← Chapters

အခန်း (၄၂၃)

Vol. 29 Ch. 423

အခန်း (၄၂၃)

Vol. 29 Ch. 423

သူ့အဖြေကို ကြားလိုက်ရတော့ လီရှို့ကျီ တစ်ယောက် မေ့လဲမတတ် ဖြစ်သွားခဲ့သည်။

တမောက်က လီရှို့ကျီကို ဂရုစိုက်ဟန်ပြရန် ကြံရွယ်နေစဉ်မှာပင် သူ့ခါးနားတွင် တုန်တုန်ရီရီဖြင့် လာပုတ်သည်ကို ခံစားလိုက်ရသည်။

သူ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ရာ၊ နောက်တစ်ခဏတွင် သူ့လက်အောက်ငယ်သားက သူ့ထံသို့ စာတစ်စောင် ကမ်းပေးလိုက်သည်။ တစ်ဖက်လူက သူ့နားထဲသို့ တိုးတိုးလေး တစ်ခုခု ပြောလိုက်ရာ တမောက်၏ မျက်နှာ အမူအရာမှာ ချက်ချင်း မှောင်ကျသွားတော့သည်။

ခဏအကြာတွင် တာမောက်သည် သူ၏ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ပြီး လီရှို့ကျီ၏ လက်ထဲသို့ စာကို ရိုရိုသေသေ ထည့်ပေးလိုက်ကာ "ဒါ အကြောင်းပြန်စာပါ" ဟု ရိုးရိုးလေး ပြောလိုက်သည်။

လီရှို့ကျီက နှာခေါင်းရှုံ့ရင်း - "မင်းဘာလို့ စစ်သူကြီးဆီ တိုက်ရိုက် မပေးတာလဲ?" ဟု ဆိုသည်။

တမောက်က ထိုစကားကို ကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ ကခုန်မှုများကို ကြည့်ရင်း အရက်ကိုသာ ဆက်သောက်နေတော့သည်။

လီရှို့ကျီက သူ့ကို တံတောင်နှင့် တိတ်တဆိတ် တွတ်လိုက်သည်။ နာကျင်သွားသဖြင့် သွားကြိတ်နေသော တမောက်ကို ကြည့်ပြီးမှ လီရှို့ကျီ စိတ်နည်းနည်း ပြေသွားသည်။

"ဒါက ငါ့ကို သစ္စာဖောက်လို့ ပေးတဲ့ ဒဏ်ပဲ။"

"ဟွန်း!"

လီရှို့ကျီသည် အကြည့်ကို လွှဲလိုက်ပြီး ကျန်းတန်းဟယ် ထံသို့ ဖားသည့်အမူအရာဖြင့် စာကို ကမ်းပေးလိုက်သည်။

"ဒါက မရီးဆီက အကြောင်းပြန်စာပါ..."

တမောက်က သူ့ကို မျက်လုံးထောင့်မှ တိတ်တဆိတ် စောင့်ကြည့်နေသည်။ လီရှို့ကျီက စစ်သူကြီးထံသို့ စာပေးလိုက်သည်ကို မြင်ရမှသာ သူ သက်ပြင်းချနိုင်တော့သည်။ သူသည် စိတ်ထဲမှနေ၍ လီရှို့ကျီကို "လက်ထောက်စစ်သူကြီး၊ ကျွန်တော် ထပ်ပြီး တောင်းပန်ပါတယ်" ဟု ဆိုလိုက်သည်။

ကျန်းတန်းဟယ်သည် စာအိတ်ပေါ်မှ ရှောင်းကော၏ လက်ရေးကို မြင်လိုက်ရသောအခါ ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်မိသည်။

စာကို ယူပြီးနောက် သူသည် စာအိတ်ပေါ်မှ စာလုံးများကို ယုယုယယ ပွတ်သပ်နေမိသည်။ စာအိတ်မှတစ်ဆင့် သူချစ်ရသူ၏ မျက်နှာကို ထိတွေ့ရန် ကြိုးစားနေသည့်အလား။

စာကို ပွတ်သပ်ပြီးနောက် သူသည် အမှားတစ်ခုခု လုပ်ထားသဖြင့် သူတစ်ပါး သိသွားမည်ကို စိုးရိမ်နေသည့်အလား လူမိသွားမည်ကို ကြောက်သော ပုံစံမျိုးဖြင့် ရင်ခွင်ထဲသို့ အမြန်ဝှက်လိုက်သည်။

