← Chapters

အခန်း (၄၃၁)

Vol. 29 Ch. 431

အခန်း (၄၃၁)

Vol. 29 Ch. 431

မွန်းတည့်ချိန်တွင် ကျင်းပရန် တည်ခင်းဧည့်ခံပွဲ စားပွဲဝိုင်း အတော်များများ ကျန်ရှိနေသေးသည်။ ဖိတ်ကြားထားသော ဧည့်သည်များမှာ အမျိုးသမီးယန်၏ ရင်းနှီးသော မိသားစုဝင်များနှင့် မိတ်ဆွေများသာ ဖြစ်သည်။ သူတို့သည် စားပွဲဝိုင်း ခုနစ်ဝိုင်း၊ ရှစ်ဝိုင်းစာလောက်သာ စီစဉ်ထားသော်လည်း၊ မထင်မှတ်ဘဲ မဖိတ်ကြားဘဲ ရောက်လာသည့် ဧည့်သည်များပြားလှသဖြင့် သူတို့ကိုလည်း ပြန်လည်နှင်ထုတ်၍ မရနိုင်ပေ။ ထို့ကြောင့် စီစဉ်ထားသမျှ ပျက်စီးသွားပြီး နောက်ဆုံးမိနစ်မှ စားပွဲဝိုင်းများ ထပ်တိုးလိုက်ရတော့သည်။

ပို၍အရေးကြီးသည်မှာ လူအားလုံးအတွက် အစားအသောက် လောက်ငပါ့မလားဆိုသည်မှာ မသေချာခြင်းပင်။

ကံကောင်းသည်မှာ မဖိတ်ဘဲလာကြသူများသည် အစားအသောက်များကိုယ်စီ ယူဆောင်လာကြခြင်းပင် ဖြစ်သည်။ ဧည့်သည်များ ယူဆောင်လာသည့် အစားအစာများထဲတွင် ပေါင်းထားသော ပေါက်စီများ၊ မုန်ညင်းထုပ်များနှင့် တိုဖူးများ ပါဝင်သည်။

စေတနာ ပိုရှိသူများကမူ ဝက်သားများကို ယူလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ဧည့်သည်အများစုမှာ စားပွဲသောက်ပွဲသို့ အစားအသောက်များ ယူလာကြသည်။ ရောက်ရောက်ချင်းမှာပင် ထိုအစားအစာများကို အမျိုးသမီးယန်၏ မိသားစုထံ တိုက်ရိုက်ပေးအပ်ကြသဖြင့် အိမ်ရှင်မိသားစုအတွက် အခက်အခဲ မဖြစ်စေခဲ့ပေ။

ဟုတ်ပါသည်၊ အလကား လာစားရန် ကြိုးစားသူအချို့လည်း ရှိသော်လည်း၊ ယနေ့သည် ပျော်ရွှင်စရာနေ့ဖြစ်သဖြင့် လူတိုင်းကပင် မျက်ကွယ်ပြုပေးလိုက်ကြသည်။

ကလေးတစ်လပြည့် အထိမ်းအမှတ်ပွဲအတွက် ဟင်းပွဲအများကြီး လုပ်စရာမလိုပေ။ မုန်ညင်းထုပ်၊ ဝက်သားနှင့် တိုဖူးတို့ကို ရောနှော၍ ဟင်းရွက်စုံ စွပ်ပြုတ်အိုးကြီးတစ်လုံး ချက်လိုက်လျှင်ပင် လုံလောက်လှပြီဖြစ်သည်။

အဘွားအိုယန်နှင့် တခြားယောက္ခမအချို့မှာ မီးဖိုချောင်တွင် အလုပ်ရှုပ်နေကြသည်။ လူအယောက်ပေါင်းများစွာအတွက် ချက်ပြုတ်ရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ အဘွားအိုယန်သည် မနေ့ကတည်းက စတင်ပြင်ဆင်နေခြင်းဖြစ်ပြီး၊ ကောက်နှံစုံ ပေါက်စီများကို တစ်နေကုန် ပေါင်းနေခဲ့ခြင်း ဖြစ်သည်။

