်ကာ သူမခင်ပွန်း ဝမ်လော့ရှန်းကမူ စာမေးပွဲ ကျခဲ့သည်။
ယန်ယွင်ရန်က ရှက်ရွံ့ဒေါသထွက်နေလေ၏။ သူမ ဝမ်လော့ရှန်းကို စကားတစ်ခွန်းမှ မပြောချင်တော့ပေ။ ထိုစဉ် သူမ၏မိခင်က အိမ်သို့ ရောက်လာပြီး ယန်ယွင်ရန်ကို စိတ်ငြိမ်ငြိမ် ထားလိုက်၏။ ပြီးတော့မှ သူမ စိတ်တည်ငြိမ်သွားတော့သည်။
မည်သည့်နည်းနှင့်မဆို ကျိုးဟွေ့စာမေးပွဲ ရှိနေသေးသည်။ ထို့ပြင် ရှန်လင်းက ရှန့်ယွမ်စာမေးပွဲ အောင်မြင်ခဲ့ရသည့် အကြောင်းအရင်းမှာ ဆုဝန်ကြောင့် မဟုတ်။ ဆုဝန်က ရှန်လင်းနှင့် လက်မထပ်ရသေးသောကြောင့် ဖြစ်သည်။ ဆုဝန်က ရှန်လင်းနှင့် လက်ထပ်ခဲ့ပါက ရှန်လင်း စာမေးပွဲ မအောင်မှာ ကျိန်းသေသည်။
ဝမ်လော့ရှန်း စာမေးပွဲ မအောင်ခဲ့သည့် ကောလာဟလကို ဖျောက်ဖျက်၍ ရမှာမဟုတ်။ သို့သော် ဆုဝန်၏ သူမခင်ပွန်း၏ ကံကြမ္မာအပေါ် လွှမ်းမိုးမှုက ရှိနေသေးသည်။
ရှန်လင်းက စာမေးပွဲ အောင်မြင်ခဲ့၏။ သို့သော် ကျူးတံတော့ မဟုတ်သေးပေ။ ဝမ်လော့ရှန်းက နှစ်နှစ်ကျော် စာလေ့လာခဲ့ပြီး သုံးနှစ်နီးပါး ကြာပြီးနောက် စာသင်သားအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် သူမ စာမေးပွဲ ကျနေသေး၏။ ရှန်လင်းက ကျောင်းသို့ ဝင်လာတာ သိပ်မကြာသေးပေ။
ယန်ယွင်ရန်က နေရထိုင်ရ ပိုကောင်းသွားတော့သည်။ ချင်းယွင်ကောင်တီထဲတွင် သူမယန်ယွင်ရန်ထက် ပိုပြီး ရယ်မောသူမရှိ။ ယခုအချိန်တွင် ဆုဝန်က ပျော်ရွှင်နေသည်။ ကျိုးဟွေ့ကို အောင်မြင်ပြီးနောက် ဝမ်လော့ရှန်းသည် ကျူးယွမ်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ရှန်လင်းက စာသင်သားတစ်ယောက် ဖြစ်နေသေး၏။ ဝမ်လော့ရှန်းက ရာဇဝတ်တရားသူကြီး ဖြစ်မည်ဖြစ်ကာ ရှန်လင်းသည် သုံးနှစ်ကြာ ကြိုးစားပမ်းစာ ကျင့်ကြံရဦးမည်။ ထိုသုံးနှစ်အတွင်း သူမက ဆုဝန်နှင့် သေချာပေါက် ယှဉ်နိုင်လာလိမ့်မည်။
သုံးနှစ်ကြာပြီးနောက် ဆုဝန်က ကျူးယွမ်စာမေးပွဲကို အောင်မြင်ခဲ့လျှင် ဝမ်လော့ရှန်းသည် ထိုအချိန်ကျ ကျင်းရှီစာမေးပွဲကို အောင်မြင်ပြီး ဖြစ်ရမည်။ မည်သည့်နည်းနှင့်မဆို ဆုဝန်သည် သူ့ထက် သာနိုင်တော့မှာ မဟုတ်။