စာကို သိမ်းဆည်းပြီးနောက် သူ ဘေးဘီကို ကြည့်လိုက်ရာ မည်သူမျှ သတိမထားမိသည်ကို မြင်မှသာ ကျေနပ်သွားတော့သည်။

အခြေအနေကို မသိသူဆိုလျှင် သူသည် ရင်ခွင်ထဲတွင် ရတနာတစ်ခု ဝှက်ထားသည်ဟု ထင်မှတ်ကြပေလိမ့်မည်။

ရှောင်းကော၏ စာကို သူ တိတ်တဆိတ် ခံစားချင်သည် မဟုတ်ပါလား။ ဒီလိုနေရာမျိုးမှာ သူ ဘယ်လိုလုပ် ဖွင့်ဖတ်မှာလဲ? စာဖတ်ချင်ဇောဖြင့် မစောင့်နိုင်တော့သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ရမည်။

သူ အိမ်ရောက်မှသာ စာထဲက စာလုံးတိုင်း၊ ပုဒ်ဖြတ်ပုဒ်ရပ်တိုင်းကို သေသေချာချာ ဖတ်တော့မည်။

ပွဲတော် အဆုံးသတ်သွားသည့်အခါ ကျန်းတန်းဟယ်သည် ပထမဆုံး ပြေးထွက်သွားသူ ဖြစ်သည်။ သူလာစဉ်က ရထားလုံးဖြင့် လာခဲ့သော်လည်း ရထားလုံးက နှေးလွန်းသည်ဟု ထင်သဖြင့် ရထားလုံးကို ဖြုတ်ထားခဲ့ကာ မြင်းစီး၍သာ အိမ်သို့ အမြန်ပြန်ခဲ့သည်။

ရထားလုံးမောင်းသူနှင့် အခုလေးတင် ထွက်လာသော လီရှို့ကျီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်နေကြသည်။ ဘာဖြစ်သွားသည်ကို နှစ်ဦးလုံး နားမလည်ကြပေ။

လီရှို့ကျီက ရထားလုံးကို ကန်လိုက်ပြီး ရထားလုံးမောင်းသူကို ကြည့်လိုက်သည်။

ရထားလုံးမောင်းသူကလည်း သူ့ကို ပြန်ကြည့်သည်။ ထိုအချိန်တွင် သူတို့နှစ်ဦးလုံး တစ်ခုတည်းကိုသာ တွေးနေကြသည်။

"ငါတို့ ဘယ်လို ပြန်ကြမှာလဲ?"

သူတို့ ရထားလုံးနဲ့ အတူတူ လာခဲ့ကြတာ မဟုတ်လား...

အခြားနည်းလမ်း မရှိတော့ပေ။ နန်းတော်တံခါးများမှာ ပိတ်ထားပြီဖြစ်သလို ဝန်ကြီးအများစုမှာလည်း ထွက်သွားကြပြီ ဖြစ်သည်။ သူတို့အတွက် အလကား လိုက်စရာ ရထားလုံးလည်း မရှိတော့။

အားကိုးရာမဲ့စွာဖြင့် သူတို့နှစ်ဦးသည် အိမ်အရောက် ရထားလုံးကို တစ်လှည့်စီ ဆွဲသွားကြရသည်။ ကံကောင်းသည်မှာ အိမ်တော်က သိပ်မဝေးခြင်းပင်။ အားကုန်မသွားခင် အိမ်သို့ ရောက်နိုင်ပေလိမ့်မည်။

သူတို့ ထွက်သွားပြီးနောက် စစ်ဘက်အရာရှိများသည် ပုန်းနေရာမှ ထွက်လာကြသည်။

တာမောက်က ပထမဆုံး ထွက်လာပြီး ပတ်ဝန်းကျင်ကို အကဲခတ်သည်။ ဘေးကင်းကြောင်း သေချာမှ လူတိုင်း ခေါင်းပြူထွက်လာကြသည်။

"ဟူး... စစ်သူကြီး သိသွားပြီလား?"

"ပေါက်ကရ။ စစ်သူကြီး ဘယ်လိုလုပ် သိမှာလဲ? ငါတို့မှ ဘာမှ မပြောရဲတာ။"

"ဒါဆို... လက်ထောက်စစ်သူကြီးကော သိလား?"

တမောက်၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူက စိုးရိမ်တကြီးဖြင့် "ငါ လက်ထောက်စစ်သူကြီးကိုလည်း မပြောရသေးဘူး" ဟု ဆိုသည်။

"..."

