← Chapters

အာဏာရှင် ဗဟိုဧကရာဇ်

Vol. 8 Ch. 773

အာဏာရှင် ဗဟိုဧကရာဇ်

Vol. 8 Ch. 773

" ငါက အရှက်မရှိဘူးလို့ မင်းအခု ပြောလိုက်တာလား။ မဟာကောင်းကင်သခင်က အရှက်သိက္ခာမရှိတဲ့ လူတစ်ယောက်ကို မြှောက်လုံးပင့်လုံးတွေကို ခံနိုင်သလို ဖြောင့်မတ်တည်ကြည်ဖို့လိုအပ်တဲ့ စစ်ဆေးရေးရာအရာရှိမင်းအဖြစ် ဘယ်လိုလုပ် ခန့်မှာတုံး။ မဟာကောင်းကင်သခင်က မျက်လုံးကန်းနေတယ်လို့ မင်း သွယ်ဝိုက်ပြီး ပြောနေတာမလား "

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဝမ်းမြောက်ကျေနပ်မှုများဖြင့် အရောင်လက်နေတော့သည်။ အနှီကျောက်ရှောင်လင်းက ပါးစပ်ပေါက်သာ ပိတ်ထားခဲ့လျှင် သူ့အတွက် ပို၍ကောင်းပေမည်။ သူပြောသမျှအရာအားလုံးမှာ အမှားရှာ၍ရနေသည်။

" ကျောက်ရှောင်လင်း၊ မင်းက ငါ၊ စစ်ဆေးရေးစံအိမ်တစ်ခုလုံးနဲ့ မဟာကောင်းကင်သခင်ကို သိသိသာသာ စွပ်စွဲနေတာပဲ။ မင်းက လီနဲ့ ချန် မျိုးနွယ်စုတွေက သစ္စာဖောက်ကောင်းကင်မြို့စားတွေရဲ့ ကြံရာပါများ ဖြစ်နေမလား"

ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ ပြောသည်။

“ ငါ့ကောင်တို့၊ တော်ဝင်နန်းတော်ရဲ့ ဝင်ပေါက်မှာ သွားစောင့်ကွာ။ ဒီ လူယုတ်မာ ကျောက်ရှောင်လင်းကလွဲပြီး လူတိုင်းကို ဝင်ခွင့်ပေးလိုက် "

အလောင်းတပ်ဖွဲ့က တော်ဝင်နန်းတော်၏ အရှေ့တံခါးကို ပိတ်ဆို့ရန် ချက်ချင်း အလောတကြီးသွားလိုက်ကြသည်။

ပတ်ဝန်းကျင်ရှိ အခြားသော မင်းမျိုးနွယ်အထက်တန်းလွှာများမှာ ပိုင်ရှောင်ချန်း၏ ညှာတာမှုကင်းမဲ့သောအကွက်များကို မြင်လိုက်ရသည်တွင် ပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။ လူအများစုအတွက် ၄င်းက သူတို့ တစ်ယောက်မှ မျက်မြင်ကိုယ်တွေ့မကြုံဖူးသော အနှီလူသား၏ အလွန်သိသာထင်ရှားသောပုံရိပ်ကို ဖော်ပြနေတော့သည်။၄င်းက သူတို့ကို သူ မည်ကဲ့သို့ ခြိမ်းခြောက်နေသည်ကိုလည်း ဆက်လက်ဖော်ပြသွားလေသည်။

မြို့စောင့်များမှာမူ ခပ်ယဲ့ယဲ့အပြုံးများဖြင့် ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့ ကြားဝင်စွက်ဖက်၍ မရသည့် အခြေအနေမဟုတ်ပါလော။ သူတို့လုပ်နိုင်သောအရာမှာ သူတို့၏ အထက်လူကြီးများထံ သတင်းပို့ရန်သာ ဖြစ်လေသည်။

ဖြစ်ရပ်တစ်ခုလုံးသည် ချန်ဟောက်စုန့်အတွက် ခေါင်းကိုက်စရာကြီးဖြစ်တော့သည်။ သူ့အတွက် ပိုင်ရှောင်ချန်းမှာ ဆူးများပြည့်နေသည့် တုတ်ချောင်းအလား။ သူ့အား အလွယ်တကူ ထက်ပိုင်းချိုုးပစ်၍ ရသည့်တိုင် ဆူးများက သူ့ကို အလွန်ရင်ဆိုင်ရခက်အောင် ပြုလုပ်နေသည်။

