← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 35 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 35 Ch. 347-348

အခန်း (၃၄၇) - သွေးအဆီအနှစ်

"ဒါက တကယ့်ပြဿနာပဲ။ လုံချန်းက မိစ္ဆာအဆင့်မှာ ပိုမြင့်နေပြီး မုကျိန်းက ခွန်အားအဆင့်မှာ ပိုမြင့်နေတယ်။ သူတို့နှစ်ယောက်လုံးက ဂိုဏ်းရဲ့ ထူးချွန်တဲ့ တပည့်တွေပဲ"

"ကောင်းပါပြီ။ နင်တို့အားလုံးက ဂိုဏ်းရဲ့အကျိုးနဲ့ သူတို့ရဲ့ ဘေးကင်းရေးကို ဒီလောက်တောင် စိုးရိမ်နေကြမှတော့ ငါ့မှာ တခြားအကြံပြုချက်တစ်ခု ရှိတယ်" ဂိုဏ်းချုပ်က ဆိုလိုက်သည်။

"လန်ကျင်း ပြောသလိုပဲ လုံချန်းက ငါ့တပည့်ကို အနိုင်ယူနိုင်လောက်အောင် သန်မာတယ်ဆိုရင် သူတို့ကို ခွန်အားအဆင့် စမ်းသပ်မှုကို နောက်တစ်ကြိမ် ပြန်ဖြေခိုင်းလိုက်မယ်။ ဘယ်သူက အဆင့်ပိုမြင့်မလဲ၊ အဲဒီလူကပဲ အဖွဲ့ခေါင်းဆောင် ဖြစ်ရမယ်" ဂိုဏ်းချုပ်က ဆက်ပြောသည်။

"အင်း... ဒါက ကောင်းတဲ့ အကြံပြုချက်ပဲ။ ဒီလိုဆိုရင် ပိုပြီးတော့ ဘေးကင်းတာပေါ့။ လန်ကျင်းအနေနဲ့ သူ့တပည့်က မုကျိန်းကို မနိုင်နိုင်ဘူးလို့ မတွေးထားရင်တော့ ဒါဟာ အကောင်းဆုံးနည်းလမ်းပဲ" မဟာအကြီးအကဲ ချူးက အတည်ပြုပြောဆိုသည်။

"ကျွန်တော် သဘောတူပါတယ်" လန်ကျင်း က အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ ပြောလိုက်သည်။

"ကောင်းပြီ။ သူတို့နှစ်ယောက်လုံး နောက်လာမယ့် ၇ ရက်အတွင်း သူတို့အဆင်ပြေတဲ့အချိန်မှာ ခွန်အားအဆင့်စမ်းသပ်မှုကို ဖြေဆိုနိုင်တယ်။ ၇ ရက်မြောက်နေ့ရဲ့ အဆုံးမှာ အဆင့်ပိုမြင့်တဲ့သူက အဖွဲ့ခေါင်းဆောင် ဖြစ်လိမ့်မယ်" ဂိုဏ်းချုပ်က ကြေညာလိုက်သည်။ "ကဲ... ဒီနေ့အတွက် အစည်းအဝေးကို ဒီမှာပဲ ရပ်နားမယ်" ထိုသို့ ပြောကာ သူမသည် ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။ အခြားသူများလည်း အသီးသီး ထွက်ခွာသွားကြတော့သည်။

'လန်ကျင်းသာ သူတို့နှစ်ယောက်ကို တိုက်ခိုက်ခိုင်းမယ့် ငါ့အဆိုပြုချက်ကို လက်ခံခဲ့ရင် ပိုကောင်းမှာ။ ဒါဆိုရင် မုကျိန်းက ဘာပြဿနာမှမရှိဘဲ သူ့ရဲ့ သွေးကြွေးကို ဆပ်နိုင်မှာလေ။ ဒါပေမဲ့ မစိုးရိမ်ပါဘူး၊ သူ အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးမှလည်း ဒါကို လုပ်လို့ရတာပဲ'

'သူနဲ့ လုံချန်းက တစ်ဖွဲ့တည်း ဖြစ်နေမှာဆိုတော့ အခွင့်အရေးတွေ အများကြီး ရှိမှာပါ' ဂိုဏ်းချုပ်က ရေရွတ်ရင်း မုကျိန်း လေ့ကျင့်နေသည့် ခန်းမဆီသို့ လျှောက်လှမ်းသွားသည်။

