← Chapters

မင်းအမေက ညစာပြန်လာစားဖို့ ခေါ်နေတယ်

Vol. 6 Ch. 87

မင်းအမေက ညစာပြန်လာစားဖို့ ခေါ်နေတယ်

Vol. 6 Ch. 87

စုန့်ချမ်နှင့် စကားအနည်းငယ် ပြောပြီးနောက် ဖုန်းချသွားသည်။

စုန့်ချမ်၏ ရည်ရွယ်ချက်ကို ရဲ့လင်းချန် သိပါသည်။ ထုတ်လွှင့်ရေး ပလက်ဖောင်းတစ်ခုသည် လူအများ၏ အာရုံကို ဆွဲဆောင်ရန် လိုအပ်သည်။

အကယ်၍ ဤဝိုင်များကသာ တစ်ယောက်တည်းဖြစ်ကြောင်း သိသွား ပါက သူတို့ အားသွန်ခွန်စိုက် ကြိုးစားပြီး ဝိုင်နတ်ဘုရား၏ တိုက်ရိုက် ထုတ်လွှင့်ခြင်းများကို လူများများ ကြည့်အောင် ဆွဲဆောင် ပေလိမ့်မည်။

ရဲ့လင်းချန်က အားလုံးက သူတစ်ယောက်တည်းဖြစ်ကြောင်း ဝန်မခံလို သည်က စိတ်မကောင်းစရာပင်။

သူ Tik Tok ဖွင့်လိုက်သောအခါ ပထမဆုံးပေါ်လာသည်က ချန်ရှောင် ယန်၏ ပို့စ် ဖြစ်သည်။

သူမသည် ရှေးခေတ်ဒီဇိုင်းပုံ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲ၌ ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည်။ သူမအသံက ချိုသာငြိမ့်ညောင်းပြီး နူးညံ့စွာ သီဆိုနေသည်။

ကိုယ် မင်းနောက်ကို လိုက်လို့ရမလား

အရိပ်က အလင်းနောက် လိုက်သလို ကိုယ်တို့ အတူတူ ခရီးထွက် ကြမယ်လေ

ကိုယ် ဒီလမ်းကနေ စောင့်နေနိုင်ပါတယ်

မင်း ကိုယ့်ကို ဖြတ်ကျော်သွားလည်း ကိုယ် ဂရုမစိုက်ဘူး

မင်း ခေါင်းကိုမော့လိုက်တဲ့ အကြိမ်တိုင်း

မျက်ရည်တွေကို လွတ်လွတ်လပ်လပ် စီးကျခွင့်ပေးလိုက်ပါ

ချစ်ခြင်းထဲ ပျော်ဝင်နေတာက နေရောင်ခြည် ခံစားနေရသလိုပါပဲ

မင်း ရယူနိုင်သလို ဆုံးလည်း ဆုံးရှုံးနိုင်တယ်

၎င်းဗွီဒီယိုကို လိုက်ခ်လုပ်ထားသူ သုံးသန်း ရှိပြီး မှတ်ချက်များက သုံးသောင်းကျော်သည်။

[နားထောင်လို့ သိပ်ကောင်းတာပဲ၊ ငါ ခဏခဏ ဖွင့်နေမိတယ်]

[ငါ နားထောင်လို့ကို မဝနိုင်ဘူး၊ ချန်ရှောင်ယန် မင်းကိုချစ်တယ်]

[အား အား အား … သူက Tik Tok မှာ လုံးဝ စိုးမိုးနေပြီ၊ သူ အရမ်း ရေပန်းစားနေတာ၊ မင်း အရမ်း ဟော့တယ် ဆိုတာကို သိရဲ့လား]

…

သူ အောက်သို့ပွတ်ကြည့်လိုက်သည်။

နောက်ပို့စ်တစ်ခုမှာ ချန်ရှောင်ယန်ပင်။ သို့သော် ရိုက်ကူးပုံက မတူပေ။ လမ်းသွားလမ်းလာတစ်ယောက်က ရိုက်ထားပုံရသည်။

သူ ဆက်၍ ပွတ်ကြည့်လိုက်သော်လည်း အားလုံးက အတူတူပင်။ ထပ်၍ အောက်သို့ဆွဲကြည့်သောအခါ သူမ ဖြစ်နေရုံသာမက နောက်ခံ တေးဂီတကလည်း “အလင်းဖွေရှာသူ” ဖြစ်နေသည်။