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရက်စက်ကြမ်းကြုတ်သော မုန်တိုင်းတစ်ခု လာတော့မည်။

"ဒါဆို..."

"လက်ထောက်စစ်သူကြီး..."

"ဒါက ဆိုလိုတာက..."

"ငါတို့တော့ သေပြီ။"

"သွားပြီ၊ သွားပြီ..."

"... ငါတို့အားလုံးတော့ ပြီးပြီ..."

အမှန်တကယ်တွင် ထိုစဉ်က ရလဒ်မှာ တမောက်၏ လက်အောက်ငယ်သားများ ပေးပို့သော သတင်းအကျဉ်းချုပ်သာ ဖြစ်သည်။

သူ လီရှို့ကျီကို မပြောပြခဲ့သည်မှာ - ကျန်းတန်းဟယ်၏ စာသည် မနေ့ကမှ ထွက်သွားခြင်း ဖြစ်သည်။ ရှောင်းကော၏ အကြောင်းပြန်စာကတော့ ပြီးခဲ့သည့်လကတည်းက ရောက်နေခြင်း ဖြစ်သည်...

အမှန်တရားကို သိကြသော ဝန်ကြီးအားလုံးသည် မိမိတို့ကိုယ်တိုင်နှင့် အမှောင်ထဲတွင် ကျန်နေခဲ့သော လီရှို့ကျီအတွက် စစ်မှန်သော ဆုတောင်းများ ပေးပို့လိုက်ကြသည်။

လက်ထောက်စစ်သူကြီးနှင့် သူတို့ကိုယ်တိုင် မနက်ဖြန် နေထွက်တာကို မြင်နိုင်ပါစေဦးဟု သူတို့ မျှော်လင့်နေကြသည်။

ကျန်းတန်းဟယ် အိမ်သို့ ပြန်ရောက်သောအခါ တံခါးကို အမြန်ပိတ်ကာ ကုတင်ပေါ်သို့ ခိုးကြောင်ခိုးဝှက် ခုန်တက်လိုက်ပြီး စာအိတ်ထဲသို့ ခေါင်းနှစ်လိုက်သည်။ စာပေါ်တွင် ကျန်ရှိနေနိုင်သော အနံ့ကို ရှူရှိုက်ရန် သူ အသက်ပြင်းပြင်း ရှူလိုက်သည်။

ခရီးလမ်း ကြမ်းတမ်းမှုကြောင့်လား မသိ၊ စာအိတ်ပေါ်တွင် ရှောင်းကော၏ အနံ့အသက် လုံးဝ မကျန်တော့ပေ။

ဒါပေမဲ့ ရပါတယ်—သူ့မှာ သူ့ရဲ့ လျှို့ဝှက်ရတနာ ရှိသေးတာပဲ။

ကျန်းတန်းဟယ်သည် ပတ်ဝန်းကျင်ကို ဘေးကင်း၊ မကင်း အကဲခတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ထိုင်ကာ သူ၏ ရင်ဘတ်ထဲမှ အဝါနုရောင် အတွင်းခံအင်္ကျီတစ်ထည်ကို တိတ်တဆိတ် ထုတ်လိုက်သည်။ သူသည် ၎င်းကို နှာခေါင်းနားတွင် ကပ်ကာ တပ်မက်စွာ အသက်ပြင်းပြင်း ရှူလိုက်မှသာ ကျေနပ်သွားတော့သည်။

သူ ရှောင်းကောနှင့် ထပ်ပြီး မခွဲနိုင်တော့ပေ။ ကံကောင်းသည်မှာ မြို့တော်သို့ မထွက်ခွာမီက သူ၏ လွမ်းဆွတ်တောင့်တနေသော အထီးကျန်နှလုံးသားကို နှစ်သိမ့်ရန် သူမ၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုကို ခိုးယူလာခဲ့ခြင်းပင်။

သို့သော် သူသည် ကာမစိတ်လွန်ကဲသူလုံးဝ မဟုတ်ပါဟု ဘုရားတိုင်၍ ကျိန်ဆိုရဲပါသည်!!