သူမ ခန်းမထဲသို့ ဝင်သွားသောအခါ သွေးကန်ထဲတွင် ရေချိုးနေသော မုကျိန်း ကို တွေ့လိုက်ရသည်။ သူသည် သူ၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေရန် သွေးအဆီအနှစ်များကို စုပ်ယူနေခြင်း ဖြစ်သည်။

"အားလုံး အဆင်ပြေရဲ့လား" ဂိုဏ်းချုပ်က မုကျိန်း ကို ပြုံးလျက် မေးလိုက်သည်။

"အားလုံး အဆင်ပြေပါတယ် ဆရာ။ ကျွန်တော် အဆင့်တက်သွားပြီဖြစ်သလို ခန္ဓာကိုယ်ကလည်း ပိုသန်မာလာပါပြီ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတစ်ခုတည်းနဲ့တင် ရွှေအဆင့် လက်နက်တစ်လက်ကို ယှဉ်နိုင်ရမယ်" သူက ပြုံးလျက် ပြန်ဖြေသည်။

"လုံချန်း ဂိုဏ်းကို ပြန်ရောက်နေပြီ။ ဒါပေမဲ့ နင် သူ့ကို ဂိုဏ်းထဲမှာ သတ်လို့မရဘူး။ နောက်မှ သူနဲ့အတူ ဂိုဏ်းကနေ ထွက်သွားတဲ့အချိန်ကျမှပဲ သတ်လို့ရမယ်" သူမက ဆိုသည်။

"ရပါတယ် ဆရာ။ သူ ဘယ်နေရာမှာ သေမလဲဆိုတာ အရေးမကြီးပါဘူး။ သူ ကျွန်တော့်အပေါ် လုပ်ခဲ့တာတွေအတွက် သူ ကျွန်တော့်လက်နဲ့ မလွဲမသွေ သေရမှာပါ။ နောက်ပြီး ကျွန်တော့်ရဲ့ စွမ်းရည်ကလည်း တိုးတက်လာပြီ။ သူ့ရဲ့ သိုင်းဝိညာဉ်ကို ဖျက်ဆီးပစ်ပြီး ကျွန်တော်ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို ပြန်ပေးရမယ်" မုကျိန်း က ဆိုသည်။

"ကောင်းပြီ... နောက်ထပ် တစ်ခုရှိသေးတယ်။ နင် ခွန်အားအဆင့် စမ်းသပ်မှုကို နောက်တစ်ကြိမ် ပြန်ဖြေရမယ်။ လုံချန်းလည်း ဖြေလိမ့်မယ်။ အဆင့်ပိုမြင့်တဲ့သူက တာဝန်သွားတဲ့အခါ အဖွဲ့ခေါင်းဆောင် ဖြစ်မယ်။ နင် အကောင်းဆုံး ကြိုးစားပါ။ လုံချန်းနဲ့ နင့်ကြားက ကွာခြားချက်ကို ဂိုဏ်းတစ်ခုလုံး မြင်အောင်ပြလိုက်စမ်း" သူမက မှာကြားသည်။

"ပြမှာပါ ဆရာ။ သူက ကျွန်တော့်ကို ယုတ်မာတဲ့နည်းလမ်းနဲ့ မတိုက်ခိုက်ခင်ကတည်းက အားနည်းခဲ့တာပါ။ အခုဆိုရင် ကျွန်တော်က အဆင့်တက်သွားပြီဆိုတော့ သူ ကျွန်တော့်ကို ယှဉ်ဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်စေရဘူး" သူက ယုံကြည်မှုရှိရှိ ပြောရင်း သွေးအဆီအနှစ်များကို ဆက်လက်စုပ်ယူနေလေသည်။ "သွေးဆာခြင်း လျှို့ဝှက်ပညာက တကယ်ကို ကောင်းတာပဲ ဆရာ။ ဒီလို ပညာရပ်ကောင်းကို သင်ပေးလို့ ကျေးဇူးတင်ပါတယ်"

"ဒါက တကယ်ကို အစွမ်းထက်တဲ့ ပညာရပ်ပဲ။ တစ်ခုတည်းသော အားနည်းချက်ကတော့ ဒီသွေးတွေကို ရဖို့အတွက် မိန်းကလေး အမြောက်အမြားကို သတ်ရတာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကမ္ဘာပေါ်မှာ သာမန်လူသားတွေဆိုတာ မရှားပါဘူး။ အဆီအနှစ်တွေကို ဆက်ပြီးစုပ်ယူ၊ နင့်ကိုယ်နင် ပိုသန်မာအောင် လုပ်ထားပါ" သူမက ပြုံးလျက်ပြောကာ လှည့်ထွက်သွားခဲ့သည်။

