အခန်း (၄၄၉)
Vol. 30 Ch. 449
ကျန်းတန်းဟယ်သည် သူ့ရှေ့မှ စစ်သားသစ်လေးကို စကားမပြောနိုင်လောက်အောင် ကြည့်နေမိသည်။ 'ဒီလူ ဘယ်လိုလုပ် စစ်တပ်ထဲ ဝင်လာတာလဲ?!'
သူ အလွန်ထူးဆန်းနေသော်လည်း အလုပ်များကို စောစောစီးစီး အပြီးသတ်ကာ နေမဝင်ခင်မှာပင် အိမ်သို့ ပြန်လာခဲ့သည်။
သူ အိမ်တံခါးဝသို့ ရောက်သည်နှင့် အစောင့်သည် ပုံမှန်အတိုင်းပင် အလေးပြု နှုတ်ဆက်သည်။
ထောင့်တစ်နေရာမှ ချောင်းကြည့်နေသော ပုံရိပ်တစ်ခုသည် ကျန်းတန်းဟယ်ကို မြင်သည်နှင့် လီရှို့ကျီထံ သတင်းပို့ရန် အတွင်းသို့ အမြန်ဝင်သွားတော့သည်။
ကျန်းတန်းဟယ်သည် အစောင့်၏ အလေးပြုမှုကို ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။ ထို့နောက် သူသည် ခြေလှမ်းများကို ရပ်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။
သူ့အနားတွင် ရှိနေသော အစောင့်သည် မသိမသာပင် တံတွေးကို မြိုချလိုက်မိသည်။
"ဒီနေ့ အိမ်တော်ကို ဧည့်သည် လာသေးလား?"
"ဟုတ်ကဲ့... လာပါတယ် စစ်သူကြီး။"
ကျန်းတန်းဟယ်က ခေါင်းညိတ်ပြီး "ဘယ်သူလဲ?" ဟု ဆက်မေးလိုက်သည်။
လီရှို့ကျီထံမှ ညွှန်ကြားချက် ရထားသော အစောင့်သည် သူ၏ လျှာဖျားသို့ ရောက်နေသော အဖြေကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရသည်။ သူ လိမ်ညာရန်အတွက် ခေါင်းခြောက်အောင် စဉ်းစားနေရသည်။ ထိုခဏချင်းမှာပင် သူ၏ နဖူးမှ ချွေးစက်တစ်ခု စီးကျလာသည်။
ကျန်းတန်းဟယ် မျက်တောင်တစ်ချက် ခတ်လိုက်ချိန်တွင် အစောင့်သည် သူ၏ နဖူးမှ ချွေးကို လျင်မြန်စွာ သုတ်လိုက်သည်။ စစ်သူကြီးက သူ့ကို ပြန်ကြည့်ချိန်တွင် သူ၏ နဖူးမှာ ပြောင်စင်နေပြီ ဖြစ်သည်။
"စစ်သူကြီး... ကျွန်တော်လည်း သေချာမသိပါဘူး။ လက်ထောက်စစ်သူကြီး ကိုယ်တိုင် ခေါ်သွားတာပါ!"
အစောင့်သည် သူ၏ ပါးနပ်မှုအတွက် မိမိကိုယ်ကိုယ် လက်မထောင်ပြလိုက်မိသည်။ "ငါ တကယ်တော်တာပဲ။ စကားပုံအတိုင်းပဲလေ... လက်ထောက်စစ်သူကြီး ငရဲမလားရင် ဘယ်သူလားမလဲ?"
