← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 34 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 34 Ch. 331-332

အခန်း (၃၃၁) မင်းသားလေး၏ ပျော်ပွဲစားကို နှောင့်ယှက်ခြင်း

လုံချန်းသည် ဧည့်ကြိုကောင်တာရှေ့တွင် တစ်ကြိမ် ထပ်မံရပ်တန့်လိုက်ပြီး မိန်းကလေးနှင့် စကားစမြည် ပြောဆိုလိုက်ပြန်သည်။

"မင်္ဂလာနံနက်ခင်းပါဗျာ"

"မင်္ဂလာပါရှင်။ အပြင်သွားမလို့လား" သူမက မေးသည်။

"ဟုတ်တယ်... မြို့ထဲ လျှောက်ကြည့်မလို့။ ဘယ်နေရာတွေ သွားသင့်သလဲဆိုတာ အကြံပေးပါဦး" လုံချန်းက ပြန်ဖြေသည်။

"သွားစရာတွေတော့ အများကြီးပဲရှင်။ သောက်စားမူးယစ် နန်းဆောင်ကို သွားကြည့်လို့ရပါတယ်။ အဲဒီမှာ နိုင်ငံရဲ့ အကောင်းဆုံးဝိုင်တွေကို ရောင်းတာ။ တခြားနိုင်ငံတွေက လူတွေတောင် သူတို့ဝိုင်ကို တစ်ငုံလောက် သောက်ရဖို့အတွက် သီးသန့်လာကြတာရှင့်"

"စိတ်ဝင်စားစရာပဲ။ အဲဒီကို သွားကြည့်ရမယ်။ ဒါနဲ့ အဲဒီနေရာက ဒီလောက်တောင် နာမည်ကြီးတယ်ဆိုတော့ ဘုရင်ကြီး ဒါမှမဟုတ် သူ့ရဲ့ အနီးကပ်လူတွေရော လာလေ့ရှိလား" သူက မေးလိုက်သည်။

"အချိန်တိုင်ဆိုင်ရင်တော့ သူတို့ထဲက အချို့ကို အဲဒီမှာ တွေ့နိုင်ပါတယ်ရှင်"

"ဟုတ်သားပဲ... ခုနက မင်းပြောတာ ဘုရင်ကြီးက လုပ်ကြံခံရဖူးတယ်ဆို။ အဲဒါဆို သူတို့ နန်းတော်ထဲကနေ ထွက်ရဲသေးလို့လား။ ဒီလိုအချိန်မျိုးဆို ဘုရင်ကြီး ဒါမှမဟုတ် သူ့ရဲ့ သားသမီးတွေက နန်းတော်ထဲမှာပဲ အောင်းနေကြမှာ မဟုတ်ဘူးလား" လုံချန်းက ဟန်မပျက် စပ်စုလိုက်သည်။

"ဟင်း... လူကြီးမင်း ထင်သလို ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ ဒီမှာက အခြေအနေတွေက တခြားစီပဲ။ ဘုရင်ကြီးမှာ သားတော် ၂ ပါးပဲ ရှိတယ်။ အိမ်ရှေ့မင်းသားကတော့ ပိုပြီး အမျှော်အမြင်ရှိတော့ အပြင်မှာ တွေ့ရခဲပါတယ်။ ဒါပေမဲ့ မင်းသားငယ်လေးကတော့..." သူမက ဤနေရာတွင် စကားကို ဖြတ်လိုက်ပြီး ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည်။

အနီးအနားတွင် မည်သူမျှ မရှိသည်ကို တွေ့မှ သူမက ဆက်ပြောသည်။

"ဘုရင့်ရဲ့ ဒုတိယသားတော်က လူမိုက်လေးတစ်ယောက်လိုပဲ။ သူက တစ်နေ့တာရဲ့ အချိန်အတော်များများကို အေးရိပ်သာ ထဲမှာပဲ ကုန်ဆုံးတာ။ အဲဒီနေရာက နာမည်ကတော့ ယဉ်ကျေးသလိုလိုနဲ့ တကယ်တမ်းကျတော့ ဆောင်ကြာမြိုင်ပဲရှင့်။ အဲဒါကို ကြည့်ရင် ဒုတိယမင်းသားရဲ့ စရိုက်ကို သိနိုင်ပါတယ်" သူမက ဆိုသည်။