အစည်းအဝေးအပြီးတွင် လန်ကျင်းသည် လုံချန်း နေထိုင်ရာ ဝင်းအတွင်းသို့ တိုက်ရိုက် ရောက်လာခဲ့သည်။ တံခါးမှာ ပွင့်နေသဖြင့် သူသည် အတွင်းသို့ တန်းဝင်ကာ လုံချန်း၏ အခန်းဆီသို့ ဦးတည်သွားသည်။ မန်ကုပင် ရှိမနေသဖြင့် တစ်ဝင်းလုံး တိတ်ဆိတ်နေသည်။

လုံချန်း၏ အခန်းတံခါးမှာ ပိတ်ထားသဖြင့် လန်ကျင်းက ပြင်းထန်စွာ ခေါက်သော်လည်း တံခါးမှာ ပွင့်မလာပေ။ စိတ်မရှည်တော့သဖြင့် သူသည် တံခါးကို ရိုက်ချိုးကာ အခန်းထဲသို့ ဝင်သွားလေတော့သည်။

လုံချန်းမှာ အိပ်ပျော်နေခြင်းဖြစ်သော်လည်း တံခါးခေါက်သံကြောင့် နိုးလာခဲ့သည်။ သူ ထထိုင်လိုက်စဉ်မှာပင် လန်ကျင်းက တံခါးကို ရိုက်ချိုးပြီး ဝင်လာခြင်း ဖြစ်သည်။

"ဒါနဲ့ဆို ခင်ဗျား ကျုပ်အခန်းတံခါးကို ချိုးတာ နှစ်ခါရှိပြီနော်။ ခဏလောက် မစောင့်နိုင်ဘူးလား၊ ကျုပ် အခုပဲ တံခါးဖွင့်ပေးမလို့လေ" လုံချန်းက ခပ်နွမ်းနွမ်း အပြုံးဖြင့် ဆိုသည်။

"ငါ မစောင့်ချင်ဘူး။ မင်း ငါ့အတွက် တစ်ခုခု လုပ်ပေးရမယ့်အချိန် ရောက်ပြီ။ အဲဒီကိစ္စက မကြာခင် စတော့မှာ၊ အသေးစိတ်ကို နောက်မှ ပြောပြမယ်။ အခုလောလောဆယ် မင်းသိထားရမှာက မင်းဟာ ဝိညာဉ်နက်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်လာတော့မယ်ဆိုတာပဲ" လန်ကျင်း က အသိပေးသည်။

"ခေါင်းဆောင် ဟုတ်လား။ ကျုပ်က ဘယ်လိုလုပ် ခေါင်းဆောင် ဖြစ်မှာလဲ" လုံချန်း က မေးလိုက်သည်။

"နောက် ၇ ရက်နေရင် ခွန်အားအဆင့်မှာ နံပါတ် ၁ ဖြစ်တဲ့သူက အဖွဲ့ခေါင်းဆောင် ဖြစ်မယ်။ ဒါ့အပြင် မုကျိန်းလည်း ပြန်ကောင်းလာပြီ။ သူလည်း ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်လိမ့်မယ်။ မင်း သိထားရမှာက မင်းသာ ခေါင်းဆောင် မဖြစ်ခဲ့ရင် ငါ မင်းကို ခိုင်းမယ့် တာဝန်ကို ပြီးမြောက်ဖို့ တော်တော် ခက်ခဲလိမ့်မယ်"

"ကောင်းပါပြီ။ ကျုပ် အဆင့် ၁ ယူပေးမယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ရဲ့ မိစ္ဆာမုဆိုးသားရဲကို ပြန်ပေးရမယ်" လုံချန်းက အခြေအနေကို အခွင့်ကောင်းယူကာ တောင်းဆိုလိုက်သည်။

"ကောင်းပြီ။ မင်းသာ အဆင့် ၁ ယူနိုင်ရင် မင်းရဲ့သားရဲကို ပြန်ပေးမယ်" လန်ကျင်းက သဘောတူလိုက်သည်။