သူမ၏ အတွင်းခံကို ယူရန် သူ ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ ထိုစဉ်က သူမနှင့် ပတ်သက်သည့် အရာတစ်ခုခုကို ယူချင်ခဲ့ရုံသာ ဖြစ်သည်။ သို့သော် ကျွမ်းကျွမ်းက ရုတ်တရက် ဝင်လာသဖြင့် သူ အလောတကြီးဖြင့် အိတ်ထဲသို့ တစ်ခုခုကို ဆွဲထည့်လိုက်ခြင်း ဖြစ်သည်။ ဘာမှန်းကို သေသေချာချာ မကြည့်နိုင်ခဲ့ပေ။

ခရီးလမ်းတစ်ဝက်တွင် သူမကို လွမ်းသဖြင့် ထုတ်ကြည့်သည့်အခါမှ ထိုအဝတ်အစားမှာ ထူးဆန်းနေသည်ကို သတိပြုမိသည်။ သူ ဝေခွဲမရစွာဖြင့် ဖြန့်ကြည့်လိုက်သည့်အခါမှ သူ အလန့်တကြား ဆွဲယူလာခဲ့မိသည်မှာ ရှောင်းကော၏ ကိုယ်ကပ်အင်္ကျီ (အတွင်းခံ) ဖြစ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရခြင်းဖြစ်သည်။

သူ အပြစ်မကင်းသလို ခံစားရသဖြင့် ထိုအဝတ်ကို အမြန်ဝှက်ထားလိုက်ရသည်။ ကံကောင်းသည်မှာ ဘေးတွင် မည်သူမျှ မရှိခြင်းပင်။ မဟုတ်လျှင် သူ ရှင်းပြရ အတော် ခက်ပေလိမ့်မည်။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ရှောင်းကောက ဒီအတွင်းခံကို ခဏခဏ ဝတ်လေ့ရှိတယ်ဆိုတာ သူ မှတ်မိနေသလိုပဲ...

စိတ်ထဲက ရှုပ်ထွေးနေသော အတွေးများကို ခါထုတ်လိုက်ပြီး ကျန်းတန်းဟယ်သည် စာအိတ်ကိုသာ အာရုံစိုက်လိုက်သည်။

ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကျန်းတန်းဟယ်သည် စာအိတ်ကို ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေသော်လည်း စာကို ဖတ်လေလေ သူ၏ မျက်နှာ အမူအရာမှာ ပို၍ ဆိုးရွားလာလေ ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ဒေါသကို ထိန်းချုပ်ကာ စာကို အသာအယာ ပြန်ချလိုက်သည်။ အတွင်းခံအင်္ကျီကို ဘေးကင်းသော နေရာတွင် ပြန်သိမ်းပြီးနောက် ကုတင်ကို ဘုန်းခနဲ ရိုက်ကာ ထရပ်လိုက်တော့သည်!

"အားကိုးမရတဲ့ လီရှို့ကျီ၊ ငါ! မင်းကို! လုံးဝ! အလွတ်မပေးဘူး!"

ဘေးဒုက္ခ လာတော့မည်ကို မသိသေးသော လီရှို့ကျီမှာမူ အားကုန်သုံး၍ ရထားလုံးကို ဆွဲနေရဆဲ ဖြစ်သည်။

သူ အိမ်ရှေ့သို့ ရောက်သည့်အခါ အသက်ပင် ထွက်မတတ် ဖြစ်နေရပြီ။

အစောင့်များက သူ၏ ထူးဆန်းသော ပုံစံကို မြင်သည်နှင့် အပြေးအလွှား လာရောက်ကာ ရထားလုံးလက်ကိုင်ကို လှမ်းယူပေးကြသည်။ ထို့နောက် ဘာဖြစ်သလဲဟု သူ့ကို မေးမြန်းကြသည်။

လီရှို့ကျီမှာ စကားပြောရန် အားမရှိတော့ပေ။ သူသည် လက်ကို ခါပြကာ ရထားလုံးပေါ်တွင် ထိုင်ချလိုက်ပြီး နဖူးမှ ချွေးများကို အင်္ကျီလက်ဖြင့် ပင်ပင်ပန်းပန်း သုတ်နေမိသည်။

"ဒီ ရထားလုံးမောင်းသူကတော့! ငါ့ကို လမ်းတစ်ဝက်မှာ ထားခဲ့ပြီး အိမ်ကို တစ်ယောက်တည်း ပြေးသွားတယ်။ တကယ် အရိုက်ခံချင်နေတာပဲ။ မနက်ဖြန် သူ့ကို တွေ့ရင် သင်ခန်းစာ ပေးဦးမယ်!"

