← Chapters

လမ်းလျှောက်နေရင်း ဒူးထောက်ခြင်း

Vol. 6 Ch. 83

လမ်းလျှောက်နေရင်း ဒူးထောက်ခြင်း

Vol. 6 Ch. 83

*သခင်လေးလုတဲ့လား*

ရဲ့လင်းချန်၏ မျက်နှာက စိတ်ရှုပ်ထွေးသွားဟန် ဖြစ်သွားသည်။

“ဘယ်သခင်လေးလုလဲ”

“သူက မြို့တော်ကြီးက မင်းသားလေးပါးထဲက တစ်ပါးဖြစ်တဲ့ လုလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသား လုဟောင်ပဲ”

လီစစ်၏ မျက်နှာက ဝင်းပနေပြီး မျက်လုံးများ အရောင်တောက် နေသည်။

“သူက အမြဲ ဥပဒေမဲ့ လုပ်တတ်ပြီးတော့ သူ့ပိုင်ဆိုင်မှုက ဘီလီယံ ချီတယ်၊ သူ့ရှေ့မှာဆိုရင် မင်းက ပုရွက်ဆိတ် တစ်ကောင်ပဲ”

“ငါ သခင်လေးလုကို တစ်ခါပဲ သိခဲ့ဖူးတာ၊ သူ ငါ့ကို မှတ်မိနေ လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ သူ့အိမ်ထဲက လူမိုက်တွေ ကတင် ရာချီနေတာ၊ သူတို့အားလုံးက ကောင်းကောင်း လေ့ကျင့် ထားတဲ့သူတွေ၊ သူတို့ကို ပုဆိန်ဂိုဏ်း လို့တောင် ခေါ်ကြတယ်”

လီစစ်က ကြွားဝါရင်း ပို၍ စိတ်လှုပ်ရှားလာသည်။ သူ၏ မျက်နှာက နီရဲကာ လည်ပင်းမှ သွေးကြောများပင် ထောင်လာသည်။

“ဘယ်လိုလဲ မင်း ကြောက်နေပြီလား၊ အခု မင်း ငါ့ရှေ့မှာ ဒူးထောက် ဝပ်တွားမယ်ဆိုရင် မင်းအတွက် စကားကောင်းလေး နည်းနည်းပြော ပေးဖို့ စဉ်းစားပေးမယ်”

“လင်းချန် ငါတို့ ဘာလုပ်ကြမလဲ”

ကျန်းယွင်ရှီ ပို၍ ကြောက်လန့်လာသည်။ ရဲ့လင်းချန်က အေးအေး လူလူ ပြန်ပြောလိုက်သည်။

“ဘာမှမဖြစ်ဘူး၊ ငါတို့ အဲ့ဒီ သခင်လေးလု လာတာကို ထိုင်စောင့် နေရအောင်”

“မင်း သေချင်နေတာပဲ၊ သခင်လေးလူ ဖြတ်သွားတဲ့ နေရာတိုင်းမှာ လွင်တီးခေါင်ပြ်င ဖြစ်သွားတာကြီးပဲ၊ မင်း နောင်တရလိမ့်မယ်လို့ ငါ အာမခံတယ်”

လီစစ်က ထရပ်လိုက်ပြီး သခင်ကို စောင့်နေသော ခွေးရူးတစ်ကောင်လို ဟောင်နေလေသည်။

ဆယ့်ငါးမိနစ်ကြာသော် …

“ဝူး…”

ခပ်လှမ်းလှမ်းမှနေ၍ ကျယ်လောင်သော ကားအင်ဂျင်သံကို ကြားလိုက် ရပြီး သားရဲတစ်ကောင် နီးကပ်လာသည်ဟုပင် ခံစားမိ သည်။

“သူ ရောက်လာပြီ”

လီစစ်သည် ဆေးချထားသကဲ့သို့ အူမြူးကာ စိတ်လှုပ်ရှားစွာ ပြောလာ သည်။

“သခင်လေးလု ရောက်လာပြီ”