"ကောင်းပြီလေ။ ခင်ဗျား ဘာမှ မစိုးရိမ်ဘဲ ပြန်လို့ရပါပြီ။ အောင်ပွဲက ကျုပ်လက်ထဲမှာပဲ" လုံချန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"အရမ်းကြီး ယုံကြည်မှု မလွန်ကဲနဲ့။ သူတို့ သူ့ရဲ့ ပျက်စီးသွားတဲ့ သိုင်းဝိညာဉ်ကို ဘယ်လိုကုလိုက်လဲ ငါမသိပေမဲ့ အခု သူ့ရဲ့ သိုင်းဝိညာဉ်က ပျက်စီးပြီးမှ ပြန်ကောင်းလာတာဆိုတော့ ပိုပြီး သန်မာလာနိုင်တယ်။ နောက်ပြီး ဂိုဏ်းချုပ်ရဲ့ ယုံကြည်မှုရှိနေတဲ့ မျက်နှာကိုကြည့်ရင် ဒါက မင်းထင်သလောက် မလွယ်ကူဘူးဆိုတာ ငါပြောနိုင်တယ်။ သူမက သူ့ကို ပိုသန်မာအောင် ကူညီပေးထားမှာ သေချာတယ်။ ဒါပေမဲ့ မင်းမှာ ဟင်းလင်းပြင် နိယာမ ရှိနေတော့ ပြဿနာ မရှိနိုင်ပါဘူး။ ဒါတောင်မှ သတိထားပါဦး" လန်ကျင်းက ထပ်လောင်း သတိပေးသည်။

"ကျုပ် မှတ်ထားပါ့မယ်" လုံချန်း က ခေါင်းညိတ်ပြသည်။

"ကောင်းပြီ။ ဒါက မင်းအတွက် ဆေးလုံးတွေ။ ဒီပုလင်းထဲမှာ အဆိပ်ထိန်းချုပ်ဆေး ၄ လုံး ပါတယ်" လန်ကျင်းက ပြောကာ ထွက်ခွာသွားသည်။

'ဝိညာဉ်နက်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်လာမယ်ပေါ့။ သားရဲခန်းမက တပည့်တွေ ပြောနေတဲ့ လျှို့ဝှက်တာဝန်က ဒါပဲ ဖြစ်ရမယ်။ မြောက်ပိုင်း လအင်ပါယာကို သွားပြီး ကိစ္စတွေကို ရှင်းရဖို့ ဒါဟာ အခွင့်အရေးကောင်းပဲ' လုံချန်းက ပြုံးလျက်တွေးတောရင်း ကုတင်ပေါ်တွင် ပြန်လည် လဲလျောင်းလိုက်သည်။

ခဏအကြာတွင် သူသည် ထထိုင်ကာ တံခါးကို ကြည့်လိုက်သည်။ "ဟူး... အခန်း ပြန်ပြောင်းရဦးမယ်။ သူကတော့ တံခါးကို ထပ်ချိုးသွားပြန်ပြီ။ ဒီအတိုင်းသာ ဆက်သွားရင် ငါ အိပ်ဖို့ အခန်းတောင် ကျန်မှာ မဟုတ်တော့ဘူး"

သူသည် ကုတင်ကို သိုလှောင်လက်စွပ်ထဲ ထည့်ကာ အခန်းထဲမှ ထွက်ပြီး အနီးနားရှိ တခြားအခန်းတစ်ခန်းသို့ ကူးပြောင်းလိုက်သည်။ ၎င်းမှာ တံခါးကျန်သေးသည့် နောက်ဆုံး အခန်းဖြစ်သည်။ သူသည် ထိုအခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်ပြီး ကုတင်ကို ပြန်ထုတ်၍ အနားယူလေတော့သည်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားရာ ၆ ရက်ပင် ကုန်လွန်သွားခဲ့ပြီ။ ယနေ့သည် ၇ ရက်မြောက်နေ့ဖြစ်ပြီး နောက်ဆုံးစမ်းသပ်မှု ပြုလုပ်ရမည့်နေ့ ဖြစ်သော်လည်း အဆင့်သတ်မှတ်ခြင်း ခန်းမမှာ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။

လုံချန်းနှင့် မုကျိန်း တို့ စမ်းသပ်မှု ပြုလုပ်မည်ကို မည်သူမျှ မသိကြသော်လည်း ထိုနေရာတွင် အကြီးအကဲ အမြောက်အမြား ရပ်နေသည်ကို မြင်ရသဖြင့် သာမန်တပည့်များမှာ အဆင့်သတ်မှတ်ခြင်း ခန်းမ အနီးသို့ မကပ်ရဲကြပေ။