"ဪ... သိရတာ ဝမ်းသာပါတယ်။ ဘုရင်ကြီးက သူ့သားကို မတားဘူးလား။ ဘာလို့ ဆောင်ကြာမြိုင်ကို သွားတာကို လွှတ်ထားရတာလဲ"

"ကျွန်မ ထင်တာတော့ ဘုရင်ကြီးက သူ့ရဲ့ သားငယ်ကို လက်လျှော့လိုက်ပြီ ထင်တယ်။ အိမ်ရှေ့မင်းသားက တော်နေတော့ သားငယ်ကို ဂရုမစိုက်တော့တာ။ သူ့ကို ချစ်သေးတာတော့ မှန်ပေမဲ့ ဒုတိယမင်းသားကို မလေးစားတဲ့သူတွေကိုတော့ အပြစ်ပေးတတ်တယ်။ ဒါပေမဲ့ သူ့အပေါ်မှာတော့ မျှော်လင့်ချက် သိပ်မထားတော့ဘူး ထင်ပါတယ်" သူမက အဆုံးသတ်လိုက်သည်။

"ဟုတ်ပါပြီ။ ဒါဆို အခုလည်း ဒုတိယမင်းသားက အဲဒီရိပ်သာထဲမှာ ရှိနေမှာပေါ့နော်"

"မရှိရင်မှ ထူးဆန်းဦးမယ်ရှင်" မိန်းကလေးက လုံချန်း၏ မေးခွန်းကြောင့် တခိခိ ရယ်မောလိုက်သည်။

"အကုန်လုံး ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားတော့မယ်။ သောက်စားမူးယစ် နန်းဆောင်ကိုလည်း သွားကြည့်ရဦးမယ်" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

သူသည် ဟိုတယ်ထဲမှ ထွက်လာခဲ့သည်။

'ဒါဆို ငါ အေးရိပ်သာကို သွားရမယ်ပေါ့။ တစ်ယောက်ယောက်ကို လမ်းမေးကြည့်ရမယ်' မြို့လမ်းမပေါ်တွင် လျှောက်ရင်း သူ တွေးနေမိသည်။

သူသည် ဧည့်ကြိုမလေးအား အေးရိပ်သာလမ်းကို မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမက သူ့ကို သံသယဝင်သွားမည် စိုးသောကြောင့် ဖြစ်သည်။ သူသည် တော်ဝင်မိသားစုအကြောင်းကို ဘာမှမသိသလိုနှင့် အများကြီး မေးမြန်းထားပြီးနောက် သိသိချင်း အေးရိပ်သာသို့ သွားခြင်းမှာ သိသာလွန်းနေမည် ဖြစ်သည်။

သူ လမ်းလျှောက်နေစဉ် အသက် ၆၀ ခန့်ရှိပြီး ဆံပင်ဖြူနေသော အမျိုးသားတစ်ဦး သူ့ဆီသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသဖြင့် လုံချန်းက သူ့ကို တားလိုက်သည်။

"တစ်ဆိတ်လောက်ဗျာ။ အေးရိပ်သာကို ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးလို့ ရမလား"

"အို... မင်းကလည်း ငါတို့လို အနုပညာကို ခံစားတတ်တဲ့ အမျိုးသားတစ်ယောက်ပဲကိုး။ သိပြီ သိပြီ" ထိုအဖိုးကြီးက လုံချန်းကို ကြည့်ကာ ဖြဲခြောက်ခြောက် အပြုံးဖြင့် ဆိုသည်။

"ဒီလမ်းအတိုင်း တည့်တည့်သွား။ လမ်းဆုံရောက်ရင် ဘယ်ဘက်ကို ချိုးလိုက်။ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် မင်းရဲ့ ဘယ်ဘက်ခြမ်းမှာ အေးရိပ်သာ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့လိမ့်မယ်။ အဲဒီဆိုင်းဘုတ်ရဲ့ အနောက်က အဆောက်အအုံက အေးရိပ်သာပဲ" ထိုလူက ရှင်းပြသည်။ သူ စကားပြောနေစဉ် တစ်လျှောက်လုံး ပြုံးဖြဲဖြဲ လုပ်နေခဲ့သည်။

