← Chapters

Side Story (6)

Vol. 32 Ch. 479

Side Story (6)

Vol. 32 Ch. 479

ဝမ်ရူယီ အခန်းထဲမှ ထွက်သွားစဉ်ကတည်းက အခြေအနေ မည်သို့ဖြစ်လာမည်ကို ချင်းရှောင်းကော ကြိုသိနေခဲ့သည်။ သို့သော် သူမ ကြောင်အအဖြင့် ပြန်ဝင်လာသည်ကို မြင်ရသောအခါ ရှောင်းကော စိတ်မကောင်း ဖြစ်မိသည်။

လေးနှစ်တိုင်တိုင် အဆောင်ခန်းဖော် ဖြစ်ခဲ့ကြသူများပီပီ ရူယီအပေါ် သူမ မသနားဘဲ မနေနိုင်ပေ။ သူမသည် ယခင်က အတန်းထဲတွင် ဤအကြောင်းကို ရံဖန်ရံခါ ပြောပြခဲ့ဖူးသော်လည်း ထိုစဉ်က လူများက သူမကို ရုပ်ရှင်ကြည့်လွန်း၍ ရူးနေပြီဟုသာ လှောင်ပြောင်ခဲ့ကြသည်။ မည်သူမျှ မယုံခဲ့ကြပေ။

နောက်ပိုင်းတွင် အချို့က သူမနှင့် တွေ့လျှင်ပင် ကဲ့ရဲ့လှောင်ပြောင်ကြသည်။ အချို့သော ကျောင်းသားများဆိုလျှင် သူမကို မိန်းကလေးဖြစ်နေ၍ သိနားလည်မှု မရှိသယောင်ပင် နှိမ်ချဆက်ဆံခဲ့ကြသည်။

ရှောင်းကောက သူမကို နှစ်သိမ့်ရန် ပြင်လိုက်စဉ်မှာပင် ရူယီက မျက်ရည်များကို သုတ်ပြီး မေးလိုက်သည်။"ငါ ဘာတွေ ပြင်ဆင်ရမလဲ?"

သူမသည် လူတိုင်းကို သတိပေးရန် ကြိုးစားခဲ့သော်လည်း သူတို့က မယုံကြည်ကြသဖြင့် သူတို့ကို အပြစ်ဆို၍ မရတော့ပေ။ သူတို့၏ ကံကြမ္မာအတိုင်းသာ ရှိပါစေတော့။

ယခုအချိန်တွင် သူမ အယုံကြည်ရဆုံးလူမှာ ရှောင်းကောသာ ဖြစ်သည်။ သူမသည် အသက်ကယ်ကြိုးကို ဆွဲထားသကဲ့သို့ ရှောင်းကော၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

ရှောင်းကောက သူမ၏လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ "အရင်ဆုံး အိမ်ပြန်ပါ။ နင့်မိဘတွေကို လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပြီး စိတ်ဓာတ်ခိုင်မာအောင် လုပ်ထားပေးပါ။ သူတို့ကို အများကြီးတော့ မပြောနဲ့ဦး။"

အဓိကအကြောင်းရင်းမှာ ပြောပြလျှင်လည်း မည်သူမျှ ယုံကြမည်မဟုတ်သောကြောင့် ဖြစ်သည်။

ရူယီသည် သူမကို အလွန်ယုံကြည်သဖြင့် ခိုင်းသည့်အတိုင်း လုပ်သည်။ ရှောင်းကော အထုပ်အပိုးများ သိမ်းဆည်းထားသည်ကို မြင်သောအခါ သူမလည်း အချိန်မဆွဲတော့ဘဲ အဝတ်အစားများကို သိမ်းဆည်းတော့သည်။ ခဏအတွင်းမှာပင် သူတို့နှစ်ဦး၏ အဆောင်ခန်းကို အပြီးသတ် ရှင်းလင်းလိုက်ကြသည်။

