ကျွန်တော်မျိုးမှာ အစီအစဥ်တစ်ခုရှိပါတယ်
Vol. 8 Ch. 770
ပိုင်ရှောင်ချန်းက မဟာကောင်းကင်သခင်၏ မေးခွန်းကြောင့် မျက်တောင်တစ်ချက်ပင် မခတ်ပေ။ ထိုလူမည်မျှလေးလေးနက်နက် ပြုမူနေကြောင်း စဥ်းစားရင်း သူက တုံ့ဆိုင်းခြင်းအလျဥ်းမရှိ ပြောလိုက်သည်။
" မဟာကောင်းကင်သခင် သူတို့အားလုံးက အင်ပါယာမျိုးနွယ်စုကို သစ္စာခံနေတာလို့ ကျွန်တော် ရဲရဲကြီးပြောရဲတယ်။ အထူးသဖြင့် ချန်ဟောက်စုန့်ပေါ့။ အဲဒီခွေးကောင်ကြီးက ဗဟိုဧကရာဇ်ရဲ့ ဘက်ကဆိုတာ သေချာပါတယ်"
ပိုင်ရှောင်ချန်းမှာ သူ့ကို ချန်ဟောက်စုန့် မည်မျှသတ်ချင်နေပုံကို စိတ်တိိုနေဆဲဖြစ်၍ ဤသည်မှာ ထိုသည်နှင့် ပတ်သက်ပြီး တစ်ခုခုလုပ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း သိလိုက်လေသည်။
သူ၏ လည်ချောင်းကို ရှင်းရင်း မဟာကောင်းကင်သခင်က ပြောသည်။
" မင်းမှာ သက်သေရှိလား "
" သက်သေ။ ရှိတာပေါ့ဗျာ။ စောစောက ချန်ဟောက်စုန့် ကျွန်တော့်ကို သတ်ချင်နေတာ သေချာတယ်။ မဟာကောင်းကင်သခင်၊ ခင်ဗျားက ကျွန်တော့်ကို စစ်ဆေးရေးအရာရှိမင်းအဖြစ် ကိုယ်တိုင် ခန့်အပ်ပေးတဲ့အတွက် ခင်ဗျားအပေါ် ကျွန်တော် လုံးဝသစ္စာရှိတယ်။ သူ ကျွန်တော့်ကို တကယ်သတ်ချင်နေတဲ့အချက်က သူဘာတွေးနေလဲ ပြနေတာပဲ။ မဟာကောင်းကင်သခင်၊ ကျွန်တော်တို့ သူတို့အားလုံးကို ဘာလို့ မရှင်းပစ်သေးတာလဲဗျာ "
မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို မျက်လုံးထောင့်စွန်းမှနေ၍ ကြည့်လိုက်၏။ သူသည် ချန်ဟောက်စုန့်နှင့် ပိုင်ရှောင်ချန်းအကြားက မပြောပလောက်သော ပြဿနာများကိုသိထားြပီး ပိုင်ရှောင်ချန်းက မည်သည့်လူစားမျိုးဖြစ်ကြောင်းကို သိသည်။ ထို့ကြောင့် သူက သူ၏ တိုက်တွန်းနေမှုများကို လျစ်လျူရှူထားလိုက်ပြီး တော်ဝင်နန်းတော်ကို အတွေးများဖြင့် ကြည့်လိုက်သည်။
မဟာကောင်းကင်သခင်က သူ့အား လျစ်လျူရှုထားသည်ကို ပိုင်ရှောင်ချန်း သတိထားမိလိုက်သောအခါ ဤလူမည်မျှ မပြတ်သားပုံကို ကြိတ်၍ သက်ပြင်းချလိုက်သည်။ သတ်ရန်လိုအပ်ပါက လက်တွန့်မနေဘဲ ဆောင်ရွက်ရမည် မဟုတ်ပါလော။
" ငါသာ သူဆိုရင် " သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
" ချန်ဟောက်စုန့်ကို သေချာပေါက် ချက်ချင်း သတ်ပစ်လိုက်မှာ။ ပျော့ညံ့နေစရာ အကြောင်းကို မရှိဘူး"