ကျန်းတန်းဟယ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အစောင့်ကို သူ၏ တာဝန် ဆက်ထမ်းဆောင်ရန် ပြောပြီးနောက် အိမ်ထဲသို့ လျှောက်လှမ်းဝင်သွားခဲ့သည်။
"လီရှို့ကျီ ဘာတွေလုပ်နေတာလဲ? အစောင့်တွေကပါ သူ့ဘက်က ကာကွယ်ပေးနေကြတယ်။"
သူသည် အစောင့်၏ အပြုအမူကို မယုံကြည်ပေ။ အားလုံးမှာ လီရှို့ကျီ စီစဉ်ထားခြင်း ဖြစ်ရမည်။ ထို့ကြောင့် အစောင့်များကို စစ်မေးနေခြင်းက အကျိုးမရှိပေ။ ကွယ်ရာမှ ကြိုးကိုင်နေသည့် တကယ့်တရားခံကိုသာ ရှာရန် လိုအပ်သည်။
အစီအစဉ်အတိုင်း မလုပ်တတ်သော ကျန်းတန်းဟယ်သည် လီရှို့ကျီ၏ အခန်းဆီသို့ တိုက်ရိုက် လျှောက်သွားတော့သည်။
အခန်းအတွင်း၌ လီရှို့ကျီသည် ရှု့ပေါ်ထုန်နှင့် စကားပြောနေစဉ် သူ၏ ဆဋ္ဌမအာရုံက တစ်ခုခုကို သိလိုက်ရသည်။ သူသည် ရှုပေါ်ထုန်ကို အထဲမှာပဲ နေရန်နှင့် အပြင်မထွက်ရန် အမြန်ပြောလိုက်သည်။
ထို့နောက် သူသည် တံခါးကို ပိတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
သူ့အခန်းသို့ သွားရာ လှေကားထစ်များမှ ဆင်းလာစဉ် ကျန်းတန်းဟယ်နှင့် တိုးတော့သည်။
"မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ?!"
လီရှို့ကျီသည် ကျန်းတန်းဟယ် ပေါ်လာသဖြင့် အနည်းငယ် အံ့သြသွားသော်လည်း သူ၏ အမူအရာကို အမြန်ထိန်းကာ ဟန်ဆောင်လိုက်သည်။ "ဟားဟား... ဒီနေ့ စောလှချည်လား?"
"..."
ကျန်းတန်းဟယ်က သူ့ကို အကဲခတ်ကြည့်ပြီး မေးလိုက်သည်။"ဒီနေ့ အိမ်တော်ကို လူတစ်ယောက် ရောက်လာတယ် ဆို?"
"ဪ... ကျွန်တော့်ကိုယ်စား စစ်သူကြီးကို အံ့သြအောင် လုပ်ဖို့ တစ်ယောက်ယောက် ရောက်လာတာပါ"
လီရှို့ကျီသည် သူ၏ ကျွမ်းကျင်လှသော သရုပ်ဆောင်စွမ်းရည်ဖြင့် ကျန်းတန်းဟယ်ကို သူ၏ ကိုယ်ပိုင်အခန်းဆီသို့ ပြန်သွားရန် ဖျောင်းဖျလိုက်သည်။
ထွက်ခွာသွားသော လူ၏ ကျောပြင်ကို ကြည့်ရင်း ကျန်းတန်းဟယ်၏ ကြုတ်နေသော မျက်မှောင်များ ပြေလျော့သွားသည်။
လီရှို့ကျီ ဘာတွေ ကြံစည်နေလဲဆိုတာ သူ စူးစမ်းချင်နေမိသည်။
သူသည် အခန်းတံခါးဝသို့ လျှောက်သွားပြီး ဝန်လေးခြင်းမရှိဘဲ တံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် အလင်းရောင် အလွန်လင်းနေသော်လည်း လေထဲတွင် ရင်းနှီးနေသော ရနံ့တစ်ခု ရှိနေသည်။
ကျန်းတန်းဟယ်၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်သွားပြီး အိမ်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားသည်။
ချင်းရှောင်းကော တံခါးနောက်ကွယ်တွင် ပုန်းနေပြီး သူမရှေ့တွင် ပေါ်လာသော ပုံရိပ်ကို ကြည့်နေသည်။ သူမ စိတ်လှုပ်ရှားစွာဖြင့် သူ့အနားသို့ တိတ်တဆိတ် ချဉ်းကပ်လိုက်သည်။ သုံးအထိ ရေတွက်ပြီးနောက် သူမ သူ့အပေါ်သို့ ခုန်အုပ်လိုက်မည်။ သူ့ကို လန့်သွားအောင် လုပ်နိုင်လျှင် အကောင်းဆုံးပင်။
သုံး... နှစ်... တစ်!