ရှောင်းကောသည် ရူယီကို အိမ်အထိ ကားမောင်းပို့ပေးသည်။ ရပ်ကွက်ဝင်ပေါက်သို့ ရောက်သောအခါ ရူယီက သူမကို တံခါးဝတွင်သာ ချထားခဲ့ရန် ပြောသော်လည်း ရှောင်းကောက အထဲအထိ တိုက်ရိုက် မောင်းဝင်သွားသည်။

"နင့်ရဲ့ တိုက်အထိ လိုက်ပို့ပေးမယ်၊ နင်တို့အိမ်က ဘယ်နားမှာလဲဆိုတာ သိထားချင်လို့ပါ။"

တိုက်အောက်သို့ ရောက်သောအခါ သူတို့နှစ်ဦးသည် ဖုန်းဖြင့် အဆက်အသွယ်လုပ်ရန် ကတိပြုပြီး လမ်းခွဲခဲ့ကြသည်။ ရှောင်းကောသည် တိုက်နံပါတ်ကို သေချာမှတ်သားပြီးမှ အဝေးပြေးလမ်းမပေါ်သို့ မောင်းထွက်ခဲ့သည်။

ချင်းဇနီးမောင်နှံသည် အထုပ်အပိုးများစွာနှင့် ပြန်လာသော ရှောင်းကောကို မြင်ပြီး လန့်သွားကြသည်။ သူတို့၏ အသည်းကျော်သမီးလေး ကျောင်းထုတ်ခံလိုက်ရပြီလား?!

"အခုက ကျောင်းပိတ်ရက်လေ၊ ဒါကြောင့် အကုန်လုံး သယ်လာတာ။"

"အို... သမီးရယ်၊ ဒါက နွေရာသီ ကျောင်းပိတ်ရက်ပဲလေ၊ ဘွဲ့ယူတာမှ မဟုတ်တာ" ဖေဖေချင်းက အထုပ်အပိုးများကို ကူသယ်ရင်း ပြောလိုက်သည်။

မေမေချင်းက တံခါးကို ပိတ်လိုက်ပြီး သူမ၏ အူကြောင်ကြောင် ယောက်ျားဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။"ရှင် မေ့နေတာလား? ရှောင်းကောက ဒီနှစ် ဘွဲ့ရမှာလေ"

ဖေဖေချင်း ကြောင်သွားပြီး "ဘာ! ဒီလောက်တောင် မြန်သွားတာလား..."

"ဖေဖေ! ဖေဖေက သမီးကို တကယ် ဂရုမစိုက်တော့ဘူးပဲ! သမီး ဘယ်တော့ ဘွဲ့ရမှာလဲဆိုတာတောင် ဖေဖေ မသိဘူး။"

ရှောင်းကောက ကုတင်ပေါ်သို့ အိတ်ကို ပစ်တင်လိုက်ပြီး စိတ်ကောက်ချင်ဟန် ဆောင်လိုက်သည်။

"ဂရုစိုက်တာပေါ့၊ သမီးရဲ့..."

ဖေဖေချင်းက ပြာပြာသလဲ ပြန်ပြောသည်။

"ခဏလေး မေ့သွားတာပါ။ ဒါနဲ့ သမီးတို့ဌာနက ဘွဲ့နှင်းသဘင် ခရီးစဉ်သွားဖို့ မရှိဘူးလား? ဘယ်တော့ သွားမှာလဲ?"

ဖေဖေချင်းက လိမ္မာပါးနပ်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ ရှောင်းကောက နှာခေါင်းရှုံ့ပြလိုက်ပြီးမှ ပြောလိုက်သည်။ "ရှိတော့ရှိတယ်၊ ဒါပေမဲ့ သူတို့က သဲကန္တာရထဲကို သွားကြမှာ။ တစ်လကျော်ကြာမှာတဲ့။ အဲဒါကြောင့် သမီး မသွားတော့ဘဲ အိမ်မှာပဲ ဖေဖေတို့ မေမေတို့နဲ့ အတူနေဖို့ ဆုံးဖြတ်လိုက်တာ"