အချိန်များထပ်မံကုန်ဆုံးသွားပြီးနောက် မဟာကောင်းကင်သခင်သည် သူ့ကို လျစ်လျူရှုထားပြီး အတွေးထဲနစ်မြောနေပုံရကြောင်း ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ စောစောက အပြင်ဘက်တွင်ဖြစ်ခဲ့သည့် ကိစ္စကို ခဏတဖြုတ်မေ့ထားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက လီနှင့် ချန်မျိုးနွယ်စုများမှ လုယူခဲ့သော ဓနဥစ္စာများကဲ့သို့ အကြောင်းကိစ္စများကို တွေးလိုက်သည်။ ထိုအချိန်တွင် မဟာကောင်းကင်သခင်သည် သရဲကြီးဘုရင်နှင့် တူပြီး ဝေစုရရန် စောင့်နေသည်လား သိချင်လာတော့သည်။
"မဟာကောင်းကင်သခင် ခင်ဗျား၊ လီနဲ့ ချန်မျိုးနွယ်စု ချမ်းသာတာတော့ တော်ရုံမဟုတ်ဘူးဗျို့။ တကယ့်ကို အံ့မခန်းလိလိပဲဗျာ။ အဲဒီလို ပမွှားကောင်းကင်မြို့စားလေးတွေက အဲဒီလောက်ငွေအများကြီးရှိလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး။ သိသိသာသာပဲ သူတို့က ဗဟိုဧကရာဇ်နဲ့ အဆက်သွယ် ကောင်းကောင်း ရှိရမယ်။ "
သူ၏ စမ်းသပ်သော စကားလုံးများက မည်သို့ပင်ဖြစ်စေ သက်ရောက်မှုလုံးဝမရှိပေ။ မဟာကောင်းကင်သခင်သည် အတွေးထဲ နစ်မြောနေဆဲဖြစ်ဟန်တူရာ ပိုင်ရှောင်ချန်းမှာ သူဘာတွေးနေသည်လဲ သိချင်လာတော့သည်။
တခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက ပြောသည်။
" မဟာကောင်းကင်သခင်ခင်ဗျား ကျွန်တော် သိမ်းထားတဲ့ ရတနာတွေအားလုံးကိုလာပို့ဖို့ လူတချို့ လွှတ်ပေးပါ့မယ်"
သို့စေကာမူ မဟာကောင်းကင်သခင်မှာ စကားတစ်ခွန်း မဆိုသေး။ ယခုတွင် ပိုင်ရှောင်ချန်းမှာ ဖိအားများစွာ ခံစားလာရပြီး မဟာကောင်းကင်သခင်သည် သူ ပစ္စည်းဥစ္စာသိမ်းပိုက်စဥ်က ပစ္စည်းနည်းနည်းပါးပါးယူထားသည့်အတွက် သံသယဝင်နေသည်လား သိချင်လာတော့သည်။
သူက လည်ချောင်းရှင်းရင်း ပြောသည်။
“ အမ်..... မဟာကောင်းကင်သခင် ။ လီမျိုးနွယ်စုမှာ ဝိညာဥ်တောင်လိုမျိုးဟာ ရှိတာ အခုပဲ မှတ်မိတယ်ဗျာ "
သို့သော် အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ မဟာကောင်းကင်သခင်ကား သူ့ကို ဆက်လက် လျစ်လျူရှုထားလေသည်။
မျက်ရည်များဝဲတက်လာရင်း ပိုင်ရှောင်ချန်းက ပြောသည်။
" မဟာကောင်းကင်သခင်ခင်ဗျား ကျွန်တော် အခုပဲ ချန်မျိုးနွယ်စုကနေ ဝိညာဥ်ကျောက်စိမ်းတစ်တုံးရခဲ့တာ မှတ်မိတယ်ဗျာ "
ဤအချိန်တွင် မဟာကောင်းကင်သခင်က နောက်ဆုံး ပိုင်ရှောင်ချန်းကို ပြန်ကြည့်လိုက်သော်လည်း အတွေးကမ္ဘာထဲရောက်နေဆဲဖြစ်သည့်အလား သူ၏ မျက်လုံးများကို အာရုံစိုက်နေပုံမရပေ။