ရှန်လင်းက ကျောင်းတက်နေဆဲ ဖြစ်သောကြောင့် သူ၏ မိသားစုကိုလဲ ထောက်ပံ့ပေးရမည်။ ချင်းယွင်ကောင်တီထဲရှိ လေးစားခံပုဂ္ဂိုလ်တို့က ရှန်လင်းနှင့် မိတ်ဆွေ လာဖွဲ့ကြသည်။
ရှန်လင်းနှင့် ဆုဝန် နှစ်ယောက်လုံးသည် မိတ်ဆွေဖွဲ့ရန် ရောက်လာသည့်သူအားလုံးကို စိတ်အားထက်သန်စွာ တုံ့ပြန်ပြီးနောက် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ခဲ့၏။
မိတ်ဆွေဖွဲ့ရန် လာသည့် သူများထဲတွင် စီးပွားရေး၌ ကူညီပေးမည့် လုပ်ငန်းရှင် အချို့ကိုလဲ ရှန်လင်း တွေ့ခဲ့သည်။ ဤလူများသည် ယခင်က မိတ်ဆွေဖွဲ့ရန် မလွယ်ကူ။
အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွား၏။ မဂ်လာရှိသော နေ့တစ်နေ့ကို ရွေးချယ်ပြီးနောက် ရှန်လင်းနှင့် ဆုဝန်တို့ လက်ထပ်လိုက်သည်။
နှစ်ယောက်သားက ထိုခြံဝန်းထဲတွင်သာ ဆက်နေထိုင်၏။ လက်ထပ်ရန် အဆင်ပြေသည်။ သို့သော် နှစ်အိမ်နေခြင်းမှ တစ်အိမ်ထဲ ပြောင်းနေလိုက်၏။
ရှန်လင်းနှင့် ဆုဝန်တို့၌ မိတ်ဆွေများစွာ ရှိသည်။ သူတို့ မဂ်လာဆောင်သည့် နေ့၌ သူတို့ကို ဂုဏ်ပြုရန် ရောင်လာသည့်သူများက အဆုံးမရှိတော့ပေ။
ရှန်လင်းသည် အဖိုးရှန်နှင့် အဖွားရှန်ကို မဖိတ်ခဲ့ပေ။ အဖိုးရှန်တို့ လင်မယားသည် သူ့ကို မြေးအဖြစ် တစ်ခါမှ မသတ်မှတ်ခဲ့။ ရှန်လင်းကလဲ သူတို့ကို ဆွေမျိုးသားချင်းအဖြစ် မသတ်မှတ်ချင်ပေ။
မဂ်လာပွဲသို့ အဖိုးအဖွားများကို မဖိတ်သောကြောင့် ဝေဖန်ခံရလိမ့်မည်။ ထို့ကြောင့် ဆုဝန်သည် ရှန်လင်း၏အဖေကို အဖိုးရှန်နှင့် အဖွားရှန်တို့ မွေးဖွားခဲ့တာ မဟုတ်။ သူတို့နှစ်ယောက်က ရှန်လင်းအဖေနှင့် ရှန်လင်းကို အလွန် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြောင်း ဆုဝန်က ကောလာဟလ ဖြန့်ခဲ့သည်။
ဆုဝန်သည် သူ၏ဘဝကို လုပ်ကြံဇာတ်လမ်း ခင်းခဲ့တာမဟုတ်ပေ။ သို့သော် အဖိုးရှန်နှင့် အဖွားရှန်တို့သည် ရှန်လင်းတို့ သားအဖကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခဲ့သည်က အမှန်ပဲ ဖြစ်သည်။