အခန်း (၃၄၈) ကောင်းကင်အဆင့် အထွတ်အထိပ်နှင့် ရင်ဆိုင်ရခြင်း

လုံချန်းနှင့် မုကျိန်း နှစ်ဦးစလုံးသည် အဆင့်သတ်မှတ်ခြင်း ခန်းမရှေ့တွင် ရပ်နေကြသည်။ သူတို့အပြင် တခြားတပည့်နှစ်ဦးလည်း ရှိနေသည်။ မုကျိန်းကတော့ လုံချန်းကို ဝါးစားမတတ် စိုက်ကြည့်နေခဲ့သည်။

ခွန်အားအဆင့် ၂ ဖြစ်သူ ချူးမြောင်လည်း ထိုနေရာတွင် ရှိနေပြီး အကြီးအကဲများ၏ နောက်တွင် ရပ်နေသည်။

"မုကျိန်းက အသက်ကြီးတဲ့အတွက် သူ အရင်သွားမယ်။ လုံချန်းက ဒုတိယ" မဟာအကြီးအကဲ ချူးက အဆင့်သတ်မှတ်ချက် ဘုတ်ပြားရှေ့တွင် ရပ်ကာ ကြေညာလိုက်သည်။

မုကျိန်းသည် နောက်ဆုံးတွင် လုံချန်းထံမှ အကြည့်လွှဲလိုက်ပြီး ခန်းမထဲသို့ လှမ်းဝင်သွားသည်။ အခြားသူများက အပြင်တွင် စောင့်ဆိုင်းနေစဉ် သူကတော့ ခွန်အားစမ်းသပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။

မုကျိန်းအတွက် ရွှေအမြူတေ အဆင့် အထွတ်အထိပ် ရုပ်သေးရုပ်ကို အနိုင်ယူရန် ခက်ခဲမှုမရှိဘဲ တစ်ကွက်တည်းဖြင့်ပင် အောင်ပွဲခံနိုင်ခဲ့သည်။

နောက်ထပ်ပြိုင်ဘက်မှာ မြေကမ္ဘာအဆင့် အထွတ်အထိပ် ရုပ်သေးရုပ် ဖြစ်သည်။

မုကျိန်းသည် အရင်တစ်ခေါက်ထက် အများကြီး သန်မာလာသော်လည်း ထိုရုပ်သေးရုပ်ကို အနိုင်ယူရန် ၁၀ မိနစ်ခန့် အချိန်ယူခဲ့ရသည်။ အရင်တစ်ခေါက်က မိနစ် ၃၀ ကြာခဲ့သော်လည်း ယခုမူ ၃ ဆ ပိုမြန်လာခြင်း ဖြစ်သည်။

မကြာမီမှာပင် နောက်ဆုံးပြိုင်ဘက် ရောက်ရှိလာသည်။ ၎င်းမှာ မည်သူမျှ အနိုင်မတိုက်နိုင်ခဲ့ဖူးသော ကောင်းကင် အဆင့် အထွတ်အထိပ် ရုပ်သေးရုပ် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ဤရုပ်သေးရုပ်ကို အနိုင်ယူရန် မဖြစ်နိုင်သလောက်ပင်။ ဝတ်ရုံနက် အကြီးအကဲများပင်လျှင် ရုန်းကန်ရမည့် ပြိုင်ဘက်မျိုး ဖြစ်သော်လည်း ဤစမ်းသပ်မှု၏ ရည်ရွယ်ချက်က အနိုင်တိုက်ရန် မဟုတ်ပေ။

နောက်ဆုံးရုပ်သေးရုပ်ကို ထားရှိခြင်းမှာ တပည့်တစ်ဦးအနေဖြင့် ၎င်းကို မည်မျှကြာအောင် ခုခံနိုင်မည်ကို ကြည့်ရန်သာ ဖြစ်သည်။

မုကျိန်းသည် ရှိသမျှအစွမ်းကို ထုတ်သုံးခဲ့သော်လည်း ရလဒ်ကတော့ အရင်အတိုင်းပင် ဖြစ်သည်။ သူ ရှုံးနိမ့်သွားခဲ့ပြီး ကောင်းကင် အဆင့် ရုပ်သေးရုပ်မှာ အစင်းရာလေးပင် မထင်ကျန်ခဲ့ပေ။ သို့သော် သူသည် မရှုံးနိမ့်ခင်အထိ မိနစ် ၅၀ ကျော်ကြာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ အရင်တစ်ခေါက်က ၁၀ မိနစ်သာ ခံခဲ့သဖြင့် ယခုရလဒ်ကို သူ အလွန်ကျေနပ်နေသည်။

သူ အောင်နိုင်သွားပြီဟု ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ အခုအချိန်မှာ လုံချန်းက သူ့ကို အနိုင်ယူနိုင်စရာ အကြောင်းမရှိဟု သူ ယူဆထားသည်။