ကမ္ဘာပေါ်ရှိ လျှို့ဝှက်ချက်များအားလုံးကို ထုတ်ဖော်နေရသည့်အလား ဖြစ်နေသည့်အတွက် ပိုင်ရှောင်ချန်း၏ရင်မှာ ဗလောင်ဆူလာတော့သည်။
" မဟာကောင်းကင်သခင်ခင်ဗျား လီမျိုးနွယ်စုမှာ ဝိညာဥ်ဆေးတွေ အများကြီးရှိတယ်"
သူ၏ စကားလုံးများ ထွက်သွားချိန်တွင် မဟာကောင်းကင်သခင်က အက်ကွဲသံကြီးဖြင့် ရုတ်တရက် စကားပြောလိုက်သည်။
" နားလည်ဖို့ အခက်ခဲဆုံးက ဘာလဲ မင်း သိလား ပိုင်ဟောက် "
ထို့နောက် သူ၏ မျက်လုံးများသည် ပြန်လည်အသက်ဝင်လာပြီး သူက ခပ်လှမ်းလှမ်းကို မျှော်ကြည့်လိုက်သည်။
သူ၏ စကားလုံးများက ပိုင်ရှောင်ချန်းကို ယခင်ကထက်ပင် ပို၍စိတ်လှုပ်ရှားသွားစေရင်း သူက ထိုစကားလုံးတို့၏ အဓိပ္ပါယ်ကို အသည်းအသန် စဥ်းစားနေတော့သည်။ သူက ပိုင်ရှောင်ချန်း ငွေကြေးအလွဲသုံးစားလုပ်ခဲ့သည်ကို သူဝန်ခံခဲ့သည်ထက်ပို၍ အမှန်တကယ် သံသယဝင်နေသည်လား။
သူက မသက်မသာဖြစ်ရင်း လီမျိုးနွယ်စုမှ သက်တန့်စိတ်စွမ်းအင်ဆူးပန်းကို ပေးသင့်၊ မပေးသင့် ပင် စဥ်းစားလာတော့သည်။ မဟာကောင်းကင်သခင် အလွန်ကပ်စေးနည်းသည်မှာ အလွန်စိတ်တိုစရာပင် ဖြစ်သည်။ သူက သိပ်များများစားစား အလွဲသုံးစားမလုပ်ခဲ့သည်တိုင် ဤလူက သူ့ထံမှ လုယူနေသည်။
သူက မည်သို့လုပ်ရန် ကြိုးစားဆုံးဖြတ်နေစဥ် မဟာကောင်းကင်သခင်က ဆက်ပြောသည်။
" လူတွေရဲ့နှလုံးသားပဲ။ ကမ္ဘာပေါ်က ဘယ်အရာကမှ ဒီထက်ပိုပြီး နားလည်ဖို့ မခက်ဘူး။ မင်း သဘောမတူဘူးလား ပိုင်ဟောက် "
ထိုစကားလုံးများထဲတွင် ထူးဆန်းသော စွမ်းအားအချို့ ပါဝင်နေပုံရလေသည်။ ထိုစကာူလုံးများ ပိုင်ရှောင်ချန်း၏ နားထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် သူ ငိုချင်လာတော့သည်။ မဟာကောင်းကင်သခင်မှာ သရဲကြီးဘုရင်ထက်ပင် ပို၍ကပ်စေးနှဲကြောင်း သူက မယုံကြည်နိုင်လုနီးပါး ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ အလုပ်များအားလုံးလုပ်ခဲ့ရသည့်တိုင် မဟာကောင်းကင်သခင်က ထိုဆုလာဘ်များအားလုံးကို ယူငင်နေသည် မဟုတ်ပါလော။
ထပ်၍ မဖုံးကွယ်ထားဝံ့တော့သည့်အတွက် သူက အလျင်အမြန်ပြောသည်။
" မဟာကောင်းကင်သခင် ကျွန်တော့်ရဲ့ ဦးနှောက်က သိပ်မကောင်းလို့ပါဗျာ။ ကျွန်တော်အခုပဲ မှတ်မိတယ်။ လီမျိုးနွယ်စုမှာကလေ တကယ်တော့.. အပွင့်.."