"ဟေး...!"
ချင်းရှောင်းကော၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေဆဲ ဖြစ်သော်လည်း ယခုအခါ သူမသည် သူမ၏ မျက်နှာရှေ့ရှိ နံရံကို ထိတ်လန့်တကြား ကြည့်နေရသည်။
သူမ သူ့အပေါ် ခုန်အုပ်လိုက်သည့် ခဏ၌ ကျန်းတန်းဟယ်သည် မသိစိတ်ဖြင့် သူမကို ဖမ်းဆီးကာ မြှောက်လိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ မည်သူဖြစ်သည်ကို သိလိုက်ရချိန်တွင် သူ၏ လုပ်ရပ်ကို ချက်ချင်းရပ်တန့်လိုက်ပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် သူမကို ပြန်လည် ပွေ့ဖက်လိုက်သည်။
"ရှောင်းကော?!!"
ကျန်းတန်းဟယ်၏ အသံထဲတွင် မယုံကြည်နိုင်မှုနှင့် စိတ်လှုပ်ရှားမှုများကို ချင်းရှောင်းကော ကြားလိုက်ရသည်။
သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ခုနက သူ သူမကို ပစ်ပေါက်ဖို့ ကြိုးစားလိုက်တာလား?!
ယခုအခါ သူမသည် သူ၏ ရင်ခွင်ထဲတွင် ရှိနေသော်လည်း သူမ မြင်လိုက်ရသည်မှာ မမှားနိုင်ဟု သူမ ယုံကြည်သည်။ အကယ်၍ သူသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့လျှင် ယခု သူမ မြင်နေရသည်မှာ နံရံမဟုတ်ဘဲ ကြမ်းပြင် ဖြစ်နေပေလိမ့်မည်။
"ဘယ်တုန်းက ရောက်တာလဲ?!"
"မျက်နှာချင်းဆိုင် စကားပြောလို့ ရမလား?"
ချင်းရှောင်းကောသည် သူမ၏ နောက်ဘက်ရှိ လူကို အားကိုးရာမဲ့စွာ ပြောလိုက်သည်။ သူမ၏ ကျောပြင်မှာ သူ၏ ရင်ခွင်ကို မှီထားခြင်း ဖြစ်သည်။ သူမ၏ စကားလုံးများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုမှလွဲ၍ သူမ ဘာကိုမျှ မခံစားနိုင်ပေ။
"ဪ... အင်း၊ ရတာပေါ့။"
ကျန်းတန်းဟယ်က သူမကို လွှတ်လိုက်ပြီးနောက် ချင်းရှောင်းကောသည် လှည့်ကြည့်ရန် ကြိုးစားသော်လည်း သူက အခွင့်အရေး မပေးပေ။ သူ၏ လက်ကြီးများဖြင့် သူမကို ဆွဲယူကာ သူမက သူ့မျက်နှာကို မမြင်ရသေးမီမှာပင် သူ၏ ရင်ခွင်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ပြန်သည်။
"ဘယ်တုန်းက ရောက်တာလဲ? ဘာလို့ ကိုယ့်ကို အကြောင်းမကြားတာလဲ? ဒါက နောက်ထပ် အံ့သြစရာတစ်ခုလား?"