ဤရွေ့ ဤမျှသာ ဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းကား လက်စောင်းထက် နှုတ်စောင်းထက်လေသည်။ သူအလိုရှိလျှင် အမည်းကို အဖြူအဖြစ်ပြောင်းပစ်နိုင်ပြီး လူတစ်ယောက်က စကားအပြောအဆိုကို အလွန် ဂရုမစိုက်ပါက သူသည် ထိုစကားလုံးများကို လက်နက်များအဖြစ် အလွယ်တကူ လှည့်ပတ်နိုင်လေသည်။

ကျောက်ရှောင်လင်းမည်မျှ ဒေါသထွက်နေသည်ကို မြင်ရသောအခါ ချန်ဟောက်စုန့်က မျက်မှောင်ကြုတ်ကာ ပြောသည်။

" တော်သင့်ပြီ "

သူက သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းရင်း ပိုင်ရှောင်ချန်းက တံခါးကိုပိတ်ဆို့ရန် ယခုလေးတင် လွှတ်လိုက်သော အလောင်းတပ်သားများလွင့်ထွက်သွားစေရန် နောက်ထပ်လေပြင်းတစ်ချက် ပို့လွှတ်လိုက်သည်။ ပိုင်ရှောင်ချန်းပင်လျှင် အတိုက်ခံလိုက်ရပြီး နောက်သို့ မီတာ ဒါဇင်များစွာ တွန်းထုတ်ခံလိုက်ရ၏။

ပိုင်ရှောင်ချန်း နောက်သို့ တွန်းထုတ်ခံလိုက်ရသည့် အခိုက်အတန့်တွင် ချန်ဟောက်စုန့်က လှစ်ခနဲ အရှေ့တံခါးထံ ဝင်သွားတော့သည်။ ကျောက်ရှောင်လင်းမှာမူ ပိုင်ရှောင်ချန်းဘက် ခေါင်းလှည့်၍ သတ်ဖြတ်လိုသောအကြည့်များဖြင့် အကြည့်တစ်ချက်ဖြင့် ကြည့်ရင်း အံကြိတ်ပြီး နောက်ကလိုက်သွားလေသည်။

ကျန်ရှိသော မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံးမှာ တစ်ညီတညွတ်တည်း ဖြစ်ကြပြီး မည်သို့ပင်ဖြစ်စေကာမူ ပိုင်ရှောင်ချန်းနှင့်ပတ်သက်၍ စိတ်ကောင်းစေတနာမရှိကြပေ။ သူတို့သည်လည်း အရှေ့တံခါးကိုဖြတ်၍ ပျံသန်းရင်း ရိပ်ခနဲလှုပ်ရှားသွားကြသည်။

" အဆင့်မြင့် ကျင့်ကြံခြင်းအခြေခံရှိတာနဲ့ အောက်ကလူတွေကို အနိုင်ကျင့်တယ်ပေါ့လေ ဟမ်" သူက ကျယ်လောင်စွာ ပြောသည်။

" ကောင်းပြီ ခင်ဗျား သတ္တိရှိရင် ကျုပ်ရဲ့ အလောင်းတပ်သားတွေကို တိုက်မလား "

ပိုင်ရှောင်ချန်းက တစ်ယောက်တည်း ငြီးတွားနေစဥ် မြို့စောင့်များမှာ အကြည့်များလွှဲလိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။ ကျောထောက်နောက်ခံ မဟာကောင်းကင်သခင်ရှိသည့် စစ်ဆေးရေးအရာရှိမင်းတစ်ယောက်က လူအများက အဆင့်မြင့်ကျင့်ကြံခြင်းအခြေခံကို အားထားသည့်အပေါ် မြည်တွန်တောက်တီးနေသည်ကို ကြားရသည်မှာ အမှန်တကယ် အလွန်နေရခက်လေသည်။