ထိုအချိန်မှစပြီး ချင်းယွင်ကောင်တီရှိ လူတို့ကလဲ ကောက်ချက်တစ်ခု ချလိုက်၏။ စိတ်နှလုံး မည်းညစ်တဲ့အဖိုးတွေ အဖွားတွေ ရှန်လင်းက အောင်မြင်ခဲ့တော့ သူတို့ ဒေါသ ထွက်နေမှာပဲ။
အဖတ်ပြန်မဆယ်နိုင်ဘဲ အဖိုးရှန်နှင့် အဖွားရှန်တို့သည် ရှန်လင်းဆီမှာ ပိုက်ဆံတချို့ ရရန် ပြဿနာရှာချင်ခဲ့၏။ ယင်းက ချင်းယွင်ကောင်တီထဲရှိ လူတို့အား သူတို့၏ ရုပ်ဆိုးသော မျက်နှာကို အဖန်တလဲလဲ မြင်စေခဲ့သည်။ ထို့ကြောင့် မည်သူကမှ ရှန်လင်းကို စွပ်စွဲ ပြောဆိုခြင်းမရှိပေ။
ရာဇဝတ်တရားသူကြီးလုကဆို ရှန်လင်းကို ကူညီပေးပြီး ရှန်လင်းနှင့် အဖိုးရှန်၊ အဖွားရှန်တို့ကြား ဆက်ဆံရေးကို ရှင်းလင်းပေးခဲ့၏။
ဆုဝန်သည် အရှက်မရမိပေ။ အဖိုးရှန်နှင့် အဖွားရှန်တို့ကဲ့သို့ လူလိမ်လူညစ်များကို နည်းလမ်းမသုံးဘဲ ဖယ်ရှား၍ ရမှာမဟုတ်။
ယခုအချိန်၌ ရှန်လင်းသည် ချင်းယွင်ကောင်တီ၌ နာမည်ကျော်ကြားလာ၏။
သို့သော် ဆုဝန်၏ ကံကြမ္မာသည် သူမခင်ပွန်း၏ကံကို ပိတ်ဆို့ကြောင်း ကောလာဟလများ ပေါ်လာပြန်၏။ ယခင်က ရှန်လင်းက စာမေးပွဲကို အောင်မြင်ခဲ့ခြင်းမှာ ဆုဝန်နှင့် လက်မထပ်ထားသောကြောင့် ဖြစ်သည်။ ယခု ဆုဝန်နှင့် လက်ထပ်လိုက်ပြီ ဖြစ်သောကြောင့် ရှန်လင်းသည် ကျိုးဟွေ့ စာမေးပွဲ၌ မျှော်လင့်ချက် မဲ့သွားမှာ ဖြစ်၏။
ချင်ကျိုးစီရင်စုမှ လူတို့သည် ယန်ယွင်ရန်၏ ဝမ်ဖူမေဟူသော ကံကြမ္မာကို ရယ်မောမိကျပြီး သူတို့က ဝမ်ဖူမေကို လှောင်ပြောင်ကျသည်။ သို့သော် ယခုအခေါက်တွင် ကောလာဟလက ဝမ်ဖူမေ မဟုတ်ဘဲ ခယ့်ဖူ ဖြစ်၏။
ချင်ကျိုးစီရင်စုရှိ လူတချို့က မယုံသေးပေ။ ရှန်လင်း ကျောင်းသွားတက်တာ မကြာသေးပေ။ ကျိုးဟွေ့ စာမေးပွဲ၌ ကူကယ်ရာမဲ့တာ ပုံမှန်ပဲ ဖြစ်၏။ ထို့ကြောင့် ယင်းက ဆုဝန်နှင့် ဘာမှမသက်ဆိုင်။
သို့သော်ငြား မယုံကြည်မည့်အစား ယုံကြည်တာက ပိုကောင်းမည်ဟု တွေးသည့်သူများလဲ ရှိသည်။ ရှန်လင်းက ဆုဝန်ကို လက်ထပ်တာ ရွေးချယ်မှုကောင်းတစ်ခု မဟုတ်ပေ။