"ကျေးဇူးပါ" လုံချန်းက ပြောပြီး ဆက်လက် ထွက်ခွာခဲ့သည်။

"ဟင်း... ငါ အဲဒီကို မရောက်တာ တော်တော်ကြာပြီပဲ။ အချိန်ရရင် တစ်ခေါက်လောက် ပြန်သွားဦးမှ" အဖိုးကြီးက တိုးတိုးရေရွတ်ရင်း ထွက်သွားလေသည်။

လုံချန်းသည် အဖိုးကြီး လမ်းညွှန်သည့်အတိုင်း လိုက်သွားခဲ့ရာ နာရီဝက်ခန့်အကြာတွင် အေးရိပ်သာ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အဝင်ဝတွင် ကျင့်ကြံသူဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ဦး ရပ်နေသည်ကို သူ မြင်လိုက်ရသည်။

"သူတို့က အစောင့်တွေ ဖြစ်ရမယ်" လုံချန်းက ရေရွတ်ရင်း အဝင်ဝသို့ လမ်းလျှောက်သွားသည်။

"အဲဒီမှာတင် ရပ်လိုက်စမ်း။ ငါတို့ မင်းသားလေး အထဲမှာ ရှိနေတယ်။ မင်း ဝင်လို့မရဘူး" အစောင့်တစ်ဦးက လုံချန်းကို တားဆီးကာ ပြောလိုက်သည်။

"အာ... အထဲမှာ မိန်းကလေး တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ မင်းတို့ မင်းသားက အကုန်လုံးကို လက်ဝါးကြီးအုပ်ထားတာလား" လုံချန်းက ခပ်အေးအေးပင် ဆိုလိုက်သည်။

"ဒီနိုင်ငံမှာရှိတဲ့ အရာအားလုံးက ငါတို့မင်းသားပိုင်တာပဲ။ မေးခွန်းထုတ်ရအောင် မင်းက ဘာကောင်မို့လို့လဲ။ အခုချက်ချင်း ပြန်လှည့်သွားစမ်း၊ မဟုတ်ရင် မင်းရဲ့ အရိုးတွေကို ချိုးပစ်မယ်" သူတို့က လုံချန်းကို ပြန်အော်သည်။

"ဟင်း... မင်းတို့က ဒီလိုပဲ လုပ်တော့မှာလား။ မင်းတို့လည်း မင်းတို့အလုပ်ကို လုပ်နေတာမှန်း ငါ သိပါတယ်။ ဒါပေမဲ့ ငါလည်း အခြေအနေအရ လုပ်ရတော့မှာပဲ။ အချိန်တွေ အပိုမဖြုန်းချင်တာကြောင့် မင်းတို့ကြောင့် ငါ နည်းနည်း စိတ်တိုလာပြီ။ တကယ်လို့ မင်းတို့ ဖယ်မပေးဘူးဆိုရင်တော့ ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် မင်းတို့ကို တုံ့ပြန်ရလိမ့်မယ်" လုံချန်းက ပြောလိုက်သည်။

သူသည် သူ၏ နှလုံးသားမိစ္ဆာ နိုးထလာပြီးနောက်ပိုင်း သူ၏ဆန္ဒကို ဆန့်ကျင်ခဲ့စဉ်က ခံစားခဲ့ရသော နာကျင်မှုအား မှတ်မိနေဆဲ ဖြစ်သည်။

သူသည် အစောင့်များကို သတ်ပစ်လောက်သည်အထိ စိတ်မဆိုးသေးသော်လည်း သူတို့၏ အမူအရာကိုတော့ လုံးဝ သဘောမကျပေ။ သူ၏ နှလုံးသားမိစ္ဆာကြောင့် သူသည် သနားညှာတာမည့်သူ မဟုတ်သော်လည်း အသေးအဖွဲကိစ္စလေးအတွက်တော့ သူတို့အား မသတ်ချင်သေးပေ။

"ငါ အထဲကို ဝင်ပါရစေ။ မင်းသားလေးရဲ့ အနားယူမှုကို မနှောင့်ယှက်ပါဘူး" သူက အခြေအနေကို ထိန်းသိမ်းရန် ထပ်မံပြောဆိုလိုက်သည်။