နောက်ထပ် ဘာစကားမှ မပြောတော့ဘဲ ဧည့်သည်ကို နှုတ်ဆက်ရန် သူ အပြင်သို့ ပြေးထွက်သွားသည်။

အနက်ရောင် Hummer ကားတစ်စီးက အိမ်အရှေ့သို့ ရပ်လာသည်။ လီစစ်က လုဟောင်အတွက် အားတတ်သရော တံခါးဖွင့်ရန် ရှေ့တိုး သွားပြီး ကြိုဆိုလေသည်။

လုဟောင်၏ အနောက်တွင် ယခင် သက်တော်စောင့် နှစ်ယောက် လိုက်လာသည်။ သုံးယောက်လုံးက အရှင်သခင် ပုံစံနှင့် ရပ်နေကြပြီး လီစစ်အား လျစ်လျူရှုထားကြသည်။

သို့သော် လီစစ် မကျေနပ်ကြောင်း မပြရဲပါ။ ထိုအစား သူ ကိုယ်ကိုကိုင်း၍ မျက်နှာချိုသွေးသော အပြုံးနှင့် ပြောလိုက်သည်။

“သခင်လေးလု အလည်လာတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

လုဟောင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မျက်မှောင် ကြုတ် သွားသည်။

“မင်းနေရာက တကယ် စုတ်ပဲ့တာပဲ၊ ငါ့အိမ်သာကတောင် ပိုကောင်း ဦးမယ်”

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ ကျွန်တော့်နေရာက ဘယ်လိုလုပ် သခင်လေးလုနဲ့ ယှဉ်လို့ရမှာပဲ၊ စိတ်ချပါ၊ ကျွန်တော် သခင်လေးနေဖို့ အကောင်းဆုံး ဟိုတယ်ကို စီစဉ်ပေးပါ့မယ်”

လီစစ်က ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

“ဒီနေရာက ဟိုတယ်တွေကလည်း အမှိုက်တွေပဲ”

လုဟောင်က ခေါင်းခါလိုက်သည်။

“ငါ့အဖေကသာ ငါ့ကို အများအမြင်ကနေ ရှောင်ဖို့ ဒီကို မလာခိုင်း ဘူးဆိုရင် ဒီလို စုတ်ပြတ်နေတဲ့မြို့မျိုးကို ငါ ဘယ်တော့မှ လာဖြစ်မှာ မဟုတ်ဘူး”

“အများအမြင်ကနေ ရှောင်ဖို့ ဟုတ်လား”

လီစစ် အံ့ဩသည်ထက်ပင် ထိတ်လန့်သွားရသည်။

*ဘယ်လိုလူစားမျိုးက သခင်လေးလုကို ပုန်းရတဲ့အထိ ဖြစ်စေတာလဲ*

“ဒီလောကမှာ အစွမ်းအစရှိတဲ့ လူတွေ အများကြီးပဲ၊ ငါလည်း သွားရန် မစသင့်တဲ့လူကို သွားရန်စမိတယ်၊ အဲ့လူက သဘောထား ကြီးပြီး ဒီအတိုင်း ထားလိုက်လို့ တော်သေးတယ်”

လုဟောင်က ကြောက်နေသော လေသံဖြင့် ပြောလာသည်။ သူ့ဖခင် လုထျန်းရှုံး သူ အိမ်က ထွက်မလာခင် ပြောလိုက်သော စကားကို သူ အခုထိ မမေ့သေးပါ။

“ဟောင်အာ အဲ့လူက ဒီကိစ္စကို ဒီအတိုင်း ထားလိုက်တယ်ဆိုပင်မယ့် လင်းမိသားစုက အဖေတို့ကို သတိပေးစာ ပို့ပြီးနေပြီ။ ဒီကိစ္စရဲ့ အကျိုးဆက်က သေရေးရှင်ရေးတမျှပဲ၊ မင်း တော်တော်လေး ပြဿနာ တက်အောင် လုပ်လိုက်တာပဲ”