သူ ထပ်၍ ပွတ်ကြည့်သည်။ ချန်ရှောင်ယန်သာ ထပ်ဖြစ်နေ၏။ သို့သော် ယခုတစ်ခေါက်တွင် သူမ သီချင်းဆိုနေခြင်း မဟုတ်ပေ။ စကားပြောနေသော ဗွီဒီယိုတစ်ခုသာ ဖြစ်သည်။

“ဒီသီချင်းရဲ့နာမည်က “အလင်းဖွေရှာသူ”ပါ၊ ကျွန်မ အမှောင်ထုထဲမှာ ပိတ်မိနေတုန်း တွေ့လိုက်ရတဲ့ အလင်းပါ။ ကျွန်မ ဝိုင်ကို ကျေးဇူးတင် ချင်ပါတယ်။ သူက ဒီသီချင်းကို ကျွန်မအတွက် ရေးပေးခဲ့ပြီးတော့ ကျွန်မကို အခုအနေအထား ဖြစ်အောင် လုပ်ပေးခဲ့တာပါ။ သူ ကျွန်မ အတွက် ရေးပေးခဲ့တဲ့ စာအတွက်လည်း ကျေးဇူးတင်ပါတယ်”

ထို့နောက် သူမက စာရွက်တစ်ရွက်ကို ထုတ်ပြသည်။ ထိုစာတွင် ရေးထားသည်က …” စိတ်ဓာတ်မကျပါနဲ့၊ ဘဝက နှလုံးခုန်စက်လိုပဲ၊ ငြိမ်နေပြီဆိုရင် … အဲ့ဒါ မင်း သေသွားလို့ပဲ”

သူမက ဆက်ပြောလာ၏။

“ဝိုင် ရှင် ဘယ်နေရာမှာပဲဖြစ်နေပါစေ၊ ကျွန်မ သီချင်းထဲကနေ အနောက် ကနေ လိုက်နေမှာပါ။ အလင်းကို အရိပ်က လိုက်နေသလို ကျွန်မတို့ အတူတူ ရှိနေမယ်”

ဤTik Tok ဗွီဒီယိုကို နှစ်သက်သူပေါင်းက အရင်ကထက် ပိုများပြီး ငါးသန်းအထိ ရှိသည်။ မှတ်ချက်များကလည်း ရှစ်သောင်းကျော်၏။

[ဝိုင်၊ ထပ်ပြီးတော့ ဝိုင်ပဲလား]

[စိတ်ဓာတ်မကျနဲ့၊ ဘဝက နှလုံးခုန်စက်လိုပဲ၊ ငြိမ်နေပြီဆိုရင် အဲ့ဒါ မင်း သေသွားလို့ပဲ၊ ဒီစာသားက ရယ်ရသလို အဓိပ္ပာယ်ရှိတယ်၊ ဒီဝိုင်က ကြောက်စရာကောင်းလောက်အောင် တော်တာပဲ]

[ကြောက်စရာကောင်းတယ်၊ ကြောက်စရာကောင်းလွန်းတယ်၊ ဒီကမ္ဘာ က ငါနေတဲ့ ကမ္ဘာ မဟုတ်ဘူးလို့တောင် စထင်လာပြီ]

[ချန်ရှောင်ယန် မင်းရဲ့ ကိုယ်ပိုင် အလင်းရောင်ကို ရှာတွေ့ပါစေလို့ ငါ တကယ် မျှော်လင့်ပါတယ်]

[ဒီဝိုင်က အထင်ကြီးစရာပဲ၊ ငါတို့ နတ်သမီးလေး ချန်ရှောင်ယန် လုံးဝ စွဲလမ်း နေပြီ]

[ငါတို့ရဲ့ နတ်သမီးလေး ချန်ရှောင်ယန်အတွက် ဝိုင်ကို လိုက်ရှာ ရအောင်]

…

ဤသည်မှာ Tik Tok တစ်ခုတည်းသာ ရှိသေးသည်။ ဝေ့ပေါ်၌ ရေပန်း စားသော ရှာဖွေမှုတွင် ချန်ရှောင်ယန်နှင့် ဝိုင်က တစ်နှင့်နှစ် ဖြစ်နေ၏။