ယန်ဖုန်းမှာလည်း သားနှစ်ယောက် ထပ်မံရရှိသဖြင့် ပျော်ရွှင်နေသည်မှာ သဘာဝပင်။ မိသားစုတွင် ငွေကြေးမရှားသဖြင့် အထိမ်းအမှတ်ပွဲအတွက် ဝက်သားအမြောက်အမြားကို ကြိုတင်ဝယ်ယူထားခဲ့သည်။ ဤသည်မှာ ဝမ်းမြောက်စရာ အခါသမယဖြစ်ရာ ယန်မိသားစုအနေဖြင့် ကြီးကြီးကျယ်ကျယ် ကျင်းပရန် လိုအပ်ပေသည်။

မီးဖိုချောင်တစ်ခုလုံး လှုပ်ရှားသွားလာသံများနှင့် ဆူညံနေသည်။ မကြာမီမှာပင် အသားဟင်းနံ့မှာ သင်းပျံ့လာတော့သည်။ ကလေးငယ်များမှာ တံတွေးတမြှုပ်မြှုပ်နှင့် မီးဖိုချောင်တံခါးကို စောင့်ကြည့်ရင်း မျှော်လင့်တကြီး ကြည့်နေကြသည်။

မီးရှူးမီးပန်းသံများ ထွက်ပေါ်လာသည်နှင့် စားပွဲသောက်ပွဲကို တရားဝင် စတင်လိုက်သည်။ အပြင်ဘက်တွင် ကျနေသော နှင်းထူထူများမှာလည်း လွန်ခဲ့သောအချိန်ကတည်းက ရပ်တန့်သွားပြီ ဖြစ်သည်။

အမျိုးသမီးယန်မှာ မီးဖွားပြီးစကာလဖြစ်၍ အပြင်မထွက်နိုင်သေးသဖြင့်၊ ယန်ဖုန်းက သူမအတွက် အိမ်ထဲတွင် စားပွဲအသေးလေးတစ်လုံး သီးသန့်ပြင်ပေးထားသည်။

ချင်းရှောင်းကောနှင့် တခြားလူအနည်းငယ်တို့မှာ အမျိုးသမီးယန်နှင့်အတူ အိမ်ထဲတွင် နေ၍ အတူစားကြသည်။ အိမ်ထဲက အမျိုးသမီးများ အပြင်ထွက်စားကြသောအခါမှ အမျိုးသမီးယန်သည် သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

ဘေးတွင် ပုန်းနေသော ချင်းရှောင်းကောကို ကြည့်ရင်း သူမက မနာလိုသလိုနှင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"နင့်ရဲ့ အစ်မကောင်းလေးကို ဘာလို့ လာမကယ်တာလဲ?"

"အဲဒီ အမျိုးသမီးတွေရဲ့ မနာလိုတဲ့ အကြည့်တွေက နင့်ကို ခြံစည်းရိုးခတ်ထားသလိုပဲလေ၊ ငါက ဝင်ချင်ရင်တောင် တိုးဝင်လို့ မရဘူး"

ချင်းရှောင်းကော စောစောက ရယ်ချင်စိတ်ကို မည်မျှအထိ ထိန်းထားရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ အမျိုးသမီးတစ်စုသည် အခန်းထဲသို့ ဝင်လာပြီး ခုတင်ကို ဝိုင်းထားကာ အမျိုးသမီးယန်ကို မေးခွန်းပေါင်းစုံ မေးနေကြခြင်းဖြစ်သည်။

ဥပမာအားဖြင့် - "သားရတနာရအောင် ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိလဲ? ကလေးရအောင် ဘယ်လိုလုပ်ရလဲ? ဘာတွေ အစားများလဲ? ယောက်ျားကို ဘာတွေ ကျွေးလဲ? ဘယ်အချိန်မှာ အတူနေလဲ...?" အစရှိသည်ဖြင့် တတွတ်တွတ် မေးမြန်းနေကြခြင်းပင်။

ရှေးခေတ်လူများမှာ ကွန်ဆာဗေးတစ်ဖြစ်သည် (ရှေးရိုးစွဲသည်) ဟု ဆိုကြသည်။ ချင်းရှောင်းကောသည်လည်း အရင်က ထိုသို့ပင် ထင်မှတ်ခဲ့သော်လည်း ယနေ့တွင်မူ အမှန်တရားကို သိလိုက်ရပြီဖြစ်သည်။ ဤအမျိုးသမီးများသည် သီးသန့်စကားဝိုင်းများတွင် အလွန်ပင် ရဲတင်းကြသည်။ ခေတ်သစ်ကာလမှ လာသူဖြစ်သော်လည်း ချင်းရှောင်းကောပင်လျှင် ထိုစကားများကို ကြားရသောအခါ ရှက်မိသွားသည်။