“အဖေ ကျွန်တော်တို့ ဘာလုပ်သင့်လဲ၊ ကျွန်တော်တို့ ဒါကို ဖြတ်ကျော် နိုင်မှာလား”

“အဖေတို့မိသားစု သေချာပေါက် စိတ်ရင်းနဲ့ ပေးဆပ်ရလိမ့်မယ်၊ ဒါပေမဲ့ နောင်အနာဂတ်မှာ မင်း နှိမ့်ချနေဖို့ အမြဲ အမှတ်ရပါ၊ အဲ့လူနဲ့ နောက်တစ်ခါ မတွေ့မိအောင် လုပ်ပါ”

“အဖေ စိတ်မပူပါနဲ့၊ ကျွန်တော် နောက်တစ်ခါ ထပ်မလုပ်ရဲပါဘူး”

“မင်း ပြဿနာထပ်ရှာတာကနေ ကာကွယ်ဖို့အတွက် မင်း အခု လောလောဆယ် နှိမ့်ချနေတာ အကောင်းဆုံးပဲ၊ မင်း လူတကာ အာရုံကနေ ဝေးရာမှာ သွားနေသင့်တယ်”

ထို့ကြောင့်နှင့် လုဟောင် ဤနေရာသို့ လာမိပြီး မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် လီစစ်ကို ဆက်သွယ်မိ သွားသည်။

လုဟောင်၏ စကားက လီစစ်အား ရင်တုန်သွားစေပြီး ချွေးပြန် လာစေသည်။

*ဒါ ဒဏ္ဍာရီထဲက နတ်ဘုရားတွေကြားက တိုက်ပွဲများလား*

“ဒါနဲ့ မင်းနေရာမှာ တစ်ယောက်ယောက်က ပြဿာရှာနေတယ်လို့ ပြောလိုက်တာလား”

လုဟောင်က မေးလိုက်သည်။

“ဟုတ်ပါတယ် အဲ့ခွေးမသားက ကျွန်တော့်ကာစီနိုမှာ လာလိမ်နေတာ၊ သူက ကျွန်တော် စုထားတာ အားလုံး ယူသွားတယ်၊ ပိုအရေးကြီး တာက သူက အတိုက်အခိုက် ကောင်းတယ်”

လီစစ်က မလိုမုန်းထားစိတ်ဖြင့် ပြောလိုက်သည်။

လုဟောင်က ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောချေ။ သို့သော် သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက လီစစ်အား စိတ်လှုပ်ရှားစေသည်။

*သခင်လေးလုက ငါ့အတွက် လက်စားချေပေးတော့မှာပဲ*

လေးယောက်သား ဟိတ်ဟန်အပြည့်နှင့် ခြေလှမ်းကျဲကျဲတို့ဖြင့် လျှောက်လာကြသည်။ လူဟောင်သည် ရှေ့ဆုံးမှနေ၍ အိမ်ထဲသို့ ဟန်ပါပါ လျှောက်နေလေသည်။

သို့သော် လမ်းလျှောက်နေစဉ်မှာပင် သခင်လေးလု၏ ခန္ဓာကိုယ်က နိမ့်ဆင်း သွားပြီး ကြမ်းပြင်ပေါ် ဒူးထောက်သွားသည်ကို သူ တွေ့လိုက် ရသည်။

*ဟင်*

လီစစ် အံ့ဩသွားသည်။

“သခင်လေးလု ခင်ဗျား ဘာလို့ လမ်းလျှောက်နေတုန်း ဒူးထောက်လို က်တာလဲ၊ ခင်ဗျား ခြေထောက်တွေ ထုံသွားလို့လား၊ ကျွန်တော် ကူညီပေးမယ်”

ထိုအခိုက်တွင် လုဟောင်၏ အနောက်မှ သက်တော်စောင့် နှစ်ယောက် ကလည်းက ကြမ်းပြင်ပေါ် ဒုန်းခနဲ ဒူးထောက်လာသည်။

သူတို့၏ မျက်နှာတွင် ဘယ်တော့မှ မေ့မရနိုင်သော ရန်သူတော်ကြီးကို တွေ့လိုက်ရသကဲ့သို့ ကြောက်ရွံ့ဟန်များ ပြည့်နှက်လာလေသည်။