အခြားလူတိုင်း တော်ဝင်နန်းတော်ထဲ ဝင်သွားပြီးနောက် ပိုင်ရှောင်ချန်းက လက်နှစ်ဖက်နောက်ပစ်၍ မေးကို မော့ကာ အရှေ့တံခါးထံ ဦးတည်လိုက်သည်။

သူ၏အလောင်းတပ်သားများက သူ့နောက်မှ လိုက်ပါလာ၏။ သို့သော် မြို့စောင့်များက ထိုသည်ကို မြင်သောအခါ သူတို့ထဲမှ တစ်ယောက်က သူ့ကိုယ်သူ အားတင်းပြီး ဝင်တားလိုက်သည်။

သူက ထိုသို့လုပ်ရသည်ကို သိပ်ပျော်လှသည် မဟုတ်သော်လည်း ရွေးချယ်စရာမရှိသည့်အတွက် ပြောလိုက်လေသည်။

" မြင့်မြတ်သော စစ်ဆေးရေးမှုးအရာရှိမင်းကြီးခင်ဗျား၊ ဟို... ဘိုးဘေးပူဇော်ပွဲနေ့မှာ အရှင့်ရဲ့လက်အောက်ငယ်သားတွေ ဝင်ရောက်ခွင့်မရှိပါဘူး"

ထို့နောက် သူက ပိုင်ရှောင်ချန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

" ဟမ် "

ပိုင်ရှောင်ချန်းက မှင်သက်သွားပြီး ပြောလိုက်သည်။ သူကြားခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူက မျက်လုံးပြူးလျက် ရပ်နေတော့သည်။

" သူတို့ ဝင်လို့မရဘူး ဟုတ်လား။ ခဏနေပါဦး။ ဟိုထဲမှာ ငါ့ထက် ကျင့်ကြံခြင်းအခြေခံမြင့်တဲ့လူတွေ တစ်အုပ်ကြီး ရှိတယ်လေ။ ပြီးတော့ သူတို့အားလုံးက ငါ့ကို သတ်ချင်နေတာ။ ငါတစ်ယောက်တည်းဝင်သွားရင် တော်တော်အန္တရာယ်များလွန်းတယ် "

သူက စိတ်လှုပ်ရှားနေလျက် မြို့စောင့်နှင့် ညှိုနှိုင်းရန် ကြိုးစားလိုက်သော်လည်း ထိုလူမှာ ခပ်ယဲ့ယဲ့သာ ပြုံးပြီး ခေါင်းကို ခါယမ်းလိုက်သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ မျက်စိမျက်နှာပျက်နေတော့သည်။ သူသာ ဤကဲ့သို့ ဖြစ်ပျက်မည်ကို ကြိုသိခဲ့ပါက စောစောက ကိုယ့်ပါးစပ်ပေါက်ကိုယ် ထိန်းခဲ့မည် ဖြစ်သည်။ သူက ချီတုံချတုံဖြစ်ရင်း ရပ်နေစဥ် ခေါင်းလောင်းမြည်သံများ ရပ်တော့မည်ကို သတိထားမိလိုက်သည်။ သူက သက်ပြင်းချရင်း အလောင်းတပ်သားများကို တံခါးပေါက်အနားတွင် စောင့်ကြပ်ရန် အမိန့်ပေးလိုက်ပြီးနောက် တော်ဝင်နန်းတော်ထဲ သတိကြီးစွာ ဝင်သွားတော့သည်။

အထဲရောက်သွားသည်နှင့် သူသည် စောစောက ကမ္ဘာပေါ်ရှိ မည်သည့်အရာကိုမှ မကြောက်သည့် လူတစ်ေယာက်ပုံစံကဲ့သို့ မဟုတ်တော့ဘဲ သတိကြီးကြီးထားပြီး တတ်နိုင်သမျှ တိတ်ဆိတ်စွာပင် လမ်းလျှောက်သွားသည်။

ကံကောင်းထောက်မစွာ သူက အတန်ငယ်နောက်ကျပြီးမှ ရောက်လာသည့်အတွက် မင်းမျိုးနွယ်အထက်တန်းလွှာများအားလုံး ပင်မရင်ပြင်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုမျှသာမက ပတ်ဝန်းကျင်တွင် လမ်းပြရန် အစောင့်များစွာလည်း ရှိသည်။ ထိုသို့ြဖင့် သူသည် ခေါင်းလောင်းမြည်သံများတိတ်သွားသည်နှင့် ရင်ပြင်ထဲ ရောက်သွားတော့သည်။