ကံကောင်းသည်မှာ ရှောင်ကျူး၊ ယွီလင်း၊ ကျွမ်းကျွမ်း၊ ရှောင်းဟွာနှင့် ရှောင်းဟူတို့မှာ အပြင်တွင် ကစားနေကြသဖြင့် တော်သေးသည်။ မဟုတ်လျှင် အလွန်အမင်း အနေရခက်ပေလိမ့်မည်။

အမျိုးသမီးယန်သည် ချင်းရှောင်းကောနှင့် သီးသန့်စကားပြောလျှင် အရှက်အကြောက် သိပ်မရှိသော်လည်း၊ ဤမျှ လူအများကြီးရှေ့တွင် ဇနီးမောင်နှံ ရင်းနှီးမှုကိစ္စများကို ပြောဆိုရန်မှာ သူမအတွက်ပင် လွန်လွန်းလှသည်။ သူမသည် စကားများ ထစ်ငေါ့နေပြီး ရှင်းပြရန် ခက်ခဲနေတော့သည်။

ကံကောင်းသည်မှာ စားပွဲသောက်ပွဲ စတင်ကြောင်း မီးရှူးမီးပန်းသံများ အချိန်မီ ထွက်ပေါ်လာသဖြင့် ထိုအမျိုးသမီးများမှာ အမျိုးသမီးယန်ကို ဆက်မနှောင့်ယှက်တော့ပေ။ သူမထံမှ လျှို့ဝှက်ချက်များ မရနိုင်တော့ကြောင်း သိသောအခါ စိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲမှ ထွက်သွားကြသည်။

သူတို့သည် ဤခရီးစဉ်မှ အသားဟင်းဖြစ်စေ၊ ကလေးရမည့် လျှို့ဝှက်ချက်ဖြစ်စေ အနည်းဆုံး တစ်ခုခုတော့ ရအောင် ယူရမည် မဟုတ်လား။ မဟုတ်လျှင် သူတို့၏ ယနေ့ခရီးစဉ်မှာ အလဟဿ ဖြစ်ပေလိမ့်မည်။

"မပြောပါနဲ့တော့၊ ငါ့မျက်နှာတစ်ခုလုံး နီမြန်းနေတာ ခံစားမိတယ်၊ ဒီလူတွေက အရမ်းရဲလွန်းတယ်၊ အဲဒီထဲမှာ အပျိုမလေးတွေတောင် ပါသေးတယ်၊ ဒါက လွန်လွန်းတယ်..."

အမျိုးသမီးယန်သည် သူမ၏ နီမြန်းနေသော ပါးပြင်ကို ပုတ်ရင်း ညည်းညူရန် ပြင်နေစဉ်မှာပင် တံခါးပွင့်လာသည်။ သူမမှာ လန့်သွားသဖြင့် ချက်ချင်း စကားရပ်လိုက်ပြီး တံခါးဝသို့ စိုးရိမ်တကြီး ကြည့်လိုက်သည်။ ထိုအမျိုးသမီးများ တစ်ဖန် ပြန်လာသည်ဟု ထင်မှတ်သဖြင့် ရင်ခုန်သံများ မြန်လာသည်။ သူမပြောသမျှကို တစ်ယောက်ယောက် ကြားသွားလျှင် အလွန်ဆိုးရွားပေလိမ့်မည်။

လိုက်ကာကို မလိုက်သောအခါ ယန်ဖုန်း ပေါ်လာသည်။ ထိုအခါမှ နှစ်ယောက်စလုံး သက်ပြင်းချနိုင်တော့သည်။

"မင်းတို့ ဘာဖြစ်နေကြတာလဲ?"