တစ်ချိန်တည်းမှာပင် မှတ်ချက်ပေါင်းများစွာ စတင်နေ၏။

မတူတဲ့ ဝိုင်တွေရဲ့ နောက်ကွယ်က လူက ဘယ်သူလဲ။

ရဲ့လင်းချန်၏ ဝေ့ပေါ်တွင် ပွက်လောရိုက်နေ၏။

[သရုပ်ဆောင် ဝိုင် အခုထွက်လာခဲ့၊ အခြားဝိုင်တွေက ဘယ်သူလဲ မင်း သိလား]

[ငါ အားလုံးအတွက် စုပေးမယ်၊ အခု ငါတို့မှာ သရုပ်ဆောင် ဝိုင်၊ ထုတ်လွှင့်သူ ဝိုင်၊ စူပါမန်း ဝိုင်၊ တေးရေးစရာ ဝိုင်၊ စုစုပေါင်း ဝိုင် လေးယောက် ရှိတယ်]

[ဝိုင်တွေအားလုံးက အရမ်း အထင်ကြီးစရာကောင်းတယ်၊ နယ်ပယ် လေးခုရဲ့ ထိပ်တန်းပုံရိပ်တွေများလား]

[ငါ သည်းမခံနိုင်တော့ဘူး၊ ငါ့နာမည်ကို ပြောင်းဖို့လိုနေပြီ၊ နာမည်မှာ ဝိုင်ပါအောင် ထည့်ရမယ်]

…

ယင်းအပြင် ချန်ရှောင်ယန်ကလည်း ရဲ့လင်းချန်ကို တွဲ၍ သူ့အား ဝိုင် အကြောင်း ပို့စ်တင်၍ မေးလိုက်သည်။ အထင်လွဲမှုအား ရှောင်ရှားရန် ရဲ့လင်းချန်က သူမကို အလျင်စလို အရေးမစိုက်ရန် ဆုံးဖြတ်လိုက် လေသည်။

သူ မရည်ရွယ်ဘဲ ထပ်၍ နာမည်ကြီးလာလိမ့်မည်ဟု ထင်မထားမိပါ။ တကယ်ပင် … ဘဝသည် အံ့ဩမှုများနှင့် ပြည့်နှက်နေ၏။

စနစ်ကို ဖွင့်ကြည့်လိုက်သော ရေပန်းစားမှုအမှတ်က သုံးထောင်ကျော် လောက်သာ ကျန်နေရာမှာ ခြောက်သောင်း ငါးထောင့် ရှစ်ရာ ခုနစ် ဆယ့်သုံး အထိ တိုးလာသည်။

နောက်ထပ် အနည်းငယ် ကြိုးစားလိုက်သည်။ သူ နောက် စွမ်းရည် တစ်ခုကို အဆင့်မြှင့်နိုင်လောက်သည်။ ထိုသို့တွေးမိရုံနှင့်တင် သူ စိတ်လှုပ်ရှားမိသည်။

*ငါ နည်းနည်း အားစိုက်ပြီးတော့ ငါ့ရေပန်းစားမှုကို တိုးအောင် လုပ်သင့်လား*

ရဲ့လင်းချန်သည် သူ့အတွေးကို ချက်ချင်း အကောင်အထည် ဖော်လိုက် သည်။ သူ့တွင် အတန်းမရှိသဖြင့် ချက်ချင်း အင်တာနက် ကဖေးသို့ သွားလိုက်သည်။

လူတိုင်းက ဝိုင်ကို ထွက်လာရန် ပြောနေပြီဖြစ်သဖြင့် သူ အလိုက်သင့် ပြုမူသင့်ပေသည်။

သူသည် ပထမဆုံး သူ၏ ဝေ့ပေါ်အကောင့်ကို “သရုပ်ဆောင် ဝိုင်” ဟု ပြောင်းလိုက်သည်။ ထို့နောက် သူသည် ထုတ်လွှင့်သူ ဝိုင်နှင့် တေးရေးဆရာ ဝိုင်အတွက် နောက်ထပ် အကောင့်နှစ်ခု ဖွင့်လိုက်သည်။