ရဲ့လင်းချန်သည် ထိုင်ခုံ၌ ထိုင်နေပြီး သူတို့အား ညစ်ကျယ်ကျယ်ပြုံး၍ ကြည့်နေသောကြောင့် သူတို့ ကြက်သီးထ လာရသည်။ သူတို့၏ ခြေထောက်များ အားပျော့လာပြီး ခြေမခိုင်တော့သဖြင့် ဒူးထောက် သည့် အဖြစ်သို့‌ ရောက်သွားရသည်။

“ဘာဖြစ်တာလဲ”

လီစစ်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေဟန် ပေါ်လွင်နေ၏။

“လုဟောင် မဟာဆရာသခင်ရဲ့ကို ဂါဝရပြုပါတယ်”

လုဟောင် ကြောက်လွန်း၍ မျက်ရည်ကျလုမတတ် ဖြစ်နေသည်။ သူ့ကိုယ်သူ ခက်ခက်ခဲခဲ စိတ်ငြိမ်အောင် ထိန်းပြီးမှ ဖျစ်ညှစ်၍ နှုတ်ဆက်လိုက်နိုင်သည်။

လီစစ်၏ အတွေးများ ဗလာဖြစ်သွားလေသည်။ သူ နှုတ်ခမ်း တ ဆတ်ဆတ် တုန်လာပြီး သွားချင်းရိုက်သည့် အသံကိုပင် ကြားနေ ရသည်။

နွေရာသီ ဖြစ်သော်လည်း သူ့ခြေလက်များ အေးစက်ကာ တစ်ကိုယ်လုံး တုန်နေ၏။

“မဟာ … မဟာဆရာသခင်ရဲ့တဲ့လား”

သူ ရဲ့လင်းချန်ကို ကြောက်လန့်စွာ ကြည့်လိုက်ပြီးနောက် ကိုယ်ကို ကိုင်း၍ ကြမ်းပြင်၌ ဒူးထောက်လိုက်သည်။ ထိုသို့ ပြောလိုက် ချိန်တွင်လည်း နှုတ်ခမ်းများ တုန်ယင်နေသည်။

ရဲ့လင်းချန်က သူ့ကို မသိချင်ယောင်ဆောင်၍ လုဟောင်ကိုသာ ကြည့်ပြီး တည်ငြိမ်စွာ နှုတ်ဆက်လေသည်။

“သခင်လေးလု မတွေ့တာ ကြာပြီ”

လုဟောင်က မျက်နှာလို မျက်နှာရ ပြောလိုက်သည်။

“မဟာဆရာသခင်ရဲ့ ကျွန်တော့်ကို မှတ်မိနေသေးတဲ့အတွက် ဂုဏ်ယူ မိပါတယ်”

“ငါ့ကို ရှင်းချင်တဲ့လူတစ်ယောက်ကို ကူညီဖို့ မင်း ရောက်လာတာလို့ ငါ ကြားလိုက်တယ် ဟုတ်သလား”

ရဲ့လင်းချန်က မေးခွန်းထုတ်လိုက်သည်။ လုဟောင် စိတ်လေးသွားပြီး ဦးခေါင်းအား ဒရမ်တီးသကဲ့သို့ တဆတ်ဆတ် ခါ၍ ကြောက်လန့် နေသော အသံဖြင့် ပြန်ပြောလိုက်လေသည်။

“အဲ့လိုကိစ္စမျိုး မရှိပါဘူး၊ ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ရန်မလုပ် ရဲပါဘူး”

ထို့နောက် သူသည် အနားမှ လီစစ်ကိုဆွဲ၍ ဘာမှမပြောဘဲ မျက်နှာကို သုံးချက်ဆက်တိုက် ပိတ်ချလိုက်သည်။

“ခွေးမသား မင်းကများ မဟာဆရာသခင်ရဲ့ကို ပြဿနာရှာ ရဲတယ် ပေါ့လေ၊ မင်း သေချင်နေပြီလား”