ယန်ဖုန်းက နားမလည်သော မျက်နှာပေးဖြင့် မေးလိုက်သည်။ သူသည် မိမိကိုယ်ကိုယ် ပြန်ကြည့်သော်လည်း သူ့အဝတ်အစားမှာ ထူးထူးခြားခြား မရှိပေ။

ချင်းရှောင်းကောနှင့် အမျိုးသမီးယန်မှာ ရှက်ကိုးရှက်ကန်းနှင့် ခေါင်းခါလိုက်ပြီး ဘာမှမဟုတ်ကြောင်း ချက်ချင်း အာမခံလိုက်ကြသည်။ ထိုအခါမှ ယန်ဖုန်း၏ သံသယများ ပြေပျောက်သွားသည်။

"မြန်မြန် စားကြတော့"

ယန်ဖုန်းသည် အသား၊ ဟင်းရွက်နှင့် မှိုများပါသော ဟင်းအိုးကြီးတစ်လုံးကို ယူလာပေးသည်။ ဟင်းများ ကျက်ပြီးချင်းမှာပင် သူတို့အတွက် သီးသန့် ခူးယူလာပေးခြင်း ဖြစ်သည်။ ထို့အပြင် သူတို့အတွက် သီးသန့်ပြင်ဆင်ထားသော ဖြူဖွေးသည့် ပေါက်စီပန်းကန်ကြီးလည်း ပါဝင်သည်။

ချင်းရှောင်းကောသည် အပြင်သို့ လှမ်းကြည့်လိုက်ရာ ကလေးများမှာ အပြင်တွင် လည်ပတ်နေဆဲ ဖြစ်သဖြင့် ပြောလိုက်သည်။ "ကျွန်မသွားပြီး ကလေးတွေကို ခေါ်လိုက်မယ်"

"နင်ပဲ အရင်စားလိုက်ပါ၊ ငါပဲ သွားခေါ်လိုက်မယ်"

ယန်ဖုန်းက ချင်းရှောင်းကောကို တားလိုက်သည်။ ဟင်းအိုးကို ချလိုက်ပြီးနောက် သူက တံခါးဖွင့်၍ ထွက်သွားသည်။

ခဏအကြာတွင် ကလေးများသည် ပန်းကန်နှင့် တူများကိုယ်စီကိုင်ကာ ဝင်လာကြသည်။ ကစားထားသဖြင့် သူတို့၏ မျက်နှာများမှာ ချွေးများဖြင့် စိုရွှဲနေသည်။

ကျွမ်းကျွမ်းသည် ချင်းရှောင်းကော ဘေးတွင် ထိုင်လိုက်ပြီး ပျော်ရွှင်စွာ ပြောသည်။ "မွှေးနေတာပဲ၊ ကျွန်တော် သုံးပန်းကန် အပြည့်စားမယ်"

ချင်းရှောင်းကောက ပြုံးလိုက်သည်။ သူမ စကားမပြောရသေးခင်မှာပင် ရှောင်းဟူက ဝင်ပြောခဲ့သည်။"မင်းလို အသက်အရွယ်လေးနဲ့ ဘယ်လိုလုပ် သုံးပန်းကန် ကုန်မှာလဲ? ငါ့ရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံကမှ သုံးပန်းကန်နဲ့ ကိုက်ညီတာ"

"အမယ်... ရှောင်းဟူက ကြွားနေတာ၊ ကျွမ်းကျွမ်း... သူ့စကား နားမယောင်နဲ့"

ရှောင်းဟွာ၏ အထင်သေးသော စကားကြောင့် ရှောင်းဟူ မကျေမနပ် ဖြစ်သွားသည်။ ထိုကောင်လေးမှာ အရှက်ရသွားသဖြင့် အတင်းအကျပ် ရယ်မောလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

"ငါ သုံးပန်းကန် ကုန်၊ မကုန် ကြည့်လိုက်စမ်း! စောင့်ကြည့်နေ!"

ရှောင်းဟွာက သူ့ကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်ခဲ့သည်။"ကြွားရုံပဲ ရှိတာ"

"ဟေ့... ငါကြားတယ်နော်!"

ရှောင်းဟူက မျက်နှာနီမြန်းကာ အော်လိုက်သည်။ ရှောင်းဟွာက ဂရုမစိုက်သလို ပုခုံးတွန့်ပြကာ "ကြားတော့ ဘာဖြစ်လဲ" ဟု ဆိုလိုသည့်ပုံစံ လုပ်ပြခဲ့သည်။

ရှောင်းဟူမှာ အံကြိတ်ရင်း နှာခေါင်းရှုံ့ကာ ခေါင်းလွှဲလိုက်သည်။ "မင်း ငါ့ကို အထင်သေးနေတာ၊ စောင့်ကြည့်နေလိုက်၊ ငါ သက်သေပြမယ်!"