ရင်ပြင်မှာ ကြီးမားပြီး အပေါ်တွင် ရစ်ပတ်ခွေနေသော နဂါးများနှင့် ဧရာမအလင်းတိုင်ကြီး ဆယ့်ရှစ်ခုမှာ ထင်ရှားပေါ်လွင်နေလျက်ရှိသည်။ ထိုအလင်းတိုင်များက အလွန်မြင့်မားလွန်းလှသဖြင့် မိုးကောင်းကင်ကို ထိစပ်နေသည့်အလား ြဖစ်နေတော့သည်။ မြေပြင်မှာ စိတ်စွမ်းအင်များ ထုတ်လွှတ်နေသည့် အစိမ်းရောင်ကျောက်သားြပင်များဖြင့် ဖုံးလွှမ်းနေသည်။ ရင်ပြင်၏အလယ်တွင် ခေါင်းလောင်းကြီးတစ်ခုရှိပြီး စောစောကလှုပ်ခတ်ခဲ့ခြင်းကြောင့် တုန်ခါနေလျက် ရှိသေးသည်။

ဝိညာဥ်ကျင့်ကြံသူများက ခေါင်းလောင်းကြီးကို စည်းဝိုင်းသဏ္ဍာန်ဝိုင်းထားပြီး အားလုံး၏ အမူအရာများသည် တင်းမာခက်ထန်နေသည်။ ရင်ပြင်၏ ဘယ်ဘက်ရှိ မြင့်မြတ်သော နေရာနှစ်ခုတွင် သခင်မလေးဟုန်ချိန်နှင့် ကျိုးဟုန်ရှိေနသည်။

ညာဘက် မြင့်မြတ်သောနေရာများတွင် စစ်အောင်ဘုရင်ငယ် ကုန်းစွန်းရီနှင့် ဝိညာဥ်ခရီးမြို့တော်၏ ဆက်ခံသူ အလောင်းအလျာ ရွှီရှန်၏ အစ်ကိုကြီး ရှိနေသည်။

သိသာထင်ရှားစွာပင် ဤလေးယောက်က ကောင်းကင်ဘုရင်လေးပါးကို ကိုယ်စားပြုလေသည်။ သူတို့ထဲကှိတစ်ယောက်မှ ပိုင်ရှောင်ချန်း၏ တည်ရှိမှုကို အသိအမှတ်မပြုဘဲ မျက်လုံးများပိတ်လျက် မလှုပ်မယှက် ရပ်နေလေသည်။

ထိုလေးယောက်နောက်တွင် ဘယ်ဘက်မှ သုံးယောက်မြောက်မှာ ရပ်နေသည့် ချန်ဟောက်စုန့်အပါအဝင် ကောင်းကင်နယ်စားဆယ်ဦး ရှိသည်။

ကောင်းကင်နယ်စားဆယ်ဦးနောက်တွင် ကောင်းကင်မြို့စားတစ်ရာကျော်ရှိသည်။ သူတို့ထဲတွင် ကျောက်ရှောင်လင်းရှိပြီး သူက ပိုင်ရှောင်ချန်းကို စိမ်းစိမ်းကားကား တစ်ချက်ကြည့်ပြီး အေးတိအေးစက် နှာမှုတ်လိုက်သည်။

ကောင်းကင်မြို့စားနှင့် ကောင်းကင်နယ်စားများအားလုံးကို ရာထူးအဆင့်အလိုက် နေရာချထားလေသည်။ သူတို့၏ နောက်တွင် ရာထူးမြင့်ပြီး စွမ်းအားကြီးသည့် အခြားအရေးပါသော မင်းမှုထမ်းများဖြစ်သည်။ သူတို့အားလုံးမှာ ထောင်ပေါင်းများစွာရှိပြီး တစ်ယောက်ချင်းစီ၏မျက်နှာထက်တွင် ရိုသေလေးစားသော အမူအရာတစ်ခုစီ ဆင်မြန်းထားသည်။