သူသည် အဆင့်သတ်မှတ်ခြင်း ခန်းမထဲမှ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာခဲ့သည်။

"ကြည့်ရတာ သူ တော်တော် ယုံကြည်မှု ရှိနေပုံပဲ။ အထဲမှာလည်း အကြာကြီး နေခဲ့တာဆိုတော့ အရင်စံချိန်ကိုတောင် ချိုးနိုင်မလား မသိဘူး" အကြီးအကဲတစ်ဦးက လန်ကျင်း၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဟုတ်တယ်... ငါက အတွေ့အကြုံ နည်းသေးပေမဲ့ သူ့ရဲ့ ယုံကြည်မှုကိုတော့ မြင်နိုင်ပါတယ်။ လုံချန်း ရော ဘယ်လောက်အထိ လုပ်နိုင်မလဲ သိချင်မိတယ်"

အကြီးအကဲများသည် အချင်းချင်း ဆွေးနွေးနေကြစဉ်မှာပင် လုံချန်း ခန်းမထဲသို့ လှမ်းဝင်သွားသည်။

လုံချန်းသည် ခွန်အားစမ်းသပ်ခန်းထဲသို့ ဝင်သွားပြီးနောက် တံခါးမှာ အလိုအလျောက်ပိတ်သွားသည်။

သူသည် ဘုရင်ဓားကို ထုတ်ကာ တိုက်ပွဲအတွက် ပြင်လိုက်သည်။ အရင်တစ်ခေါက် စမ်းသပ်မှုတုန်းက သူ့မှာ ဤဓားမရှိဘဲ တောင်ဖြိုဓားနှင့်သာ တိုက်ခဲ့ရသော်လည်း ယနေ့မူ သူ အပြည့်အဝ ပြင်ဆင်လာခဲ့ပြီ ဖြစ်သည်။

ပထမဆုံးပြိုင်ဘက်မှာ ရွှေအမြူတေ အဆင့် ရုပ်သေးရုပ် ဖြစ်သော်လည်း ၎င်းက တိုက်ခိုက်ခြင်းပင် မစရသေးမီ ဘုရင်ဓား ၏ တိုက်ချက်အောက်တွင် ခေါင်းနှင့်ကိုယ် ပြတ်ထွက်သွားတော့သည်။ တစ်စက္ကန့်ပင် မကြာလိုက်ဘဲ ပထမရုပ်သေးရုပ် ပျက်စီးသွားခဲ့သည်။

နောက်ထပ် မြေကမ္ဘာအဆင့် အထွတ်အထိပ် ရုပ်သေးရုပ် ပေါ်လာပြီး လုံချန်းကို အခွင့်အရေးမပေးဘဲ ချက်ချင်း တိုက်ခိုက်သည်။ သို့သော် လုံချန်း က နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ရုပ်သေးရုပ်၏ နောက်သို့ ပေါ်လာပြီး ဓားဖြင့် ဝှေ့ယမ်းကာ နှစ်ပိုင်းပိုင်းလိုက်သည်။

၂ မိနစ်ပင် မပြည့်မီမှာပင် သူသည် ရုပ်သေးရုပ် ၂ ရုပ်ကို အနိုင်ယူခဲ့ပြီး နောက်ဆုံးအဆင့် စမ်းသပ်မှုသို့ ရောက်ရှိသွားသည်။

ကောင်းကင် အဆင့် အထွတ်အထိပ် ရုပ်သေးရုပ်သည် လုံချန်း ရှေ့တွင် ရပ်နေသည်။ ထိုရုပ်သေးရုပ်မှာ လက်တစ်ဖက်စီတွင် ဓားတစ်လက်စီ ကိုင်ထားသည်။ လုံချန်း သည် အရင်တစ်ခေါက်က ဤရုပ်သေးရုပ်နှင့် မတိုက်ခဲ့ရသဖြင့် ယခုမှာ ပထမဆုံး ရင်ဆိုင်ရခြင်း ဖြစ်သည်။