စူပါမန်းဝိုင်၏ ထူးခြားဆန်းကြယ်မှုကို ထိန်းသိမ်းရန် ရဲ့လင်းချန်က စူပါမန်း ဝိုင်အတွက် အကောင့်မဖွင့်လိုက်ချေ။

ဤဝေ့ပေါ် အကောင့်များ ပေါ်လာသောအခါ လူအများ၏ အာရုံကို ဆွဲဆောင် သွားနိုင်သည်။ မရေတွက်နိုင်သော မှတ်ချက်များ ရောက် လာပြီး သူ၏ ပရိသတ် အရေအတွက်ကလည်း တိုးစပြု လာသည်။

[သေစမ်း၊ သူတို့ကိုယ်သူတို့ လူလုံးထွက်ပြပြီလား၊ 666…]

[နောက်ပိုင်း အခြားဝိုင်တွေက ထွက်လာဦးမလားလို့ ငါ တကယ်ကြီး သံသယ ဝင်နေပြီ]

[ဒါ အဖွဲ့တော့ မဖြစ်နိုင်ဘူးမလား၊ သူတို့အားလုံးက သဘောတူ ထားကြသလိုပဲ၊ တစ်ယောက်မှ သူတို့မျက်နှာကို ထုတ်မပြကြဘူး]

….

အကောင့်များ ဖွင့်ပြီးနောက် ရဲ့လင်းချန်သည် ဘာမှမလုပ်ချေ။ ထိုအစား သူ၏ ရေပန်းစားမှုအမှတ်များ ဆက်တိုးနေသည်ကိုသာ ကြည့်နေ၏။

နေ့တစ်ဝက်အတွင်း ၆၅,၈၇၃ မှနေ၍ ၈၇၉၅၂ သို့ တိုးလာသည်။ တစ်သိန်း ပြည့်ရန် အနည်းငယ် လိုသေးသည်။

*ကံဆိုးတာပဲ*

သို့သော် ထိုအချိန်၌ ရဲ့လင်းချန်၏ ဝေ့ပေါ်အကောင့်မှ အသံ မြည် လာသည်။ ၎င်းမှာ ယခင်က ရဲ့လင်းချန်ကို ပုတ်ခတ် စော်ကားခဲ့သည့် ရှစ်လေ့ပင်။ သူသည် ရက်အနည်းမျှ ငုပ်နေပြီးနောက် ပြန်ပေါ်လာ လေပြီ။

သူသည် ရဲ့လင်းချန်၏ သရုပ်ဆောင် ဝိုင်အကောင့်ကိုသာမက ကျန်ဝိုင် နှစ်ယောက်၏ အကောင့်များကိုပါ တွဲ၍ ပို့စ် တင်လာသည်။

လက်ရှိတွင် ဝိုင်သုံးယောက်၏ ဝေ့ပေါ်အကောင့်က နာမည်ကြီး နေသဖြင့် ရှစ်လေ့က ရေပန်းစားမှုနောက်ကို လိုက်၍ အရှက်မရှိ လူသိ စေရန် ကြိုးစားနေသည်။

သူသည် အက်ရှင်အခန်း ဗွီဒီယိုကို တင်ထားသည်။ ယင်းက သူ၏ ရုပ်ရှင်အသစ်ထဲမှ အခန်းဖြစ်ပုံရသည်။

ဗွီဒီယိုထဲတွင် လူနှစ်ယောက် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေကြပြီး လှုပ်ရှားမှုများက ညင်သာပြီး ရံဖန်ရံခါ၌ နံရံပေါ်တွင် ပြေးနေသော အခန်းတစ်ချို့ ပါလာသည်။ ဓားများ ခုတ်သည့်ပုံကလည်း လက်တွေ့ဆန့်၍ မာန်ပါသည်။

[@ထုတ်လွှင့်သူဝိုင်: မင်းရဲ့ တစ္ဆေ မီးအိမ်မှုတ်ခြင်းက တကယ် ကောင်းတယ်၊ မင်း ငါ့ရုပ်ရှင်အသစ်အတွက် ဇာတ်ညွှန်း ရေးပါလား]

[@တေးရေးဆရာဝိုင်: “အလင်းဖွေရှာသူ”က သိပ်ကောင်းတယ်၊ ငါ့ရုပ်ရှင် အသစ်အတွက် သီချင်းရေးပေးလေ]