ဖေဖေချင်း ဝမ်းသာသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ မသွားနဲ့။ သဲကန္တာရထဲ တစ်လလုံး သွားနေဖို့ မကောင်းပါဘူး။ အိမ်မှာပဲ ဖေဖေတို့နဲ့ အတူနေတာ ပိုကောင်းပါတယ်"

မေမေချင်းက သူ့ခေါင်းကို ရိုက်လိုက်ပြီး ဆူတော့သည်။ "ရှင်ကတော့ ကလေးကို အနားမှာပဲ ထားချင်နေတာပဲ။ ဒီလိုဆို သမီးက ဘယ်တိုးတက်ပါ့မလဲ!"

"ခရီးသွားတာက အတွေ့အကြုံသစ်တွေ ရသလို သူငယ်ချင်းအသစ်တွေလည်း ရတာပေါ့။ ဒီလူကြီးကတော့..."

မေမေချင်းက ထိုသို့တွေးရင်း သူမ၏ ယောက်ျားကို တစ်ချက်ကန်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

ဖေဖေချင်းက နာကျင်ဟန်ဖြင့် အော်လိုက်သော်လည်း ဇနီးဖြစ်သူက လှည့်မကြည့်သည်ကို မြင်သောအခါ အမူအရာကို ချက်ချင်းပြင်ပြီး သူမနောက်သို့ ပြုံးစိစိဖြင့် လိုက်သွားပြန်သည်။

ရှောင်းကောသည် ဤအသက်အရွယ်အထိ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ရှိနေကြသော မိဘနှစ်ပါးကို ကြည့်ပြီး ဝမ်းသာနေမိသည်။ မိသားစု သာယာမှုဆိုသည်မှာ ငွေပေး၍ ဝယ်ယူ၍မရသော အရာပင်။

သို့သော် သူမ၏ ယခင်ဘဝက မိဘနှစ်ပါး၏ နိဂုံးကို ပြန်တွေးမိသောအခါ စိတ်မကောင်း ဖြစ်မိသည်။ သူတို့သည် ဘဝနှစ်ခုလုံးတွင် အသက်ကြီးသည်အထိ မနေခဲ့ရပေ။ ယခုဘဝတွင်မူ ဤကဲ့သို့သော ကြေကွဲစရာဇာတ်လမ်းမျိုး ထပ်မဖြစ်စေရဟု သူမ ဆုံးဖြတ်လိုက်သည်။

အိမ်ရောက်သည်နှင့် ရှောင်းကော အချိန်မဆွဲတော့ပေ။ အချိန်သည် တန်ဖိုးရှိလှသည်။ အချိန်ဖြုန်းခြင်းသည် အသက်ကို ဖြုန်းတီးခြင်းနှင့် အတူတူပင်။

သူမ အခု အဓိက စဉ်းစားနေရသည်မှာ မိမိအိမ်ကိုပဲ ခိုင်ခံ့အောင်လုပ်ပြီး အစားအစာတွေ စုဆောင်းရမလား၊ ဒါမှမဟုတ် ယခင်ဘဝက စစ်စခန်းကိုပဲ သွားရမလား ဆိုတာပင်။

အိမ်မှာနေခြင်းက ရေရှည်အတွက် မလုံခြုံနိုင်ပေ။ ဘယ်လောက်ပဲ ခိုင်ခံ့အောင် လုပ်ထားပါစေ၊ နိုင်ငံတော်အဆင့် စစ်စခန်းတစ်ခုလောက်တော့ လုံခြုံမည်မဟုတ်ပေ။ ထို့ကြောင့် စစ်စခန်းသို့ သွားခြင်းက ပို၍ စိတ်ချရပေလိမ့်မည်။

ထိုစခန်းမှာ သူမ၏ ကောလိပ်ရှိရာ မြို့တွင်ပင် တည်ရှိပြီး စစ်ဌာနချုပ်အတွင်း၌ ရှိသည်။ သို့သော် သူမသည် စိတ်လိုက်မာန်ပါ မလုပ်ရဲပေ။ အခုချက်ချင်း သွားမည်ဆိုလျှင် စခန်းအနားသို့ မရောက်မီမှာပင် အကြမ်းဖက်သမားအဖြစ် ဖမ်းဆီးခံရပေလိမ့်မည်။