ထိုအဖွဲ့ကြီးကြားတွင် ပိုင်ရှောင်ချန်း၌ နေရာတစ်နေရာရှိလေသည်။ သို့သော် သူက အခြားသော အရာရှိအမှုထမ်းများထက် ပို၍ အရေးကြီးကြောင်းထည့်တွက်လိုက်လျှင် သူက အမှန်တကယ်တွင် သူတို့၏ အရှေ့၊ ကောင်းကင်မြို့စားများနောက်နားလေးတွင် ရပ်လိုက်သည်။

အရေးပါသောအရာရှိများမှာ ပိုင်ရှောင်ချန်းအကြောင်း ကြားဖူးသော်လည်း သူ့ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူက ကောင်းကင်မြို့စားများ၊ ကောင်းကင်နယ်စားများနှင့် မတူသည်ကို သူတို့သိထားပြီး တကယ်တမ်းဆိုလျှင် သူ့အပေါ်အမြင်မကြည်သည့်လူ မရှိပေ။ အမှန်တွင် အများစုက သူ့ကို မျက်နှာချိုသွေးချင်နေကြသည်။

အရာရှိမင်းအများစုက သူ့ကို ချစ်ခင်သောမျက်လုံးများဖြင့် ကြည့်နေကြသည်ကို ပိုင်ရှောင်ချန်း မြင်သောအခါ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ကာ ပြုံးပြု၍ ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် သူက တော်ဝင်နန်းတော်၏ ပင်မခန်းမကို လှမ်းကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ထူးဆန်းသောခံစားချက်များ မြင့်တင်လာတော့သည်။

" ဗဟိုဧကရာဇ်၊ မဟာကောင်းကင်သခင်က အာဏာအားလုံးကို ချုပ်ကိုင်ထားပေမယ့် ဗဟိုဧကရာဇ်က၊ တော်ဝင်အင်ပါယာမျိုးနွယ်စုရဲ့ စစ်မှန်တဲ့ ကိုယ်စားပြုသူပဲ။ သူက မြေရိုင်းဒေသရဲ့ သက်ဦးဆံပိုင်ဘုရင်ပဲ "

သူသိသမျှမှာ သူသည် တော်ဝင်နန်းတော်ရှိ ဤရင်ပြင်တွင် ရပ်နိုင်သည့် ကောင်းကင်တံတားမြစ်ဒေသမှ ပထမဆုံးတစ်ယောက်ဖြစ်လေသည်။ နောက်ဆုံးပင် ဖြစ်နိုင်ပေသည်။

သူ၏ မြေရိုင်းဒေသခရီးစဥ်က ဤနေရာသို့ သူ့ကို ပို့ဆောင်ပေးလိုက်သည့်အချက်က သူ့ကို ဂုဏ်ယူမှုများဖြင့် သက်ပြင်းချမိသွားစေသည်။

" အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်ရောက်တဲ့အထိတော့ နေနှင့်ဦးပေါ့ကွာ။ ရှောင်မေ့၊ ကျင်းဝမ်၊ ဖက်တီး ကျန်းကြီးနဲ့ ဦးလေးလီတို့ကို ငါ့ဇာတ်လမ်းတွေအားလုံး ပြန်ပြောပြရမယ် "

ထို့နောက် သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ခရမ်းရောင် ပင်မခန်းမအပေါ်တွင် အာရုံစိုက်လိုက်သည်။ ခန်းမကို ရွှေနဂါးရုပ်တု ကိုးခုနှင့် တည်ဆောက်ထားပြီး ၄င်းတို့မှာ အလွန်အသက်ဝင်လှပြီး မိုးကောင်းကင်သို့ အချိန်မရွေးပျံတက်တော့မည့်အလား။

ထိုနေရာကို ကြည့်ရုံနှင့်ပင် ပိုင်ရှောင်ချန်းပေါ်သို့ ဖိအားများသက်ရောက်လာတော့သည်။ ထိုရွှေနဂါးကိုးကောင်သည် မန္တန်အစီအရင်တစ်ခုဖြစ်ကြောင်းလည်း သူအာရုံရလိုက်လေသည်။