ကျန်းတန်းဟယ်က သူမကို ပြုံးလျက် ကြည့်နေသည်။ သူ ဤအံ့သြစရာကို အလွန် သဘောကျလှသည်။
ချင်းရှောင်းကောကို ကြည့်ရင်း သူသည် သူ၏ အသိုက်အမြုံကို ပြန်လည် တွေ့ရှိသွားသော လမ်းပျောက်နေသည့် လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အနားတွင် ထာဝရ နေထိုင်သွားချင်ပြီး ဘယ်တော့မှ မခွဲခွာချင်တော့ပေ။
"ဒီမနက်ပဲ ရောက်တာပါ။ အခုတော့ အံ့သြစရာကနေ ထိတ်လန့်စရာ ဖြစ်တော့မလို့ပဲ"
ကျန်းတန်းဟယ်၏ တုံ့ပြန်မှုကြောင့် ချင်းရှောင်းကော အလွန် ဝမ်းသာသွားသည်။ ကိုယ် လွမ်းနေရတဲ့ သူကလည်း ကိုယ့်ကို လွမ်းနေတယ်ဆိုတာ သိရတာ တကယ့်ကို ချိုမြိန်လှသည်။
ဒါပေမယ့် တစ်နည်းနည်းနဲ့တော့ အံ့သြအောင်လုပ်တဲ့ ကိစ္စတွေက သူမအပေါ် ရန်ငြိုးရှိနေပုံရသည်။ သူမ စီစဉ်ထားတဲ့ အံ့သြစရာတွေက ဘာလို့ တစ်ခုမှ အစီအစဉ်အတိုင်း မဖြစ်လာတာလဲ? ရလဒ်တွေက သူမ စိတ်ကူးထားတာနဲ့ အမြဲတမ်း ကွဲလွဲနေတတ်သည်။
ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ ဖြစ်စဉ်က အရေးမကြီးပါဘူး။ အနည်းဆုံးတော့ ရလဒ်က ပြီးပြည့်စုံနေသေးတာပဲ။
ချင်းရှောင်းကောသည် ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့ကို ပြန်လည် ပွေ့ဖက်လိုက်ကာ သူ၏ ရင်ဘတ်ထဲမှ တဒိန်းဒိန်း ခုန်နေသော နှလုံးခုန်သံကို တိတ်ဆိတ်စွာ နားထောင်နေမိသည်။
သူတို့နှစ်ဦးကြားရှိ အငွေ့အသက်မှာ အလွန် သာယာလှသော်လည်း သူတို့ တစ်ခုခုကို မေ့နေပုံရသည်။
ကျွမ်းကျွမ်းမှာမူ တခြားတံခါးနောက်ကွယ်တွင် စောင့်နေရလွန်းသဖြင့် ခြေထောက်များပင် ထုံကျဉ်နေပြီ ဖြစ်သည်။ သူ ထွက်လာရန် အခွင့်အရေးကို ရှာမတွေ့သေးပေ။
သူသည် ခုနက သူ့အမေနှင့်အတူ ထွက်လာရမည် ဖြစ်သော်လည်း၊ သူ၏ ခြေလက်များမှာ တိုတောင်းနေသဖြင့် အနည်းငယ် နောက်ကျသွားခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဖခင်ဖြစ်သူက လျင်မြန်စွာ ဖမ်းဆီးလိုက်သည်ကို မြင်လိုက်ရသည်။ တစ်နည်းနည်းဖြင့် သူ၏ ခြေထောက်များမှာ ဦးနှောက်ထက် ပိုမြန်နေသဖြင့် တံခါးနောက်သို့ အရင် ပြန်ဆုတ်လိုက်ခြင်း ဖြစ်သည်။
သူ့အဖေက အဲဒီလိုသာ ဖမ်းလိုက်ရင် သူ့ရဲ့ လက်မောင်းသေးသေးလေး ကျိုးသွားနိုင်တာပေါ့။
တံခါးအပြင်ဘက်မှ လူအချို့သည်လည်း အခွင့်အရေးကို စောင့်နေကြသည်။ သူတို့မှာ ဆောင့်ကြောင့်ထိုင် စောင့်နေရသဖြင့် ခြေထောက်များပင် ထုံနေပြီ ဖြစ်သော်လည်း၊ အပြင်သို့ ပြေးထွက်ရန် အခွင့်အရေး မရသေးပေ။
ထို့အပြင် သူတို့အားလုံး တစ်ခုကို သဘောပေါက်သွားကြသည်မှာ - သူတို့ ထွက်လာသည်ဖြစ်စေ၊ မထွက်လာသည်ဖြစ်စေ မည်သူမျှ တကူးတက ဂရုစိုက်နေမည် မဟုတ်ခြင်းပင်။
ထိုအဖွဲ့သည် ယခုအခါ တံခါးနောက်မှနေ၍ အခန်းထဲသို့ ချောင်းကြည့်နေကြသည်။ ထိုစုံတွဲ ဖက်ထားကြသည်ကို ကြည့်ရင်း သူတို့ တကယ်ကို မတတ်သာသလို ခံစားနေရသည်။
"အစ်မရှောင်းကော... ဒါက ငါတို့ အစီအစဉ်နဲ့ အတော် ကွဲလွဲနေပြီနော်။ ဖက်ထားတာ တော်ကြပါတော့..."