"ဟေ့ကောင်၊ မင်း လူစကား နားမလည်ဘူးလား။ မင်းအမေက မင်းကို ဘာမှ မသင်ပေးဘူးလား" အစောင့်က လုံချန်းကို ဆဲဆိုလိုက်သည်။

"သူ့အမေကို အဲဒီလို သွားမပြောပါနဲ့ကွာ။ သူ့အမေကလည်း သူလိုပဲ ဉာဏ်မမီတဲ့သူ ဖြစ်မှာပါ" ဒုတိယအစောင့်က ရယ်မောရင်း ပြောသည်။

သူ၏ ရယ်သံမှာ ပဲ့တင်ထပ်နေဆဲမှာပင် တောက်ပသော အလင်းတန်းတစ်တန်း ဖြတ်ခနဲ ပေါ်လာပြီး သူ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သူသည် သူ၏ မျက်နှာပေါ်မှ ပျော်ရွှင်နေသော အမူအရာကို မဖျက်နိုင်ခင်မှာပင် သေဆုံးသွားခဲ့ရသည်။

ပထမအစောင့်မှာ တုန်လှုပ်ချောက်ချားသွားပြီး မျက်လုံးများ ပြူးထွက်သွားသည်။ ဘာဖြစ်သွားမှန်း သူ မမြင်လိုက်ရဘဲ သူ၏ အဖော်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။

သူသည် သူ၏ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း သူ၏လက်က ဓားရိုးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခေါင်းမှာလည်း ခန္ဓာကိုယ်နှင့် တသီးတခြားစီ ဖြစ်သွားခဲ့သည်။

လုံချန်း၏ လက်ထဲရှိ ချီဓားမှာ အလုပ်ပြီးသွားသဖြင့် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ အစောင့်နှစ်ဦးစလုံးမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သေဆုံးသွားခဲ့ကြသည်။

လုံချန်းသည် အလောင်းများကို အပြင်မှာ ထားခဲ့၍ မရသဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ သူသည် တံခါးကို တွန်းဖွင့်ကာ အေးရိပ်သာထဲသို့ ဝင်ခဲ့သည်။

သူ ရောက်ရောက်ချင်း မြင်လိုက်ရသည်မှာ ခန်းမကြီးတစ်ခန်း ဖြစ်သည်။ ခန်းမမှာ ယခုအချိန်တွင် လုံးဝ ဟောင်းလောင်းဖြစ်နေသည်။ သူသည် ဝိညာဉ်အာရုံကို အသုံးပြုကာ ထိုနေရာတစ်ခုလုံးအား ရှာဖွေလိုက်သည်။ ထိုအခါ အနီးရှိ အခန်းတစ်ခန်းတွင် အမျိုးသားတစ်ဦး ခုတင်ပေါ်တွင် လှဲနေသည်ကို တွေ့လိုက်ရသည်။

ထိုခုတင်ပေါ်တွင် အမျိုးသမီး ၈ ဦးခန့်ရှိပြီး သူ့ကို ပြုစုယုယ နေကြသည်။ အခြားအခန်းများတွင်လည်း အမျိုးသမီး အချို့ရှိသော်လည်း သူတို့က အချင်းချင်း စကားပြောနေကြခြင်းသာ ဖြစ်သည်။ ထိုမင်းသားမှလွဲ၍ အခြား မည်သည့် အမျိုးသားကိုမျှ ထိုနေရာတွင် မတွေ့ရပေ။

လုံချန်းသည် မင်းသားရှိရာ ညာဘက်အခန်းသို့ လမ်းလျှောက်သွားခဲ့သည်။ တံခါးမှာ ပိတ်မထားသဖြင့် သူ အလွယ်တကူပင် တွန်းဖွင့်လိုက်သည်။ တံခါးပွင့်သံကို မင်းသားက ကြားလိုက်ရသည်။

"ဟေ့... ဝေ့ယုကို ငါ ပြောထားတယ် မဟုတ်လား။ ဒီနေ့အတွက် မိန်းကလေး ထပ်မလိုတော့ဘူးလို့" မည်သူဝင်လာသည်ကိုပင် မကြည့်ဘဲ အော်ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါက မိန်းကလေး မဟုတ်ဘူး" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

အဝတ်အစား မပါသော မိန်းကလေးများမှာ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် လန့်ဖျန့်ကာ လှည့်ကြည့်လိုက်ကြသည်။