ရှောင်းဟွာက သူ့ကို နှာခေါင်းရှုံ့ပြရင်း ခေါင်းပြန်လွှဲသွားသည်။"နင်သာ ငါ့ကို လှမ်းမကြည့်ရင် ငါက မင်းကို ကြည့်တောင် မကြည့်ဘူး"

စကားစတင်ခဲ့သော ကျွမ်းကျွမ်းမှာ ချင်းရှောင်းကောကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။"စောစောက သူတို့ စားဖို့ ပြောနေတာ မဟုတ်လား? အခုကျတော့ ဘာလို့ ရန်ဖြစ်နေကြတာလဲ? နားလည်ရခက်လိုက်တာ..."

ချင်းရှောင်းကောသည် လက်ကိုင်ပဝါကို ထုတ်ကာ ကျွမ်းကျွမ်း၏ ကိုယ်ပေါ်က ချွေးများကို သုတ်ပေးလိုက်သည်။ ထို့နောက် သူ့အတွက် တစ်ပန်းကန် ခူးပေးလိုက်သည်။ " အများကြီးစား၊ ဒါမှ အရပ်ရှည်မှာ!"

ကျွမ်းကျွမ်းက ပျော်ရွှင်စွာ ယူလိုက်ပြီး ခေါင်းညိတ်ခဲ့သည်။"စိတ်မပူပါနဲ့ အမေ၊ ကျွန်တော် အရပ်ရှည်ပြီး သန်မာတဲ့သူ ဖြစ်အောင် သေချာပေါက် ကြိုးစားပါ့မယ်"

အမျိုးသမီးယန်မှာ လှုပ်ရှားရန် အဆင်မပြေသဖြင့် ချင်းရှောင်းကောက သူမအတွက်လည်း တစ်ပန်းကန် ခူးပေးလိုက်သည်။

ကျန်သည့်သူများမှာမူ မိမိဘာသာ ခူးစားကြသည်။ ၎င်းမှာ ဟင်းရွက်စုံ စွပ်ပြုတ်အိုးကြီး ဖြစ်သဖြင့် သူတို့ စားချင်သည်များကို ရွေးချယ်၍ ရသည်။

ရှောင်းဟူမှာ စောစောက သူပြောခဲ့သည့် စကားအတွက် အရှက်မကွဲစေရန် အတင်းအကျပ် သုံးပန်းကန် ကုန်အောင် စားသည်။ ပန်းကန်တိုင်းမှာ အပြည့်မဟုတ်သော်လည်း အရေအတွက်မှာတော့ သုံးပန်းကန် တိတိဖြစ်သည်။

နောက်ဆုံးတွင် ရှောင်းဟွာ အရှုံးပေးလိုက်ရသည်။ သူမ၏ ထုံအသော မောင်ဖြစ်သူကို သူမ တကယ် လက်မြှောက်လိုက်ရပြီ ဖြစ်သည်။ ဤကဲ့သို့ အသေးအဖွဲ ကိစ္စလေးအတွက် သူမ ဘာကြောင့် သူ့ကို ရန်ဖြစ်နေမိပါလိမ့်?

ဝန်းထဲက လူများသည် စားသောက်ပြီးနောက် ပြန်သွားကြသည်။ ချင်းရှောင်းကောက သိမ်းဆည်းရန် ကူညီချင်သော်လည်း၊ တခြားသူများက သူမကို နှင်ထုတ်လိုက်ပြီး စားပွဲနားသို့ပင် အကပ်မခံကြပေ။

ညဘက်တွင်လည်း အမျိုးသမီးယန်၏ အိမ်မှာပင် အတူစားကြသည်။ သို့သော် ယခုမူ မိသားစုနှစ်စုသာ စားပွဲဝိုင်းကြီး တစ်ဝိုင်းတွင် စုဝေးစားသောက်ကြခြင်း ဖြစ်သည်။ ချင်းရှောင်းကောက သာမန် ထမင်းဝိုင်းလေးဟု ထင်ထားခဲ့သော်လည်း၊ မထင်မှတ်ဘဲ ကြက်သား၊ ငါး၊ ဝက်သားနှင့် အသားဟင်းများစွာဖြင့် စည်ကားလှသည်။ လူတိုင်းမှာ ဗိုက်ကလေးများ ပူထွက်လာသည်အထိ မြိန်ယှက်စွာ စားသောက်ကြတော့သည်။

"အမေ..."