ကမ္ဘာပျက်ကပ် စတင်ပြီးမှသာ ထိုနေရာသို့ သွားရန် နည်းလမ်းရှာရမည်ဟု သူမ တွေးလိုက်သည်။

နောက်ရက်များတွင် ရှောင်းကော အလွန်အလုပ်ရှုပ်နေသော်လည်း မိဘများနှင့်အတူ လေ့ကျင့်ခန်းလုပ်ရန် အချိန်ဖယ်ထားပေးသည်။

"သမီးက ဘာလို့ ရုတ်တရက် လင်းမြို့ကို သွားချင်ရတာလဲ?"

မေမေချင်းက ကြိုးခုန်နေရာမှ ရပ်ပြီး စပ်စုလိုက်သည်။

ဖေဖေချင်းသည်လည်း လမ်းလျှောက်စက်ပေါ်မှ ဆင်းကာ နားမလည်နိုင်စွာ မေးခဲ့သည်။"သမီး ဘွဲ့ယူဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလား? ကျောင်းကို ဘာလို့ ပြန်သွားမှာလဲ?"

"မဟုတ်ပါဘူး..." ရှောင်းကော စကားပြောရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများကြောင့် အာရုံပြောင်းသွားသည်။

သူမ ပြတင်းပေါက်နားသို့ သွားကြည့်လိုက်သောအခါ ကောင်းကင်မှ အမည်းရောင် မိုးစက်များ ရုတ်တရက်သည်းထန်စွာ ရွာကျလာသည်ကို တွေ့လိုက်ရသည်။

"ဒုက္ခပဲ!"

ရှောင်းကော တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။ အချိန်က သူမ မျှော်လင့်ထားသည်ထက် ဘာလို့ ဤမျှ ကွာခြားနေရသနည်း?!!

"အဲ... အမည်းရောင် မိုးကလည်း ထူးဆန်းလိုက်တာ..."

မေမေချင်းက စပ်စုချင်စိတ်ဖြင့် ပြတင်းပေါက်ကို ဖွင့်ရန် ပြင်သော်လည်း ရှောင်းကောက အမြန်တားလိုက်သည်။ သူမသည် တုန်ရင်နေသော သမီးဖြစ်သူကို ကြည့်ကာ စိုးရိမ်တကြီး မေးခဲ့သည်။"ဘာဖြစ်လို့လဲ သမီး? သမီးလက်တွေက ဘာလို့ အေးစက်နေရတာလဲ?"

ဖေဖေချင်းကလည်း ရှောင်းကောကို ကြည့်ကာ မေးလိုက်သည်။ "သမီး နေမကောင်းဘူးလား?" သူတို့သည် ရှောင်းကောကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ကြသည်။

ရှောင်းကောသည် ကိုယ်ပေါ်တွင် ချွေးများ စိုရွှဲလျက် တောင့်တောင့်ကြီး ထိုင်နေမိသည်။ သူမ အတွေးထဲ နစ်ဝင်နေစဉ်မှာပင် အပြင်ဘက်မှ ဆဲဆိုသံများကို ကြားလိုက်ရသည်။

မေမေချင်းသည် စပ်စုချင်စိတ်ဖြင့် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ အောက်ထပ်မှ အဘွားလျို ဖြစ်နေသည်။ သူမသည် အပေါ်ထပ်ကို လက်ညှိုးထိုးပြီး တစ်ခုခုကို ဆဲဆိုနေခြင်းပင်။

"ငါ အောက်ဆင်းပြီး သွားကြည့်ဦးမယ်။" ပြောပြောဆိုဆိုနှင့် မေမေချင်း ပြေးထွက်သွားတော့သည်။ ရှောင်းကော တားသော်လည်း မရခဲ့ပေ။ သူမ စိုးရိမ်နေစဉ်မှာပင် ဖေဖေချင်းက ရုတ်တရက် ရယ်လိုက်သည်။

"ဒါ ဘယ်လိုမိုးလဲ? တစ်နေရာတည်းမှာပဲ ရွာနေတာ။ ဟားဟား..."