"မင်းက ဘယ်သူလဲ။ ငါ မင်းကို ကွပ်မျက်ဖို့ အမိန့်မပေးခင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း" မင်းသားက မျက်နှာပျက်ပျက်ဖြင့် အော်ဟစ်လိုက်လေတော့သည်။

အခန်း (၃၃၂) နှလုံးစားပိုးကောင်၏ စွမ်းပကား

"ကဲ... မိန်းကလေးတို့၊ တစ်ချက်လောက် အပြင်ထွက်ပေးကြပါဦး။ မင်းသားနဲ့ ငါနဲ့က သူငယ်ချင်းတွေမို့ သီးသန့်စကားပြောစရာ ရှိလို့ပါ" လုံချန်းသည် မင်းသား၏ အော်ဟစ်မှုကို လျစ်လျူရှုကာ အမျိုးသမီးများကို ပြောလိုက်သည်။

အမျိုးသမီးများသည် ခဏမျှ တွေဝေသွားပြီးနောက် အခန်းထဲမှ ထွက်ခွာသွားကြသည်။ သူတို့သည် အဝတ်အစားများကိုပင် ပြန်မဝတ်နိုင်ဘဲ ထွက်သွားကြခြင်း ဖြစ်သည်။

သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လုံချန်းသည် တံခါးကို ချက်ချင်း ဂျောက်ခနဲ ပိတ်လိုက်သည်။

"မင်းက ဘယ်သူလဲဆိုတာ အခုချက်ချင်း မပြောရင် မင်းရဲ့ ခြေလက်တွေကို ငါ့လက်နဲ့ကိုယ်တိုင် ဖြတ်ပစ်မယ်လို့ ငါ ကျိန်ဆိုတယ်" မင်းသားသည် ခုတင်ပေါ်တွင် မတ်တတ်ရပ်ကာ မာန်ဝံ့သော အမူအရာဖြင့် လုံချန်းကို ခြိမ်းခြောက်လိုက်သည်။

"စကားမပြောခင် အဝတ်အစားလေး ဘာလေး အရင်ဝတ်ပါဦးလား။ မင်းရဲ့ အသေးအဖွဲလေးကို ငါက စိတ်ဝင်တစား ကြည့်နေမှာ မဟုတ်ဘူး" လုံချန်းက ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။

"ဟွန်း... ငါ့ကို အမိန့်ပေးရအောင် မင်းက ဘာကောင်မို့လို့လဲ။ ပြောစရာရှိတာ ပြောစမ်း။ ကြိုပြောထားမယ်... မင်းပြောတာကို ငါ သဘောမကျရင်တော့ မင်း အသက်ပျောက်သွားမယ်သာ မှတ်" မင်းသားက ဆိုသည်။

"ဟင်း... မင်းက တကယ့်ကို အမျိုးသားတွေရှေ့မှာ ကိုယ်လုံးတီးပြရတာ ဝါသနာပါတာပဲ" လုံချန်းက ခါးသီးသော အပြုံးဖြင့် ဆိုကာ ခုတင်ဆီသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။

"ငါ မင်းကို ပြောပြမယ်။ ငါ ဒီကိုလာတာ မင်းနဲ့ ကိစ္စတစ်ခု ပြောဖို့ပဲ။ မင်းရဲ့ အနာဂတ်က ဒီအပေါ်မှာ မူတည်နေတယ်။ ငါပြောတာကို နားထောင်ရင် မင်း ဘုရင်တောင် ဖြစ်လာနိုင်တယ်" လုံချန်းက ချော့မော့သော လေသံဖြင့် ဆိုရင်း ပို၍ နီးကပ်လာသည်။

မင်းသားသည် လုံချန်း၏ စကားထဲတွင် အာရုံရောက်နေသဖြင့် လုံချန်း မည်မျှအထိ နီးကပ်လာသည်ကို သတိမပြုမိလိုက်ပေ။ သူ သတိထားမိချိန်တွင် လုံချန်းမှာ သူနှင့် တစ်မီတာအကွာသို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူ နောက်သို့ ဆုတ်ရန် မပြင်နိုင်မီမှာပင် လုံချန်းက သူ၏လည်ပင်းကို လှမ်းဖမ်းကာ ခုတင်ပေါ်သို့ ဆောင့်ချလိုက်သည်။ မွေ့ရာမှာ ပျော့ပျောင်းသဖြင့် မင်းသားမှာ ဒဏ်ရာသိပ်မရသော်လည်း ခုတင်ကြီးမှာမူ အစိပ်စိပ်အမြွှာမြွှာ ကျိုးပဲ့သွားခဲ့သည်။