[@သရုပ်ဆောင်ဝိုင်: တကယ့် အက်ရှင်ဇာတ်လမ်းဆိုတာက ဘာလဲ သိအောင် သေချာကြည့်ထား၊ မင်း မသိဘူးမလား]

သူ၏ လုပ်ရပ်က အတော်လေး ဆွဲဆောင်နိုင်သွားသည်။ ဗွီဒီယို တင်လိုက်သည့် အခိုက်မှာပင် ချက်ချင်း ကြည့်ရှုသူ တစ်သိန်းကျော် သွားသည်။ အောက်ဘက်မှ မှတ်ချက်များကလည်း မျက်နှာလုပ်သော စကားများဖြစ်ပြီး မရေတွက်နိုင်သော လူများက သူတို့ ရုပ်ရှင်ရုံသို့ သွား၍ ဤရုပ်ရှင်ကို သွားကြည့်မည်ဟု မှတ်ချက် ရေးလာကြသည်။

ရဲ့လင်းချန် အသာအယာ သရော်ပြုံး ပြုံးလိုက်သည်။

*ဒီကောင်က အချိန်ကိုက် ထွက်လာတာပဲ၊ ငါက ရေပန်းစားမှု ပိုရအောင် ဘယ်လိုဆွဲဆောင်ရမလဲ တွေးနေတုန်း ရှိသေးတယ်*

သူ အလျင်မလိုဘဲ တစ်ခုချင်းစီကို ပြန်ဖြေလိုက်သည်။

[ထုတ်လွှင့်သူဝိုင်: ရှစ်လေ့ မင်းအမေက ညစာပြန်လာစားဖို့ ခေါ်နေ တယ်]

[တေးရေးဆရာ ဝိုင်: ရှစ်လေ့ ကျေးဇူးပြုပြီး ပြဿနာနည်းအောင်လို့ ငါ့ရှေ့ထွက်သွားပေးပါလား]

[သရုပ်ဆောင်ဝိုင်: ကျေးဇူးပြုပြီး ဘောလုံးလို လိမ့်သွားပေးပါ၊ ပြီးရင် ဖြည်းဖြည်းချင်း လိမ့်သွားလိုက်]

ထိုတုံ့ပြန်ချက်သုံးခုက ဝေ့ပေါ်မှ အကြောင်းမသိသူများကို အံ့ဩသွား စေသည်။ သို့သော် ယင်းစကားများ၌ စောင်းမြောင်းပြောဆိုခြင်း ပါဝင် နေ သည်ကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။

[*ယီးပဲ ဒီစကားသုံးခုလုံးက အကြောင်းအရာ တစ်ခုတည်းကို ပြောနေ တာ မဟုတ်လား၊ ထွက်သွားလို့လေ]

[666666 ဘယ်ဝိုင်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးက တကယ်ကို အပြော ကောင်းတာပဲ]

[ဟားဟားဟား ပါရမီရှင်ပဲ၊ ပါရမီရှင်၊ တစ်ယောက်ယောက်ကို ထွက်သွားလို့ ပြောဖို့ ဒီလို နည်းလမ်းတွေ အများကြီး ရှိတယ်လို့ ငါ ထင်မထားမိဘူး]

[သူ ဝိုင်ဖြစ်နေတာ မအံ့ဩတော့ဘူး၊ ဘယ်စကားလုံးမဆိုက လူတွေကို နက်နက်နဲနဲ တွေးရအောင် လုပ်တာပဲ၊ အဓိပ္ပာယ်က နက်နဲတယ်]

[အင်တာနက်ပေါ်က ရေပန်းစားနေတဲ့ စကားလုံးအားလုံးက ဝိုင် ဖန်တီးတာလို့ ငါ ကြေငြာတယ်ကွာ]

…

စကားသုံးခွန်းတွင် ပထမဆုံးစကားက စကားအလှဆုံးဖြစ်ပြီး လူအ များ သဘာအကျဆုံး ဖြစ်လေသည်။

အလွန် တက်ကြွနေသော လူများက ရှစ်လေ့၏ ဝေ့ပေါ်အကောင့်၌ သွား၍ မှတ်ချက် ရေးကြသည်။

[ရှစ်လေ့ မင်းအမေက ညစာပြန်လာစားဖို့ ခေါ်နေတယ်]

…

All Chapters