ရှောင်းကော မျက်မှောင်ကြုတ်ကာ ဘေးသို့ သွားကြည့်လိုက်ရာ မိုးသည် သူတို့တိုက်ပတ်ပတ်လည်တွင်သာ ရွာနေခြင်း ဖြစ်သည်။ အခြားနေရာများတွင်မူ မိုးရွာသည့် အရိပ်အယောင်ပင် မရှိဘဲ သန့်ရှင်းနေသည်။

ထိုအချိန်တွင် မေမေချင်း ပြန်ရောက်လာပြီး ဖြစ်ပျက်သမျှကို ပြောပြသည်။ အမည်းရောင်မိုးဆိုသည်မှာ အပေါ်ထပ်မှ ဦးလေးလီ၏ မြေးဖြစ်သူက မှင်ရည်များကို သွန်ချလိုက်ခြင်း ဖြစ်နေသည်။ ထိုမှင်ရည်များမှာ အောက်ထပ်မှ အဘွားလျို လှန်းထားသော အဖြူရောင် အိပ်ရာခင်းများပေါ်သို့ ကျသွားခဲ့ခြင်းပင်။

အဘွားလျိုမှာ ဒေါသထွက်ကာ တိုက်အောက်တွင် အော်ဟစ်ဆဲဆိုနေသဖြင့် လူအများအပြား ဝိုင်းကြည့်နေကြခြင်း ဖြစ်သည်။

အမှန်တရားကို သိလိုက်ရသောအခါ ရှောင်းကောသည် ခြေကုန်လက်ပံကျကာ ဆိုဖာပေါ်သို့ လဲကျသွားတော့သည်။ အတင်းပြောနေကြသော မိဘနှစ်ပါးမှာ သူမ၏ ထူးဆန်းသော အပြုအမူကို သတိမထားမိကြပေ။

ဤမှားယွင်းမှုက သူမအတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။

နောက်ရက်များတွင် ရှောင်းကောသည် ပြင်ဆင်မှုများကို အရှိန်မြှင့်လိုက်သည်။ သို့သော် ဤအရာအားလုံးကို မိဘများမသိအောင် တိတ်တိတ်လေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အချိန်နီးကပ်လာလေလေ ရှောင်းကော ပို၍ စိုးရိမ်လာလေ ဖြစ်သော်လည်း သူမသည် ပုံမှန်အတိုင်းပင် စားသောက်နေထိုင်ကာ ဟန်ဆောင်ထားခဲ့သည်။ သို့သော် သူမ၏ မျက်အိတ်များ ဖောင်းလာခြင်းနှင့် မျက်လုံးထဲမှ သွေးကြောနီနီများက သူမ၏ စိုးရိမ်စိတ်ကို ဖော်ပြနေသည်။

မကြာသေးမီက ရူယီထံမှ ဖုန်းခေါ်ဆိုမှုများ ပိုများပြားလာသည်။ ရှောင်းကောသည် ဖုန်းကိုင်တိုင်း မိဘများ မကြားနိုင်သော နေရာသို့ သွားပြောလေ့ရှိသည်။ သူမသည် အလွန်လျှို့ဝှက်လွန်းလှသဖြင့် မိဘနှစ်ပါးမှာ သမီးဖြစ်သူ ရည်းစားရနေပြီလားဟုပင် ထင်ကြေးပေးလာကြသည်။