"အဟမ်း... အဟမ်း!"
နောက်ဆုံးတွင် လီရှို့ကျီက အခန်းထဲမှ လူနှစ်ဦးကို သတိပေးသည့်အနေဖြင့် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။
"ဪ... ဟုတ်သားပဲ"
ချင်းရှောင်းကော မျက်နှာနီသွားပြီး ကျန်းတန်းဟယ်ကို အမြန် တွန်းထုတ်လိုက်ကာ တခြားတံခါးဘက်သို့ လှမ်းခေါ်လိုက်သည်။
"ကျွမ်းကျွမ်း... ထွက်လာတော့။"
"ဖေဖေ..."
ကျွမ်းကျွမ်းသည် သူ၏အမည်ကို ကြားလိုက်ရသောအခါ အလွန် ဝမ်းသာသွားသည်။' နောက်ဆုံးတော့ သူ ထွက်လာရမည့် အချိန် ရောက်ပြီ!'
ကောင်လေးသည် တံခါးကို တွန်းဖွင့်ကာ ကျန်းတန်းဟယ်ဆီသို့ တန်းတန်း ပြေးသွားတော့သည်။ ကျန်းတန်းဟယ်က သူ့ကို ချီမလိုက်ပြီး သူ၏ ဝိုင်းစက်နေသော ပါးလေးကို နမ်းလိုက်သည်။
"ငါ့ရဲ့ ချစ်လှစွာသော သားလေး!"
ကျန်းတန်းဟယ်သည် ယနေ့ကို သူ၏ ကံအကောင်းဆုံးနေ့ဟု သတ်မှတ်လိုက်သည်။ ဤသည်မှာ အလွန် ပျော်ရွှင်စရာကောင်းသော အခါသမယပင်။
ကျွမ်းကျွမ်းသည်လည်း သူ့ကို ပြန်လည် ပွေ့ဖက်ပြီး ပါးချင်း အပ်လိုက်သည်။ ထို့နောက် သူက ပြုံးလျက် အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ - "လူတွေ အများကြီး ကျန်သေးတယ်!" ဟု ပြောလိုက်သည်။
ကျန်းတန်းဟယ်က စူးစမ်းစွာဖြင့် အပြင်သို့ ကြည့်လိုက်သည်။ တံခါးနောက်ကွယ်မှ အဖွဲ့သားများ ပေါ်လာသောအခါ သူ၏ မျက်လုံးများ ဝင်းပသွားပြီး သူတို့ကို ဝမ်းသာအားရ ပြုံးပြလိုက်သည်။
အစောပိုင်းက အိမ်တော်တွင် ဧည့်သည်များ ရောက်နေသည်ဟူသော သတင်းကို ကြားစဉ်က သူသည် အနည်းငယ် မျှော်လင့်ချက် ရှိခဲ့သည်။ ချင်းရှောင်းကောနှင့် သူငယ်ချင်းများ လာတာများလားဟု သူ စဉ်းစားမိခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုအတွေးကို သူ ဖျောက်ဖျက်လိုက်ခြင်း ဖြစ်သည်။
သူ အိမ်ပြန်ရောက်သောအခါ လီရှို့ကျီ၏ တုံ့ပြန်မှုများက သူ့ကို ဇဝေဇဝါ ဖြစ်စေသလို မျှော်လင့်ချက်လည်း ပေးခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ရလဒ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။ မဟုတ်ပါဘူး... ဒါက အပျော်ရွှင်ရဆုံး အခါသမယ ဖြစ်လာခဲ့သည်။
"တကယ်ကို မိုက်တယ်! မင်းတို့ ဒီကို ရောက်လာတာ ငါ တကယ်ကို ဝမ်းသာတယ်!"