ပြဿနာရှာရန် တိတ်တဆိတ် ကြံစည်နေသော လီရှို့ကျီသည် ချွေးမခြောက်ခင်မှာပင် အကြောင်းရင်းမရှိဘဲ ရုတ်တရက် တုန်တက်သွားသည်။

သူသည် ကောင်းကင်ကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်။ ခဏအကြာတွင် ခေါင်းခါကာ မိမိဘာသာ ရေရွတ်လိုက်သည်။

"ရာသီဥတုက အေးလာပြီပဲ..."

ရထားလုံးကို အစောင့်အား လွှဲပေးလိုက်ပြီး လီရှို့ကျီသည် သူ၏ နေအိမ်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့သည်။ ပင်ပန်းနွမ်းနယ်နေသော သူ၏ နှလုံးသားကို နှစ်သိမ့်ရန် ရေမွှေးနံ့သာများဖြင့် ရေချိုးတော့မည်။

သူ့နောက်က အစောင့်များမှာမူ သူ ပျောက်ကွယ်သွားမှသာ တိုးတိုးတိတ်တိတ် ဆွေးနွေးရဲကြသည်။

"လက်ထောက်စစ်သူကြီးက စစ်သူကြီးကို ဘာလုပ်မိလို့ ပြန်စိတ်ဆိုးအောင် လုပ်လိုက်ပြန်တာလဲ?"

"ဘယ်သူသိမှာလဲ? လက်ထောက်စစ်သူကြီးက နေ့တိုင်း သေမင်းကို သွားသွားခေါ်နေတာ မဟုတ်လား?"

"ဒါလည်း ဟုတ်တာပဲ..."

"ကဲ ထားလိုက်ပါတော့၊ မြန်မြန်ဆွဲသွင်းကြစို့။ ငါတို့ ဂျူတီ လဲရတော့မယ်။"

"အေး... ဟုတ်သားပဲ၊ မြန်မြန်လုပ်။"

လီရှို့ကျီသည် သူ၏ သေးသွယ်သော ခါးကို လက်ဖြင့် ထောက်ကာ တစ်လှမ်းချင်း လှမ်းနေပြီး ခြေလှမ်းတိုင်းအတွက် သက်ပြင်း သုံးကြိမ်စီ ချနေသည်။ ကျန်းတန်းဟယ်၏ အခန်းရှေ့သို့ ဖြတ်သွားသည့်အခါ သူ၏ အမူအရာမှာ ပို၍ သိသာလာသည်။ အခြေအနေကို မသိသူဆိုလျှင် သူ့မှာ တစ်ခုခု အကြီးအကျယ် ဖြစ်နေပြီဟု ထင်ကြပေလိမ့်မည်။

အတော်ကြာအောင် ညည်းညူပြနေသော်လည်း အခန်းထဲက လူ ထွက်မလာသည်ကို တွေ့သောအခါ သူ ထပ်မံ သက်ပြင်းချမိပြန်သည်။ သူ၏ ဒုက္ခိတဟန်ဆောင်သည့် အစီအစဉ်မှာ မအောင်မြင်ခဲ့ပေ။

သူသည် မိမိအခန်းဆီသို့ ပြန်လှည့်လာခဲ့သည်။ ကျန်းတန်းဟယ်၏ နားအကြားအာရုံက ဒီလောက်အထိ ညံ့မှန်းသိရင် သူ့အခန်းရှေ့မှာ ဒီလောက် အပင်ပန်းခံပြီး လျှောက်ပြနေမှာ မဟုတ်ဘူး။

ကျန်းတန်းဟယ်၏ ခြံဝင်းမှ ထွက်လာပြီးနောက် လီရှို့ကျီသည် သူ၏ ပုံမှန် တက်ကြွသော အမူအရာသို့ ပြန်ပြောင်းလိုက်သည်။ သူ အမြန်ရေချိုး၊ အဝတ်အစားလဲပြီး အိပ်ရမည်။ မဟုတ်လျှင် အချိန်တွေ နှောင့်နှေးပြီး မိုးပြန်လင်းတော့မည်။

"လီရှို့ကျီ။"

အသံက မကျယ်သော်လည်း နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်ပါသည်။

ခေါင်းငုံ့ပြီး လမ်းလျှောက်နေသော လီရှို့ကျီသည် ချက်ချင်း တောင့်ခဲသွားသည်။ သူ နားကြားမှားတာလား?

သူ အသံလာရာဘက်သို့ မော့ကြည့်လိုက်ရာ မှောင်မိုက်နေသော နေရာတွင် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ထိုမျက်နှာသည် ညဥ့်ကောင်းကင်ယံထက်ပင် ပို၍ မှောင်မိုက်နေပုံရသည်။

All Chapters