နောက်ဆုံးတွင်တော့ ထိုနေ့သို့ ရောက်ရှိလာခဲ့သည်။

ညဘက်တွင် မိုးခြိမ်းသံများကြောင့် မိသားစု သုံးဦးစလုံး နိုးလာကြသည်။ ရှောင်းကောသည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို ဖွင့်ကာ ပြတင်းပေါက်နားသို့ အမြန်သွားလိုက်သည်။ လိုက်ကာကို ဖွင့်လိုက်သောအခါ အမည်းရောင် မိုးစက်များသည် ပြတင်းပေါက် မှန်များကို ခွဲထွက်မတတ် အင်တိုက်အားတိုက် ရွာကျနေသည်ကို မြင်လိုက်ရသည်။

သူမ လိုက်ကာကို အမြန်ပြန်ပိတ်နေစဉ်မှာပင် သူမ၏ အခန်းတံခါးကို မိဘများ လာခေါက်သံ ကြားလိုက်ရသည်။

ရှောင်းကော သက်ပြင်းတစ်ချက်ချကာ တည်ငြိမ်အောင် ကြိုးစားပြီး တံခါးသွားဖွင့်ပေးလိုက်သည်။ သူမသည် အခုမှ နိုးလာသည့်ပုံစံဖြင့် "မေမေ၊ ဖေဖေ ဘာဖြစ်လို့လဲ?" ဟု မေးလိုက်သည်။

မေမေချင်းသည် ဖခင်ဖြစ်သူကို တွယ်ကပ်ထားသည်။ သူမသည် ရှောင်းကောကို မြင်သောအခါ စိုးရိမ်စိတ်ကို အတင်းဖုံးကွယ်လိုက်ပြီး "ဘာမှမဟုတ်ပါဘူး သမီး၊ သမီး အဆင်ပြေရဲ့လားလို့ လာကြည့်တာပါ" ဟု ပြောသည်။

ဖေဖေချင်းကတော့ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် "ကောင်းကင်ကနေ အမည်းရောင်မိုးတွေ ရွာနေတာ..." ဟု ပြောလိုက်ရာ မေမေချင်းက သူ့ကို စကားမဆက်ရန် တံတောင်နှင့် တွတ်လိုက်သည်။

"အမည်းရောင်မိုး?"

ရှောင်းကော၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူမ အရင်က ပြထားသော ရုပ်ရှင်များက အခုတော့ အသုံးဝင်လာပြီဖြစ်သည်။ သူမက နောက်ပြောင်သလို မေးလိုက်သည်။ "အဲဒါ ဇွန်ဘီတွေ ထွက်လာတော့မယ့် လက္ခဏာ မဟုတ်ဘူးလား?"

ထိုစကားကို ကြားသောအခါ မေမေချင်း မျက်နှာ ဖြူလျော့သွားပြီး ဖေဖေချင်းမှာလည်း အခြေအနေ သိပ်မကောင်းလှပေ။ ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး တင်းတင်းဆုပ်ကိုင်ထားကြသည်။ ရှောင်းကောသည် သူတို့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသော်လည်း ဆက်ပြောလိုက်သည်။ "ဒီအမည်းရောင်မိုးက တကယ်ကို ထူးဆန်းတာပဲ"

ချင်းဇနီးမောင်နှံမှာ အိပ်ချင်စိတ်များ ပျောက်ဆုံးသွားကြသည်။ ရှောင်းကောသည် သူတို့အနားတွင် နေပေးကာ ဇွန်ဘီများ ဖြစ်လာနိုင်သည့် အခြေအနေများကို အရိပ်အမြွက် ပြောပြနေခဲ့သည်။

ဤသို့ဖြင့် နှစ်ရက်မပြည့်မီမှာပင် ချင်းမိသားစု မိဘနှစ်ပါးမှာ ဤမိုးသည် ကမ္ဘာပျက်ကပ်၏ လက္ခဏာဖြစ်ကြောင်း ယုံကြည်သွားကြသည်။

အမည်းရောင်မိုးသည် တစ်စတစ်စ ပို၍ သည်းထန်လာသည်။ ယခင်ဘဝကထက်ပင် ပို၍ အင်အားပြင်းပုံရသည်။ ရှောင်းကောသည် ယခုချက်ချင်း မထွက်ခွာလျှင် ဤနေရာမှ ထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရတော့သည်။

All Chapters