ကျွမ်းကျွမ်းသည် အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများဖြင့် ခေါ်လိုက်သည်။ ချင်းရှောင်းကောသည် လက်သုတ်ပုဝါကို ဘေးချလိုက်ပြီး သူ့ကို နိုးသွားမှာ စိုးသဖြင့် တိတ်တဆိတ် လမ်းလျှောက်သွားကာ သူ့မျက်နှာကို ထိလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"ဖေဖေက... ဘာလို့ ကျွန်တော့်ကို လက်ဆောင် မပေးတာလဲ?"

ထိုကောင်လေးမှာ အတော်လေး ဝမ်းနည်းနေပုံရပြီး၊ မေးခွန်းမေးပြီးနောက် အနည်းငယ် ညည်းတွားလိုက်သေးသည်။ ချင်းရှောင်းကောမှာ ကြောင်အမ်းသွားပြီး ထိုဝဝကောင်လေးကို အံ့သြတကြီး ကြည့်လိုက်သည်။

"ဒီကလေး ထုံလိုက်တာ၊ သူ တကယ်ပဲ မေ့သွားတာလား...?"

ကျန်းတန်းဟယ်မှာမူ ယခုအချိန်တွင် ခွင့်ရက်အနည်းငယ် ရရှိရန်အတွက် မနားမနေ အလုပ်လုပ်နေခြင်း ဖြစ်သည်။ အကယ်၍ သူ့သားဖြစ်သူက ထိုအရေးကြီးသောနေ့ကို မေ့သွားသည်ဟု သိလျှင် သူသည် သေချာပေါက် ဝမ်းနည်း စိတ်ပျက်ပေလိမ့်မည်။ ချင်းရှောင်းကောကတော့ အံ့အားသင့်စရာ လက်ဆောင်အတွက် ပြင်ဆင်နေသော်လည်း၊ သူမ၏ ထုံအသောသားမှာ ရက်စွဲကို လုံးဝ မေ့နေခဲ့သည်။

ချင်းရှောင်းကော၏ ရင်ထဲက ခံစားချက်ကို သိသလိုပင်၊ ဝေးကွာသော အရပ်မှ ကျန်းတန်းဟယ်သည် နှာချေလိုက်သည်။ သူသည် ချင်းရှောင်းကော ချုပ်ပေးထားသော ဝတ်ရုံကို တင်းတင်းကျပ်ကျပ် ခြုံလိုက်ပြီး ခရီးဆက်ခဲ့သည်။

ကျွမ်းကျွမ်းသည် အိပ်မက်ထဲတွင် ငိုယိုနေပြီး၊ မည်သူမျှ သူ့ကို မချစ်ကြတော့ကြောင်း၊ ကျောင်းလည်း မတက်ချင်သလို အိမ်ကလည်း မထွက်ချင်တော့ကြောင်း တတွတ်တွတ် ပြောနေသည်။

ချင်းရှောင်းကောမှာ ထိုကောင်လေး၏ ပါးစပ်ကို အားကိုးရာမဲ့စွာ ပိတ်ထားသော်လည်း သူ့မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေဆဲပင်။ သူ အိပ်ပျော်နေလားဆိုသည်ကို သူမ မသေချာပေ။ ထပ်ခါတလဲလဲ ချော့မော့သော်လည်း အရာမထင်သဖြင့် သူမသည် သူ့ပါးစပ်ကို လွှတ်ပေးလိုက်ပြီး သူ့ကို နှိုးရန် ကြိုးစားလိုက်သည်။

သို့သော် ထိုကောင်လေးမှာ ခေါင်းလွှဲကာ ကျောခိုင်းလိုက်ပြီး ဟောက်သံများပင် ထွက်ပေါ်လာတော့သည်။

All Chapters