" ငါ တော်ဝင်နန်းတော်ကို လာခဲ့တဲ့ တခြားအချိန်တွေအားလုံး မဟာကောင်းကင်သခင်ခန်းမကိုပဲ သွားခဲ့တာ။ ဒါက နန်းတော်ရဲ့ပင်မခန်းမကို ပထမဆုံးအကြိမ်လာခြင်းပဲ။ ဗဟိုဧကရာဇ်ကြီး ဘာနဲ့ တူမလဲ သိချင်လိုက်တာ"

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန် ကုန်လွန်သောအခါ စောစောက တိတ်ဆိတ်နေသော ခေါင်းလောင်းသည် ကျယ်လောင်ပြတ်သားစွာ ထပ်မံ မြည်ဟည်းလာ၏။ ထို့နောက် ပင်မခန်းမ၏ တံခါးသည် ဖြေးညင်းစွာ ပွင့်လာပြီး ရွှေနဂါးကိုးကောင်းက မျက်လုံးများ ဖွင့်လိုက်သည်။ မယုံကြည်နိုင်ဖွယ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပရိသတ်ထဲရှိ လူတိုင်းသည် နဂါးများ၏ ဟိန်းဟောက်ကြွေးကြော်သံများကဲ့သို့ အရာကို ကြားလိုက်ရသည်။ အနီးကပ်နားထောင်ကြရသော လူများမှာ တွေဝေငေးမောသွားသည်။

ပိုင်ရှောင်ချန်းသည်လည်း အလားတူပင်။ သူ ကြည့်လိုက်ချိန်တွင် ပွင့်သွားသောတံခါးမှ အလွန်တရာကြည့်ကောင်းသော ဝိညာဥ်ကျင့်ကြံသူတစ်ဒါဇင်ထွက်လာတော့သည်။ တချို့က အမျိုးသားများဖြစ်ပြီး အချို့က အမျိုးသမီးများဖြစ်သော်လည်း အားလုံးက အလွန်ခမ်းနားသော ဝတ်ရုံများကို ဝတ်ဆင်ထားလေသည်။ သူတို့ထဲက တစ်ယောက်သည် ဒုတိယမင်းသားကလွဲ၍ တခြားမဟုတ်ပေ။

ထိုလူများသည် အင်ပါယာမျိုးနွယ်စု၏ မင်းသား၊ မင်းသမီးများ ဖြစ်ကြသော်လည်း အကုန်လုံးတော့ မဟုတ်ပေ။ သူတို့မှာ တစ်ဖွဲ့လုံးကို ကိုယ်စားပြုသည့် အဖွဲ့ငယ်လေးတစ်ဖွဲ့သာ ဖြစ်သည်။

ထိုအဖွဲ့၏ ရှေ့တွင် အင်္ကျီလက်အရှည် ပွရောင်းရောင်းဝတ်ရုံများကို ဝတ်ဆင်ထားသော အဘိုးကြီးနှစ်ယောက် ရှိသည်။ သူတို့က ခါးများကုန်းနေပြီး သိပ်အထင်ကြီးဖွယ် မကောင်းသည့်တိုင်အောင် သူတို့နှင့်ပတ်သက်၍ အလွန်အန္တရာယ်များသော တစ်စုံတစ်ခု ရှိနေဟန်တူသည်။

အဘိုးကြီးနှစ်ယောက်၏ နောက်၊ ခန်းမ၏ အစွန်းတွင် အကြီးတစ်ခု၊ အသေးတစ်ခု ရာဇာပလ္လင်နှစ်ဆူရှိလေသည်။ ခပ်ကြီးကြီးပလ္လင်မှာ ရွှေရောင်အတိပြီးနေပြီး အမှန်တကယ်တာ့ နဂါးပလ္လင်ဖြစ်သည်။ ၄င်းအပေါ်တွင် ထိုင်နေသည်က နန်းတွင်းအဝတ်အစားများနှင့် သရဖူဆောင်းထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။

ပထမတွင် သူ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်းဖော်ပြရန် မဖြစ်နိုင်သော်လည်း သူ့ကိုြကည့်ရသည်မှာ ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်နေပုံရသည်။ သူ၏ ပုံပန်းသွင်ပြင်များနှင့် နဂါးများ၏ ဟိန်းဟောက်သံ ပေါင်းစပ်သွားသည်တွင် သူက သက်ရှိသက်မဲ့များအားလုံးအထဲ စံအတင်လောက်ဆုံး သီးခြားဖြစ်တည်နေသည့်အရာဖြစ်ဟန်တူနေသည်။