"မင်း... မင်းက ဘယ်သူလဲ။ မင်းက လုပ်ရဲတယ်ပေါ့! ငါ တစ်ခုခုဖြစ်ရင် မင်းလည်း သေမှာနော်" မင်းသားက ရုန်းကန်ရင်း အော်ဟစ်သည်။

"စိတ်မကောင်းပါဘူး မင်းသားလေးရာ။ ဒါက ငါ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေလို့ပါ။ ခဏလောက်တော့ အောင့်ခံလိုက်ပါဦး" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

သူသည် သိုလှောင်လက်စွပ်ထဲမှ ပိုးဖလံကို ထုတ်လိုက်သည်။ ပိုးဖလံမှာ ခေါင်းလောင်းပိုးကောင်နှင့် တူသော သူ ယဉ်ပါးအောင် မွေးမြူထားသည့် သားရဲလေး ဖြစ်သည်။ သို့သော် ၎င်း၏ အမည်ရင်းမှာမူ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှသည်။ ပိုးဖလံသည် လူ၏ နှလုံးသားထဲတွင် ရှင်သန်နေထိုင်နိုင်သော နှလုံးစားပိုးကောင် ဖြစ်သည်။

ဤပိုးကောင်သည် လူတစ်ဦး၏ နှလုံးသားထဲသို့ ဝင်ရောက်သွားပြီဆိုလျှင် ၎င်းကို ပြန်ထုတ်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှသည်။ ထို့ပြင် ပိုင်ရှင်၏ စိတ်အာရုံ စေခိုင်းမှု တစ်ခုတည်းဖြင့်ပင် ထိုလူကို သေစေနိုင်သည်။

လုံချန်းသည် မင်းသား၏ လက်နှစ်ဖက်ကို ဖိထားပြီး ပိုးဖလံကို သူ၏ ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်သည်။

တစ်မိနစ်မပြည့်မီမှာပင် ပိုးဖလံသည် မင်းသား၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့သည်။ ခဏအကြာတွင်မူ ၎င်းမှာ ဒုတိယမင်းသား၏ နှလုံးသားထဲသို့ အောင်မြင်စွာ ရောက်ရှိသွားလေပြီ။

အလုပ်ပြီးသွားသောအခါ လုံချန်းသည် မင်းသားကို လွှတ်ပေးလိုက်သည်။

"မင်း... မင်း ငါ့ကိုယ်ထဲကို ဘာတွေ ထည့်လိုက်တာလဲ။ အခုချက်ချင်း ပြန်ထုတ်ပေးစမ်း" ဒုတိယမင်းသားက ထိတ်လန့်တကြား အော်ဟစ်သည်။

"စိတ်အေးအေးထားပါ ဒုတိယမင်းသား။ မင်း ငါပြောတာကို နားထောင်သရွေ့ အဲဒါက မင်းကို ဘာမှ အန္တရာယ်မပြုပါဘူး။ တကယ်လို့ နားမထောင်ရင်တော့ အခြေအနေက တခြားစီ ဖြစ်သွားမှာပေါ့" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

"မင်းကိုယ်ထဲ ဝင်သွားတာက နှလုံးစားပိုးကောင်ပဲ။ ဒါက အလွန်ရှားပါးတဲ့ သားရဲတစ်မျိုးမို့ စာအုပ်တွေထဲမှာ ရှာကြည့်ရင် တွေ့ပါလိမ့်မယ်။ အလွယ်ပြောရရင် အဲဒီပိုးကောင်က မင်းရဲ့ နှလုံးသားထဲ ရောက်နေပြီ။ ငါ အမိန့်မပေးသရွေ့ သူ ပြန်ထွက်လာမှာ မဟုတ်ဘူး"

"ဒါ့အပြင် ငါ့ရဲ့ စိတ်ကူးတစ်ချက်တည်းနဲ့တင် မင်းကို သေအောင် လုပ်လို့ရတယ်။ အစမ်းကြည့်ချင်လား" လုံချန်းက ခနဲ့သော အပြုံးဖြင့် မေးလိုက်သည်။