သူသည်လည်း အောက်ကျမခံစေရန် သိုလှောင်လက်စွပ်ထဲမှ တောင်ဖြိုဓားကိုပါ ထပ်ထုတ်လိုက်သည်။ သူသည် အခြေအနေအရ ဓားနှစ်လက်ကို အသုံးပြုတတ်သူ ဖြစ်သဖြင့် ဓားနှစ်လက်ဖြင့်ပင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲစတင်သည်နှင့် လုံချန်းက အရင်တိုက်ခိုက်သည်။ သို့သော် သူ၏ဓားမှာ ရုပ်သေးရုပ်၏ ဓားများနှင့် ထိတွေ့တော့မည့် ဆဲဆဲတွင် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ရုပ်သေးရုပ်၏ အနောက်သို့ ရောက်သွားပြီး ၎င်း၏ လည်ပင်းကို ဆက်လက် ဝှေ့ယမ်းလိုက်သည်။ သို့သော် ရုပ်သေးရုပ်၏ တုံ့ပြန်မှုက အလွန်မြန်ဆန်လှပြီး ချက်ချင်းလှည့်ကာ ဓားကို ခုခံလိုက်သည်။

လုံချန်းသည် သူ၏အရှိန်မှာ ရုပ်သေးရုပ်ကို မမီနိုင်ကြောင်း သိလိုက်သဖြင့် နေရာရွှေ့ပြောင်းခြင်းကို ထပ်မံအသုံးပြုကာ အကွာအဝေးတစ်ခုသို့ ခွာလိုက်သည်။

'ကောင်းကင် အဆင့် ရုပ်သေးရုပ်က တကယ်ကို သန်မာတာပဲ။ ဒါပေမဲ့ ဒါကလည်း ဖြစ်သင့်ပါတယ်လေ' သူက အတွေးနက်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။

သူသည် ဓားကွက်တစ်ကွက်ကို ခင်းလိုက်သည်။

"သူတော်စင်ဓား ခုနစ်သွယ်..."

သူသည် စွမ်းအင်များကို လည်ပတ်ကာ ဓားသိုင်းကို အသုံးပြုရန် ပြင်လိုက်သော်လည်း အချိန်မရမီမှာပင် ရုပ်သေးရုပ်က သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူသည် ဓားကွက်ကို မဖျက်ဘဲ ရုပ်သေးရုပ်၏ အနောက်ဘက် အခန်းအခြားတစ်ဖက်သို့ နေရာရွှေ့ပြောင်း လိုက်သည်။

"ပဉ္စမမြောက်ပုံစံ၊ ဖရိုဖရဲ"

လုံချန်း ဓားကို ဝှေ့ယမ်းလိုက်သည်။ တောက်ပပြီး ဖျက်ဆီးအားပြင်းသော အလင်းတန်းတစ်တန်း ဓားမှ ထွက်ပေါ်လာပြီး သူ့ထံ ပြေးဝင်လာသော ရုပ်သေးရုပ်ကို ထိမှန်သွားသည်။

ကောင်းကင် အဆင့် ရုပ်သေးရုပ်သည် ထိုတိုက်ကွက်ကို ခုခံရန် ဓားနှစ်လက်လုံးကို အသုံးပြုခဲ့သော်လည်း မအောင်မြင်ဘဲ အနောက်သို့ လွင့်ထွက်သွားခဲ့သည်။ ၎င်းသည် နောက်ကွယ်မှ နံရံကို ပြင်းထန်စွာ ဆောင့်မိသွားသည်။ ကံကောင်းထောက်မစွာဖြင့် နံရံများမှာ ခိုင်ခံ့သဖြင့် ထိုဒဏ်ကို ခံနိုင်ခဲ့သည်။

ရုပ်သေးရုပ်၏ ကိုယ်ပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ချက်ကို တွေ့ရသော်လည်း သွေးထွက်ခြင်းတော့ မရှိပေ။

လုံချန်းသည် အချိန်မဆွဲဘဲ ရုပ်သေးရုပ်အနားသို့နေရာရွှေ့ပြောင်းကာ ဓားနှစ်လက်လုံးဖြင့် ရုပ်သေးရုပ်၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက်သည်။ ရုပ်သေးရုပ်အများစုမှာ သူတို့၏ ရင်ဘတ်တွင် တပ်ဆင်ထားသော စွမ်းအင်သလင်းကျောက်များဖြင့် လည်ပတ်နေခြင်းဖြစ်ကြောင်း သူ ဖတ်ဖူးသည်။

သူသည် ထိုစွမ်းအင်သလင်းကျောက်များကို ဖျက်ဆီးပစ်ချင်သော်လည်း သူ၏ဓားမှာ ရုပ်သေးရုပ်၏ ရင်ဘတ်သို့ မထိမီမှာပင် ရုပ်သေးရုပ်က လက်နှစ်ဖက်ဖြင့် လုံချန်း ၏ ဓားသွားများကို ဖမ်းဆုပ်လိုက်သည်။