ဤ နတ်ဘုရားကဲ့သို့ လူမှာ မင်းမူအုပ်ချုပ်နေသော ဗဟိုဧကရာဇ်ကလွဲ၍ တခြားမဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ တုန်လှုန်သွား၏။ သူက ဗဟိုဧကရာဇ်မင်း၏မျက်နှာပေါ်ရှိ အမူအရာကို မဖော်ပြနိုင်သော်လည်း ထိုလူ၏ မျက်လုံးများကိုတော့ အာရုံရနိုင်သည်။ ၄င်းတို့တွင် ကြယ်များနှင့် နက္ခတ်တာရာများ ပါဝင်နေဟန်တူပြီး ကြည့်လိုက်ရုံလေးနှင့်ပင် လူတစ်ယောက်၏ စိတ်ကို မူးမိုက်သွားစေမည့် အမျိုးအစားများပင် ဖြစ်သည်။

သို့သော် သေးငယ်သောပလ္လင်ထံသို့ သူ့အကြည့်ရောက်သွားသည်တွင် ထိုအာရုံမှာ ပျောက်ပျယ်သွားတော့သည်။ ထိုပလ္လင်သည် သေးငယ်သည့်တိုင် အမှန်တကယ်ဆိုရလျှင် နဂါးပလ္လင်ထက်မြင့်သော အဆင့်တွင် ထားရှိထားခြင်းဖြစ်သည်။

၄င်းသည် မည်းနက်နေပြီး မည်သည့်ရှုထောင့်ကမဆို သာမန်အတိုင်းပင်။ ယခုအချိန်တွင် ၄င်းနေရာသည် လစ်လပ်နေသော်လည်း ရင်ပြင်ရှိလူအားလုံးမှာ တော်ဝင်အုပ်ချုပ်ရေးပိုင်းမှ စစ်သေနာပတိများနှင့် အမတ်များအားလုံးက ၄င်းကို ကြည့်နေကြ၏။

ထိုပလ္လင်မှာ......မဟာကောင်းကင်သခင်နှင့် သက်ဆိုင်ပေသည်။

လူတိုင်းမှာ ထိုအနက်ရောင်ပလ္လင်ကို စိုက်ကြည့်နေကြချိန် အဘိုးကြီးတစ်ယောက်က နားကွဲလုမတတ်အသံကြီးဖြင့် ဆင့်ခေါ်လိုက်သည်။

" မဟာကောင်းကင်သခင်ခင်ဗျား၊ ကြွရောက်လာရန် လျှောက်တင်ပါတယ်"

သူ၏ အသံ ထွက်ပေါ်လာစဥ် အပေါ်ထက်ရှိ တိမ်တိုက်များ တပွက်ပွက်ထလာပြီး ပိုင်ရှောင်ချန်း ယခင်က အလွန်သိချင်နေသည့် ဧရာမနဂါးကြီးသည် ရုတ်တရက် ခေါင်းနိမ့်ဆင်းလာ၏။ ထို့နောက် ၄င်းက ဟိန်းဟောက်ကာ အောက်ဘက်ရှိ နဂါးကိုးကောင်၏ ဟိန်းသံကို ဖိနှိပ်လိုက်ပြီး တချိန်တည်းမှာပင် မဟာကောင်းကင်သခင်သည် အနက်ရောင်ပလ္လင်ပေါ်တွင် ထူးခြားဆန်းကြယ်စွာ ပေါ်လာတော့သည်။

ရှိသမျှလူတိုင်းနှင့် ကောင်းကင်နယ်စားများပင်လျှင် တုန်လှုပ်သွားလေသည်။ တစ်ဆက်တည်းမှာပင် သူတို့အားလုံးက အကြည့်လွှဲလိုက်ကြပြီး လက်ယှက်ခေါင်းငုံ အရိုအသေပေးလိုက်ကြသည်။

" မဟာကောင်းကင်သခင်အား ဂါဝရပြုပါတယ်။ ဗဟိုဧကရာဇ်မင်းအား ဂါဝရပြုပါတယ်"

All Chapters