လုံချန်းက လက်ဖျားနှင့်ပင် မတို့သော်လည်း ဒုတိယမင်းသားမှာ သူ၏ နှလုံးသားတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် ရင်ဘတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခုတင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာ အော်ဟစ်ငိုယိုလေတော့သည်။

"မြင်ပြီလား၊ ဒါက အစပဲ ရှိသေးတာ။ ငါပြောတာကို နားမထောင်ရင် မင်းရဲ့ သေခြင်းတရားက ဒီထက်မက ပိုပြီး နာကျင်ရလိမ့်မယ်" လုံချန်းက ဆိုသည်။

"ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ။ ငါ့ကို ဘာလုပ်ခိုင်းချင်လို့လဲ" မင်းသားက အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ချွေးများပြန်ကာ မေးလိုက်သည်။

"မင်းဆီက အကူအညီ နည်းနည်း လိုချင်လို့ပါ။ အဲဒါကြောင့် ဒီနည်းလမ်းကို သုံးရတာ။ ကဲ... ငါ့အကြောင်းကို နည်းနည်း ပြောပြရရင် " လုံချန်းက စကားကို ဆက်လိုက်သည်။

"ငါက သူခိုးတစ်ယောက်ပဲ။ ဒီလောကမှာ အကြီးကျယ်ဆုံး သူခိုး ဖြစ်ချင်တာ။ အဲဒါကြောင့် မင်းအဖေရဲ့ ဘဏ္ဍာတိုက်ထဲမှာ ရှိနေတဲ့ ကောင်းကင်အုပ်စိုးရှင်ကို ငါ ခိုးချင်တယ်။ အဲဒီအတွက် မင်းရဲ့ အကူအညီ လိုတယ်။ အဲဒီလက်နက်ကို ငါ ရတာနဲ့ မင်းကို ချက်ချင်း ပြန်လွတ်ပေးမယ်" သူက ဆိုသည်။

"ငါက ဘယ်လို ကူညီရမှာလဲ။ ငါ့အဖေနဲ့ ငါ့အစ်ကိုကြီးရဲ့ လက်ဝါးရာနဲ့မှ ဘဏ္ဍာတိုက်က ပွင့်တာလေ။ ငါ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး" ဒုတိယမင်းသားက ငြင်းလိုက်သည်။

"ဪ... မင်းအစ်ကိုရဲ့ လက်ဝါးရာနဲ့လည်း ပွင့်တာပေါ့။ မင်းအဖေကတော့ တုံးမနေဘူးပဲ။ ဘုရင်တစ်ပါးဆိုတာ စစ်ဖြစ်တာမျိုး၊ သေတာမျိုး ဖြစ်နိုင်တော့ သူတစ်ယောက်တည်းရဲ့ လက်ဝါးရာကိုပဲ ထားခဲ့မှာ မဟုတ်ဘူးပေါ့" လုံချန်းက တိုးတိုးရေရွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ်... မင်း ဒါကို လုပ်နိုင်ပါတယ်။ မင်းအဖေ ဒါမှမဟုတ် မင်းအစ်ကိုကို တစ်နည်းနည်းနဲ့ အသုံးချပြီး ဘဏ္ဍာတိုက်ကို ဖွင့်ခိုင်းပါ။ ပြီးရင် အဲဒီလက်နက်ကို ငါ့အတွက် ခိုးပေးရုံပဲ။ မင်း အသက်ရှင်ချင်တယ်ဆိုရင်တော့ အဲဒါကို ရအောင်လုပ်မယ့် နည်းလမ်းကို မင်းကိုယ်တိုင် စဉ်းစားပါ။ ဒီက ထွက်သွားတာနဲ့ နန်းတော်ကို တန်းတန်းမတ်မတ် ပြန်ပြီး အလုပ်စလုပ်ပေတော့"