"ခဲအို... ကျွန်မတို့ကို တွေ့ရလို့ ဝမ်းသာတာလား၊ ဒါမှမဟုတ် အစ်မရှောင်းကောကို တွေ့ရလို့လား?"
ရူယီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ချင်းရှောင်းကော၏ ဘေးသို့ ပြုံးလျက် လျှောက်လာခဲ့သည်။
ထိုသို့ ပြောပြီးနောက် သူမသည် ချင်းရှောင်းကောကို ကျန်းတန်းဟယ်ဘက်သို့ အသာအယာ တွန်းပို့လိုက်သည်။
ကျန်းတန်းဟယ်သည် ချင်းရှောင်းကောကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နားရွက်များ နီမြန်းလျက် ပြောလိုက်သည်။ "အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်!"
ထိုသို့ ပြောလိုက်သော်လည်း သူ၏ ချစ်သူကို ပွေ့ဖက်ထားပုံမှာ ရူယီ၏ မေးခွန်းအတွက် အမှန်ကန်ဆုံး အဖြေပင် ဖြစ်သည်။
အခြားသူများက ထိုအရာကို မြင်သောအခါ တပြိုင်နက်တည်း အော်ဟစ် အားပေးကြတော့သည်။ လူတိုင်း သိနေကြသည်မှာ - သူသည် အစ်မရှောင်းကောကို တွေ့ရသည်မှာ အခြားသူများထက် ပို၍ ဝမ်းသာနေခြင်းပင် ဖြစ်သည်။
လူတိုင်း တဟားဟား အော်ရယ်ကြတော့သည်။ ချင်းရှောင်းကောလည်း ရယ်ချင်သွားသဖြင့် သူ့ကို အသာအယာ တွန်းလိုက်သည်။
မထင်မှတ်ဘဲ ဤအပြုအမူလေးကို မျက်စိစူးရှသူအချို့က သတိထားမိသွားကြပြီး နောက်ထပ် စနောက်မှုများ ဖြစ်ပေါ်လာပြန်သည်။
ချင်းရှောင်းကောသည် အစကတည်းက အရှက်သည်းသူ ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ မျက်နှာပေါ်၌ "ငါ ရှက်နေတယ်" ဟူသော စာလုံးများကို ရေးထိုးထားရုံသာ လိုတော့သည်။ သို့သော်လည်း ထိုလူစုမှာမူ သူမကို အလွယ်တကူ မလွှတ်ပေးကြဘဲ ဆက်စနောက်နေကြသည်။ ခုနက သူတို့ကို မေ့သွားသည့်အတွက် ပြန်လည် ပေးဆပ်ခိုင်းနေကြခြင်း ဖြစ်သည်။
ခဏတာအတွင်းမှာပင် အိမ်တော်တစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက်သွားသည်။
စစ်သူကြီး အိမ်တော်သည် အချိန်အတော်ကြာပြီးနောက် ပြန်လည် စည်ကားလာခဲ့ပြီ။ ယခုအခါ အိမ်တော်၏ သခင်မ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သဖြင့် အိမ်တော်တွင်းရှိ အငွေ့အသက်မှာ ပြန်လည် နွေးထွေးကာ တက်ကြွလာခဲ့သည်။