လုဟောင် စိတ်ထဲ ခါးသီးနေ၏။ သူသည် နှိမ့်ချနေရန် ထွက်လာခဲ့ သော်လည်း ဤနေရာက သူ့ကို လှံဖျားသို့သာ တွန်းပို့နေသည်။

လီစစ်၏ လုပ်ရပ်က သူ့အား မီးတွင်းထဲ ပို့လိုက်သည်နှင့် မထူးခြား နားပင်။

“ကျွန်တော့် အမှားပါ၊ မဟာဆရာသခင်ရဲ့ ကျွန်တော့်ရဲ့ သေးနုပ်တဲ့ ဗဟုသုတနဲ့ ခင်ဗျားကို မသိခဲ့ပါဘူး၊ ကျွန်တော် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ”

လီစစ်၏ မျက်နှာက ရောင်ကိုင်းနေသော်လည်း ယင်းကို ဂရုမစိုက် အားဘဲ အရူးလို ခွင့်လွှတ်ရန် တောင်းပန်နေ၏။

ရဲ့လင်းချန် ထရပ်လိုက်ပြီး လုဟောင်၏ အနားသို့ လျှောက်လာသည်။ လုဟောင် တံတွေးမျိုချလိုက်ပြီးနောက် ရဲ့လင်းချန်အား ကြောက်လန့် စွာ‌ မော့ကြည့်သည်။

ရဲ့လင်းချန်က သူ့ပခုံးကို အသာပုတ်သည်။

“ဒီလူက လျှို့ဝှက် လောင်းကစားဝိုင်း ထောင်ပြီး ငါ့မိတ်ဆွေကို ထောင်ချောက် ဆင်တယ်၊ သူက ငါ့ပိုက်ဆံ ကိုတောင် လုချင်နေတာ၊ ဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုတော့ မင်းကိုပဲ တာဝန်ပေး လိုက်တော့မယ်”

ထို့နောက် သူသည် ကျန်းယွင်ရှီကို ခေါ်၍ တံခါးဝသို့‌ လျှောက် သွားသည်။

“ဪ ဟုတ်သား၊ ငါ နိုင်တဲ့ပိုက်ဆံကို ငါ ယူသွားပြီ”

“ကြွပါ နှုတ်ဆက်ပါတယ် မဟာဆရာသခင်ရဲ့ …”

လုဟောင် ယဉ်ကျေးစွာ ပြန်ပြောလိုက်ပြီးနောက် ရဲ့လင်းချန်၏ ကျော ပြင်ကို ကြည့်ပြီး စိတ်အေးကာ သက်ပြင်းချ လိုက်မိသည်။ အချိန်တို လေးအတွင်း သူ့အဝတ်အစားသည် ချွေးတို့ဖြင့် ရွှဲနစ်သွားသည်။

ထို့နောက်တွင်မူ သူ၏ ရက်စက်သော အကြည့်က လီစစ်ထံ ကျရောက် လာပြီး အော်ဟစ်လိုက်သည်။

“ခွေးသား မင်း လုမိသားစုတစ်ခုလုံး အသတ်ခံရအောင် ကြိုးစား နေတာလား၊ သူ့ကို သေအောင်ရိုက်ကြစမ်း”

ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။ အိမ်အပြင်မှ ရဲ့လင်းချန်သည် လီစစ်၏ စူးရှသော အော်သံများကို ကြားနေရသည်။

ထိုအခိုက်တွင် ကျန်းယွင်ရှီသည် တွေဝေနေဆဲ ဖြစ်လေသည်။ သူမ၏ ပါးစပ်က မသိမသာလေး ဟနေပြီး မျက်လုံးများ ပြူးကျယ်နေ၏။ ရဲ့လင်းချန်ကို ကြည့်နေသော ရီဝေဝေအကြည့်တွင် ချစ်ခင်စိတ်တို့က နှိုင်းယှဉ် မရအောင် ပျော်ဝင်နေလေသည်။

All Chapters