"ဒါ့အပြင် တစ်ခုခုကို လျှောက်ပြောဖို့ မစဉ်းစားနဲ့။ နှလုံးစား ပိုးကောင်ကတစ်ဆင့် မင်းပြောသမျှကို ငါ ကြားနေရတယ်။ တစ်ခုခု သံသယဖြစ်စရာ တွေ့တာနဲ့ မင်းကို ငါ ချက်ချင်း သတ်မယ်။ မင်းကတော့ မင်းအတွက် ဘယ်အရာက ပိုကောင်းမလဲဆိုတာ သိလောက်အောင် ထက်မြက်ပါတယ်နော်"

"ငါ... ကောင်းပါပြီ။ ငါ တစ်ခုခု စဉ်းစားလိုက်ပါ့မယ်။ ငါ့ကို အချိန်ပေးပါ" ဒုတိယမင်းသားက ဆိုသည်။

"အချိန်ကတော့ မင်းကြိုက်သလောက် ယူပါ။ ဒါပေမဲ့ ၇ ရက်အတွင်းတော့ ကောင်းကင်အုပ်စိုးရှင်ကို ငါ့ဆီ အရောက်ယူလာပေးရမယ်။ တကယ်လို့ မအောင်မြင်ရင်တော့ ဘာဖြစ်မလဲဆိုတာ ငါ ထပ်ပြီး ရှင်းပြနေစရာ မလိုတော့ဘူး ထင်တယ်" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။

ဒုတိယမင်းသားသည် ယနေ့ ဤနေရာသို့ လာမိခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် ကျိန်ဆဲရင်း မျက်ရည်များ ဝဲလာခဲ့သည်။ သူသာ ဒီနေ့ မလာခဲ့လျှင် ဤကဲ့သို့ ကြောက်စရာကောင်းသော တည်ရှိမှုနှင့် တွေ့ဆုံရလိမ့်မည် မဟုတ်ပေ။

"ငါ အခု သွားတော့မယ်။ ဘယ်သူ မေးမေး ငါက မင်းရဲ့ သူငယ်ချင်းလို့ပဲ ပြောလိုက်။ ဒါနဲ့... အပြင်မှာ ရှိနေတဲ့ မင်းရဲ့ အစောင့်တွေကိုတော့ ငါ မှားပြီး သတ်မိသွားတယ်။ အလောင်းတွေကိုတော့ ငါ သိမ်းလိုက်ပြီ၊ ကျန်တာကိုတော့ မင်းပဲ စီစဉ်လိုက်တော့" လုံချန်းက သူ့ကို ကြည့်ကာ ဆိုလိုက်သည်။

"မှားပြီးတော့... သတ်မိသွားတယ် ဟုတ်လား" ဒုတိယမင်းသားက ငိုမဲ့မဲ့မျက်နှာဖြင့် ရေရွတ်လိုက်သည်။

"မင်း အားလုံးကို အဆင်ပြေအောင် လုပ်နိုင်မှာ မဟုတ်လား" လုံချန်းက မေးသည်။

"အေးပါ... ငါ လုပ်လိုက်ပါ့မယ်။ မင်း သွားလို့ရပါပြီ"

"လိမ္မာတယ်" လုံချန်းက ပြုံး၍ တံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။ မင်းသားငယ်လေးသည်လည်း ထိုနေရာတွင် ဆက်မနေလိုတော့သဖြင့် နန်းတော်သို့ ချက်ချင်း ပြန်သွားလေတော့သည်။

လုံချန်းသည် မြို့ထဲသို့ တစ်ကျော့ပြန် လမ်းလျှောက်လာခဲ့သည်။ သူသည် လမ်းသွားလမ်းလာ တစ်ဦးကို မေးမြန်းကာ သောက်စားမူးယစ် နန်းဆောင်ဆီသို့ ဦးတည်လိုက်သည်။ ဧည့်ကြိုမလေးက ချီးမွမ်းပြောဆိုထားသဖြင့် ထိုနေရာရှိ ဝိုင်များကို မြည်းစမ်းကြည့်ရန် သူ တကယ်ကို စိတ်အားထက်သန်နေမိသည်။

ရှုပ်ထွေးလှသော လမ်းညွှန်မှုများကို လိုက်နာပြီးနောက် ဆောင်ကြာမြိုင်မှ မိနစ် ၃၀ ခန့် လမ်းလျှောက်ခဲ့ရပြီးမှ သောက်စား မူးယစ် နန်းဆောင်သို့ သူ ရောက်ရှိသွားလေတော့သည်။

All Chapters