ရှန်လင်းသည် ကျိုးဟွေ့စာမေးပွဲကို ထည့်မတွက်ထားပေ။ သို့သော် စာမေးပွဲ မဖြေခင် အချိန်သုံးနှစ် စောင့်ရလိမ့်မည်။ ထိုသုံးနှစ်အတွင်း သူဝယ်ခဲ့သည့် အိမ်များက တန်ကြေး ပိုရှိလာလိမ့်မည်။ ကောလာဟလများက အဓိပ္ပာယ် မရှိသည့်တိုင် ရှန်လင်းက လူတို့ကို ဆုဝန်အား အကြောင်းအရင်းမရှိ သံသယ မဝင်စေချင်ပေ။
ဝမ်လော့ရှန်းက အန်းခယ့်စာမေးပွဲ ကျရှုံးခဲ့သည်။ ဝမ်မိသားစုနှင့် ရန်မိသားစုက ဝမ်းနည်းနေသော်ငြား သူတို့၌ မျှော်လင့်ချက် ရှိနေသေး၏။ ဆိုရလျှင် ကျိုးဟွေ့ စာမေးပွဲက သိပ်မလိုတော့ပေ။ ကျိုးဟွေ့ စာမေးပွဲ၌ ဝမ်လော့ရှန်းက စာမေးပွဲကို သေချာပေါက် အောင်မြင်လိမ့်မည်။
ဝမ်လော့ရှန်းပေါ် သူ့နားရှိ လူတို့၏ သဘောထားသည် အနည်းငယ် ပြောင်းလဲသွားသော်ငြား သိပ်မများပေ။ ဆိုရလျှင် မျှော်လင့်ချက် ရှိနေသေးသည်။
ရှန်လင်းနှင့် ဆုဝန်တို့သည် ဆယ်ရက်ကျော်ကြာအောင် ဧည့်သည်များကို တည်ခင်းဧည့်ခံပြီးနောက် ရှန်လင်းက ကျိုးဟွေ့ စာမေးပွဲအတွက် ပြင်ဆင်တော့မည် ဖြစ်ကြောင်း မိတ်ဆွေများကို ပြောခဲ့၏။ နောင်ကျ သူ့ဆီလာတာ အဆင်မပြေကြောင်း ဆိုခဲ့သည်။ နေ့တိုင်း ကျောင်းသွားသည်မှအပ သူသည် စာကြည့်ခန်းထဲတွင် နေပြီး စာဖတ်၏။ ပျင်းရိလာချိန်တွင် ဆုဝန်နှင့်အတူ ရေကန်ဘေး၌ လမ်းလျှောက်တတ်သည်။
ဝမ်လော့ရှန်းသည်လဲ ဧည့်သည်များကို မောင်းထုတ်ချင်သည်။ သို့မှသာ သူ စာလေ့လာနိုင်မှာ ဖြစ်၏။ သို့သော်ငြား ဝမ်လော့ရှန်းက ကျိုးဟွေ့အဖြစ် အောင်မြင်မည်ဟု သေချာပေါက် ယုံကြည်နေသည့် သူများစွာ ရှိသည်။ သူတို့က အဲ့မတိုင်မီ မျက်နှာချို သွေးထားရမည်။
ထို့ကြောင့် ဝမ်လော့ရှန်းအိမ်သို့ လာရောက် လည်ပတ်သည့်သူများစွာက ရှိနေသေး၏။ သူတစ်ခါ ငြင်းဆန်ပြီးနောက် ထိုလူက လှည့်ထွက်သွားကာ ဝမ်လော့ရှန်းက လူတို့ကို အထင်သေးသည်ဟု ဆိုခဲ့သည်။ ကျိုးဟွေ့စာမေးပွဲကို သေချာပေါက်မအောင်ဟု ပြောခဲ့သေး၏။ ဝမ်လော့ရှန်းသည် တစ်ခါ ကျရှုံးခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် ဤလူများ၏ ပြောဆိုမှုကို သည်းမခံနိုင်။ ထို့ကြောင့် သူ ထပ်မငြင်းနိုင်တော့ပေ။ ထို့ကြောင့် လူတိုင်းအမြင်တွင် ဝမ်လော့ရှန်းက အဆင့်မြင့်သွားပြီး လေးစားခံရသေး၏။
…