လုံချန်းသည် ဓားကို ရှေ့သို့ ဆက်တိုးရန် ကြိုးစားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ပေ။ သူ၏ ခွန်အားမှာ ကောင်းကင် အဆင့် အထွတ်အထိပ် ရုပ်သေးရုပ်နှင့် ယှဉ်လျှင် အများကြီး လိုအပ်နေသေးသည်။

ထို့ပြင် ရုပ်သေးရုပ် ထရပ်လိုက်ချိန်တွင် သူ၏ဓားများကိုပင် ပြန်လည် မဆွဲထုတ်နိုင်တော့ပေ။ ရုပ်သေးရုပ်က ဓားများကို ဆွဲထားဆဲဖြစ်သော လုံချန်း၏ ရင်ဘတ်ကို ကန်လိုက်သည်။

လုံချန်းသည် ထိုကန်ချက်ကို မြင်လိုက်ရသည်နှင့် ချက်ချင်း နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်။ သူသည် တစ်စက္ကန့်၏ တစ်ဝက်ခန့်အလိုတွင် ထိုကန်ချက်ကို မနည်းရှောင်လိုက်ရခြင်း ဖြစ်သည်။ အကယ်၍ တစ်စက္ကန့်လောက် နောက်ကျသွားလျှင် သူ၏အရိုးများ ကျိုးသွားကာ ကြမ်းပြင်ပေါ်တွင် နာကျင်စွာ လဲလျောင်းနေရပေလိမ့်မည်။

ရုပ်သေးရုပ်သည် လုံချန်း၏ ဓားများကို လွှင့်ပစ်လိုက်ပြီး ၎င်း၏ဓားကို ကောက်ယူကာ တိုက်ခိုက်ရန် ပြင်သည်။ ထိုအခွင့်အရေးတွင် လုံချန်းက သူ၏ဓားများအနားသို့ နေရာရွှေ့ပြောင်းကာ ဓားများကို ပြန်ကောက်လိုက်သည်။

တိုက်ပွဲက ဤသို့ပင် ဆက်လက်ဖြစ်ပွားနေသည်။ လုံချန်းသည် မိမိကိုယ်ကို ဘေးကင်းအောင် ထိန်းသိမ်းရင်း ရုပ်သေးရုပ်ကို အနိုင်ယူရန် ကြိုးစားနေသည်။

သူသည် ဘေးကင်းအောင်တော့ နေနိုင်ခဲ့သည်။ တိုက်ပွဲစတင်ပြီး မိနစ် ၃၀ ကြာလာသည့်တိုင် ရုပ်သေးရုပ်က သူ့ကို တစ်ချက်ကလေးမှ မထိနိုင်ခဲ့သော်လည်း ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အနှံ့မှာတော့ ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထိုသို့ ဖြစ်နေသော်လည်း ရုပ်သေးရုပ်၏ ကျွမ်းကျင်မှုမှာ အနည်းငယ်မျှပင် လျော့ကျမသွားပေ။ ၎င်း၏ အရှိန်၊ ခွန်အားနှင့် ကာကွယ်ရေးတို့မှာ အစကတည်းကအတိုင်း မပြောင်းလဲဘဲ ရှိနေသည်။

ထိုအရာများ အားလုံး ဖြစ်ပျက်နေသော်လည်း အောင်ပွဲကတော့ လှမ်းမမြင်ရသေးပေ။ သူသည် ရုပ်သေးရုပ်ကို အနည်းငယ် ထိခိုက်အောင် လုပ်နိုင်ခဲ့သော်လည်း ပြင်းထန်သော ဒဏ်ရာကိုတော့ မပေးနိုင်သေးပေ။

သူပေးနိုင်ခဲ့သမျှ အနည်းငယ်သော ထိခိုက်မှုများသည်ပင် သူ၏ ဟင်းလင်းပြင် နိယာမ ကြောင့်သာ ဖြစ်ပြီး ကျန်အရာအားလုံးတွင် သူက အောက်ကျနေခြင်း ဖြစ်သည်။

သူ၏ အစွမ်းအပြည့်ဖြင့်ပင် ကောင်းကင် အဆင့် အထွတ်အထိပ် ရုပ်သေးရုပ်ကို ယှဉ်ရန် မလွယ်ကူသဖြင့် အခုကဲ့သို့ အစွမ်းများ ကန့်သတ်ခံထားရချိန်တွင် ပို၍ပင် ခက်ခဲနေလေတော့သည်။

All Chapters