သို့သော် သူ့စကားပင် မဆုံးမီ မဟာကောင်းကင်သခင်က ညအမှောင်ကဲ့သို့ နက်မှောင်နေသော မျက်လုံးအိမ်များဖြင့် ခပ်အက်အက် ဖြတ်ပြောလိုက်သည်။
"လူ့နှလုံးသားဆိုတာ နက်နဲတယ်။ ဗဟိုဧကရာဇ်မင်းဆက်ရဲ့ မင်းမျိုးနွယ်အထက်တန်းလွှာတင်မကဘူး ဗဟိုဧကရာဇ်မင်းကိုယ်တိုင်ကောပဲ။ ငါလဲ တူတူပဲ။ မင်းသိလား။ ငါ့ကြောင့်သာ မဟုတ်ရင် ဗဟိုဧကရာဇ်မင်း ဒီနှစ်ေတွမှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ဗဟိုဧကရာဇ်နိုင်ငံတော်လဲ ပြိုလဲသွားမှာ၊ ငါက ကောင်းကင်ဘုရင်လေးပါးကို ချိုးနှိမ်ပြီး နိုင်ငံကို တည်တန့်အောင်ထိန်းသိမ်းခဲ့တာ။ ငါက ကောင်းကင်တံတားမြစ်က ကျုးကျော်လာတဲ့ တပ်တွေကို တွန်းလှန်ခဲ့တယ်၊ မင်းသိလား တစ်ခါတလေတော့လဲ ကောင်းကင်တံတားကျွန်းက ကောင်းကင်ဧကရာဇ်ရဲ့ ဥပမာအတိုင်း လိုက်နာပြီး ရန်သူတွေကို အမြစ်ဖြုတ်ချေမှုန်း သင့်တယ်လို့ တွေးမိတယ်။ နေနဲ့လကို ဖယ်ရှား၊ မိုးကောင်းကင်ကြီးကို ရှင်းလင်း "
သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားစဥ် သူက ကိုယ်ကို မတ်လိုက်သည်။ သူသည် ခါးကုန်းမနေတော့ဘဲ မြင့်မားဖြောင့်မတ်နေတော့သည်။ သူက စကားလုံးများနှင့် ဖော်ပြရန် ခက်ခဲသည့် စွမ်းအားများဖြင့် သက်ဝင်လှုပ်ရှားနေပြီး စောစောကနှင့်မတူသော အခြားလူတစ်ယောက် ဖြစ်သွားသည့်အလား။ မိုးကောင်းကင်နှင့် မြေကြီးတွင် ထစ်ခြုန်းသံများ ပြည့်နှက်နေပြီး နေနှင့်လ၏ အလင်းများပင်လျှင် မှေးမှိန်လာပုံရလေသည်။
ရုတ်တရက် မဟာကောင်းကင်သခင်သည် ပိုင်ရှောင်ချန်းအတွက် အဘိုးကြီးတစ်ယောက်နှင့် မတူတော့ပေ။ သူက ကောင်းကင်ကိုပင် ထမ်းထားနိုင်သည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ အတွေးလေးတစ်ချက်နှင့်ပင် နေနှင့်လကို ပျက်စီးသွားစေကာ ကောင်းကင်နှင့်မြေကြီးကို အမှောက်ထုများ လွှမ်းခြုံသွားစေနိုင်သည့်အလား။
စွမ်းအင်မှာ အလွန်ပြင်းထန်လာသည့်အတွက် ပိုင်ရှောင်ချန်းမှာ တချိန်လုံး ရင်တဒိန်းဒိန်းခုန်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ သို့သော် ထိုသည်က တခဏသာကြာလိုက်ပြီး နောက်ဆုံးတွင် မဟာကောင်းကင်သခင်က ခါးပြန်ကုန်းသွားပြီး ခေါင်းငိုက်စိုက်ကျလျက် သက်ပြင်းချလိုက်သည်။
ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွားပြီး မိုးကောင်းကင်နှင့် မြေကြီးက တည်ငြိမ်သွားသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေဆဲဖြစ်ပြီး ဟောဟဲလှိုက်နေတော့သည်။ ဤတစ်ကြိမ်တွင် မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို ပြန်လှည့်ကြည့်လိုက်သည်။
" မင်း စောစောက ဘာပြောလိုက်တာလဲ။ လီမျိုးနွယ်စုက ဘာရဲ့အပွင့် "
ပိုင်ရှောင်ချန်းမှာ မျက်ရည်များ ဝဲတက်လာရင်း သူ့ကို ဆွံ့အလျက် စိုက်ကြည့်လိုက်သည်။ ဤအချိန်တွင် သူ အခြေအနေကိုအထင်မှားခဲ့ကြောင်း သဘောပေါက်လိုက်သည်။ မဟာကောင်းကင်သခင်သည် သိမ်းပိုက်ခဲ့သည့် ဘဏ္ဍာငွေများအားလုံးကို လုံးဝဂရုမစိုက်ပေ။ သူက ရတနာများကြောင့် မဟုတ်ဘဲ သူ၏ ကိုယ်ရေးကိုယ်တာပြဿနာများကြောင့် သက်ပြင်းချရင်း တွေးနေခြင်းဖြစ်သည်။ ထိုမျှသာမက စောစောက သူပြောလိုက်သည့် စကားလုံးများသည် ဘဏ္ဍာပစ္စည်းများနှင့် လားလားမျှ မသက်ဆိုင်ပေ။
ပိုင်ရှောင်ချန်းမှာ တံတွေးမြိုချလိုက်ရင်း သူသိမ်းပိုက်ရရှိခဲ့သည့် အရာများအားလုံးကို မည်သို့ထိန်းသိမ်းထားရန် အပြေးအလွှားစဥ်းစားလိုက်သည်။ မဟာကောင်းကင်သခင်၏ အကြည့်သည် သူ့အပေါ်ကျရောက်နေသည့်အတွက် သူ၏ နဖူးပေါ်တွင် ချွေးသီးများ တွဲလွဲခိုနေလျက် သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" အမ်... လီမျိုးနွယ်စုဘာရှိတာ။ အာ..အဲဒါ သိပ်အရေးမကြီးပါဘူးဗျာ။ မဟာကောင်းကင်သခင်ရေ ခင်ဗျားမှန်တယ်။ လူ့နှလုံးသားက တယ် နားလည်ဖို့ ခက်သကိုးဗျ။ ဒါပေမယ့်လဲ ကိစ္စမရှိပါဘူး။ ဘယ်သူဘယ်ဝါတွေက ခင်ဗျား ဒါမှမဟုတ်ရင် ဗဟိုဧကရာဇ်ကို သစ္စာခံခံ၊ မခံခံ တကယ် အရေးမကြီးဘူး "
ပထမက သူပြောခဲ့သည့်စကားမှာ သူ့အတွက်ပင် အဓိပ္ပါယ်မရှိပေ။ သို့သော် ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် အကြံတစ်ခုက သူ့ခေါင်းထဲတွင် ရှင်းလင်းပြတ်သားစွာ ဖြစ်ပေါ်လာ၍ သူက ဆက်ပြောသည်။
" အရေးအကြီးဆုံးက ခင်ဗျားနဲ့ ဗဟိုဧကရာဇ်တို့ တချိန်တည်း အတူတူရှိနေရင် သူတို့ ဘာလုပ်မယ်ဆိုတာပဲ။ ချန်ဟောက်စုန့်နဲ့ တခြားလူတွေက ဗဟိုဧကရာဇ်ကို တကယ်သစ္စာခံထားတယ်ဆိုရင်တောင် ဘယ်သူက ဂရုစိုက်မှာတုန်း။ သူတို့ထဲက ဘယ်သူက အဲဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံမှာလဲ “
" ဗဟိုဧကရာဇ်မင်းဆက်တစ်ဆက်လုံးက မင်းမျိုးနွယ်အထက်တန်းလွှာတွေအားလုံး ဗဟိုဧကရာဇ်ကို သစ္စာရှိတယ်ဆိုရင်တောင်မှ ဘာအရေးစိုက်ရမှာတုန်း။ ဘယ်သူကမှ အဲဒါကို ခင်ဗျားရှေ့မှာ ဝန်ခံရဲမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ လက်အောက်မှာပဲ သူတို့ရှိတာပါဗျာ " သူစကားပြောလေလေ အကုန်လုံးသည် ပို၍ ကျိုးကြောင်းဆီလျော်လာလေလေ ဖြစ်ပြီး သူ ပို၍ စိတ်လှုပ်ရှားပုံရလာလေလေ ဖြစ်တော့သည်။
" မဟာကောင်းကင်သခင်ခင်ဗျား ခင်ဗျားလူတိုင်းကို ခင်ဗျားဆီ သစ္စာခံဖို့ တွန်းအားပေးတာဖြစ်ဖြစ် ဘယ်သူက ခင်ဗျားကို သစ္စာမရှိတာကို ဖော်ထုတ်တာဖြစ်ဖြစ် လုပ်လို့မရဘူး။ ဒါပေမဲ့ ခင်ဗျား လုပ်လို့ရတာက လူတိုင်း ခင်ဗျားကို ကြောက်သွားအောင် လုပ်ဖို့ပဲ "
" မဟာကောင်းကင်သခင်ခင်ဗျား၊ သစ္စာရှိကျွန်တော်မျိုးရဲ့ အမြင်အရတော့ ခင်ဗျား ဘယ်သူက ဘယ်သူ့ကို သစ္စာရှိတယ်ဆိုတာ စစ်ဆေးဖို့ ကြိုစားနေစရာမလိုပါဘူး။ ဘယ်သူက ခင်ဗျားကို အကြောက်ဆုံးလဲဆိုတာပဲ ကြည့်ဖို့ပဲ လိုတာပါ " အဆုံးသတ်တွင် သူက အော်ဟစ်လုနီးပါး ကျယ်လောင်စွာပြောလိုက်လေသည်။ တချိန်တည်းမှာပင် မဟာကောင်းကင်သခင်က မျက်လုံးများကိုကျဥ်းလျက် တွေးလိုက်သည်။ ထိုသည်က ပိုင်ရှောင်ချန်းကို သူ့စကားလုံးများအတွက် ဂုဏ်ယူသွားစေသည်။ ထိုစကားများက အံသြဖွယ်ကောင်းသည်သာမက အမှန်တကယ်တွင် အမှန်တရားများစွာ ပါဝင်နေပေသည်။
ယခုတွင် သူ၏ စကားများကို မဟာကောင်းကင်သခင်က အလေးအနက်တွေးနေခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ မိုးကောင်းကင်အောက်တွင် သူမည်မျှပြိုင်ဘက်ကင်းပုံကို သက်ပြင်းမချမိဘဲ မနေတော့ပေ။
" အဲဒီ ဆေးသစ်ပင်ကို လီမျိုးနွယ်စုဆီက ကာကွယ်ဖို့ဆိုရင် " သူက တွေးသည်။
" ပြီးတော့ ချွဲအာကိုရော။ ငါ ဘာပဲဖြစ်ဖြစ် လုပ်မယ်ကွာ "
သူက လည်ချောင်းရှင်းလိုက်ပြီး သူ့ကိုယ်သူ ထူးချွန်ပြောင်မြောက်သော ဖြောင့်မတ်တည်ကြည်သူကြီးတစ်ယောက်ကဲ့သို့ ခံစားနေရပြီး သံပူနေတုန်း ဆက်လက် ထုနှက်လိုက်သည်။
" မဟာကောင်းကင်သခင်ခင်ဗျား ကျွန်တော်မျိုးမှာ အစီအစဥ်တစ်ခု ရှိပါတယ် "